"ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့"
_
“စစ်အုပ်စုသာ ပြည်သူ့ရန်သူ....
ဘုံရန်သူကို ဦးတည်တိုက်ကြ”
“ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်"
“ညီညွတ်ရေးဟာ....အစွမ်းထက်ဆုံးလက်နက် "
#NSF

❤8
“အုတ်မှုန့်များကြားမှ သမိုင်း – ၇ ဂျူလိုင်ကို ပြန်လည်ရှုမြင်သုံးသပ်ခြင်း”
သမိုင်းသည် တခါတရံ အောင်နိုင်သူတို့ ရေးသားထားသော မှတ်တမ်းဖြစ်သလို၊ တခါတရံ အသံမထွက်နိုင်တော့သူတို့၏ တိတ်ဆိတ်မှုလည်း ဖြစ်သည်။ အချို့နေ့စွဲများသည် ပြက္ခဒိန်ပေါ်က ဂဏန်းများသာ ဖြစ်သော်လည်း၊ အချို့နေ့စွဲများမှာ မျိုးဆက်တစ်ဆက်၏ မှတ်ဉာဏ်ထဲတွင် အချိန်ကာလကို ကျော်လွန်၍ အသက်ရှင်နေကြသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်သည် ထိုသို့သော နေ့တစ်နေ့ ဖြစ်သည်။
လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာ ဗမာပြည်သည် မျှော်လင့်ချက်နှင့် မတည်ငြိမ်မှုတို့ကို တစ်ပြိုင်တည်း သယ်ဆောင်နေခဲ့သည်။ ပြည်တွင်းစစ်၊ စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးပဋိပက္ခများကြားတွင် နိုင်ငံ၏ အနာဂတ်ကို မည်သို့ပုံဖော်မည်ဆိုသည့် မေးခွန်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ မေးခွန်း ဖြစ်လာခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက် ဗိုလ်နေဝင်း၏ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ထိုမေးခွန်းသည် ပို၍ ပြင်းထန်လာသည်။ တက္ကသိုလ်၏ စာသင်ခန်းများသည် ပညာသင်ကြားရုံသက်သက်သာ မဟုတ်တော့ဘဲ အတွေးအခေါ်များ၊ မျှော်လင့်ချက်များနှင့် အငြင်းပွားမှုများ ဆုံတွေ့ရာ နေရာဖြစ်လာခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့ နေ့လည်တနာရီတွင် သမဂ္ဂအစည်းအဝေးခန်းတွင် ကျောင်းသားထု အစည်းအဝေးကျင်းပပြီး ကိုဗဆွေလေးကဥက္ကဌအဖြစ်တာဝန်ယူသည်။ ထိုအစည်းအဝေးမှကျောင်းသားများကိုနည်းအမျိုးမျိုးဖြင့်ဖိနှိပ်ချုပ်ချယ်သည့် စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက်ဆုံးဖြတ်ခဲ့ကြပြီး သမဂ္ဂရှေ့မှစတင်၍ ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြပြီး ငြိမ်းချမ်းစွာပင်လူစုခွဲခဲ့သည်။ ထို့နောက် နေ့လည်၂နာရီခန့်တွင် ရဲကားနှစ်စီးကျောင်းဝင်းတွင်းရောက်လာပြီး ဥက္ကဌကိုဗဆွေလေး အပါအဝင်တခြားသမဂ္ဂခေါင်းဆောင်များကို အဓမ္မဖမ်းဆီးခဲ့သောကြောင့် ကျောင်းသားများနှင့်အခြေအတင်စဖြစ်ကြသည်။နေ့လည် ၄နာရီခန့်တွင်ကား ဗိုလ်ေနဝင်း၏ကိုယ်ရံတော် အထူးတပ်ဖွဲ့ဖြစ်သည့် တပ်ရင်း (၄)ရောက်ရှိလာသည်။ကျောင်းသားများကလဲ တက္ကသိုလ်မြက်ခင်းပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊လှဲသူကလှဲ၊ထိုင်သူကထိုင်နေကြချိန်တွင် စစ်သားများသည် စစ်မြေပြင်မှရန်သူများကိုချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များဖြင့် မန္တလေးဆောင်၊ရာမညဆောင်နှင့် အဓိပတိလမ်းမတလျှောက်ရှိ ကျောင်းသားအုပ်ကြီးထဲသို့ တရစပ် ပစ်ခတ်ကြလေသည်။ပစ်ခတ်မည်ဟုမထင်ထားသောကြောင့် ကျောင်းသားတော်တော်များများမှာ အံဩမှင်သက်လျက် နေရာမှာပင်အသက်ပျောက်ခဲ့ရလေသည်။ အချို့ကလည်း နီးစပ်ရာအဆောင်များပေါ်တက်ပြေးကြရာတွင် စစ်သားများက ဒူးထောက်၍ မလွတ်တမ်းပစ်ခတ်သောကြောင့် မန္တလေးဆောင်လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ထိုညတွင်ပင် သမဂ္ဂအဆောက်အဦးတခုလုံးကိုလဲ အသင့်တပ်ဆင်ထားသော ဒိုင်းနမိုက်များဖြင့်ဖောက်ခွဲခဲ့ကြလေသည်။မြောင်းမြမှကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ခန္တာကိုယ်မှသွေးဖြင့် မန္တလေးဆောင် နံရံတွင်”၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့ကြောင်း သိရသည်။
၁၉၆၃ ဇူလိုင်လကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦးနေရာ၌ ယာယီတဲဆောက်၍ ၇-၇-၆၂တွင် ကျဆုံးခဲ့သော ကျောင်းသားရာကျော်ကို ရည်စူးကာ “ရာကျော်ကျောက်တိုင်”ကိုတည်ဆောက်ခဲ့လေသည်။ ထို”ရာကျော်ကျောက်တိုင်”ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီသမဂ္ဂအဆောက်အအုံကြီးကိုသာ ဖြိုလို့ရချင်ရမယ်၊အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရပါဘူး”ဟု မိန့်ကြားခဲ့သည်။သို့သော် မကြာမီ ပြည်တွင်းအရေးအခင်းများကြောင့်ကျောင်းများပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့်အတူ သမဂ္ဂယာယီတဲ အဆောက်အဦးလဲ ထပ်မံဖျက်ဆီးခံခဲ့ရလေသည်။
ပညာသင်ကြားလျက်ရှိနေသော ကျွန်ုပ်တို့ မိဘပြည်သူများ၏ ရင်သွေးများ၊စာအုပ်နှင့်ဘောပင်မှလွဲ၍ လက်ထဲတွင်ဘာမှမရှိသော ကျောင်းသားကျောင်းသူများအပေါ်တွင် ဤမျှလောက်ရက်စက်ခဲ့သော စစ်အုပ်စု၏ ယုတ်မာမှုများကို မျိုးဆက်အဆက်ဆက် ကျွန်ုပ်တို့မှာ မေ့နေလို့နဲနဲမှမရပေ။အနီးခေတ် ဗမာပြည်သမိုင်းတလျှောက်တွင်လဲ စစ်အုပ်စုသည် ထိုသို့ရက်စက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါသည်။ထိုသို့ ရက်စက်ယုတ်မာမှု၊မတရားအနိုင်ကျင့်ဖိနှိပ်ခံရမှုများကို ကျွန်ုပ်တို့မျိုးဆက်တွေသာအသားကျသွားမည်ဆိုလျှင် ထိုကံကြမ္မာဆိုးကြီးများကို ကျွန်ုပ်တို့ပါမက ကျွန်ုပ်တို့၏မျိုးဆက်များကပါ ခံစားနေရဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ထို့ကြောင့် ကျွန်ုပ်တို့သည် ၇ဂျူလိုင်ကို သတိရအောက်မေ့နာကျဉ်းရင်း ကျွန်ုပ်တို့ပြည်သူလူထုကြီးတရပ်လုံး ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်မှုများအောက်မှ ရုန်းထွက်နိုင်ကာ ကတုတ်ကျင်းများအလွန်မှ အားလုံးလွတ်မြောက်ရာလမ်းဆီသို့ရောက်သည်အထိ အတူတကွဆက်လက်တိုက်ပွဲဝင်သွားကြရမည်ဖြစ်ပါသည်။

❤11⚡1
Internalစကားဝိုင်းဖြစ်သည့်အတွက်
တက်ရောက်လိုသော ကျောင်းသားရဲဘော်များအနေဖြင့်
@nsf1111 သို့ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါသည်။

❤10⚡1💘1
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက် စစ်အာဏာရှင်လူတစ်စုသည် ဗမာပြည်၏ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးအား ချွတ်ခြုံနိမ့်ပါးစေခဲ့ပြီး ပြည်သူလူထုမှာ မသေရုံတမယ်သာ အသက်ရှင်နေထိုင်ခဲ့ရပါသည်။ ဗမာ့နည်းဗမာ့ဟန် ဆိုရှယ်လစ်လမ်းစဥ်ဟု ခေါ်ဝေါ်သမုတ်ထားသည့် သန္ဓေမမှန်သည့် နိုင်ငံရေးလမ်းစဥ်ဖြင့် လူထုကို အစဥ်တစိုက် ဖိနှိပ်ချုပ်ချယ်ခဲ့ပြီးသည့်နောက် ယင်းသို့သော ဖိနှိပ်ချုပ်ချယ်မှုများနှင့် စီးပွားရေးကျပ်တည်းမှုဒဏ်များကို နှစ်ရှည်လများ ခံစားခဲ့ကြရသော ပြည်သူတို့၏ မကျေနပ်ချက်များမှာ ဦးသန့်အရေးအခင်း၊ ၇၄-၇၅-၇၆ အလုပ်သမား/ကျောင်းသားသပိတ်များ၊ မှိုင်းရာပြည့်အရေးအခင်း စသည့် ခုနှစ်များတလျောက် ပေါက်ကွဲပေါ်ပေါက်လာပြီး စစ်အာဏာရှင်စနစ်အား တုံ့ပြန်ဆန့်ကျင်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် သမိုင်းတလျောက် အကြီးမားဆုံးသော လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာကာ စစ်အာဏာရှင်စနစ်အား ချေဖျက်ဖို့ရန် ကြိုးစားခဲ့လေသည်။ သို့သော် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် အင်အားစုများအသီးသီးကြား တိကျခိုင်မာသော လမ်းစဥ်မရှိခြင်း၊ စုစည်းညီညွတ်မှုအားနည်းခဲ့ပြီး တပ်ပေါင်းစုမဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့် စည်းရုံးရေးအားနည်းခြင်းတို့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံသည် စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုများ၊ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော အလိမ်အညာသုံးကာ တဖန်အာဏာပြန်သိမ်းခြင်းဖြင့် တခန်းရပ်ခဲ့ရလေသည်။ ရွေးကောက်ပွဲရလဒ်အား လက်မခံ၊ လူထုထံအာဏာမအပ်ဘဲ စစ်တပ်မှ အသွင်ပြောင်းကာ ဆက်လက်ဗိုလ်ကျစိုးမိုးခဲ့သည်မှာ အများအသိပင်ဖြစ်လေသည်။
ကျတော်တို့သည် ရှစ်လေးလုံး အထိမ်းအမှတ်နေ့သို့ ရောက်တိုင်း အခမ်းအနားနှင့် အမှတ်တရများ ပြန်ပြောင်းပြောဆိုကြခြင်းသည် အတိတ်မှာပိတ်မိပြီး ရုန်းမထွက်နိုင် ဖြစ်နေခြင်းမဟုတ်ဘဲ ပါဝင်တိုက်ပွဲဝင်ခဲ့သော ပြည်သူလူထု၏ ရဲရင့်မှုအား အစဥ်အမြဲအမှတ်ရနေကြောင်းနှင့် လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြခြင်းပင်ဖြစ်လေသည်။
ယနေ့ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံ (၃၈) နှစ်ပြည့် အချိန်တွင် ပြည်သူလူထုသည် စစ်အာဏာရှင်စနစ်ကို ရုန်းကန်တော်လှန်နေရဆဲ ဖြစ်ပါသည်။ လူထုသည်လည်း ကဏ္ဍအသီးသီးမှ ကျပ်တည်းလျက်ရှိနေဆဲ ဖြစ်ပါသည်။ ရှစ်လေးလုံးအပါအဝင် သမိုင်းတလျောက် မပြီးဆုံးသေးသော ပြည်သူ့ဒီမိုကရေစီတိုက်ပွဲကြီးအား ကျတော်တို့မျိုးဆက်မှ ဆက်လက်တော်လှန်လျက်ရှိပါသည်။ အတိတ်မှ သင်ခန်းစာများအား အလဟဿမဖြစ်စေဖို့ရန် ကြိုးစားကြရမှာဖြစ်ပြီး ညီညွတ်သော တပ်ပေါင်းစုဖြင့် စစ်အာဏာရှင်စနစ်အား ရင်ဆိုင်ဖို့လိုအပ်ကာ ဆက်လက်တိုက်ပွဲဝင်ကြရမည် ဖြစ်ပါသည်။

❤12