My Precious Drama Channel
33.6K subscribers
1.38K photos
3 videos
908 links
Download Telegram
30 Days (2023)

https://t.me/MovieChannelNL/1364

လက်တွေ့ဘဝက ရုပ်ရှင်ထဲကလို မချိုမြိန်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ကို နောက်တစ်ခေါက် ပြန် တည်ဆောက်နိုင်ပါ့မလား?

ဒီဇာတ်ကားလေးကတော့ မပြခင်ကတည်းက အားလုံးစောင့်မျှော်နေရတဲ့ Kang Ha Neul နဲ့ Jung So Min တို့ရဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်

နိုဂျောင်ယောနဲ့ ဟုန်နာရာက တစ်ချိန်တုန်းကတော့ ရုပ်ရှင်ထဲကလို အချစ်မျိုးနဲ့ လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပေမယ့် အခုအချိန်မှာတော့ ကွာရှင်းဖို့ တရားရင်ဆိုင်နေကြတဲ့သူတွေပါ

ဒါပေမယ့် သူတို့နှစ်ယောက်က ကားမတော်တဆမှုကြောင့်မထင်မှတ်ဘဲ နှစ်ယောက်လုံး အတိတ်မေ့သွားတဲ့ အခါမှာတော့ အတိတ်ကို ပြန်မမှတ်မိတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်သစ်က ပြန်ပေါက်ဖွားလာနိုင်ပါ့မလား

အကယ်၍ အတိတ်ကို ပြန်မှတ်မိသွားရင်ရော ကွာရှင်းဖို့ကိုပဲ ဆုံးဖြတ်မလား။ ပြန်ချစ်မိပြီး အိမ်ထောင်ကို တည်မြဲအောင်လုပ်သွားမလားဆိုတာ ဟာသဆန်ဆန် ပြကွက်တွေနှောပြီး ရိုက်ကူးတင်ဆက်ထားပြီး အရယ်မပျက်ဘဲ ဆက်တိုက်ကြည့်ရှုရမှာပါ
👍75
C indere lla at 2 AM (2024)

https://t.me/+QleCVU_ABCVlMDg1

ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်
မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါ
လက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ
သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့
ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်
မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ဟာယွန်းဆောကို ပိုက်ဆံပေးပြီး
သူ့သားနဲ့ လမ်းခွဲပေးဖို့ တောင်းဆိုလာပါတော့တယ်
ဒဏ္ဋာရီပုံပြင်တွေဆိုတာ လက်တွေ့မှာမရှိဘူး လို့ ခံယူထားပြီး
ဂျူဝန်းအမေဆီက ပိုက်ဆံယူ ၊ လမ်းခွဲလိုက်ဖို့ စိတ်ကူးထားတဲ့ ဟာယွန်းဆော နဲ့
အချစ်ကို ယုံကြည်ပြီး နှလုံးသားနောက်ကိုပဲ လိုက်တတ်တဲ့ သူဌေးသား ဆောဂျူဝန်းတို့ ဘယ်လို နှစ်ပါးသွားကြမလဲ
ဆောဂျူဝန်းကပဲ ဟာယွန်းဆောကို စိတ်ပြောင်းသွားအောင် လုပ်နိုင်မလား
ဒါမှမဟုတ် တကယ်ပဲ သူတို့ လမ်းခွဲဖြစ်သွားကြမလားဆိုတာကိုတော့..
👍2119👏2❤‍🔥1
My Brilliant Life (2014)

https://t.me/MovieChannelNL/1375

ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊

ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...

သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊

အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေ အများကြီးနဲ့

လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစား ချက်ကဘယ်လိုဖြစ်နေမလဲ...

ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီ လိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲ

သေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံ ကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...

လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြ တယ်တဲ့

Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊

Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တ စ်သျှူးလေးဆောင်ပြီးကြည့်ကြပါလို့
👍151
No Gain No Love (2024)
မြန်မာစာတန်းထိုး

ဂျူဂျူသားနဲ့ သမီးကို အတူပြန်ကြည့်ရပါဦးမယ်နော်

Ep ( 1-12 ) စဆုံး
https://t.me/ongoingdramas1/11?single
240👍25🍓3
ကားသစ်လေး ကြည့်လို့ ရပါပြီ

Escape (2024)

https://t.me/MovieChannelNL/1383?single

ဒီအပတ်မှာတော့ ရုံတင်ကတည်းက နာမည်ကြီး လူကြိုက်များပြီး ထွက်လာဖို့ စောင့်နေခဲ့ရတဲ့ ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တောင်ပိုင်းက လွတ်လပ်သောနယ်မြေ၊ မြောက်ပိုင်းက‌တော့ ဖိနှိပ်ခံနယ်မြေတို့ရဲ့ ကြားမှာ DMZ လို့ခေါ်တဲ့ အပစ်အခတ်ကင်းမဲ့ဇုန်ရှိပါတယ်။

တပ်ကြပ်ကြီး Lim Kyu Nam (Lee Je Hoon) ဟာ တောင်ဘက်ကို ထွက်ပြေးဖို့ အစီအစဉ်ဆွဲထားပြီး ထွက်ပြေးလာခဲ့ပေမယ့် သူ့အတိုင်း ထွက်ပြေးလာတဲ့ တပ်သား Kim Dong Hyuk (Hong Xa Bin) ကို တားလိုက်ရင်းနဲ့ ဖမ်းမိသွားပါတော့တယ်။

ကွပ်မျက်ခံရတော့မယ့်ဆဲဆဲမှာ ငယ်သူငယ်ချင်း ဗိုလ်မှူးကြီး Ri Hyeon Sang (Koo Kyo Hwan) က မှတ်မိသွားတာကြောင့် အပြစ်ပေးမယ့်အစား သူရဲကောင်းအနေနဲ့ ချီးကျူးပြီး ရာထူးပါ တိုးပေးလိုက်ပါသေးတယ်။
👍2817👎1
So Long, See You Tomorrow (2024)

https://t.me/MovieChannelNL/1386?single

"အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား"
အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာ
ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။

အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို
ယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲ
တခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။
အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့
သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။
ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့
ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက်
သူ့နားက ထွက်သွားတဲ့အခါမှာတော့...
ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။
ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။
ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့
မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါတယ်။
👍73👏1
Eivom Theater on Garosu Street (2024)

https://t.me/MovieChannelNL/1389

2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်ရုံ)
ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်မှာ စုဝေးကြတဲ့ ရုပ်ရှင်လောကသားများ၊

လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာနေတဲ့ ဒါရိုက်တာအီ၊

ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပေမဲ့ လတ်တလော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေးစီအီးအိုဂင်၊

ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တလော နာမည်ရနေတဲ့ သရုပ်ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်ဆောင်များ၊

ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ဝေဖန်ထိုးနှက်ဖို့ရောက်လာတဲ့ movie review youtuber ပရိုဂင်၊

အကြောင်းပြချက်တစ်ခုစီရှိနေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ရောက်ရှိလာတဲ့အခါ...
👍193
Queen Woo (2024)

မနက်ဖြန်ထွက်လာမဲ့ မင်းသမီး Jeon Jong Seo
မင်းသား Lee Soo Hyuk နဲ့ Ji Chang Wook တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ " Queen Woo "

အပိုင်း (1-4)
https://t.me/ongoingdramas1/40

အပိုင်း (5-8) end
https://t.me/ongoingdramas1/54
304👍50🥰6😁4
Manhole (2014)

https://t.me/MovieChannelNL/1409?single

ဇာတ်ကားအညွှန်း-
မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို
အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး
နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။
ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြား
ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း
စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို
ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။
တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို
ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး
ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...
ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။
ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့
ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။

(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့
သတ်မှတ်ထားတဲ့ ဇာတ်ကားပါ )
10👍6
The Best Hit (2017)

Channel အရင် Join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/3174

ဒီတစ်ခေါက်တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့

အရမ်းကို အောင်မြင်ခဲ့တဲ့ အချိန်ခရီးသွား Rom-com ဇာတ်ကားလေးပဲဖြစ်ပါတယ်

ဇာတ်ကားအကျဥ်းလေးကတော့
2017 ခုနှစ်မှာ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ သူငယ်ချင်း သုံးယောက်ဟာ 1993 ခုနှစ်ကနေ အချိန်ခရီးသွားပြီး ရောက်ရှိလာတဲ့ ဟျွန်းဂျယ်ဆိုတဲ့သူနဲ့ မတော်တဆ တွေ့ဆုံခဲ့ကြပါတယ်

ဟျွန်းဂျယ်ဆိုတာကတော့ ၁၉၉၃ ခုနှစ်မှာ အရမ်းနာမည်ကျော် အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်

တစ်နေ့မှာ သူက ရုတ်တရုက်ပျောက်ကွယ်သွားပြီး တစ်လလောက်အကြာမှတော့ သူ့ရဲ့ကားကို ရေကန်ထဲမှာ တွေ့လိုက်ရလို့ အကုန်လုံးက သေပြီလို့ သတ်မှတ်ခံထားရတဲ့သူတစ်ယာက်ပါ

2017 ကို အချိန်ခရီးသွားပြီး ရောက်လာမှ သူက ဆန်းကျယ်စွာ ပျောက်ကွယ်သွားတဲ့အကြောင်း ၊ သူ့ကို သေပြီလို့ ထင်နေကြတဲ့အကြောင်းကို ပြန်သိလိုက်ရပါတယ်

1993 ကနေ လာတဲ့ သူတစ်ယောက်က 2017 မှာ ခေတ်လူငယ်တွေနဲ့အတူ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုတွေနေထိုင်သွားမလဲဆိုတာ
👍2110
စာအုပ် pdf လေးတွေနဲ့ reviews လေးတွေ တင်ပေးမယ့် channel လေးပါ

Join ပေးကြပါဦးနော်

https://t.me/BookspdfNL
👍143
Mrs. Cop (2015)

စ/ဆုံး

Channel အရင် Join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/3193

အမျိုးသမီးစုံထောက် Choi Young-Jin (Kim Hee-Ae) ဟာ အဖွဲ့မှူးအဖြစ်အမှုတွေကိုဖြေရှင်းရတဲ့အပြင်
တစ်ဖက်မှာလည်း သမီးလေး Ha-Eun ကို တစ်ယောက်တည်းပျိုးထောင်နေရတဲ့မိခင်တစ်ဦးဖြစ်ပါတယ်
စီနီယာဖြစ်သူ Park Jong-Ho နဲ့ အဖွဲ့ဝင် Min Do-Young, Han Jin-Woo, Jo Jae-Deok, Lee Se-Won တို့နဲ့အတူ
ရှုပ်ထွေးလှတဲ့ပြစ်မှု မှုခင်းတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
👍112
ရွှေကြာ (၂၀၂၄)

https://t.me/+wH6aN6YELXJhZjA1

ထုန်ဒီဆိုတဲ့မိန်းမငယ်လေးက မွေးစားအမေနဲ့ နယ်မြို့တစ်ခုမှာ နေထိုင်တာပါ
မွေးစားအမေရဲ့ခိုင်းစားတာခံရပြီး ရွယ်တူလေးတွေလို မပျော်ရွှင်ရတဲ့ ဘဝနဲ့
နေထိုင်ခဲ့ရတဲ့ သူမကတော့ အချစ်စစ်တစ်ခုကိုပဲ လိုချင်ခဲ့တာပါ
ထုန်ဟာ သူ့ဘဝကို ဒီထက်ပိုမြှင့်တင်ချင်တာကြောင့် ဘန်ကောက်မှာ ဘဝအသစ်စချင်ခဲ့တာပါ
ထုန်ဒီက သူ့အတိတ်ကိုဖျောက်ဖျက်ပြီး ထုန်ပရကိုင်ဆိုတဲ့ အမည်သစ်နဲ့ ဘဝသစ်ကို စလှမ်းခဲ့တယ်
ထုန်ကတော့ ချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်ရဖို့ ယောက်ျားတွေကို လှေကားသဖွယ် အသုံးချမဲ့သူပီပီ
သူမ ပတ်သက်ခဲ့တဲ့ ယောက်ျား၉ယောက်နဲ့အတူ ထုန်ရဲ့ဘဝဇာတ်ကြောင်းကို
“ရွှေကြာ”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်ကြည့်ရှုရအောင်ပါ
👍1614👏1
While You Were Sleeping (2024)

https://t.me/MovieChannelNL/1426?single

နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ
သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ်
ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။

ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး
တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက်
ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။

တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က
ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ
မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။

ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့
ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့
မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့...။

ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ...။
ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို
ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။
👍174
ကြည့်ရဖို့ လိုသေးတယ်ဆိုပေမယ့် မားမားရဲ့ ကားသစ်လေး ထွက်ရင် တင်ပေးမယ့် Channel လေး ကြို Join ထားလို့ ရပါတယ်နော်

https://t.me/ongoingdramas1
39👍11
ရုံတင်ကားသစ်လေးပါနော်

The Daechi Scandal (2024)

https://t.me/MovieChannelNL/1434?single

- ဇာတ်လမ်းအကျဉ်း -
ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာ
အလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။
အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေး
ဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။
ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့
တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့
ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။
သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့
တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့
သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့...
အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲ
ယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာ
ဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့
ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။
👍193
Personal Taste (2010)

စ/ဆုံး

လူတကာကိုအယုံလွယ်ပြီး မရင့်ကျက်သေးတဲ့ ဘတ်ဂယ်အင်က
ချစ်သူရည်းစားဆီကနေ ရက်စက်မှုကို ခံလိုက်ရတဲ့အတွက် အချစ်ကို စိတ်နာနေတဲ့ ကောင်မလေးပါ

ရုပ်ရည်ချောမော စတိုင်လ်ကျပြီး အသန့်ကြိုက်လွန်းတဲ့ ဂျောင်ဂျင်ဟိုကတော့ ရုပ်နဲ့မလိုက်အောင် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးပါ

ဘတ်ဂယ်အင်က ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးထဲမှာ သူနဲ့အတူနေထိုင်ဖို့အတွက်
Straight ကောင်လေးတွေအစား Gay အခန်းဖော်ကောင်လေးကို ရှာပါတော့တယ်

အဲဒီအချိန် ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်ကို အကြံအစည်တစ်ခုကြောင့် ဝင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဂျောင်ဂျင်ဟိုက
သူ့ကိုယ်သူ Gay လို့ ညာပြီး ဘတ်ဂယ်အင်ရဲ့ အခန်းဖော်အဖြစ် ဝင်ရောက်နေထိုင်ဖို့ဖြစ်လာပါတယ်

တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ လူတွေကို အယုံလွယ်ပြီး မရင့်ကျက်တဲ့သူတို့ရဲ့ကြားမှာ
အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲ...

သူတို့တွေရဲ့ ကြားထဲမှာရော ပြဿနာဆိုတာက ရိုးရှင်းတဲ့ အချစ်ရေးကိစ္စလေးတင်ဖြစ်ပါ့မလား

ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲ

Channel အရင် join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/3224
👍185👎2