My Precious Drama Channel
33.6K subscribers
1.38K photos
3 videos
908 links
Download Telegram
အရမ်းကောင်းတဲ့ကားလေး လက်မလွှတ်သင့်ပါဘူးနော်

Connection (2024)
မြန်မာစာတန်းထိုး

စ/ဆုံး ရပါပြီ

https://t.me/+NRVYf4GY5Nk3OGRl
28👍7
Penny Pinchers (2011)

https://t.me/MovieChannelNL/1067

ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရ

ပေမယ့်

ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့

လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီး

တို့အကြောင်းကို

တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက်

ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်
👍182
Jinny's Kitchen S2 (2024)

အပိုင်း (၁+၂) ရပါပြီ

https://t.me/koreashows/20

ဒိတ်ဒိတ်ကြဲတွေပါတဲ့ ဟင်းချက်အစီအစဥ်ကို အားလုံးသိကြမယ်ထင်ပါတယ်

ရှေ့ Season တွေတုန်းကလည်း အောင်မြင်ထားတာမို့ ဒီတစ်ခါမှာတော့ cast တွေက Iceland မှာ စားသောက်ဆိုင်ဖွင့်ကြမှာပါ

နိုင်ငံရပ်ခြားမှာ ကိုရီးယားအစားအစာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး တစ်မူထူးခြားသွားတာက တစ်နေ့ကို စားဖိုမှူးတစ်ယောက်စီနဲ့ signature menu တွေကို ရောင်းချသွားပြီး ဒီနေ့ရဲ့ စားဖိုမှူးက မနက်ဖြန် ဆိုင်မန်နေဂျာလုပ်ရမှာ ဖြစ်ပါတယ်

အတွေ့အကြုံရှိ ဆိုင်ရှင်ဝန်ထမ်းတွေနဲ့အတူတူ အလုပ်သင်အသစ်လည်း ရောက်လာတာမို့ အားလုံးပူးပေါင်းပြီး ဆိုင်ကောင်းကောင်းလည်ပတ်ဖို့ ဘယ်လောက်အပင်ပန်းခံရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်
👍6👎1
Running Man

လူကြီးကြိုက်ကြမဲ့ show လေး
Update တင်ပေးပါတော့မယ်နော်

အပိုင်း (၇၁၂) ရပါပြီ

https://t.me/koreashows/21
👍127
Following (2024)

https://t.me/MovieChannelNL/1078?single

ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲက
Byun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-
အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung-tae ရဲ့
ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။
အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့
အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။
ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့
Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။
Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်
ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။
ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ Jung-tae တစ်ယောက်
တစ်နေ့ So-ra အသတ်ခံထားရတာကို...
24👍18🔥2
Tarot (2024)

https://t.me/+fuvB0lEB3XE0ZGQ1

Tarot ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်‌ဆက်ပေးချင်ပါတယ်
ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း
အော်စကာဆုရထားတဲ့ Parasite ဇာတ်ကားထဲကမင်းသမီးကြီး ဂျိုယောဂျောင်းအပြင်
နာမည်ကြီး တီဗီရှိုးဖြစ်တဲ့ Single's Inferno က Dex တို့ဖြစ်တာကြောင့်
ကြည့်ရှုသူပရိသတ်စိတ်တိုင်းကျစေမှာသေချာတာမို့ ဒီတစ်ပတ်ကစပြီး ချန်နယ်မြန်မာမှာ အတူတူကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
Horror/Thriller ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အပြင် တစ်ပိုင်းချင်းတိုင်းကလည်း မတူညီတဲ့ဇာတ်လမ်း၊ ကာရိုက်တာတွေနဲ့ဖြစ်တာကြောင့်
ကြည့်ရှုသူပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာတော့အသေချာပါပဲ

Tarot ဆိုတဲ့ဇာတ်လမ်းနာမည်အတိုင်း တားရော့ကတ်တွေနဲ့ဇာတ်အိမ်ကိုတည်ထားပြီး
မတူညီတဲ့အပိုင်းတိုင်းက ကာရိုက်တာတွေရဲ့ တားရော့ကတ်ကိုလက်ခံရရှိပြီးနောက်ပိုင်း
ကျိန်စာရဲ့သက်ရောက်မှုကြောင့် နေ့စဉ်ဘဝမှာဘယ်လို ထိတ်လန့်စရာ၊
ကြောက်မက်ဖွယ်ရာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်
👍4725👏1😁1
The Player 2 Master of Swindlers (2024)

မြန်မာစာတန်းထိုး စ/ဆုံး
ရပါပြီ

https://t.me/+CUrtfzskXqxhNTE1
👍129😁2
Miss Baek (2018)

https://t.me/MovieChannelNL/1082

ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ

တကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါ တယ်

( ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် )

သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ

message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ

ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါ
👍1714
ကဲ ဒီသားဖ 4ယောက်ကို ကြည့်ချင်ကြမလားလို့ပါ

ကြည့်ချင်သူများ ကြည့်လို့ ရပါပြီ

Daehan Minguk Manseh - You Quiz on the Block

https://t.me/koreashows/23
49👍18
My Little Bride (2004)

https://t.me/MovieChannelNL/1088

ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့ တဲ့ ၂ဝဝဝ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီး ယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။

ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှု ဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူ တိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။

ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ် တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး

Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံး ပျော်ကြည်နူးစေပါတယ်

ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးတခုဖြစ်ပြီး ငယ်ဘဝရဲ့အမှတ်တရဇာတ်ကားလေးမလို့ ပြန်လည်တင်ဆက်လိုက်ပါတယ်
👍16🥰63
တရုတ် BL ကားလေးတွေ ထွက်ဖို့ခက်နေတဲ့ကြားက ရှားရှားပါးပါးထွက်လာတဲ့ ကားသစ်လေးလာပါပြီ

Meet You at the Bloosom (2024)

အပိုင်း (၁+၂) ရပါပြီ

https://t.me/BLLoverMyanmar/342
👍121
Twilight Over Burma (2015)

https://t.me/AllMovielist11/43

ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှ သားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်း ရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီ ဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩ စတေးလျသူလေးကို "ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည် အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆို တဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ် တယ်ဗျ။" လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက် တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီ လိုနဲ့ ကောင်လေးပြောသလို အတိတ်က ရေစက်ပါလာခဲ့လို့ သူတို့ ချစ်ကျွမ်းဝင်သွားတယ်။ သူတို့လက်ထပ်ပြီး မြန်မာပြည်ကိုလာလို့ ရန်ကုန် မြစ်ထဲ သီပေါကလူတွေ လှေအစင်းစင်းနဲ့ လာကြိုမှပဲ စဝ်ကြာဆိုင်ဟာ အ င်ဂျီကို သူဟာ စော်ဘွားမှန်း ဖွင့်ပြောခဲ့တယ်။ စဝ်ကြာဆိုင်ဟာ စော်ဘွား မှန်း သူသိလိုက်တဲ့အချိန် ...
👍265👏1
I Saw the Devil (2010)

https://t.me/MovieChannelNL/1098

ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min-sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့ Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (7.8/10) Rotten Tomatoes (80%) ထိ ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။

ဇာတ်လမ်းအကျဉ်းကတော့....

Special Agent တယောက် လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် ချစ်သူရဲ့ အဖေ က ရဲအရာရှိ

သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ ငါ ဘာလုပ်ပေးရ ပေးရ

Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး

မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှ လူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆို

တာ

အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ— - -

တစ်ခုတော့ရှိတယ်.. Family Show မရပါဘူးခင်ဗျ.. သွေးသံရဲရဲ တွေ ၊

စိတ်ခြောက်ခြားစရာအခန်းတွေ ပါတာကြောင့် ကြောက်တတ်ရင် မ ကြည့်ပါနဲ့ ..။
👍301🔥1
Children of A Lesser God (2018)

Channel ကို အရင် Join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link👇
https://t.me/c/1537273081/2880

Thriller, Mystery, Supernatural အမျိုးအစားဖြစ်လို့ ဇာတ်လမ်းဇာတ်အိမ်လေးကတော့ တစ်မျိုးဆန်းသစ်ပြီး ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။

IQ အရမ်းကောင်းပြီး သိပ္ပံနည်းကျတဲ့အချက်အလက်တွေကိုပဲ ယုံကြည်တဲ့ စုံထောက်ချွန်းဂျယ်အင်း
ရှေ့ဖြစ်လာမှာတွေကို ကြိုသိနိုင်တဲ့ သဘာဝလွန်စွမ်းအားတွေနဲ့စုံထောက်မလေး ဂင်ဒန်ဆို
သူတို့ နှစ်ယောက်ဟာ စုံစမ်းရေးအဖွဲ့တစ်ခုတည်းမှာ အတူတူတာဝန်ကျခဲ့ကြပါတယ်

ယုံကြည်မှုနဲ့ သဘောထားတွေ၊ အခြေအနေလုံးဝမတူတဲ့ သူတိုနှစ်ယောက် အတူလက်တွဲပြီး
ဘာသာရေးအဖွဲအစည်းကြီးတစ်ခုရဲ့ လျှို့ဝှက်ထားတဲ့အမှုကြီးတစ်ခုကို ဖြေရှင်းဖို့ကြိုးစားကြမှာပါ

အမှုကို စုံစမ်းရင်း ဘယ်လိုမထင်မှတ်ထားတဲ့ အမှန်တရားတွေကို ရှာဖွေတွေ့ရှိပြီး
အတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်သွားကြမလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြပါဦးနော်
👍195
Long Live the King (2019)

https://t.me/MovieChannelNL/1102

ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ခေးတို့ရဲ့ဦး

ကင်ရေဝန်ရဲ့ကားလေးပါ ဒီကားထဲမှာဆိုရင် ခေးတို့ရဲ့ဦးက

ခပ်မိုက်မိုက်လူမိုက်ခေါင်းဆောင်နေရာကနေသရုပ်ဆောင်ထားပါတယ်

ဆိုးမိုက်ပြီးမကောင်းတာမှန်သမျှလုပ်တဲ့လူဆိုးတစ်ယောက်ဟာ

အချစ်နဲ့တွေ့တဲ့အခါပြောင်းလဲသွားတယ်ဆိုတာဒီကားထဲမှာ

အတိအကျကြီးပြောပြထားတာပါ လူဆိုးလူမိုက်ကင်ဆယ်ချောတစ် ယောက်

ကင်ဆိုဟွန်ဆိုတဲ့ရှေ့နေမလေးကိုမြင်မြင်ချင်းချစ်မိတဲ့နောက်

သူ့ဘဝကိုပြောင်းလဲဖို့ကြိုးစားရာကနေ ဘာတွေဖြစ်လာမလဲဆိုတာစိတ် ဝင်တစားကြည့်ရမှာပါ

ကဲဒီလိုပြောလိုက်လို့အချစ်ကားကြီးလားလို့တော့မထင်လိုက်နဲ့နော်

လှည့်ကွက်တွေပြည့်နေတဲ့နိုင်ငံရေးအကြောင်းကို

စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ထားတာမို့ တကယ်ကြည့်သင့်တဲ့ကား ကောင်းတစ်ကားပါ

ဦးရဲ့ဖန်တွေတော့သဘောကျမှာအမှန်ဖြစ်တာကြောင့်

ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်
👍217
Beautiful Mind (2016)

စ/ဆုံး

Channel အရင် Join ပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link
https://t.me/c/1537273081/2906

၂၀၁၆ တုန်းက အရမ်းနာမည်ကြီးပြီးလူကြိုက်များခဲ့တဲ့ ဆရာဝန်ဇာတ်ကားလေးကို
CM ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်လမ်းလေးထဲမှာတော့ The slave hunters ကားထဲက မင်းသားကြီး Jang Hyuk နဲ့
Record of youth ကားထဲက မင်းသမီးချောလေး Park So Dam တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအကျဉ်း

ဉာဏ်ကြီးရှင်လို့ လူသိများတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် အီယောင်းအိုကတော့
ခွဲစိတ်တဲ့နေရမှာ ထူးချွန်ထက်မြက်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရမှာတော့ သူတစ်ပါးရဲ့ခံစားချက်တွေကို
နားလည်နိုင်စွမ်းမရှိတဲ့ sociopath ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်

ဂယ်ဂျင်ဆောင်းကတော့ တရားမျှတမှုကို ရှာဖွေဖို့ကြိုးစားနေတဲ့ တက်သစ်စယာဉ်ထိန်းရဲအရာရှိတစ်ယောက်ပါ
နိုင်ငံခြားပညာတော်သင်သွားပြီး ပြန်ရောက်လာတဲ့ အီယောင်းအိုက
သူပထမဆုံးအလုပ်ဝင်တဲ့ရက်မှာပဲ ကားအက်စီးဒင့်ဖြစ်တဲ့လူနာကို ကယ်တင်လာခဲ့တဲ့ ဂျင်ဆောင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်

ဒီနောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ
👍177
Love Next Door ရဲ့First Poster

August 17စတင်ထုတ်ပါမယ်
36👍15❤‍🔥1
ချောချောလေးတွေ အများကြီးပါတဲ့ show လေး ကြည့်ချင်ရင် ဒါလေးကြည့်ပါနော်

Make mate 1 (2024)
စ/ဆုံး ရပါပြီ

https://t.me/koreashows/15
7👍6