Network Of Student Forces (NSF)
133 subscribers
49 photos
1 file
5 links
ကျောင်းသားအင်အားစုများကွန်ယက်
Download Telegram
ကျောင်းသားအင်အားစုများကွန်ယက်ဖွဲ့စည်းကြောင်း ကြေညာခြင်း

စာအမှတ်-၆/၂၅
ရက်စွဲ- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်

ကျောင်းသားအင်အားစုများကွန်ယက်( Network of Student Forces)ကို

၁။ Power of Education Students’ Union
၂။ True Sunshine Students’ Union
၃။ Yadanabon Federal Students’ Union
၄။ Mogok Federal Students’ Union(ABFSU)
၅။ Interim Basic Education Federal Student Unions’ Representative Committee
စသည့်အဖွဲ့ ၅ဖွဲ့ဖြင့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကျောင်းသားထုညီလာခံ(ကွန်ဂရက်)ကျင်းပ၍ အောက်ပါ မူဝါဒများနှင့် ဖွဲ့စည်းပုံအတိုင်း စတင်ဖွဲ့စည်းခဲ့သည်။

https://drive.google.com/file/d/1GjkL6EH9QfbmRJigue5dZ04gsSNo70WT/view?usp=drivesdk

ကျောင်းသားအင်အားစုများကွန်ယက်သည် ညီလာခံဖြစ်မြောက်ရေးကော်မတီမှ အတည်ပြုခဲ့သော မူဝါဒများနှင့်အညီ ကျောင်းသားထုနှင့်ပြည်သူလူထုအကျိုးကို အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်နိုင်စေရန် ၊ပြည်တွင်းပြည်ပမှ ကျောင်းသားလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အခွင့်အလမ်းများရှာပေးနိုင်စေ ရန်၊ခက်ခဲနေသော ပြည်သူလူထုအတွက် အားပေးကူညီနိုင်စေရန်တို့အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။


ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန
ကျောင်းသားအင်အားစုများကွန်ယက်
24🐳1
ကျောင်းသားအင်အားစုများကွန်ယက်မှ ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာခြင်း
26
မွေးဖွားလာသည့်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးကို ကျွန်မတို့သည် အပြည့်အဝ ရရှိနေပါရဲ့လား။ယခုကဲ့သို့ ကျဥ်းထဲကျပ်ထဲ ရောက်နေသည့် ကာလတွင် လူသားတစ်ယောက် ရ ရမည့် အခွင့်အရေးတိုင်းသည် ပိုမိုဆုံးရှုံးလာရ၏။၂၀၂၅ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျွန်ုပ်တို့ "ကျောင်းသားအင်အားစုများ ကွန်ယက်(NSF)"မှ "ကျဥ်းထဲကျပ်ထဲက လူ့အခွင့်အရေး" ခေါင်းစဥ်ဖြင့်  စကားဝိုင်း ပြုလုပ်မည် ဖြစ်ပါသည်။စကားဝိုင်းတွင်

(1)လူ့အခွင့်အရေးအပေါ် ကျုပ်တို့   အမြင်

(2)လူ့အခွင့်အရေး ဘယ်ကလာလဲ

(3)လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရလဲ

(4)လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ဘယ်လို အရေးယူကြမလဲ

(5)ဘယ်မှာလဲ လူ့အခွင့်အရေး

ဆိုသည့် ခေါင်းစဥ်ခွဲ၅ခုဖြင့် Room၅ခုခွဲကာ ဆွေးနွေးကြမည် ဖြစ်ပါသဖြင့် ကျဥ်းထဲ ကျပ်ထဲ အခွင့်အရေး ဆုံးရှုံးနေသည့် မည်သူမဆို ကြိုက်နှစ်သက်ရာ roomထဲသို့ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။

Date-10.12.2025
Time-7:30Pm


Click https://us06web.zoom.us/j/82088051372?pwd=LvmUmGqjAPS59zncu1vgltnoOECsab.1 to start or join a scheduled Zoom meeting.
13🥰1
ရဲဘော်တို့ break out room က ထွက်တဲ့အခါ leave meeting ဖြစ်သွားခဲ့ရင် ပြန်ဝင်ခဲ့ပေးပါနော် main session မှာ အခမ်းနားအစီစဉ်တချို့ကျန်ပါသေးတယ်ရှင့်
13