Number Eleven Review Channel (Main Channel)
13.4K subscribers
197 photos
172 links
Download Telegram
[🇺🇸] My Status as an Assassin Obviously Exceeds the Hero’s
[🇯🇵] Ansatsusha de Aru Ore no Status ga Yuusha yori mo Akiraka ni Tsuyoi no da ga

Review
🖥
ဒီကားလေးမှာတော့ လုပ်ကြံသူဆိုတာ ဘာလဲကို သေချာပြသမဲ့ကားလေးပါ။ သူရဲ​ကောင်းထက် ပိုအစွမ်းထက်တဲ့ လုပ်ကြံသူ ဘာညာ​​ပေါ့၊ ဇာတ်လမ်းက​တော့ ကျောင်းသားတစ်စုက ရုတ်တရက်အခြားကမ္ဘာကို ဆင့်ခေါ်ခံရပြီးနောက် အဲ့ဒီကမ္ဘာမှာ သူတိုရဲ့စွန့်စားခန်း​တွေကို ကြည့်ရှုရမှာပါ။ အဲ့လိုကနေပြီး သူတိုအ​ပေါ် ဘယ်လိုတာဝန်​တွေ ကျ​ရောက်လာမလဲ? ဘယ်လိုကိုယ်စီအစွမ်း​တွေရရှိလာမလဲ? အခြားကမ္ဘာကို ဆင့်​ခေါ်ခံလိုက်ရတဲ့ အ​ကြောင်းရင်းမှန်က​​ရော ဘာဖြစ်မလဲ? MC က OP ဖြစ်တာကြိုက်တဲ့သူ​တွေအတွက် လက်မလွှတ်သင့်ပါ​ကြောင်း...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤4
[🇺🇸] Scooped Up by an S-Rank Adventurer!
[🇯🇵] Yuusha Party wo Tsuihou Sareta Shiro Madoushi, S Rank Boukensha ni Hirowareru: Kono Shiro Madoushi ga Kikakugaisugiru

Review
🖥
Lloyd ကတော့ ကြင်နာတတ်ပြီး တခြားသူတွေကိုကူညီတတ်တဲ့ မှော်ဆရာတစ်ဦးပါ။ သူ့ရဲ့မှော်အစွမ်းနဲ့ အဖွဲထဲကလူတွေကို ဆေးကုသပေး၊ ကာကွယ်ပေးလေ့ရှိပြီး လူတွေကတော့ သူ့မှော်ပညာက ဘယ်လောက်အရေးပါလဲမသိခဲ့ပါဘူး။ တစ်နေ့မှာတော့ မတရားသဖြင့် အဖွဲထဲကနေထုတ်ခံလိုက်ရပါတယ်။ သူက အားနည်းပြီး အသုံးမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲဖြစ်ပါတယ်။ Lloyd ကတော့ D အကြီးကြီးဝင်သွားပြီး သူ့ကိုယ်သူတန်ဖိုးမရှိဘူးဆိုကာ စိတ်ဓါတ်ကျလိုနေပါတော့တယ်။ အကြောင်းအရင်းတိုက်ဆိုင်စွာနဲ့ပဲ S-rank စွန့်စားခန်းခရီးထွက်သူတစ်ယောက်နဲ့ သွားဆုံပါတော့တယ်။ Lloyd ရဲ့မှော်ပါရမီအစွမ်းကို သတိထားမိသွားပြီးတော့ သူတိုရဲ့အဖွဲထဲကိုဝင်ဖို ကမ်းလှမ်းလိုက်ပါတယ်။ Lloyd ကလည်း လက်ခံလိုက်ပြီးနောက် ဘယ်လိုအကြမ်းစား စွန့်စားခန်းတွေနဲ့ ကြုံရမလဲ? သူ့ရဲ့စွမ်းအားအစစ်မှန်ကိုလည်း ရှာတွေ့သွားမှာလားဆိုတာ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤5
[🇺🇸] Let This Grieving Soul Retire
[🇯🇵] Nageki no Bourei wa Intai Shitai

Review
🖥
ဒီကား​လေးကတော့ ရတနာသေတ္တာတွေကို ကမ္ဘာတစ်ဝှမ်းရှာဖွေနေကြတဲ့ Treasure Huntersတွေရဲ့ ခေတ်ပေါ့‌ဗျာ။ ဒီကားမှာ MC လည်းဖြစ် ရတနာတွေကို ရှာရတာ ဝါသနာပါတဲ့ Krai Andrey နဲ့ သူ့သူငယ်ချင်းတစ်သိုက်ဟာ အတော်ဆုံး Treasure Hunters တွေဖြစ်ကြရမယ်လို ကတိပြုခဲ့ကြတယ်။ အားလုံးက တဖြည်းဖြည်းစောက်ရမ်းကြမ်းတမ်းပြီး အဆင့်တွေတက်လာကြပေမယ့် Krai Andrey လေးခဗျာကတော့ ဝင်ယောင်နေရုံပဲဖြစ်နေတယ်။ သူ့ဘဝသူသိတဲ့ Krai က နားဖိုကြံတိုင်း သူ့သူငယ်ချင်းတွေရဲ့ သူ့အပေါ်အထင်ကြီးမှုက ပိုပိုများလာတာ သူက clan leader တောင်ဖြစ်ပြီး နိုင်ငံရဲ့အကြမ်းဆုံးအဖွဲဖြစ်လာကြရော။ ကဲ ပိုကြမ်း ပိုနာမည်ကြီးလေ Krai ဟာသူ့အတွက် ပိုအန္တရာယ်များလေမှန်းသိလို အနားယူဖိုကြိုးစားတိုင်း ဖြစ်မလာတဲ့အခါမှာ​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤7❤‍🔥2🍓1
Tougen Anki

Review
🖥
ဟိုးအရင်ရှေးခေတ်ကတည်းက Oni ဆိုတဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုနဲ့ Momotaro ဆိုတဲ့ ကာကွယ်သူမျိုးနွယ်စုဆိုတာ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားခဲ့လို ဒီနေ့ခေတ်ကိုရောက်ရှိနေခဲ့ပါပြီ။ Oni တွေ Momotaro ဆိုတာလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိပေါ့။ အဲဒီမှာ Shiki ဆိုတဲ့ လူဆိုးလူမိုက်လေးက မွေးစားအဖေဖြစ်သူနဲ့ အရက်ဆိုင်လေးဖွင့်ထားပြီး သားအဖနှစ်ယောက် ဘုနဲ့ဘောက်ပေါ့လေ။ ဒီလိုနဲ့တစ်ရက်ကျ ထူးဆန်းတဲ့လူကြီးတစ်ယောက်က Shiki ကို ပလိန်းလာသတ်တဲ့အခါမှာတော့ ဖခင်ဖြစ်သူလည်း ဟန်ဆောင်ဖုံးကွယ်ထားတာတွေ အကုန်အထုပ်ဖြည်ပြီး ရှင်းပြတဲ့အချိန် ကံဆိုးမိုးမှောင်ကျပြီး Shiki တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ? သူ့သရုပ်မှန်ကဘာတွေလဲ? နောက်ကလိုက်သတ်နေတာကရော ဘာအဖွဲအစည်းတွေလဲ? စသဖြင့် မေးခွန်းပေါင်းစုံနဲ့အတူ ရှည်လျားထွေပြားတဲ့ စွန့်စားခန်းခရီးရှည်တစ်ခု ဖြစ်ပေါ်လာတာကို အက်ရှင်အလန်းစားတွေနဲ့ကြည့်ရှုရမှာပါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2
Gachiakuta Season 1

Review
🖥
ဇာတ်လမ်းတည်ဆောက်ထားပုံက ဗဟိုအချက်အချာမှာ လူကုံထံ ချမ်းသာကြွယ်ဝသူတွေနေပြီး မြိုအစွန်ဆုံးတွေမှာကျ ဆင်းရဲသားနင်းပြားတွေကို ဂျာမနီဘာလင်တံတိုင်းလို အုတ်တံတိုင်းကြီးနဲ့ကာထားပြီး သက်သက်ခွဲခြားထားတာပေါ့။ နောက်ပြီး သူတိုနေထိုင်ရာအောက်မှာ မဟူရာအမှောင်ထုကြီးတစ်ခုပဲရှိတယ်။ အဲဒါကို အဆုံးမဲ့တွင်းကြီးလိုခေါ်ပြီး ကြီးလေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆင်းရဲသားရပ်ကွက်အစွန်ကနေ အဲဒီတွင်းထဲကို ပစ်ချပြီး သေဒဏ်ပေးလေ့ရှိတာမျိုး။ လူနေနေ အရာဝတ္ထုနေ​နေ အမှိက်သရိုက်အဖြစ် အဆက်ဆံခံရပြီး ဧရာမအမှိက်ပုံကြီးထဲ ပစ်ချခံလိုက်ရတာပေါ့လေ။ အဲဒီမှာ MC ဖြစ်တဲ့ Rudo ဆိုတဲ့ကောင်လေးက လူချမ်းသာတွေရဲ့အမှိက်ပုံတွေကို ခိုးယူမွှေနောက်ပြီး ပစ္စည်းအစုတ်လေးတွေပြန်ပြင်ကာ စားဝတ်နေထိုင်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးစားနေသူတစ်ယောက်။ ဆင်းရဲသားနင်းပြားချင်းအတူတူတောင် အမှိက်စော်နံလိုဆိုပြီး အနှိမ်ခံရတဲ့ကောင်လေး။ နာကျင်စရာ နောက်ခံအတိတ်ရှိပြီး မွေးစားအဖေဖြစ်သူနဲ့ အတူတူနေထိုင်ပြီး ချစ်ရတဲ့ သူငယ်ချင်းကောင်မလေးတစ်ယောက်လည်းရှိတယ်။ ဒီလိုမျိုးလေး သူ့ဘဝလေးသူ အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ Rudo တစ်ယောက် သူ မကျူးလွန်တဲ့ ပြစ်မှုတစ်ခုအတွက် အဆုံးမဲ့တွင်းကြီးထဲကို ပစ်ချခံရဖို ဖြစ်လာတဲ့အခါမှာတော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤6
Chainsaw Man (Chainsawman)

Review
🖥
အကြွေးတွေပတ်လည်ဝိုင်းပြီး မသေရုံတမယ် စားသောက်ပြီး အသက်ရှင်နေရတဲ့ Denji ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်။ သူ့မှာ ဖခင်ချန်ခဲ့တဲ့ အကြွေးတွေဆပ်ရင်း တစ်ရက်ကို ပေါင်မုန့်တစ်ချပ်လောက်စားရဖိုအရေး ရုန်းကန်လှုပ်ရှားနေရသူပါ။ တစ်ရက်မှာတော့ သူ့ဘ၀ထဲကို Pochita လိုခေါ်တဲ့ Devil Pet လေး တစ်ကောင်စရောက်လာပြီး အတူတူ မကောင်းဆိုးဝါးတွေကို ကြေးစားလိုက်သတ်ရင်း အကြွေးတူတူ ဆပ်ကြတာပေါ့။ တစ်ရက်မှာတော့ Denji ရဲ့ အလုပ်ရှင်က အလုပ်တစ်ခုကို ထပ်အပ်ပါတယ်။ အဲ့ဒီ အလုပ်ကနေ စပြီး Denji ရဲ့ဘ၀ ပြောင်းလဲသွားဖို အကြောင်းဖန်လာခဲ့တဲ့အခါ...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Moonrise

Review
🖥
ခေတ်မှီဖွံဖြိုးနေတဲ့ အနာဂတ်မှာ လူသားတွေက Sapientia လိုခေါ်တဲ့ နိုင်ငံတကာ Ai ကွန်ရက်နဲ့ ကမ္ဘာ့အစိုးရကြီးကို ထူထောင်ထားကြတယ်။ ဒီကွန်ရက်ကြီးနဲ့ လူတွေဟာ ဆုံးဖြတ်ချက်တွေ၊ အမိန့်နာခံမှုတွေ၊ ဘဝငြိမ်းချမ်းမှုနေရာတွေမှာ အေးဆေးအသုံးချပြီး နေထိုင်နေကြတယ်။ ဒါပေမဲ့လဲ လူဆိုတာ အကောင်းအဆိုးဒွန့်တွဲနေတဲ့အတိုင်းပဲ ရာဇဝတ်သားတွေဆိုတာ နေရာတကာရှိမှာပဲ။ ဒါကြောင့် ဒီ Ai ကြီးကိုသုံးပြီး အစိုးရက ကမ္ဘာကြီးငြိမ်းချမ်းဖိုအတွက် ရာဇဝတ်သားတွေကို လကမ္ဘာပေါ်ပိုပြီး Sapientia ရဲ့ လကမ္ဘာဖွံဖြိုးရေးစီမံကိန်းကြီးကို လုပ်ဆောင်ကြတယ်။ ဒီ‌လိုလုပ်‌တာကြာလာတော့ လကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုတွေ ကြပ်တည်းလာပြီး Moon လိုခေါ်တဲ့ ပုန်ကန်သူတွေပေါ်လာတော့တယ်။ ဒီမှာ ကျွန်​တော်တိုရဲ့ Mc ဖြစ်တဲ့ Jacob “Jack” shadow က Moon သူပုန်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုထဲမှာ သူ့မိဘ​တွေဟာ ဆုံးပါးသွားရတယ်။ ဒါနဲ့ပဲသူဟာ သူ့မိဘ​တွေအတွက် လက်စားချေဖို ကမ္ဘာ​မြေရဲ့တပ်အင်အားစုထဲဝင်ပြီး ကင်းထောက်အဖြစ်ပါဝင်ခဲ့ရာ မမျှော်လင့်ထားပဲ သူပုန်တပ်ရဲ့ခေါင်းဆောင်ဟာ သူရင်းနှီးနေတဲ့ လူ‌တစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါမှာ​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1
Clevatess: Majuu no Ou to Akago to Kabane no Yuusha

Review
🖥
Ethdiaတိုက်ကြီးရဲ့ မြေပုံအပြင်ဘက်မှာ အနက်ရောင်တွေဖုံးနေပြီး ဘာတွေရှိနေလည်းမသိရပါဘူး။ တိုက်ရဲ့လေးဖက်လေးရံကို သားရဲဘုရင်လေးပါး အသီးသီးအုပ်စိုးထားပြီး တိုက်ထဲက လူတွေအပြင်ကိုမထွက်နိုင်အောင် ပိတ်ပင်ထားကြပါတယ်။လူသားတွေကလည်း သားရဲတွေကိုနှိမ်နင်းဖိုသူရဲကောင်းတွေပေါ်ထွက်လာကြပြီး အဲ့ထဲက Hedenဘုရင်ရဲ့ အသိအမှတ်ပြုတဲ့သူရဲကောင်းတွေဟာ မင်းတန်ဆာလက်နက်ကိုကိုင်ဆောင်ခွင့်ရကာ ဒဏ္ဍာရီထဲက သူရဲကောင်းဖြစ်ဖို သားရဲဘုရင်တွေကို စိန်ခေါ်ရပါတော့တယ်။Clevatess ဟာတောင်ပိုင်းကို အုပ်စိုးတဲ့ လရိပ်သားရဲဖြစ်ပြီး သူ့ပိုင်နက်ကျူးကျော်လာတဲ့လူတွေကို မျိုးဖြုတ်ဖို Heden ထိသွားကာ မြိုကိုဖျက်ပြီးအကုန်သတ်ရင်းက မြိုထဲကပြန်အထွက်မှာ ကလေးတစ်ယောက်ကောက်လာပြီး သားရဲဘုရင်ကြီးရဲ့ လူမသားလေးအား ပျိုးထောင်မှုဇာတ်လမ်း စပါတော့တယ်။ plot ကလဲနုံချာပြီး‌ပေါ"တော"ဖြစ်နေတာ မဟုတ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇺🇸] Bogus Skill <> ~About that time I became able to eat unlimited numbers of Skill Fruits (that kill you)~
[🇯🇵] Hazure Skill «Kinomi Master»: Skill no Mi (Tabetara Shinu) wo Mugen ni Taberareru You ni Natta Ken Nitsuite

Review
🖥
လူတစ်ယောက်က စကေးရတဲ့အသီးကို တစ်ခါပဲစားရုံနဲ့ သက်ဆိုင်တဲ့စကေးကိုရနိုင်တဲ့ကမ္ဘာမှာ Light လိုခေါ်တဲ့လယ်သမားလေးက တိုက်ခိုက်လိုမရတဲ့ "Fruit Master"ဆိုတဲ့စကေးကို ရသွားသောအခါ... မတူကွဲပြားသော စွမ်းရည်များစွာကို ရယူနိုင်တဲ့ ဆင်းရဲသားလယ်သမား​လေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇺🇸] Ruri Rocks
[🇯🇵] Ruri no Houseki

Review
🖥
ပညာလည်းရ Chillလိုလည်းဝမဲ့
Slice of Life ကားကောင်းလေး

Ruriဆိုတဲ့ကောင်မလေးဟာ ကျောက်မျက်တွေကို အရူးအမူးဖြစ်နေပြီး လိုချင်တက်မတ်နေသော်လည်း ပိုက်ဆံက တစ်ပဲခြောက်ပြားတောင်မတတ်နိုင်လို ဆိုင်သွားတိုင်း ကျောက်တွေကိုငေးကြည့်ပြီး ပြန်လာနေကြပါ။ အဲ့လိုနဲ့ တစ်နေ့မှာ သလင်းကျောက်ငေးရင်း မဝယ်နိုင်တော့ ကိုယ်တိုင်ထွက်ရှာဖိုလုပ်ရာကနေ ကျောက်ဖက်ဆိုင်ရာexpertကြီး Nagi-sanနဲ့ တွေ့ပါတော့တယ် အဲ့ကနေပဲ နှစ်ယောက်သား အတူတူ ကျောက်ရှာထွက်ကြရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲ Nagi ဘယ်လိုတွေကလေးထိန်းရမလဲ ဘယ်လိုဗဟုသုတတွေကိုမျှဝေသွားမလဲ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤5
[🇺🇸] The Fated Magical Princess: Who Made Me a Princess
[🇨🇳] Mofa Gongzhu De Xiao Fannao

Review
🖥
Obelia မှော်နိုင်ငံတော်ကြီးမှာ မွေးဖွားလာခဲ့တဲ့ မင်းသမီးလေး Atanasia ဟာ မှော်မသုံးနိုင်ပေမဲ့ သူ့အနာဂတ်ကို အိမ်မက်တွေကနေတဆင့် မြင်သိနိုင်တဲ့ လျှိဝှက်ဆန်းကြယ်စွမ်းအားကို ပိုင်ဆိုင်ထားသူပါ။ မွေးကတည်းကနေ ကြီးပြင်းလာချိန်အထိ အဖေဖြစ်တဲ့ ဘုရင် Claude ရဲ့ အေးစက်စက်ဆက်ဆံခံရပြီး 18 နှစ်မြောက်မွေးနေ့မှာ အဖေဖြစ်သူကပဲ တိုင်းပြည်ကနေ နှင်ထုတ်မဲ့ အနာဂတ်ကို ကြိုမြင်ခဲ့တာကြောင့် သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖိုကြိုးစားရ​တော့မဲ့အခါ... Art တွေ အရမ်းလှတဲ့အပြင် အဆင်တစ်သိုက်လည်း ပါတာမလို ကြည့်ရှုလိုက်ကြပါဦး...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤7🐳1
[🇺🇸] Takopi's Original Sin
[🇯🇵] Takopii no Genzai

Review 🖥
Takopi လို့ခေါ်တဲ့ ရေဘဝဲပုံ ဂြိုလ်သားလေးက စကြဝဠာကိုပျော်ရွှင်မှုတွေဖြန့်ကြန့်ဖို့အတွက် သူ့အိမ်ကနေထွက်လာခဲ့ပြီး ကမ္ဘာပေါ်ကိုအမှတ်မထင်ရောက်ရှိလာပါတယ် ကမ္ဘာမြေကိုရောက်လာတဲ့အချိန်မှာ Shinzuka ခေါ်တဲ့ ကောင်မလေးနဲ့တွေ့ခဲ့ရာမှ အဲ့ကောင်မလေးကိုပျော်ရွှင်အောင်လုပ်ပေးဖို့အကြောင်းဖန်ပါလာတယ် ဒါပေမယ့် Shinzuka ဆိုတဲ့ကောင်မလေးက ဖခင်လဲမရှိ မိခင်ရဲ့ပစ်ပယ်ခြင်းကိုခံရရုံသာမက သူငယ်ချင်းတွေရဲ့ခွဲခြားဆက်ဆံပြီးအနိုင်ကျင့်ခံနေရတာပါ အဲ့တော့ Takopi လေးတစ်ယောက် Shinzuka ကိုပျော်ရွှင်လာအောင်လုပ်နိုင်ပါ့မလား အဲ့လိုပျော်ရွှင်အောင်လုပ်ဖို့ဆိုရင် ဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ကားပါ

ပြီးတော့ပုံကြည့်ပြီးအထင်မသေးပါနဲ့ ပုံနဲ့မလိုက်အောင်ကို deep ပြီး dark တဲ့ကားမျိုးပါ မဖွယ်မရာမြင်ကွင်းတွေအပြင် အထီးကျန်မှုတွေ လွတ်လပ်ချင်စိတ်တွေကို နက်နက်ရှိုင်းရှိုင်းဖော်ပြထားနိုင်ခဲ့တဲ့ Ep 1 နဲ့တင် ဟင်ကနဲ ဟာကနဲဖြစ်ပြီး အတော်လေးခံစားရစေမှာပါ အပိုင်း 6 ပိုင်းအနေနဲ့ထွက်ရှိမှာဖြစ်ပြီး ဒီဇာတ်လမ်းလေးကဝမ်းနည်းကြေကွဲဖွယ်ရာအပြည့်နဲ့ဖြစ်တာကြောင့် အသည်းမာတဲ့သူမဟုတ်ရင် ဇာတ်သိမ်းထိပြီးအောင်ကြည့်နိုင်မှာမဟုတ်ဘူးဆိုပြီးစိန်ခေါ်ထားတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ အားလုံးရောဇာတ်သိမ်းအထိကြည့်နိုင်ကြမယ်လို့ယုံကြည်ချက်ရှိကြလား... မင်မင်နဲ့အတူစိန်ခေါ်ကြည့်လိုက်ကြရအောင်ပါ


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/HhrdUUADtyRkMzdl
Please open Telegram to view this post
VIEW IN TELEGRAM
❤3
Medalist

Review 🖥
Inori Yuitsu ဆိုတဲ့ ငါးတန်းကျောင်းသူလေးဟာ သူ့အစ်မဖြစ်သူ စကိတ်စီးတာကိုကြည့်ပြီး ငယ်စဉ်ကတည်းက ရေခဲပြင်စကိတ်စီးသူ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အစ်မဖြစ်သူကိုယ်တိုင် ရေခဲပြင်စကိတ်စီးရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမို သူ့အမေက Inori ကို စကိတ်စီးဖို လုံးဝခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် Inori က သူကိုယ်တိုင်ပဲ စာအုပ်တွေဖတ်၊ အိမ်နားကစကိတ်ကွင်း​လေးမှာပဲ‌ လေ့ကျင့်ရင်း ကိုယ့်ဘာသာသင်ယူနေရတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရပ်ကွက်ထဲကစကိတ်ကွင်းမှာ လေ့ကျင့်ဖိုရောက်လာရင်း အဝတ်လဲခန်းထဲမှာ Tsukasa Akeuraji ဆိုတဲ့ လူနဲ့တွေ့ပါလေရော။ Tsukasa ကလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်တော် ရေခဲပြင်စကိတ်သမားဖြစ်ဖို ဝါသနာထုံခဲ့သူဖြစ်ပေမယ့် အခြားသူတွေနဲ့ယှဉ်ရင် အလယ်တန်းရောက်မှ စတင်ခဲ့ရတာပါ။ ဒါပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် စကိတ်စီးတာကိုရပ်နားခဲ့ပြီး ရေခဲပြင်စကိတ်ကလပ်တစ်ခုရဲ့ လက်ထောက်နည်းပြလုပ်ဖို ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ Inori ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး အဲဒီကလေးမလေးက သူလက်ထောက်နည်းပြလုပ်မယ့်ကလပ်ကို ရောက်လာခဲ့ပါရော။ Inori ရဲ့အမေက သူ့သမီးကို ရေခဲပြင်စကိတ်စီးတယ်ဆိုတာ ၅ နှစ်လောက်ကတည်းက စသင့်တာဖြစ်ပြီး အခုအချိန်မှလုပ်ရင် မဖြစ်နိုင်တော့ကြောင်း အခြားကလေးတွေနဲ့ယှဉ်ပြနေတာကို တွေ့လိုက်ရတော့ Tsukasa တစ်ယောက် သူကိုယ်တိုင် Inori ရဲ့ နည်းပြအဖြစ်လုပ်ပေးပါ့မယ်၊ ကလေးကို စကိတ်စီးခွင့်ပေးပါဆိုပြီး Inori ရဲ့အမေကို တောင်းဆိုခဲ့ပါတယ်။ ဒီ‌တော့ Inori ရဲ့ အမေကရော Inori ကို ရေခဲပြင်စကိတ်စီးဖို ခွင့်ပြုပေးမှာလား? သူများတွေနဲ့ယှဉ်ရင် အများကြီးနောက်ကျမှစတင်ခဲ့တဲ့ Inori ကရော စကိတ်စီးခွင့်ရပြီး နည်းပြဖြစ်သူ Tsukasa နဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်သွားနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...


Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤4
Hanasaku Iroha: Blossoms for Tomorrow

Review 🖥
Ohana Matsumae ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ တိုကျိုမှာနေပြီးအလွန်ဆိုးသွမ်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ Ohana အမေကမုဆိုးမတစ်ယောက်ဖြစ်ပြီး သူဆိုးတဲ့ဒဏ်ကိုမခံနိုင်လို့ နောက်ယောက်ျားနဲ့ခိုးရာလိုက်ပြေးသွားခဲ့ပါတယ်။ နေစရာမရှိတော့တဲ့ Ohana လေးဟာ နယ်မြို့မှာရှိတဲ့ သူ့အဖွားရဲ့ တည်းခိုဆောင်သေးသေးလေးကိုသွားနေရဖို့အကြောင်းဖန်လာပါတယ်။ Ohana ရဲ့အဖွားဟာရှေးရိုးစွဲသူတစ်ယောက်ဖြစ်တာမို့ ဆိုးသွမ်းတဲ့ Ohana လေးကဘယ်လိုတွေခက်ခက်ခဲနေထိုင်ရပြီး ရင့်ကျက်လာမလဲဆိုတာကိုတော့ ဟာသလည်းဆန် ဒရာမာလည်းချိုးရင်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်........

Anime Link - Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤6🕊1
Hanasaku Iroha the Movie ~ HOME SWEET HOME ~

➤ GENRES: Comedy, Drama, Slice of Life

➤ Full Myanmar Subtitle 🇲🇲

➤ Resolution - 1080p

➤ Review
ဒါလေးက 26 ပိုင်း အရင်ထွက်ထားပါတယ် အတော်လေးလည်း ‌ကောင်းခဲ့ပါတယ် လက်ရာတွေကလည်း သေသပ်သလို Slice Of Life တွေထဲမှာ ဇာတ်လမ်းက လူကို ဆွဲခေါ်သွားနိုင်တဲ့ထဲက တကားပါ 2011မှာတုန်းက Serie အနေနဲ့ အရင်ထွက်ခဲ့တာဖြစ်ပြီး 2013မှာ Movie ထွက်ခဲ့တာပါ

Serie မကြည့်ပဲ Movieကြည့်ရင်အဆင်ပြေလားဆိုတော့ ပြေတာပေါ့

ဒီMovie လေးမှာဆိုရင်တော့ဖြင့် Ohana ဆိုတဲ့ကောင်မလေးတယောက်က သူ့အဖွားပိုင်တဲ့ Kissuisou ရေပူစမ်းမှာ အလုပ်လုပ်ပါတယ် တရက်မှာတော့ ‌ပြိုင်ဘက်တယောက်ဖြစ်တဲ့ Yunia က ရေပူစမ်းကိုလာခဲ့ပါတယ် ‌‌ပိုင်ရှင်အဖြစ် နေတတ်အောင်လေ့ကျင့်ချင်လ⁠⁠⁠ပါ Ohana က သူလေ့ကျင့်တာကိုစောင့်ကြည့်နေရင်းနဲ့ စတိုခန်းထဲမှာ ပစ္စည်းတခုကိုတွေ့ခဲ့ပါတယ် ဘာလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ

ဇာတ်လမ်းမှာ ကောင်မလေးတွေ အသားပေးပါသလို ပေါ့ပေါ့ပါးပါးလေးနဲ့ရီစရာလည်းကောင်းပါတယ် ဦးနဲ့သမီးဇာတ်လမ်းဆိုလားပဲ ဟိဟိ ဇာတ်လမ်းအစမှာတင် ခပ်လန်းလန်းလေးနဲ့ စထားတာဖြစ်ပြီး အထီးအမ မရွေးကြည့်သင့်တဲ့ Movieကောင်းလေးပါ


➤ Movie Link
➤
https://t.me/Anime4u_byAoi/1715

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/IuXmYqqKGB4zNTM1
❤5
[🇯🇵] Shinjiteita Nakamatachi ni Dungeon Okuchi de Korosarekaketa ga Gift "Mugen Gacha" de Level 9999 no Nakamatachi wo Te ni Irete Moto Party Member to Sekai ni Fukushuu & "Zamaa!" Shimasu!
[🇺🇸] My Gift Lvl 9999 Unlimited Gacha: Backstabbed in a Backwater Dungeon, I'm Out for Revenge!

Review
🖥
နတ်ဘုရားက မျိုးနွယ် ၉ ခုကို ဖန်ဆင်းပေးခဲ့ပြီး လူသားမျိုးနွယ်ကတော့ အားအနည်းဆုံး အလှောင်ခံရဆုံးပါ။ Light ဆိုတဲ့ လူသားကောင်လေးဟာ မျိုးနွယ် ၉ ခုလုံးပါတဲ့ Party ကို ကံကောင်းစွာနဲ့ ဝင်ခွင့်ရသူပေါ့။ ဒါပေမဲ့ သူ့ရဲ့ပျော်ရွင်မှုဟာ ရေရှည်မခံခဲ့ပါဘူး။ အကြီးဆုံး အန္တရာယ်အများဆုံး Dungeon ဖြစ်တဲ့ "Abyss'' မှာ ပါတီဝင်တွေရဲ့သစ္စာဖောက်ခြင်း ခံလိုက်ရပါတော့တယ်။ Abyss ရဲ့ ဟိုးအောက်ဆုံးကနေ ရှင်သန်အောင်ကြိုးစားရင်း သူ့မှာရှိတဲ့ Gift ''အကန့်အသတ်မဲ့ Gacha'' ရဲ့ အစွမ်းအစစ်ကို နားလည်သွားတဲ့အခါမှာ​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤5
SANDA

Review
🖥
နိုင်ငံအတွင်း ကလေးမွေးနှုန်း ကျဆင်း လာလို လူ့အဖွဲအစည်းဟာ ကျန်ရှိနေတဲ့ ကလေးတွေကို အဖိုးမဖြတ်နိုင်တဲ့ ရတနာလို သဘောထားပြီးသူတိုရဲ့ လူငယ်ဘဝနဲ့ အပြစ်ကင်းစင်မှုကို ကာကွယ်ဖို အစိုးရရဲ့ စည်းကမ်း မူဝါဒတွေ အများကြီးချမှတ်ထားပါတယ်။ ဒါ့ကြောင့် ခရစ္စမတ်နဲ့ Santa Claus ဆိုတာလည်း တဖြည်းဖြည်းပျောက်ကွယ်လာပါပြီ
Kazushige Sandaဆိုတဲ့ ကျောင်းသားလေးဟာသူက Santa Clausရဲ့မျိုးဆက်ဖြစ်နေတာသိသွားပြီး ခရစ်စမတ်ဘိုးဘိုးပုံပြောင်းကာ လိုက်ဗျင်းပါတော့တယ်
အကာအကွယ်လွန်နေတဲ့ လူကြီးတွေကြောင့်လူငယ်တွေ ကိုယ့်လမ်းကိုယ် မဖောက်နိုင်တော့တဲ့သဘောကို အက်ရှင်ခန်းအပြည့်နဲ့ ကြည့်ရမှာပါ

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤1
[🇺🇸] Alma-chan Wants to Be a Family!
[🇯🇵] Alma-chan wa Kazoku ni Naritai

Review
🖥
ဉာဏ်ကြီးရှင်သိပ္ပံပညာရှင်နှစ်ဦးဖြစ်ပေမယ့် အသိအမှတ်ပြုမှု နည်းပါးနေတဲ့ Enji နဲ့ Suzume တို တည်ဆောက်ထားတဲ့ Alma ဟာ ကိုယ့်ဘာသာကိုယ် သင်ယူနိုင်တဲ့ အဆင့်မြင့်ဆုံး AI ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုပဲ ရှိပါတယ်။ သူက ဟိုနှစ်ယောက်ကို သူ့မိဘတွေလို ထင်နေတာပါ။
အခုလို မထင်မှတ်ဘဲ ပူးတွဲမိဘအဖြစ် တာဝန်ယူရတဲ့ သူတိုနှစ်ဦးဟာ အစပျိုးလာတဲ့ ရိုမန့်တစ်ဆန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားရင်း မိသားစုဘဝ ဆိုတဲ့ ရှုပ်ထွေးလွန်းတဲ့ စမ်းသပ်မှုကြီးကို ရင်ဆိုင်ရပါတော့မယ်!

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1

ကြော်ငြာကိစ္စများအတွက် -
@Utenaisbusy
Please open Telegram to view this post
VIEW IN TELEGRAM
❤3
[🇺🇸] Hero Without a Class: Who Even Needs Skills?!
[🇯🇵] Mushoku no Eiyuu: Betsu ni Skill nanka Ira Nakattan Daga

Review
🖥
သင့်မိသားစုဟာ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး အထဋ်အထိပ်မှာရပ်တည်နေတယ်ဆိုပါစို။ သင်ဟာတော့ ဘာအစွမ်းမှမရှိတဲ့ အမှိက်သခင်လေးအဖြစ်နဲ့ ဘဝကိုစတင်ရမယ်ဆိုရင် ဘာတွေဆက်လုပ်ဖြစ်မလဲ? MC တိုရဲ့ကမ္ဘာမှာတော့ လူတိုင်းကို အသက် 10 နှစ်ပြည့်တာနဲ့ အစွမ်းတွေ ကိုယ်စီရရှိလာကြပါတယ်။ ဒါပေမယ့် Arel ဆိုတဲ့ကောင်လေးကတော့ နာမည်ကြီး ဓားသူရဲကောင်း Fara နဲ့ မှော်ဘုရင် Leon တိုရဲ့ သားဖြစ်ပေမယ့် အသက်ကြီးလာတဲ့အထိ ဘာအစွမ်းမှမရခဲ့ပါဘူး။ ဒီလိုနဲ့ပဲ Arel တစ်ယောက် ဘာစွမ်းအားမှမရှိပဲ သူ့ရဲ့ကြိုးစားမှုနဲ့သာ အခက်အခဲတွေကို ကျော်ဖြတ်ဖို ရုန်းကန်ရပါ​တော့တယ်။ ​Arel တစ်​​ယောက် ရှေ့ဆက်ပြီး ဘယ်လိုခရီးလမ်း​တွေကို ​​လျှောက်လှမ်းရမလဲဆိုတာက​တော့...

Anime Link -
Click Here

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇
👉
https://t.me/addlist/IuXmYqqKGB4zNTM1
Please open Telegram to view this post
VIEW IN TELEGRAM
❤2🐳1
[🇺🇸] Cosmic Princess Kaguya!
[🇯🇵] Chou Kaguya-hime!

➤ GENRES: Action, Comedy, Drama, Fantasy, Music, Sci-Fi
➤ Full Myanmar Subtitle 🇲🇲
➤ Resolution - 1080p


➤ Review

Kaguya ဆိုတာ ဂျပန်နာမည်ကျော် ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ ဝါးခုတ်သမား အဘိုးအိုကနေ ထူးဆန်းတဲ့ဝါးပင်ကိုတွေ့ရင်း ဖြတ်လိုက်တော့ လူသေးသေးလေး ကောင်မလေးကိုတွေ့ပြီး မွေးစားခဲ့တဲ့ ဇာတ်လမ်းမျိုးပေါ့။ ဒီထဲမှာကျ ဒါကို တစ်မျိုးဆန်းသစ်ထားတယ်။ Iroha ဆိုတာက မိဘအိမ်ကနေဆင်းလာပြီး ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ ဘဝကို ရုန်းကန်နေရသူ ၁၇ နှစ်အရွယ်ကောင်မလေး။ အဲဒီမှာ တစ်ည အိမ်ကိုပြန်လာနေတုန်း ဓာတ်တိုင်ကြီးကထူးဆန်းနေလို သွားကြည့်လိုက်တာ ကလေးလေးတစ်ယောက်ကို သွားတွေ့ပြီး အိမ်ကိုခေါ်လာ မွေးစားဖိုဖြစ်လာရော။ ဒါပေမဲ့ ဒင်းကလေးက ညတွင်းချင်းပဲ ရွယ်တူလောက်ဖြစ်လာပြီး သူ့ကိုယ်သူ လပေါ်ကလာတဲ့ မင်းသမီးလေး Kaguya ပါဆိုပြီး Iroha အိမ်မှာကပ်နေ ကပ်စား ဒုက္ခတွေပေးပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဒီတိုင်းဆက်နေရင်း မဖြစ်တော့ဘူးဆိုပြီး Kaguya သွားနေကြ VR ကမ္ဘာထဲကိုခေါ်ပြီး ငွေအပိုလေး ဘာလေးရအောင် ကြံစည်ကြမယ်ဆိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဖန်သားပြင်မှာ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်...


➤ Movie Link
➤
https://t.me/Anime4u_byAoi/1741

တင်သမျှ Anime series, movie  တွေအကုန်ကြည့်ရဖို မင်မင်တို Channel လေးတွေ Join ထားကြနော် 👇

👉 https://t.me/addlist/IuXmYqqKGB4zNTM1
❤4