NSTDF
5 subscribers
20 photos
3 videos
21 links
ညောင်ရွှေမြို့နယ်မှ တော်လှန်ရေးကဏ္ဍအစုံဖော်ပြပေးသွားပါမည်
Download Telegram
■ အလုပ်ခေါ်စာ
.
‌ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိကြစေရန်အတွက် ရည်ရွယ်၍ တင်ဆက်ပေးခြင်း ဖြစ်ပါသည်။
.
အလုပ် လုပ်ဆောင်လိုသူများ အနေဖြင့် Cherry Job Taunggyi ရှမ်းပြည်နယ် အလုပ်အကိုင် ရှာ​​​ဖွေ​ရေးဝန်​ဆောင်မှု၊ အမှတ် (၁၀၁)၊ ဇင်​ယော်လမ်း၊ 103 ဓါတ်ဆီဆိုင် အနီး၊ ​ညောင်​ရွှေ​​ဟော်ကုန်းရပ်ကွက်၊ ​တောင်ကြီးမြို့။ ဖုန်းနံပါတ် - 09957290936 ၊ 09678912099 ၊ 09961242099 ၊ 09269945263 သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ထမ်းအိမ်ရာ ဖယ်ရီကားအလွတ်အား နေပြည်တော် PDF သတိပေးဖောက်ခွဲသည့် ရုပ်သံမှတ်တမ်း
သေသွားပါပြီ
The account of the user that owns this channel has been inactive for the last 1 month. If it remains inactive in the next 10 days, that account will self-destruct and this channel may no longer have an owner.
Forwarded from TGI Support Revolution Channel (meiii 🧚🏻)
Click to donate:
မင်္ဂလာပါခင်ဗျာ။
လက်ဆောင် APPLICATION လေး Playstore မှာရပါပြီခင်ဗျာ။
ဒီလင့်ကနေသွားရောက် download ဆွဲကြပါခင်ဗျာ။

https://play.google.com/store/apps/details?id=com.c2d.lattsaung

ထုံးစံအတိုင်း 5star review လေးလဲပေးခဲ့ကြပါဦးခင်ဗျာ။ Playstore မရတဲ့သူတွေကတော့ CLICK2donate APP ကနေဒေါင်းလိုလဲရသလို ကျွန်တော်တိုရဲ့ တယ်လီဂရမ်ချန်နယ်ကနေလဲ ဒေါင်းလုပ်ဆွဲလိုရပါတယ်ခင်ဗျာ။ PLAYSTORE ရတဲ့သူတွေက playstore ကနေပဲသွားရောက် download ယူကြပါခင်ဗျာ playstore မှာဒေါင်းတာများလေလေ app က rank ကောင်းလေလေဖြစ်မှာမိုလိုပါခင်ဗျာ။

IOS လဲတင်ထားပြီးသားပါ ထုံးစံအတိုင်း apple ကစစ်တာဆေးတာပိုကြာလိုပါခင်ဗျာ။

ဒီ လက်ဆောင်APP လေးမှာတော့
APP ထဲမှာ PDF တပ်ဖွဲတွေရဲ့ ထောက်ပိုတပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့ လင့်လေးတွေကို ကလစ်တိုင်းမှာ Point 1 ပွိင့်စီရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ အရင် app နဲ့တူတူပါပဲ လင့်လေးတွေကိုနှိပ်မယ် ကြော်ငြာလေးတွေကြည့်မယ် ဒါပါပဲခင်ဗျာ။ မိမိရဲ့ ရာထူးနဲ့ ရရှိထားတဲ့ point တွေကို profile မှာသွားကြည့်လိုရပါတယ်ခင်ဗျာ။

အဆင့်တိုင်းအတွက် Level သတ်မှတ်ချက်လေးတွေပါရှိပါတယ်ခင်ဗျာ။
Level တစ်ခုကို point 500 ပါခင်ဗျာ။
LEVEL 20 ကိုရောက်ရှိသွားတဲ့သူတွေကိုတော့

1. APP ထဲမှာ ကျွန်တော်တို CLICK2donate ကနေ ပေးအပ်တဲ့ ကျေးဇူးတင်ဂုဏ်ပြုလွှာလေး ရရှိမှာဖြစ်ပြီး

2. ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ CRPH ရဲ့ CRPH - OFP Fundraising Program ကနေပြီးတော့ ကျေးဇူးတင်ဂုဏ်ပြုကြောင်း မှတ်တမ်းလေး ကို Email ကနေပြီးတော့ ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။

ကဲကဲ certificate လေးတွေနဲ့ ဂုဏ်ယူနိုင်ကြဖို အခု ပဲ playstore မှာ သွားရောက်ဒေါင်းလုပ်လုပ်ပြီး နေ့စဉ်တာဝန်လေးတွေကို ထမ်းဆောင်လိုက်ကြရအောင်ခင်ဗျာ။

တစ်နေ့ထဲ download တစ်သိန်းရအောင် အင်အားပြလိုက်ကြပါစိုလားခင်ဗျာ။

**ဒီနေရာမှာ တစ်ခု ရှင်းလင်းအောင်ကြိုတင်တင်ပြလိုတာက CRPH OFP က ကျေးဇူးတင်ကြောင်း email တွေကိုရမယ်ဆိုတာက ဒီတော်လှန်ရေးမှာ digital strike ကနေပါဝင်နေကြတဲ့ ပြည်သူတွေကို တရားဝင်အစိုးရရဲ့ fund raising အဖွဲအစည်းက ကျေးဇူးတင်ကြောင်း အသိအမှတ်ပြုတာ ဖြစ်ပြီးတော့
ရရှိသမျှ ငွေတွေကတော့ ကျွန်တော်တို Click2donate ရဲ့ လမ်းစဉ်အတိုင်း LOCAL PDF တွေဆီကိုပဲတိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာ။

playstore မရတဲ့သူတွေအတွက်ပါ
Forwarded from Ei Thinzar Maung (Ngu War Naing)
"လူနာတစ်ဦး - ID တစ်ခု"
=================

အမျိုးသားညီညွတ်ရေးအစိုးရ၏ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများကို ၂၀၂၁ ၊ ဇွန်လမှ စတင်ဖွင့်လှစ်ပြီး လူနာများအား လက်ခံကုသပေးလျက်ရှိပါသည်။ လက်ရှိအချိန်အထိ အထွေထွေရောဂါနှင့် ကိုဗစ်လူနာ စုစုပေါင်း (၇) သောင်းကျော်အား ကုသမှုပေးပြီး ဖြစ်ပါသည်။

ယခုအခါ တယ်လီကျန်းမာ၏ အွန်လိုင်းဆေးခန်းများတွင် ကုသမှုခံယူပြီး သက်သာပျောက်ကင်းသွားသော လူနာများမှ မိမိတို့၏ နီးစပ်ရာဆွေမျိုးမိသားစုဝင်များကိုပါ ဆက်လက်ပြသလိုကြကြောင်း သိရှိရပါသည်။

ထိုသို့ ပြသကုသမှုခံယူသည့်အခါ မိမိရရှိထားသော လူနာအမှတ် ID တစ်ခုတည်းဖြင့် ၊ အခြားမိသားစုဝင်များအား ဆေးခန်းပြရန် အဆင်မပြေနိုင်ပါ။

*ဖေ့ဘွတ်အကောင့် နောက်တစ်ခုဖြင့် ID အသစ် ထပ်မံပြုလုပ်ရန် လိုအပ်ပါသည်*

ဖေ့ဘွတ်အကောင့်မရှိသူ လူနာများအတွက် တယ်လီကျန်းမာ၏ messenger တွင် "Admin နှင့် စကားပြောမည်" ကို ရွေးချယ်၍ အကူအညီတောင်းခံနိုင်ပါသည်။ မိမိပြသနေသော ဆေးခန်းရှိ ဆရာဝန်များထံသို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

အထူးသတိပြုရန်မှာ.....

ဖေ့ဘွတ်အကောင့်မရှိဘဲ ID ပြုလုပ်ထားသူလူနာများအတွက် ဘိုကင်ဆေးခန်းများတွင် ကြိုတင်ရက်ချိန်းယူသည့်အခါ "Admin နှင့် စကားပြောမည်" ဆိုသည်မှတဆင့်သာ ကြိုတင်ရက်ချိန်းယူပေးကြပါရန်နှင့်

ဖေ့ဘွတ်အကောင့်ဖြင့် ID ပြုလုပ်ထားသူများမှာမူ ပုံမှန်အတိုင်း အလိုအလျောက်ဖြေကြားဆောင်ရွက်ပေးသည့် Messenger Bot မှတဆင့် လွယ်ကူလျင်မြန်စွာ ရက်ချိန်းရယူနိုင်ကြပါသည်။

ပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ...

NUG, MOH တယ်လီကျန်းမာ ... လူတိုင်းအတွက်ပါ

တယ်လီကျန်းမာဆေးခန်းသို့ အခမဲ့ ပြသရန် (နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ) -
https://m.me/telehealthmm

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #telehealth #telemedicine #တယ်လီကျန်းမာ #teleconsultation
မုန်းလို့သပိတ်မှောက်တာဟာ ခဏပဲခံပါတယ်။
ရက်ပိုင်းအတွင်းပြီးသွားမှာပါ။ မုန်းတဲ့စိတ်အစား
ဒါဟာမတရားဘူး၊ ဒါဟာမဖြစ်သင့်ဘူးဆိုတဲ့
စိတ်ကိုအရင်းခံတဲ့ သပိတ်မှောက်မှုမျိုးက
ပိုကြာရှည်ခံပါတယ်။ ကိုယ့်ပန်းတိုင်ဟာ
ဘာလည်းဆိုတာကိုလည်းပြတ်သားဖို့လိုအပ်တယ်။
ဘတ်စ်ကားခတွေလျှော့ပေး၊ ကားပေါ်လူချောင်
အောင်လုပ်ပေး၊ ကံစမ်းမဲတွေနှိုက်းပေပြီး
ချော့ခဲ့ပေမယ့် လူမည်းတွေကပျော့မသွားခဲ့ဘူး။
သူတို့အားလုံးကပြတ်သားခဲ့လို့သာ သူတို့
ပျက်စေချင်တဲ့ဥပဒေပျက်သွားခဲ့ရတယ်။

Boycott လုပ်တဲ့အခါ ထိလာပြီဆိုရင် လေပျော့
ကလေးတွေနဲ့ပြန်ဆွဲတတ်ကြတယ်။ အစကလေသံ
မာနေသလောက် Followerကျသွားရင် ညောင်နာ
နာဖြစ်လာတတ်တယ်။ ကံစမ်းမဲပဲဖောက်ပေးမလို၊
စျေးတွေပဲလျှော့ပေးမလို မြူဆွယ်တာတွေလုပ်လာ
တတ်တယ်။ ဒါတွေကိုပြန်သာယာသွား​သရွေ့
Boycottဘယ်တော့မှမအောင်မြင်ပါဘူး။
မအောင်မြင်ရင် သိပ်မကြာခင် ဒီစောက်ချိုးမျိုး
ပြန်မြင်ရမှာပဲ။ အမုန်းဆိုတာ အချော့ခံရရင်
စိတ်မနိုင်သူတွေ စိတ်ပြေတတ်တယ်။ အဲဒါကြောင့်
အချစ်အမုန်းမပါဘဲ ပန်းတိုင်ကိုအဓိကထားတဲ့
သပိတ်မှောက်မှုမျိုးကမှ အောင်မြင်တာပါ။

ဒီနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ဟာ International
Buy Nothing Day ပါ။ အဲဒီနေ့မှာ အမေရိကန်နဲ့
ကနေဒါကလူအများစုဟာ တရားလွန်စားသုံးမှုတွေ
လျှော့ချဖို့ ကိုယ်တိုင်လည်းဘာမှမဝယ်တဲ့အပြင်
ဝယ်တဲ့သူတွေကိုလည်း ဖြစ်နိုင်ရင်မဝယ်ကြဖို့
အသိပေးကြတယ်။ ကုန်တိုက်တွေရှေ့မှာ
Zombie walk တွေလုပ်ပြီး သတိထားမိအောင်
လုပ်ကြရင်း overconsumption အကြောင်း
ပညာပေးကြတယ်။ ကုန်တိုက်ထဲမှာ ခြင်းတွေယူပြီး
မဝယ်ဘဲလျှောက်ကြည့်ကြတယ်။ စျေးကြီးတဲ့
Brand တွေ အသုံးအဆောင်တွေကိုကုန်တိုက်မှာ
ဝယ်မယ့်အစား ဆိုင်ငယ်လေးတွေက စျေးပေါပေါ
ပစ္စည်းတွေဝယ်ကြတယ်။ ခရီးတွေထွက်ပြီး
သဘာဝပတ်ဝန်းကျင်ဆီ အချိန်ပေးကြတယ်။

ကျွန်တော်ကတော့ အဲဒီနေ့ဘာမှဝယ်မှာမဟုတ်ဘူး။
အထူးသဖြင့် Myanmar Plaza ကဆိုရင်
၉၀ % စျေးလျှော့ပေးတောင် မဝယ်ဘူး။


Crd: Elvis
Today is "International Buy Nothing Day"
အရေးပေါ်ကြေငြာချက်

"တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ" ticket ရောင်းချထားသော ပင်မအကောင့်နှင့်တကွ ဝယ်ယူသူများ၏ KPay account များကိုပါ အကြမ်းဖက် စစ်ကောင်စီမှ မတရားသဖြင့် freeze လုပ်နေပါသဖြင့် CDMMN မှ လက်မှတ်ဝယ်ယူထားသူအားလုံး မိမိ account များရှိ ငွေကြေးများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါရန်နှင့် သတိထားကြပါရန် အရေးပေါ်ကြေငြာအပ်ပါသည်။

CDMMN admin team
သတင်းကောင်းပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ Credential Committee ဥက္ကဌဖြစ်သူ ဆွီဒင်နိုင်ငံသံအမတ်က တရားဝင်ကြေညာသွားပါပြီ။ ကော်မတီရဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံကို တင်ပြသွားမှာဖြစ်ပါတယ်။

ကော်မတီမှာပါဝင်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ကော်မတီရဲ့အခုဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် အထွေထွေညီလာခံကနေ ဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်မယ်လို့ ယူဆရပါတယ်။

တာလီဘန်များက ခန့်အပ်တဲ့ကိုယ်စားလှယ်ကိုလဲ လက်မခံခဲ့ပါဘူး။

Sweden, chair of the UN General Assembly Credentials Committee announced a statement on the decision by the group to defer envoy status on Myanmar. The report of the committee will be issued for the consideration of the General Assembly soon.

Congratulations!

credit Aung Myo Min
ဒီ channel က သိပ်ပြီး active မဖြစ်တော့တာကြောင့် ကျွန်တော့်သူငယ်ချင်းတွေလုပ်ထားတဲ့
https://t.me/TCYTM ဒီလင့်လေးကို join ပေးကြပါလားဗျ

ကဏ္ဍပေါင်းစုံကို ဟာသတွေနှောပြီး တင်ပေးနေတာမို့လည်း ပျင်းရမှာမဟုတ်သလို အချိန်နဲ့တပြေးညီ သိသင့်တာတွေသိရမှာပါ
ကျေးဇူးတင်ပါတယ်