Network Of Student Forces (NSF)
133 subscribers
49 photos
1 file
5 links
ကျောင်းသားအင်အားစုများကွန်ယက်
Download Telegram
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)
Yangon Revolution Force (YRF)
မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
တာမွေမြို့နယ်သပိတ်ကော််မတီ
ကြည်မြင်တိုင်မြို့နယ်လူငယ်များသပိတ်ကော်မတီ
သာကေတမြို့နယ်သပိတ်ကော်မတီ
ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ
လှိုင်ဒီမိုကရက်တစ်ကွန်ရက်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ
ကျောင်းသားအင်အားစုများကွန်ယက်
လူ့ဘောင်သစ်လူငယ်
မျိုးဆက်သစ်လူငယ်များအင်အားစု
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ
လီဆူလူငယ်ကွန်ဂရက်
တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး

#NSF #ကျောင်းသားအင်အားစုများကွန်ယက်
9
ပြည်ထောင်စုသပွတ်အူနှင့်ဝေဖန်ဆန်းစစ်ချက်

ယနေ့ဆိုလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကြီးရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ သွေးစည်းညီညွတ်မှုအထိမ်းအမှတ်တခုဖြစ်သော ပြည်ထောင်စုနေ့သည် ၇၉နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ကျွန်ုပ်တို့ဗမာပြည်၏ ပြည်ထောင်စုနေ့ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးများဖြစ်သည့် တောင်တန်းဒေသကိုယ်စားလှယ် ၂၃ယောက်တို့က ပင်လုံညီလာခံကြီးကျင်းပ၍ ဖေဖော်ဝါရီ ၁၂ရက် နံနက်၁၀နာရီတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ သွေးစည်းမှုအဆောက်အအုံကိုတည်ဆောက်ပေးသော ပင်လုံစာချုပ်ကြီးကိုချုပ်ဆို လက်မှတ်ရေးထိုးခဲ့ခြင်းကိုခေါ်တွင်ခြင်းဖြစ်ပေသည်။

ထိုပင်လုံစာချုပ်ကြီး၏ အားနည်းချက်များနှင့် ၎င်း၏သမိုင်းကြောင်းဆိုင်ရာ ပြသနာများ၊ယိုယွင်းချက်များကို ယခင်လွတ်လပ်ရေးနေ့အထိန်းအမှတ်ဆောင်းပါးဖြစ်သော ပင်လုံဆန်းစစ်ချက်ဆောင်းပါးတွင်ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ထပ်မံမဖော်ပြလိုတော့ပါ။ယခုမူ ထိုတိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်ဖြစ်သောပင်လုံစာချုပ်ကြီးနှင့် ၎င်းကအုတ်မြစ်ချခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ယနေ့တိုင် ကျွန်ုပ်တို့ ကြုံတွေ့နေကြရသော သပွတ်အူပြသနာများ၏ သံသရာကိုဆန်းစစ်ကြည့်ကြမည်ဖြစ်သည်။ဗမာပြည်၏ ပြည်ထောင်စုပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ် (၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈) ၏ ကျရှုံးမှုများနှင့် တိုက်ရိုက်ဆက်စပ်နေပေသည်။

၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်ထောင်စုဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ကချင်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ်များအား ဥပဒေအရ ကွဲပြားစွာ ဆက်ဆံခဲ့သည်။ ဥပမာ - ရှမ်းနှင့် ကယားပြည်နယ်များကို အနှစ် (၁၀) ကြာပြီးနောက် ခွဲထွက်ခွင့် ပေးခဲ့သော်လည်း ကချင်ပြည်နယ်ကို ထိုသို့ ခွဲထွက်ခွင့်မပေးဘဲ နယ်မြေပိုပေးခဲ့သည်။ဤအချက်မှာ စတင်
ချိန်ကတည်းက ပြည်ထောင်စုသည် တိုင်းရင်းသားပြည်သူလူမျိုးပေါင်းစုံအတွက် တန်းတူညီမျှသော စာချုပ်တခုမဟုတ်ဘဲ တိုင်းရင်းသားဗျူရိုကရက်အရင်းရှင်များနှင့် ဗမာ့ထိပ်သီးခေါင်းဆောင်များအကြား သဘောတူညှိနှိုင်းဆွေးနွေးမှုတခုသာဖြစ်ကြောင်း ထောက်ပြနေသည့် အချက်တချက်ဖြစ်ပေသည်။နောက်တချက်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ လှည့်စားမှုကိုလဲ မဖြစ်မနေဖော်ပြရမည်ဖြစ်သည်။ဤဥပဒေသည် "ပြည်နယ် (၇) ခု၊ တိုင်း (၇) ခု" ဟူသော အချိုးညီမှုကို ဖန်တီးပေးခဲ့သယောင်ရှိလည်း စစ်တပ်၏ အာဏာကို ဖွဲ့စည်းပုံအရ ချုပ်ကိုင်ထားဆဲဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဇုန် (SAZs) (၆) ခု ဖန်တီးပေးခြင်းသည် ဗဟိုချုပ်ကိုင်မှု လျော့ပါးသကဲ့သို့ ဟန်ဆောင်ရုံသာဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေးကို အပြည့်အဝ ဖြေရှင်းပေးခြင်းမဟုတ်ခဲ့ပေ။ထို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသည် တိုင်းရင်းသားအရင်းရှင်လုပ်ငန်းရှင်ကြီးများတချို့နှင့် ဗျူရိုကရက်တချို့အတွက်အကျိုးအမြတ်ရသည်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူလူထုအနေဖြင့်ဘာအကျိုးအမြတ်မှမရသလို ဖိနှိပ်မှုများဟာလဲ ဘယ်လောက်မှထူးထူးခြားခြားလျော့နည်းမသွားခဲ့ချေ။ ဤဖွဲ့စည်းပုံအား ဖက်ဒရယ်စနစ်၏ အခြေခံအဖြစ် အသုံးပြုရန် ကြိုးပမ်းခြင်းသည် သမိုင်းကြောင်းအရ မအောင်မြင်နိုင်ကြောင်း ပညာရှင်အများက ထောက်ပြခြင်းများရှိခဲ့သည်။

ဗမာပြည်၏ ပြည်ထောင်စုပြဿနာသည် ၁၉၄၈ ခုနှစ်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ ဗြိတိသျှကိုလိုနီစနစ် (၁၈၂၄-၁၉၄၈) ကတည်းက စတင်ခဲ့ခြင်းဖြစ်ပေသည်။တိသျှတို့သည် ဗမာပြည်ကို အိန္ဒိယကိုလိုနီ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ဤသည်မှာ အရေးအကြီးဆုံးသော သမိုင်းဝင် အချိုးအကွေ့ဖြစ်သည်။ဗြိတိသျှတို့သည် ရခိုင်နှင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ လယ်ယာမြေများကို စနစ်တကျ ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့သော်လည်း ယင်းမြေများ၏ ပိုင်ဆိုင်မှုကို အိန္ဒိယ အရင်းရှင်များနှင့် ကုမ္ပဏီများလက်သို့ လွှဲပြောင်းပေးခဲ့သည်။စိုက်ပျိုးရေး လုပ်သားအင်အား လိုအပ်ချက်ကြောင့် ဘင်္ဂလားဒေသမှ မွတ်စ်လင်မ်လုပ်သားများကို အကြီးအကျယ် ခေါ်ယူခဲ့သည်။ ၁၈၇၁ မှ ၁၉၁၁ အတွင်း စစ်တွေခရိုင်တွင် မွတ်စ်လင်မ်လူဦးရေ သုံးဆတိုးလာပြီး ရခိုင်လူဦးရေမှာ ငါးပုံတစ်ပုံသာ တိုးတက်ခဲ့သည်။ဗြိတိသျှ ကိုလိုနီစနစ်သည်လည်း လူမျိုးရေးပဋိပက္ခကို ဖန်တီးသူ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ယနေ့တိုင် မြင်တွေ့နေရသော ဗုဒ္ဓဘာသာ-မွတ်စ်လင်မ် ပဋိပက္ခသည် ရှေးကျသော ဘာသာရေးအမုန်းပွားမှုသက်သက်မဟုတ်ဘဲ ကိုလိုနီခေတ် လယ်ယာမြေစီးပွားရေး ပြန်လည်ဖွဲ့စည်းမှု၏ တိုက်ရိုက်အကျိုးဆက် ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့ရသည်။ဗမာ့စီးပွားရေးတွင် မြို့နေအလယ်အလတ်တန်းစား(Petty Bourgeoisie) နှင့် ကုန်သည်အရင်းရှင် (Comprador Bourgeoisie) နေရာတွင် အိန္ဒိယလူမျိုးများက ဝင်ရောက်နေရာယူခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဗမာပြည်၏ လူဦးရေ ၁၃ သန်းအနက် အိန္ဒိယနွယ်ဖွား ၄၈၀,၀၀၀ ခန့် ရှိခဲ့သည်။ ဤသည်မှာ လွတ်လပ်ရေးရပြီးချိန်တွင် ဗမာအမျိုးသားရေးဝါဒီများ၏ "ဗမာပြုရေး" (Burmanization) မူဝါဒအတွက် အကြောင်းပြချက် ဖြစ်လာခဲ့သည်။
6
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စု၏ သဘောသဘာဝသည် လုံးဝပြောင်းလဲသွားခဲ့ပြီး ယင်းကို ကောင်းကောင်းနားမလည်ဘဲ ပြည်ထောင်စုပြဿနာဖြေရှင်း၍ မရနိုင်တော့ပေ။၂၁ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း နယ်စပ်ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများသည် လွတ်မြောက်နယ်မြေများ ဖန်တီးပေးခဲ့ပြီး ယင်းနယ်မြေများသည် လူမျိုးပြည်နယ်ငယ်များ (Ethnic Proto-states) အဖြစ် ပြောင်းလဲလျက်ရှိကြသည်။ ကချင်၊ ကရင်နီ၊ ကရင် (ကော်သူးလေ)၊ ရခိုင်၊ ချင်း၊ ကိုးကန့်၊ တအောင်း၊ ဝ စသည့် ပြည်နယ် (၈) ခုခန့်သည် အမှန်တကယ် ပေါ်ထွန်းလာခဲ့ပြီး ၎င်းတို့ကို ပြန်လည်ဖျက်သိမ်းရန် မည်သည့် ဗဟိုအစိုးရမှ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ပြည်ထောင်စု ပြဿနာ၏ အဓိက အုတ်မြစ်များထဲမှ တခုမှာ လူမျိုးစုများ ရောနှောနေထိုင်မှုကို လျစ်လျူရှုထားခြင်းပင်ဖြစ်သည်။ကချင်ပြည်နယ်၏ တောင်ဘက်တွင် ကချင် ၄၀%၊ ဗမာ ၃၃%၊ ရှမ်း ၂၃% ရှိသည်။ပအိုဝ်းလူမျိုး ၃၇% သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်တွင် နေထိုင်ပြီး ၇၇% မှာ ပြင်ပတွင် ရောနှောနေထိုင်လျက်ရှိကြသည်။ချင်းလူမျိုး ၅၀% သာ ချင်းပြည်နယ်တွင် နေထိုင်ပြီး ကျန် ၅၀% မှာ စစ်ကိုင်း၊ မကွေး၊ ရခိုင်တွင် ရောနှောနေသည်။မွန်ပြည်နယ်တွင် မွန် ၃၉%၊ ဗမာ ၃၆%၊ ကရင် ၁၄% ရှိသည်။ရခိုင်ပြည်နယ်တွင် ရခိုင် ၇၄% ရှိသော်လည်း မြောက်ဘက်တွင် ရိုဟင်ဂျာ ၂၆% ရှိသည်။ထိုကိန်းဂဏန်းများကိုကြည့်လျင် လူမျိုးစုအလိုက် သီးခြားပြည်နယ်များ ဖွဲ့ရန် ကြိုးပမ်းခြင်းသည် လက်တွေ့အရမဖြစ်နိုင်ကြောင်းကို ခိုင်ခိုင်မာမာထောက်ပြနေပေသည်။ဤအချက်အလက်များကို ဂရုမစိုက်ဘဲ "လူမျိုးစုတခုချင်းဆီအလိုက် ကိုယ်ပိုင်နယ်မြေရရှိရေး" ဟူသော ဆောင်ပုဒ်နောက်ကိုသာ လိုက်ပါက ဘော်စနီးယား သို့မဟုတ် ကိုဆိုဗိုကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ ရောက်ရှိသွားချေရှိသည်။ နီပေါနိုင်ငံသည် အလားတူ လူမျိုးစုရောနှောမှုကို ရင်ဆိုင်ရချိန်တွင် လူမျိုးစုအမည်ခံ ပြည်နယ်များ ဖွဲ့စည်းခြင်းကို စွန့်လွှတ်ခဲ့ရသော သမိုင်းဥပမာများလဲရှိပေသည်။အချို့သော သုံးသပ်သူများက ပြည်ထောင်စုကိုအတင်းအကျပ် စုစည်းထားခြင်းထက် ချက်ကိုစလိုဗက်ကီးယား နမူနာအတိုင်း ငြိမ်းချမ်းစွာ ခွဲထွက်ခွင့်ပေးခြင်းသည် ပိုမိုကောင်းမွန်နိုင်သည်ဟု ဆိုသည်။ သို့သော် ဤအဆိုသည်လည်း တိုင်းရင်းသားလူမျိုးစုငယ်များ (ဥပမာ- ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ) ထပ်မံဖိနှိပ်ခံရမည့် အန္တရာယ်ကို လျစ်လျူရှုထားပေသည်။

ပြည်ထောင်စုပြဿနာသည် ဗမာအများစုနေထိုင်ရာ ဗဟိုဒေသကို မည်သို့ဖွဲ့စည်းမည်ဆိုသည့် မေးခွန်းကိုလည်း ရှောင်လွှဲ၍မရပါ။လက်ရှိ အဆိုပြုချက်များအရ လွတ်မြောက်နယ်မြေများသည် "အတူတကွ လာရောက်ဖွဲ့စည်းခြင်း (Coming-together)" စနစ်ဖြစ်ပြီး ဗမာ့ဒေသများသည် "ဆက်လက်တည်မြဲခြင်း (Holding-together)" စနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကြီးအတွင်း အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်သည်။ဗမာလူမျိုးစုအတွက် သီးခြားပြည်နယ်ကြီးတစ်ခု ဖွဲ့စည်းရန် တောင်းဆိုမှုများသည်လဲ ဒီနောက်ပိုင်းတွင် ကျယ်လောင်လာသည်။ သို့သော် ကနေဒါ ဖက်ဒရယ်ကျွမ်းကျင်သူ ဂျော့ခ်ျအန်ဒါဆင်က ၎င်းအဆိုပြုချက်သည် အလွန်အန္တရာယ်များသော အဆိုပြုချက်ဖြစ်ကြောင်း ထောက်ပြသည်။ လူဦးရေ ၆၅% ရှိသော ပြည်နယ်တစ်ခုတည်းကို ဖန်တီးပါက ကျန်ပြည်နယ်ငယ်များအားလုံး လွှမ်းမိုးခံရမည်ဖြစ်ပြီး စစ်မှန်သော ဖက်ဒရယ်စနစ် ထူထောင်ရန် မဖြစ်နိုင်တော့ပဲ အချိုးမညီသောပြည်ထောင်စုသာဖြစ်လာနိုင်ချေရှိသည်။ နိုင်ဂျီးရီးယားသည် အလားတူ ပြဿနာကို ရှောင်ရှားရန် ကြီးမားသော ပြည်နယ်ကြီးများကို ပြည်နယ်ငယ် (၃၆) ခုအထိ ခွဲထုတ်ခဲ့ရသည် ။

ပြည်ထောင်စု ပြသနာများ၏ နောက်အကြောင်းရင်းမှာ အောက်ခြေအဆင့် အုပ်ချုပ်ရေး အားနည်းခြင်းပင်ဖြစ်သည်။လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင် ကျေးရွာအုပ်စုနှင့် မြို့နယ်အဆင့် ပြည်သူ့ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ပျက်သုဉ်းခဲ့သည်။ ၁၉၅၃ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေသည် ၁၉၆၂ တွင် ဖျက်သိမ်းခံခဲ့ရပြီး အစိုးရအဖွဲ့အစည်းများ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ရောက်ရှိသွားခဲ့သည်။ဖက်ဒရယ်စနစ်ကို ဗဟိုနှင့် ပြည်နယ်အဆင့်တွင်သာ ဆွေးနွေးနေပြီး ကျေးရွာအုပ်စုအဆင့် ပြည်သူ့အုပ်ချုပ်ရေးကို မေ့လျော့ထားခြင်းသည် ကြီးမားသော အမှားဖြစ်သည်။ စစ်မှန်သော ဖက်ဒရယ်စနစ်သည် အောက်ခြေပြည်သူများ ကိုယ်တိုင်ပါဝင်အုပ်ချုပ်ခွင့်ရမှသာ အောင်မြင်နိုင်မည်ဖြစ်သည်။
5
အချုပ်အနေဖြင့်ဆိုရလျှင် ပြည်ထောင်စုပြဿနာ၏ အရင်းခံအကြောင်းရင်းသည် ကိုလိုနီစနစ်၏ စီးပွားရေးဖွဲ့စည်းပုံ နှင့် ယင်းမှ ဆက်ခံခဲ့သော ဗျူရိုကရက်တစ်အရင်းရှင်စနစ် သာဖြစ်ပေသည်။ လူမျိုးရေးပဋိပက္ခသည် ဤစီးပွားရေးဖွဲ့စည်းပုံ၏ အပေါ်ယံသရုပ်သဏ္ဍာန်သာဖြစ်သည်။ဖက်ဒရယ်စနစ်သည် ကျွန်ုပ်တို့တိုင်းပြည်အတွက် လိုအပ်ချက်တစ်ခုဖြစ်သော်လည်း ဖြေရှင်းချက်၏ အဆုံးစွန်
မဟုတ်ပေ။လက်ဝေခံအရင်းရှင်စနစ်တခုခုနှင့် အပေါ်ယံလူပုဂ္ဂိုလ်၊အဖွဲ့အစည်း ပြောင်းလဲမှုလောက်နှင့်ပြည်ထောင်စုပြသနာကို ကျွန်ုပ်တို့ပြေလည်အောင်ဖြေရှင်းနိုင်မည်မဟုတ်ပေ။ကျွန်ုပ်တို့ ပြည်သူလူထုကြီးအနေဖြင့် စစ်သုံးစစ်နှင့် ဖိနှိပ်ရေးအတွေးအခေါ်များကိုအမြစ်ပြတ်ချေမှုန်းကာ ပြည်သူလူထုကြီးလက်ထဲတွင်အာဏာအမှန်တကယ်တည်ရှိနေသော ပြည်သူ့အုပ်ချုပ်ရေးစနစ် ပြည်သူ့ဒီမိုကရေစီစစ်စစ်ကိုရမှသာလျှင် ပြည်ထောင်စုပြသနာများသည်လဲ အမှန်တကယ်ပြေလည်နိုင်မည်သာဖြစ်ပေသည်။

ကျောင်းသားအင်အားစုများကွန်ယက် (NSF)
13
Today is the birthday of Aung San, who is known as the Father of Independence.His courage, leadership, and dedication to our nation continue to inspire us.We honor his legacy with deep respect and gratitude.He will always remain in our hearts.

ယနေ့သည် ကျွန်ုပ်တို့ ၏ လွတ်လပ်ရေးဖခင်ကြီး ဟု သိထားကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့မင်္ဂလာ ရက်မြတ်ပင်ဖြစ်သည်။ဗိုလ်ချုပ်၏ သတ္တိ၊ခေါင်းဆောင်မှု နှင့် နိုင်ငံ့အတွက် ကိုယ်ကျိုး မကြည့်ပဲ စိတ်နှစ်ကာ လုပ်ဆောင်ပေးခဲ့သော စိတ်ဓာတ်တို့အား ကျွန်ုပ်တို့ အတွက် အစဉ်အမြဲ အတုယူဖွယ်ရာ တစ်ခုပင်ဖြစ်ပါသည်။ကျွန်ုပ်တို့အနေဖြင့် ၎င်းချန်ရစ်ခဲ့သော အမွေအနှစ်များ ကို ကျေးဇူးတင်ဂုဏ်ပြုပါသည်။ ဗိုလ်ချုပ်သည် ကျွန်ုပ်တို့၏ ရင်ထဲ၍ ထာ၀စဉ် တည်ရှိနေမည်ဖြစ်ပေသည်။
27
တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း
ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်

ရက်စွဲ - မတ်လ (၁၀) ရက်/ ၂၀၂၆ ခုနှစ်

ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်အထိ တော်လှန်ရေးရေချိန်မှာ မြင့်မားခဲ့ပြီဖြစ်သည်။ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်တပ်များကို တိုက်ထုတ်နိုင်သည့် စစ်ရေးတိုက်ပွဲများကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်သည်မှာ ဂုဏ်ယူအားတက်ဖွယ် ဖြစ်သည်။
သို့ရာတွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးကို မျက်နှာလွှဲ၍ မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသကဲ့သို့ လက်နက်ကြီးငယ်နှင့် ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သည့် လုပ်ရပ်များကိုလည်း တနေ့တခြား ပိုမိုတွေ့မြင်လာရသည်။

ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ ကျွန်ပ်တို့၏ ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး ဖြစ်သည်။ ထိုဘုံရန်သူကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများအားလုံးသည် တလှေတည်းစီး တခရီးတည်းသွားနေကြသော မဟာမိတ်များ ဖြစ်သည်။ မည်ကဲ့သို့သော ပဋိပက္ခများရှိစေကာမူ မဟာမိတ်အင်အားစုများ အချင်းချင်းကြား စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် ရန်သူအပေါ်သဘောထားနှင့် ဆင်တူနေသကဲ့သို့ လက်နက်အားကိုးဖြင့် ဖြေရှင်းရေးသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းဖြစ်ကြောင်းကို သတိထားရမည်ဖြစ်သည်။ ထိုလုပ်ရပ်များသည် ပြည်သူလူထုနှင့် တော်လှန်ရေးတစုံလုံးအပါအဝင် မည်သည့်တော်လှန်ရေးအင်အားစုအတွက်မှ အကျိုးအမြတ်မရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးသည်။

အမှန်မှာ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများသည် “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားကာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့အခြေအနေမှာမူ ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။ ယခုဆိုလျှင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စစ်ရေးတိုက်ပွဲများ၊ တဖက်အဖွဲ့အစည်းမှ သူများကို ခိုင်မာသည့် အကြောင်းပြချက် မရှိ ဖမ်းဆီးမှုများ၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေးအရ တန်းတူမဆက်ဆံမှုများ၊ တော်လှန်ရေးအဖွဲ့အစည်းများမှ လူထုအပေါ် လက်နက်အားကိုးနှိပ်စက်မှုများအား ခပ်စိတ်စိတ် တွေ့လာရသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် တော်လှန်အင်အားစုအချင်းချင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး၊ စစ်ရေးအားကိုး၍ ဖြေရှင်းသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်သည်။ ရန်ငါစည်းကို တိကျပြတ်သားစွာ သတ်မှတ်ထားပြီး ရန်သူကို တိုက်ချိန်တွင် မဟာမိတ်ချင်း ကျောချင်းကပ် ညှိနှိုင်းတိုင်ပင်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် မဟာမိတ်များကြားပြဿနာကို အဖြေရှာသင့်သည်။ ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိသော လုပ်ဟန်များသည် ဘဝတူအဖွဲ့အစည်းများကြား အရေးပါသည့် ယုံကြည်မှုကို ပျက်ပြားစေရာ ရန်သူ့အကြိုက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မဟာမိတ်များကြားပြဿနာကို မဟာမိတ်နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် စည်းရုံးရေးဆန်စွာ ဖြေရှင်းရန် တပါတည်း တိုက်တွန်းလိုသည်။
မည်သည့်အဖွဲ့အစည်းဝင်ဖြစ်နေကာမူ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစွာစစ်ဆေးတွေ့ရှိသူများကို ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ မဖြစ်မနေလုပ်ဆောင်ရမည်။

သို့ရာတွင်လည်း တော်လှန်ရေးပုံရိပ်ကျမည်ကို စိုးရိမ်၍ ဖုံးဖုံးဖိဖိလုပ်ကြသည်ထက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်နှင့်အမျှ အပြစ်ပေးအရေးယူမှုကို အများသူငှာရှေ့တွင် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို စီရင်ချက်ချသည်မှာ မှန်ကန်နည်းလမ်းနှင့် ဖြေရှင်းခြင်းဖြစ်သည်။ ထို့အပြင် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအပြင် ပြည်သူလူထုထံသို့ ထိုက်သင့်သည့်အလျောက် ရှင်းလင်းချပြ အစီရင်ခံမှုပြုမှသာ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်တခုကို အကောင်အထည်ဖော်နိုင်မည်။

တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အဖွဲ့အစည်းတရပ်အနေနှင့် လည်းကောင်း၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည်လည်းကောင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာ ချမှတ်ပြီး အခိုင်အမာလိုက်နာရန် ကျွန်ုပ်တို့က ထပ်ဆောင်းတိုက်တွန်းလိုသည်။ တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား အင်အားကြီးသူ၊ ငယ်သူ ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးများအား ရှုတ်ချပြီး အချင်းချင်းကြား နိုင်ငံရေးအရ တန်းတူသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသော တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်လည်း အလျှင်အမြန် လိုအပ်နေပြီ ဖြစ်သည်။ သို့မှသာ ထိုကဲ့သို့ မိတ်ဖက်အဖွဲ့များကြား စစ်ရေးဖြင့် ဖြေရှင်းသည့်လုပ်ဟန်များ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ ပပျောက်နိုင်မည်ဖြစ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက်
3
အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အခြားမိတ်ဖက်အဖွဲ့အစည်းများအား ယခုထုတ်ပြန်ချက်မှတဆင့် အချက်(၃)ချက်အား တောင်းဆိုလိုက်သည်။

(၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်
(၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး
တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်
(၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်
“တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”

Arakan Youth Peace Network - AYPN
ASR-ASSOCIATION of SPRING RAINBOW
Chin Students’ Union of Myanmar
Defend Myanmar Democracy
Former ABSDF (Communication & Advisory)
India for Myanmar
Interim Basic Education Federal School Unions' Representative Committee
MyaYar Knowledge Tree
New Generation Force - NGF
Save Myanmar SF
Alliance for Democracy in Myanmar
Anti Dictatorship in Burma DMVPA Area
Sisters2Sisters - S2S
Volunteers in Myanmar
Yangon Deaf Group
ကရင်နီပြည်လူငယ်များသမဂ္ဂ - UKSY
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC
ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး
ကျောင်းသားအင်အားစုများကွန်ယက် - NSF
ကျောက်တံတားမြို့နယ်သပိတ်ကော််မတီ - KSC
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ - KYSC
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ - CDMUEW
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး
စစ်ငြိမ်းပန်းဖောင်ဒေးရှင်း
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA
ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံ သူနာပြုသားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
ယောလူထုတိုက်ပွဲကော်မတီ
ယိမ်းနွဲ့ပါး - Yain Nweh Par
ရခိုင်ကျောင်းသားများသမဂ္ဂ - ASU
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Y4B
ရန်ကုန်ဖက်ဒရယ်‌ကျောင်း ကျောင်းသားများသမဂ္ဂ - YFSSU
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
လွတ်လပ်သောလူငယ်များအစည်းအရုံး - IYO
သွေးစွန်း‌ငွေ - BMC
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB
အခြားအမည်ဖော်ပြရန် အခက်အခဲရှိသော အဖွဲ့အစည်း (၂)ဖွဲ့

#NSF
6
ငါသေနတ်မပစ်တတ်ဘူး

ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ဂစ်တာတီးခဲ့တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ကဗျာပဲရေးတတ်တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ ။
အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်
အဲ့ဒါဟာ မမျှတဘူးလို့ ခံစားနေရတယ်
လိပ်ပြာမလုံဘူးလို့ တွေးရိပ်ထင်နေတယ်
ငါ သေနတ်ပစ်မယ်
ငါ သေနတ်ပစ်မယ်
ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
ငါ သေနတ်ပစ်မယ် ။ ။

ခက်သီ
၂၀၂၁၊ မတ် ၂၇
15
သင်္ကြန်အခါသမယတွင် နှစ်ဟောင်းမှ အပူမီးများငြိမ်း၍ နှစ်သစ်တွင် စိတ်သစ်လူသစ်နှင့် ဖြတ်သန်းနိုင်ပါစေ၊ကံကောင်းခြင်း၊ အောင်မြင်ခြင်း၊ ချစ်ခြင်းမေတ္တာများနှင့်အတူ တစ်နှစ်ပတ်လုံးကို ဖြတ်သန်းနိုင်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
15🥰1
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အဖွဲ့အစည်းဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၉၀ ပြည့်အခမ်းအနားသို့ပေးပို့သောသ၀ဏ်လွှာ
12