OCTOPUS (ရေဘဝဲ) 🐙
6.87K subscribers
1.22K photos
97 videos
353 links
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
Download Telegram
မိဘပြည်သူများသို့ အသိပေးဖိတ်ကြားခြင်း 💌

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့မှပူးပေါင်းတင်ဆက်သည့်
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞
(နောက်ဆုံးပွဲစဉ်) အားအောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် တက်ရောက်ပေးကြပါရန် ချစ်ခင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ - ၈.၆.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
ကျင်းပမည့်အချိန် - မြန်မာစံတော်ချိန် ည (၇:၀၀)နာရီ

Zoom Meeting ID - 856 2237 9465
Passcode - 537726

မိဘပြည်သူများ၏ လုံခြုံရေးအရ
Video / Mic ဖွင့်ရန်မလိုအပ်ပါ

OCTOPUS Facebook Page:
https://www.facebook.com/octopusyangon/
OCTOPUS Telegram Channel:
https://t.me/OCTOPUSMYANMAR

#OCTOPUS #ရေဘဝဲ
Media is too big
VIEW IN TELEGRAM
❝ ခေတ်လူငယ် တွေးခေါ်ပြောဆိုမှုပြိုင်ပွဲ ❞

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) တိုမှပူးပေါင်းတင်ဆက်သည်။

#MOWYCA #OCTOPUS #ရေဘဝဲ
NUG ကျောင်းမအပ်လိုက်ရသော မိဘများအတွက် 🎓

အခုဆို NUG အသိအမှတ်ပြုကျောင်းအများစုက
ပထမအသုတ်ကျောင်းသားလက်ခံတာ ပြည့်သွားပြီ

ဒါပေမဲ့ စိတ်မပူပါနဲ့ ဒုတိယအသုတ်ထပ်လာပါလိမ့်မယ

အချိန်ကာလ ခန့်မှန်းခြေ - အခုလ(၁၅)ရက်နောက်ပိုင်း ဒါမှမဟုတ် ၇ လပိုင်းမှာပါ။

အဲ့အချိန်ကျရင်ထပ်အပ်နိုင်ပါတယ်

ကျောင်းအပ်တာနဲ့ ပတ်သပ်ပြီးမသိတာရှိသမျှ Comment မှာ ပြထားတဲ့ အကောင့်ကို သွားမေးလို့ရပါတယ်။

အောက်က NUG အသိအမှတ်ပြုထားတဲ့ ကျောင်းတွေပါ (လက်လှမ်းမီသလောက် စုပေးထားတာ ဖြစ်ပြီး လွတ်လပ်စွာ မျှဝေနိုင်ပါသည်)

IBEST School https://www.facebook.com/Interim-Basic-Education-School-Thingangyun-114445801248594/

Hlaing Thar Yar - https://www.facebook.com/HTYHBLCDMteachers/

Wisdom Online School - https://www.facebook.com/SWSWisdomSchool/

FEYOS , Yankin - https://www.facebook.com/FEYOS-105372985496545/

Magga School- https://www.facebook.com/maggaschool21/

Kaung for you - https://www.facebook.com/kaung4u/

Mandalay Federal School- https://www.facebook.com/Mandalay-Federal-School-100712985988739/

Mogok Federal School - https://www.facebook.com/MogokEducationBoard/

Essential Education Center - https://www.facebook.com/Essential-Education-Center-102989235668675/

Lighting for Future -https://www.facebook.com/Lighting-For-Future-LFF-109797325004761/

Free Online Education School Pathein -https://www.facebook.com/107872364788130/posts/326428429599188/

Ayeyarwaddy Federal School -https://www.facebook.com/Ayeyarwaddy-Federal-School-101469089235697/

FOEIM- https://www.facebook.com/foeim/

Bogalay - https://www.facebook.com/bogalayeduchannel/

KPG - https://www.facebook.com/Board-of-EducationKPG-101654222102507/

FIEOP- https://www.facebook.com/105339645505402/posts/109422401763793/

Maddaya - https://www.facebook.com/%E1%80%99%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-108821391423274/

Power of Education -(POE SCHOOL) https://www.facebook.com/Power-Of-Education-101218608675335/

YFHS- https://m.facebook.com/%E1%80%9B%E1%80%B1%E1%80%85%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-100254672430632/

Yae - https://www.facebook.com/ရေးမြို့နယ်-ပညာရေး-ဘုတ်အဖွဲ့-104841495252936/

Academy Federal School - https://www.facebook.com/Academy-Federal-School-116109424428220/

Bahan - https://www.facebook.com/106191781786572/posts/168265858912497/

Yephyu Education Family Online School
https://www.facebook.com/ရေဖြူမြို့နယ်-ပညာရေးဘုတ်အဖွဲ့-ယာယီ-102454832084716/

Sgg Free Online School
https://www.facebook.com/221601179865692/posts/394430819249393/

Spring Education Taunggyi - https://www.facebook.com/SpringEducationTaunggyi/

Yarmanya Federal School - https://www.facebook.com/Yarmanya-Federal-Education-School-113920571324512/

https://www.facebook.com/Board-of-Education_Pakokku-104234561989449

True Sunshine for Future Dawei School - https://www.facebook.com/ထားဝယ်မြို့နယ်ပညာရေးဘုတ်အဖွဲ့-ယာယီ-107138014937879/

Yangon Federal School - https://www.facebook.com/101480155925458/posts/102633329143474/

Myittkyina - https://www.facebook.com/100185471812438/posts/556478476183133/

Magway - https://www.facebook.com/109030341824783/posts/109067708487713/

Federal Democracy School - https://www.facebook.com/102608475441853/posts/183305744038792/

Unity Federal School - https://www.facebook.com/100828815999511/posts/101869965895396/

Nyaungdone - https://www.facebook.com/%E1%80%8A%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%90%E1%80%AF%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%9C%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%BB%E1%
ခေါင်းမာတဲ့ လူငယ်အဖွဲ့အစည်း(အပိုင်း ၁)

၂၀၂၁ ခုနှစ်၊မတ်လ "အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ၊အလိုမရှိ"သီချင်းသံက လှိုင်မြို့နယ် ရွာမကွေ့လမ်းမကြီးတစ်လျှောက်ပျံ့လွှင့်လာသည်။ ကျွန်တော်သည် ဘူတာရုံလမ်းသပိတ်ကို သတင်းယူအပြီး ရွာမကွေ့သပိတ်ဘက်ခွေးဝင်နိုင်ခြေရှိတယ်ဆိုသည့် သတင်းများအရ သတင်းယူရန်ရောက်ရှိနေခြင်းဖြစ်သည်။ထဘီအလံများ၊အဖွဲ့အစည်းအလံများနှင့် ပြည်သူလူထုနဲ့အတူ ခုခံကာကွယ်ရေးဒိုင်းအဖွဲ့ (၆) ဖွဲ့ ရွာမကွေ့သပိတ်ကို ရန်ကုန်-အင်းစိန်လမ်းမထိပ်ရော၊ဗဟိုလမ်းထိပ်ဘက်ကနှစ်ဖက်ပိတ်ကာကွယ်ထားသည်။

အကြမ်းမဖက် ဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုသည် နီးစပ်ရာ ကမာရွတ်မြို့နယ် နှင့် လှိုင်မြို့နယ်ဗန်းစကားအရ အေးရပ်ကွက် (ခေါ်) (၁) ရပ်ကွက်မှ ပြည်သူများဖြစ်ကြသည်။ဘလူးတူးစ် စပီကာများ အသံချဲ့စက်များ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများနှင့် အအေး၊ထမင်းဘူး၊မုန့်မျိုးစုံ၊ကိုကာကိုလာ ဝေနေသည့် အလှူရှင်များနှင့် စည်းကားလျက်။ဗဟိုလမ်းဘက်က သဲအိတ်ရှင်းသည့်ကားကြီးများနှင့် စစ်ခွေး FAW ကားများဖြတ်သွားသည်ကိုမြင်လိုက်ကြသည်။ထိုသို့အရောင်ပြပြီးခဏအကြာ ...

ဆင်ရေတွင်းဘက်မှ ခွေးတွေဝင်လာပြီဆိုတဲ့သတင်းတက်လာပြီး ရန်ကုန်-အင်းစိန်လမ်းမဘက် အပေါ်ထိပ်မှတာဝန်ယူထားသော ခုခံကာကွယ်ရေးဒိုင်းအဖွဲ့ (၃) ဖွဲ့မှာမရှိတော့ချေ။ရွာမကွေ့တစ်လျှောက်ပြည်သူလူထုမှာရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ခုခံကာကွယ်ရေးဒိုင်းအဖွဲ့များကို လမ်းကြားများအတွင်းအကုန်ဝင်ခိုင်းသည်။ထိုစဉ် ဗဟိုလမ်း အောက်ဘက်ခုခံကာကွယ်ရေးဒိုင်းအဖွဲ့ဆီမှ စကားများသံကြားလိုက်ရသည်။

"အပေါ်ထိပ်ဘက်ကို တာဝန်ယူတဲ့ဒိုင်းအဖွဲ့ကတာဝန်ခံဘယ်သူလဲ လာဦးဒီကို?"

ခပ်မာမာလေသံနှင့်ခေါ်လိုက်သည့်အသံက ထိုလူတစ်စုစီထဲမှထွက်ပေါ်လာသည်။ပြောင်လက်နေသောစတီးဒိုင်းများတွင် ရေဘဝဲလိုဂိုကိုကပ်ထားသောကြောင့် ရေဘဝဲအဖွဲ့ ဟုကျွန်တော်မှတ်ထားလိုက်သည်။ပုံစံများမှာ အနက်ရောင်အင်္ကျီ ၁၉ ၊ ၂၀ နှစ်အရွယ် ၊နှုတ်ခမ်းမွှေးများကားကားနှင့်။
(ဆက်ရန်)

#OCTOPUS #ရေဘဝဲ
❝ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား❞
လာမယ့် ဇွန်လ ၁၉ ရက်ဟာဆိုရင် အဓမ္မ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၇) နှစ်ပြည့်တဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသလို ကျောင်းသားပြည်သူဦးရေ စုစုပေါင်း (၁၁,၀၀၀)ကျော်ကိုလည်း မတရား ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ၎င်းတို့အနက်က (၁၁၃၂) ဦးကိုတော့ မတရား ထောင်ဒဏ်ချမှတ်ထားပြီး
ဒီလို မတရား ပြစ်ဒဏ်ချမှတ်ခဲ့ထားရတဲ့ သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ အပါအဝင် အယောက် (၁၀၀)ကျော်ဟာလည်း သေဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ဖမ်းဆီးခံရသူ အတော်များများဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောရေးစခန်းတွေမှာ လူမဆန်အောင် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်ပန်း နှိပ်စက်ခံကြရပါတယ်။

စစ်ကြောရေးစခန်းတွေမှာ မတရားနှိပ်စက်ခံရလို့၊ အကျဉ်းထောင်တွေအတွင်းမှာလည်း ဆိုးဝါးလှတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ကြလို့ ထိခိုက်ခဲ့ရသူတွေ၊ သေဆုံးခဲ့ရသူတွေရှိခဲ့တယ်ဆိုတာကို အားလုံး အသိပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာရှိနေတဲ့ ကျနော်တို့ရဲဘော်တွေဟာ ရန်သူ့လက်ထဲရှိနေတာတောင် လှုပ်ရှားမှုတွေ ဆက်လုပ်နေပြီး ယုံကြည်ရာအတွက် ဆက်တောင်းဆိုနေကြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျပြီး နိုင်ငံအဝှမ်းက ပြည်သူတွေကို ကြောက်စိတ်ဝင်အောင် အားထုတ်ကာ တော်လှန်လိုစိတ်တွေကို ချိုးနှိမ်ဖို့ကြံရွယ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေသိ တောင်တန်းမြေပြန့် ဒေသအသီးသီးက ပြည်သူလူထု တစ်ရပ်လုံးက ကြောက်စိတ်ကိုချိုးနှိမ်ပြီး တော်လှန် တိုက်ပွဲဝင်နေကြတာဖြစ်လို့ ယနေ့အချိန်အထိ အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်း မရှိသေးပါဘူး။ ဒီတော့ အာဏာရှင်တို့ရဲ့ ဇာတိအတိုင်း ခြောက်တစ်ခါ၊ ချော့တစ်လှည့်နဲ့ တော်လှန်ရေးကို အင်အားချည့်နဲ့အောင် ကြိုးစားလာနေတာဖြစ်လို့ ပြည်သူတစ်ရပ်လုံးဟာ ရင်ချင်းအပ်၊ ကျောချင်းကပ်ပြီး ဆက်လက်တော်လှန်နေရမှာပဲ ဖြစ်ပါတယ်။

အာဏာရူး အကြမ်းဖက် စစ်အုပ်စုကို အပြီးသတ် မောင်းမထုတ်နိုင်သေးသ၍ ကာလပတ်လုံး ကျနော်တို့ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးဟာ အာဏာရှင်ရဲ့ အကြမ်းဖက် ထောင်အတွင်းမှာပဲ ရှိနေသေးတယ်ဆိုတာကို အစဉ် နှလုံးသွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်သစ် တည်ဆောက်နိုင်တဲ့အထိ ဆက်တိုက် အားစိုက်ပြီး နည်းနာပေါင်းစုံနဲ့ တော်လှန်ကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

ကြောက်ရွံ့ခြင်းမှ ကင်းဝေးနိုင်ဖို့အတွက် ကြောက်စရာလို့ ယူဆရတဲ့ကိစ္စတွေ၊ အခင်းအကျင်းတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြတ်ကျော်ရမှာဖြစ်လို့ အကြောက်တရားတွေနဲ့ ဖိနှိပ် ခြိမ်းခြောက်နေတဲ့ အာဏာရှင်အုပ်စုကို ပြည်သူတစ်ရပ်လုံးက ပြတ်ပြတ်သားသား တိုက်ပွဲဝင် ရင်ဆိုင်တော်လှန်ပြီး တော်လှန်ရေးပန်းတိုင်ကို ချီတက်ကြပါစို့ဗျာ။

#GSCB #AJAY #OCTOPUS #ရေဘဝဲ
ခေါင်းမာတဲ့ လူငယ်အဖွဲ့အစည်း(အပိုင်း ၂၊ ဇာတ်သိမ်း)

" ငါပဲ ဘာဖြစ်လို့လဲ" ဟု ရန်ကုန်-အင်းစိန်လမ်းထိပ်ဘက်ဒိုင်းတာဝန်ခံမှပြောကြားရင်းထွက်လာသည်။

တစ်ဖန်ရေဘဝဲလူငယ်က
" ဘာဖြစ်လို့ပြည်သူတွေကိုထားပြီးပြေးတာလဲ၊ ဒိုင်းကိုင်ထားရင် ဒိုင်းစိတ်ဓာတ်ရှိမှပေါ့ဗျ "

" ခွေးတွေလာပြီဆိုလို့ဝင်တာပေါ့ကွ "

(အပိုင်း ၁) မဖတ်ရသေးသူများအတွက် 👇👇
https://www.facebook.com/101804595415892/posts/353662150230134/

" ဘယ်မှာလဲ၊ ခင်ဗျားမျက်စိနဲ့မြင်လား "

" Facebook ပေါ်မှာလည်းတက်လာတာပဲ "

" ဆိုက်ဝါးသတင်းဆိုဘယ်လိုလုပ်မလဲ၊ကျွန်တော်တို့ရေဘဝဲတွေကင်းထောက်ပြီးပြီ ဘာမှမလာသေးဘူး၊အဲ့ဒါထားစမ်းပါဦး၊တကယ်လာတယ်ဆိုရင်တောင် ကျွန်တော်တို့ခင်ဗျားတို့လို
ဒိုင်းအဖွဲ့တွေကနောက်ဆုံးမှပြေးရမှာဗျ"

တစ်ဖက်အဖွဲ့ခေါင်းဆောင်မှဘာမျှပြန်မပြောဆွံ့အလျက်

" ခုနတည်းကကျွန်တော်တို့ပြောတယ် ရန်ကုန်-အင်းစိန်လမ်း အပေါ်ဘက်ကိုရေဘဝဲတွေတာဝန်ယူမယ်ဆိုတုန်းက ခင်ဗျားကတစ်ပူးတယ်နှစ်ပူးတယ်နဲ့ "
" မီဒီယာတွေဓာတ်ပုံရိုက်မယ်ဆိုလို့လေ "

" ဟ ခင်ဗျားတို့က မီဒီယာကနေ နာမည်ကြီးချင်နေတဲ့အဖွဲ့ပဲဗျ၊နာမည်ကြီး Attention လိုချင်တော့ ထိပ်ဆုံး၊ပြေးတော့လည်း အရင်၊ပြည်သူတွေအတွက်အားကိုးရဦးမယ် လခွမ်း "

" ငါတို့ကနိုင်ငံရေးသမားတွေကွ "

" ဟုတ်လား ၊ဒါဆိုခင်ဗျားတို့ပိုတောင် ပြည်သူတွေအတွက်ရဲရင့်ပေးရဦးမှာ၊ကျွန်တော်တို့ကတော့ ကျောင်းသားသမဂ္ဂကလည်းမဟုတ်ဘူး၊နိုင်ငံရေးသမားတွေလည်းမဟုတ်ဘူး၊ပြည်သူတွေအတွက် ကာကွယ်ပေးဖို့ရောက်လာတာ၊ကျန်တာမသိဘူး၊စိတ်လည်းမဝင်စားဘူး၊ဦးကျော်ဟိန်းပြောသလိုပြောလိုက်မယ်၊ကျွန်တော်တို့ပုံစံကိုကြည့် အဲ့ဒါပြည်သူကလွဲပြီး ဘာကိုမှသောက်ဂရုမစိုက်တဲ့ရုပ်ဗျ ဟဟား ဟဟား "

ထိုသို့စကားအချေအတင်ဖြစ်နေစဉ် ရပ်ကွက်ခေါင်းများမှ ဝင်ရောက်ပြန်ဖြေပေးကြသည်။

"ငါ့ညီတို့ စိတ်ထိန်းပြီး လမ်းထဲဝင်ကြပါတော့ကွယ် "

ကျွန်တော်အခုမှကြည့်မိသည်။ခုနကပြည်သူလူထုအား ခုခံကာကွယ်ရေးဒိုင်းအဖွဲ့များမရှိ လှိုင်မြို့နယ် ရွာမကျောင်းလမ်းမကြီးသည်တိတ်ဆိတ် ခြောက်ကပ်လျက်။ရေဘဝဲအဖွဲ့သာထီးထီးကျန်ခဲ့သည်။

" မိဘပြည်သူများခင်ဗျာ၊ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ပြည်သူလူထုကို လာရောက်ကာကွယ်ပေးတဲ့ ခုခံကာကွယ်ရေးဒိုင်းအဖွဲ့ဖြစ်ပါတယ်၊ခုနကခွေးတွေဝင်လာပြီဆိုတဲ့ သတင်းဟာ မမှန်ပါဘူး၊ကျွန်တော်တို့ကိုယ်တိုင် ဆင်ရေတွင်း၊ စံရိပ်ငြိမ်ထိကြည့်ပြီးခဲ့ပါပြီ၊ကျွန်တော်တို့ကို ယုံကြည်ရင် ပြန်ထွက်ခဲ့ကြပါခင်ဗျာ "

ထို့နောက် ...
ဆယ်ယောက်၊အယောက်နှစ်ဆယ်၊ငါးဆယ်၊တစ်ရာ၊ " ဆန္ဒဖော်ထုတ်ကြမည်၊အမှန်တရားဘက်မှာငါတို့ရပ်တည်မည်... " သီချင်းသံများကြွေးကြော်သံများဟိန်းထွက်လာသည်။

ဆယ်ကျော်သက်မိန်းကလေးတစ်ဦး သပိတ်တပ်ဦးထိပ်မှ လွှင့်နေသောအလံကိုကြည့်ပြီး အောင်မေတ္တာလမ်းထိပ်မှကလေးနှစ်ဦးငြင်းခုန်နေကြသည်။

" သေချာကြည့်သားကြီး အဲ့တာရေဘဝဲအဖွဲ့ကွ "

" မဟုတ်ပါဘူးကွာ ကင်းမွန်အဖွဲ့ပါကွ၊ကင်းမွန်ပုံကြီးမမြင်ဘူးလား "

ထိုကလေးနှစ်ဦး၏စကားသံများသည် ကျွန်တော့်အကြားအာရုံအတွင်း ဝေးသထက်ဝေးလျက်၊ညနေအမှီရုံးကို Report တင်ရန်သာအာရုံစိုက်၍ ကင်မရာခလုတ်ပေါ်လက်တင်ကာ တဖျတ်ဖျတ်ရိုက်ကူးနေမိပါတော့သည်။
(ပြီးပါပြီ)

အမှတ်တရ Video မှတ်တမ်းအတိုကို လုံခြုံရေးအရပြုပြင်ပြီး Comment တွင်ဖော်ပြထားပါသည်။

#OCTOPUS #ရေဘဝဲ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နှင့် ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့မှ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ပြည်သူလူထုအား အသိပေးအပ်ပါသည်။

#OCTOPUS #ရေဘဝဲ #ဗမာ့လူငယ်ကွန်ရက်
Freedom From Fear 🙏
တစ်နိုင်ငံလုံးလွတ်မြောက်ရေးဆုတောင်းလှုပ်ရှားမှု


ပြည်သူလူထုကြီးခင်ဗျာ..

တော်လှန်ရေးခရီး တစ်နှစ်ကျော်လာချိန်မှာတော့ အထွေထွေသော အကျပ်အတည်းပေါင်းစုံနဲ့ ပင်ပန်းထိခိုက်မှုတွေ ရှိလာပါတယ်။

ဒါ​ပေမယ့် ..
ယုံကြည်ရာတွေအတွက်၊ တရားမျှတမှုတွေအတွက် နှင်နေရတဲ့ ခရီးလမ်းဟာ မပြီးဆုံးသေးပါဘူး။ ပြည်သူလူထုအားလုံးရဲ့ ညီညာစုရုံးမှုနဲ့ပဲ ဒီခရီးကို စခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ သွေးမအေးစတမ်း ဇွဲထက်သန်မှုနဲ့ ညီညွတ်မှု​ကြောင့်သာ ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ပါတယ်။

လာမယ့် ၁၉ ရက်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီသော နိုင်ငံရေးအကျဉ်းသားများကို အယုတ်တမာ စစ်ခွေးတပ်က ဖမ်းဆီးအကျဉ်းချ နှိပ်စက်နေပါတယ်။

တိုက်ပွဲဝင်ခေါင်းဆောင်​တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် အကျဉ်းသား ၁၀၀ ကျော်တို့ရဲ့ အသက်နဲ့ သူရဲ့ တရားဝင်မှုအတွက် အလျော်အစားလုပ်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လောက်တောင် အောက်တန်းကျတဲ့ လုပ်ရပ်တွေပါလဲ..။

စစ်ကောင်စီဟာ လူထုကြီးတစ်ရပ်လုံးကို လျှော့တွက်လွန်းနေပါတယ်။ သူတို့ထိန်းချုပ်လို့ရပြီလို့ ထင်​ကောင်းထင်နေနိုင်ပါတယ်။

ဒီလို ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင်စစ်အုပ်စုကို လာမယ့် ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုက သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ပြသလိုက်ကြရအောင်ပါ။

ဇွန်လ ၁၉ ရက်နေ့၊ တနင်္ဂနွေနေ့မှာ တစ်နိုင်ငံလုံးမှာ​နေထိုင်ကြတဲ့ လူထုကြီးဟာ ကိုယ် ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအလိုက် ဘာသာရေးအဆောက်အအုံများ၊ ဘုရား​များဆီသို့ ချီတက်ဆု​တောင်းကြပါ။
⁃ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအတွက်...
⁃ သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက် …
⁃ အခုချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက်..
⁃ ဪ ဒီ တိုင်းပြည်ကြီးအတွက် …

ကိုယ်မြို့ကိုယ်ရွာမှာရှိကြတဲ့ တန်ခိုးကြီးဘုရားများ၊ ဘုရားကျောင်းများ၊ ဗလီများ စသဖြင့် ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးသို့ သွားရောက်ပြီး ဆုတောင်းကြပါ..။
သူတို့နဲ့ ငါတို့ တစ်သားတည်းအတူရှိနေကြောင်း ပြသလိုက်ကြပါ...


ကျွန်တော်တို့ မှာ ကျွန်တော်တို့ပဲ ရှိနေတယ်..။
ငါတို့မှာ ငါတို့ပဲရှိတယ်...

လူထုရဲ့ မကြောက်တရားနဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် ခရီးဆက်ကြ...


#Jun19_Movement
#AungSanSuuKyi
#FreedomFromFear
#OCTOPUS #ရေဘဝဲ