Network Of Student Forces (NSF)
133 subscribers
49 photos
1 file
5 links
ကျောင်းသားအင်အားစုများကွန်ယက်
Download Telegram
အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အခြားမိတ်ဖက်အဖွဲ့အစည်းများအား ယခုထုတ်ပြန်ချက်မှတဆင့် အချက်(၃)ချက်အား တောင်းဆိုလိုက်သည်။

(၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်
(၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး
တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်
(၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်
“တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”

Arakan Youth Peace Network - AYPN
ASR-ASSOCIATION of SPRING RAINBOW
Chin Students’ Union of Myanmar
Defend Myanmar Democracy
Former ABSDF (Communication & Advisory)
India for Myanmar
Interim Basic Education Federal School Unions' Representative Committee
MyaYar Knowledge Tree
New Generation Force - NGF
Save Myanmar SF
Alliance for Democracy in Myanmar
Anti Dictatorship in Burma DMVPA Area
Sisters2Sisters - S2S
Volunteers in Myanmar
Yangon Deaf Group
ကရင်နီပြည်လူငယ်များသမဂ္ဂ - UKSY
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC
ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး
ကျောင်းသားအင်အားစုများကွန်ယက် - NSF
ကျောက်တံတားမြို့နယ်သပိတ်ကော််မတီ - KSC
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ - KYSC
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ - CDMUEW
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး
စစ်ငြိမ်းပန်းဖောင်ဒေးရှင်း
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA
ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံ သူနာပြုသားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
ယောလူထုတိုက်ပွဲကော်မတီ
ယိမ်းနွဲ့ပါး - Yain Nweh Par
ရခိုင်ကျောင်းသားများသမဂ္ဂ - ASU
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Y4B
ရန်ကုန်ဖက်ဒရယ်‌ကျောင်း ကျောင်းသားများသမဂ္ဂ - YFSSU
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
လွတ်လပ်သောလူငယ်များအစည်းအရုံး - IYO
သွေးစွန်း‌ငွေ - BMC
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB
အခြားအမည်ဖော်ပြရန် အခက်အခဲရှိသော အဖွဲ့အစည်း (၂)ဖွဲ့

#NSF
6
ငါသေနတ်မပစ်တတ်ဘူး

ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ဂစ်တာတီးခဲ့တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ကဗျာပဲရေးတတ်တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ ။
အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်
အဲ့ဒါဟာ မမျှတဘူးလို့ ခံစားနေရတယ်
လိပ်ပြာမလုံဘူးလို့ တွေးရိပ်ထင်နေတယ်
ငါ သေနတ်ပစ်မယ်
ငါ သေနတ်ပစ်မယ်
ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
ငါ သေနတ်ပစ်မယ် ။ ။

ခက်သီ
၂၀၂၁၊ မတ် ၂၇
15
သင်္ကြန်အခါသမယတွင် နှစ်ဟောင်းမှ အပူမီးများငြိမ်း၍ နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ဖြတ်သန်းနိုင်ပါစေ၊ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ ချစ်ခြင်းမေတ္တာများနှင့်အတူ တစ်နှစ်ပတ်လုံးကို ဖြတ်သန်းနိုင်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
15🥰1
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့အစည်းဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၉၀ ပြည့်အခမ်းအနားသို့ပေးပို့သောသ၀ဏ်လွှာ
12
လူ့ဘောင်သစ်လူငယ်(YNS) တတိယကြိမ်မြောက် စုံညီအစည်းဝေး ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
51
“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့”
ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာ

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဂျွန်လ (၂၈ ) ရက်
လေးစားချစ်ခင်ရပါသော
တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးအင်အားစုများနှင့် မိဘပြည်သူတစ်ရပ်လုံးသို့

ယနေ့ မိမိတို့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မိမိတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း၊ ထိုပြဿနာများအား လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် မိမိတို့အားလုံး၏ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကိုလည်း တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။
သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်လျှင် အောင်ပွဲရပြီး၊ မိမိတို့အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်ပါသည်။ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ အားလုံး "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" ဟူသော လှုပ်ရှားမှုကို မဖြစ်မနေ စတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
မိမိတို့ အောက်ပါအဖွဲ့အစည်းများသည် ဤလှုပ်ရှားမှု၏ အခြေခံမူများကို အပြည့်အဝ ထောက်ခံ သဘောတူညီကြပြီး၊ မိမိတို့အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကိုလည်း လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားရမည်ဟု ယုံကြည်ပါသည်။
"ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်" ဖြစ်သည်နှင့်အညီ ဤကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည် -
(၁) တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်း တားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်။
(၂) အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် - မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်။
(၃) မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် - ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်။
ဤလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ တော်လှန်ရေးရဲဘော်များ၊ မိဘပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် ဤကမ်ပိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဆော်ဩဖိတ်ခေါ်အပ်ပါသည်။
“စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ”
“ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်"
“ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်”

အထက်ပါ ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာကို မိမိတို့ အဖွဲ့အစည်းများမှ သဘောတူ ထောက်ခံပါသည်။
All Kachin Students’ Federation - AKSF
ASR-ASSOCIATION of SPRING RAINBOW
All Burma Ulmas Union - ABUU
Arakan League for Democracy - ALD
Arakan Youth Peace Network
Arakan CSO Network
All Arakan Youth Organizations Network - AAYON
Ayeyawaddy Youth Network - AYN
Bago Unit Federated Force - BUFF
Beyond Ah Nah
Blood Money Campaign
Burma Canadian Network
CRPH Funding Ireland
CRPH and NUG Supporters Ireland
Defend Myanmar Democracy
Defection & Defiance Network (D&D Network)
Hlaing Democratic Network - Yangon
India for Myanmar
Kyauktada Strike Committee - KSC
Liberal Students Youth Association - LSYA
Magway Region Human Rights Network
Myanmar Student Christian Movement - Magway
Mandalay Regional Youth Association - MRYA
4
Minority Of Revolution Essence - MORE
MyaYar Knowledge Tree
New Myanmar Foundation
New Ramonya Federated Force - NRFF
Progressive Labor Community
Politics For Women Myanmar
Revolutionary Education Phaungbyin
Shwe Pyi Thar Strike Committee
Sitt Nyein Pann Foundation
Sister2Sister -S2S
Spring Revolution Myanmar Muslim Community_SRMMC
Support Group for Democracy in Myanmar (the Netherlands)
Synergy Social Harmony Organization
Volunteers in Myanmar
Women Lead Resource Center
Yangon Deaf Group
Youth Empowerment
33 Society
ကျောင်းသားအင်အားစုများကွန်ယက် - NSF
ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် - SF/SAF
ကျောင်းသားတော်လှန်ရေးတပ်တော် - SRF
ကြားကာလအခြေခံပညာကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီ
ဂန့်ဂေါဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - GGWDO
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - SDP
တာမွေမြို့နယ်သပိတ်ကော်မတီ
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA
တောင်သူ့လွတ်မြောက်ရေးအင်အားစု
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဒတကသ
ဒို့မြေကွန်ရက် - LIOH
ဒို့မြေပြည်သူ့အကျိုးပြုအဖွဲ့ (တွံတေး)
နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် - SRIN
နွေဦးတော်လှန်ရေး မြန်မာမွတ်စ်လင်မ်ကွန်ရက် - SRMMN
နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ - FPPS
ပဲခူးအရှေ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ - FPPN-EB
ပွင့်ဖြူလယ်ယာမြေကွန်ရက်
ပွင့်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ - PDO
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ - PIO
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော် - PDO/PDA
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာလယ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFFU
ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ - မကတကသ
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် - SYCB
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM
မြန်မာမွတ်စလင် အစည်းအရုံး - BMA
မြန်မာမွတ်စ်လင်မ်တော်လှန်ရေးအင်အားစု - MMRF
မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ - MGTNGSC
မျိုးဆက်-Generations
မင်းလှတောင်သူများအစုအဖွဲ့
မင်းဘူးတောင်သူများအစုအဖွဲ့
ယိမ်းနွဲ့ပါး - Yain Nweh Par (Rainbow Win The Storm - RIS)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး - AASYC
ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS
လူ့ဘောင်သစ်လူငယ် - YNS
လီဆူလူငယ်အစည်းအရုံး - LYC
လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု - GSCN
လွတ်လပ်သောလူငယ်များအစည်းအရုံး
သာကေတမြို့နယ်လူငယ်သပိတ်ကော်မတီ
သမိုင်းသယ်ဆောင်သူများ
သံလွင် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက် - TEDN
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ
အညာတောအိမ်
ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ  - IDNSC
ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊မကွေးတိုင်း - AWDO
ဧရာဝတီမြစ်အနောက်ဖက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု၊ငဖဲ  - AWDO
၁၉၇၄/၇၅/၇၆နိုင်ငံရေးအင်အားစု (အဝေးရောက်)
အမည်မဖော် - ၁ ဖွဲ့
#NSF
5
"ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့"
_

“စစ်အုပ်စုသာ ပြည်သူ့ရန်သူ....
ဘုံရန်သူကို ဦးတည်တိုက်ကြ”
“ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်"
“ညီညွတ်ရေးဟာ....အစွမ်းထက်ဆုံးလက်နက် "

#NSF
8