Number Eleven Review Channel (Main Channel)
13.5K subscribers
192 photos
169 links
Download Telegram
[🇨🇳] Guimi Zhi Zhu
[🇺🇸] Lord of Mysteries Season 1

Review
🖥
သွေးနီရောင်လွှမ်းနေတဲ့ လ‌ရောက်အောက်က ညတညမှာ ကျိုးမင်ယွဲတစ်ယောက် ခေါင်းအရမ်းကိုက်ပြီး နိုးလာခဲ့ပါတယ်။ ရှေ့က စာရေးစားပွဲပေါ်မှာလည်း ခြောက်လုံးပြူးသေနတ်တစ်လက်နဲ့ မှတ်စုစာအုပ်တစ်အုပ် ဖွင့်လျက်သားရှိ‌​နေတယ်။ စာအုပ်ထဲမှာရေးထားတဲ့စာက “ငါအပါအဝင် လူတိုင်းသေရတော့မယ်”ဟူ၍ပင်။ လက်မှာလည်း သွေးတွေပေနေသဖြင့် အခန်းထဲရှိ မှန်ရှေ့ကိုသွားကြည့်လိုက်သည်။ မှန်ထဲကနေ နားထင်‌ပေါ်က သေနတ်ဒဏ်ရာကိုမြင်နေရပြီး ဦးနှောက်အတွင်းသားတွေ လှုပ်စိလှုပ်စိဖြစ်နေတာကိုပါ တွေ့လိုက်ရပါတယ်။ အထူးဆန်းဆုံးကတော့ မှန်ထဲရှိလူက ကျိုးမင်ယောင်ဟုတ်မနေပဲ ကလိုင်းမော်ရက်တီဆိုတဲ့လူဖြစ်​နေတာပါပဲ။ ကျိုးမင်ယောင်တစ်ယောက် ဘာ​ကြောင့် ကလိုင်းမော်ရက်တီအဖြစ် ဘဝကူးပြောင်းခဲ့ရသလဲ? သေနတ်ဒဏ်ရာက ကိုယ့်ကိုကိုယ်သတ်သေခဲ့သဖြင့် ရခဲ့ခြင်းလော? တစ်ပါးသူ၏ သတ်ဖြတ်မှုကြောင့် ရခဲ့ခြင်းလော? ဦးနှောက်ကိုပါမြင်နေရသည်အထိ သေနတ်ဒဏ်ရာရထား​ပေမဲ့လည်း ဘာ​ကြောင့်မသေရသလဲ? မှတ်စုစာအုပ်ထဲက စာ​ကရော ဘာအဓိပ္ပါယ်ဖြစ်မလဲ? အရေးအကြီးဆုံးက ကလိုင်းမော်ရက်တီဆိုတာ ဘယ်သူလဲ?...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1
Devil May Cry (2025)

Review
ဒီကားကတော့ Game ဆော့နေကြ ကိုကိုမမတိုနဲ့ မစိမ်းတဲ့ဂိမ်းလေးတစ်ခုကို Netflix ကနေပြီး ဖန်တီးပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေနဲ့ နတ်ဆိုးတွေဟာ ဟိုဆရာပြောသလို "ပရလောကစည်းပေါက်ပြီး၊ တစ်ဖက်ကို ကျူးကျော်စစ်တွေအပြန်အလှန်နွှလာကြတယ်ပေါ့လေ။" ဒါတွေက ဘာလိုဒီလိုဖြစ်တာလဲဆိုတာကိုတော့ ပထမပိုင်းမှာတင်သိလာပါလိမ့်မယ်။ဖိုက်တင်ခန်းကောင်းကောင်းတွေနဲ့ Animation ကောင်းကောင်းတွေနဲ့ witcher animated စီးရီးကိုတောင်သွားသတိရမိတယ်။ ဒီကားကတော့ ပိုကောင်းပါတယ်။


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review_to_AOM
❤3
[🇯🇵] Aru Majo ga Shinu Made
[🇺🇸] Once Upon a Witch's Death

Review
🖥
သူမရဲ့ 17 မြောက်မွေးနေ့မှာ အလုပ်သင်စုန်းမကြီး Meg က အသက်ရှင်ဖို တစ်နှစ်သာကျန်တော့ကြောင်း သိလိုက်ရတယ်။ အသက်ရှည်တဲ့ စုန်းမ Faust က သေခြင်းတရားကို ဖယ်ရှားရန် တစ်ခုတည်းသောနည်းလမ်းက ပျော်ရွှင်ခြင်းမျက်ရည်တွေကို စုဆောင်းပြီး အသက်ဆက်ရှည်နိုင်မယ်ဆိုတာ ရှင်းပြလိုက်တယ်။ သူတိုကိုရှာဖို Meg ဟာ သူအမြဲသိထားတဲ့ အမိုးအကာနဲ့ ကမ္ဘာလောကထဲကို သွားရတော့မယ်။ တွေ့ဆုံပွဲတွေ၊ လမ်းခွဲမှုတွေ၊ မိတ်ဖွဲမှုတွေ အများကြီးရှိမယ်၊ မျက်ရည်တွေလည်း အများကြီး ကျလိမ့်မယ်။ စုန်းမတစ်ယောက်အတွက် အရေးကြီးဆုံးသင်ခန်းစာတွေက တောက်ပ၊ ချိုမြိန်ပြီး အနည်းငယ် နှလုံးသားကို လွမ်းဆွတ်ဖွယ်ဖြစ်ကြောင်းကိုဒီခရီးစဉ်မှာ Meg ကသင်ယူလာနိုင်လိမ့်မယ်။


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Aobuta: Rascal Does Not Dream of ....

Review 🖥
"လူပျိုဖော်ဝင်ခြင်းရောဂါ" ဟုခေါ်သော လျှိဝှက်ဆန်းကြယ်တဲ့ ဖြစ်စဉ်တစ်ခုအကြောင်း ကောလာဟလတစ်ခုရှိတယ်။ ဥပမာအားဖြင့်၊ Sakuta Azusagawa က အထက်တန်းကျောင်းသူလေးဖြစ်ပြီး သူ့ရှေ့တွင် ယုန်မိန်းကလေးတစ်ယောက် ရုတ်တရက်ပေါ်လာတာကို တွေ့လိုက်ရတယ်။အဲ့မိန်းကလေးက အမှန်တကယ်က ဖျော်ဖြေရေးလောကမှ ပျောက်ကွယ်သွားခဲ့တဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်ပြီး Sakuta ရဲ့ အထက်တန်းစား မင်းသမီး Mai Sakurajima ဟုခေါ်သော မိန်းကလေးဖြစ်တယ်။ အကြောင်းတစ်ခုခုကြောင့် Mai အနီးပတ်ဝန်းကျင်ရှိလူများက သူမရဲ့ ယုန်မိန်းကလေးပုံစံကို မမြင်နိုင်ပေ။ Sakuta ကလဲ ဒီလျှိဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို ကြိုးပမ်းခဲ့ပြီး Mai နှင့် အချိန်ဖြုန်းရင်း သူမ၏လျှိဝှက်ခံစားချက်များကို သိရှိသွားခဲ့တယ်။ "အပျိုဖော်ဝင်စရောဂါ" ရှိသောအခြားသူရဲကောင်းများသည် Sakuta ၏ရှေ့တွင်ပေါ်လာခဲ့ကြတယ်။

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6🔥1🥰1
[🇯🇵] Isekai de Cheat Skill wo Te ni Shita Ore wa, Genjitsu Sekai wo mo Musou Suru: Level Up wa Jinsei wo Kaeta
[🇺🇸] I Got a Cheat Skill in Another World and Became Unrivaled in The Real World, Too

Review
🖥
ဝလွန်းပြီးရုပ်ဆိုးလွန်းတာကြောင့် ဘဝတစ်ခုလုံး အနိုင်ကျင့်ခံနေရတဲ့ ကောင်လေးရဲ့အရှေ့မှာ ဆန်းကြယ်တဲ့ တံခါးတစ်ခုပေါ်လာလေတယ်။ တံခါးရဲ့ အနောက်မှာတော့ မွန်းစတားတွေရယ် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေရယ်နဲ့ ​မှော်တွေ ပြည့်နေတဲ့ အခြားကမ္ဘာကြီးဖြစ်နေလေရဲ့...အံ့သြဖိုအကောင်းဆုံးအချက်က အခြားကမ္ဘာကပစ္စည်းတွေ အစွမ်းတွေကို တစ်ကယ့်ကမ္ဘာကို သယ်ဆောင်လာလိုရ​​ပြီး ကမ္ဘာနှစ်ခုကြား အသွားအပြန်လုပ်လိုရတဲ့အခါ ဘဝတစ်ခုလုံး အနိုင်ကျင့်ခံနေရတဲ့ ကောင်လေးရဲ့ဘဝကဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5💯1
[🇯🇵] Akuyaku Reijou Level 99: Watashi wa Ura Boss desu ga Maou de wa Arimasen
[🇺🇸] Villainess Level 99: I May Be the Hidden Boss but I'm Not the Demon Lord

Review
🖥
Varschein နိုင်ငံတော်မှာတော့ မဲနက်နေတဲ့ဆံပင်နဲ့ လူတွေဆိုရင် အပြစ်ရှိရာဇဝတ် သားတစ်ယောက်လိုကို ပစ်ပယ်ထားကြပါတယ်။ ပြန်ဝင်စားလာတဲ့ Eumiella ဆိုတဲ့ ကောင်မလေးကဆိုရင်တော့ သူဌေးသမီးတစ်ယောက်ဖြစ်ပေမဲ့လည်း သူ့ရဲ့မဲနက်နေတဲ့ဆံပင်တွေကြောင့် မိသားစုစီကပါအမုန်းခံရပြီး တစ်သီးတစ်ခြားမှာနေရပါတယ်။ သူမဟာအရင်ဘဝက ဒီ Otome ဂိမ်းကို ဆော့ခဲ့ဖူးတဲ့သူဖြစ်ပြီး သူအခုပြန်ဝင်စား​နေတဲ့ Eumiella က Game ရဲ့ Hidden Bossဖြစ်ပါတယ်။ ဒါကြောင့် Eumiella အနေနဲ့ တိုးတိုးတိတ်တိတ်နေဖိုဆုံးဖြတ်ခဲ့ပေမဲ့လည်း Magic Academy ကိုရောက်တဲ့အခါမှာတော့ သူဟာ level 99 ဖြစ်တယ်ဆိုတာကို လူတွေသိကုန်ကြပါတယ်။ သူ့ရဲ့ဓားရေးရော မှော်ပညာကပါ ကျောင်းမှာ ယှဉ်နိုင်သူမရှိပါဘူး။ ဒီလိုနဲ့ Eumiella လိုချင်နေတဲ့ အေးအေးဆေးဆေး ဘဝ​လေးက ဝေးကွာသွားခဲ့ရပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး။ ဒီ Otome ဂိမ်းကမ္ဘာရဲ့ Heroine မိန်းကလေးကလည်း Eumiella က Demon Lord ပါဆိုပြီး သံသယဖြစ်လာပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ Eumiella တစ်ယောက် သူလိုချင်တဲ့ အေးဆေးတဲ့ဘဝလေးကို ဘယ်လိုများ ရအောင်ယူမလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6
[🇯🇵] NHK ni Youkoso!
[🇺🇸] Welcome to the N-H-K

Review
🖥
Satou Tatsuhiro လိုခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ ဘယ်သူ့ကိုမှမယုံတဲ့ hikikomori တစ်ယောက်ဖြစ်ပါတယ် အလုပ်လည်းမရှိ ကျောင်းလည်းမတက် အိမ်တွင်းပဲအောင်းနေတာ ၄ နှစ်လောက်ရှိလာခဲ့ပြီး ငယ်သူငယ်ချင်းတစ်ယောက်နဲ့ပြန်တွေ့ခဲ့ပြီးဂိမ်းဖန်တီးကြဖို ၂ ယောက်သားသဘောတူခဲ့ကြပါတယ် တစ်နေ့မှာ ရုတ်တရက် ဘယ်ကမှန်းမသိ ကောင်မလေးတစ်ယောက်ပေါ်လာခါ သူ့ကို Hikikomori နည်းလမ်းတွေကနေကယ်တင်မယ်ဆိုပြီးစာချုပ်တစ်ခုသဘောတူလိုက်ပါတယ် ဒါပေမဲ့ နောက်ပိုင်းမှာအဲ့ကောင်မလေးဟာSatou-kunအကြောင်းအကုန်သိနေတော့Satou-kunတစ်ယောက်သံသယစိတ်တွေဝင်လာပြီးဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို comedy ရော ဒရာမအချိုးပိုင်းလေးတွေရော ရောစပ်ကြည့်ရှူရမှာဖြစ်ပါတယ်
(Hikikomori = Otaku နဲ့တူညီသော လူတွေနဲ့အပြင်ထွက်ရမှာကိုကြောက်ရွံသောသူ)


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1
[🇯🇵] Katsute Mahou Shoujo to Aku wa Tekitai Shite Ita.
[🇺🇸] The Magical Girl and the Evil Lieutenant Used to Be Archenemies

Review
🖥
Mira ဆိုတဲ့ကောင်လေးဟာ ကမ္ဘာကြီးကိုသိမ်းပိုက်ဖိုကြိုးစားနေတဲ့ လူဆိုးအဖွဲရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ Byakuya Mimori ဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီလူဆိုးအဖွဲလက်ထဲကနေ ကမ္ဘာမြေကို ကယ်တင်ဖိုကြိုးစားနေတဲ့ Mahou Shoujo လေးပါ။ အဲ့ဒီ့လိုလူနှစ်ယောက် တစ်နေ့မှာအမှတ်မထင်တွေ့ဆုံခဲ့ပြီး Mira ဆိုတဲ့ လူဆိုးခေါင်းဆောင်က Mimori လေးကို မြင်မြင်ချင်းမှာတင် ချစ်မိသွားတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Aharen-san wa Hakarenai

Review
🖥
လူမှုဆက်ဆံရေးညံ့တဲ့ကောင်မလေး Aharen-san ၊ သူ့ရဲ့အတန်းဖော် Raido က သူပြုတ်ကျတဲ့ ခဲဖျက်ကို ကောက်ပေးတာကြောင့် သူနဲ့ Raido က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားပြီလို ဆုံးဖြတ်ခဲ့သူပေါ့။ စာလုပ်တာပဲဖြစ်ဖြစ် Arcade မှာကစားတာပဲဖြစ်ဖြစ် နေ့လည်စာစားချိန်မှာပဲ ဖြစ်ဖြစ် ဘာလာလာဒေါင်းပြီး Raido နဲ့ အချိန်ဖြုန်းရဖို အမြဲကပ်နေတဲ့ကောင်မလေးပါ။ ဒီကားလေးကတော့ လူမှုဆက်ဆံရေးညံ့တဲ့ကောင်မလေးတစ်ယောက်က သူငယ်ချင်းရပြီးနောက် ဘယ်လိုအရာတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6🥰1
[🇯🇵] Kiseijuu: Sei no Kakuritsu
[🇺🇸] Parasyte -the maxim-

Review
🖥
အစွမ်းအလွန်ထက်ပြီးဥာဏ်ပြေးတဲ့သတ္တဝါတွေ
ကမ္ဘာပေါ်ကိုရောက်ရှိလာပြီးလူတွေရဲ့ခန္ဓာကိုယ်ကိုသတ္တဝါတွေဦးနှောက်မှတစ်ဆင့်ယူကြတယ်ထိုနောက်သတ္တဝါတွေကလူသားတွေကိုစားသုံးတယ်ထိုအထဲမှာမှShinichiဆိုတဲ့သာမန်အထက်တန်းနောက်ဆုံးကျောင်းသားတစ်ယောက်ကတော့ဦးနှောက်အယူမခံရပဲ ညာဘက်လက်သာယူခံရတယ်
အဲလိုဆိုရင်Shinichiတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ
သူ့ညာလက်ကိုယူထားတဲ့ကောင်ကဆိုးမှာလား
ကောင်းမှာလား အဲ့ဒီအရာတွေကဘာတွေလဲ
ဘယ်သူတွေကလွှတ်လိုက်တာလဲ........


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4💯1
[🇯🇵] Honzuki no Gekokujou: Shisho ni Naru Tame ni wa Shudan wo Erandeiraremasen
[🇺🇸] Ascendance of a Bookworm

Review
🖥
             ဒီကားလေးကတော့ စာအုပ်အလွန်ဖက်ရတာကြိုက်တဲ့ကောင်‌မလေးတစ်ယောက်ဟာ တစ်နေ့မှာသူချစ်တဲ့စာအုပ်စင်ကြီးကပဲ သူ့ကိုအနိစ္စရောက်အောင်ပိုပေးလိုက်တာပေါ့။ ဒါပေမယ့်သူဟာ အခြားကမ္ဘာကသာမန်ဆင်းရဲ့တဲ့မိသားစုလေးတစ်ခုရဲ့ မိသားစုဝင် Myne အဖြစ်ပြန်လည်လူပြန်ဝင်စားခဲ့ပါတယ်။ သူတိုမိသားသာမန်မိသားစုလေးဖြစ်တာမို Myne ချစ်မြတ်နိုးတဲ့စာအုပ်များဟာရှိလိုမနေပါဘူး။ သူရောက်နေတဲ့ကမ္ဘာမှာကလည်း အဆင့်အတန်းဂုဏ်ရည်ရှိတဲ့ သူဌေးကုန်သည်ကြီးများဆီမှာတာ သူဖတ်ချင်တဲ့စာအုပ်ဟာရှိလိုနေပါတယ်။ ဒါပေမယ့် Myne လေးဟာအား‌မလျှော့ပဲ စာအုပ်ထဲကဗဟုသုတတွေဘယ်လိုတွေအသုံးချပြမလဲဆိုတာကို ကောင်းကောင်းကြီးကြည့်ရမာပါရှင့်။ ဇာတ်လမ်းလေးကငြိမ်ငြိမ်လေးသွားပေမယ့် ငြိမ်ငြိမ်းလေးပဲတမြိတ်မြိတ်နဲ့ဆွဲခေါ်သွားမှာမို ကြည့်လိုက်ကြပါဦးရှင့်........☺️☺️☺️

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤10👏2
[🇯🇵] Shinigami Bocchan to Kuro Maid
[🇺🇸] The Duke of Death and His Maid

Review
🖥
Bocchan ဆိုတဲ့ငယ်ရွယ်တဲ့မြိုစားလေးဟာ စုန်းမတစ်ယောက်ရဲ့ကျိန်စာကြောင့် သူထိတွေ့လိုက်တဲ့အရာမှန်သမျှကိုသေဆုံးစေနိုင်တဲ့ အစွမ်းကိုမလိုချင်ပဲရရှိခဲ့ပါတယ်။ အဲ့ဒီစွမ်းအားကြောင့် သူ့ရဲ့မိသားစုတွေကလက်မခံတော့ပဲ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကို နှင်ထုတ်ခဲ့ကြပြီး သူ့ရဲ့ဖြစ်တည်မှုကိုဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်
သိုသော်လည်း မြိုစားလေးဟာ တစ်ယောက်တည်းအထီးကျန်မနေခဲ့ပါဘူး။ သူ့ရဲ့ဘေးနားမှာ ဘဏ္ဍာစိုး Rob နဲ့ အစေခံမလေး Alice တိုဟာအမြဲရှိနေပေးခဲ့ပါတယ်။ အစေခံမလေး Alice ဟာ မြိုစားလေးအပေါ် အမြဲစနောက်နေခဲ့ရာ‌ေကြာင့် သံယောဇဉ်တွေတိုးလာပြီး မြိုစားလေးဟာသူ့ရဲ့ကျိန်စာကိုဖျောက်ဖျက်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဘယ်လိုအကူအညီတွေ၊သဘာဝလွန်စွမ်းအားတွေနဲ့ ကျိန်စာကိုဖျက်နိုင်မလဲ၊ သူတိုရဲ့ထိ‌ေတွ့လိုမရတဲ့အချစ်ဇာတ်လမ်း‌လေးဘယ်လိုရှေ့ဆက်လာမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤14
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများကို ကျွန်မတို့ရဲ့ အခုပြထားတဲ့ channel လေးခုမှာ ဈေးသက်သက်သာသာနဲ့ လာရောက်ထည့်သွင်းနိုင်ပါပြီနော်

https://t.me/Number11link
https://t.me/haruko_library_nd
https://t.me/Eastbrook_normal
https://t.me/Eastbrook_healer

Slot, dia uc, website, Online Shop, boost, manhwa, manga, paid ads, ငွေတု ads အကုန် လက်ခံပါတယ်ရှင့်

To contact -
@Utenaisbusy
❤2
Date A Live

GENRES: Action, Comedy, Ecchi, Fantasy, Mecha, Romance, Sci-Fi

Review 🖥
Date A live ဆိုတာနဲ့ လူတိုင်းစောင့်စားနေတဲ့ သိပ္ပံဂျပန်ကာတွန်းကားလေးတစ်ကားကို ပြေးမြင်ကြမှာပါ။
အာကာသမုန်တိုင်းတခုကျရောက်လာတဲ့ကမ္ဘာကြီးကို MC တစ်ယောက်ဟာ စော်လေးတွေပတ်လည်ဝိုင်းပြီး ဘယ်လို တွေဆောင်ရွက်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ သောက်ရမ်းကောင်းတယ်လိုပြောကြတယ် ကြည့်လိုက်ကြပါဦး


Anime Link - Click Here

ကြော်ငြာကိစ္စများအတွက် - @Utenaisbusy

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/IuXmYqqKGB4zNTM1

#crd_review_to_AOM
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Mushoku Tensei: Isekai Ittara Honki Dasu
[🇺🇸] Mushoku Tensei: Jobless Reincarnation

Review
🖥
Isekai လောကရဲ့ အကျိုးတော်ဆောင် Truck-kun တိုက်ခံရပြီး Rudeus Greyrat အနေနဲ့ ပြန်လည်ဝင်စားလာတဲ့ MC ဟာ အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့ရာမှ Teleport Incident ဆိုတဲ့ ပြင်းထန်တဲ့မှော်စွမ်းအားပေါက်ကွဲမှုကြောင့် Rudeus နဲ့ Eris တိုဟာ မိစ္ဆာတိုတိုင်းပြည်ကို ရောက်သွားပါတယ်။ မိစ္ဆာတိုင်းပြည်ရောက်ပြီး Hitogami ရဲ့ အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး Eris နဲ့အတူ သူ့ရဲ့မွေးရပ်မြေ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်မလား ဘယ်လိုဘေးဒုက္ခတွေကို ဖြတ်ကျော်ရဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review - Anime Myanmar Cafe
Please open Telegram to view this post
VIEW IN TELEGRAM
❤5
EDENS ZERO

Review
🖥
ဇာတ်လမ်းအစမှာတော့ Shiki ဆိုတဲ့ကောင်လေးဟာ စက်ရုပ်‌ေတွချည်းရှိတဲ့ Granbell လ⁠⁠⁠ခေါ်တဲ့ စွန့်ပစ်ဂြိုလ်မှာ သူ့ဘဝတလျှောက်လုံး ကျင်လည်ရင်း တနေ့မှာတော့ Blue garden ဂြိုလ်ကနေ B-cube channel အတွက် Video ရိုက်ဖ⁠⁠⁠လာတဲ့ Rebecca ဆိုတဲ့ကောင်မလေးနဲ့ သူမရဲ့အဖော် Happy ဆိုတဲ့‌ကြောင်လေးနဲ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားပါတယ်

ဒါမဲ့ ရုတ်တရက်ကြီး Granbell ဂြိုလ်ကစက်ရုပ်တွေဟာ သူတ⁠⁠⁠ကိုတိုက်ခိုက်လာတဲ့အခါမှာတော့ သူတ⁠⁠⁠ဟာ Sakura Cosmos ဆီ ခရီးနှင်ဖ⁠⁠⁠အကြောင်းဖန်လာပါတော့တယ် အဲ့ကနေမှ သူတ⁠⁠⁠တွေဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အာကာသဆီ စွန့်စားခန်းထွက်ဖ⁠⁠⁠ဆုံးဖြတ်လိုက်ကြပါတယ်

သူတ⁠⁠⁠ရဲ့စွန့်စားခန်းခရီးစဉ်မှာ ဘယ်လိုလူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ သူတ⁠⁠⁠ရဲ့ ရည်ရွယ်ချက်တွေကရော အောင်မြင်ပါ့မလားဆိုတာကို Fantasy ဆန်ဆန်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ့

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
Rurouni Kenshin: Meiji Kenkaku Romantan

Review
🖥
Nobuhiro Watsukiရေးသားထားတဲ့ manga series ဖြစ်ပြီး
ဇာတ်လမ်းကျောရိုးကတော့ ဂျပန်နိုင်ငံရဲ့ meiji ခေတ် (1978) တုန်းက Hitokiri Battosai လိုလူသိများတဲ့လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကနေ Bakufu ကိုနှိမ်နှင်းပြီးနောက်မှာ Himura Kenshin လိုနာမည်ပြောင်းပြီးဂျပန်လူမျိုးတွေကိုကာကွယ်ခဲ့တာတွေကိုအခြေခံထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကိုပြန်ဆက်ရရင် Himura Kenshin ဟာ meijiခေတ်ပြန်လည်ထူထောင်ရေးစစ်ပွဲကြားထဲမှာ အလှည့်အပြောင်းတွေဖြစ်အောင်ပြုလုပ်ရာမှာတော်တဲ့လုပ်ကြံသတ်ဖြတ်သူတစ်​ယောက်ပါ။ ရိုနင်လည်းမဟုတ်ဆာမူရိုင်းလည်းမဟုတ်ပဲနေရာအနှံလျှောက်သွားနေရင်း kendoသခင်မလေး ၊သူခိုးဟောင်းတစ်ယောက် ၊ ဒေါသကြီးပြီးရန်ရှာတတ်တဲ့ကောင်လေး ၊ ဆရာဝန် တစ်ယောက် စတဲ့ကိုယ်ပိုင်လျှိဝှက်ချက်ကိုယ်စီရှိကြတဲ့သူတွေနဲ့သူငယ်ချင်းဖြစ်လာပြီး ရန်သူတွေကိုအတူတကွ ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ်။

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇺🇸] This Monster Wants to Eat Me
[🇯🇵] Watashi wo Tabetai, Hitodenashi

Synopsis


ရေသူမကြီး Shioriတစ်ယောက်
“မင်းကိုစားဖိုလာတာပါ” ဆိုတဲ့အသံနဲ့ အထက်တန်းကျောင်းသူလေး Hinakoကို မီနူးတင်လိုက်ပါတော့တယ်

ဒါပေမယ့် ရိုးရိုးဂိုက်ကနဲ ကိုက်စားမှာမဟုတ်ပါဘူး

Hinakoရဲ့ ခန္ဓာကိုယ်က ဆရာတော်လို မိစ္ဆာတိုင်းစွဲမက်တာကြောင့်
Shioriကိုယ်တိုင် အနားမှာနေပြီး
Best Condition‌ရောက်တော့မှ သေချာလေး အရသာခံပြီး သုံးဆောင်မှာပါ

တစ်ဘက်က Hinakoလည်း
သူ့အနီးနားမှာ
သူ့ကိုစားမယ့်လူရှိနေတာကို
ဘယ်လိုခံစားရမလဲ ဆိုတာကတော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
❤2
[🇯🇵] Kakuriyo no Yadomeshi
[🇺🇸] Kakuriyo: Bed & Breakfast for Spirits

Review
🖥
Kamisama Kiss ကိုကြည့်ဖူးသူတွေကတော့ဒီကားလေးကိုသဘောကျမှာပါ
မကြည့်ဖူးသေးတဲ့လူတွေလည်းဒီကားလေးကြည့်ကြည့်ပါ သိပ်ကောင်းတဲ့ Seriesလေးပါ

Tsubaki Aoiဆိုတဲ့ကောင်မလေးဟာ Ayakashi လ⁠⁠⁠ခေါ်တဲ့မကောင်းဆိုးဝါးတွေကိုမြင်နိုင်စွမ်းရှိသူလေးဖြစ်ပါတယ်။သူမဟာငယ်စဉ်ကတည်းကမိခင်ရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတာမ⁠⁠⁠သူမလိုပဲAyakashiတွေကို မြင်နိုင်စွမ်းရှိတဲ့ အဖိုးဖြစ်သူ Shirou Tsubakiရဲ့ ခေါ်ယူစောင့်ရှောက်ခြင်းကိုခံခဲ့ရပါတယ်။ သူမရဲ့အဖိုးကွယ်လွန်ပီးနောက်ပိုင်းမှာတော့ Aoiဟာ သူမအဖိုးသင်ပေးခဲ့တဲ့ ဟင်းချက်ပညာနဲ့ ပိုက်ဆံတွေကြောင့် သူမဘဝလေးအဆင်ပြေနေခဲ့ပါတယ်။ဒီလိုနဲ့တစ်ရက်မှာ Aoiဟာလမ်းမှာမျက်နှာဖုံးတပ်ထားတဲ့ Ayakashiဘီလူးတစ်ကောင်ကိုတွေ့ခဲ့ရပြီး သူမနေ့လည်စာထမင်းဗူးကို ဘီလူးကိုထုတ်ပေးခဲ့ပါတယ်။နောက်တစ်နေ့ထိုနေရာမှာပဲ သူမရဲ့ထမင်းဘူးကိုအ၀တ်စတစ်ခုနဲ့ပတ်ပြီး ဆံထိုးတစ်ခုတွေ့ခဲ့ရာ ထိုထမင်းကိုပတ်ထားတဲ့ အ၀တ်စကိုကိုင်လိုက်ချိန်မှပဲAoiဟာAyakashiတွေရဲ့လျ⁠⁠⁠⁠ဝှက်တိုင်းပြည်ဆီကို ခေါ်ဆောင်ခံရပြီး Aoiတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ Seriesလေသာ ဆက်ကြည့်လိုက်ပါ........🌸🌸

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1😁1
[🇺🇸] Pass the Monster Meat, Milady!
[🇯🇵] Akujiki Reijou to Kyouketsu Koushaku: Sono Mamono, Watashi ga Oishiku Itadakimasu!

Review
🖥
အထက်တန်း အမျိုးသမီးတွေက စားသောက်ပုံနဲ့ဆိုင်တဲ့ ကျင့်ဝတ်တွေရှိရမယ်ဆိုပေမဲ့ Melphiera Marchalrayd ကတော့ အဲ့အချက်မရှိနေခဲ့ပါဘူး။ သူဟာ အစားအသောက်ဆိုရင် မွန်းစတားရဲ့အသားကိုပဲ စွဲလန်းနေသူဖြစ်ပါတယ်။ မွန်းစတားရဲ့အသားကို တိုင်းပြည်ကလက်ခံနိုင်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားသူလေးပေါ့။ ဒါပေမဲ့လည်း လူ့ဘောင်ထဲ ပွဲထွက်ကတည်းက သူနဲ့ကိုက်ညီမဲ့ လက်တွဲဖော်ကို ရှာမတွေ့ခဲ့ပါဘူး။ တစ်နေ့တော့ ပွဲတော်မှာ မွန်းစတားတိုက်တာခံရတုန်း မြိုစားဆီက​နေ အကယ်ခံလိုက်ရပါတယ်။ အဲ့မြိုစားကရော သူ့ရဲ့ ထူးဆန်းတဲ့စားသောက်ပုံကို လက်ခံနိုင်ပါ့မလား ဆိုတာကိုတော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Tondemo Skill de Isekai Hourou Meshi
[🇺🇸] Campfire Cooking in Another World with my Absurd Skill

Review
🖥
အစားအသောက်ကြိုက်တဲ့ လူတွေအတွက် ကြည့်လိုကောင်းတဲ့ isekai စီးရီး​ကောင်းတစ်ခုပါပဲ။ အခြားကမ္ဘာကို ရောက်လာရင်း MC က သူ သူရဲကောင်းမဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့အချိန် အေးအေးဆေးဆေး နေထိုင်ခွင့်ပေးဖိုပဲ ဘုရင့်ကိုတောင်းဆိုလိုက်ပါတယ်။ ဆိုပေမယ့် သူ့မှာက တခြားသူတွေနဲ့ မတူထူးခြားတဲ့ စွမ်းအားလေးတစ်ခု ပါလာပါတယ်။ အွန်လိုင်းမားကပ်ဆိုတဲ့ ဒီဘက်ကမ္ဘာက စားစရာတွေကို ဝယ်လိုရတဲ့ စွမ်းအား​ပေါ့။ အဲ့ဒီမှာ အဲ့စွမ်းအားကိုအသုံးချပြီး နေ့စဉ် သာမန်ချက်ပြုတ်စားသောက်ရင်းကုန်ဆုံးတဲ့ စွန့်စားခန်းဘဝပုံစံလေးကို အဓိကထားပြီး စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤3