Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်း
5.36K subscribers
159 photos
98 videos
3 links
စစ်ရေးသတင်းများ
Download Telegram
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်း အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၆) နှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရဲဘော်သစ်များအား သင်တန်းကာလ (၃) လခန့် အတွင်း အခြေခံစစ်ပညာရပ်များနှင့် တိုက်ခိုက်ရေး ပညာရပ်များအား လေ့ကျင့် သင်ကြား ပေးနိုင်ခဲ့ပါသည်။ မွမ်းမံသင်တန်းဆင်း ရဲဘော်များအား (၁) လခန့် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှု့နှင့် တိုက်ခိုက်ရေးစစ်ပညာရပ်များအား ပြန်လည်မွမ်းမံသင်ကြားပေးခဲ့ပြီး လက်နက်၊ ကျည်ကာအင်္ကျီနှင့် ကျည်ကာဦးထုပ်များအား တပ်ဆင်ပေးနိုင်ခဲ့ပါသည်။

မွမ်းမံသင်တန်းဆင်း ရဲဘော်များနှင့် အခြေခံစစ်သင်တန်းအပတ်စဉ် (၆)မှ ရဲဘော်များမှာ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း မှရဲဘော်များဖြစ်ပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ တော်လှန်ရေးအား ရှေးရှုသော စိတ်ဓာတ်တို့ဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပြည်သူ့အား မျက်နှာမူသော တပ်ရင်းတပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသည်အထိ ဆက်လက် တွန်းလှန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိသစ္စာပြုအပ်ပါသည်။

#မြင်းခြံခရိုင်အမှတ်၄တပ်ရင်း
#မြင်းခြံခရိုင်အမှတ်၁၀တပ်ရင်း
#နယ်စည်းမခြားနွားထိုးကြီးသားများ
#နေရာတိုင်းမှာnpdfရှိတယ်
#မင်းအောင်လှိုင်မအေလိုး
56🥰8