My Precious Drama Channel
33.6K subscribers
1.38K photos
3 videos
908 links
Download Telegram
The Tiger (2015)

https://t.me/MovieChannelNL/1119?single

Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင်
နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့
The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့
ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ်
အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ်
အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။
သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့
ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ‌ဂျီရီတောင်က
တောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။
ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီး
ဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံး
သေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကို
တောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။
တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာ
ဘယ်သူနိုင်သွားမလဲ ဆိုတာကို..
👍16🍾1
Serendipity's Embrace (2024)

https://t.me/+YOIZOX9v0lM2NWI1

အရင်တုန်းက အချစ်ဦးတွေကို အတူတူထုတ်လွမ်းဖို့ အချိန်ရောက်လာပြီနော်။

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးလို့ ပြောကြသလိုပဲ Lee Hong Ju ရဲ့ အထက်တန်းတတိယနှစ်တုန်းက ဇာတ်သိမ်းမလှခဲ့တဲ့ အချစ်ဇာတ်လမ်းလေးက ၁၀ နှစ်အကြာမှာ season အသစ် ပြန်စတင်ဖို့ဖြစ်လာပါတော့တယ်။

ဆယ်ကျော်သက် အရွယ်မှာ ကွဲခဲ့ဖူးတဲ့အသည်းကြောင့် နောက်ပိုင်း အချစ်နဲ့ပတ်သက်လာရင် သတိကြီးသလောက် အယုံအကြည်လည်းနည်းတဲ့ animation producer လေး Hong Ju ဟာ တစ်နေ့မှာတော့ ကော်ဖီဆိုင်တစ်ဆိုင်မှာ မမြင်ခဲ့ရတာကြာပြီဖြစ်တဲ့အထက်တန်းတုန်းက crush ဟောင်းနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရပါတော့တယ်။

၁၉ နှစ်အရွယ်တုန်းက အကြောင်းမလှခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ၁၀ နှစ်ကြာပြီးတဲ့ ၂၉ နှစ်အရွယ်မှာတော့ စတင်မှုအသစ်နဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်လာမှာလား မဟုတ်ရင် အချိန်ကာလနဲ့သက်ဆိုင်မှုမရှိဘဲ  အတိတ်က ဒဏ်ရာတွေက ကျော်လွှားဖို့ခက်ခဲတဲ့ အတားအဆီးတစ်ခုပဲဖြစ်နေဦးမလား သူတို့ရဲ့လှပတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုပြန်အစပျိုးလာမလဲဆိုတာကို အသဲတယားယားနဲ အတူတူ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်
113👍60🥰7👎2
Gong Yoon

အာဂျူးရှိးက တကယ်ခန့်တာ 🤭
85👍15
Possessed Love (2024)
မြန်မာစာတန်းထိုး

စ/ဆုံး ကြည့်လို့ ရပါပြီ

https://t.me/koreashows/17
21👍12👎2
I Need Romance S3(2014)

Channel အရင် join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/2933

အသုံးအနှုံးတွေ ခဲတစ်ပစ်အကွာရောက်တိုင်း အနမ်းခန်းတွေပါတာမို့လို့

ကလေးတွေနဲ့ မိသားစုတွေ အတူကြည့်သင့်သလိုလို မကြည့်သင့်သလိုလို စီးရီးပါပဲ

ကောင်လေးတစ်ယောက်ရှိတယ်...ကလေးဘဝကတည်းက သူ့ကိုထိန်းကျောင်းခဲ့တဲ့

သွေးမတော် သားမစပ် မမတစ်ယောက်လည်းရှိတယ်... ကောင်လေးကတော့ ငယ်ငယ်လေးကတည်းက

သံယော်ဇဉ်တွေအများကြီးတွယ်ခဲ့ရသူမို့  မမရှင်းရှင်း ဆိုပြီး

ရင်ထဲအမြဲရှိခဲ့တဲ့သူ.... သို့ပေမဲ့ရှင်းရှင်းအတွက်တော့

ဒီကောင်လေးဟာ ရုပ်ဆိုးတဲ့ကောင်လေးဖြစ်တဲ့အပြင်

သူမရဲ့ အမေဖြစ်သူဟာ  ကောင်လေးရဲ့ သူဌေးမိသားစုအိမ်မှာ

အလုပ်လုပ်ခဲ့ရလေတော့ ပြောရရင်  ကောင်လေးနာမည်နဲ့အသံကြားတိုင်း

သိမ်ငယ်စိတ်တစ်မျိုးနဲ့မုန်းတီးနေခဲ့ရတဲ့သူပေါ့....

ကောင်လေးကလည်း နိုင်ငံခြားသွားပညာသင်ကြားလို့ မမရှင်းရှင်းနဲ့

နှစ်အကြာကြီးခွဲခွာခဲ့ရပါတယ်...ဒီလိုနဲ့ အချိန်အတော်ကြာပြီးနောက်

ကိုရီးယားမှာ မမရှင်းရှင်းနဲ့ ပြန်ဆုံရတဲ့အခါ သူမျှော်လင့်ထားသလို

ကလေးဘဝက ကြင်နာအေးမြတဲ့ရှင်းရှင်းမဟုတ်တော့တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့....

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...
👍3011😁2
Hong Gil-Dong, The Hero (2008)

Channel အရင် join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/2955

အထက်တန်းလွှာမျိုးရိုးရဲ့သားဖြစ်ပေမဲ့လည်း တရားမဝင်သားဖြစ်တာကြောင့်
မိသားစုအိမ်တော်မှာ နေရာမရတဲ့အပြင် အတတ်ပညာလည်း သင်ကြားခွင့်မရတဲ့
ဟုန်းဂီဒုံတစ်ယောက်ဟာ ဘဝကို ဆိုးပေတေစွာနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့လည်း
မတရားမှုကို ရွံ့ရှာတွန်းလှန်တတ်တဲ့ စိတ်ရင်းခံလေးရှိတဲ့သူတစ်ယောက်ပါ။
ဘဝကိုပျော်သလိုနေလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ကျဉ်ဖယ်ခြင်းကို ခံခဲ့ရပေမဲ့လည်း
ဂျိုဆွန်းပြည်မှာ ဒုက္ခခါးစည်းခံနေရတဲ့ပြည်သူတွေဘဝကို မြင်ရပြီးနောက်
အများအကျိုးဆောင်ပေးမှုတွေကြောင့် ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)ကြီးဖြစ်လာသူကြီးပေါ့။
အဲဒါကြောင့်လည်း ဘုရင့်ရဲ့အမျက်တော်လည်း အရှခံရကာ ဝရမ်းပြေးဘဝပါ ရောက်ရပါတော့တယ်။
တစ်ဖက်မှာလည်း ဂျိုဆွန်းခေတ် ထိုကာလမှာ နန်းပလ္လင်ပေါ်ရှိတဲ့ ဘုရင်ရဲ့ ညံ့ဖျင်းမှု၊
အပျော်အပါးလိုက်စားမှုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တဲ့ ချင်နိုင်ငံရဲ့ ယုတ်မာမှုတွေကြောင့်
ဂျိုဆွန်းပြည်သူတွေရဲ့ ဘဝဟာ ခါးသထက်ခါးသက်လာခဲ့ပါတယ်။
လက်ရှိဘုရင်ရဲ့ရန်ကြောင့် မယ်တော်မိခင်ကိုဆုံးရှုံးခဲ့ရကာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့..
👍252😁1
East of eden ( အတုံ့ အလှည့် )

ငယ်ငယ်က အရမ်းနာမည်ကြီးခဲ့တဲ့ကားလေး
အရမ်းကြည့်လို့ ကောင်းပါတယ်နော်

https://t.me/kseriesmm1/109?single
68👍55😁3
Nothing Much Prepared (2022)

Season 1 ( အပိုင်း ၁ မှ ၁၃) စ/ဆုံး

https://t.me/koreashows/37?single

Rapper မလေး အီယောင်းဂျီလို့ ပြောလိုက်ရင်
လွတ်လွတ်လပ်လပ်နဲ့ ဘာကိုမှမတွေးဘဲ
ပြောချင်ရာပြောတတ်တဲ့ ရယ်စရာအသွင်အပြင်ကို ပြေးမြင်မိကြမှာပါ။
ဒီအစီအစဉ်ကတော့ နာမည်ကြီးအနုပညာရှင်တွေကို
သူ့ရဲ့အိမ်ကို ဖိတ်ခေါ်ပြီး အရက်လေးသောက် အမြည်းလေးစားရင်းနဲ့
ရင်းရင်းနှီးနှီး စကားစမြည်ပြောကြမှာပဲဖြစ်ပါတယ်။
အနုပညာရှင်တွေက မူးမူးနဲ့ မကျေနပ်တာတွေရော ကျေနပ်တာတွေ‌‌ရော
ပြောချင်ရာပြောပြီး ရယ်နေရမှာမလို့ အားလုံး ခဏတာ
စိတ်အပန်းပြေစေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။
👍76🥰2