Number Eleven Review Channel (Main Channel)
13.4K subscribers
197 photos
172 links
Download Telegram
[🇯🇵] S-Rank Monster no "Behemoth" Dakedo, Neko to Machigawarete Elf Musume no Pet to Shite Kurashitemasu
[🇺🇸] Beheneko: The Elf-Girl's Cat is Secretly an S-Ranked Monster!

Review
🖥
ဒီကားလေးကတော့ ရှယ်ကြမ်းတဲ့ Ecchi မို နှာဘူးတွေအတွက်တော့ ကြည့်ရတန်မဲ့ကားလေးပါ။
ဂုဏ်သရေရှိ စစ်သည်တော်တစ်ယောက်ဟာ စစ်ပွဲမှာကျဆုံးပြီးတော့ ကြောက်စရာကောင်းတဲ့ S-rank အဆင့်ရှိ သတ္တဝါရဲ့ကိုယ်ထဲကို ဝင်စားခဲ့ပါတယ်။​ ဒါပေမဲ့ အဲ့ဒီကြောက်စရာကောင်းတဲ့သတ္တဝါရဲ့ အကောင်ပေါက်ပုံစံက ချစ်စရာကောင်းတဲ့ကြောင်လေးနဲ့တူနေလေရဲ့။ သေလုမြောပါးဖြစ်နေတဲ့သူ့ကို အရမ်းကိုလှတဲ့ Elf မလေးက ကယ်တင်ပြီး မွေးဖိုလုပ်ခဲ့ပါတယ်၊ ချစ်စရာကောင်းတဲ့ကြောင်ပုံဖြစ်နေပေမဲ့လည်း တစ်ကယ်က S-rank အဆင့်မကောင်းဆိုးဝါးဖြစ်တဲ့ သူဟာ Elf မလေးနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4🤣4🤩1
[🇯🇵] Lv2 Kara Cheat datta Moto Yuusha Kouho no Mattari Isekai Life
[🇺🇸] Chillin' in Another World with Level 2 Super Cheat Powers

Review
🖥
နှစ်စဥ်နှစ်တိုင်း မိစ္ဆာတွေကို တိုက်ဖိုအတွက် Klyrode တိုင်းပြည်ဟာ အခြားကမ္ဘာကနေ လူအယောက်တစ်ရာကို သူရဲကောင်းတွေအဖြစ် ဆင့်ခေါ်လေ့ရှိပါတယ်။ Banaz လည်း ဆင့်ခေါ်ခြင်းကို ခံလိုက်ရပေမဲ့ သူက ရိုးရိုးသာမန် ကုန်သည်တစ်ယောက်ပါ။ မှော်အစွမ်းမရှိ၊ တိုက်ခိုက်စွမ်းရည်လည်းမရှိတဲ့အပြင် Stats တွေကပါ အလွန်နိမ့်နေလေရဲ့။ အဆုံးဆုံးကတော့ ကံဆိုးပြီး အိမ်ကိုပါ ပြန်ခွင့်မရတော့တာပါ။ အဲ့လို အသုံးမကျတာကြောင့် ဘုရင်က သူ့ကို တိုင်းပြည်ရဲ့ အစွန်ဆုံးနေရာကို စွန့်ပယ်ခြင်းခံလိုက်ရပါတယ်။ အခြားကမ္ဘာမှာ အဖော်ဆိုတာလည်းမရှိတဲ့အပြင် ဘာစွမ်းရည်မှမရှိတာကြောင့် Banaza ရဲ့ ကံကြမ္မာက ဝေဝါးနေလေရဲ့။ ဒါပေမဲ့လည်း Level 2 ကိုရောက်သွားတော့ အလွန်ကြမ်းတဲ့ Cheat လို အစွမ်းတစ်ခုရရှိသွားတဲ့အခါ သူရဲကောင်းအဖြစ်ကျဆုံးခဲ့တဲ့ Banaza တစ်ယောက် အခြားကမ္ဘာမှာ ဘယ်လိုရှင်သန်မလဲဆိုတာကိုတော့...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Seiyuu Radio no Uraomote
[🇺🇸] The Many Sides of Voice Actor Radio

Review
🖥
Enemy
to Lover ဖြစ်လာမဲ့ Yuriကား​ကောင်း​လေးပါ... Yuuhi Yuugure နဲ့ Yasumi Utatane တို့ဟာ ကျောင်းတစ်ကျောင်းတည်းမှာအတူတက်ပြီးတိုက်တိုက်ဆိုင်ဆိုင်နဲ့ သူတို့ နှစ်ဦးဟာ အထက်တန်းကျောင်းသူအရွယ်လေးနဲ့ အသံသရုပ်ဆောင် (Seiyuu) အဖြစ် အပတ်စဉ် ရေဒီယိုအစီအစဉ်တစ်ခုရဲ့အစီအစဉ်တင်ဆက်သူနှစ်ဦးဖြစ်လာပါတယ်။ အတန်းဖော်တွေလို့ ရင်းနှီးတဲ့ Seiyuu တွေလိုနဲ့ နားထောင်သူအားလုံးကို သူတို့ရဲ့ခင်မင်ရင်းနှီးမှုကိုပြသပေမယ့် တကယ်တော့ အပေါ်ယံပါပဲ။ တကယ်လက်တွေ့မှာတော့ တိတ်တဆိတ်နေတတ်တဲ့ကောင်မလေး Chika နဲ့ ခေတ်‌ရေစီးကြောင်းအတိုင်းနေထိုင်တတ်တဲ့ Yumiko တို့ဟာ လုံးဝဆန့်ကျင်ဘက်ပါပဲ။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဟာ လုံးဝသည်းမခံနိုင်ဘဲ နောက်ကွယ်မှာတော့တွေ့တိုင်း ရန်တကျက်ကျက်ဖြစ်တတ်ပြီး ရေဒီယိုလေလှိုင်းပေါ်မှာတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေပါ။ အဲဒီလိုနဲ့ ရှုပ်ယှက်ခတ်နေတဲ့ဆက်ဆံရေးကနေ သူတို့နှစ်ယောက်က Enemy to Lover လေးဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇯🇵] Koukyuu no Karasu
[🇺🇸] Raven of the Inner Palace


Review 🖥
နန်းတော်အတွင်းမှာ Raven Consort လို လူသိများတဲ့ ဧကရာဇ်မင်းမြတ်အား မယားတာဝန်မထမ်းဆောင်နိုင်တဲ့ မိဘုရားတစ်ဦး နေထိုင်ပါတယ်။ သူမကို လူတချိုက အဘွားအိုနဲ့တူတယ်လို ပြောကြပြီး၊ အချိုကတော့ ငယ်ရွယ်တဲ့ မိန်းကလေးနဲ့တူတယ်လိုဆိုပါတယ်။ သူမဟာလျှိဝှက်ဆန်းကြယ်တဲ့ မှော်ပညာတွေကို အသုံးချပြီး ပျောက်ဆုံးသွားသောအရာများကို ရှာဖွေဖိုမှစပြီးတော့ သေဆုံးခြင်းရဲ့ ကျိန်စာများထိမည်သည့်တောင်းဆိုမှုမျိုးကိုမဆို သူမလုပ်ပေးနိုင်တယ်ဆိုပြီး ပြောဆိုကြတာကြောင့် လက်ရှိဧကရာဇ် Koushun က Raven Consort ဆီသွားရောက်ပီး သူသိချင်တဲ့အရာတစ်ခုကိုမေးခဲ့ပါတယ်။ ထိုနောက်မှာတော့ ဘယ်လိုအရှုပ်ထုတ်တွေဖြစ်လာကြမလဲဆိုတာ...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥5
Platinum End

Review 🖥
Platinum End Anime လေးကတော့ Date Note Arthor ရဲ့ ​နောက်ထပ်ထွက်ရှိလာတဲ့ လက်ရာလေးဖြစ်ပါတယ်
မကြည်ရသေးတဲ့သူတွေComplete ဖြစ်သွားပြီမလိုသွားကြည့်နိုင်ပါတယ်နော်
Review

Mirai kakehashiလိုခေါ်တဲ့ ကောင်လေးက သူရဲ့မိဘတွေသေဆုံးသွားတဲ့နောက်ပိုင်းမှာ အကျင့်မကောင်းတဲ့ဆွေမျိုးတွေရဲ့ လက်အောက်မှာကြီးပြင်းလာခဲ့ရတယ်။
အဲ့အချိန်မှာ အားငယ်မူတွေ စိတ်ပျက်မူတွေခံစားလာနေရပြီး စိတ်ဓာတ်ကျလာတဲ့အချိန်မှာတော့ Mirai က သူရဲ့ အလယ်တန်းကျောင်းဆင်းပွဲ ညနေတစ်ခုမှာ ကိုယ့်ကိုသတ်သေဖိုကြီုးစားခဲ့တယ်။
ဒါပေမယ့် Nasse လိုခေါ်တဲ့ အစောင့်အရှောက်နတ်သမီးလေးက Mirai ကို ကယ်တင်ခဲ့ပါတယ်။
Nasse က Mirai ကို သဘာဝလွန်စွမ်းအားများနှင့် နတ်ဘုရား အသစ်ဖြစ်ဖို အခွင့်အရေးပေးခဲ့ပြီး သူ့ကိုပျော်ရွှင်စေခဲ့ပါတယ်။
Mirai က နတ်ဘုရား ဖြစ်လာဖိုအတွက် အခြား နတ်ဘုရားလောင်း 12ယောက်ကို ရက်ပေါင်း ၉၉၉ ရက်အတွင်း အနိူင်ယူရမှာဖြစ်တယ်။
မကြာခင်မှာ Mirai က အခြား ပြိုင်ပွဲဝင်တွေ ဘယ်လို အနိူင်ယူပြီး စွမ်းအားအကြီးဆုံးနတ်ဘုရား ဖြစ်လာမလားဆိုတာကို စိတ်လူပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Nige Jouzu no Wakagimi
[🇺🇸] The Elusive Samurai

Review
🖥
ဂျပန်ခေတ် ၁၃၃၃ ခုနှစ်မှာ Kamakura မြိုကနေအုပ်ချုပ်နေတဲ့ Shogun တစ်ယောက်ရှိတယ်ပေါ့။ သူက ပြောရမယ်ဆို အရည်အချင်းမရှိတဲ့ ရုပ်သေးသာသာ Shogun ပါ။ ဒီလိုပြောလို သူ့ရဲ့၈ နှစ်အရွယ် သားဖြစ်သူ Tokiyuki ကလည်း ပြေးလွှားရတာရယ်၊ ပုန်းတာရယ်ကလွဲပြီး တခြားအရည်အချင်းမရှိတဲ့ ဆာမူရိုင်းလောင်းလျာလေးပါ။ သူကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနေရာ ဆက်ခံဖိုထက် တိုင်းပြည်မှာ အေးချမ်းသာယာနေရင်ပြီးရောဆိုပြီး ဂုဏ်မမက်တဲ့လူလေးပေါ့။ တစ်ရက်မှာ သူတိုအားကိုးယုံကြည်ရတဲ့ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်ဟာ ပုန်ကန်နေတဲ့အင်ပါယာကို သွားချေမှုန်းမယ်ဆိုပြီး တကယ်တမ်းတော့ အဲဒီအင်ပါယာနဲ့ပူးပေါင်းပြီး သစ္စာဖောက်ခဲ့ပါတယ်။ ပြီးတော့ ဒီ Kamakura မြိုလေးကိုလည်း သစ္စာဖောက်စစ်တပ်နဲ့အတူ အကုန်သတ်ဖြတ် မီးရှိဖျက်ဆီးလိုက်ချိန် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းရှိတယ်ဆိုတဲ့ နတ်ဆရာတစ်ယောက်နဲ့ သူ့သမီးဖြစ်သူဟာ Tokiyuki ကို ကယ်တင်ပေးခဲ့ပြီး ဖအေနဲ့တိုင်းပြည်ကို ဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ရန်သူကို ပြန်လက်စားချေဖိုအတွက် စွန့်စားခန်းတွေထွက်ကြ၊ မဟာမိတ်တွေရှာကြ၊ သန်မာအောင်လုပ်ကြပြီး ဘယ်လိုပြန်သိမ်းပိုက်မလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...နောက်ထပ် စိတ်ဝင်စားဖိုကောင်းတာကတော့ ဒီစီးရီးရဲ့မင်းသားလေးဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ ၁၃၀၀ ပြည့်နှစ်တွေက Hojo Tokiyuki ဆိုတဲ့ ဆာမူရိုင်းတစ်ယောက်ကို အခြေခံထားတယ်လိုဆိုပါတယ်...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3👍2
Vinland Saga

Review
🖥
ဒီဇာတ်လမ်းကတော့လွန်ခဲ့တဲ့နှစ်တစ်ထောင်ခန့်ကကြမ်းတမ်းတဲ့Viking လူမျိုးစု စစ်သည်တော် Thorsရဲ့သား Thorfinn ကိုအဓိကဇာတ်ကောင်အဖြစ်
အခြေခံထားတာဖြစ်ပါတယ်

Thorfinn ရဲ့အဖေ Thorsဟာ Jomsvikingတွေရဲ့ တစ္ဆေကြီးလိုတင်စားရတဲ့အထိအရမ်းကြမ်းတဲ့စစ်သည်တော်ကြီးပါ ဒါပေမယိ့စစ်ပွဲတွေကိုအရမ်းငြီးငွေ့လာပြီးစစ်ပွဲထဲကနေနှုတ်ထွက်ကာသားသမီးတွေနဲ့အေးအေးဆေးဆေးနေထိုင်ခဲ့တယ်
တစ်နေ့မှာတော့ Jomsviking တွေရဲ့ခေါင်းဆောင်ဟာ Thorsကိုပြန်ခေါ်ခဲ့ပါတော့တယ် စစ်ပွဲကိုမမြင်ဖူးခဲ့တဲ့ 6နှစ်အရွယ် Thorfinn ဟာအဖေနဲ့အတူတူခိုးလိုက်လာရင်းမျက်စိရှေ့တင်အဖေဖြစ်သူဟာအသတ်ခံလိုက်ရပါတော့တယ်

သူ့အဖေအသတ်ခံလိုက်ရတဲ့အချိန်ကစလို Thorfinnဟာသူ့အဖေကိုသတ်ခဲ့လူကို ပြန်လက်စားချေနိုင်ဖိုအတွက်
သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို ကောင်းသထက်ကောင်းအောင် ကြိုးစားရုန်းကန်ပြီး ဘဝကိုစွန့်စားခဲ့ပုံကို zero to heroမိုလိုသေချာပေါက်
ကြည့်ကောင်းမှာဖြစ်ပါတယ်ဗျ

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review_to_LOL_anime_myanmar
Please open Telegram to view this post
VIEW IN TELEGRAM
❤6
[🇯🇵] Mikadono Sanshimai wa Angai, Choroi.
[🇺🇸] Dealing with Mikadono Sisters Is a Breeze

Review 🖥
မ​​ချောကသုံး​ယောက် ကိုယ်တစ်​ယောက်
😚

Yu Ayase ဟာ အရမ်းနာမည်ကြီးတဲ့ မင်းသမီးရဲ့သားဆိုပေမဲ့ သာမန်ဆန်လွန်းတဲ့ကောင်လေးပါ။ မိခင်ဖြစ်သူဆုံးတဲ့နောက် Yu တစ်ယောက် သူ့အမေရဲ့ သူငယ်ချင်းအိမ်မှာနေရဖို ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အဲ့အိမ်မှာက အရာရာမှာပြည့်စုံပြီး ရုပ်ရည်လည်း ချောမောလှပလွန်းတဲ့ ညီအမသုံးယောက်ရှိနေတာပါပဲ။ နောက်ပြီးတော့ အဲ့ညီအမသုံးယောက်က သူတက်မဲ့ကျောင်းအသစ်မှာ ခေါင်း​ဆောင်လို ခေါ်နိုင်တဲ့သူတွေပေါ့။ Yu တစ်ယောက် ညီအမသုံးယောက်ရဲ့ အေးစက်စက်နှလုံးသားကို နူးညံ့နွေးထွေးအောင်လုပ်နိုင်ပါ့မလား? သူ့အမေရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ မိသားစုဘဝလေးရော တည်ထောင်နိုင်မလားဆိုတာကိုတော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Zutaboro Reijou wa Ane no Moto Konyakusha ni Dekiai Sareru
[🇺🇸] Betrothed to My Sister's Ex

Review
🖥
Marie ဆိုတဲ့ကောင်မလေးဟာ ဘဝတစ်လျောက်လုံး အစ်မဖြစ်သူရဲ့ လောင်းရိပ်အောက်မှာ ကြီးပြင်းလာသူကောင်မလေးပေါ့ ၊ ကောင်းတာမှန်သမျှ အစ်မဖြစ်သူကပဲ ရနေတာကြောင့် Marie ဆိုတဲ့ကောင်မလေးမှာ အဝတ်အစားကောင်းကောင်းတောင် မရှိရှာပါဘူး။

အစ်မဖြစ်သူက ချမ်းသာတဲ့ Earl အဆင့်ရှိ အထက်တန်းစားနဲ့ လက်ထပ်ဖို လမ်းတစ်ကမ်းအလိုမှာပဲ မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ဖွဲကပေးပြီးသားဖြစ်တာကြောင့် အစ်မဖြစ်သူအစား Marie ဟာ Earl နဲ့ လက်ထပ်ဖို ဖြစ်ခဲ့လေရဲ့.....

Marie နဲ့ လက်ထပ်ရမဲ့ Earl ဟာ ရုပ်ရည်ချောမောတဲ့အပြင် အတော်လေးချမ်းသာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့....အဲ့လိုအရာရာပြည့်စုံနေတဲ့သူတစ်ယောက်ရဲ့ နှလုံးသားကို Marie ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့....

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Mayoiga (The Lost Village)

Review
ဘဝကို အစကနေပြန်စပြီး ပြည့်စုံစွာ အသက်ရှင်နိုင်တဲ့ ဒဏ္ဌာရီထဲက မြိုဖြစ်တဲ့ Nanikiရွာကို ထူးခြားတဲ့ လူတစ်စုက ဘတ်စ်ကားနဲ့ ဉီးတည်သွားနေကြပါတယ်။ မြေပုံပေါ်မှာတောင် ရှာမတွေ့နိုင်တာရော, ရဲတွေကရောရှာမတွေ့နိုင်တာရော စတဲ့အကြောင်းပြချက်အမျိုးမျိုးရှိပေမဲ့ အကုန်လုံးက သူတိုရဲ့ ခရီးအလွန်မှာဘာရှိနေမလဲသူတိုရဲ့ ဘဝအသစ်ကဘယ်လိုတွေဖြစ်လာမလဲ ဆိုတာကိုမျှော်လင့်နေကြပါတယ်
အပျက်အစီးတွေကိုကျော်ပြီး Nanakiရွာကို ရောက်တဲ့အခါမှာတော့ လုံးဝကိုစွန့်ပစ်ထားတာကိုတွေ့ခဲ့ရပါတယ်။အပျက်အစီးတွေကို ကြည့်ရတာတော့ တစ်နှစ်နီပါးရှိနေပါပြီ ဒါပေမဲ့ သူတိုတွေရွာကို လှည့်ပတ်ကြည့်တဲ့အခါမှာတော့ လူတစ်ယောက်ပြီးတစ်ယောက်ပျောက်လာခဲ့ပြီး ခဏအကြာမှာတော့ သွေးစွန်းနေတာကိုတွေ့လိုက်ရပါတယ်။ မယုံကြည်မှုတွေနဲ့ အချင်းချင်းတိုက်ခိုက်နေချိန်မှာတော့ ဒီပျောက်ဆုံးနေတဲ့ ရွာရဲ့ လျှိဝှက်ချက်ကိုရှာတွေ့နိုင်မလားဆိုတာကတော့.........

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
❤3😭1
Given (2019-2024)

Review 🖥
အချစ်ဆိုတာရယူခြင်းမဟုတ်ပဲ ​ပေးဆပ်ပြီးချစ်တာကလဲအချစ်ပါပဲ...

Given ဆိုတာနဲ့ Yaoi fan တွေထဲမသိတဲ့သူမရှိသလောက်ပဲဆိုတော့ ထွေထွေထူးထူးပြောပြစရာမလို​လောက်တော့ပါဘူး။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြောင်းပါ။ Roမယ် ​နောက် ငိုရမယ်​ပေါ့​နော်။ သုံးပွင့်ဆိုင်တွေရဲ့ထုံးစံအတိုင်း တစ်ယောက်ကတော့နာကျင်ရစမြဲပါပဲ။ ချစ်နေတဲ့စိတ်ကိုဖုံးကွယ်ထားပြီး ဒီအတိုင်း ဘာမှမဖြစ်သလိုနေနေပေမဲ့ ကြာလာတော့လည်း အဲဒီခံစားချက်တွေက ဝေဒနာတွေဖြစ်လာရပြီး ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြီးမှာဘယ်သူက ကျန်ရစ်ဖြစ်လာမလဲဆိုတာ ostအမိုက်စား​တွေနဲ့အတူကြည့်ရမှာပါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
K-ON!

Review
🖥
အထက်တန်းကျောင်းသူ ဖြစ်ကာစ Yui Hirasawa ဟာ ကျောင်း Club join ဖိုရှာနေရင်း K-on(light music)club ကို တွေ့တော့ စိတ်ဝင်စားလို ဝင်ခဲ့ပါတယ်။ နောက်မှ သူတီးတတ်တာဆိုလို လက်ခုတ် ပဲရှိမှန်း သတိထားမိတဲ့အချိန်မှာ Club Members တွေကို တောင်းပန်ပြီး Club ထဲက ထွက်ဖိုစဉ်းစားထားပေမဲ့လည်း Club က သူမရှိရင် လူမပြည့်တော့ ဖွဲလိုမရဘူးဆိုပြန်တော့ K-on မှာပဲ ဆက်နေဖြစ်သွားတာပေါ့။ ဒီလိုပဲ Girl Band လေးဖြစ်တဲ့ K-on(The Light Music Club) ရဲ့ ဇာတ်လမ်းလေးဟာ စတင်ခဲ့ပါတော့တယ်....


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
Mob Psycho 100

Review
🖥
ဒီကားလေးကတော့ အထူးတလည်မိတ်ဆက်စရာမလိုလောက်ဘူးလိုထင်ပါတယ်။MC Kageyama Shigeo တစ်ယောက်ဟာ စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်ပေမဲ့ သူဟာ သာမန်လိုသာ နေချင်တဲ့ ခပ်တုံးတုံးကောင်လေးတစ်ယောက်ပါ။ သိုပေမဲ့ သူ့ရဲ့ စိတ်ခံစားချက်ဟာ 100% ကျော်သွားခဲ့ရင် သူ့ရဲ့ စိတ်စွမ်းအားဟာ အတိုင်းအဆမဲ့ ပေါက်ထွက်လာတတ်ပါတယ်။ Kageyama ဟာ အပနှင်သူဖြစ်တဲ့ သူ့ဆရာ Reigen ကို အရမ်းလေးစားပြီး သူ့ဆရာစကားကို တသွေမတိမ်းနားထောင်တတ်တဲ့သူပါ။ ကဲ သူနဲ့ သူဆရာတို ဘယ်လိုစွန့်စားခန်းတွေကို အတူလုပ်ကြမလဲဆိုတာတော့ ကြည့်ရှူလိုက်ကြပါဦးနော့

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Sono Bisque Doll wa Koi wo Suru
[🇺🇸] My Dress-Up Darling

Review
🖥
ကလေးဘဝတုန်းက သူငယ်ချင်းတစ်ယောက်ကြောင့်စိတ်ဒဏ်ရာရနေတဲ့ Wakana Gojou ဆိုတဲ့ကောင်လေးဟာ ဂျပန်ရိုးရာအရုပ်လေးတွေပေါ်မှာပဲ အချစ်တွေပုံအပ်ပြီး ဘဝကိုအထီးကျန်စွာဖြတ်သန်းခဲ့ရသူပါ။ Wakana အဖို လှပလွန်းတဲ့ Marin Kitagawa ဆိုတဲ့ကောင်မလေးက သူငယ်ချင်းအပေါင်းအသင်းအများကြီးရှိပြီးရေပန်းစားတဲ့ ကောင်မလေးပေါ့။ တစ်နေ့တော့ အရှက်အကြောက်မရှိတဲ့ Marin ဟာ eroticဗီဒီယိုဂိမ်းက characters တွေကို Cosplay ရတာသဘောကျကြောင်း Gojou ကိုပြောပြလာပြီးနောက် ကိုယ်ပိုင်ဝတ်စုံမချုပ်နိုင်တဲ့ Kitagawa နဲ့ အဲဒီဖက်မှာတစ်ဖက်ကမ်းခတ်တဲ့ Gojou တိုဘယ်လိုဆက်ဖြစ်မလဲ။ Wakana ရဲ့ဒဏ်ရာရနေတဲ့နှလုံးသားလေးက ဆွဲဆောင်မှုရှိလွန်းတဲ့ သူ(မ)ကိုလွန်ဆန်နိုင်ပါ့မလားဆိုတာ.....

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5
[🇯🇵] Tate no Yuusha no Nariagari
[🇺🇸] The Rising of the Shield Hero

Review
🖥
ဆယ်ကျော်သက်ကျောင်းသား Iwatani Naofumi ဟာ အပြိုင်စကြဝဠာကို အခြားလူ၃ယောက်နဲ့အတူ သူရဲကောင်းတွေဖြစ်လာဖိုအတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ သူတိုလေးယောက်စလုံးဟာ သက်ဆိုင်ရာ ဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကို ရရှိခဲ့ပြီး Iwatani Naofumi ကတော့ ဒိုင်းကာကို လက်နက်အနေနဲ့ရရှိခဲ့ပါတယ်။ အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့ သြဇာကင်းမဲ့မှုတိုကြောင့် သူရဲကောင်း ၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အစ ၃ရက်မှာတင် သစ္စာဖောက်ခံရ၊ မှားပြီးအစွပ်စွဲခံရတဲ့အပြင် ပစ္စည်းလုတာပါခံခဲ့ရပြီး ဘုရင်ကအစ ကျွန်အဆုံး ရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်။ အဲ့လိုကိစ္စတွေကြောင့် Iwatani Naofumi အတွက်တော့ လက်စားချေလိုစိတ်နဲ့ အမုန်းတရားကလွဲပြီးမရှိတော့ပါဘူး။ သူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းက ​​ရှေ့ဆက်ပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Unnamed Memory

Review
🖥
Oscarဟာ ချန်ပီယံတစ်​​ယောက်ဖြစ်ဖိုအတွက် ကျိန်စာအတိုက်ခိုက်ခံခဲ့ရပါတယ်။ ကျိန်စာက​တော့ သူယူမဲ့မိန်းက​လေး​တိုင်း သေဆုံးကုန်ကြတာပါ။ ဒါ​ပေမဲ့မင်းသမီး​လေးက​တော့ သူ့ကျိန်စာကို​တောင့်ခံနိုင်မှန်းသိပြီး ချစ်ကြိုးသွယ်မိသွားတဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
[🇯🇵] Yofukashi no Uta
[🇺🇸] Call of the Night

Review
🖥
မိန်းကလေးတွေနဲ့အဆင်မပြေတဲ့ အလယ်တန်း၊ ဒုတိယနှစ်ကျောင်းသား Yamori Kou ဟာ လက်ရှိမှာတော့ အကြောင်းအရင်းမရှိ ကျောင်းတက်ချင်စိတ်ပျောက်ဆုံးနေပါသတဲ့။ အဲဒါအပြင်ကိုမှ ညဘက်အိပ်မပျော်တာလည်း ရက်ပေါင်းမနည်းရှိနေခဲ့ပါပြီ။ အဲလိုနဲ့ပဲ တစ်နေ့မှာတော့၊ Kou ဟာ ပထမဆုံးအကြိမ် ဘယ်သူ့ကိုမှအသိမပေးဘဲ ညဘက်အပြင်ထွက်လာခဲ့ပါတယ်။ ရုတ်ချည်းဆိုသလို Nanakusa Nazuna လို့ခေါ်တဲ့ ပဟေဠိဆန်တဲ့မိန်းမလှလေးတစ်ယောက်ပေါ်လာခဲ့ပါတယ်။ သူကတော့ ညအခါမှာကျက်စားတဲ့သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး Kou ကို ညမှာဘယ်လိုလည်ပတ်ပျော်ပါးရမလဲဆိုတာ သင်ပေးမယ်လို့ဆိုလာပါတယ်။ Nazuna ကိုစွဲလမ်းသွားတဲ့ Kou ဟာ သူ့ကိုပါ သွေးစုပ်ဖုတ်ကောင်အဖြစ်​ပြောင်းပေးဖို့တောင်းဆိုပါသတဲ့။ Nazuna ကလည်း ရှက်ရှက်နဲ့ပဲ သွေးစုပ်ဖုတ်ကောင်ဖြစ်လာဖို့က သွေးစုပ်ဖုတ်ကောင်ကို ချစ်မိသွားဖို့လိုကြောင်းပြောလာတဲ့အခါမှာတော့... အချစ်ဆိုတာကိုနားမလည်တဲ့ Kou တစ်ယောက် Nazuna ကိုချစ်မိသွားပြီး သူ့တောင်းဆိုမှုပြည့်ဝသွားပါ့မလားဆိုတာကို ဟောဒီ့လူသား နဲ့ သွေးစုပ်ဖုတ်ကောင်မမရဲ့ ညလည်ထွက်တဲ့စွန့်စားခန်းလေးမှာ စောင့်ကြည့်လိုက်ရအောင်ဗျာ။

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Kaijuu 8-gou
[🇺🇸] Kaiju No. 8

Review
🖥
Kaijuu လိုခေါ်တဲ့ ဂေါ်ဇီလာနဲ့ ခပ်ဆင်ဆင်ကောင်ကြီးတွေဟာ ဂျပန်ပတ်ဝန်းကျင်မှာ ပေါ်လာတယ်ပေါ့လေ။ ပြီးတော့ ဖျက်လိုဖျက်ဆီးလုပ်တယ်ပေါ့။ အဲ့တာတွေကနေ ကာကွယ်ဖိုအတွက် အဖွဲတွေဖွဲရတယ်ပေါ့။ အဲ့လိုကာကွယ်တဲ့ အဖွဲကလူတွေကို "sweepers" (ရှင်းလင်းသူ) တွေလိုခေါ်သတဲ့။ Kafka Hibino ဆိုတဲ့အသက် ၃၂နှစ်အရွယ်လူကြီးက ရှင်းလင်းသူအလုပ်နဲ့ပတ်သက်ပြီး ဘဝင်မကျနေဘူးပေါ့။ ငယ်စဉ်ကတည်း Kaijuu တွေကို သတ်ဖိုတွေးထားခဲ့ပေမယ့် ပထမဆုံးအကြိမ်မှာတင် ကျဆုံးခဲ့ရလို သူ့အိပ်မက်တွေကို လက်လျှော့ထားခဲ့သူပါ။ တနေ့မှာတော့သူဟာ အစွမ်းတမျိုးရရှိလာပြီး သူ့ရဲ့အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်မလားဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Kakkou no Iinazuke
[🇺🇸] A Couple of Cuckoos

Review 🖥
ဒီဇာတ်လမ်းမှာတော့ အသက်၁၆နှစ်ရှိပြီဖြစ်တဲ့ စာအရမ်းကြိုးစားတဲ့ Nagi Umino ဟာ မွေးတဲ့အချိန် တုန်းကဆေးရုံမှာ ကလေးချင်းမှားပြီး ခေါ်လာခံခဲ့ရတာပါ။ ဒါကြောင့် သူ့ရဲ့မိဘအရင်းဖြစ်သူ​တွေနဲ့မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ညစာစားပွဲကိုလာတဲ့လမ်းမှာ ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ် ယောက်နဲ့ မတော်တဆဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီ ကောင်မလေးနာမည်က Erika Amano ပါ။ ကောင်မလေးကိုသူ့ရဲ့အိမ်က အတင်းလက်ထပ်ခိုင်းနေတာကြောင့် Nagiကို သူ့ရဲ့ ကောင်လေးအဖြစ် ဟန်ဆောင်ခိုင်းပြီး သူ့ရဲ့အဖေဆီကို သူတို့နှစ်ယောက် ဓာတ်ပုံတူတူရိုက်ပြီး လိမ်ပို့လိုက်ပါတယ်။ Erika ကိုကူညီပြီးနောက် Nagi က ညစာစားပွဲကို ရောက်သွားတဲ့အချိန် သူ့ရဲ့မိဘအရင်းတွေက ဆေးရုံမှာကလေး မှားခေါ်မိခဲ့တဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် မှားခေါ်လာ မိတဲ့ကလေးနှစ်ယောက်ကို လက်ထပ်ပေးကြဖို့စီစဉ်လိုက်ကြပါတယ်။ Nagi ရဲ့ မိဘအရင်းတွေ မှားခေါ်မိတဲ့ကလေးက Erika ဖြစ်နေပြီး သူတို့နှစ် ယောက်တွဲရိုက်ထားတဲ့ပုံကြောင့်ရော သူတို့ကိုတကယ့် အတွဲတွေထင်ပြီးပေးစားကြဖို့ဖြစ်လာတဲ့အခါ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5
[🇯🇵] Busamen Gachi Fighter
[🇺🇸] Uglymug, Epicfighter

Review
🖥
မှားယွင်းစွပ်စွဲခံရမှုကြောင့် 34 နှစ်အရွယ် Shigeru Yoshioka ဟာ အလုပ်လက်မဲ့ဘဝကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ တခြားကမ္ဘာကိုသွားနိုင်တဲ့ နည်းတစ်ခုကို ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့ရဲ့ကွန်ပြူတာပေါ်မှာ ထူးဆန်းတဲ့ Screen တစ်ခုပေါ်လာတာပါပဲ။ အဲ့ဟာက သူ့ရဲ့ရုပ်ရည်ကို စတေးလိုက်ရင် ခွန်အားနဲ့ချမ်းသာမှုကို ပေးနိုင်တဲ့အရာပါ။ ဘာမှဆုံးရှုးစရာမရှိတဲ့ Shigure တစ်ယောက် ရုပ်ရည်ကို Minus 225 အထိလျော့ပြီး ခွန်အားနဲ့ချမ်းသာမှုကို တိုးစေခဲ့ပါတယ်။ ရုပ်ဆိုးသွားပေမဲ့ မကုန်ခမ်းနိုင်တဲ့ချမ်းသာမှုနဲ့ ရေလည်ကြမ်းတဲ့အစွမ်းရှိတဲ့ Shigure တစ်​ယောက် အခြားကမ္ဘာမှာ ဘယ်လိုဖြတ်သန်းမလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Witch Watch

Review
🖥
Nico Wakatsuki ဆိုတဲ့စုန်းမလေးဟာ ၆ နှစ်တာ စုန်းမကျောင်းကိုတတ်ပြီးနောက်မှာတော့ တရားဝင်စုန်းမ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ စုန်းမ အသစ်တစ်ယောက်ဖြစ်ပြီးနောက်မှာတော့ Nico ဟာ တစ်ခြားစုန်းမတွေလို တိရစ္ဆာန်တစ်ကောင်ကို ပါတနာအဖြစ်မရွေးပဲ သူ့ရဲ့ငယ်သူငယ်ချင်း Morihito "Moi" Otogi ဆိုတဲ့ကောင်လေးကိုရွေးချယ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ရဲ့ မှော်ကမ္ဘာကစွန့်စားခန်းအသစ်တွေစတင်လာပါတော့တယ်...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3