Number Eleven Review Channel (Main Channel)
13.4K subscribers
197 photos
172 links
Download Telegram
Grand Blue Dreaming

Review
🖥
ဒီseriesလေးရဲ့ အစမှာIori Kitaharaဆိုတဲ့ ကောင်လေးက college ကျောင်းသားဘဝ စဖိုရာ သူ့ဦးလေးရဲ့ ကမ်းခြေနားက Grand Blueဆိုတဲ့ ရေငုပ်ပစ္စည်း‌ဆိုင်မှာ သွားရောက်နေထိုင်ရပါတော့တယ်။ဒါပေမဲ့ရောက်ရောက်ချင် နေ့မှာပဲLocalရေငုပ် clubတစ်ဖွဲက ဖင်ပျောင်ကြီးတွေနဲ့ အရက်သောက်နေတဲ့ လူတွေမြင်ပြီး စိတ်ညစ်က အိမ်ပြန်ပြေးပါတော့တယ်။ဒါပေမဲ့ လမ်းမှာတင်ပြန်ဖမ်းပြီး ရေငုပ်clubထဲထည့်တာခံခဲ့ရပါတော့တယ်...ဒီလိုနဲ့Ioriတစ်ယောက် သောက်တလွဲ ရေငုပ်အဖွဲနဲ့ဘယ်လို အလွှတွေနဲ့တွေ့မလဲဆိုတာကို comedyလေ နှောပြီးကြည့် ရမဲ့ seriesလေးပါပဲ။

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Sword of the Demon Hunter: Kijin Gentosho


ပထမဆုံးအပိုင်းမှာတင် ၁ နာရီလောက်ကြာမြင့်တဲ့ Epic ဆန်ဆန် အစပျိုး ဇာတ်လမ်းတည်ထားပြီး ဓားသိုင်း၊ ပါဝါ၊ အက်ရှင်တွေ၊ ဝမ်းနည်းကြေကွဲစရာ Deep ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ရော ရှယ်ပါပဲ...


Review 🖥
ခေတ်အဆက်ဆက် ဓားတစ်ချောင်းနဲ့ Demon တွေကိုနှိမ်နှင်းလာခဲ့ရင်း ၂၁ ရာစု ထိကိုရောက်လာခဲ့တဲ့ demon တစ်ပိုင်းလူတစ်ပိုင်း Jinta၊ အစပိုင်းမှာတော့ Jinta ဟာ နတ်ကွန်းကိုစောင့်ရှောက်ရတဲ့ Demon slayer တစ်ယောက်သာဖြစ်ပေမဲ့ မထင်မှတ်ထားတဲ့ အခြေအနေအမျိုးမျိုးကြောင့် Demon တစ်ပိုင်းဖြစ်လာပြီး ပေါ်ပေါက်လာမဲ့ Demon ဘုရင်မကို နှိမ်နှင်းနိုင်ဖိုကြိုးစားရင်း Japan ရဲ့ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ပါတယ်။ Jinta ဟာ demon တွေကိုသတ်ပြီး Demon တွေရဲ့အစွမ်းကို စုပ်ယူနိုင်တာကြောင့် အသန်မာဆုံး လူတစ်ယောဖြစ်လာအောင်ကြိုးစားရင်း ခေတ်အဆက်ဆက် Demon တွေကိုလိုက်နှိမ်နှင်းကာ နတ်ဆိုးဘုရင်မ ပြန်ပေါ်လာမဲ့အချိန်က်ိ စောင့်ဆိုင်းရှာဖွေရင်း စွန့်စားခန်းတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇯🇵] Busu ni Hanataba wo.
[🇺🇸] April Showers Bring May Flowers

Review
🖥
Hana Tabata ဆိုတဲ့ကောင်မလေးက ကိုယ့်ကိုကိုယ် ဆွဲဆောင်မှုမရှိတဲ့ ဇာတ်ရံလိုသာ သတ်မှတ်ထားသူပါ။ Hana ဆိုတဲ့နာမည်က ''ပန်း'' လိုအဓိပ္ပါယ်ရပေမဲ့ သူ့ပုံစံကတော့ ပန်းနဲ့မတူနေခဲ့ပါဘူး။ Hana က အချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သူဖြစ်ပြီး ကိုယ့်ကိုယ့်ကို မင်းသမီးအဖြစ် စိတ်ကူးယဥ်လေ့ရှိသူပါ။ တစ်နေ့ Hana တစ်ယောက် စိတ်ကူးယဥ်တုန်း အတန်းထဲက နာမည်ကြီးတဲ့ ရုပ်ချောချောကောင်လေးနဲ့ ဆုံခဲ့လေရဲ့။ အရှက်ကွဲတော့မယ်လို ထင်နေတဲ့ Hana တစ်ယောက် ကြုံလာသမျှကို ခါးစည်းခံမယ်လို ဆုံးဖြတ်ထားပေမဲ့ အဲ့ကောင်လေးက အရှက်မခွဲတဲ့အပြင် သူနဲ့ပါ ရင်းရင်းနှီးနှီးစကားပြောလာတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2🔥1
[🇯🇵] Isekai wa Smartphone to Tomo ni.
[🇺🇸] In Another World With My Smartphone

Review
🖥
ဒီကားလေးကတော့ Isekai enjoyer တွေတော်တော်များများကြည့်ဖူးတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်ရှင့်။ ဇာတ်လမ်းလေးကတော့ MC တစ်ယောက်ပုံမှန် Isekai ကားတွေလိုပဲဒီဖက်ကမ္ဘာမှာသေပြီးအခြားကမ္ဘာကိုမကူးပြောင်းပေးခင် နတ်ဘုရားဘိုးတော်ကြီးက MC ကိုဘာလိုအင်ဆန္ဒရှိသေးလဲမေးတာပေါ့နော်။ MC ကလည်းဖုန်းရှိရင်အရာရာပြည့်စုံတဲ့သူဆိုတော့ တခြားကမ္ဘာမှာဖုန်းသုံးချင်လို အားမကုန် အင်တာနက်လိုင်းမကုန်နိုင်ဖုန်းကိုတောင်းဆိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.......

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Kanojo, Okarishimasu
[🇺🇸] Rent-a-Girlfriend

Review
🖥
Kazuya Kinoshita ဆိုတဲ့ ကောင်လေးရဲ့ အကြောင်းကနေ စတာပေါ့နော်။ ရည်းစားဖြစ်သူရဲ့ ပစ်ပယ်ခံရပြီးတဲ့နောက်မှာ သူ့နှလုံးသားထဲမှာ နာကျင်မှုကို သက်သာစေဖိုအတွက် App လေးတစ်ခုကနေ ရည်စားငှားခြင်းကို လုပ်ဆောင်လိုက်ပါတယ်။ သူငှားလိုက်တဲ့ Mizuhara Chizuru က အရမ်းချစ်ဖိုကောင်း လှပပြီး အရာရာတိုင်းပြည့်စုံနေတဲ့ မိန်းမလှလေးပေါ့။ တစ်နေ့မှာတော့ Kazuya ရဲ့ တက္ကသိုလ်မှာ သူရည်းစားအဖြစ် ငှားခဲ့တဲ့ Chizuru နဲ့ ပြန်ဆုံတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ...
❤️

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇯🇵] Kaoru Hana wa Rin to Saku
[🇺🇸] The Fragrant Flower Blooms With Dignity

Review
🖥
ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တိုဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။ တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့မုန့်ဆိုင်မှာ အလုပ်ကူလုပ်ရင်း Kaoruko Waguri ဆိုသူ ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကြောက်ဖိုကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့၊ ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့၊ ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလိုထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ်ရောက်လာတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6
[🇯🇵] Mizu Zokusei no Mahou Tsukai
[🇺🇸] The Water Magician


Review 🖥
Ryou ဆိုတဲ့ကောင်လေးဟာ တခြားကမ္ဘာကိုဝင်စားခဲ့ပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း​နေရမယ်ထင်နေသူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူဝင်စားတဲ့နေရာဟာ အန္တရာယ်များတဲ့ သားရဲတွေနဲ့ပြည့်နေတဲ့ တောအုပ်ဖြစ်နေလေရဲ့။ Ryou ဟာ ရေမှော်အစွမ်းကိုသုံးနိုင်ပြီး ထာဝရနုပျိုခြင်းအစွမ်းကို ရရှိထားသူပါ။ အနှစ် ၂၀ လောက် တောအုပ်ထဲမှာ သားရဲတွေနဲ့ ရှင်သန်တိုက်ခိုက်ရင်း ဘဝအတွက် အပြောင်းအလဲတစ်ခုဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ သူနေထိုင်တဲ့နေရာကို ပြင်ပလောကက Abel ဆိုတဲ့ ဉာဏ်ကြီးရှင်စစ်သည်တော်ရောက်လာတာပါပဲ။ Abel ရဲ့အကူအညီနဲ့ Ryou တစ်ယောက် ပြင်ပလောကကိုခြေဆန့်ဖို ဆုံးဖြတ်ခဲ့လေရာ ရေမှော်သုံးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေတဲ့ Ryou က ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Isekai Mokushiroku Mynoghra: Hametsu no Bunmei de Hajimeru Sekai Seifuku
[🇺🇸] Apocalypse Bringer Mynoghra: World Conquest Starts with the Civilization of Ruin


Review
🖥
Takuto Ira ဟာ ကျန်းမာရေး ချူခြာတာကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်မှာတင် ဆုံးပါးသွားခဲ့ပြီး Eternal Nation ဆိုတဲ့ သူမသေခင်က ဆော့ခဲ့တဲ့ဂိမ်းနဲ့ ဆင်တူတဲ့ကမ္ဘာတစ်ခုမှာ Evil God အဖြစ် ပြန်လည်မွေးဖွားလာပါတယ်။ Takuto ဟာ Tou ဆိုတဲ့ကောင်မလေးရဲ့ အကူအညီနဲ့အတူ သူ့ရဲ့ကမ္ဘာသစ်က ဘဝအသစ်မှာ သူဆော့ခဲ့တဲ့ Eternal Nation ဂိမ်းထဲကလို နိုင်ငံတစ်ခု တည်ထောင်ဖိုလုပ်ပြီး ကမ္ဘာကြီးကိုအုပ်ချုပ်ဖို ကြံစည်တော့တဲ့အခါ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်ရမလဲ? စွန့်စားခန်းဘဝခရီးက ထင်သ​လောက်မလွယ်ကူတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇯🇵] Jibaku Shounen Hanako-kun
[🇺🇸] Toilet-bound Hanako-kun

Review
🖥
ကျွန်တော်တို အထက်တန်းကျောင်းတွေမှာလည်း 'ကောလဟာလတွေ' ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့သဘာဝလွန်အရာတွေက 'ကောလဟာလ' ကနေ အမှန်ဖြစ် တည်လာကြတယ်လိုဆိုပါတယ်။ ယုံကြည်တဲ့လူများလေလေ အဲ့ဒီသဘာဝလွန်အရာက စွမ်းအားကြီးလေပါပဲ။

ကျောင်းကြီးထဲ အံ့ဖွယ်၇ခုနဲ့ ထူးဆန်းတဲ့ သဘာဝလွန်အရာတွေရှိပါတယ်။ မိန်းကလေးသုံးအိမ်သာထဲက Hanako သရဲက အံ့ဖွယ် ၇ခုထဲက ၇ခုမြောက်ပေါ့။ အဲ့သရဲအကြောင်း ကောလဟာလတွေအရ ဒီသရဲဟာ အိမ်သာတံခါးကိုခေါက်ပြီး သူ့ကိုခေါ်တဲ့ ကျောင်းသားတိုင်းကို ဆန္ဒတစ်ခုဖြည့်စည်းပေးပါတယ်တဲ့။ အလကားတော့မရဘူးပေါ့၊ အဲ့ဆန္ဒကို ဖြည့်စည်းနိုင်ဖို အလဲအလှည်အနေနဲ့ ကျောင်းသားတွေရဲ့တန်ဖိုးထားတဲ့ အရာတစ်ခုနဲ့လဲလှယ်ရမှာပါ။ တစ်နေ့ရောက်တော့ Nene Yashiro ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ အချစ်ရေးအတွက်ဆုတောင်းဖို အိမ်သာတံခါးကို ခေါက်လိုက်တဲ့အချိန်မှာတော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5
Dandadan (DAN DA DAN)

Review
🖥
ဒါလေးကတော့ Ep-1 နဲ့တင် rating 9.3 ရရှိထားတဲ့ horror, comedy ဇာတ်လမ်းကောင်းလေးပါ
အကျဉ်းချုံးကတော့ သရဲတစ္ဆေတွေကိုယုံတဲ့ အထက်တန်း‌ကျောင်းသူလေး Momo Ayase နဲ့ ဂြိုဟ်သားတွေကိုယုံတဲ့ သူမရဲ့အတန်းဖော် Okarun...
နှစ်ယောက်သားဟာ တစ်နေ့မှာအငြင်းပွားကြရင်း သူတိုကိုယ်စီယုံကြည်တဲ့အရာတွေက တကယ်ရှိတဲ့အကြောင်း သက်သေပြမယ်လိုစိန်ခေါ်ကြပါလေရော။
သရဲတစ္ဆေယုံတဲ့ Momo က UFO တွေ့တယ်ဆိုတဲ့ဆေးရုံကိုသွားပြီး ဂြိုဟ်သားတွေကိုယုံတဲ့ Okarun ကတော့ သရဲခြောက်တဲ့လှိဏ်ခေါင်းထဲသွားရမှာပါ။
ဒီလိုနဲ့ နေရာအသီးသီးကိုရောက်တော့ သူတိုယုံကြည်တဲ့အရာတွေအပြင် တခြားသဘာဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်...
ဂြိုလ်သားတွေကောင်းမှုကြောင့် စိတ်စွမ်းအားနိုးထလာခဲ့တဲ့ Momo နဲ့ ကျိန်စာမိပြီးနတ်ဆိုးအသွင်ပြောင်းနိုင်သွားတဲ့ Okarun တိုနှစ်ယောက် ရှေ့ဆက်ရင်ဆိုင်ရမယ့် သဘာဝလွန်ဖြစ်ရပ်တွေကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဟာသနှောပြီးတင်ဆက်ထားတာဖြစ်လို ကြည့်ဖြစ်အောင်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်ဗျာ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review_to_PFO
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Hikaru ga Shinda Natsu
[🇺🇸] The Summer Hikaru Died


Rating အကောင်းစားတွေ ရရှိထားတဲ့ Bl မကျ၊ Bromance မကျ၊ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...


Genres: Horror, Supernatural, Mystery 🎭

ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့ Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။ သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစ သတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ဆက်ဆံရေးမျိုးပါ။ ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်း တောင်တက်ဖိုထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကိုဝါးမြိုလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။ ဒီလိုနဲ့ တောင်ပေါ်ကပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့ ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။ Yoshiki အ‌နေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ရုပ်ရည်၊ အသံနဲ့မှတ်ဉာဏ်တွေက Hikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာသိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့အတွေးနဲ့ အကုန်လုံးကိုလက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် Hikaru ရဲ့ ဖြစ်တည်မှုနဲ့ဆက်စပ်ပြီး ရှာဖွေရမှာတွေရှိလာခဲ့တဲ့အခါ၊ Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့အရာက အမှန်တကယ်ဘာကြီးလဲ? ရွာထဲမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့သက်ဆိုင်နေတာလား? နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား? သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက​ရော ဘယ်လိုဖြစ်သွားမလဲ? Horror vibe ကိုမှ သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့ ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေးဖြစ်​နေမှာပါ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
DEATH NOTE

Review
🖥
အားယားနေတဲ့ သေမင်း Ryukဟာ လူသားတွေကို သေမင်းမှတ်တမ်းစာအုပ်ပေးလိုက်ရင် ဘာဖြစ်မလဲသိချင်စိတ်ကြောင့် လူ့လောကထဲပို့လိုက်ပါတယ် အဲ့စာအုပ်ကို တရားမျှတမှုရဲ့ဘတ်တော်သားဖြစ်ချင်တဲ့Yagami Light ရသွားတဲ့အခါ မမျှတမှုတွေကို မျှတအောင်အသုံးချဖို့အကြံရသွားခဲ့ပါတယ်။ဒါပေမယ့် တရားစီရင်မခံရပဲသတ်တာက လူသတ်မှုမြောက်တဲ့အတွက် တစ်နေ့ ဦးရဲကြီးတို့ဘက်ကနေ လိုက်ဖမ်းဖို့ကြိုးစားတဲ့အခါမှာရော lightတစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ။သူခံယူထားတဲ့ တရားမျှမှုကရော မှန်ရဲ့လားဆိုတာကို စောင့်မျှော်အားပေးကြပါ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇨🇳] Tu Bian Yingxiong X
[🇺🇸] To Be Hero X

Review
🖥
ထူးချွန်တဲ့ ​Hero တွေက ချီးမြှောက်ခြင်းခံရတဲ့ ကမ္ဘာကြီးမှာ ''ယုံကြည်မှု'' ဆိုတဲ့အရာဟာ စူပါ Hero တွေကို ဖန်တီးနေပါတယ်။ လူထုက သူက ''ပျံနိုင်တယ်'' လိုယုံကြည်ရင် အဲ့လူက ပျံနိုင်တဲ့စွမ်းရည်ကို ရနိုင်တာပေါ့။ ဒါပေမဲ့ ယုံကြည်မှုသာ ပျောက်ဆုံးသွားရင် ရထားတဲ့အစွမ်းလည်း ပျောက်ကွယ်သွားမဲ့ကမ္ဘာကြီး...ယုံကြည်မှုတွေကို Data အဖြစ်စုဆောင်းပြီး Hero တွေရဲ့အဆင့်ကို သတ်မှတ်ပါတယ်။ ၂ နှစ်မှာ တစ်ကြိမ် Hero တွေဟာ အဆင့်သတ်မှတ်ချက်ကောင်းဖို သူရဲကောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ရကြပါတယ်။ အဲ့ပြိုင်ပွဲမှာ ကောင်းကောင်းလုပ်ပြနိုင်ရဖိုက Hero တွေအတွက် အသက်တမျှ အရေးကြီးနေတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Kaguya-sama wa Kokurasetai: Tensaitachi no Renai Zunousen
[🇺🇸] Kaguya-sama: Love is War

Review
🖥
ကျောင်းကောင်စီတွေဖြစ်တဲ့ shirogane နဲ့ shinomiya တိုနှစ်ယောက်ဟာ နှစ်ဖက်စလုံးက ချစ်နေကြပေမယ့်လဲ ဖွင့်မပြောရဲကြပါဘူး ဒါကြောင့် ကောင်မလေးဖက်ကလဲသူဖွင့်ပြောအောင် ကောင်လေးဖက်ကလဲ ‌သူ‌ဖွင့်ပြောအောင်ဆိုပြီး နည်းလမ်းမျိုးစုံနဲ့ အချစ်တိုက်ပွဲကြီးစပါတော့တယ် ဒီကားလေးက ရိုမတ်တစ်ဖြစ်တဲ့အပြင် ရီလဲရီရတာမို Romance lover တွေဆိုရင် ဒီကားမဖြစ်မနေကြည့်သင့်တယ်နော်

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤7❤‍🔥2🥰1
[🇯🇵] Silent Witch: Chinmoku no Majo no Kakushigoto
[🇺🇸] Secrets of the Silent Witch

Review 🖥
ဒီကားလေးကတော့ Bocchi The Rock နဲ့ Hitori Bocchi ကားကြိုက်တဲ့သူတွေ တအားကြိုက်မယ့် တော်တော်လည်းရယ်ရတဲ့ကားတစ်ကားပါ။ Ridill လို့ခေါ်တဲ့တိုင်းပြည်ကြီးမှာဆိုရင် ပညာရှိခုနစ်ပါးလို့ခေါ်တဲ့ အတော်ဆုံးနဲ့ အစွမ်းဆုံးမှော်ဆရာတွေရှိတာပေါ့။ အဲဒီထဲကတစ်ယောက်ကတော့ အသံတိတ်စုန်းမလို့ခေါ်တဲ့ Monica Everett ပါ။ သူမကို ဂါထာမလိုတဲ့ မှော်အတတ်သုံးတတ်တဲ့ တစ်ဉီးတည်းသော မှော်ဆရာမဆိုပြီးလည်းလူတိုင်းကသိထားပါတယ်။ အသံတိတ်စုန်းမဆိုလို့ စကားမပြောတတ်လို့ဆိုပြီးမထင်လိုက်နဲ့နော်။ တကယ်တော့သူက တအားလူကြောက်တတ်တဲ့သူပါ။ ဘယ်လောက်ကြောက်လဲဆိုရင် တစ်ချိန်က ကျောင်းသားဘဝတုန်းက ကျောင်းမှာမှော်အတတ်အတွက်အရည်အချင်းစစ်တော့ လူကြားထဲ ဂါထာရွတ်ဖို့ ကြောက်လွန်းလို့ဆိုပြီး ကိုယ့်ဟာကိုယ် ဂါထာမလိုတဲ့ မှော်အတတ်ကိုတီထွင်ခဲ့တဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ သူများတွေအတွက်တော့ သူမက အစွမ်းဆုံးမှော်ဆရာတွေထဲကတစ်ယောက်ဖြစ်နေပေမယ့် လက်တွေ့မှာတော့ လူကစွမ်းသလောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုတအားနည်းတဲ့ ကိန်းဂဏန်းတွေကြားမှာပျော်မွေ့နေတဲ့ အိမ်တွင်းပုန်းကောင်မလေးတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့လည်းကျ တိုင်းပြည်ရဲ့ ဒုတိယမင်းသားလေးကို ဘယ်သူမှမသိအောင် လျှို့ဝှက်ပြီးကာကွယ်ပေးဖို့တာဝန်ပေးတဲ့အချိန်မှာတော့ ငြင်းဖို့အတွက်လည်း တအားကြောက်တာမို့ မတတ်နိုင်ပဲ လုပ်ရပါတော့တယ်။ လူတအားကြောက်တဲ့ Monica လေးက မင်းသားလေးကို အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်ပေးသွားမယ်ဆိုတာ ဟာသများနဲ့အတူကြည့်ရှုရမယ့်ကားကောင်းလေးတစ်ခုပါ။ Btw, Op ကြိုက်တဲ့လူတွေနဲ့ဆိုရင်အဆင်ပြေပါတယ် :3


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Log Horizon

Review
🖥
Elder Talesဆိုတဲ့ gameဟာတကမ်ဘာလုံးဆော့တဲ့သူသန်းပေါင်းများစွာရှိတဲ့ နာမည်ကြီးMMROPG game တခုဖြစ်ပါတယ် .တနေ့မှာတော့ game ကို update လုပ်တဲ့အချိန်မှာ play နေကြတဲ့သူတွေအကုန်လုံးဟာ game ကမ်ဘာထဲကိုရုတ်တရက်ရောက်သွားကြပါတော့တယ်။ဒီ series ရဲ့ main character ဖြစ်တဲ့ Shiroe ဟာလဲ game ကမ်ဘာထဲကိုရောက်လာခဲ့ပါတယ် ...gameကိုအပြင်ကနေ playတာနဲ့gameထဲကို ရောက်သွားတာနဲ့ လုံးဝမတူတဲ့ အခြေအနေမှာ ရောက်သွားတဲ့ players တွေအတွက် တိုက်ခိုက်တာတွေကအစ ကိုယ်တိုင်တိုက်ခိုက်ရတာတော့ အခက်အခဲတွေ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ... Shiroe က သူနဲ့အတူတူရောက်နေတဲ့ Naotsugu ရယ် Akatsuki ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ဒီအခြေအနေကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ? တူသယောင်ယောင်ရှိနေပေမဲ့ သူတ⁠⁠⁠ရောက်နေတဲ့ game ကမ်ဘာကြီးက ဘယ်နေရာတွေမှာ ပြောင်းလဲနေသလဲအကုန္လုံးကိုအကွက်စေ့စေ့ plan ချနိုင်တဲ့ Shiroe ရဲ့ skill တွေကိုလဲ မြင်ရမှာပါအရင်ကနဲ့မတူပဲပြောင်းလဲမှုတွေစဖြစ်နေတဲ့ Elder gameကမ်ဘာကြီးကို Shiroe တ⁠⁠⁠ ဘယ်လိုပြန်ပြောင်းလဲ....?

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6💔1
Dekin no Mogura: The Earthbound Mole

Review
🖥

Hyakuan Momoyumi လိုခေါ်တဲ့ မှော်ဆရာတစ်ယောက်ဟာ တမလွန်ကနေ ဘဝကူးခွင့်ကို ပိတ်ပင်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ သူဟာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ကမ္ဘာကြီးအနှံလှည့်လည်သွားနေရင်း အိမ်ပြန်ရဖိုအတွက်​မျှော်လင့်ချက်နဲ့အတူ သူ့ရဲ့မီးအိမ်ထဲကို တစ္ဆေတွေစုဆောင်းရင်း တစ္ဆေမီးအိမ်ကို ဖန်တီးနေရတဲ့လူတစ်ယောက်ပါ။ ဒီလိုမျိုး မဖြစ်သင့်တဲ့ဖြစ်တည်မှုတွေက ဒီလိုမျိုးလွတ်မြောက်နေတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ဆန်းလေးတွေဖြစ်လာတာကို ဟာသလေးနှောပြီးကြည့်ရှုရမှာပါ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Elfen Lied

Review
🖥
Diclonius လိုခေါ်တဲ့ လူသားမျိုးနွယ်ကနေကွဲပြားနေတဲ့ ဗီဇတစ်ခုရှိတယ်။ အဲ့ဒီမျိုးရိုးဗီဇနဲ့မွေးလာတဲ့သူတွေရဲ့ခေါင်းမှာ ချိုနှစ်ခုပါတယ်။ သူတိုက ရက်စက်တယ် လူစိတ်မရှိဘူး သတ်ဖြတ်ရတာကိုကြိုက်ပီးတော့ လူသားမျိုးနွယ်ရဲ့ ရန်သူတွေဖြစ်တယ်လို သုတေသနပညာရှင်တစ်စုက သတ်မှတ်ထားကြတယ်။ အဲ့အတွက် Diclonius တွေကိုပိတ်လှောင်ထားကြတယ်။ တကယ်ရော Diclonius တွေက သူတိုထင်သလိုမျိုးလား?

Lucy လိုခေါ်တဲ့ Diclonius ကလွတ်မြောက်လာပြီးတော့ လူသားဖြစ်တဲ့ Kohta ဆိုတဲ့ကောင်လေးရယ်၊ သူ့ရဲ့ငယ်သူငယ်ချင်းမလေး Mayu တိုနဲ့ တွေ့တဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲ? Kohta ရဲ့လျှိဝှက်ထားတဲ့ အတိတ်မှာရော ဘာတွေဖြစ်ခဲ့တာလဲ? Diclonius ဗီဇတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲ? ဆိုတာတွေကို ဗဟေဠိဆန်စွာ သည်းထိတ်ရင်ဖိုကြည့်နိုင်မယ့် Anime ကားကောင်းလေးတစ်ခုပါ။

❗️သွေးထွက်သံယိုအခန်းတွေနဲ့ Nudity ပါဝင်တဲ့အတွက် အသက်ပြည့်မှကြည့်ပေးပါ❗️

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3💯1
[🇨🇳] Guimi Zhi Zhu
[🇺🇸] Lord of Mysteries Season 1

Review
🖥
သွေးနီရောင်လွှမ်းနေတဲ့ လ‌ရောက်အောက်က ညတညမှာ ကျိုးမင်ယွဲတစ်ယောက် ခေါင်းအရမ်းကိုက်ပြီး နိုးလာခဲ့ပါတယ်။ ရှေ့က စာရေးစားပွဲပေါ်မှာလည်း ခြောက်လုံးပြူးသေနတ်တစ်လက်နဲ့ မှတ်စုစာအုပ်တစ်အုပ် ဖွင့်လျက်သားရှိ‌​နေတယ်။ စာအုပ်ထဲမှာရေးထားတဲ့စာက “ငါအပါအဝင် လူတိုင်းသေရတော့မယ်”ဟူ၍ပင်။ လက်မှာလည်း သွေးတွေပေနေသဖြင့် အခန်းထဲရှိ မှန်ရှေ့ကိုသွားကြည့်လိုက်သည်။ မှန်ထဲကနေ နားထင်‌ပေါ်က သေနတ်ဒဏ်ရာကိုမြင်နေရပြီး ဦးနှောက်အတွင်းသားတွေ လှုပ်စိလှုပ်စိဖြစ်နေတာကိုပါ တွေ့လိုက်ရပါတယ်။ အထူးဆန်းဆုံးကတော့ မှန်ထဲရှိလူက ကျိုးမင်ယောင်ဟုတ်မနေပဲ ကလိုင်းမော်ရက်တီဆိုတဲ့လူဖြစ်​နေတာပါပဲ။ ကျိုးမင်ယောင်တစ်ယောက် ဘာ​ကြောင့် ကလိုင်းမော်ရက်တီအဖြစ် ဘဝကူးပြောင်းခဲ့ရသလဲ? သေနတ်ဒဏ်ရာက ကိုယ့်ကိုကိုယ်သတ်သေခဲ့သဖြင့် ရခဲ့ခြင်းလော? တစ်ပါးသူ၏ သတ်ဖြတ်မှုကြောင့် ရခဲ့ခြင်းလော? ဦးနှောက်ကိုပါမြင်နေရသည်အထိ သေနတ်ဒဏ်ရာရထား​ပေမဲ့လည်း ဘာ​ကြောင့်မသေရသလဲ? မှတ်စုစာအုပ်ထဲက စာ​ကရော ဘာအဓိပ္ပါယ်ဖြစ်မလဲ? အရေးအကြီးဆုံးက ကလိုင်းမော်ရက်တီဆိုတာ ဘယ်သူလဲ?...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4🥰1
Devil May Cry (2025)

Review
ဒီကားကတော့ Game ဆော့နေကြ ကိုကိုမမတိုနဲ့ မစိမ်းတဲ့ဂိမ်းလေးတစ်ခုကို Netflix ကနေပြီး ဖန်တီးပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေနဲ့ နတ်ဆိုးတွေဟာ ဟိုဆရာပြောသလို "ပရလောကစည်းပေါက်ပြီး၊ တစ်ဖက်ကို ကျူးကျော်စစ်တွေအပြန်အလှန်နွှလာကြတယ်ပေါ့လေ။" ဒါတွေက ဘာလိုဒီလိုဖြစ်တာလဲဆိုတာကိုတော့ ပထမပိုင်းမှာတင်သိလာပါလိမ့်မယ်။ဖိုက်တင်ခန်းကောင်းကောင်းတွေနဲ့ Animation ကောင်းကောင်းတွေနဲ့ witcher animated စီးရီးကိုတောင်သွားသတိရမိတယ်။ ဒီကားကတော့ ပိုကောင်းပါတယ်။


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review_to_AOM
❤3
[🇯🇵] Aru Majo ga Shinu Made
[🇺🇸] Once Upon a Witch's Death

Review
🖥
သူမရဲ့ 17 မြောက်မွေးနေ့မှာ အလုပ်သင်စုန်းမကြီး Meg က အသက်ရှင်ဖို တစ်နှစ်သာကျန်တော့ကြောင်း သိလိုက်ရတယ်။ အသက်ရှည်တဲ့ စုန်းမ Faust က သေခြင်းတရားကို ဖယ်ရှားရန် တစ်ခုတည်းသောနည်းလမ်းက ပျော်ရွှင်ခြင်းမျက်ရည်တွေကို စုဆောင်းပြီး အသက်ဆက်ရှည်နိုင်မယ်ဆိုတာ ရှင်းပြလိုက်တယ်။ သူတိုကိုရှာဖို Meg ဟာ သူအမြဲသိထားတဲ့ အမိုးအကာနဲ့ ကမ္ဘာလောကထဲကို သွားရတော့မယ်။ တွေ့ဆုံပွဲတွေ၊ လမ်းခွဲမှုတွေ၊ မိတ်ဖွဲမှုတွေ အများကြီးရှိမယ်၊ မျက်ရည်တွေလည်း အများကြီး ကျလိမ့်မယ်။ စုန်းမတစ်ယောက်အတွက် အရေးကြီးဆုံးသင်ခန်းစာတွေက တောက်ပ၊ ချိုမြိန်ပြီး အနည်းငယ် နှလုံးသားကို လွမ်းဆွတ်ဖွယ်ဖြစ်ကြောင်းကိုဒီခရီးစဉ်မှာ Meg ကသင်ယူလာနိုင်လိမ့်မယ်။


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3