Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်း
5.25K subscribers
180 photos
99 videos
3 links
စစ်ရေးသတင်းများ
Download Telegram
မြင်းခြံမြို့နယ်အတွင်းရှိ ပျားရွာ၊  ထိန်ပန်းရွာ၊  ရွာသစ်ရွာ၊ ကျီးပင်ကန်ရွာ၊ တူရွင်းဘို့ရွာ၊  ပျိုးကန်ရွာ၊  ဆိတ်ကုန်းရွာ၊ ဒူလဘိုရွာ၊ နွားကူးအိုင်ရွာ၊ ဖက်ပင်အိုင်ရွာ၊ ရွှေဘုံသာရွာ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်းရွာ၊
အိုင့်မရွာ၊ ဖက်ရင်းရွာ၊  ကျောင်းဖြူကန်ရွာ တို့အားစစ်ကော်မရှင်မှ စစ်ကြောင်းထိုးပြီး ၎င်းကျေးရွာများအတွင်းရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများ ခိုးယူခြင်း၊ပြည်သူ့‌နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သော စစ်ကော်မရှင်စစ်ကြောင်းဖြင့် (၂၄.၄.၂၀၂၆) ရက်နေ့ ၊ နံနက် (၀၆:၃၀) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ခံစပ်ကုန်း(ရ) ရွာ နေရာတွင် မိမိတို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊မြင်ခြံခရိုင် အမှတ်(၁၀)တပ်ရင်း တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး  
(၂၆.၄.၂၀၂၆) ရက်နေ့ ၊ နံနက် (၀၈:၀၀) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ညောင်ဇင်ကျေးရွာ အနီးနှင့် နွားထိုးကြီးမြို့နယ်၊ကဒေါင်းကျေးရွာအနီးတွင်လည်း မိမိတို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊မြင်ခြံခရိုင် အမှတ်(၁၀)တပ်ရင်း တို့အပါ ပူပေါင်းအဖွဲများနှင့်  ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(၂၄.၄.၂၀၂၆) ရက်နေ့ ၊ နံနက် (၀၆:၃၀) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်း(န)ရွာ နေရာမှ စစ်ကော်မရှင် အင်အား (၃၀၀)ကျော်ပါစစ်ကြောင်းသည် စစ်ကြောင်း (၂)ကြောင်းခွဲ၍ နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်း (ရ)ရွာ နေရာသို့ ဦးတည် စစ်ကြောင်းထိုးလာသဖြင့် မိမိတို့တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ဒရုန်း ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြုခဲ့သည်။ ထိုတိုက်ပွဲတွင် ရန်သူ (၅)ဦး (မျက်မြင်)သေဆုံးပြီး ရန်သူ (၁၀)ဦးနှင့်အထက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၂၆.၄.၂၀၂၆) ရက်နေ့ ၊ နံနက် (၀၈:၀၀) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်းရွာ (တောင်ရှေ့ကန်)နေရာမှ ထွက်လာသော စစ်ကော်မရှင် အင်အား (၃၀၀)ကျော်ပါ စစ်ကြောင်းသည် စစ်ကြောင်း (၃)ကြောင်းဖြန့်၍ နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာ နှင့် နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာ နေရာတို့အား ဦးတည်စစ်ကြောင်းထိုးလာသောကြောင့် မိမိတို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း နှင့် ပူးပေါင်းအဖွဲ့များဖြစ်သော မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း ၊ MGN - 35 ၊ ပြည်သူ့ကြယ်တစ်ပွင့် တို့ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာ အနီး တိုက်ပွဲစတင်ဖြစ်ပွားရာနေရာတွင် စစ်ကော်မရှင်ဘက်မှ (၁၀)ဦးခန့် (မျက်မြင်)သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့သဖြင့် မိမိတို့ပူးပေါင်းတပ်ရှိရာ နေရာအား စစ်ကော်မရှင်ဘက်မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးပစ်ကူပေးခြင်းများလုပ်ဆောင်ခဲ့သည်။ စစ်ကော်မရှင်တပ်သားများသည် နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာ သို့ဝင်ရောက်ပြီး ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးနေသော စစ်ကော်မရှင်တပ်သားများ၏ ဒရုန်းကား (၂)စီး ၊ ရိက္ခာကား (၁)စီးတို့အား မိမိတို့ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ၄င်း ဒရုန်းကား (၂)စီး၊ ရိက္ခာကား (၁)စီးတို့အနက်မှ ဒရုန်းကား (၁)စီး ၊ရိက္ခာကား (၁)စီး တို့မှာ မီးလောင်ပျက်ဆီးခဲ့ပြီး ကျန်ဒရုန်းကား (၁)စီးမှာ ဒရုန်းဗုံးစထိမှန်ခဲ့သည်။ နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာ အနီးဖြစ်ပွားသော တိုက်ပွဲတွင်လည်း စစ်ကော်မရှင်ဘက် (၁၀)ဦးခန့် (မျက်မြင်)သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့သောကြောင့် စစ်ကော်မရှင် စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာပြီး အင်အားသုံး၍ ထိုးစစ်ပြန်ဆင်သောကြောင့် မိမိတို့တပ်များ ဆုတ်ခွာခဲ့ကာ နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာ နေရာသို့ ရန်သူများဝင်ရောက်ခဲ့သည်။ နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာ အနီး နှင့် နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာအနီး တိုက်ပွဲမှာ နေ့လည် (၁၂:၀၀)အချိန်ခန့်တွင် ပြီးဆုံးခဲ့သည်။ ၄င်း ထိတွေ့တိုက်ပွဲ (၂)နေရာတွင် စစ်ကော်မရှင်ဘက်မှ (၂၀)ဦးခန့် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့သည်။ စစ်ကော်မရှင်ဘက်မှ ထိခိုက်ဒဏ်ရာရှိသော တပ်သားများအား နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာနေရာသို့ ခေါ်ဆောင်သွားပြီး ထိုရွာအရောက်တွင် ထပ်မံသေဆုံးမှု့များလည်းရှိခဲ့ကာ စစ်ကော်မရှင်စစ်ကြောင်းသည် နွားထိုးကြီးမြို့သို့ ဦးတည်ထွက်ခွာစဥ် ထက်မံသေဆုံး အလောင်းများအား နွားလှည်း ၊ ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်သွားသည်။ တိုက်ပွဲဖြစ်ပွားစဥ် ကာလအတွင်း ရန်သူ့ထံမှ ရန်သူ့အလောင်း (၁)လောင်း ၊ ခဲယမ်းအချို့ ၊ ပြန်လည်အသုံးပြုနိုင်သော ကား (၁)စီး နှင့် ရန်သူ့ ဒရုန်းကား (၁)စီး ၊ ရိက္ခာကား (၁)စီးတို့အား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း
#မြင်းခြံခရိုင်အမှတ်၁၀တပ်ရင်း
#နယ်စည်းမခြားနွားထိုးကြီးသားများ
#နေရာတိုင်းမှာnpdfရှိတယ်
#မင်းအောင်လှိုင်မအေလိုး
#NPDF
76
Natogyi People Defence Force (NPDF) ၊ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း၏ တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့် အခမ်းအနား နှင့် "ပြည်သူ မှ ပြည်သူ သို့" အစီအစဥ်ဖြင့်ပြည်သူ့ ခုခံတော်လှန်စစ် အတွင်း ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ပြည်သူ့ အာဇာနည် သူရဲကောင်းများအား အလေးပြုအခမ်းအနား ပြုလုပ်ခြင်း ၊ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း ၊ ဦးချကန်တော့ခြင်း ၊ ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော ရဲဘော်များအား ဂုဏ်ပြုခြင်း နှင့်  တရားနာ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းများကို (5.5.2026)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျန်ရှိနေသော တော်လှန်ရေး လုပ်ငန်းစဥ်များကိုလဲ မိမိတို့ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်းရှိ ရဲဘော်များမှ တော်လှန်ရေး ပြီးဆုံးသည်အထိ ဆက်လတ်တာဝန် ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ထပ်မံကတိသစ္စာပြုအပ်ပါသည်။

#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း
#မြင်းခြံခရိုင်အမှတ်၁၀တပ်ရင်း
#နယ်စည်းမခြားနွားထိုးကြီးသားများ
#နေရာတိုင်းမှာnpdfရှိတယ်
#မင်းအောင်လှိုင်မအေလိုး
#NPDF
55🥰3