NeedRelax Movie Review
963 subscribers
3 photos
2.63K links
ဇာတ်ကားအညွှန်းများကြည့်ရန်
Download Telegram
The Odyssey (2026)

ဇာတ်လမ်းအကျဉ်း

ဂရိဒဏ္ဍာရီထဲက နာမည်ကြီး Homer ရဲ့ The Odyssey ကို အသက်သွင်းထားတာပါ။ ထရိုဂျန်စစ်ပွဲကြီး (Trojan War) အပြီးမှာ အစ်သီကာ (Ithaca) ဘုရင် အော်ဒစ်ဆေးယပ်စ် (Odysseus) တစ်ယောက် မိန်းမဖြစ်သူ ပန်နယ်လိုပီ (Penelope) ဆီကို အိမ်ပြန်ဖို့ ကြိုးစားတဲ့ ခရီးစဉ်အကြောင်းပေါ့။ အိမ်အပြန်ခရီးက လွယ်လွယ်ကူကူ မဟုတ်ဘဲ လမ်းမှာ ဒဏ္ဍာရီလာ သတ္တဝါတွေ၊ ဘုရားသခင်တွေရဲ့ အမျက်ဒေါသတွေနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းဆင်ထားတာပါ။

ပါဝင်တဲ့ မင်းသားမင်းသမီးတွေကလည်း တကယ့် နာမည်ကြီးတွေချည်းပါပဲ။ ခေါင်းဆောင်မင်းသား အော်ဒစ်ဆီးယပ်စ် အဖြစ် Matt Damon က သရုပ်ဆောင်ထားပြီး၊ သူ့မိန်းမ နေရာမှာ Anne Hathaway က ပါဝင်ထားပါတယ်။ ဒါ့အပြင် Tom Holland, Robert Pattinson, Lupita Nyong'o, Zendaya နဲ့ Charlize Theron တို့လို နာမည်ကြီး တန်းဝင် သရုပ်ဆောင်တွေ အများကြီး အားဖြည့်ထားတာမို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝ အပြစ်ပြောစရာ မရှိပါဘူး။

အချုပ်ပြောရရင်တော့ ဒဏ္ဍာရီဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေ၊ Christopher Nolan ရဲ့ ရုပ်ရှင်တွေကို စောင့်ကြည့်နေတဲ့ ပရိသတ်တွေအတွက်ရော၊ ရုပ်ရှင်ကောင်းကောင်း တစ်ကားကို အရသာရှိရှိ ခံစားချင်သူတွေအတွက်ပါ လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပါ။ ကြည့်မယ်ဆိုရင်လည်း IMAX ရုံမှာ ကြည့်မှ တကယ့်ကို အရသာရှိမယ့် ကားမျိုးလို့ ညွှန်းချင်ပါတယ်။
Avatar: The Way of Water (2022)
========================

ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ
တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။

ကောင်းကင်လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။

ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီးလေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။

ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ
အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း
ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။

အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။

ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာအထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့
Avatar: Fire and Ash (2025)

IMDb Rating (7.4) / Rotten Tomatoes (66%)


ဒီဇာတ်ကားကတော့ Avatar: The Way of Water အပြီး မကြာမီကာလကို အခြေခံထားပါတယ်။ Jake Sully နဲ့ Neytiri တို့ဟာ သားကြီး Neteyam ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ရင်ဆိုင်ရင်း ကျန်ရစ်သူမိသားစုဝင်တွေဖြစ်တဲ့ Lo’ak, Tuk, Kiri နဲ့ မွေးစားသား Spider တို့အတွက် ပန်ဒိုရာကမ္ဘာမှာ ဘဝသစ်ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။

ဒီအပိုင်းရဲ့ ရန်သူသစ်တွေကတော့ Ash Peopleလို့ခေါ်တဲ့ နာဗီမျိုးနွယ်စုသစ်တွေ ပေါ်ထွက်လာခြင်းပါပဲ။ သူတို့ဟာ မီးတောင်ဒေသမှာ နေထိုင်ကြပြီး၊ Eywa (မယ်တော်ကြီး) ရဲ့ စွန့်ပစ်ခြင်းခံထားရတယ်လို့ ခံယူထားကြသူတွေပါ။ ဒါကြောင့် သာမန် နာဗီတွေလို ငြိမ်းချမ်းမနေဘဲ အကြမ်းဖက်တယ် လုယက်ကြတယ်။ သူတို့ရဲ့ ခေါင်းဆောင် Varang ကတော့ ဒီပဋိပက္ခတွေရဲ့ အဓိက ခေါင်းဆောင်ပါပဲ။

ဒါ့အပြင် လူသားစစ်တပ် (RDA) တွေဟာ အဖိုးတန် Amrita ကို ရယူဖို့အတွက် Tulkun (ဝေလငါးကြီးများ) တွေကို အမဲလိုက်ဖို့ ပြန်ရောက်လာကြပါတယ်။ ဒီတစ်ခါမှာတော့ Jake Sully တို့ဟာ လူသားရန်သူတွေအပြင်၊ ကိုယ့်မျိုးနွယ်တူ နာဗီအချင်းချင်း (Ash People) ရဲ့ ရန်ကိုပါ နှစ်ဖက်ညှပ်ပြီး ရင်ဆိုင်ရတော့မှာပါ။

မွေးစားသမီး Kiri ရဲ့ စွမ်းအားတွေလည်း ပိုမိုကြီးထွားလာပြီး၊ Eywa ရဲ့ ဝိညာဉ်ကမ္ဘာနဲ့ ဆက်သွယ်နိုင်သွားပြီး ပန်ဒိုရာကမ္ဘာကြီးကို ကယ်တင်မယ့် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အဆုံးအဖြတ်ကို ပြောင်းလဲပေးနိုင်မယ့်သူ တစ်ယောက်ဖြစ်လာပါပြီ။

Jake နဲ့ Quaritch တို့ရဲ့ အားပြိုင်မှု၊ Spider နဲ့ သူ့အဖေအရင်း (Quaritch) ကြားက သံယောဇဉ်နဲ့ ပဋိပက္ခ၊ Ash People တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြားမှာ Sully မိသားစုတစ်ခုလုံး ဘယ်လို ရုန်းကန်ကြမလဲဆိုတာကို မြင်တွေ့ရမှာပါ။
The Odyssey (1997)

အပိုင်းနှစ်ပိုင်းပါဝင်ပြီး ၃ နာရီရှည်လျားတဲ့ ဒီ ဂန္ဓဝင်ဗားရှင်းကတော့ ခရစ်နိုလန်ရဲ့ အော်ဒစ်ဆီးအသစ်နဲ့ သေချာပေါက် ယှဉ်ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရစ်နိုလန်က ပိုပြီးလူသားဆန်တဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားပြီး ဒီ၂ပိုင်းတွဲကတော့ ဂရိပုံပြင်တွေအတိုင်း ပိုပြီးနီးစပ်ပါတယ်။ နတ်ဘုရားတွေကို အကောင်အထည် အကုန်ထည့်ပြပြီး ဆက်ဆံပြောဆိုစေခဲ့တာပါ။

ဒီကားက ဟိုးအရင်ခေတ်က စာဆိုတော် ဟိုးမား (Homer) ရဲ့ နာမည်ကျော် ကဗျာရှည်ကြီးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အစ်သီကာ(Ithaca) ပြည်ရဲ့ ဘုရင် အော်ဒစ်ဆီးယပ်စ် (Odysseus) ဟာ ထရွိုင် (Troy) စစ်ပွဲကို သွားတိုက်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့ မိန်းမဖြစ်သူ ပန်နီလိုပီ (Penelope) ကို ထားခဲ့ပြီး စစ်ထွက်တိုက်ရတော့တာပေါ့။

ထရွိုင်စစ်ပွဲမှာ အော်ဒစ်ဆီးယပ်စ်တို့ဘက်က နာမည်ကြီး ထရိုဂျန်မြင်းရုပ်ကြီး (Trojan Horse) ကို သုံးပြီး အနိုင်ရသွားပါတယ်။ ဒါပေမဲ့ နိုင်သွားတဲ့အချိန်မှာ သူက နတ်ဘုရားတွေရဲ့ အကူအညီမပါဘဲ သူကိုယ်တိုင် စွမ်းလို့ နိုင်တာဆိုပြီး ကြွားလိုက်မိတာကနေ ပြဿနာစတော့တာပါပဲ။ ပင်လယ်စောင့်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) က ဒေါသထွက်သွားပြီး "မင်း အိမ်ပြန်ရာလမ်းမှာ အခက်အခဲပေါင်းစုံနဲ့ တွေ့စေရမယ်" ဆိုပြီး ကျိန်စာတိုက်လိုက်ပါတယ်။

အဲဒီနောက်ပိုင်း အော်ဒစ်ဆီးယပ်စ် တစ်ယောက် အိမ်ပြန်ရောက်ဖို့အရေး ပင်လယ်ပြင်မှာ ဆယ်နှစ်လောက် ဒုက္ခပေါင်းစုံ ကြုံရတော့တာပါပဲ။ မျက်လုံးတစ်လုံးတည်းရှိတဲ့ ဘီလူးကြီးတွေ (Cyclops)၊ လူကို တိရစ္ဆာန်အဖြစ် ပြောင်းပစ်တတ်တဲ့ စုန်းမတွေ၊ သီချင်းဆိုပြီး ဖြားယောင်းတတ်တဲ့ ဆိုင်းရင်း (Sirens) တွေ စတဲ့ အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ရပါတယ်။ တပြိုင်နက်တည်းမှာပဲ သူ့ရဲ့ မွေးရပ်မြေ အီသကာမှာလည်း သူသေပြီထင်ပြီး သူ့မိန်းမကို အတင်းယူ၊ ထီးနန်းကို လုချင်နေတဲ့ လူတွေကလည်း ဝိုင်းဝိုင်းလည်နေတာလေ။

အိုဒစ်ဆီးယပ်စ် တစ်ယောက် ဒီအန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ပြီး သူ့ချစ်ဇနီးနဲ့ သားဆီ ပြန်ရောက်အောင် သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ ၁၉၉၇ ခုနှစ်က ကားဆိုပေမဲ့ အဲဒီခေတ်က အထူးပြုလုပ်ချက်တွေနဲ့ အကောင်းဆုံး တင်ဆက်ထားလို့ အခုချိန်ထိ ကြည့်လို့ကောင်းတုန်းပါပဲ။ စွန့်စားခန်းတွေ၊ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ဇာတ်လမ်းအချိတ်အဆက်တွေက တကယ်ကို မိုက်လို့ အားလပ်ရက်မှာ အေးအေးဆေးဆေး ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။
The Devil (2025) မိစ္ဆာ


မင်းသားကြီး Darshan ရဲ့နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး ရုံတင်၀င်ငွေ ရူပီးသန်း ၄၃၀ အထိရရှိထားတဲ့ ကန်နာဒါ ဘာသာစကားသုံး နိုင်ငံရေး အက်ရှင် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာ ကာနာတာကာပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာဂျာရှေကာ ဟာ သူ့ရဲ့တူတော်မောင်တွေရဲ့ နိုင်ငံရေးနောက်ကွယ်က ထောင်ချောက်ဆင်မှုကြောင့် အဂတိလိုက်စားမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူ့ရဲ့နိုင်ငံရေးအာဏာကို လက်မလွှတ်ချင်တဲ့ ဝန်ကြီးချုပ်ဟာ ယုံကြည်ရတဲ့ အကြံပေးအရာရှိကို လန်ဒန်မှာရှိတဲ့ သူ့ရဲ့သားဖြစ်သူ ဒါနုရှ် ကို ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် တင်မြှောက်ဖို့ ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ပြဿနာက ဒါနုရှ် ဆိုတဲ့လူငယ်ဟာ အာဏာမက်မောပြီး အလွန်ကြမ်းတမ်းရက်စက်တဲ့သူဖြစ်ပြီး နိုင်ငံရေးထက် ငွေကိုပဲ စိတ်ဝင်စားသူဖြစ်တာကြောင့် ဖခင်ဖြစ်သူရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။အကြံအိုက်နေတဲ့ အရာရှိ ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒါနုရှ် နဲ့ ရုပ်ချင်းတစ်ပုံစံတည်း တူရုံတင်မကဘဲ စိတ်ထားကောင်းမွန်ပြီး မင်းသားဖြစ်ချင်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်လေး ခရစ်ရှ်နားနဲ့ သွားတွေ့ပါတော့တယ်။ ဒီနေရာမှာ အကြံပေးအရာရှိ ဟာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခု ဆွဲပါတော့တယ်။ အဲ့ဒါကတော့ စိတ်ကောင်းရှိတဲ့ခရစ်ရှ်နားကို ဒါနုရှ် အဖြစ် အယောင်ဆောင်စေပြီး ဝန်ကြီးချုပ်နေရာအတွက် ပြည်သူ့ရှေ့ကို တင်ပေးလိုက်တာပါပဲ။
ခရစ်ရှ်နား ရဲ့ ရိုးသားပြီး ပြည်သူကို တကယ်စာနာတတ်တဲ့ စိတ်ထားကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှုကို အကြီးအကျယ် ရရှိလာချိန်မှာတော့... လန်ဒန်က တကယ့်သားအစစ် ဒါနုရှ် က အိန္ဒိယကို ရုတ်တရက် ပြန်ရောက်လာပြီး ခရစ်ရှ်နား ရဲ့ ချစ်သူ ရွတ်ခ်မီနီ ကိုပါ ပြန်ပေးဆွဲတဲ့အထိ ပြဿနာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ အာဏာ၊ အချစ်နဲ့ မိသားစုဝင်တွေကြားက လက်တုံ့ပြန်မှုတွေ ကြားထဲမှာ တကယ့်အစစ်ဖြစ်တဲ့ "The Devil" လို့ အမည်ရတဲ့ ဒါနုရှ် နဲ့ လူကောင်းလေး ခရစ်ရှ်နား တို့ ဘယ်လို အားပြိုင်ကြမလဲဆိုတာကို ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
Disclosure Day (2026)

၂၀၂၆ ခုနှစ်မှာ ထွက်ရှိထားတဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg ရဲ့ Sci-Fi / Thriller ဇာတ်ကားကောင်းလေးတစ်ကား ထွက်လာပါပြီ။ ဒီကားကတော့ ဂြိုဟ်သားတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ့် အကြောင်းကို ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ Emily Blunt, Josh O'Connor နဲ့ Colin Firth တို့လို နာမည်ကြီးတွေ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက တတိယကမ္ဘာစစ်ဖြစ်ဖို့ တော်တော်လေး နီးစပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒီအချိန်မှာ ဆိုက်ဘာလုံခြုံရေးသမား ဒန်နီရယ် (Josh O'Connor) က သူအလုပ်လုပ်နေတဲ့ Wardex ဆိုတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းကနေ ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ပစ္စည်းတချို့ကို ခိုးယူပြီး ထွက်ပြေးလာပါတယ်။ Wardex ရဲ့ အကြီးအကဲ နိုအာ (Colin Firth) ကတော့ သူတို့ကို အသေအလဲ လိုက်ဖမ်းပါတော့တယ်။

တစ်ဖက်မှာလည်း မိုးလေဝသကြေညာသူ မာဂရက် (Emily Blunt) ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံပြီးတဲ့နောက်မှာ လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာ၊ သူတစ်ခါမှ မသင်ဖူးတဲ့ ဘာသာစကားတွေကို ပြောတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။ တစ်နေ့မှာ သူ ရာသီဥတုသတင်း ကြေညာနေတုန်း ဂြိုဟ်သားတွေရဲ့ ဘာသာစကားနဲ့ ပြောလိုက်မိတဲ့ ဗီဒီယိုက အင်တာနက်မှာ ပျံ့သွားတာကြောင့် Wardex အဖွဲ့က သူ့ကိုပါ လိုက်ဖမ်းပါတော့တယ်

တကယ်တော့ ဒန်နီရယ် နဲ့ မာဂရက် တို့နှစ်ယောက်စလုံးက ငယ်ငယ်ကတည်းက ဂြိုဟ်သားတွေ ပြန်ပေးဆွဲတာကို ခံခဲ့ရပြီး ကမ္ဘာမြေကို သတင်းစကားပါးနိုင်ဖို့ စွမ်းအားတွေ ထည့်ပေးခံခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ပေါင်းပြီး ဂြိုဟ်သားတွေ တကယ်ရှိကြောင်းနဲ့ အစိုးရက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ကမ္ဘာတစ်ဝှမ်းလုံး သိအောင်ဖွင့်ချဖို့ ကြိုးစားကြပါတယ်။

ဇာတ်ကွက်အဆန်းလေးတွေနဲ့ စောင့်ကြည့်ရတဲ့ နိုင်ငံတကာရုပ်ရှင်တွေကို သဘောကျရင်တော့ ဒီကားလေးကလည်း အကြိုက်တွေ့စေမှာ သေချာပါတယ်။
Descendants Wicked Wonderland (2026)

ဒီဇာတ်ကားလေးကတော့ အားလုံးရဲ့ ငယ်ဘဝအမှတ်တရ ဖြစ်တဲ့ Wonderland ဇာတ်ကားကို အခြေခံပြီးတော့ ပြန်လည်ဆန်းသစ်ထားတဲ့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ သာယာတဲ့သီချင်းဂီတတွေနဲ့ ကြည့်ရှုရမဲ့ Musical Fantasy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ငယ်ငယ်က Wonderland မှာတော့ The White Queen နဲ့ The Red Queen က ဇာတ်ဆောင်တွေ ဖြစ်ခဲ့ပြီးတော့ ဒီဇာတ်ကားလေးမှာတော့ သူတို့ ဘုရင်မနှစ်ယောက်ရဲ့ သမီးတွေဖြစ်တဲ့ ရက်ဒ်နဲ့ ခလိုဝီတို့က ဇာတ်ဆောင်လေးတွေ ဖြစ်လာပါတယ်။

ရက်ဒ်ဟာ သူမရဲ့အမေဖြစ်သူ The Red Queen ရဲ့ ဆိုးသွမ်းမှုတွေကြောင့် အားလုံးရဲ့ ဝိုင်းဖယ်ကြဉ်ခံရပြီးတော့ သူ့ဘက်မှာဆိုလို့ The White Queen ရဲ့ သမီးလေး ခလိုဝီပဲ ရှိပါတယ်။

ဒီတော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ရက်ဒ် အဖယ်ကြဉ်မခံရအောင် The Red Queen ကို လူကောင်းဖြစ်လာအောင် လုပ်ဖို့ မှော်အိတ်ဆောင်နာရီကိုသုံးပြီး အချိန်ခရီးသွားကာ အတိတ်ကို ပြင်ဆင်ခဲ့ပါတယ်။
ပြီးတဲ့နောက်မှာ လက်ရှိပစ္စုပ္ပန်ကို ပြန်လာခဲ့ပြီး အရာအားလုံး အဆင်ပြေသွားပြီလို့ ထင်ခဲ့ပေမဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာခဲ့ပါတယ်။ ဒီတော့ သူတို့ သူငယ်ချင်းနှစ်ယောက် ဒီအကျိုးဆက်တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
The Death of Robin Hood (2026)

ဇာတ်လမ်းအကျဉ်း

၁၂၄၇ ခုနှစ် အင်္ဂလန်နိုင်ငံကို အခြေခံထားပြီး၊ ရိုဘင်က သူ့ကို ဟီးရိုးတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ ပုံပြင်တွေကို လက်မခံပါဘူး။ သူက လူတွေနဲ့ဝေးရာမှာ တစ်ယောက်တည်း သီးသန့်ခွဲနေပေမဲ့ သူ့သူငယ်ချင်းဟောင်း လစ်တဲလ်ဂျွန်ရဲ့ ခြံကို ပြန်ယူဖို့အတွက် ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုမှာ ပါဝင်ဖို့ အကြောင်းဖန်လာပါတယ်။

အဲဒီတိုက်ပွဲမှာ ရိုဘင်က အပြင်းအထန် ဒဏ်ရာရသွားပြီး ဝေးလံခေါင်ဖျားတဲ့ ကျွန်းပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ကျန်ခဲ့ပါတယ်။ သူက နာမည်လွှဲနဲ့ နေပြီး အဲဒီက ကျောင်းထိုင်သီလရှင် ဘရစ်ဂျစ်က သူ့ကို ပြုစုပေးပါတယ်။

ဒဏ်ရာသက်သာလာတဲ့အခါ ရိုဘင်က စိတ်ဒဏ်ရာရနေတဲ့ ဂျွန်ရဲ့သမီးလေး မာဂရက်ကို လေးပစ်သင်ပေးရင်း တစ်ဖက်မှာလည်း သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အတိတ်အတွက် နောင်တတွေနဲ့ ရုန်းကန်နေရပါတယ်။ ဇာတ်လမ်းက သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေနဲ့ အဆုံးသတ်မှာ သူ့ရဲ့ အမှားတွေကို ဘယ်လို ပြင်ဆင်သွားမလဲဆိုတာကို ဝမ်းနည်းဖွယ် အဆုံးသတ်နဲ့ ရိုက်ပြထားပါတယ်။

ဒီကားထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရိုဘင်ဟုဒ် နေရာမှာ ဟျူး ဂျက်မန်း က သရုပ်ဆောင်ထားပြီး၊ သီလရှင် ဘရစ်ဂျစ် အဖြစ် ဂျိုဒီ ကိုမာ က ပါဝင်ထားပါတယ်။ ဒါ့အပြင် လစ်တဲလ်ဂျွန် နေရာမှာ ဘီလ် စကားစဂတ် နဲ့ မာဂရက် နေရာမှာတော့ ဖိတ်သ် ဒီလာနီ တို့က အသီးသီး ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒီကားက ဝေဖန်ရေးဆရာတွေဆီကနေ သဘောထား အမျိုးမျိုး ရခဲ့ပါတယ်။ ရိုက်ကူးရေးပိုင်း၊ သဘာဝကျတဲ့ နောက်ခံအပြင်အဆင်တွေနဲ့ သရုပ်ဆောင်ပိုင်းတွေကိုတော့ တော်တော်လေး ချီးကျူးကြပါတယ်။ အထူးသဖြင့် ဟျူး ဂျက်မန်းရဲ့ မှုန်ကုပ်ကုပ်နဲ့ ကြမ်းတမ်းတဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေး ပီပြင်ပါတယ်။
The Caretaker (2026)

Tubi ကနေ ဖြန့်ဝေတဲ့ "The Caretaker" ရုပ်ရှင်ကားလေးကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Psychological Thriller ဇာတ်ကားတစ်ကားပါ။

ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းက မိုင်လ်စ် (Miles) ဆိုတဲ့ အမျိုးသားတစ်ယောက် ကားအက်ဆီးဒင့်ဖြစ်ပြီး ဒုက္ခိတဖြစ်သွားရာကနေ စတာပါ။ သူ့မိန်းမ ဆာရာ (Sarah) က ယောကျ်ားဖြစ်သူကို ပြုစုဖို့ ဂျယ်ရီ (Jerry) ဆိုတဲ့ လူတစ်ယောက်ကို အိမ်မှာနေပြီး ပြုစုပေးဖို့ ငှားလိုက်ပါတယ်။

စစချင်းမှာတော့ ဂျယ်ရီက အရမ်းကို သဘောကောင်း၊ ဂရုစိုက်တတ်ပြီး အားကိုးရတဲ့သူတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်တွေ ပေါ်လာပါတော့တယ်။ ဂျယ်ရီက မိသားစုကို စိတ်ပိုင်းဆိုင်ရာအရ ခြယ်လှယ်လာပြီး အိမ်ရဲ့ အိမ်ထောင်ဦးစီးနေရာကိုပါ အပိုင်စီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။

ဒီကားကိုတော့ ဒါရိုက်တာ Brandon Villano ရိုက်ကူးထားတာပါ။
သရုပ်ဆောင်တွေ: Hakeem Sharif (ဂျယ်ရီ)၊ Robyn Rose (ဆာရာ) နဲ့ Levi Jones (မိုင်လ်စ်) တို့ အဓိက ပါဝင်ထားပါတယ်။
အိမ်ထဲကို သူစိမ်းတစ်ယောက် ခေါ်တင်မိရာကနေ ကိုယ့်အိမ်မှာတင် လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ ခံစားချက်မျိုး (Home invasion dread) တွေနဲ့ ဇာတ်အိမ်တည်ထားတာမို့၊ လူယုံ ဒုက္ခပေးတာမျိုးတွေ၊ စိတ်ကို ခြယ်လှယ်ကစားသွားတဲ့ ဇာတ်ကွက်တွေကို ကြိုက်တယ်ဆိုရင်တော့ စောင့်ကြည့်သင့်တဲ့ ကားလေးပါပဲ။
Masters of the Universe (2026) 4K HEVC
+++++++++++++++++++

၂၀၂၆ ထွက် "Masters of the Universe" ရုပ်ရှင်အသစ် တင်ပေးထားပါတယ်။ ဒီကားက Action နဲ့ Fantasy အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Travis Knight က ရိုက်ကူးထားတာပါ။ မင်းသား Nicholas Galitzine က He-Man (ခေါ်) မင်းသား Adam အဖြစ် သရုပ်ဆောင်ထားပြီး၊ Teela အဖြစ် Camila Mendes၊ Duncan အဖြစ် Idris Elba နဲ့ ဗီလိန် Skeletor အဖြစ် Jared Leto တို့ အဓိက ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း
++++++++++++
မင်းသား Adam ဟာ စကယ်လီတော် က တိုက်ခိုက်လာတာခံရလို့ သူ့ရဲ့မွေးရပ်မြေ Eternia ဂြိုဟ်ကနေ ကမ္ဘာမြေကို ပို့ဆောင်ခံခဲ့ရတာပါ။ ကမ္ဘာပေါ်မှာ ၁၅ နှစ်လောက် နေထိုင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ Sword of Power (စွမ်းအားရှင်ဓားကြီး) နဲ့အတူ Eternia ဂြိုဟ်ဆီ ပြန်ရောက်သွားပါတော့တယ်။

ဒါပေမဲ့ သူရောက်သွားချိန်မှာတော့ သူ့ရဲ့မွေးရပ်မြေဟာ အဆိုးဆုံးဗီလိန်ကြီး Skeletor ရဲ့ လက်အောက်မှာ အတော်လေးကို ပျက်စီးယိုယွင်းနေခဲ့ပါပြီ။ သူ့မိသားစုနဲ့ သူ့ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် Adam ဟာ Teela နဲ့ Duncan တို့လို သူ့ရဲ့ သူငယ်ချင်းဟောင်း မဟာမိတ်တွေနဲ့ ပူးပေါင်းရပါတော့တယ်။ ပြီးတော့ သူ့ဆီမှာရှိတဲ့ အစစ်မှန်ဆုံး စွမ်းအားတွေကို ဖော်ထုတ်ပြီး စကြာဝဠာမှာ အင်အားအကြီးဆုံးလူသား "He-Man" အဖြစ် ခံယူကာ Skeletor ကို ပြန်လည်တိုက်ခိုက်ရမယ့် အကြောင်းတွေကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတာပါ။

Action နဲ့ Fantasy စွန့်စားခန်းတွေ ကြိုက်တဲ့သူတွေဆိုရင် မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဆိုတာ သေချာပါတယ်။
Thiraivi (2026) "ကန့်လန့်ကာ"
IMDb - 5.4/10

ကြံရာမရလို့ ဘ၀မှာ ပထမဆုံးအနေနဲ့ သူခိုးလုပ်ဖို့ ဆုံးဖြတ်လိုက်မိတဲ့ အန်ဘူ။
သူ ခိုးဖို့ကြံမိတဲ့အိမ်မှာမှ အမျိုးသမီးတယောက်တည်း ရှိနေပြီး

အဲဒီအမျိုးသမီးကလည်း -ေသကြောင်းကြံဖို့ လုပ်နေတာနဲ့ သွားတိုးနေပြန်ပါရောလား။
အန်ဘူဝင်လာတာနဲ့ သောက်တော့မဲ့ အဆိပ်ပုလင်း ကျကွဲသွားတာမို့

အန်ဘူ့ကို သေနတ်နဲ့ပစ်သ-တ်ပေးဖို့ တောင်းဆိုရင်း မသ-တ်ပေးရင်ရဲနဲ့တိုင်မယ်လို့ အကျပ်ကိုင်ပါရော။

အန်ဘူက ဘာလို့ သူခိုးလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။ အမျိုးသမီးကရော
ဘာလို့ -ေသချင်ရတာလဲဆိုတာ ရှုစားကြပါဦး။
Sannidhanam P.O (2026)

ဘောလိဝုဒ် ရဲ့နာမည်ကြီးဟာသသရုပ်ဆောင် Yogi Babu ရဲ့ ၂၀၂၆မှာထွက်ရှိလာတဲ့
တမီးလ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

စကားမပြောနိုင်ရှာတဲ့ မိခင်ဖြစ်သူ ယာဆိုဒါ ဟာ သူမရဲ့သားငယ်လေးကို
ဆာဘာရီမာလာ ဘုရားဖူးခရီးစဉ်ဆီ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ဘုရားဖူးလူအုပ်ကြီးကြားထဲမှာ
သားဖြစ်သူနဲ့ ကွဲကွာသွားခဲ့ရုံတင်မကဘဲ မတရားစွပ်စွဲချက်တစ်ခုနဲ့ ထောင်ပါကျသွားခဲ့ရပါတယ်။

မိခင်နဲ့ကွဲသွားတဲ့ သားငယ်လေးကတော့ သူစိမ်းမိသားစုတစ်ခုရဲ့ စောင့်ရှောက်မှုကို ခံရပြီး
မိခင်အရင်း ဘယ်သူမှန်းမသိဘဲ ကြီးပြင်းလာခဲ့ရာကနေ နောက်ပိုင်းမှာ စားဖိုမှူးဖြစ်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာပြီးနောက် ထောင်ကလွတ်လာတဲ့ ယာဆိုဒါ ဟာ သူတပါးအိမ်မှာ
အိမ်အကူလုပ်ရင်း ပျောက်ဆုံးနေတဲ့ သားဖြစ်သူကို မျှော်လင့်ချက်အပြည့်နဲ့ လိုက်ရှာနေဆဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ရဲအရာရှိတစ်ဦးရဲ့သမီးကနေတဆင့် သူတို့သားအမိနှစ်ယောက်ရဲ့ ပတ်သက်မှုကို မတော်တဆ သိရှိသွားရာကနေ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ သားအမိနှစ်ယောက် ပြန်ဆုံစည်းနိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့...။
404 Still Remain, Our 5 Minutes (2025)
*******************************


ဒီတစ်ခေါက် BL ချစ်သူတွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါး ရိုမန့်စ်တွေနဲ့ မတူဘဲ အတိတ်ကခေတ်ဟောင်း အငွေ့အသက်တွေကြားက “404 Still Remain, Our 5 Minutes” ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း…

ဇာတ်လမ်းလေးကိုတော့ ၂၀၀၁ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူမြို့က အထက်တန်းကျောင်းလေးတစ်ခုမှာ စတင်ထားပါတယ်။
အဲဒီခေတ်ကာလဟာ LGBTQ+ တွေကို လူမှုအသိုင်းအဝိုင်းမှာ လက်မခံကြသေးသလို ဂျပန်ယဉ်ကျေးမှုနဲ့ ဂီတတွေကိုလည်း ပိတ်ပင်ထားတဲ့ အချိန်ဖြစ်ပါတယ်။

ဂယောင်းဟွမ်ဆိုတဲ့ ကျောင်းသားသစ်လေးဟာ အတန်းထဲမှာ လူတွေနဲ့ မရောဘဲ အထီးကျန်နေတတ်ပြီး၊ တားမြစ်ထားတဲ့ ဂျပန်သီချင်းတွေကို ခိုးနားထောင်ရတာ နှစ်သက်သူပါ။
ဒါပေမဲ့ မထင်မှတ်ဘဲ ဘေးချင်းကပ် ထိုင်ရတဲ့ အတန်းခေါင်းဆောင် ဂျယ်မင်းကလည်း ဂျပန်ဂီတကို ကြိုက်နှစ်သက်သူဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ်။
ကျောင်းဆင်းချိန် ဘတ်စ်ကားပေါ်မှာ အတူတူနားကြပ်တစ်ခုနဲ့ သီချင်းတွေကို မျှဝေနားထောင်ရင်း သူတို့နှစ်ယောက်ကြားမှာ ဘာနဲ့မှ လဲလို့မရတဲ့ ၅ မိနစ်စာ သီးသန့်ကမ္ဘာလေး တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီလိုနဲ့သံယောဇဉ်တွေတိုးလာပြီး ဂယောင်းဟွမ်တစ်ယောက် ဂျယ်မင်းကိုသဘောကျလာခဲ့ပါတယ်။
စည်းမျဉ်းတွေနဲ့ ရောထွေးနေတဲ့ အဲဒီနားကြပ်ကြိုးလေးကြားက ခံစားချက်တွေကို ဖွင့်ပြောလိုက်တဲ့အခါ သူတို့ရဲ့ ရင်းနှီးမှု… ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲ…
ခေတ်စနစ်ရဲ့ ဖိနှိပ်မှု ၊ အတင်းအဖျင်းတွေနဲ့ တားမြစ်ချက်တွေ ကြားမှာ သူတို့ရဲ့ပထမဆုံးအချစ်ဟာ အမှတ်တရတစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့မှာလားဆိုတာတွေကို လွမ်းဆွေးဖွယ် ခေတ်ဟောင်းအငွေ့အသက်ကို ခံစားရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။

ဂယောင်းဟွမ်အဖြစ် Sim Hyun Seo
ဂျယ်မင်းအဖြစ် Hyun Woo Seok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
Mockbuster (2025)

IMDb (7.4/10)

ဒီဇာတ်ကားဟာ သြစတြေးလျ ဒါရိုက်တာ Anthony Frith ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် အမေရိကန်ရုပ်ရှင်စတူဒီယို The Asylum အတွက် “The Land That Time Forgot” အမည်ရှိ (Mockbuster) တစ်ကားကို ကိုယ်တိုင်ဝင်ရောက်ရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဒါရိုက်တာ Frith ရဲ့ ရိုက်ကွင်းနောက်ကွယ်က အလွဲအချော်များနဲ့ ရုန်းကန်လှုပ်ရှားမှု အတွေ့အကြုံများကို အမှန်အတိုင်း ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
Mockbuster ဆိုတာက Hollywood ကဇာတ်ကားကြီးတွေကို အတုခိုးပြီး ဘတ်ဂျက်နည်းနည်းနဲ့ Copycat ရိုက်ကူးထားတဲ့ဇာတ်ကားတွေကို ခေါ်တာပါ။ဇာတ်လမ်းကတော့ ရုပ်ရှင်လောကထဲမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေရပြီး ကော်ပိုရိတ်ကြော်ငြာဗီဒီယိုတွေပဲ ရိုက်နေရတဲ့ သြစတြေးလျ ဒါရိုက်တာ တစ်ယောက်ဟာ တစ်နေ့မှာ Hollywood က ကားကြီးတွေကို ဘတ်ဂျက်နည်းနည်းနဲ့ Clone ထုတ်လုပ်ပြီး ရောင်းစားတတ်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ The Asylum ရုပ်ရှင်စတူဒီယိုနဲ့ လက်တွဲခွင့်ရခဲ့ပါတယ်။
စတူဒီယိုက သူ့ကို ပေးလိုက်တဲ့ ပရောဂျက်ကတော့ အချိန်ခရီးသွား ဒိုင်နိုဆောရုပ်ရှင် တစ်ကားဖြစ်ပြီး ထူးခြားချက်က ၆ ရက်အတွင်း အပြီးရိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါပဲ။ တစ်သက်နဲ့တစ်ကိုယ် ရုပ်ရှင်အရှည်ကြီး တစ်ခါမှမရိုက်ဖူးတဲ့အပြင် ရိုက်ကူးရေးရက် ၆ ရက်ပဲရတဲ့ ဒုက္ခ၊ တိုက်သင်္ဘောအခန်းကို ကားဂိုဒေါင်ရှေ့မှာ အဝတ်စအပြာခံပြီး ရိုက်ရတဲ့ ဆင်းရဲတွင်းတွေကြားထဲမှာ အနုပညာသမားတစ်ယောက် အလုပ်ဖြစ်အောင် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။အဆင့်နိမ့်ရုပ်ရှင်တွေရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုတွေကို ဟာသအမြင်နဲ့ ဂုဏ်ပြုထားတာဖြစ်သလို အနုပညာ နဲ့ စီးပွားရေး တိုက်ပွဲဝင်နေရတဲ့ ရုပ်ရှင်လောကရဲ့ သရုပ်မှန်အပြင် အပေါစားရုပ်ရှင်တစ်ကား ဖြစ်ဖို့တောင်ဘယ်လောက်ခက်ခဲသလဲဆိုတာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။
"They Fight" ဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူ မှတ်တမ်းရုပ်ရှင် ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အားကစားနဲ့ ဘဝသရုပ်ဖော် ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ သာမန် လက်ဝှေ့အက်ရှင် ဇာတ်ကားသက်သက် မဟုတ်ဘဲ ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေးရဖို့ ကြိုးစားခြင်၊ ခွင့်လွှတ်ခြင်းနဲ့ လူငယ်တွေအတွက် လမ်းပြသွန်သင်ပေးခြင်း စတဲ့ အဓိပ္ပါယ်လေးနက်တဲ့ အကြောင်းအရာတွေကို အဓိက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အကျဉ်းထောင်ကနေ လွတ်ခါစဖြစ်တဲ့ ဇာတ်လိုက်ဖြစ်သူ Walt Manigan (André Holland) ရဲ့ ဘဝကို အဓိကထား ရိုက်ကူးထားတာပါ။ သူဟာ ထောင်ကနေ လွတ်လာပြီးနောက်ပိုင်း သူ့ရဲ့ ချစ်သူဟောင်းဖြစ်သူ Ketta (Samira Wiley) နဲ့ သူ့ရဲ့ သားလေးဆီကို ပြန်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်က အမှားတွေကြောင့် လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့ဆိုတာ သူထင်သလောက် မလွယ်ကူခဲ့ပါဘူး။

အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲနေတဲ့အချိန်မှာပဲ သူတစ်ချိန်က စွန့်ခွာခဲ့တဲ့ လက်ဝှေ့လောကဆီကို မထင်မှတ်ဘဲ ပြန်ရောက်သွားပါတယ်။ ဝါရှင်တန်ဒီစီ (Washington D.C.) မှာရှိတဲ့ လူငယ်အားကစားရုံလေးမှာ ဆယ်ကျော်သက် ကလေးတွေကို လက်ဝှေ့သင်ပေးတဲ့ နည်းပြတစ်ယောက်အဖြစ် စတင်လုပ်ကိုင်ရင်း သူ့ရဲ့ ဘဝကို အသစ်ပြန်စဖို့ ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားရဲ့ အားအသာဆုံးအချက်ကတော့ Walt အဖြစ် သရုပ်ဆောင်ထားတဲ့ André Holland ရဲ့ သရုပ်ဆောင်ချက်တွေပါပဲ။ အတိတ်က အမှားတွေအတွက် နောင်တရနေပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်ချင်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို အပီပြင်ဆုံးနဲ့ အသဘာဝအကျဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် လက်ဝှေ့သမားလေးတွေအဖြစ် သရုပ်ဆောင်ထားတဲ့ ကလေးသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း ရုပ်ရှင်ကို ပိုပြီးအသက်ဝင်စေပါတယ်။

အချုပ်အားဖြင့်ပြောရရင် "They Fight (2026)" ဟာ အားကစားကို အခြေခံထားပေမဲ့ လူ့ဘဝရဲ့ ခံစားချက်တွေနဲ့ မိသားစုမေတ္တာကို အဓိကပြသထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ သာမန် လက်ဝှေ့ထိုးတဲ့ ဇာတ်ကားမျိုး မဟုတ်ဘဲ ဘဝအတွက် ခွန်အားဖြစ်စေမယ့် ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ သင့်ရဲ့ အားလပ်ချိန်တွေမှာ ကြည့်ရှုဖို့ အထူးပဲ ညွှန်းဆိုချင်ပါတယ်။
The Bay(2026)

ထိုင်းနိုင်ငံက လှပတဲ့ ပင်လယ်ပြင်မှာ အပန်းဖြေရင်း မင်္ဂလာဆောင်ပွဲလေး ဆင်နွှဲနေချိန်... ရုတ်တရက် ကျားငါးမန်း (Tiger Sharks) တွေ ဝိုင်းနေတဲ့ အလယ်မှာ လှေနစ်ပြီး ပိတ်မိသွားခဲ့ရင် သင် ဘာဆက်လုပ်မလဲ?

Emma နဲ့ Lani ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Destination Wedding (အပန်းဖြေခရီးသွားရင်း ကျင်းပတဲ့ မင်္ဂလာဆောင်) ကို တက်ရောက်ဖို့ ရောက်လာကြပါတယ်။ လှပတဲ့ ထိုင်းပင်လယ်ပြင်မှာ အပျော်စီးလှေ (Tour boat) လေးစီးရင်း ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းနေချိန်မှာပဲ... မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံပြီး သူတို့စီးလာတဲ့ လှေလေးဟာ ရုတ်တရက် ပျက်စီးနစ်မြုပ်လာပါတော့တယ်။

အဆိုးဆုံးကတော့ သူတို့ နစ်နေတဲ့ နေရာက သာမန် ပင်လယ်ပြင် မဟုတ်ဘဲ၊ ကြောက်စရာကောင်းတဲ့ ကျားငါးမန်းတွေ (Tiger Sharks) အများဆုံး ကျက်စားရာ နယ်မြေ (Sanctuary) ရဲ့ အလယ်ဗဟိုတည့်တည့် ဖြစ်နေတာပါပဲ။ ကယ်ဆယ်ရေးလည်း မလာ၊ လှေကလည်း တဖြည်းဖြည်း နစ်နေတဲ့ အချိန်မှာ ရေအောက်ကနေ သွေးဆာနေတဲ့ ငါးမန်းတွေရဲ့ အန္တရာယ်ကနေ ဒီသူငယ်ချင်း နှစ်ယောက် ဘယ်လို အသက်လု ထွက်ပြေးကြမလဲ ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။

သာမန် ငါးမန်းကားတွေလို ကြီးမားတဲ့ CGI ဧရာမငါးမန်းကြီးတွေထက် တကယ်လက်တွေ့မှာ လူကို အန္တရာယ်ပေးနိုင်တဲ့ ကျားငါးမန်းတွေကို အသုံးပြုထားတာမို့ ပိုပြီး သဘာဝကျသလို၊ သွေးထွက်သံယို အက်ရှင်အခန်းတွေကလည်း အတော်လေး ကြည့်ကောင်းပါတယ်။ဂန္ထဝင်မင်းသားကြီး Clint Eastwood ရဲ့ သမီးဖြစ်သူ မင်းသမီး Francesca Eastwood က Emma အဖြစ် ပါဝင်ထားပြီး အသက်လုရုန်းကန်ရတဲ့ ပြကွင်းပြကွက်တွေမှာ သဘာဝကျကျ အကောင်းဆုံး ပုံဖော်ပေးသွားပါတယ်။

ဒီအပတ် ပိတ်ရက်မှာ အကြိုက်တူ သူငယ်ချင်းတွေနဲ့အတူတူ အော်လန့်ဖို့ ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒီကားကို လုံးဝ (လုံးဝ) ညွှန်းပေးလိုက်ပါတယ်နော်။
Con City 2026

ကဲ ရယ်လည်းရယ်ရ စိတ်ကူးလည်းယဉ်လို့ကောင်းမဲ့ ဘာဘူတို့ရဲ့ ရုံကားကြီး တင်ဆက်‌ပေးလိုက်ပါပြီ ရုံတင်တဲ့ ပထမပတ်မှာတင် ၅ ကုဋေထိ ဝင်ငွေကောင်းခဲ့တဲ့ ဇာတ်ကားကြီး‌ပေါ့ဗျာ

ကံကောင်းခြင်းက လူတစ်ယောက်ကို ၃ကြိမ်လာတွေ့တတ်တယ်တဲ့ အဘက်ဘက်က ကြွေးတွေဝိုင်းနေတဲ့အပြင် တွဲနေတဲ့ ကောင်မလေးမိသားစုဘက်က အိမ်အလည်လာတုန်း ကြွေးရှင်တွေလာတောင်းလို့ ငမွဲနဲ့ သဘောမတူဘူးတွေထဖြစ်တဲ့ ဆာရာဗာနာလောက် ကံဆိုးတဲ့လူရှိဦးမလား။ ဒီလောက်ကံဆိုးတဲ့သူ့ဆီ လာရောက်တွေ့ဆုံတဲ့ ပထမကံကောင်းခြင်းက မိုးကြိုးပါပဲ ဟုတ်ပါတယ် ပြေစာရိုက်စက်ကို မိုးကြိုးထိမှန်ပြီး ထူးဆန်းစွာနဲ့ ဒီစက်ထဲကငွေ အဆက်မပြတ် ငွေစက္ကူတွေ ထွက်လာခဲ့ပါတယ် လိုသလောက်ရနေတဲ့ ငွေစက်ကြီးပိုင်ထားပြီး ဒီသတင်းက တစ်မြို့လုံးဆီ ပေါက်ကြားသွားတဲ့အခါမှာတော့....။
King and the Clown (2005)

************************

IMDb Rating (7.3)

မင်းသား Lee Joon-Gi ရဲ့ မိန်းကလေးတောင် အရှုံးပေးရလောက်တဲ့ ရင်သပ်ရှုမောဖွယ် အလှအပတွေနဲ့အတူ ပြသစဉ်က ဆုကြီး ၁၆ ဆုနဲ့ ရုံဝင်သူ 12.3 သန်းကျော်အထိပါ ရောက်ရှိခဲ့တဲ့ နာမည်ကြီး နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

တခြားသော Main Cast တွေအနေနဲ့ မင်းသားကြီး Gam Woo-Sung, Jung Jin-Young နဲ့ မင်းသမီး Kang Sung-Yeon တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်

- ဇာတ်လမ်းအကျဉ်း -

ဂျန်စိမ်း (Gam Woo-Sung) နဲ့ ဂုံဂီ (Lee Joon-Gi) တို့ဟာ လမ်းဘေးမှာ ကပြဖျော်ဖြေရခြင်းကို အလွန်အမင်း ခုံမင်ဝါသနာပါကြတဲ့ လူပြက်တွေပါ။ ဒါပေမဲ့ အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် မူလကျေးလက်ရွာလေးကို စွန့်ခွာပြီး မြို့တော် ဟန်ယန်းဆီကို ဦးတည် ထွက်ခွာလာခဲ့ကြပါတယ်။

ဟန်ယန်းကို ရောက်လာပြီးနောက် ဘုရင် ယွန်းဆန်းဂွန်း (Jung Jin-Young ) နဲ့ ကိုယ်လုပ်တော် နို့ဆူ (Kang Sung-Yeon) တို့ရဲ့အကြောင်းကို လှောင်ပြောင်သရော်တဲ့ ကပြဖျော်ဖြေပွဲတွေနဲ့ နာမည်ကြီးလာခဲ့ပေမဲ့လည်း တစ်နေ့မှာတော့ ဂျန်စိမ်းတို့တစ်ဖွဲ့လုံး ဘုရင်ကို စော်ကားတယ်ဆိုတဲ့ အပြစ်နဲ့ ဖမ်းဆီးခံလိုက်ရပါတော့တယ်။

အဲဒီလိုနဲ့ စစ်ဆေးမေးမြန်းခံနေရစဉ်မှာပဲ ဂျန်စိမ်းက ဘုရင်ကိုယ်တိုင်ပါ ရယ်မောလာအောင် ကပြဖျော်ဖြေနိုင်ပါတယ်လို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးလိုက်ပြီး တကယ်လည်း ဘုရင့်ရှေ့တော်မှောက်မှာ ကပြဖျော်ဖြေရဖို့ ဖြစ်လာတဲ့အခါမှာတော့...

အင်မတန်မှ ရက်စက်ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ မင်းဆိုးမင်းညစ် ယွန်းဆန်းဂွန်းက ဂျန်စိမ်းတို့ လူပြက်အဖွဲ့ရဲ့ ကပြဖျော်ဖြေပုံကို ကြည့်ပြီး ရယ်မောပါ့မလား....

နန်းတော်တွင်းက မနာလိုဝန်တိုမှုတွေ၊ အာဏာလွန်ဆွဲမှုတွေကြားမှာ ဘယ်လို ရှုပ်ထွေးမှုတွေ ဖြစ်လာဦးမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက် ခံစားကြည့်ရှုပေးကြပါဦးရှင်။
Ip Man: Kung Fu Legend (2026)

၂၀၂၆ထွက် အသစ်စက်စက် IP Man ဇာတ်ကားပါ။ဒီကားက IP Man က ဖော်ရှန်းကနေ ဟောင်ကောင်ကိုရောက်လာပြီး အခြေချခါစ သိုင်းခန်းမစဖွင့်ဖို့ကြိုးစားနေတဲ့အချိန်ပဲဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကျင့်ဝတ်မရှိတဲ့ အနောက်တိုင်းကုန်သည်တစ်ယောက်က အနောက်တိုင်းလက်ဝှေ့ရုံဖွင့်ဖို့အတွက် ဒေသခံသိုင်းသင်တန်းကျောင်းတွေ ဆိပ်ကမ်းတွေကို အတင်းအဓမ္မသိမ်းယူဖို့
ကြိုးစားနေပါတယ်။ အနိုင်ကျင့်ခံရတဲ့ ဒေသခံအလုပ်သမားတွေနဲ့ သိုင်းဆရာကြီးတွေဘက်ကနေပြီး ယဲ့ဝမ့်က မတရားမှုကိုအပြင်းအထန်ရင်ဆိုင်ကာကွယ်ပေးခဲ့တာကြောင့်
အနောက်တိုင်းအတွက်ယဲ့ဝမ့်ဟာ ပစ်မှတ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ လူသတ်မှုနဲ့ မတရားထောင်ချောက်ဆင်ပြီး စွပ်စွဲပြီးထောင်ချလိုက်ပါတယ်။ ထောင်နံရံရဲ့နောက်ကွယ်မှာ
မြေအောက်ဂိုဏ်းကစေလွှတ်တဲ့ ကြေးစားလူသတ်သမားတွေရဲ့ အန္တရာယ်အမျိုးမျိုးကိုပါ ယဲ့ဝမ့်ဟာ ရင်ဆိုင်လာရပါတယ်။ သိုင်းအဖွဲ့သားတွေရဲ့စည်းလုံးမှုနဲ့အတူ ယဲ့ဝမ့်ရဲ့
ယုံချွင်းလက်သီးသိုင်းပညာနဲ့ အနောက်တိုင်းသားကိုပြန်လှန်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။

မင်းသား Dennis To ဟာ The Lengend is Born: IP Man(2010) နဲ့ IP Man : Kung Fu Master ( 2019) တို့မှာလည်း ယဲ့ဝမ့်အဖြစ် သရုပ်ဆောင်ခဲ့တာကြောင့်
အတိုက်အခိုက်ကွန်ဖူပိုင်းကတော့ ပီပြင်တဲ့အတွက် ကွန်ဖူးပရိသတ်တွေအတွက်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Mellisai (2026) တေးသံသာ

တမီလ်စကားပြော မိသားစုဒရာမာကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအစမှာ ဒီပတ်နဲ့ ယာဇီနီဆိုတဲ့ အရွယ်ရောက်စမောင်နှမနှစ်ယောက်ဟာ
သူတို့ရဲ့မိသားစုပိုင်အိမ်လေးကို ဆုံးရှုံးရမယ့်အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။

သူတို့ရဲ့မိဘတွေဟာ ဆရာဆရာမတွေဖြစ်ကြပြီး ဝါသနာတွေကိုစွန့်လွှတ်ခါ
မိဘဖြစ်ဖို့ရွေးချယ်ခဲ့ကြသူတွေဖြစ်ပါတယ်။

သူတို့ဟာ ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ကြပေမဲ့ လက်ရှိမှာ
ရုန်းကန်နေရတဲ့အခြေအနေကို ဘယ်လိုရောက်လာလဲဆိုတာနဲ့၊
အတိတ်က စိန်ခေါ်မှု၊ ကျရှုံးမှုတွေ၊ မိသားစု အကျပ်အတည်းတွေနဲ့
ကြည်နူးစရာမိသားစုသံယောဇဉ်တွေကို စုံလင်အောင်ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။
The Message (2009)

တရုတ်ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးနဲ့အဆင့်အတန်းအမြင့်ဆုံးလို့သတ်မှတ်ရလောက်တဲ့အထိ Ratingမြင့်ခဲ့တဲ့တရုတ်ရုပ်ရှင်လောကရဲ့ စပိုင် (Espionage)
ဇာတ်ကားတွေထဲမှာ ဂန္ထဝင်တစ်ကားအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၀၀၉ ခုနှစ်ထွက် "The Message" (风声 - Feng Sheng) ဆိုတဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားဟာ စာရေးဆရာ Mai Jia ရဲ့ နာမည်ကျော်ဝတ္ထုကို အသက်သွင်းထားတာဖြစ်ပြီး ဒါရိုက်တာ Chen Kuo-fu နဲ့ Gao Qunshu တို့က
ပရိသတ်ကို ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တမမဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ တရုတ်ရုပ်ရှင်လောကရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့
Zhou Xun ၊ Li Bingbing၊ Huang Xiaoming ၊ Zhang Hanyu နဲ့ Alec Su ( 2003 ကျန်းဝူကျိမင်းသား) တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအစမှာတော့ ၁၉၄၂ ခုနှစ် ဂျပန်တွေ သိမ်းပိုက်ထားတဲ့ နန်ကျင်းမြို့ကို အခြေခံထားပါတယ်။ ဂျပန်ကျောထောက်နောက်ခံပြု ရုပ်သေးအစိုးရရဲ့ အရာရှိတွေ ဆက်တိုက်လုပ်ကြံခံရပြီး
နောက်မှာတော့ ဂျပန်ထောက်လှမ်းရေးအရာရှိ တာကဲဒါ (Huang Xiaoming) ဟာ သူတို့ရဲ့ ဆက်သွယ်ရေးဌာနထဲမှာ သတင်းပေးနေတဲ့ "Phantom" (တစ္ဆေ) လို့ အမည်ရတဲ့
ကွန်မြူနစ်စပိုင်တစ်ယောက် ရှိနေတယ်ဆိုတာကို ရိပ်မိသွားပါတော့တယ်။ဒီစပိုင်ကို ဖော်ထုတ်ဖို့အတွက် တာကဲဒါဟာ ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဓိက သံသယရှိသူ
၅ ယောက်ကို အစည်းအဝေးလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစောင့်အကြပ်ထူထပ်တဲ့ အိမ်တော်ကြီးတစ်ခုဆီ ခေါ်ဆောင်သွားပြီး အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး အိမ်တော်ကြီးထဲမှာ အသက်လုရတဲ့ စိတ်ပညာစစ်ပွဲကြီး စတင်ပါတော့တယ်။ သံသယရှိသူ ၅ ယောက်ထဲက ဘယ်သူက တကယ့်စပိုင်လဲဆိုတာကို ဖော်ထုတ်ဖို့
ဂျပန်တွေက ရက်စက်တဲ့ စစ်ဆေးမေးမြန်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချရင်း
လွတ်မြောက်ဖို့ ကြိုးစားကြပုံတွေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားဟာ သာမန် စပိုင်ဇာတ်ကားမျိုးမဟုတ်ဘဲ Locked-room Mystery (အပိတ်ခံထားရတဲ့ အခန်းတွင်းက လျှို့ဝှက်ချက်) ပုံစံမျိုး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူကိုပါ
ဘယ်သူက စပိုင်ဖြစ်မလဲဆိုတာကို လိုက်လံစဉ်းစားချင်စရာ ဖြစ်စေပါတယ်။ တကယ့်စပိုင်ကရော ဒီလို အကျပ်အတည်းကြားထဲကနေ အရေးကြီးတဲ့ သတင်းစကား (The Message) ကို
အပြင်ကလူတွေဆီ ဘယ်လိုပါးလွှာသွားမလဲဆိုတဲ့ Plot Twists တွေက အံ့မခန်းပါပဲ။ သရုပ်ဆောင်တွေရဲ့ ပီပြင်လွန်းတဲ့ အမူအရာတွေ (အထူးသဖြင့် ဒီကားနဲ့ Golden Horse Award မှာ
အကောင်းဆုံးမင်းသမီးဆု ရခဲ့တဲ့ Li Bingbing ရဲ့ သရုပ်ဆောင်ချက်) နဲ့ ခိုင်မာတဲ့ ဇာတ်အိမ်တွေကြောင့် Thriller နဲ့ Mystery ကားကောင်း ကြိုက်နှစ်သက်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့
Masterpiece တစ်ကားအဖြစ် အာမခံ ညွှန်းဆိုလိုက်ရပါတယ်။