အချစ်ခရီးသွားများ(𝐋𝐨𝐯𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬)
351 subscribers
61 photos
7 videos
သူပေးတဲ့ အပူ သောက တွေက

ကောင်းကင်က နေရဲ့အပူကိုတောင်

မမှီပါဘူးကွယ်...


https://t.me/NanReflection
Download Telegram
တစ်သက်လုံး မခွဲဘူးဆိုတဲ့
စကားတွေကို
ကျွန်တော်တို့ အယုံလွယ်ခဲ့ကြတယ်မို့လား...။

#ခန့်ထည်
🥰1
Media is too big
VIEW IN TELEGRAM
စကားခုနှစ်ကြိမ်ဆိုခဲ့သည်
#ခန့်ထည်
#ရွတ်ဖတ်သူခန့်ထည်
သက်သေ
***
ပြောခဲ့ဘူးတဲ့ စကားတွေ
နားလေးတွေက အ၀င်သက်သေ

သွားခဲ့ဖူးတဲ့ လမ်းကလေးတွေ
ခြေလှမ်းလေးက အသွင်သက်သေ

လွမ်းခဲ့ဘူးတဲ့အလွမ်းတွေ
နှလုံးသားလေးက ဘ၀င်သက်သေ

ပေးခဲ့ဘူးတဲ့ အနမ်းတွေ
နှုတ်ခမ်းလေးက အစဉ်သက်သေ

အခုတော့လေ...
သက်သေတွေ သက်သေတွေ
မဆိုင်သလို သူတို့နေ...

#ခန့်ထည်
နွေ

နှင်းပျောက်သော နွေရဲ့နံနက်ခင်းနေ့ရက်များမှာ
ရွက်ကြွေလမ်းတလျှောက် လွမ်းရက်တွေကောက်ရင်း
ရွက်ကြွေတောက ကောင်မလေးကိုသတိရမိတယ်

ပိတောက်ပွင့်တဲ့ ရာသီထဲ
ဒီအချိန်ရောက်ရင် ဖူးကြွဝါဖွေးပြီး
တဟုန်းဟုန်းပွင့်ပြတဲ့ ပိတောက်တွေ

ပိတောက်ရဲ့အလှဟာ
ပင်ယံမှာအလှပိုသလို မြေသားမှာ
ကြွေကာဖွေးလည်း လှပါတယ်

ခူးသူခူး ပန်သူပန်
ပန်သူရဲ့ ဦးခေါင်းထပ်မှာ
ပိတောက်ပန်းတွေနဲ့အပြိုင်
သိပ်ကိုလှကြတဲ့ မိန်းကလေးများစွာထဲ
သူမ ဟာပို၍ ပို၍လှပါတယ်

ပိတောက်ပန်းတွေလည်း
ခူးပြီးမပန်ပေးနိုင်တော့ဘူး
သနပ်ခါးတွေလည်း သွေးပြီးမပေးနိုင်တော့ဘူး

ပေးသူရှိရင်လည်း ပန်ဆင်ပါ
သနပ်ခါးသွေးပေးသူရှိရင်လည်း လိမ်းခြယ်ပါ
ကျွန်တော့်အတွက် မဟုတ်တဲ့အပြုံး
လိုတာထပ်ပို၍ လှပစွာပြုံးပါ

အပြုံးဟာလူတိုင်းနဲ့တည့်တာမို့
ရောက်ရာအရပ်က ပြုံးပြုံးလေးနေပေးပါ

ဝေးသောလူချင်းက
နီးသောနှလုံးသာနဲ့ဖြစ်ခဲ့သော်လည်း
လူချင်းနီးပြီး နှလုံးသားချင်း
ပိုလို့နီးတဲ့သူ အနားရောက်လာလို့
ကျွန်တော့်ကို မေ့ခဲ့ရင်လည်း ခွင်လွတ်ပါတယ်

ကျွန်တော် ကိုယ်တိုင်ကိုယ်ကြ
လုပ်မပေးနိုင်သော အရာများကို
သူမ အနားကတယောက်ယောက်ကလုပ်ပေးနေခြင်းများကို
ကျွန်တော် ရူ့စိတ်နိုင်ပါတယ်

အနေဝေးလို့ သွေးအေးရအောင်လည်း
ကျွန်တော်တို့ဘယ်တုန်းက နီးခဲ့ဖူးလို့လည်း
ရာသီပူသလို ရင်လဲပူရပါတယ်
ရွက်တွေကြွေသလို မျက်ရည်လည်း ဝေရပါတယ်

ဘယ်ရင်ခွင်မှာပဲဖြစ်ဖြစ်
ပျော်နေတာပဲ မြင်ချင်မိတာ
ကျွန်တော့်ရဲ့ ဖြူစင်သောမေတ္တာတရားပါ

ပုခုံးပေါ်ဝဲသွားတဲ့ ဆံနွယ်စလေးကို
ကျွန်တော်အစား တခြားသူက
သူမနားရွက်ကြား ညုပ်ပေးတာက အစ
ဂရုစိုက်သူနဲ့သာတွေ့ပါစေ

ပိတောက်ပန်းလည်း ခူးပြီးမပန်ပေးနိုင်သလို
ဆံနွယ်စလေး နားကြားညှပ်တာ အစ
ခေါင်းစည်းပေးတာအဆုံး မလုပ်ပေးနိုင်လို့
လုပ်ပေးနိုင်သူကို ရွှေးချယ်ခဲ့လည်း
ခွင့်လွတ်ပါတယ်

နွေတဲ့ တစ်လုံးတည်း
လွမ်းမောစရာအပြည့် ဆွေးစရာအပြည့်
ချစ်စရာအပြည့်လည်းရှိသလို
လမ်းဆုံ လမ်းခွဲလည်း ရှိကြစမြဲ

တဖြုတ်ဖြုတ်ကြွေ
အရိုးတံကျဲကျဲလည်း လှသလို
တဟုန်းဟုန်း ပွင့်တဲ့
ရွက်သစ်ဝေလည်း လှကြပါတယ်

အအေးအတူ အပူမျှတဲ့
ဝေနေရင်လဲ ပျော်ပျော်
ကြွေနေရင်လဲပျော်​ပျော်ပါပဲ

မျှော်နိုင်သမျှ မျှော်ပါ
မမျှော်နိုင်တဲ့ အဆုံး
ထားရစ်ခဲ့ရင်လည်း

နွေဦးမှာ ​ရွက်သစ်လေး
သစ်တစ်ပင်က ကြွေကျသွားတဲ့
သစ်ရွက်လေးလို ဘယ်ကော်နဲ့ကပ်ကပ်
သူအတွက်နေရာမရှိတော့သလို နေပေးပါ့မယ်

နွေ တဲ့
သိပ်လှသလို
သိပ်လွမ်းရပါတယ်

#ခန့်ထည်
‎ငါဟာ ဦးနှောက်က အလုပ် မလုပ်ဘူး
‎နှလုံးသားကပဲ အလုပ်လုပ်တယ်
‎ဟုတ်တယ်
‎ဒါကြောင့် မင်းကို လိုတာထပ်ပို၍ချစ်တယ်...။

#ခန့်ထည်
#နာကျင်ခြင်းအနုပညာ
ဒဏ်ရာကို စိတ်အတွေးနဲ့
ဆားဖြူးခဲ့ရတဲ့နေ့ရက်တွေ

နာကျင်မှုကို အနာဖေးခွါရင်း
နေပျော်တက်ခဲ့ရတဲ့အကြောင်းတွေ

#ခန့်ထည်
နာကျင်ခြင်းအနုပညာ
‎သိပ်ချစ်တာပဲ စကားကို
‎မမှတ်မိတော့လောက်အောင် အကြိမ်ကြိမ်ရည်ရွတ်ခဲ့တဲ့
‎မင်းနူတ်ဖြားက လမ်းခွဲကြမယ်လို့
‎တစ်ခွန်းပဲပြောပြီး အရာအားလုံးကို
‎တိတ်ဆိတ်စွာထားရစ် ကျောခိုင်းထွက်ခွာသွားခဲ့တယ်

‎ဝင်လာတယ်
‎ထွက်သွားတယ်
‎ချစ်ခဲ့ကြဖူးတယ်
‎ဒီလောက်ပါပဲပေါ့

#ခန့်ထည်
😭1
‎လူ နဲ့ မာန

‎မသိမှုနဲ့ စပြီး
‎မသိမှုနဲ ဆုံးတဲ့ လောကထဲ
‎ဘာတွေ ဘဝင်မြင့်နေကြတာလဲ

#ခန့်ထည်
‎အားကိုးစရာ
‎ရင်ခွင်တစ်စုံကနေ
‎မေ့ပန်းတွေဝေပြနေတာကလဲ ဂေါ်ပါတယ်

‎~ခန့်ထည်~
ရယ်သံတွေချင်း ဝင်တိုက်ခဲ့ကြဖူးတဲ့
ပြက္ခဒိန်ရဲဒိတ်လှလှတွေမှတ်ခဲ့ကြတယ်

အချိန်ရာသီစက်ဝန်းထဲ
ငါတို့ ဝတ်ကျေတမ်းကျေကတိတွေပေးခဲ့ကြရင်း
အခုပစ္စပ္ပုန်မှာ မှတ်မှတ်ရရဒိတ်လှလှလေးလည်း

အခုတော့ ဒိတ်တွေပျောက်ခဲ့
ဖိနပ်အသစ်တစ်စုံနဲ့ ဘယ်ခရီးတွေ
ဘယ်လိုနှင်ပြီး ဘယ်ကတိတွေဘယ်လိုပေးနေမလည်း

#ခန့်ထည်
အရာရာထက်ပိုချစ်တယ်

ကျန်မာရေ ဂရုစိုက်ပါနော်

မတည်တာတွေလျှောက်မစားနဲ့နော်

ချစ်ရတဲ့မိန်ကလေးငယ်ရေ

မနှောက်ယှက်တော့ပါဘူး

တနေ့ကြရင်ဆုံကြမယ်

မပြေားတော့ပါဘူး

ဘယ်ဘုရားတွေ အတူဖူးကြမယ်

မမျှော်လင့်တော့ပါဘူး

အစစအရာရာ ပျော်ရွှင် နိုင်ပါစေ

                   --ကြိုး
ရုပ်ချောပြီး ရည်းစားမရှိတာဟာ
အပြစ်တခုဆိုရင်...
အားလုံးကို တောင်းပန်ပါတယ်..။
ရည်းစားမဖြစ်ခင်ကတော့
အားယားနေပုံများ
ကိုယ်က သာတစ်ကြောင်းမရေးရသေးဘူး
သူကလေးကြောင်းလောက်ပို့ပြီးနေပြီ
Rp မြန်တာလဲမပြောနဲ့ စိတ်ကူးယဥ်တာကမှကြာဦးမယ်

ရည်းစားလဲဖြစ်ရော
တလောကလုံးက အလုပ်တွေ
သူပဲလုပ်နေရသလိုမျိုး
မအားလို့ပါ
မအားလို့ပါနဲ့
အဆင်ပြေမနေဘူး

အတွဲတိုင်းအတွက်ပြောပါတယ်
ရန်တိုက်ပေးတာမဟုတ်ဘူးနော်
မသိသေးတာကိုလာပြောပြတာပါ

#ခန့်ထည်
ဝေးမှာကြောက်တဲ့စိတ်နဲ့
ဆွဲထားခဲ့မိတာဘာ
ဒါတောင်
ငါတို့ဝေးဖြစ်အောင်ဝေးခဲ့ကြတယ်နော်

#ခန့်ထည်
မင်းရေးမယ့် ဝလုံး ဝိုင်းဝိုင်းလေးငါဖြစ်ချင်တယ်
‎မင်းပါးဖောင်းဖောင်းလေးနမ်းခွင့်ရတဲ့သူ ငါဖြစ်ချင်တယ်
‎ငါ့ကဗျာရွတ်သံတွေနဲ့ မင်းရဲ့အိပ်ဖန်စောင့်ဖြစ်ဖို့
‎ငါတို့နှစ်ယောက်ရဲ့ ပေါင်းကူးတံတားအဖြစ်
‎ငါကဗျာတွေနဲ့ မင်းကိုတင်တောင်းပါ့မယ်

#ခန့်ထည်
အဆင်မပြေဘူး ငါ့စိတ်တွေရေ
ပျော်စရာတွေကို
ငါ ဘယ်မှာသွားပြန်ရှာရမလဲ

#ခန့်ထည်
💔1
မင်း ရဲ့ အ ဝေး

ငါမှာက သောကတွေနဲ့ အပူတွေလောင်လောင်ကျွမ်းကျွမ်း
များလှတယ် မင်းရဲ့ အဝေးမှာ သိပ်အဆင်မပြေဘူး
နေပျော်စရာမကောင်းတဲ့ ငါဘဝကြီးဟာလည်း
တစ်စုံတစ်ယောက်ကိုရင်ထဲထည့််ကြည့်မှ အထီးကျန်ဆန်ခြင်းရဲ့အကြောင်း
ရောက်လာခဲ့တယ်

ရင်ကိုဖွင့် မင်းသိအောင် သီချင်းတွေနဲ့တစ်မျိုး ကဗျာတွေနဲ့တဖုန်
ပြောပြခဲ့လည်း မင်းကပျက်ရယ်ပြုလိုက်တဲ့ သံစဥ်မဲ့သီချင်း
ကာရံမညှီတဲ့ ကဗျာတွေ အဖြစ်ပြောင်းသွားတယ်

ကိုယ့်ကိုယ်ကိုယ်ပျော်ပျော်နေရင်း မင်းကိုထိုင်ငေးရင်း
ငိုခဲ့ရဘူးတယ် မင်းရဲ့အဝေးဆုံးက ဒီလူကို
မင်းကိုမေ့ဖို့ မုန်းလိုက်ဖို့ မချစ်ဖို့ မင်းမို့ပြောထွက်လေတယ်ကွယ်
ခဏလောက်ငါ့ ရင်ထဲကိုမင်းဝင်ကြည့်စေချင်တယ်
အဲစကားဟာ ငါ့နှလုံးသားတည့်တည့်ကို ထိုးထည့်လိုက်တဲ့
ဓားတွေဘာ ချစ်ရသူရယ်

ဖြစ်နိုင်ရင် မေ့လိုက်ဖို့မပြောပဲ အပြုံးလေးပေးခဲ့ပါလား
ဖြစ်နိုင်ရင် မုန်းလိုက်ဖို့မပြောပဲ အကြင်နာအကြည့်လေးပေးခဲ့ပါလား
ဖြစ်နိုင်ရင် မင်းကိုမချစ်ဖို့မပြောပဲ ငါ့ရင်ခုန်သံနားထောင်ကြည့်ပေးပါလား

ဒီအကြောင်းတရားတွေဟာ မင်းရဲ့အဝေးကမို့
နီးစပ်မှုရှိတဲ့ အခွင့်အရေးလေးများရှိရင်
နှုတ်ခမ်းတစ်စုံက ခပ်ဖွဖွလေးပဲ ပြုံးပြလိုက်ပါကွယ်

♡ ခန့်ထည် ♡

နာကျင်ခြင်းအနုပညာ
မင်းရဲ့အပြုအမူတွေက
မချစ်တာ သိပ်...သိသာတာဘဲကွယ်...

မေတ္တာပေးရင်း မေတ္တာငတ်ခဲ့ရတယ်
ငါ့ကိုယ်ငါလည်း မေတ္တသုတ်ရွတ်နေရတယ်

#ခန့်ထည်
ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့
ကောင်းကင်ကြီးနဲ့အပြိုင်
မင်းရော ဘယ်အရပ်ဒေသမှာ
ချစ်မိုးတွေစွေနေပါလိမ့်

#ခန့်ထည်
1
မင်းပြန်မချစ်ဘူးလို့ ပြောလိုက်ကတည်းက
‎ငါဟာ ကမ္ဘာကြီးကို အကောင်းမမြင်တော့တာကြာပြီ
‎ဘယ်အရာကိုမဆို ေခါင်းကိုမော့ လာခဲ့တဲ့ကောင်ဟာ
‎ခေါင်းငုတ်နေရမယ်လို့ ဘယ်တွေးဖူးပါ့မလည်းလေ
‎မြင်နေကြ ရူ့ခင်းအဟောင်းတွေလဲ
‎မလှတော့ဘူး ကြားနေကျအသံတွေလည်း နားဝင်မချိုတော့ဘူး
‎လောကကြီးဟာ ဘယ်အရာမှမလှပတော့ဘူး
‎ငါလည်း ဒီရောဂါနဲ့
‎ကမ္ဘာမြေပေါ် မနေချင်တော့ဘူး

#ခန့်ထည်
1
🦋ဘဝဆိုတာ ရေလိုမီးလိုပဲ🦋

🦋ပူတစ်ခါအေးတစ်လှည့်ပေါ့🦋

🦋နေတတ်ဖို့ပဲလိုပါတယ်🦋

🦋သူမနဲ့ပက်သက်ရင် ပြေားစရာ🦋

🦋စကားတွေက မကုန်နိုင်အောင်🦋

🦋များလှပါတယ် ဒါပေမဲ့🦋

🦋တိတ်ဆိတ်နေခြင်းနဲ့🦋

🦋ဖြတ်သန်းရမယ်လေ🦋

🦋နာကျင်မှာဆိုးလို့

ကိုယ်ချင်းစာမိတယ်🦋

🦋အမှန်တရားတွေကို မြိုသိပ်ပေးလိုက်တဲ့အခါ🦋

🦋သူတို့ထင်တာ ငါက

ငတုံး ငအ ကြီးပေါ့🦋



                                   .....ကြိုး
3