Number Eleven Review Channel (Main Channel)
13.4K subscribers
193 photos
169 links
Download Telegram
[🇺🇸] Bogus Skill <> ~About that time I became able to eat unlimited numbers of Skill Fruits (that kill you)~
[🇯🇵] Hazure Skill «Kinomi Master»: Skill no Mi (Tabetara Shinu) wo Mugen ni Taberareru You ni Natta Ken Nitsuite

Review
🖥
လူတစ်ယောက်က စကေးရတဲ့အသီးကို တစ်ခါပဲစားရုံနဲ့ သက်ဆိုင်တဲ့စကေးကိုရနိုင်တဲ့ကမ္ဘာမှာ Light လိုခေါ်တဲ့လယ်သမားလေးက တိုက်ခိုက်လိုမရတဲ့ "Fruit Master"ဆိုတဲ့စကေးကို ရသွားသောအခါ... မတူကွဲပြားသော စွမ်းရည်များစွာကို ရယူနိုင်တဲ့ ဆင်းရဲသားလယ်သမား​လေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇺🇸] Ruri Rocks
[🇯🇵] Ruri no Houseki

Review
🖥
ပညာလည်းရ Chillလိုလည်းဝမဲ့
Slice of Life ကားကောင်းလေး

Ruriဆိုတဲ့ကောင်မလေးဟာ ကျောက်မျက်တွေကို အရူးအမူးဖြစ်နေပြီး လိုချင်တက်မတ်နေသော်လည်း ပိုက်ဆံက တစ်ပဲခြောက်ပြားတောင်မတတ်နိုင်လို ဆိုင်သွားတိုင်း ကျောက်တွေကိုငေးကြည့်ပြီး ပြန်လာနေကြပါ။ အဲ့လိုနဲ့ တစ်နေ့မှာ သလင်းကျောက်ငေးရင်း မဝယ်နိုင်တော့ ကိုယ်တိုင်ထွက်ရှာဖိုလုပ်ရာကနေ ကျောက်ဖက်ဆိုင်ရာexpertကြီး Nagi-sanနဲ့ တွေ့ပါတော့တယ် အဲ့ကနေပဲ နှစ်ယောက်သား အတူတူ ကျောက်ရှာထွက်ကြရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ Nagi ဘယ်လိုတွေကလေးထိန်းရမလဲ ဘယ်လိုဗဟုသုတတွေကိုမျှဝေသွားမလဲ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5
[🇺🇸] The Fated Magical Princess: Who Made Me a Princess
[🇨🇳] Mofa Gongzhu De Xiao Fannao

Review
🖥
Obelia မှော်နိုင်ငံတော်ကြီးမှာ မွေးဖွားလာခဲ့တဲ့ မင်းသမီးလေး Atanasia ဟာ မှော်မသုံးနိုင်ပေမဲ့ သူ့အနာဂတ်ကို အိမ်မက်တွေကနေတဆင့် မြင်သိနိုင်တဲ့ လျှိဝှက်ဆန်းကြယ်စွမ်းအားကို ပိုင်ဆိုင်ထားသူပါ။ မွေးကတည်းကနေ ကြီးပြင်းလာချိန်အထိ အဖေဖြစ်တဲ့ ဘုရင် Claude ရဲ့ အေးစက်စက်ဆက်ဆံခံရပြီး 18 နှစ်မြောက်မွေးနေ့မှာ အဖေဖြစ်သူကပဲ တိုင်းပြည်ကနေ နှင်ထုတ်မဲ့ အနာဂတ်ကို ကြိုမြင်ခဲ့တာကြောင့် သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖိုကြိုးစားရ​တော့မဲ့အခါ... Art တွေ အရမ်းလှတဲ့အပြင် အဆင်တစ်သိုက်လည်း ပါတာမလို ကြည့်ရှုလိုက်ကြပါဦး...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤7🐳1
[🇺🇸] Takopi's Original Sin
[🇯🇵] Takopii no Genzai

Review 🖥
Takopi လို့ခေါ်တဲ့ ရေဘဝဲပုံ ဂြိုလ်သားလေးက စကြဝဠာကိုပျော်ရွှင်မှုတွေဖြန့်ကြန့်ဖို့အတွက် သူ့အိမ်ကနေထွက်လာခဲ့ပြီး ကမ္ဘာပေါ်ကိုအမှတ်မထင်ရောက်ရှိလာပါတယ် ကမ္ဘာမြေကိုရောက်လာတဲ့အချိန်မှာ Shinzuka ခေါ်တဲ့ ကောင်မလေးနဲ့တွေ့ခဲ့ရာမှ အဲ့ကောင်မလေးကိုပျော်ရွှင်အောင်လုပ်ပေးဖို့အကြောင်းဖန်ပါလာတယ် ဒါပေမယ့် Shinzuka ဆိုတဲ့ကောင်မလေးက ဖခင်လဲမရှိ မိခင်ရဲ့ပစ်ပယ်ခြင်းကိုခံရရုံသာမက သူငယ်ချင်းတွေရဲ့ခွဲခြားဆက်ဆံပြီးအနိုင်ကျင့်ခံနေရတာပါ အဲ့တော့ Takopi လေးတစ်ယောက် Shinzuka ကိုပျော်ရွှင်လာအောင်လုပ်နိုင်ပါ့မလား အဲ့လိုပျော်ရွှင်အောင်လုပ်ဖို့ဆိုရင် ဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ကားပါ

ပြီးတော့ပုံကြည့်ပြီးအထင်မသေးပါနဲ့ ပုံနဲ့မလိုက်အောင်ကို deep ပြီး dark တဲ့ကားမျိုးပါ မဖွယ်မရာမြင်ကွင်းတွေအပြင် အထီးကျန်မှုတွေ လွတ်လပ်ချင်စိတ်တွေကို နက်နက်ရှိုင်းရှိုင်းဖော်ပြထားနိုင်ခဲ့တဲ့ Ep 1 နဲ့တင် ဟင်ကနဲ ဟာကနဲဖြစ်ပြီး အတော်လေးခံစားရစေမှာပါ အပိုင်း 6 ပိုင်းအနေနဲ့ထွက်ရှိမှာဖြစ်ပြီး ဒီဇာတ်လမ်းလေးကဝမ်းနည်းကြေကွဲဖွယ်ရာအပြည့်နဲ့ဖြစ်တာကြောင့် အသည်းမာတဲ့သူမဟုတ်ရင် ဇာတ်သိမ်းထိပြီးအောင်ကြည့်နိုင်မှာမဟုတ်ဘူးဆိုပြီးစိန်ခေါ်ထားတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ အားလုံးရောဇာတ်သိမ်းအထိကြည့်နိုင်ကြမယ်လို့ယုံကြည်ချက်ရှိကြလား... မင်မင်နဲ့အတူစိန်ခေါ်ကြည့်လိုက်ကြရအောင်ပါ


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Medalist

Review 🖥
Inori Yuitsu ဆိုတဲ့ ငါးတန်းကျောင်းသူလေးဟာ သူ့အစ်မဖြစ်သူ စကိတ်စီးတာကိုကြည့်ပြီး ငယ်စဉ်ကတည်းက ရေခဲပြင်စကိတ်စီးသူ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အစ်မဖြစ်သူကိုယ်တိုင် ရေခဲပြင်စကိတ်စီးရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမို သူ့အမေက Inori ကို စကိတ်စီးဖို လုံးဝခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် Inori က သူကိုယ်တိုင်ပဲ စာအုပ်တွေဖတ်၊ အိမ်နားကစကိတ်ကွင်း​လေးမှာပဲ‌ လေ့ကျင့်ရင်း ကိုယ့်ဘာသာသင်ယူနေရတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရပ်ကွက်ထဲကစကိတ်ကွင်းမှာ လေ့ကျင့်ဖိုရောက်လာရင်း အဝတ်လဲခန်းထဲမှာ Tsukasa Akeuraji ဆိုတဲ့ လူနဲ့တွေ့ပါလေရော။ Tsukasa ကလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်တော် ရေခဲပြင်စကိတ်သမားဖြစ်ဖို ဝါသနာထုံခဲ့သူဖြစ်ပေမယ့် အခြားသူတွေနဲ့ယှဉ်ရင် အလယ်တန်းရောက်မှ စတင်ခဲ့ရတာပါ။ ဒါပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် စကိတ်စီးတာကိုရပ်နားခဲ့ပြီး ရေခဲပြင်စကိတ်ကလပ်တစ်ခုရဲ့ လက်ထောက်နည်းပြလုပ်ဖို ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ Inori ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး အဲဒီကလေးမလေးက သူလက်ထောက်နည်းပြလုပ်မယ့်ကလပ်ကို ရောက်လာခဲ့ပါရော။ Inori ရဲ့အမေက သူ့သမီးကို ရေခဲပြင်စကိတ်စီးတယ်ဆိုတာ ၅ နှစ်လောက်ကတည်းက စသင့်တာဖြစ်ပြီး အခုအချိန်မှလုပ်ရင် မဖြစ်နိုင်တော့ကြောင်း အခြားကလေးတွေနဲ့ယှဉ်ပြနေတာကို တွေ့လိုက်ရတော့ Tsukasa တစ်ယောက် သူကိုယ်တိုင် Inori ရဲ့ နည်းပြအဖြစ်လုပ်ပေးပါ့မယ်၊ ကလေးကို စကိတ်စီးခွင့်ပေးပါဆိုပြီး Inori ရဲ့အမေကို တောင်းဆိုခဲ့ပါတယ်။ ဒီ‌တော့ Inori ရဲ့ အမေကရော Inori ကို ရေခဲပြင်စကိတ်စီးဖို ခွင့်ပြုပေးမှာလား? သူများတွေနဲ့ယှဉ်ရင် အများကြီးနောက်ကျမှစတင်ခဲ့တဲ့ Inori ကရော စကိတ်စီးခွင့်ရပြီး နည်းပြဖြစ်သူ Tsukasa နဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်သွားနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Hanasaku Iroha: Blossoms for Tomorrow

Review 🖥
Ohana Matsumae ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ တိုကျိုမှာနေပြီးအလွန်ဆိုးသွမ်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ Ohana အမေကမုဆိုးမတစ်ယောက်ဖြစ်ပြီး သူဆိုးတဲ့ဒဏ်ကိုမခံနိုင်လို့ နောက်ယောက်ျားနဲ့ခိုးရာလိုက်ပြေးသွားခဲ့ပါတယ်။ နေစရာမရှိတော့တဲ့ Ohana လေးဟာ နယ်မြို့မှာရှိတဲ့ သူ့အဖွားရဲ့ တည်းခိုဆောင်သေးသေးလေးကိုသွားနေရဖို့အကြောင်းဖန်လာပါတယ်။ Ohana ရဲ့အဖွားဟာရှေးရိုးစွဲသူတစ်ယောက်ဖြစ်တာမို့ ဆိုးသွမ်းတဲ့ Ohana လေးကဘယ်လိုတွေခက်ခက်ခဲနေထိုင်ရပြီး ရင့်ကျက်လာမလဲဆိုတာကိုတော့ ဟာသလည်းဆန် ဒရာမာလည်းချိုးရင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်........

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤6🕊1
Hanasaku Iroha the Movie ~ HOME SWEET HOME ~

➤ GENRES: Comedy, Drama, Slice of Life

➤ Full Myanmar Subtitle 🇲🇲

➤ Resolution - 1080p

➤ Review
ဒါလေးက 26 ပိုင်း အရင်ထွက်ထားပါတယ် အတော်လေးလည်း ‌ကောင်းခဲ့ပါတယ် လက်ရာတွေကလည်း သေသပ်သလို Slice Of Life တွေထဲမှာ ဇာတ်လမ်းက လူကို ဆွဲခေါ်သွားနိုင်တဲ့ထဲက တကားပါ 2011မှာတုန်းက Serie အနေနဲ့ အရင်ထွက်ခဲ့တာဖြစ်ပြီး 2013မှာ Movie ထွက်ခဲ့တာပါ

Serie မကြည့်ပဲ Movieကြည့်ရင်အဆင်ပြေလားဆိုတော့ ပြေတာပေါ့

ဒီMovie လေးမှာဆိုရင်တော့ဖြင့် Ohana ဆိုတဲ့ကောင်မလေးတယောက်က သူ့အဖွားပိုင်တဲ့ Kissuisou ရေပူစမ်းမှာ အလုပ်လုပ်ပါတယ် တရက်မှာတော့ ‌ပြိုင်ဘက်တယောက်ဖြစ်တဲ့ Yunia က ရေပူစမ်းကိုလာခဲ့ပါတယ် ‌‌ပိုင်ရှင်အဖြစ် နေတတ်အောင်လေ့ကျင့်ချင်လ⁠⁠⁠ပါ Ohana က သူလေ့ကျင့်တာကိုစောင့်ကြည့်နေရင်းနဲ့ စတိုခန်းထဲမှာ ပစ္စည်းတခုကိုတွေ့ခဲ့ပါတယ် ဘာလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ

ဇာတ်လမ်းမှာ ကောင်မလေးတွေ အသားပေးပါသလို ပေါ့ပေါ့ပါးပါးလေးနဲ့ရီစရာလည်းကောင်းပါတယ် ဦးနဲ့သမီးဇာတ်လမ်းဆိုလားပဲ ဟိဟိ ဇာတ်လမ်းအစမှာတင် ခပ်လန်းလန်းလေးနဲ့ စထားတာဖြစ်ပြီး အထီးအမ မရွေးကြည့်သင့်တဲ့ Movieကောင်းလေးပါ


➤ Movie Link
➤
https://t.me/Anime4u_byAoi/1715

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/IuXmYqqKGB4zNTM1
❤5
[🇯🇵] Shinjiteita Nakamatachi ni Dungeon Okuchi de Korosarekaketa ga Gift "Mugen Gacha" de Level 9999 no Nakamatachi wo Te ni Irete Moto Party Member to Sekai ni Fukushuu & "Zamaa!" Shimasu!
[🇺🇸] My Gift Lvl 9999 Unlimited Gacha: Backstabbed in a Backwater Dungeon, I'm Out for Revenge!

Review
🖥
နတ်ဘုရားက မျိုးနွယ် ၉ ခုကို ဖန်ဆင်းပေးခဲ့ပြီး လူသားမျိုးနွယ်ကတော့ အားအနည်းဆုံး အလှောင်ခံရဆုံးပါ။ Light ဆိုတဲ့ လူသားကောင်လေးဟာ မျိုးနွယ် ၉ ခုလုံးပါတဲ့ Party ကို ကံကောင်းစွာနဲ့ ဝင်ခွင့်ရသူပေါ့။ ဒါပေမဲ့ သူ့ရဲ့ပျော်ရွင်မှုဟာ ရေရှည်မခံခဲ့ပါဘူး။ အကြီးဆုံး အန္တရာယ်အများဆုံး Dungeon ဖြစ်တဲ့ "Abyss'' မှာ ပါတီဝင်တွေရဲ့သစ္စာဖောက်ခြင်း ခံလိုက်ရပါတော့တယ်။ Abyss ရဲ့ ဟိုးအောက်ဆုံးကနေ ရှင်သန်အောင်ကြိုးစားရင်း သူ့မှာရှိတဲ့ Gift ''အကန့်အသတ်မဲ့ Gacha'' ရဲ့ အစွမ်းအစစ်ကို နားလည်သွားတဲ့အခါမှာ​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤5
SANDA

Review
🖥
နိုင်ငံအတွင်း ကလေးမွေးနှုန်း ကျဆင်း လာလို လူ့အဖွဲအစည်းဟာ ကျန်ရှိနေတဲ့ ကလေးတွေကို အဖိုးမဖြတ်နိုင်တဲ့ ရတနာလို သဘောထားပြီးသူတိုရဲ့ လူငယ်ဘဝနဲ့ အပြစ်ကင်းစင်မှုကို ကာကွယ်ဖို အစိုးရရဲ့ စည်းကမ်း မူဝါဒတွေ အများကြီးချမှတ်ထားပါတယ်။ ဒါ့ကြောင့် ခရစ္စမတ်နဲ့ Santa Claus ဆိုတာလည်း တဖြည်းဖြည်းပျောက်ကွယ်လာပါပြီ
Kazushige Sandaဆိုတဲ့ ကျောင်းသားလေးဟာသူက Santa Clausရဲ့မျိုးဆက်ဖြစ်နေတာသိသွားပြီး ခရစ်စမတ်ဘိုးဘိုးပုံပြောင်းကာ လိုက်ဗျင်းပါတော့တယ်
အကာအကွယ်လွန်နေတဲ့ လူကြီးတွေကြောင့်လူငယ်တွေ ကိုယ့်လမ်းကိုယ် မဖောက်နိုင်တော့တဲ့သဘောကို အက်ရှင်ခန်းအပြည့်နဲ့ ကြည့်ရမှာပါ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇺🇸] Alma-chan Wants to Be a Family!
[🇯🇵] Alma-chan wa Kazoku ni Naritai

Review
🖥
ဉာဏ်ကြီးရှင်သိပ္ပံပညာရှင်နှစ်ဦးဖြစ်ပေမယ့် အသိအမှတ်ပြုမှု နည်းပါးနေတဲ့ Enji နဲ့ Suzume တို တည်ဆောက်ထားတဲ့ Alma ဟာ ကိုယ့်ဘာသာကိုယ် သင်ယူနိုင်တဲ့ အဆင့်မြင့်ဆုံး AI ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုပဲ ရှိပါတယ်။ သူက ဟိုနှစ်ယောက်ကို သူ့မိဘတွေလို ထင်နေတာပါ။
အခုလို မထင်မှတ်ဘဲ ပူးတွဲမိဘအဖြစ် တာဝန်ယူရတဲ့ သူတိုနှစ်ဦးဟာ အစပျိုးလာတဲ့ ရိုမန့်တစ်ဆန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားရင်း မိသားစုဘဝ ဆိုတဲ့ ရှုပ်ထွေးလွန်းတဲ့ စမ်းသပ်မှုကြီးကို ရင်ဆိုင်ရပါတော့မယ်!

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1

ကြော်ငြာကိစ္စများအတွက် -
@Utenaisbusy
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇺🇸] Hero Without a Class: Who Even Needs Skills?!
[🇯🇵] Mushoku no Eiyuu: Betsu ni Skill nanka Ira Nakattan Daga

Review
🖥
သင့်မိသားစုဟာ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး အထဋ်အထိပ်မှာရပ်တည်နေတယ်ဆိုပါစို။ သင်ဟာတော့ ဘာအစွမ်းမှမရှိတဲ့ အမှိက်သခင်လေးအဖြစ်နဲ့ ဘဝကိုစတင်ရမယ်ဆိုရင် ဘာတွေဆက်လုပ်ဖြစ်မလဲ? MC တိုရဲ့ကမ္ဘာမှာတော့ လူတိုင်းကို အသက် 10 နှစ်ပြည့်တာနဲ့ အစွမ်းတွေ ကိုယ်စီရရှိလာကြပါတယ်။ ဒါပေမယ့် Arel ဆိုတဲ့ကောင်လေးကတော့ နာမည်ကြီး ဓားသူရဲကောင်း Fara နဲ့ မှော်ဘုရင် Leon တိုရဲ့ သားဖြစ်ပေမယ့် အသက်ကြီးလာတဲ့အထိ ဘာအစွမ်းမှမရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ Arel တစ်ယောက် ဘာစွမ်းအားမှမရှိပဲ သူ့ရဲ့ကြိုးစားမှုနဲ့သာ အခက်အခဲတွေကို ကျော်ဖြတ်ဖို ရုန်းကန်ရပါ​တော့တယ်။ ​Arel တစ်​​ယောက် ရှေ့ဆက်ပြီး ဘယ်လိုခရီးလမ်း​တွေကို ​​လျှောက်လှမ်းရမလဲဆိုတာက​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2🐳1
[🇺🇸] Cosmic Princess Kaguya!
[🇯🇵] Chou Kaguya-hime!

➤ GENRES: Action, Comedy, Drama, Fantasy, Music, Sci-Fi
➤ Full Myanmar Subtitle 🇲🇲
➤ Resolution - 1080p


➤ Review

Kaguya ဆိုတာ ဂျပန်နာမည်ကျော် ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ ဝါးခုတ်သမား အဘိုးအိုကနေ ထူးဆန်းတဲ့ဝါးပင်ကိုတွေ့ရင်း ဖြတ်လိုက်တော့ လူသေးသေးလေး ကောင်မလေးကိုတွေ့ပြီး မွေးစားခဲ့တဲ့ ဇာတ်လမ်းမျိုးပေါ့။ ဒီထဲမှာကျ ဒါကို တစ်မျိုးဆန်းသစ်ထားတယ်။ Iroha ဆိုတာက မိဘအိမ်ကနေဆင်းလာပြီး ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ ဘဝကို ရုန်းကန်နေရသူ ၁၇ နှစ်အရွယ်ကောင်မလေး။ အဲဒီမှာ တစ်ည အိမ်ကိုပြန်လာနေတုန်း ဓာတ်တိုင်ကြီးကထူးဆန်းနေလို သွားကြည့်လိုက်တာ ကလေးလေးတစ်ယောက်ကို သွားတွေ့ပြီး အိမ်ကိုခေါ်လာ မွေးစားဖိုဖြစ်လာရော။ ဒါပေမဲ့ ဒင်းကလေးက ညတွင်းချင်းပဲ ရွယ်တူလောက်ဖြစ်လာပြီး သူ့ကိုယ်သူ လပေါ်ကလာတဲ့ မင်းသမီးလေး Kaguya ပါဆိုပြီး Iroha အိမ်မှာကပ်နေ ကပ်စား ဒုက္ခတွေပေးပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဒီတိုင်းဆက်နေရင်း မဖြစ်တော့ဘူးဆိုပြီး Kaguya သွားနေကြ VR ကမ္ဘာထဲကိုခေါ်ပြီး ငွေအပိုလေး ဘာလေးရအောင် ကြံစည်ကြမယ်ဆိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဖန်သားပြင်မှာ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်...


➤ Movie Link
➤
https://t.me/Anime4u_byAoi/1741

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/IuXmYqqKGB4zNTM1
❤4
Violet Evergarden

Review
🖥
"ငါနင့်ကိုချစ်တယ်"
ဒီရိုးရှင်းလွန်းလှတဲ့ စကားလေးရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့တဲ့ သူမတစ်ယောက်။ ငယ်စဉ်ကတည်းက ရှေ့တန်းကိုလိုက်ပြီး တောက်တိုမယ်ရအကုန်လုပ်ပြီး ဗိုလ်ကြီးရဲ့ လည်စွဲလေးလို ဆိုရတဲ့ထိ လက်ကိုင်တုတ်လေးလိုဆိုရတဲ့အထိ ရှေ့တန်းစစ်မြေပြင်မှာ အန္တရာယ်တွေကြား ရှင်သန်လာတဲ့ သူမတစ်ယောက်။ ဗိုလ်ကြီးရဲ့အမိန့်ကလွဲရင် ဘယ်အရာမှမသိတဲ့ သူမတစ်ယောက် နောက်ဆုံးစစ်မြေပြင်မှာ ဗိုလ်ကြီးကမှာခဲ့တဲ့ သူမဟာ Evergarden မိသားစုကြီးက ခေါ်ယူမွေးစားခဲ့တယ်။ ဗိုလ်ကြီးမှဗိုလ်ကြီး ဖြစ်နေတဲ့သူမ၊ လက်နှစ်ဖက်လုံးဆုံးရှုးသွားတဲ့သူမဟာ "ငါနင့်ကိုချစ်တယ်" ဆိုတဲ့စကားလေးရဲ့ အဓိပ္ပါယ်ကို သိလိုချင်စိတ်ပြင်းပြလွန်းတဲ့နောက် Auto Memory Doll လိုခေါ်တဲ့ အလိုအလျောက်မှတ်ဉာဏ် doll ဆိုတဲ့ စာပိုစာယူထက်ကိုပိုလွန်တဲ့ သူတိုခေတ်ရဲ့ စကားတွေကို မိမိလိုရာသူဆီ စာရေးပိုပေးတဲ့ Doll service မှာ သူမဟာ စကားလုံးတွေရဲ့ လေးနက်မှုအဓိပ္ပါယ်ကိုသိချင်လိုစိတ်ပြင်းပြစွာနဲ့ ဝင်ရောက်အလုပ်လုပ်ရာကနေ နောက်ဆုံး အတော်ဆုံး Doll လေးဖြစ်လာမှာကိုမြင်ရမှာပါ။

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤11😭2
[🇯🇵] Haite Kudasai, Takamine-san
[🇺🇸] Please Put Them On, Takamine-san

Review
🖥
ကျောင်းကောင်စီ ဥက္ကဌ Takane Takamine ဟာ နာမည်ကြီးတဲ့ကောင်မလေးဖြစ်ပြီး Koushi Shirota ကတော့ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ အဲ့ဒီအရာဟာ တစ်နေ့မှာပြောင်းလဲခဲ့လေရဲ့၊ အကြောင်းကတော့ Takane ဟာ အတွင်းခံကိုလဲဝတ်လိုက်ရင် အချိန်နောက်ဆုတ်နိုင်တယ်ဆိုတဲ့ အစွမ်းရှိတယ်ဆိုတာကို Koushi ဆိုတဲ့ကောင်လေး သိလိုက်ရလိုပါ။ အကြောင်းကိစ္စအချိုကြောင့် Takane ဟာ Koushi ကို သူ့အတွက် အတွင်းခံအပိုတွေ သယ်ပေးတဲ့လူဖြစ်ပေးဖို တောင်းဆိုခဲ့လေရဲ့၊ ဒီလို ထူးဆန်းတဲ့ဆက်ဆံရေးလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇺🇸] Insomniacs After School
[🇯🇵] Kimi wa Houkago Insomnia

Review
🖥
နက္ခတ္တဗေဒ အသင်းအဖွဲဝင်တစ်ယောက် သေဆုံးသွားတာကြောင့် အဲ့အသင်းထဲမှာ သရဲရှိတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လာခဲ့ပါတယ်။ စိတ်ဆိုးလွယ်ပြီး အိပ်မပျော်တဲ့ရောဂါရှိတဲ့ Ganta Nakami တစ်ယောက် ဘဝကိုခပ်ပေါ့ပေါ့လေးနေတတ်တဲ့ Isaki Magari နဲ့ နက္ခတ္တဗေဒ အသင်းရဲ့ စွန့်ပစ်အဆောက်အဦးတစ်ခုမှာ မမျှော်လင့်ဘဲတွေ့ဆုံခဲ့ကြလေတယ်။ နှစ်ယောက်သား မဖြစ်နိုင်တဲ့ ခင်မင်ရင်းနှီးမှုကိုရခဲ့ပြီး အဲ့နက္ခတ္တဗေဒ အသင်းရဲ့ စွန့်ပစ်အဆောက်အဦးကို သူ့တိုနှစ်ယောက် ထိတွေ့ဖို ကိုယ်ပိုင်နေရာလေးအဖြစ် သုံးခဲ့လေတယ်။

ဒီကားလေးမှာတော့ အိမ်မပျော်တဲ့ရောဂါရှိတဲ့ Nakami နဲ့ Magari တို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမရင်း အိပ်မပျော်တဲ့ရောဂါကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှုတွေကို နှစ်ယောက်သားအတူ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ​ဆင်ဂယ်အ​ပေါင်းတို စောင်ကိုက်ရင်းကြည့်ရမှာပဲဖြစ်ပါတယ်...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2
[🇺🇸] Imouza: My Friend's Little Sister Has It In for Me!
[🇯🇵] Tomodachi no Imouto ga Ore ni dake Uzai

Review
🖥
ချစ်စရာကောင်မလေးတွေဟာ ပုရိသ ယောင်္ကျားလေးတွေကို စနောက်ကလူကျီစယ်ရင်းနဲ့ သဘောကျနေကြောင်းကို ဖွင့်ဟပြသတတ်ပါတယ်။ Akiteru ဆိုတဲ့ လူပျိုလေးကတော့ ဒီလိုမျိုး စနောက်ကလူတတ်မှန်းကို မသိခဲ့တဲ့ လူရိုးလေးတစ်ယောက်ပါ။ သူဟာ ရည်းစားတောင်မထားဖူးပဲ ရိုးသားတဲ့ဖိုးသခွားလေး ဖြစ်ခဲ့တာမလို သူ့သူငယ်ချင်းရဲ့ညီမလေးက သူ့ကိုသဘောကျနေပုံပေါ်တာကို သတိမထားမိဘူးပေါ့ဗျာ။ ဒီလိုကနေ ဘာတွေဆက်ဖြစ်ပြီး ဘာ​တွေကလူကျီစယ်ကြဦးမလဲဆိုတာ ကြည့်ရမှာပါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
Uzumaki (2024)

Review 🖥
Kurouzu-cho ဆိုတဲ့မြို့မှာ Kirie Goshima ဟာသူမရဲ့ မိသားစုနဲ့ ပုံမှန်ဘဝလေးကို နေထိုင်နေတယ်။တစ်ရက်တော့သူမရဲ့ ကောင်လေး Shuuichi Saito နဲ့တွေ့ဖို့ ဘူတာကိုသွားတဲ့အချိန် သူမကောင်လေးရဲ့ အဖေဟာ လမ်းကြားထဲမှာ ခရုပတ်ကို စိုက်ကြည့်နေတာကို တွေ့ခဲ့ရတယ်။Shuuichi ကအခုတစ်လော သူ့အဖေထူးထူးဆန်းဆန်းပြုမူနေတဲ့ အကြောင်းကိုပြောတော့ သူမဟာစကားစပ်မိရင်း သူ့အဖေလမ်းကြားထဲမှာ ခရုပတ်ကို စိုက်ကြည့်နေတဲ့အကြောင်းပြန်ပြောခဲ့တယ်. Shuuichi က Kirie အတူမြို့ကနေထွက်ချင်ကြောင်း၊ဒီမြို့မှာ ခရုပတ်ရောဂါ ကူးစက်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့တယ်။မကြာခင်မှာပဲ သူ့အဖေ ခရုပတ်ကို စွဲလမ်းတဲ့ကိစ္စဟာ အန္တရာယ်ကြီးမားလာခဲ့တယ်။ရှင်းပြမနိုင်တဲ့ ဆိုးရွားတဲ့ မတော်တဆကွင်းဆက်တွေဟာ များပြားလာပြီး Kurouzu-cho မှာနေထိုင်တဲ့သူ‌တွေကို ခရုပတ်တွေဟာ ရူးသွပ်လောက်တဲ့အထိ တွန်းပို့ခဲ့တယ်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ဇာတ်လမ်းလေးမှာဲည့်လိုက်ကြရအောင်

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
[🇯🇵] Vanitas no Carte
[🇺🇸] The Case Study of Vanitas

Review
🖥
ဟိုးအရင်တုန်းက အများနည်းတူ ကြက်သွေးရောင် လရောင်အောက်မှာမဟုတ်ဘဲ အပြာရောင် လရောင်ရဲ့အောက်မှာမွေးဖွားလာလို့ မျိုးနွယ်တူတွေရဲ့ မုန်းတီးပစ်ပယ်ခြင်းကို ခံခဲ့ရတဲ့ Vanitas ဆိုတဲ့ vampire တစ်ယောက်ရှိပါတယ်။ ဒီလိုမျိုး အထီးကျန်မှု၊ အမုန်းတရားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတဲ့ Vanitas က vampire မျိုးနွယ်တွေကို လက်စားချေဖို့အတွက် The book of Vanitas အမည်ရတဲ့ မှော်စာအုပ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ ရာစုနှစ်ကို ရောက်လာတဲ့အခါမှာတော့ Noé Archiviste ဆိုတဲ့ vampire လူငယ်လေးတစ်ယောက်က ဆရာဖြစ်သူရဲ့ ခိုင်းစေချက်အတိုင်း The Book of Vanitas ဆိုတဲ့ စာအုပ်ကိုရှာဖွေဖို့ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ပါရီမြို့ကို ရောက်လာပြီးတဲ့နောက် မထင်မှန်ဘဲ သူလိုက်ရှာနေတဲ့စာအုပ်နဲ့ အမည်တူ လူတစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ကို ပိုပြီးအံ့သြသွားစေတာက အဲဒီလူက The book of Vanitas ကို အသုံးပြုပြီးတော့ စိတ်ရိုင်းဝင်သွေးဆာနေတဲ့ Vampire တွေကို ကုသပေးနေတဲ့ Vanitas အမည်ရှိ လူသားဆရာဝန်တစ်ယောက် ဖြစ်နေတာပါပဲ။ Noé တစ်ယောက် vampire တွေကို ကုသပေးနေတဲ့ Vanitas ကို ကူညီပေးရင်း ဒီသွေးဆာမှုတွေရဲ့နောက်ကွယ်မှာ Charlatan ဆိုတဲ့ အမည်မသိအဖွဲ့အစည်းတစ်ခုနဲ့ ဆက်စပ်မှုရှိ​နေကြောင်း သိလိုက်ရပါတယ်။ ဆရာဖြစ်သူရဲ့အမိန့်အရ စာအုပ်ကိုလိုက်ရှာနေတဲ့ Noé တစ်ယောက် Vampire လောကရဲ့အရှုပ်အထွေးတွေနဲ့ ပတ်သက်မိပြီး ဖြေရှင်းရပုံတွေကို ကြည့်ရှုရင်း ၁၉ ရာစုနှစ် ပါရီမြို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်...


Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1

#crd_review
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Forwarded from Mahar Official Channal
❗️❗️❗️❗️တွေရှိတဲ့နေရာကိုရှာနေလား ❔

💲ဘူဖေးပေးသလို ဘောနပ်တွေများရီးနဲ့
ဆိုက်ကိုရှာနေလား❔

⬇️ရှုံးလည်းရှုံးတယ်ဘာမှပြန်မရလို့စိတ်ညစ်နေတဲ့ကိုကိုတို့တွက် ⬇️

🅰️🅰️🅰️🅰️🅰️ Gamming Site ကြီးရှိပါတယ်ရှင့်💗

❗️❗️❗️❗️❗️🧂⚽️🏀🏈⚾️🥎🎾🏐
🌐 ❗️❗️❗️09783369865

❗️❗️❗️❗️❗️ 👉 viber://pa?chatURI=queen369 👈🏻

🌐❗️❗️❗️❗️ @M9AsiaMahar

❗️❗️❗️❗️❗️👉https://t.me/infinityslotbot 👈🏻


⭐️မန်ဘာသစ် 💜💜💜🤍

⭐️နေ့စဉ်ဘောနပ်🤍💜💜🤍

⭐️မိတ်ဆက်ဘောနပ်💜💜🤍

⭐️အထူးဘောနပ်💜💜🤍

⭐️ကာစိနိုဘောနပ်🤍💜🤍

⭐️နေ့စဉ်ရှုံးကြေး ဘောနပ်🤍🤍အပြင်

❗️❗️❗️❗️နေ့အပတ်စဉ်တိုင်း ကာကာတို့ကစားထားတဲ့ Turnover(ကြိမ်ရေ)ကို 🔢❎🔢ကော်မရှင်ပြန်ပေးသွားမှာပါရှင့်⭐️
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇯🇵] Boku no Hero Academia
[🇺🇸] My Hero Academia

Review
🖥
တော်တော်များများလဲသိပြီးသားဖြစ်မှာပါ မသိသေးတဲ့လူတွေအတွက် ဇာတ်လမ်းအကြောင်းလေးပြောပြရမယ်ဆိုရင် ဒီ anime series ကမ္ဘာမှာလူအများစုကမွေးကတည်းက ကိုယ်ပိုင်စွမ်းအား(quirk) တွေနဲ့မွေးဖွားလာကြပါတယ် အဲ့ quirk တွေကိုတချို့ကဓားပြတိုက်ရမ်းကားဖို့အတွက်သုံးလာကြပါတယ် အဲ့လိုလူတွေကိုဖမ်းဆီးမဲ့ hero ဆိုတဲ့အလုပ်ဟာပေါ်ပေါက်လာခဲ့ပါတယ် ကျနော်တို့ရဲ့ mc ကတော့ no 1 hero all might ကိုအားကျနေသူတစ်ယောက်ဖြစ်ပြီးတော့ သူ့အိမ်မက်က‌တော့ no 1 hero ကြီးဖြစ်လာဖို့ပါ ဒါမယ့် သူကတော့မွေးကတည်းက quirk မပါလာခဲ့ပါဘူး
တစ်နေ့မှာတော့သူအားကျရတဲ့ All might နဲ့တွေ့ဆုံရာကနေ အစွမ်းတွေရလာဖို့အကြောင်းဖန်လာပါတယ် ဒါမယ့်အဲ့အစွမ်းတွေကသူထင်သလောက်မရိုးရှင်းဘူးဆိုတာသိပြီးနောက်မှာတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ‌villain တွေ mystery တွေကိုဘယ်လိုဖြေရှင်းတိုက်ခိုက်သွားမလဲဆိုတာ action, fantasy, school ဆန်ဆန်လေးကြည့်ရမှာပါ ဇယတ်လမ်းအဆုံးထိ end သွားပြီဖြစ်ပြီး ထွက်ပြီးသမျှ movie, ova တွေပါစုတင်ပေးထားတာကြောင့် မကြည့်ရသေးရင်ကြည့်ကြည့်ဖို့ recommend ချင်ပါတယ်ဗျ


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2