Kyimyindaing Scout Channel
181 subscribers
423 photos
52 videos
280 links
Download Telegram
တော်လှန်ပုန်ကန်နေမယ့် ရန်ကုန်_September 2022

ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးအင်အားစုအသီးသီး၏ စက်တင်ဘာတစ်လလုံး ခုခံတွန်းလှန် လှုပ်ရှားမှုများကို စုစည်းဖော်ပြရခြင်းဖြစ်ပါသည်။ သတင်းအချက်အလက်များကို တော်လှန်ရေးအင်အားစု အဖွဲ.အသီးသီး၏ ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများမှ ဖော်ပြချက်များကို ထုတ်နှုတ်ပြီး မှတ်တမ်းပြုစုထားခြင်းဖြစ်ပါသည်။

တော်လှန်ရေးအင်အားစုများအားလုံးကို လေးစားဦးညွတ်လျှက်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

#KMD18(UMCD)
မိဘပြည်သူများရှင် 🙏

လစဥ်လတိုင်း (၅၀၀၀) ကျပ်အစီအစဥ်မှာ မပျက်မကွက် ထောက်ပို့ပေးနေတဲ့အတွက် ကျေးဇူးအထူးတင်ရှိ​ကြောင်း ဦစွာပြောကြားလိုပါတယ်ရှင်။

ညီမတို့ရေဘဝဲဟာ ထောက်ပို့မိဘပြည်သူတွေရဲ့ လုံခြုံရေးကို ပထမဦးစားပေးလျက်ရှိတာနဲ့အညီ အရင့်အရင်ငွေလက်ခံတဲ့စနစ်တွေအစား ယခုလမှစတင်ပြီး နှစ်ဦးနှစ်ဖက် (လုံးဝ) လုံခြုံစိတ်ချရတဲ့ NUGPay ငွေလက်ခံစနစ်တစ်ခုတည်းဖြင့်သာ ထောက်ပို့ငွေလက်ခံတော့မည်ဖြစ်ကြောင်း လေးစားစွာကြိုတင်အသိပေးအပ်ပါတယ်ရှင်။

NUGPay မဖွင့်မိရင် ခေတ်နောက်ကျကျန်ခဲ့တော့မှာမို့အောက်ပါ Link ကိုထောက်ပြီး NUGPay လုပ်ဆောင်ပုံအဆင့်ဆင့်ကို စုံစမ်းနိုင်ပါတယ်ရှင်။
👇
https://www.facebook.com/nugpaymyanmar

#NUGPay
#OCTOPUS #ရေဘဝဲ
Forwarded from Z Fighter News [︎]
🙋🏻‍♂️ မိဘပြည်သူများခင်ဗျာ...

ကျွန်တော်တို့ Z Fighter Facebook Page အဟောင်းအားပြန်လည်ဆယ်ယူရန် မဖြစ်နိုင်တော့သောကြောင့် ဝမ်းနည်းစွာဖြင့် လက်လွှတ်ရတော့မှာဖြစ်တဲ့အတွက် Report စတင်ထုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

↪️ Report ထုရန်

report guide - Nudity or Sexual Content >> Sexual activity

Page အဟောင်း
- https://www.facebook.com/zfighter2021

ကျွန်တော်တို့ရဲ့ Facebook Page အသစ်လေးကို‌ Like And Share လေးလုပ်ပြီး Z Fighter များမှလည်း ပြည်သူတွေသတင်းအလျင်အမြန်သိရစေရန် ပြန်လည်ကြိုးစားဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် Page အသစ်လေးကနေ ကျွန်တော်တို့ရဲ့ Fighter တွေကို စောင့်မျှော်နေပါမယ်‌နော်။

↪️ Facebook Page အသစ် - https://www.facebook.com/zfighter2022

#z_fighter
Forwarded from Y.S.D Scout Channel
ပြည်သူ့စစ်သားတွေရဲ့အိမ်ပြန်ခရီးစဉ်လက်မှတ်
နိုင်ငံအလိုက်ဈေးနှုန်းလေးတွေဖြစ်ပါတယ်ခင်ဗျာ။

နိုင်ငံအလိုက်ငွေလွှဲခ ငွေဈေးအတက်အကျလေးတွေနဲ့မို့
ဈေးလေးတွေနည်းနည်းကွာနေတာကိုတော့ နားလည်ပေး
ပါခင်ဗျာ။

ကျနော်တို့ မနက်ဖြန်မှာ လက်မှတ်တွေနဲ့အတူ
ကြည့်ရှူလို့ရမယ့်လင့်လေးတွေပို့ပေးပါ့မယ်။

ကျနော်တို့လည်း အခက်အခဲတွေကြားက
အလောသုံးဆယ်စီစဉ်လိုက်ရတာမို့ အလွဲအမှား
လေးများရှိခဲ့ရင်လည်းနားလည်ပေးကြဖို့
ကြိုတင်မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဝယ်ယူအားပေးကြတဲ့အယောက်စီတိုင်းကို
အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🥰

လက်မှတ်ဝယ်ယူရရှိနိုင်သောနေရာများ

USA - Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

Singapore - CSC - Citizens Support Center

https://www.facebook.com/CitizensSupportCenter/

Myanmar , SG , Korea , Malaysia, Australia, Japan ,
Europe , US

ဒေါန မမ
https://www.facebook.com/dawnamama

Wai Yan Aung
https://www.facebook.com/WaiYanOfficial

#YSD
Forwarded from Z Fighter News [︎]
​​💥💥 သီတင်းကျွတ်လပြည့်နေ့ ညတစ်ည.. မြို့ပြရဲ့အစွန်ကျကျ မြစ်ကမ်းနားက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အချိန်ကာလ အားဖြင့် အာဏာရှင် သန်းရွှေ ခေတ်ကာလ ဖြစ်သည့် လပြည့်ည ၏ လရောင်သာရှိသော ခပ်လှမ်းလှမ်းရှိ အမှာင်ထုထဲတွင် မီးအလင်းရောင် မှိန်ပြပြ ဖြင့် ဖွင့်လှစ်ထားသော အိမ်ဆိုင်လေးတစ်ဆိုင်ရှိ နေသည် ။

လပြည့်နေ့ တွင် ဆိုင်အများစု ပိတ်ထားသော်လည်း အမှောင်ထုကိုအံတုလျက် မီးရောင်မှိန်ပြပြ လေးဖြင့်ဖွင့်ထားသော ဆိုင် .......လပြည့်ညရဲ့ တစ်ခုထဲသော ဆိုင် .... ''လပြည့်နေ့မှာဖွင့်တဲ့ မြို့ပြတော်လှန်ရေးဆိုင်''

ဟုတ်ပါတယ် X တို့အနေနဲ့ မြိုပြ ရဲဘော် ( UG) တွေအတွက် သီတင်းကျွတ် လပြည့်အစီအစဥ်တစ်ခု အနေဖြင့် မြို့ပြတော်လှန်ရေးဆိုင် လေး တစ်ရက် ဖွင့်ပါမယ်။

မြို့ပြတော်လှန်ရေးဆိုင် လေးမှာ
ဝယ်ယူရရှိနိုင်တာတွေကတော့ -

1. ဆီမီး - ၁၀၀၀ ကျပ်
2. မီးပုံး - ၂၀၀၀ ကျပ်
3.ဗြောက် - ၃၀၀၀ ကျပ် တို့ဖြင့်

အသီးသီးဝယ်ယူပြီး မြို့ပြရဲဘော် ( UG) များ အတွက် သီတင်းကျွတ်မုန့်ဖိုး ထောက်ပို့နိုင်မှာဖြစ်ပါတယ်

မြို့ပြတော်လှန်ရေးဆိုင် ကို လပြည့်နေ့တစ်ရက်သာ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဝယ်ယူအားပေးကြသူများကို UG ရဲဘော်တွေကပေးပို့တဲ့ သီတင်းကျွတ်လပြည့်နေ့ ဆုမွန်ကောင်း ပေးစာလေးကို ပြန်လည်ပေးပို့သွားပါမယ်ဗျာ။

'' လပြည့်နေ့မြို့ပြ တော်လှန်ရေးဆိုင် '' မှ မည်သည့် ပစ္စည်းမဆို ဝယ်ယူအားပေးတဲ့သူများသာ
မြို့ပြရဲဘော်တွေရဲ့ သီတင်းကျွတ် ဆုမွန်ကောင်းပေးစာကို ဖတ်ခွင့်ရမှာဖြစ်ပါတယ် 🙏

မြိုပြတော်လှန်ရေးဆိုင်မှ ပစ္စည်း များကို Wave / NUGpay / KPAY တို့ဖြင့်ဝယ်ယူအားပေးနိုင်ပါတယ် 🙏

‼️ Page link- https://m.facebook.com/story.php?story_fbid=pfbid02kLArU3eqnnTeMwFWrcovq6nLxLk7rDdwbLGzsxZiHwwAHySTeNNEos4ig7Su99yfl&id=100078572297927

#Supporter_X
#z_fighter
Forwarded from Y.S.D Scout Channel
ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများအားလုံးရဲ့ ပျော်ရွှင်စရာ​ကောင်းပြီး ရို​သေကိုင်းရှိုင်းမှုများနဲ့ကျင်းပ​လေ့ရှိတဲ့ မြန်မာ့ရိုးရာပွဲ​တော်တစ်ခုဟာ ​ပျော်ရွှင်မှု​တွေဆိတ်သုဥ်းပြီးအကျည်းတန်ခဲ့တာ ၂ နှစ်ပြည့်​မြောက်ခဲ့ပါပြီ..

ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ ခက်ခက်ခဲခဲအ​ခြေအ​နေများက​နေ တရားတဲ့ဘက်မှာရပ်တည်ကြပြီး မတရားမှုကိုတတ်စွမ်းနိုင်သမျှ တွန်းလှန်​နေကြသူများအားလုံး ယခုသတင်းကျွတ်အချိန်အခါသမယမှာ ​ဘေးဘရာ​တွေ​ဝေးကွာပြီး အမြဲကျန်းမာစွာနဲ့ အ​ရေး​တော်ပုံ​အောင်သည်အထိ သန်မာစွာရပ်တည်နိုင်​စေဖို့ ကျွန်ုပ်တို့ Y.S.D အဖွဲ့သားများအားလုံးမှ ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ... 🙏🙏🙏

✍️ Y.S.D

#YSD

@YSDygn
ရေဘဝဲတွေ သင်တန်းဖွင့်ပြီ (အခမဲ့)

အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဋ္ဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့ပူးပေါင်းဖွင့်လှစ်သွားမည့်

" ခေတ်လူငယ် "  သင်တန်း အမှတ်စဥ် (၃)

သင်ကြားမည့်ဘာသာရပ်များ

၁)  လူငယ် နှင့် ပြည်သူ့နီတိ
၂) လူငယ် နှင့် ခေါင်းဆောင်မှုပညာ

သင်တန်းကာလကြာမြင့်ချိန်

(၁) ပတ်ကျော်

တက်ရောက်နိုင်မည့်သူများ

အသက် (၁၆) နှစ်မှ (၂၅) နှစ်ထိ
ဘာသာ၊လူမျိုးစုမရွေး

သင်ကြားမည့်ပုံစံ

ZOOM

လျှောက်လွှာတင်ရမည့်ပုံစံ

Telegram: https://t.me/khitluungalyangon

လျှောက်လွှာပိတ်မည့်ရက်

၁၃.၁၀.၂၀၂၂

🔴  မပျက်မကွက် တက်ရောက်နိုင်မည့်သူများသာ
လျှောက်ထားနိုင်ပါသည်။

#ခေတ်လူငယ် #MOWYCA
#OCTOPUS #ရေဘဝဲ
Forwarded from Y.S.D Scout Channel
❌️❌️ကန့်ကွက်ရှုံ့ချခြင်း❌️❌️

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်း​ထောင်ဂိတ်တွင် ပါဆယ်ပစ္စည်းထုတ်အတွင်းမှ ​ပေါက်ကွဲမှုဖြစ်စဥ်နှင့် စကစမှရမ်းသမ်းပစ်ခတ်မှုများ​ကြောင့် ပြည်သူများထိခိုက်​သေဆုံးများရှိခဲ့သဖြင့် ယင်းဖြစ်ရပ်ကိုလုပ်​ဆောင်ခဲ့သူများအားပြင်းထန်စွာကန့်ကွက်ရှုံ့ချပါသည်။



#YUG

#YSD
Forwarded from Y.S.D Scout Channel
ရေဘဝဲတို့မှတ်ကျောက်တင်ခဲ့ပြီ ပန်းပင်နီနီ 🥀
(ရုပ်ပြကာတွန်း)

🔴 စက်တင်ဘာ (၁၃) ရက်နေ့၊ကြည့်မြင်တိုင် ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း) ကနေ ပြည်သူလူထုရဲ့အသံကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးထိ ကြားအောင်
ဟစ်ကြွေးကြော်ကြမယ့်Generation Z လူငယ်တစ်စု

🔴 လိင်စိတ်ခံယူကွဲပြားသူတစ်ယောက်ရဲ့ သတ္တိ၊တော်လှန်ရေးသစ္စာနဲ့ တာဝန်ယူတာဝန်ခံမှု

🔴 အကြိမ်ကြိမ်နားရွက်တံထွေးစွတ်ခံနေရလို့ ရေဘဝဲ နဲ့ မဟာမိတ်အဖွဲ့အစည်း တွေကို သေသေရှင်ရှင် လိုချင်နေတဲ့ အကြမ်းဖက်သူပုန်စစ်တပ်တို့ကြား

🔴 ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ရုပ်ပြကာတွန်း

မကြာမီထွက်မည်
မကြာမီထွက်မည်
မကြာမီထွက်မည်

#ကြည့်မြင်တိုင် #ပန်းပင်နီ
#Springrevolution
#OCTOPUS #ရေဘဝဲ

#YSD
Kyimyindaing Scout Channel
Photo
❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို

တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞
▬▬▬▬▬▬▬▬▬▬▬▬▬

❏ ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်း‌သည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။

ဒီအတွက် ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် "လူထုတိုက်ပွဲ လှုပ်ရှားမှု" ကြီးတရပ် ဖော်ဆောင်ကြပါစို့။

#မီးပိတ်သပိတ်လူထုလှုပ်ရှားမှု

ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက  "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကြီး  ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

  ☗ နေ့ရက်   -   ၂၈ ရက် အောက်တိုဘာ ၂၀၂၂ ခု (သောကြာနေ့)

☗ အချိန်   -   ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်)

☗ မီးပိတ်မှု ကြာချိန်   -   ၁၀ မိနစ်

ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။

အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။

ကချင်မြေကို ထိရင် ငါတို့အားလုံးနဲ့ ငြိတာပဲ။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဘယ်နေရာကို ထိထိ ငါတို့ ပြည်သူအားလုံးနဲ့ သေချာပေါက် ငြိတာပါပဲ။

လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ . . .

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အရေးတော်ပုံ အောင်ရမည်။

#မီးပိတ်သပိတ်

#ဖားကန့်_အနန့်ပါ

#စစ်ရာဇဝတ်မှု

#ဝမ်းနည်းမှုကို‌တော်လှန်ခွန်အားအဖြစ်ပြောင်းကြ
Forwarded from Y.S.D Scout Channel
‼️ အစစ်အ​ဆေးသတိ​ပေးချက် ‼️

ယ​နေ့တွင် ရန်ကုန်မြို့အနှံ့​နေရာအ​တော်များများတွင် စခ ၊ ရခ ၊ ဘဲဥ များမှ ယာဥ်စစ်​ဆေးခြင်းအ​ကြောင်းပြကာ ​ဓါးပြတိုက်​တောင်းရမ်းစား​သောက်ရန်ပြင်ဆင်​နေမှုများရှိ​နေပါသဖြင့် အသွားအလာဆင်ခြင်နိုင်ကြပါရန် ကြိုတင်အသိ​ပေးအပ်ပါသည်။

ယခု​လက်ရှိစစ်​ဆေးရန်ပြင်ဆင်​နေ​သော​နေရာများ

-ယုဇနပလာဇာ​ရှေ့
-သုဝဏ္ဏရထားလမ်းကုန်း​ကျော်တံတားအနီး
-ပါရမီလမ်း မဥ္ဇူလမ်းမီးပွိုင့်အနီး
-သာ​ကေတအဝိုင်းထိပ်နှင့် ​ရွှေပုစွန်အနီး

9:10 AM


အစစ်အ​ဆေးသတင်းများ​တွေ့ရှိပါက​ ​ပေးပို့ရန်
👇
@YSDinformer
Forwarded from Y.S.D Scout Channel
Media is too big
VIEW IN TELEGRAM
“ဖားကန့် - အနန့်ပါ အတွက် ဝမ်းနည်းမှုကို  တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြ”

□ လွန်ခဲ့တဲ့ရက်ပိုင်းတွင် မတရားစစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဖြိုခွင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၈၀)ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူရာပေါင်းများစွာ ထိခိုက်မှုများဖြစ်ပျက်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုဖြစ်ရပ်တွင် ကျဆုံးခဲ့ရသော ပြည်သူတွေ၊ထိခိုက်ခံရသောပြည်သူတွေအပါအဝင် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက်တော်လှန်ရေးမှာ အသက်ရင်းခဲ့ကြတဲ့သူတွေအတွက် သွေးစည်းညီညွှတ်ရေးလှုပ်ရှားမှုအနေဖြင့် မီးပိတ်သပိတ်ကိုပုံဖော်ဆောင်ရွက်ခဲ့ကြပါတယ်။

မိဘပြည်သူများကလည်း ဖားကန့် - အနန့်ပါ လေကြောင်းပစ်ခတ်မှုအတွက် ဝမ်းနည်းကြေကွဲမှု ၊ နာကြည်းစိတ် တို့အား တော်လှန်ခွန်အားအဖြစ် အသွင်ပြောင်း၍ မီးပိတ်သပိတ်ကိုပူးပေါင်းပေးကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းလိုက်သည်။

တစ်ဆက်တည်းအနေဖြင့် မီးပိတ်သပိတ်ပြုလုပ်ရခြင်း အကြောင်းအရင်းကို မိဘပြည်သူများသိရှိစေရန် video တွင်အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်
#မီးပိတ်သပိတ်
#AJAY
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#YSD