A Little Mood for Love
ကြိုပြောထားမယ်နော်
ဇာတ်ကားလင့်တောင်းနေကြလို့သာ
တင်ပေးတာ ဒီကားက အစအဆုံး
မရှိပါဘူး 🥹🤌
ဒီတရုတ်ဇာတ်လမ်းတွဲကတော့ မိသားစု၊ အချစ်နဲ့ လူမှုဘဝအကြောင်းကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်
ဒီဇာတ်လမ်းတွဲက အိမ်ထောင်ကွဲပြီးနောက် ဘဝကို ပြန်လည်တည်ဆောက်နေတဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တဲ့ Liu Xiaomin နဲ့ Liu Xiaojie ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးထားတာပါ။
အစ်မဖြစ်သူ Liu Xiaomin ဟာ ပေကျင်းမြို့မှာ နေထိုင်ပြီး ဆေးရုံတစ်ခုမှာ သူနာပြုအဖြစ် အလုပ်လုပ်ပါတယ်။ သူမဟာ အိမ်ထောင်ဟောင်းနဲ့ ကွာရှင်းပြီးနောက် သားဖြစ်သူ Jin Jiajun ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူမဟာ သားဖြစ်သူရဲ့ ဖခင်ဟောင်းနဲ့လည်း အဆင်မပြေတဲ့ ဆက်ဆံရေးတွေ ရှိနေပါသေးတယ်။ တစ်ချိန်တည်းမှာပဲ သူမဟာ Chen Zhuo ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး အချစ်သစ်ကို စတင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက သားသမီးတွေနဲ့ မိသားစုဝင်တွေရဲ့ အတားအဆီးတွေ၊ နားလည်မှုလွဲမှားမှုတွေကြောင့် ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရပါတယ်။
ညီမဖြစ်သူ Liu Xiaojie ကတော့ အစ်မဖြစ်သူနဲ့မတူဘဲ စိတ်ကူးယဉ်ဆန်ပြီး လွတ်လပ်တဲ့ဘဝကို လိုလားပါတယ်။ သူမဟာ လက်ထပ်ပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူနဲ့ သဘောထားမတိုက်ဆိုင်တာကြောင့် ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက်မှာ သူမဟာ အင်တာနက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရင်း အချစ်ရေးအသစ်ကို ရှာဖွေပါတယ်။ သူမရဲ့ အချစ်ရေးခရီးလမ်းကလည်း အတားအဆီးတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ခေတ်သစ်မြို့ပြလူ့ဘောင်မှာ ကြုံတွေ့ရတဲ့ အိမ်ထောင်ရေးကွဲပြားမှုတွေ၊ အချစ်ရေးအခက်အခဲတွေ၊ မိဘနဲ့ သားသမီးဆက်ဆံရေးတွေ၊ မိသားစုဝင်တွေရဲ့ အပြန်အလှန်နားလည်မှုနဲ့ ပံ့ပိုးမှုတွေအကြောင်းကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက လက်တွေ့ဆန်ပြီး ကြည့်ရှုသူတွေရဲ့ စိတ်ခံစားမှုတွေကို လှုပ်ရှားစေနိုင်ပါတယ်။
https://t.me/+iXa-Tfqj1XY5MThl
https://t.me/c/2418195947/672
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤18🥰2
Love Untangled (2025)
ကဲ ကောက်ကောက်လေးလာပါပြီ
ကျွန်တော်တို့ ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားအသစ်လေးကတော့ လူငယ်ဆန်ဆန်
Rom-Com တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Netflix ကနေ အသစ်ထွက်ထားတဲ့
Love Untangled ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Twinkling Watermelon ကားထဲက မင်းသမီး Shin Eun Soo,
Mercy for None ကားထဲက မင်းသား Gong Myung, Study Group ထဲက လူဆိုးကောင်လေး
မင်းသား Cha Woo Min, Welcome to Samdal-ri ထဲက အငယ်ဆုံးသမီးလေး
မင်းသမီး Kang Mina တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း
ရှုပ်ထွေးပွယောင်းကောက်ကွေးနေတဲ့ ဆံပင်အရှည်ကြီး ရှိတဲ့ အသက် ၁၉ နှစ်အရွယ်
အထက်တန်းကျောင်းသူလေး ဘတ်ဆယ်ရီ (Shin Eun Soo) ဟာ ဆိုးလ်က ပြောင်းလာတဲ့
ကျောင်းသား ဟန်ယွန်းဆော့ (Gong Myung) နဲ့ ပူးပေါင်းကာ သူမရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့
“အချစ်စစ်ဆေးရေး”ကို စတင်ဖို့ကြိုးစားပါတယ်။ ဆယ်ရီတစ်ယောက် သူမရဲ့ ဆံပင်အရှည်ကြီးကို
ဖြောင့်ပြီး တစ်ကျောင်းလုံးရဲ့ နာမည်ကြီး ကျောင်းသားလေး ဂင်ဟျွန်း (Chan Woo Min) ကို
ဖွင့်ပြောဖို့အတွက် ကြိုးစားကာ ဘယ်လိုအချစ်စစ်ဆင်ရေးတွေ ဖန်တီးမလဲဆိုတာအပြင်
ဆယ်ရီရဲ့ချစ်ဖို့ကောင်းပြီး တက်ကြွတဲ့အကျင့်စရိုက်တွေကိုပါ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေး
ရိုက်ပြထားတာမို့ ရှုစားကြည့်လိုက်ပါဦးနော်။
https://t.me/+1IU9r_GNKKwxMzU1
https://t.me/c/2949674273/13
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤48🍓3😍2🥰1
ကိုရီးယားဇာတ်ကား အသစ်တွေ
ဘယ်နေ့မှာလာမလဲဆိုတာ
ကြိုသိချင်တယ်🙂↕️
ဘယ်မှာကြည့်ရမလဲဆိုတာလဲ
သိချင်တယ် ဆိုရင်⤵️
https://t.me/+W2INGyItAvFhODc1
ဘယ်နေ့မှာလာမလဲဆိုတာ
ကြိုသိချင်တယ်🙂↕️
ဘယ်မှာကြည့်ရမလဲဆိုတာလဲ
သိချင်တယ် ဆိုရင်
https://t.me/+W2INGyItAvFhODc1
Please open Telegram to view this post
VIEW IN TELEGRAM
❤4😍1
The Nice Guy အစအဆုံး
ကဲခွဲရပါပြီရှင်🫠🤌
https://t.me/Korea_Movie_Mmsub2
https://t.me/Korea_Movie_Mmsub2/3400?single
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤5
The Winning Try အပိုင်း 11
အားကစားဒရမ်မာ ပရိသတ်တွေအတွက် The Frog ထဲက မင်းသားကြီး Yoon Kye-sang,
My Dearest Nemesis ထဲ မင်းသမီး Im Se-mi နဲ့ X1 အဖွဲ့ဝင်ဟောင်း Kim Yo-han တို့ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်း
တစ်ချိန်က ကိုရီးယားရက်ဘီအားကစားရဲ့ မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ဂျူဂါရမ် (Yoon Kye-sang) ဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ နာမည်ပျက်ခဲ့ရတာကြောင့် ကစားသမားအဖြစ်က အနားယူလိုက်ရပါတယ်။ ဒါပေမဲ့ သုံးနှစ်အကြာမှာတော့ ဂျူဂါရမ်ဟာ သူကျောင်းသားဘဝက ကစားခဲ့တဲ့ ဟန်ယန်း အားကစားအထက်တန်းကျောင်းရဲ့ ရက်ဘီအသင်းအတွက် စာချုပ်နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒီအထက်တန်းကျောင်း ရက်ဘီအသင်းကတော့ အားနည်းပြီး အမြဲရှုံးနိမ့်နေတဲ့ အသင်းတစ်သင်းပါ။ ဒါ့ကြောင့် ဂျူဂါရမ်ဟာ သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့ ခေါင်းဆောင်မှုနဲ့ ထူးချွန်တဲ့ အရည်အချင်းတွေနဲ့အတူ အသင်းကို ဦးဆောင်ပြီး အောင်မြင်မှုဆီ တွန်းပို့ဖို့ ကြိုးစားပါတော့တယ်။ ဒါ့အပြင် ဂျူဂါရမ်ဟာ ဒီကျောင်းမှာပဲ သူ့ရဲ့ ၁၀ နှစ်ကြာ ချစ်သူဟောင်းဖြစ်တဲ့ သေနတ်ပစ်အားကစားနည်းပြ ဘယ်ရီဂျီ (Im Se-mi) ကို ပြန်လည်ဆုံတွေ့လိုက်ရတဲ့အခါမှာတော့ သူတို့နှစ်ဦးကြား ဘယ်လိုဇာတ်လမ်းတွေဆက်ဖြစ်လာမလဲ...
ရက်ဘီအသင်းခေါင်းဆောင် ယွန်းဆောင်းဂျွန်း (Kim Yo-han) ဟာလည်း နည်းပြသစ်နဲ့ပူးပေါင်းပြီး အသင်းရဲ့အောင်မြင်မှုအတွက် ဘယ်လိုတွေ ကြိုးစားအားထုတ်သွားမလဲဆိုတာကို... အားကစားရဲ့စိတ်လှုပ်ရှားမှု၊ လူငယ်တွေရဲ့အိပ်မက်၊ အချစ်နဲ့ စိန်ခေါ်မှုတွေကို စိတ်ဓာတ်ခွန်အားပြည့်ဝစွာ ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
https://t.me/Thehauntedpalace_m
https://t.me/Thehauntedpalace_m/3394
Please open Telegram to view this post
VIEW IN TELEGRAM
❤6
"Mary Kills People" အပိုင်း 8
ကုလို့မရတော့တဲ့ ဝေဒနာရှင်လူနာတွေကို သူတို့ရဲ့ဆန္ဒအတိုင်း
နာကျင်မှုကင်းစွာ သေဆုံးနိုင်အောင်
ဆေးထိုး သ-တ်ပြီးတရားမဝင်
လျှို့ဝှက်ကူညီပေးတဲ့ကား
ဒီ K-Drama ဟာ MBC ရုပ်သံလိုင်းကနေ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ၂၀၁၇ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ပြသခဲ့တဲ့ ကနေဒါရုပ်သံဇာတ်လမ်းတွဲ "Mary Kills People" ကို ပြန်လည်ရိုက်ကူးထားတာပါ။
ဒီဇာတ်လမ်းရဲ့ အကျဥ်းချုပ်ကတော့-
"Mary Kills People" ဟာ Woo So-jung (Lee Bo-young) ဆိုတဲ့ အရေးပေါ်ဌာနက ဂုဏ်သိက္ခာရှိတဲ့ ဆရာဝန်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူမဟာ လူနာတွေကို အသက်ကယ်တင်ပေးရတဲ့ တာဝန်အပြင်၊ ကုသလို့မရတော့တဲ့ ဝေဒနာရှင်တွေကို သူတို့ရဲ့ဆန္ဒအတိုင်း နာကျင်မှုကင်းစွာ သေဆုံးနိုင်အောင် တရားမဝင် လျှို့ဝှက်ကူညီပေးနေပါတယ်။ သူမရဲ့ ဒီလျှို့ဝှက်လုပ်ငန်းကို ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Choi Dae-hyun (Kang Ki-young) က ကူညီပေးပါတယ်။
ဒီလိုနဲ့ ရာဇဝတ်မှုတွေကို လိုက်လံစုံစမ်းနေတဲ့ စုံထောက် Jo Hyun-woo (Lee Min-ki) နဲ့ လမ်းဆုံမိကြပါတယ်။ စုံထောက် Hyun-woo ဟာ ဦးနှောက်အကျိတ်နဲ့ နာတာရှည်ဝေဒနာ ခံစားနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားက ကြောင်နဲ့ကြွက်လိုက်တမ်းကစားပုံ၊ ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဇာတ်လမ်းကို ဒီဒရာမာမှာ ရှုစားရမှာပါ။
https://t.me/+9ijQ9vOhL2U2Njc9
https://t.me/c/2731977243/177
Please open Telegram to view this post
VIEW IN TELEGRAM
❤10
" Bon Appetit, Your Majesty "
ဒီညအပိုင်းသစ်ကြည့်ရမှာမလို့
မကြည့်ရသေးရင်ကြည့်ထားနော်🙂↔️
မထွက်ခင်ကတည်းက အားလုံးမျှော်လင့်စောင့်စားနေကြရတဲ့ မင်းသားချောလေး Lee Chae-min,
မမလှလှတွေဖြစ်ကြတဲ့ Lim Yoon-A, Kang Han-Na တို့နဲ့ တခြားသရုပ်ဆောင်ပေါင်းများစွာတို့ရဲ့
အမိုက်စားနန်းတွင်းကားသစ်လေး ထွက်ရှိလာပါပြီ။
ဇာတ်လမ်းအညွှန်း
ယွန်းဂျီယောင်း (Lim Yoon-A) ဟာ အစားအသောက်ကို ရူးသွပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့
ပြင်သစ်စားဖိုမှူးမလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ ပဲရစ်မြို့က နာမည်ကြီး Michelin 3-star
စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံနေရချိန်မှာပဲ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့်
ခေတ်နောက်ပြန်ဆွဲကာ ဂျိုဆွန်းခေတ်ကို ရောက်ရှိသွားပါတော့တယ်။
ဘုရင်အီဟွန်း (Lee Chae-min) ကတော့ ဂျိုဆွန်းခေတ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး
အာဏာကို အပြတ်အသတ် ကိုင်စွဲထားသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ ထူးခြားတဲ့ အရသာခံနိုင်စွမ်းရှိပြီး
ရာသီဥတုအနည်းငယ် ပြောင်းလဲတာနဲ့တောင် အစားအစာရဲ့အရသာကို ခွဲခြားနိုင်သူပါ။
ဒီလိုနဲ့ ဂျိုဆွန်းခေတ်ကို ရောက်သွားတဲ့ ဂျီယောင်းဟာ အကြောင်းကိစ္စတစ်ခုခုကြောင့် ဘုရင်အီဟွန်းကို
သူ့ရဲ့ဟင်းလျာတွေ တည်ခင်းဖို့ ဖြစ်လာခဲ့ပြီး ဂျီယောင်းရဲ့ ဟင်းလျာတွေကို စားကြည့်ပြီးနောက် အရမ်းကြိုက်သွားတဲ့
ဘုရင်ကြီးဟာ သူ့အတွက် သီးသန့်ဟင်းတွေ ချက်ပြုတ်ခိုင်းဖို့အတွက် နန်းတော်ထဲကို ခေါ်ဆောင်သွားတဲ့အခါမှာတော့...
ကမ္ဘာ့အဆင့်မီ စားဖိုမှူးမလေးက အာဏာရှင်ဘုရင်ကြီးရဲ့ စားတော်ကဲဖြစ်လာပြီး ဘယ်လိုဟင်းလျာတွေ ချက်ပြုတ်ရင်း
ဆက်လက်ရှင်သန်သွားမလဲ... နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေနဲ့အတူ ဒီကမ္ဘာနှစ်ခုက လူသားနှစ်ယောက်ရဲ့ ကံကြမ္မာက
ဘယ်လိုဆက်စခန်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်
https://t.me/+cbFSYeRwn8ZlY2M1
https://t.me/c/2619351637/11
Please open Telegram to view this post
VIEW IN TELEGRAM
❤30
First Lady (2025)
September လ 24 ရက်မှာစပြသတော့မဲ့
Penthouse ဇာတ်ကားထဲမှာ
အိုယွန်းဟီလုပ်တဲ့ Eugene ရဲ့
Comeback Drama 🙂↔️
လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ MBN ရုပ်သံလိုင်းကနေ စတင်ပြသမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက နိုင်ငံရေး၊ မိသားစုလျှို့ဝှက်ချက်တွေနဲ့ ဒရာမာဆန်တဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း (Synopsis)
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တွေကတော့ သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ Hyun Min Chul (သရုပ်ဆောင် Ji Hyun Woo) နဲ့ သူ့ရဲ့ ဇနီးသည် သမ္မတကတော် (First Lady) ဖြစ်လာမယ့် Cha Soo Yeon (သရုပ်ဆောင် Eugene) တို့ပါပဲ။
ဇာတ်လမ်းအစမှာတော့ Min Chul ဟာ ရွေးကောက်ပွဲမှာ အနိုင်ရသွားပြီး သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရက်ပေါင်း ၆၇ ရက်သာ ကျန်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့အိပ်မက်တွေ ပြည့်တော့မယ့် အချိန်မှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ Min Chul က သူနဲ့ ကွာရှင်းဖို့ Cha Soo Yeon ကို ရုတ်တရက် တောင်းဆိုလိုက်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် Cha Soo Yeon ဟာ ရှုပ်ထွေးသွားပြီး သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ သမ္မတကတော် (First Lady) ဖြစ်ခွင့်ကို လက်လွှတ်မခံနိုင်ပါဘူး။ သူမက သူ့ယောက်ျားရဲ့ တောင်းဆိုမှုကို လက်မခံဘဲ သူလိုချင်တဲ့ First Lady ရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ Hyun Min Chul ကလည်း သူ့ရဲ့အတိတ်က လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပြီး၊ အဲဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မသိအောင် အသက်နဲ့ရင်းပြီး ကာကွယ်နေပါတယ်။ ဒီလိုနဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ သမ္မတရာထူးနဲ့ ပတ်သက်တဲ့ အာဏာလွန်ဆွဲပွဲ၊ မိသားစုအတွင်းက လျှို့ဝှက်ချက်တွေနဲ့ ရှုပ်ထွေးပွေလီတဲ့ နိုင်ငံရေးတွေဟာ အရှိန်အဟုန် မြင့်တက်လာပါတော့တယ်။
ဇာတ်လမ်းနမူနာ Trailer ထဲမှာဆိုရင် Cha Soo Yeon က သူ့ယောက်ျားကို "အဲဒီလူ ရထားတဲ့အရာအားလုံးရဲ့ တစ်ဝက်ကို ငါလိုချင်တယ်" လို့ ပြောပြီး၊ သူ့ယောက်ျား သမ္မတဖြစ်လာတာဟာ သူမကြောင့်လို့ ယူဆတဲ့အတွက် သမ္မတရာထူးရဲ့ တစ်ဝက်ကိုတောင်မှ သူရသင့်တယ်လို့ စိန်ခေါ်လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာ အာဏာရူးသွပ်မှု၊ သစ္စာဖောက်မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အပြည့်ပါဝင်တာကြောင့် ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။
https://t.me/+Du-T1LZxmHo4MTFl
https://t.me/c/3049908749/4
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤5
Twelve အပိုင်း 3 ရပါပြီ
ကိုကိုဗီလိန်လာပါပြီ"
ဇာတ်လမ်းအကျဥ်း
ဒီဇာတ်လမ်းက fantasy နဲ့ action ဇာတ်အမျိုးအစားဖြစ်ပြီး အရှေ့တိုင်းရဲ့ ၁၂ ရာသီခွင်အမှတ်အသားတွေကို အခြေခံထားပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားတွေကို ကာကွယ်ဖို့အတွက် နတ်ဘုရား ၁၂ ပါးဟာ မကောင်းဆိုးရွားတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီမကောင်းဆိုးရွားတွေကို ငရဲတံခါးမှာ ပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီမကောင်းဆိုးရွားတွေဟာ ပြန်နိုးထလာပြီး လူသားကမ္ဘာကို ဖရိုဖရဲဖြစ်အောင် လုပ်လာကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျားကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် Tae-san (Ma Dong-seok) နဲ့ အပေါင်းအပါ ၁၂ ရာသီခွင် နတ်ဘုရားတွေဟာ ကျီးကန်းကို ကိုယ်စားပြုတဲ့ မကောင်းဆိုးရွားခေါင်းဆောင် O-gwi (Park Hyung-sik) နဲ့ သူ့ရဲ့ နောက်လိုက်တွေဆီကနေ ကိုရီးယားကျွန်းဆွယ်ကို ကာကွယ်ဖို့ တိုက်ပွဲကြီးတစ်ခုကို ပြန်လည်ဆင်နွှဲရမယ့်အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာ မင်းသား Ma Dong-seok နဲ့ Park Hyung-sik အပါအဝင် မင်းသား Seo In-guk နဲ့ Lee Joo-bin တို့လို နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ကြပြီး စုစုပေါင်း ၈ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။
https://t.me/+UHXH_Q3PBxIzYjg1
https://t.me/c/2927033647/11
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤12