Number Eleven Review Channel (Main Channel)
13.3K subscribers
190 photos
168 links
Download Telegram
[🇯🇵] Okinawa de Suki ni Natta Ko ga Hougen Sugite Tsura Sugiru
[🇺🇸] OKITSURA: Fell in Love with an Okinawan Girl, but I Just Wish I Know What She's Saying

Review 🖥
Okinawa ကို ပြောင်းရွေ့လာတဲ့ Teruaki Nakamura ဟာ တက်တက်ကြွကြွကောင်မလေး Kyan-san ကို မြင်မြင်ချင်း ချစ်မိခဲ့ပါတယ်။ ဒါပေမဲ့ Kyan-san ရဲ့ ဒေသိယစကားပြောက Teruaki အတွက် လုံးဝနားမလည်နိုင်တဲ့အရာဖြစ်နေလေရဲ့.....

Higa-san ဆိုတဲ့ ကောင်မလေးရဲ့ ဘာသာပြန်ပေးမှုကြောင့် အဆင်ပြေနေပေမဲ့ Teruaki ရဲ့ အထင်လွဲမှုတွေနဲ့ ပြည့်နေတဲ့ ဘဝကတော့ မပျောက်သွားပါဘူး...ဒါပေမဲ့လည်း Higa-san က Teruaki အပေါ် မရိုးသားတဲ့ ခံစားချက်တွေရှိနေတဲ့အခါ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲဆိုတာကိုတော့......


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Sentai Daishikkaku
[🇺🇸] Go! Go! Loser Ranger!

Review 🖥
ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့ လူဆိုးခေါင်းဆောင်တွေကို ပါဝါရိန်းဂျားတွေက နှိမ်နင်းပြီးသကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခေါင်းဆောင်တွေမရှိတော့ ဟို လူဆိုး အကောင်လေးတွေ(နောက်လိုက်)တွေ ကျန်တာပေါ့ကွာ၊ အဲ့အကောင်လေးတွေကို လေးနှစ်တစ်ခါ လာတိုက်ချင်ယောင်ဆောင်ပြီး သူတိုကိုအရှုးပေးမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်ဆိုပြီး ပါဝါရိန်းဂျားတွေက ငွေရှာဖိုကြံပါလေရော၊ တစ်နေ့တော့ လူဆိုးနောက်လိုက်ထဲက တစ်ယောက်က သည်းမခံနိုင်တော့ပဲ ပါဝါရိန်းဂျားတွေကိုဖျက်ဆီးဖိုအတွက် အတွင်းကနေဖျက်ဆီးမယ်ဆိုပြီး လူသားအသွင်ပြောင်းပြီး ပါဝါရိန်းဂျားအဖွဲထဲဝင်ဖို ကြိုးစားရာမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
Non Non Biyori

Review 🖥
ဒီကားလေးကတော့ အေးအေးချမ်းချမ်းနဲ့ Slice of Life ကြည့်ချင်တဲ့ Anime fan များအတွက်အသင့်တော်ဆုံး Anime လေးပဲဖြစ်ပါတယ်ရှင့်။ ဒီကားလေးကိုမကြည့်ဖူးရင်တောင် Nyapasu ဆိုတဲ့ Loli အသံလေးကိုတော့လူတိုင်းကြားဖူးကြမယ်လိုထင်ပါတယ်။ ဒီကားလေးကတော့ အဲ့ Loli ခလေးမလေးရဲ့ကားပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံကျေးလက်ဒေသတွေရဲ့ အေးချမ်းသာယာပြီး အပူအပင်ကင်းမဲ့တဲ့ကျေးလက်ဒေသက ခလေးလေးတွေရဲ့ နေ့စဉ်ဘဝကို အေးအေးဆေးဆေးလေးပဲကြည့်ရမာဖြစ်ပါတယ်။ ခုလိုမျိုးမိုးအေးအေးအချိန်လေးမာ အရမ်းကိုကြည့်လိုကောင်းမယ့်ကားလေးပါရှင့်။ Season အနေနဲ့ 3 season ရှိပြီး Movie တစ်ကားထွက်ထားပါတယ်ရှင့်။

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3🍓1
[🇯🇵] Tensei Kizoku, Kantei Skill de Nariagaru
[🇺🇸] As a Reincarnated Aristocrat, I'll Use My Appraisal Skill to Rise in the World

Review 🖥
Louvent အိမ်တော်ဆိုတာကတော့ Summerforth အင်ပါယာကြီးမှာ နယ်တစ်ခုကို အပိုင်စားရအုပ်ချုပ်ရတဲ့ မြင့်မြတ်တဲ့ အိမ်တော်တစ်ခုပါ။ ဒီအိမ်တော်ကြီးကို ဂိမ်းသမားလေးတစ်ယောက် သေဆုံးပြီး သူကြီးသားအဖြစ် လူပြန်ဝင်စားကာ မွေးလာပါတော့တယ်။ ဒီနိုင်ငံအကြောင်းကို အရွယ်ရောက်လို လေ့လာမိသွားချိန်မှာတော့ အကျင့်ပျက် အင်ပါယာ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို တပ်သားစုဆောင်းရေးတွေ စတင်လုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ Ars Louvent ရဲ့ အကြံတွေကရော အောင်မြင်မှာလား စစ်ပွဲကြီးကရော ဘယ်လိုတွေဖြစ်လာဦးမှာလဲဆိုတာ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇯🇵] Madougushi Dahlia wa Utsumukanai
[🇺🇸] Dahlia in Bloom: Crafting a Fresh Start with Magical Tools

Review 🖥
Dahlia Rossetti ဟာ မင်္ဂလာဆောင်ခွင့်မတိုင်ခင်မှာ နောက်တဖန်မွေးဖွားလာသူတစ်ယောက်ပါ။ သူဟာ သဘာဝသစ်တဲ့ စွမ်းရည်နဲ့ မူရင်းကမ္ဘာထက် တော်တော်ကွာတဲ့ မဂ္ဂဇစ်တစ်ခုမှာ ထပ်မွေးဖွားလာခဲ့ပါတယ်။ မိဘက သေဆုံးပြီးနောက်မှာ သူမက ကိုယ်တိုင် မှော်ပစ္စည်းဒီဇိုင်းနဲ့ ထုတ်လုပ်ခြင်း တာဝန်ကို လက်ခံရပါတယ်။

တစ်နေ့တော့ မင်္ဂလာဆောင်ဖို ပြင်ဆင်နေချိန်မှာ ချစ်သူက သူ့ကို ပျက်ကွက်ခဲ့တယ်။ ဒါပေမယ့် Dahlia သည် အတိတ်ကို မရူးမိုက်ချင်တော့ဘဲ၊ သူမကိုယ်တိုင်အတွက် ပျော်ရွှင်သောဘဝအသစ်တစ်ခုကို စတင်ဖို ဆုံးဖြတ်လိုက်ပါတယ်။ မိမိစိတ်ကြိုက်ဘဝကို တည်ဆောက်ဖိုအတွက် သူမရဲ့ ချမ်းသာစွာသော မှော်နည်းပညာနဲ့ အတူပျော်ရွှင်စွာ ရှင်သန်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Madougushi Dahlia wa Utsumukanai သည် ရိုးရှင်းပြီး စိတ်အေးအေးနဲ့ ခံစားနိုင်တဲ့ fantasy slice of life ဇာတ်လမ်းဖြစ်ပါတယ်။ သူမရဲ့ တည်ငြိမ်တဲ့ဖွံဖြိုးမှုက မသံသရာဘဲ ထိုင်ပြီးကြည့်ရတာ အနားယူချင်တဲ့သူတွေအတွက် တော်တော်မိုက်ပါတယ်။

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Level 1 dakedo Unique Skill de Saikyou desu
[🇺🇸] My Unique Skill Makes Me OP even at Level 1

Review 🖥
လူမည်းကုမ္ပဏီတစ်ခုမှာ အလုပ်အလွန်အကျွံလုပ်တာ​ကြောင့် ​သေဆုံးသွားတဲ့ Ryouta Satou က အခြားကမ္ဘာကို ပြန်လည်ဝင်စားခဲ့ပါတယ်။ Ryouta က အသက်ရှင်​​နေ​ပေမဲ့လည်း အခုကမ္ဘာအသစ်မှာ သူ့ levelကို 1 လိုပဲ သတ်မှတ်ခံထားရတဲ့အတွက် အဆင်မ​ပြေမှု​တွေနဲ့ပဲ ရင်ဆိုင်​နေရပါတယ်။ သူ့ level ကို မမြှင့်နိုင်​ပေမဲ့ ကမ္ဘာမှာ မဖြစ်သင့်ဘူးဆိုတဲ့ အတုအ​ယောင်နဲ့တူတဲ့ ပစ္စည်းတစ်ခုကို ဖန်တီးနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်။ ဒါကိုသိပြီး စွမ်းရည်မြှင့်ပစ္စည်း​တွေရဲ့အကူအညီနဲ့ သူ့ရဲ့ ကိန်းဂဏာန်း​တွေကို စု​ဆောင်းခဲ့ပြီး သူကိုယ်တိုင်ပဲအသုံးပြုနိုင်တဲ့ လက်နက်​တွေနဲ့ ပစ္စည်းအ​တော်များများကို စု​ဆောင်းခဲ့ပါတယ်။ Level 1 ဖြစ်​နေ​ပေမဲ့ သူဘယ်လို​တွေကြိုးစားသွားမလဲဆိုတာ...

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
🔥 Nezha (Ne zha) 1+2 MMsub

Nezha 1 review
ဒီကားလေးကတော့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတဲ့ “နီကျား”တရုတ် ကာတွန်းလေးပဲ ဖြစ်ပါတယ်။ ဒီကားက ၂၀၁၉ တုန်းက ထွက်ရှိထားပြီး Iqiyi rating 9.4/10 တောင် ရထားတာပါ။ “နီကျား”ဇာတ်လမ်းကို Version တွေ အမျိုးမျိုး ပြောင်းပြီး ရိုက်ကြပေမဲ့ ဒီ Version ကတော့ အကောင်းဆုံးနဲ့ နာမည် အကြီးဆုံးပါပဲ။ Anti-hero ကြိုက်တဲ့ လူမျိုး အတွက်ဆို ကွက်တိပါပဲ။ ဇာတ်လမ်းလေးကတော့ ကောင်းကင် မင်းကြီးဟာ ဒုက္ခအိုး ပုလဲလုံးကို ဝိညာဉ် ပုလဲလုံးနဲ့ မိစ္ဆာ စွမ်းအင်လုံး ဆိုပြီး နှစ်မျိုး ခွဲထုတ်လိုက်ပါတယ်။ ဝိညာဉ်ပုလဲလုံးဟာ “နီကျား”ဆိုတဲ့ နာမည်နဲ့ လူပြန်ဝင်စားပြီး ကောင်းမှု လုပ်ဖို ကံကြမ္မာ ပါလာပြီး၊ မိစ္ဆာ စွမ်းအင်လုံးကတော့ အချိန် ၃ နှစ်ကြာရင် မိုးကြိုးပစ်ခံရပြီး ဖျက်ဆီး ခံရမှာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ ဝိညာဉ် ပုလဲလုံးက အခိုးခံ လိုက်ရပြီး မိစ္ဆာ စွမ်းအင်လုံးက လူဝင်စားလိုက်ရပါတယ်။ အဲ့ဒါကြောင့် မိစ္ဆာ စွမ်းအင်လုံးကနေ လူ ဖြစ်လာရတဲ့ “နီကျား”လေးဟာ သူများနဲ့ မတူ တမူထူးခြားပြီး သောင်းကျန်းတတ်တဲ့ စိတ်ကလေးကလည်း ရှိနေပါတော့တယ်။


nezha 2 review
အခု 2025 မှာ အရမ်းရေပန်းစားနေပြီး အတွဲ တစ်တုန်းက‌‌ထက် ကြည့်ရှုသူ များပြားနေကာ အောင်မြင်မှုတွေ တသီတစ်တန်းကြီးရရှိထားတဲ့ နီကျား Animation Sequel လေး ဇာတ်လမ်းအကျဉ်း - ကပ်ဘေးအန္တရာယ်ကြီးပြီးနောက်မှာ Ne Zha နဲ့ Ao Bing တိုရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းထားနိုင်ပေမဲ့ သူတိုရဲ့ခန္ဓာကိုယ်တွေက မကြာမီ ပျက်သုဥ်းသွားတော့မှာပါ

ကောင်းကင်နတ်မင်းကြီးရဲ့ တပည့်ဖြစ်သူ Tai Yi ဟာ ခုနစ်ရောင်ခြယ်ကြာပန်းနဲ့ သူတိုနှစ်ဦးကို ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ဖို ကြိုးစားရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်

Ne Zha နဲ့ Ao Bing တိုရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာဦးမလဲ ?

နောက်ထပ်တပည့်တစ်ဦးဖြစ်တဲ့ သစ္စာဖောက် Shen Gong Bao ဟာ ဖမ်းဆီးထားတဲ့ နဂါးမင်းလေးပါးကို လွှတ်ပေးလိုက်ပါတယ်

ဒီလိုနဲ့ အရှေ့ပင်လယ်နဂါးမင်း Ao Guang ဟာ လူသားအသွင်ပုံစံနဲ့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပြီး "ငါသာတိုက်ပွဲစရင် ချန်တန်ဂိတ်ကို ကြက်ငှက်မကျန် ဖျက်ဆီးပစ်မယ်" လို ကြိမ်းဝါးခဲ့ပါတယ်

ဒီတစ်ကြိမ်မှာတော့ Ne Zha ဟာ ချန်ထန်ဂိတ်ကို ကာကွယ်ဖို ပင်လယ်နဂါးမင်းလေးပါးနဲ့ ဘယ်လို အပြင်းအထန် တိုက်ခိုက်ရမလဲဆိုတာ ...


Movie Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Yamada-kun to Lv999 no Koi wo Suru
[🇬🇧] My Love Story with Yamada-kun at Lv999
other name - Loving Yamada at Lv 999

Review
🖥
မိမိကောင်လေးဖြစ်သူဆီ‌ကနေ gameထဲမှာတွေ့တဲ့တခြားမိန်းကလေးတစ်ယောက်နဲ့ဖောက်ပြန်တာကိုခံလိုက်ရတဲ့ Akane Kinoshita ဟာ gamerကောင်လေးတွေကသစ္စာမရှိဘူးဆိုတာကိုနားလည်သွားပါတော့တယ်။ အသည်းကွဲတဲ့ခံစားချက်တွေကိုဖြေဖျောက်ဖိုgameဆော့ရင်း gameထဲမှာ afro Noh မျက်နှာဖုံးပါတဲ့ guildmate Akito Yamada ဆိုတဲ့ gamer ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ Yamada ဆိုတဲ့ကောင်လေးကအချစ်ရေးလုံးဝအတွေ့ကြုံမရှိတဲ့ကောင်လေးဖြစ်တဲ့အပြင် gameကလွဲရင်ဘာမှမသိတဲ့သူပါ။ အဲ့လိုနဲ့ သူတိုနှစ်ယောက်တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်လာမလဲ တခါမှရင်မခုန်ခဲ့ဖူးတဲ့ Yamada ရဲ့နှလုံးသားကို Akane ကရန်ခုန်အောင်လုပ်သွားနိုင်မလား...


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6🍓1
WIND BREAKER (Season 1+2)

Review
🖥
Haruka ဟာ တိုက်ရေ ခ်ိုက်ရေ ကျွမ်းသူ ဖြစ်ပြီးအမြဲတမ်း သန်မာတဲ့ လူတွေက်ို လိုက်ရှာ က တိုက်ခိုက်ချင်တဲ့ သူဖြစ်ပါတယ်

ဒါ့ကြောင့် Haruka ဟာ သန်မာတဲ့လူတွေ များပါတယ် ဆိုတဲ့Furin အထက်တန်းကျောင်းကို ပြောင်းလာပါတယ် ဒါပေမဲ့ ဒီFurin ကျောင်းက လူတွေက သူတို့
ရဲ့ မြို့ကို ကာကွယ်ပေးနေတဲ့ သူ ဖြစ်ပါတယ်

ဒါပေမဲ့ Haruka ကတော့ ဒီလို ဟီးရိုး အလုပ်တွေကို စိတ်ဝင်စားသူ တစ်ယောက်မဟုတ်ပဲ သူ က သန်မာ တဲ့ သူတွေနဲ့ ပဲ တိုက်ခိုက်ချင်သူ ဖြစ်ပါတယ်

ဒါပေမဲ့ ဒီလို လူကြားထဲ ရောက်သွားတဲ့ Haruka တစ်ယောက် ဒီFurin ကျောင်းကလူတွေက သူ့ကို ဘယ်လို ပြောင်းလဲ ပေးသွားမလဲ သူ ဖြစ်ချင်တဲ့ အသန်မာဆုံး ဆိုတာ ရော ဖြစ်လာမလားဆိုတာ ဒီ Anime မှာ စောင့်မျှော်ကြည့်ရှုရမှာပါ



👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1💘1
Jujutsu Kaisen (Season 1+2+movie)

Review
🖥
Itadori Yuji ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ထဲက အဖိုးနဲ့အတူနေထိုင်ပြီး သန်မာတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်ပါ ကျောင်းမှာလည်းသူငယ်ချင်းတွေကောင်းမှုကြောင့်သဘာဝလွန်ကလပ်ထဲဝင်ထားရသူလေးပေါ့ တစ်ညမှာကျိန်စာသင့်ပစ္စည်းတစ်ခုကိုစမ်းသပ်မိလိုဒုက္ခရောက်နေတဲ့သူငယ်ချင်းတွေကို ကျိန်စာပစ္စည်းကိုလာရှာတဲ့ Fushiguro Megumi နဲ့အတူသွားကယ်ကြပါတယ် ကျိန်စာပစ္စည်းကိုရရှိသွားပေမယ့် မတော်တဆ မြိုချလိုက်မိတဲ့အခါမှာတော့ Yujiတစ်ယောက်ဘာတွေဆက်ဖြစ်မလဲ သူကိုယ်တိုင်ကလည်းသာမာန်လူဟုတ်ပါ့မလား ဆိုပြီးစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်


👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤8
Plastic Memories

Review:
ထွေးထူးပြောစရာမရှိပါဘူး တစ်ရှူးတော့ဆောင်ထားပေါ့🥹

အသက် ၁၈နှစ်အရွယ် tsukasa mizugaki ဟာကောလိပ်ဝင်ခွင့်ကျပြီး နောက်မှာ အဆက်အသွယ်မျိုးစုံသုံးပြီး အလုပ်ရှာပါတော့တယ်။ အဲ့မှာပဲ Sion ဉာဏ်ရည်တု ကော်ပိုရေးရှင်းမှာအလုပ်ရခဲ့ပါ တယ်။ SAI ဟာဆိုရင် လူသားတွေနဲ့ခွဲမရအောင် တူညီတဲ့ အဆင့်မြင့်စက်ရုပ်တွေ ဖြစ်တဲ့ giftias တွေထုတ်လုပ် တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် giftias တွေ လူတွေနဲ့ မတူတဲ့အချက် က giftiasတွေက 81, 920 နာရီ (or) 9နှစ်နှင့် 4 လသာ သက်တမ်းရှိ တာ ပါ။ Tsukasa တာဝန်ကျတဲ့ ဂိတ်ဝန်ဆောင်မှု Oneရဲ့ တာဝန်ကတော့ သက်တမ်းကုန်သွားတဲ့ Giftias တွေ စိတ်လွတ်ပြီး လူတွေကို ထိခိုက်အောင်မလုပ်ခင်မှာ ပြန်ထိန်းသိမ်းတာ ကနေပြီးဘာတွေဆက်ဖြစ်မလဲဆိုကိုတော့..........

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
❤2
[🇯🇵] Megami no Café Terrace
[🇺🇸] The Café Terrace and Its Goddesses

Review
🖥
ဒီကားလေးကတော့ 2023 တုန်းက ထွက်ရှိခဲ့တဲ့ Ecchi ကားလေးပါ။ Ecchi ဆိုတာ ဘာလဲဆိုရင်တော့ ဟန်တိုင်းလိုမျိုးမဟုတ်ပဲ ဟိုပေါ်ဒီပေါ် မပေါ်တပေါ်လေးတွေနဲ့ ရင်ခုန်အောင်ဆွဲဆောင်တာပေါ့လေ။
ဒီကားလေးမှာတော့ Hayato Kasukabe ဆိုတဲ့ MC ဟာ သူ့အဖွားဆုံးသွားပြီးတဲ့နောက်မှာ တိုကျိုကနေ ပြန်လာပြီ သူ့အဖွားရဲ့ ကော်ဖီဆိုင်လေးကို အမွေဆက်ခံခဲ့ပါတယ်။ သူဟာ ကော်ဖီဆိုင်လေးကို ဖြိုဖျက်ပြီးတော့ တခြား သူလုပ်ချင်တာလုပ်ဖိုတွေးထားခဲ့တယ်ပေါ့လေ။ ဒါပေမဲ့လည်း ကံကြမ္မာတွေအကြောင်းဖန်ပြီး မိန်းမလှလေး ငါးဖော်ကို သူ့အဖွားက ကော်ဖီဆိုင်မှာထားခဲ့ပြီးတော့ MC နဲ့ အလွဲလေးတွေကြုံတွေ့ရင်းကနေ သူ့အဖွားရဲ့ ကော်ဖီဆိုင်လေးကို ဆက်လက်ထိန်းသိမ်းသွားတာကို
ဟာသဆန်ဆန်၊ ဟိုပေါ်ဒီပေါ် Fan service တွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။


👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3👎1
[🇰🇷] Yeosingangnim
[🇺🇸] True Beauty (Anime) Season 1

Review 🖥
ရုပ်ဆိုးပန်းဆိုးဖြစ်တဲ့အပြင် စာပါညံ့သေးတဲ့ ကောင်မလေး Jugyeong ဟာ ကျောင်းမှာ အမြဲတမ်း အနိုင်ကျင့်ခံနေတာ ဖြစ်ပါတယ်။ ဝါသနာကလည်း သရဲဝတ္ထုကာတွန်းတွေနဲ့ Metal သီချင်း နားထောင်တာဆိုတော့ ဘာပြောကောင်းမလဲပေါ့လေ။ ဒီလိုနဲ့ အဆင်မပြေမှုတွေများစွာကြောင့် ကျောင်းပြောင်းရဖို့ ဖြစ်လာပါတော့တယ်။ ကျောင်းသစ်ကိုမပြောင်းခင် ပိတ်ရက်တွေမှာ Jugyeong တစ်ယောက် မိတ်ကပ် Tutorial တွေ ရှယ်ကျင့်ရင်း ဆရာမကြီးဖြစ်သွားပြီး ကျောင်းအသစ်ကို တက်တဲ့အခါမှာတော့ တစ်ကျောင်းလုံးက ယောက်ျားမိန်းမမကျန် ဝိုင်းငေးရတဲ့ မိန်းမချောလေးအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့။ ဒါပေမဲ့ ဒီရုပ်နဲ့ သဘာဝရုပ်က လုံးလုံးမှ မတူညီတာမို့ စိတ်မလုံခြုံသူလေးတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်ကျ သဘာဝရုပ်အတိုင်း သူဖတ်နေကြ စာအုပ်ဆိုင်ကို သွားတဲ့အခါ ရုပ်ချောချောအဆင်လေးတစ်ယောက်နဲ့ ရန်သတ်လာခဲ့ပါတယ်။ ဒီထက်ပိုကံဆိုးချင်တော့ သူတက်နေတဲ့ကျောင်းကိုမှ ပြောင်းလာတဲ့ကျောင်းသားသစ်လည်း ဖြစ်နေပြန်ပါတယ်။ အဲဒါအပြင် ဒီကျောင်းသားသစ်က သူ့ကို သဘာဝရုပ်ရော မိတ်ကပ်ရုပ်ရော မှတ်မိနေတဲ့အခါမှာတော့….သူတို့နှစ်ဦး ဇာတ်လမ်းလေးက ဘာဆက်ဖြစ်လာမလဲ၊ သဘာဝရုပ်လေး မပေါ်သွားအောင် ဘယ်လိုတွေ ဖုံးကွယ်ကြမလဲ၊ နောက်ထပ် ကောင်လေးတစ်ယောက်အသစ်ကရော သူတို့နှစ်ဦးကြား ဘယ်လိုဝင်ပါလာပြီး Love Trio ဘယ်လိုဆက်ဖြစ်မလဲဆိုတာ...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
👍2
[🇯🇵] Boushoku no Berserk
[🇺🇸] Berserk of Gluttony

Review
🖥
လူတစ်ယောက်ရဲ့ Skill ကအရာရာကို ဆုံးဖြတ်တဲ့ကမ္ဘာကြီးမှာ ရဲတိုက်စောင့်တစ်ဦးဖြစ်တဲ့ Fate ဟာ[ Gluttony ]လို့ခေါ်တဲ့ ဘာမှသုံးမရပဲ ဆာလောင်ခြင်းကိုသာ ပေးအပ်တဲ့ Skill တစ်ခုကို ရရှိခဲ့တာကြောင့်ဘဝကြီးဟာ အင်မတန် ဒုက္ခဆင်းရဲရောက်ခဲ့ရတယ်။ ဒါပေမဲ့ တစ်နေ့ရဲတိုက်ကို ကျူးကျော်လာခဲ့တဲ့ဓားပြတွေကို နှိမ်နင်းနိုင်ခဲ့တဲ့ အခါမှာတော့ သူ့ရဲ့ ကမ္ဘာကြီးဟာ စတင်ပြောင်းလဲလာပြီး တစ်ချိန်က အသုံးမဝင်တဲ့ကောင်လို့ အနှိမ်ခံခဲ့ရတဲ့Fate တစ်ယောက် [Gluttony] ဆိုတဲ့ ဆာလောင်မှုကိုသာပေးတဲ့ Skillနဲ့ ဘဝရဲ့အမြင့်ဆုံးကို ဘယ်လိုမျိုးတစ်ဆင့်ချင်း လျောက်လှမ်းမလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Tantei wa mou, Shindeiru.
[🇺🇸] The Detective Is Already Dead Season 1


Review 🖥
Kimizuka Kimihiko ဆိုတဲ့ကောင်လေးဟာ သူ့အနားမှာ ပြဿနာတွေ အမြဲဝန်းရံခြင်း ခံနေရသူဖြစ်ပါတယ်။ မှုခင်းနေရာမှာ မပါသင့်ဘဲ ပါသွားတာတွေ ၊ ဆေးခြောက်ရောင်းဝယ်ရေးကို မတော်တဆ မြင်တွေ့သွားမိတာတွေ စသဖြင့် အတော်လေး ကံမကောင်းရှာပါဘူး။ အဲ့ဒါကြောင့် တစ်နေ့ သူစီးလာတဲ့ လေယာဉ်ပျံဟာ အရေးပေါ် အခြေအနေဖြစ်ပြီး စုံထောက်တစ်ယောက်အမြန်လိုအပ်လာခဲ့ပါတယ်။ ဒါပေမယ့် Kimizuka ကတော့ အရှုပ်အရှင်းတွေကြား ဝင်မပါမိအောင် ရှောင်ဖို့‌ကြိုးစားခဲ့ပေမယ့် Siesta ဆိုတဲ့ သူမဟာ စုံထောက်ဖြစ်ကြောင်း ကြေညာတဲ့ ငွေရောင်ဆံသားနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြားဖျက်တာခံလိုက်ရပါတယ်။ ဒီလိုနဲ့ Kimizuka ဟာ မထင်ထားဘဲ Siesta ရဲ့ စုံထောက်လက်ထောက်အဖြစ် ဆွဲသွင်းတာ ခံလိုက်ရပါတယ်။

အဲ့ဒီ အဖြစ်အပျက်ဟာ သူတို့နှစ်ယောက်ရဲ့ ခမ်းနားတဲ့ခရီးရဲ့ အစလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့လျှောက်သွားရင်း အသက်တွေကို စွန့်စားပြီး ဒုစရိုက် အဖွဲ့အစည်းတွေ ကပ်ဘေးတွေကို အတူတကွတားဆီးရင်း လူထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့ခရီးရဲ့ အဆုံးသတ်ကတော့ သုံးနှစ်ကြာပြီး Siesta ရဲ့ အရွယ်မတိုင်ခင် သေဆုံးသွားမှု့ကြောင့်ပါပဲ။

အဲ့နောက်ပိုင်းမှာတော့ Kimizuka ဟာ ပုံမှန် အထက်ကျောင်းသား ဘဝကိုပြန်ရောက်သွားပြီး သူ့ဘဝကို တိတ်တဆိတ်လေးဘဲ ရှင်သန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံမကောင်းမှု့ကတော့ အဆုံးမသတ်သွားခဲ့ပါဘူး။ ကံတရားရဲ့ စီမံရာလို့ ဆိုရမယ့်အတိုင်း တစ်နေ့ကျ ဆုံးပါးသွားတဲ့ Siesta လို လျှို့ဝှက်ဆန်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝထဲကို ဗြုန်းစားကြီး ရောက်ချလာပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကတော့...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇯🇵] Vigilante: Boku no Hero Academia ILLEGALS
[🇺🇸] My Hero Academia: Vigilantes Season 1

Review
🖥
Koichi Haimawari ဟာ Hero ဖြစ်ချင်တဲ့ ကောလိပ်ကျောင်းသားတစ်ယောက်​ဆို​ပေမဲ့ အိမ်မက်ကို လက်လျော့ထားသူတစ်ယောက်ပါ ၊ ကမ္ဘာကြီးရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက်က Quirk လိုခေါ်တဲ့ သဘာဝလွန် အစွမ်းရှိကြပါတယ်။

Quirk ရှိတဲ့လူက များပြားပေမဲ့လည်း လူနည်းစုလောက်သာ Hero ဖြစ်လာနိုင်တာပါ ၊ ဒီကားရဲ့ Mc ဖြစ်တဲ့ Koichi ရဲ့ Quirk က  Slide and Glide (အရာဝတ္ထုတွေအပေါ် လျောစီးနိုင်ခြင်း) ဖြစ်ပါတယ်...အဲ့လို ဘာမဟုတ်တဲ့ Quirk ရှိတဲ့ Koichi ရဲ့ ဘဝဟာ တစ်နေ့မှာ ပြောင်းလဲခဲ့ပါတယ်။

အကြောင်းကတော့ သူဟာ တရားမဝင်ဟီးရိုးဖြစ်တဲ့ vigilante (စေတနာ့လုပ်သား) Knuckleduster ဆီမှာ အကယ်ခံလိုက်ရပါတယ်။ထိုနောက် Knuckleduster က Koichi ကို သူနဲ့အတူ တရားမဝင်ဟီးရိုးလုပ်ဖို ဖိတ်ခေါ်ခဲ့လေရာ...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Blue Lock

Review
🖥
ယခုခေတ်ဂျပန်နိုင်ငံမှာ ဂျပန်ဘောလုံးပွဲဟာ စီးပွားရေလိုသာသဘောထားခံနေရပါတယ် လက်ရှိဂျပန်ဘောလုံးအခြေအနေကို ဂျပန်ဝန်ကြီးတွေဟာ သုံးသပ်ပြီးနောက် World cup ကိုအရယူနိုင်ဖို ဆန်းကြယ်တဲ့ နည်းပြ Jinpachi Ego ကို World Cupယူနိုင်မဲ့ ဘောလုံးအသသင်းဖွဲစည်းဖို တာဝန်ပေးအပ်လိုက်ပါတော့တယ် Jinpachi ဟာ ဂျပန်နိုင်ငံတစ်ဝှမ်း အထက်တန်းကျောင်းတွေကနေ အရည်အချင်းရှိမယ်လိုထင်ရတဲ့ တိုက်စစ်မှုး၃၀၀ ကို လေ့လာစစ်ဆေးပြီး Blue lock project မှာပါဝင်ဖို ဖိတ်လိုက်လိုက်ပါတယ် Blue Lock Projectဟာ အတော်ဆုံးတိုက်စစ်မှုးတစ်ယောက်မွေးထုတ်ပေးမဲ့ project ဖြစ်တယ် အဲ့ project ကိုအောင်ဖိုဆိုရင် ကျန်တဲ့တိုက်စစ်မှုး ၂၉၉ယောက် နင်းခြေပြီးအနိုင်ယူရမှာပါ ရှုးနိမ့်သူကတော့ အသင်းကနေကစားခွင့်ထာဝရပိတ်ခံရမှာပါ ၎င်းproject မှာပါဝင်ဖိုဖိတ်ကြားခံရသူ Ichinan ကျောင်းမှာတက်ရောက်နေတဲ့ Mc ဖြစ်သူ Yoichi Isagi ဟာ သူလေးစားရဲ့ 2018 champion Noel Noa လိုမျိုးအတော်ဆုံးတိုက်စစ်မှုးဖြစ်ချင်ပြီး World cup ကို အရယူခဲ့ချင်တာပါ သိုပေမဲ့ Nationalပွဲကန်ရဖို ခြေစမ်းပွဲမှာတင် သူ့အသင်းသားတစ်ဦးကို pass ပေးမိလိုက်လို ၂ဂိုး ပြတ်နဲ့ လက်မတင်လေး လွဲခဲ့ရပါတယ် Mc ဟာ သူ့ဘာသာသူဂိုးသွင်းခဲ့ရင် အနိုင်ရနေလောက်ပြီဆိုပြီး စိတ်ဓာတ်ကျနေချိန်မှာ Blue Lock project ဟာ သူ့အတွက် ရွှေရောင်အခွင့်အရေးဖြစ်လာပါတယ် ဒီအခွင့်အရေးကိုစုပ်ကိုင်ပြီး Mc တစ်ယောက် ကျန်တဲ့ အကြမ်းစား ကစားသမား ၂၉၉ ယောက်ကို အနိုင်ယူနိုင်မလား အတော်ဆုံး တိုက်စစ်မှုးဖြစ်လာနိုင်မလားဆိုတာကိုတော့...


👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Kaminaki Sekai no Kamisama Katsudou
[🇺🇸] KamiKatsu: Working for God in a Godless World

Review
🖥
သူတိုမျိူးနွယ်စုက ယစ်ပူဆော်တာ ခံလိုက်ရတဲ့ ကျွန်တော်တိုရဲ့ mc က နတ်ဘုရားတွေ, ဘာသာတရားတွေမရှိတဲ့ ကမ္ဘာထဲကို ပြန်မွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီမှာတော့ 18+ စာအုပ်တွေကလည်း ကလေးဖတ်စရာလိုဖြစ်နေပြီး ပြည်သူတွေရဲ့သေခြင်းရှင်ခြင်းကလည်း တိုင်းပြည်အစိုးရကဆုံးဖြတ်တာကို တွေ့လိုက်ရပါတယ်။ သူ့သူငယ်ချင်း သေမယ့်အချိန်ကိုဝင်ရှုပ်ပြီး သူတိုနှစ်ယောက်စလုံးက သေသွားပါတော့တယ် အဲ့ဒီအချိန်မှာ သူတိုကိုဘယ်သူကကယ်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကတော့....


👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Your Forma

Review
🖥
၂၀၂၃ ခုနှစ် တခြားကမ္ဘာမှာ ပြန့်နှံနေတဲ့ ဦးနှောက်ရောင်ရမ်းတဲ့ရောဂါကိုကုသဖို Your Forma လိုခေါ်တဲ့အဆင့်မြင့်ချည်မျှင် နည်းပညာကနေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတယ်
ဒါပေမယ့် ဒီစက်ပစ္စည်းလေးတွေက အသုံးပြုသူမြင်သမျှ ပြောသမျှ ခံစားသမျှတွေကိုမှတ်တမ်းတင်ထားတော့ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာဟာမလုံခြုံဘူးပေါ့

လျှပ်စစ်စုံထောက် Echika Hieda အတွက်တော့ လူတွေရဲ့မှတ်ဉာဏ်တွေထဲကို Your Forma နဲ့ဝင်ကြည့်ပြီး အခက်ခဲဆုံးမှုခင်းတွေကိုဖြေရှင်းရတာက သူ့ရဲ့နေ့စဉ်အလုပ်ပဲ။ ပြဿနာက သူကအရမ်းတော်နေတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလိုက်မမီဘူး။ လက်ထောက်တွေတစ်ယောက်ပြီးတစ်ယောက်ဆေးရုံရောက်ပြီးတော့မှ အထက်ကလူတွေက Echika ကိုသူနဲ့ ဘရိန်းလယ်ဗယ်တူတဲ့ Harold Lucraft ဆိုတဲ့ စက်ရုပ်တစ်‌ကောင်နဲ့တွဲပေးလိုက်တာ။ ဒီလိုမထင်မှတ်ထားရတဲ့ အတွဲလေးက သူတိုအချင်းချင်းသံသယတွေရှင်းနိုင်သွားမလား ကမ္ဘာကြီးမှာပြန့်နှံနေတဲ့ နည်းပညာဆိုင်ရာကူးစက်ရောဂါကြီးကိုအချိန်မီတားဆီးနိုင်သွားမလားဆိုတာကတော့

👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl

#crd_review - @ongoinganimebackupaom2
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇯🇵] Class no Daikirai na Joshi to Kekkon Suru Koto ni Natta.
[🇺🇸] I'm Getting Married to a Girl I Hate in My Class

Review
🖥
အထက်ကျောင်းကျောင်းသားလေး Saito Hojo ဟာ အဖိုးဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းကိုအမွေဆက်ခံဖို သတ်မှတ်ခံထားရတဲ့ သူပါ။ ဒါပေမဲ့ အရင်ဆုံး Saito ဟာ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရမှာပါ။ လက်ထပ်ရမဲ့မိန်းကလေးကတော့ အတန်းထဲမှာ သူအမုန်းဆုံးဖြစ်တဲ့ Akane Sakuramori ဆိုသူ ကောင်မလေးနဲ့ပါ။ ဖြစ်ချင်တော့ Akane ကလည်း Saito ကို အသေမုန်းနေတာပါ။ အတန်းဖော်တွေဆီကနေ သူတိုနှစ်ယောက် လက်ထပ်ထားတာကို ဖုံးကွယ်ဖိုဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကြင်စဦးဇနီးမောင်နှံအဖြစ် စပြီးတော့ဖြတ်သန်းရချိန် သူတိုနှစ်ယောက်ကြားက အကွာအဝေးလေးဟာ တဖြည်းဖြည်း နီးကပ်လာချိန်မှာ​တော့...

👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3❤‍🔥2
[🇯🇵] Sokushi Cheat ga Saikyou Sugite, Isekai no Yatsura ga Marude Aite ni Naranai n desu ga.
[🇺🇸] My Instant Death Ability is Overpowered

Review
🖥
MCဟာ သူ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ရင်း ရုတ်တရက် တခြားကမ္ဘာကို ပိုဆောင်ခြင်းခံလိုက်ရပါတယ်။ ရောက်ရောက်ခြင်းပဲ အဖွဲသားအချင်းချင်း သစ္စာဖောက်ခံရပြီး နဂါးတွေရဲ့တည်ကြက်အဖြစ်ထားခံခဲ့ရပါတယ်။ တကယ်ကြမ်းလာတာကတော့ သူတိုကို တခြားကမ္ဘာပိုခဲ့တဲ့ သူတော်စင်လိုလိုဘဲကြီးက အရမ်းကြမ်းတဲ့ ပါဝါတစ်ခုပေးသွားခဲ့တာပါ။ ပါဝါကတော့ Mcက အတွေးတချက်နဲ့ လူသတ်နိုင်တာပါပဲ။ ဒီလောက်ကြမ်းတဲ့ ပါဝါတစ်ခုမှာ ဆိုးကွက်က ဘာဖြစ်မလဲ? ကောင်းကွက်က​ရော ဘာတွေဖြစ်မလဲဆိုတာ...

👀 Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤6