Diary of a Night Watchman (2014)
စ/ဆုံး
https://t.me/KLoverSeries/908?single
ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို နောက်ခံထားပြီး ပုံမှန်သမိုင်းကားတွေနဲ့မတူဘဲ
သဘာဝလွန်ဖြစ်ရပ်တွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက်သူများအတွက်ပါ
ဇာတ်လမ်းကတော့ ...
မင်းသားလေး အီရင်(Jung Il Woo)ဟာ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ထူးခြားတဲ့အစွမ်းရှိသူဖြစ်ပါတယ် ။
နန်းတော်ရဲ့ နောက်ခံမှာ လူကောင်းတွေက နတ်ဆိုးတွေကို အနိုင်ယူနှိမ်နင်းပေမဲ့ လူဆိုးတွေကတော့
သူတို့ရဲ့ရည်ရွယ်ချက်အတွက် နတ်ဆိုးတွေကို အသုံးချကြတယ် ..
ဘုရင့်အာဏာနဲ့ နန်းတွင်းကို အစီအမံတွေနဲ့ ထိပါးလာတဲ့အခါ ..
နာနာဘာဝ၊ နတ်ဆိုးနဲ့ မှော်ဆန်တဲ့အရာတွေကြောင့် ဘေးအန္တရာယ်ကျရောက်နေတဲ့ နန်းတော်ကို ကာကွယ်ဖို့ မင်းသားလေး အီရင်က "ညစောင့်တပ်ဖွဲ့" တစ်ခု ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ပါတယ် ။
ဒီလိုစွန့်စားခန်းတွေမှာ သူ့ကို ကူညီပေးမယ့် စွမ်းအားရှင်မလေး ဒိုဟာ(Ko Sung-Hee)၊ ဘတ်ဆူရုန်းနဲ့ တော်ဝင်အစောင့်အရှောက် မူဆော့(Yunho)တို့နဲ့အတူ
အမှောင်လောကသားတွေကို တိုက်ခိုက်ရင်း ..

❤2
Dynamite Kiss (2025)
အပိုင်း (၁) ရပါပြီ
https://t.me/KLoverSeries/924
ကလေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဂုံဂျီဟျော့(Jang Ki Yong)က ထက်မြက်တည်ငြိမ်ပြီး
ဘယ်အရာမဆို စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သူပါ။
တစ်နေ့မှာ ဂိုဒါရင်း( Ahn Eun Jin) နဲ့ မမျှော်လင့်ဘဲ နမ်းခဲ့မိပြီးတဲ့နောက် နှစ်ယောက်ကြားထဲ မူမမှန်မှုလေးတွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဂုံဂျီဟျော့အတွက် ပြဿနာကတော့ သူနမ်းခဲ့မိတဲ့ ဂိုဒါရင်းက အိမ်ထောင်သည်ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။
ဒါပေမဲ့ သူထင်ထားသလို မဟုတ်ဘဲ တကယ်တမ်းကျတော့ ဂိုဒါရင်းက အတည်တကျ အလုပ်တစ်ခုရဖို့အတွက် မျှော်လင့်နေတဲ့
singleလေးဖြစ်နေတာပါ။
ဂိုဒါရင်းတစ်ယောက် ဂုံဂျီဟျော့ရှိတဲ့ ကုမ္ပဏီမှာ အလုပ်ရဖို့ အိမ်ထောင်သည် ကလေးအမေပါဆိုတဲ့ ကိုယ်ရေးအကျဉ်းနဲ့
လိမ်လည်ပြီးတော့ အလုပ်ဝင်လာပါတော့တယ်။
သူနဲ့အတူ အနမ်းတွေဖလှယ်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်လို့သိလိုက်ရတဲ့ ဂုံဂျီဟျော့နဲ့၊
မဖြစ်မနေ အိမ်ထောင်သည်ဖြစ်ကြောင်း လိမ်လည်မှဖြစ်မဲ့ ဂိုဒါရင်းတို့ကြားထဲ ဖြစ်ပေါ်လာမဲ့ အချစ်ဇာတ်လမ်းကို
ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

❤1👍1🔥1
LOVE.exe (2025)
အပိုင်း (1-4)
https://t.me/KLoverSeries/930?single
လူငယ် Rom-com ဇာတ်လမ်းစစ်စစ်ကို ကြည့်ရှုချင်တဲ့ပရိသတ်တို့အတွက် "The Winning Try, School 2021" ထဲမှ
မင်းသား Kim Yo Han, "History of Scruffiness, School 2021" ထဲမှ မင်းသမီး Hwang Bo-reum-byeolတို့
အဓိကပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးက ထွက်ရှိလာပါပြီ
ဂန်မင်ဟက် (Kim Yo Han)ဟာ မော်ဒယ်ဌာနမှ ရုပ်ရည်ချောမောပြီး နာမည်ကြီးတဲ့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး
dating ပရိုဂရမ်တစ်ခုမှာပါဝင်ပြီးနောက် followers 1သန်း ရရှိခဲ့သူလည်းဖြစ်ပါတယ်။
FAမလေး ဂျူယွန်းဆန်း (Hwang Bo-reum-byeol) ကတော့ ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ထိပ်တန်းကျောင်းသူဖြစ်ပြီး
ပြဿနာတွေကို လျင်မြန်စွာ ဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိသလို အမြဲတမ်း ကွန်ပျူတာတစ်လုံးနဲ့ပဲ အချိန်ကုန်နေတတ်တာကြောင့်
အချစ်ရေးကို စိတ်မဝင်စားတဲ့သူပါ။ တစ်နေ့ တက္ကသိုလ်မှာပြုလုပ်တဲ့ အစီအစဉ်တစ်ခုကြောင့် မော်ဒယ်ဌာနနဲ့
ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ကျောင်းသားကျောင်းသူတွေ စာအတူတူလေ့လာရတဲ့အခါမှာတော့...
မော်ဒယ်ကောင်လေးနဲ့ FAမလေးတို့က ဘယ်လိုတွေ့ဆုံပြီး နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ဘယ်လိုကြီးထွားလာမလဲဆိုတာကို
ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပါ

❤3
Dear X (2025)
အပိုင်း (၁-၆)
https://t.me/KLoverSeries/925
ဘဲ့အာဂျင်း (Kim You-Jung) ကတော့ မျက်နှာလှလှလေးရဲ့ နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ပင်ကိုစရိုက်ကို ဖုံးကွယ်ထားတဲ့ တောင်ကိုးရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ ..
ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရတဲ့ အာဂျင်းရဲ့ ဘေးနားမှာ ရှိနေပေးတဲ့သူ နှစ်ဦးကတော့
အာဂျင်းအတွက်ဆိုရင် ဘယ်လိုရွှံ့နွံထဲပဲဖြစ်ဖြစ် ခြေချလျှောက်လှမ်းပေးရဲတဲ့ အာဂျင်းရဲ့ တစ်ခုတည်းသော ခိုနားရာလေး ယွန်းဂျွန်ဆော (Kim Young-Dae) နဲ့
အာဂျင်းဆီကနေ ရှင်သန်ရခြင်းအဓိပ္ပာယ်ကို ပြန်လည်ရှာတွေ့ပြီးတော့ အာဂျင်းအနားမှာ အရိပ်သဖွယ်ရှိနေပေးတဲ့ ဂင်ဂျယ်အို (Kim Do-Hoon) တို့ဖြစ်ပါတယ်။
သူများရဲ့စိတ်ကို ခြယ်လှယ်ကြိုးကိုင်ရာမှာ ကျွမ်းကျင်ပေမဲ့ တကယ်တမ်း ကိုယ့်ရဲ့စိတ်ကိုကျ လျစ်လျူထားခဲ့တဲ့ အာဂျင်းတစ်ယောက်
ဘဝရဲ့ အမြင့်ဆုံးနေရာကို ရောက်ရှိချိန်မှာမှ စွပ်ထားတဲ့ အယောင်ဆောင်မျက်နှာဖုံးက ကွာကျပြီး ဘဝတစ်ခုလုံး ပြိုလဲစပြုလာတဲ့အခါမှာတော့...
ငရဲကနေ ရုန်းထွက်ပြီး အမြင့်ဆုံးနေရာကို တက်လှမ်းဖို့အတွက် မျက်နှာဖုံးစွပ်ထားတဲ့ ဘဲ့အာဂျင်းနဲ့
အာဂျင်းဆီမှာ ရက်ရက်စက်စက် နင်းခြေခံခဲ့ရတဲ့ များစွာသော X တွေရဲ့ ဇာတ်လမ်းလေးပါ

❤7👏1
Home Behind Bars (2025)
https://t.me/MovieChannelNL/2559?single
- ဇာတ်လမ်းအကျဉ်း -
ဂျောင်ထယ်ဂျော (Song Ji-Hyo) ကတော့ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ အမျိုးသမီး အကျဉ်းဦးစီးအရာရှိပဲ ဖြစ်ပါတယ်။
တစ်နေ့မှာ ထယ်ဂျောဟာ သူ တာဝန်ယူထားရတဲ့ ၈ နှစ်တိုင်တိုင် အကျဉ်းကျခံနေရဆဲ အင်မီယောင်းရဲ့ မိခင်ဖြစ်သူ
ကွယ်လွန်သွားတဲ့သတင်းကို ကြားသိလိုက်ရပါတယ်။
မီယောင်းက ဈာပနခန်းမဆီ သွားဖို့ ခွင့်ပြုချက်မရတာကြောင့် ထယ်ဂျောနဲ့ သူ့ရဲ့ဂျူနီယာ ဟယ်ရင်းတို့ပဲ ကိုယ်စား သွားပေးဖို့
အကြောင်းဖန်လာတော့တာပေါ့။
ထယ်ဂျောလည်း ဈာပနခန်းမမှာ တွေ့လိုက်ရတဲ့ မီယောင်းရဲ့သမီး ဂင်ဂျွန်းယောင်း (Do Yeong-Seo) ကို ကရုဏာသက်မိသွားပြီး
အကျဉ်းသားနဲ့ သူ့မိသားစုဝင်ကို အချိန်အတူကုန်ဆုံးရအောင် ပြင်ဆင်ပေးထားတဲ့ အကျဉ်းထောင်ထဲက "တွေ့ဆုံအိမ်"လေးမှာ
သားအမိနှစ်ဦး ပြန်လည် ဆုံစည်းရအောင် စီစဉ်ပေးဖြစ်သွားတဲ့အခါမှာတော့...
အချင်းချင်း မတွေ့တာကြာပြီမို့လို့ အနေစိမ်းနေကြတဲ့ သားအမိနှစ်ဦးကို ထယ်ဂျောက အောင်အောင်မြင်မြင် ဖျောင်းဖျပြီး
တွေ့ဆုံအိမ်လေးဆီ အရောက်ခေါ်လာနိုင်မှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။

❤4
Heroes Next Door (2025)
https://t.me/KLoverSeries/936
အသစ်စက်စက်ထွက်ရှိလာတဲ့ action, mystery, comedy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ။
အဓိက ဇာတ်ဆောင်တွေ အနေနဲ့ Yoon Kye Sang, Jin Seon Kyu, Kim Ji Hyun, Ko Kyu Pil နဲ့ Lee Jung Ha စတဲ့
ဝါရင့်မင်းသား မင်းသမီးကောင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ တခြားဇာတ်လမ်းတွဲတွေလို တိုင်းပြည်ကို ကာကွယ်ပေးကြမဲ့ အထူးတပ်ဖွဲ့ဝင်တွေအကြောင်း
ရိုက်ကူးထားတာမဟုတ်ဘဲ ကိုယ်နေထိုင်တဲ့ရပ်ကွက်လေးကို ကာကွယ်ပေးသွားကြမဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ,
စာရေးကိရိယာဆိုင်ပိုင်ရှင်, စူပါမားကတ်ပိုင်ရှင်, ကိုယ်ခံပညာလေ့ကျင့်သင်ကြားရေးကျောင်းအုပ်နဲ့
ဆိုးလ်တက္ကသိုလ်က အင်ဂျင်နီယာကျောင်းသားလေးတို့ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဒီလို လူစွမ်းကောင်းတွေ စုဝေးနေထိုင်တဲ့ ရပ်ကွက်မှာ ဘယ်လို မသမာမှုတွေနဲ့ကြုံရမှာလဲ....
ဒီလူစွမ်းကောင်းတွေကရော သူတို့ရဲ့ ရပ်ကွက်လေးကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ဘယ်လိုအစွမ်းကုန်ကာကွယ်သွားမလဲဆိုတာကို
ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး အပတ်စဥ် တနင်္လာနေ့ နဲ့ အင်္ဂါနေ့တွေမှာ ရှုစားနိုင်မှာပဲဖြစ်ပါတယ်။

❤6
The Manipulated (2025)
https://t.me/KLoverSeries/937
သာမန်ဘဝလေးကို ဖြတ်သန်းနေတဲ့ ဘတ်ထယ်ဂျွန်း (Ji Chang-Wook) ဆိုသူဟာ တစ်ရက်
တစ်မနက်တွင်းချင်းမှာပဲ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။
အန်ယိုဟန် (Doh Kyung-Soo) ကတော့ ဗွီအိုင်ပီဧည့်သည်တော်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို
ဖုံးဖိပေးဖို့အတွက် သက်သေအတုအယောင်တွေကို ဖန်တီးပြီးတော့ အပြစ်မဲ့သူတွေကို
အမှုဆင်ချောက်ချနေတဲ့ ဒီဒရမ်မာလေးရဲ့ အဓိက ဗီလိန်ပါ။
ထယ်ဂျွန်းက သူရဲ့ ဒီကံဆိုးမှုနောက်ကွယ်က ကြိုးကိုင်သူဟာ ယိုဟန်ဖြစ်နေကြောင်း သိရှိလိုက်ရပြီးနောက်
ယိုဟန်ကို ကလဲ့စားချေဖို့အတွက် ထောင်ကနေ ထွက်ပြေးလာတဲ့အခါမှာတော့...
Ji Chang-Wook ရဲ့ အက်ရှင်စကေး၊ Doh Kyung-Soo ရဲ့ ပထမဆုံး ဗီလိန်အဖြစ် စိန်ခေါ်မှုတို့နဲ့အတူ
သွေးကလဲ့စားချေမဲ့သူနဲ့ အပြစ်မဲ့သူတွေရဲ့ ဘဝကို ခြယ်လှယ်စီမံနေသူတို့ကြားက အားပြိုင်ပုံကို
မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပါ

❤10
As You Stood By (2025)
စ/ဆုံး
Link
https://t.me/KLoverSeries/938
အွန်းဆူ (Jeon So-Nee) က ဇိမ်ခံပစ္စည်းလက်လီရောင်းချတဲ့ကုန်တိုက်မှာ အရောင်းဝန်ထမ်းအဖြစ်
အလုပ်လုပ်နေပြီး အွန်းဆူရော သူငယ်ချင်းဖြစ်သူ ဟီးဆူ (Lee Yoo-Mi) နှစ်ယောက်လုံးဟာ ငယ်ဘဝရဲ့
စိတ်ဒဏ်ရာ ကိုယ်စီအပြည့်နဲ့သူတွေပေါ့။ ကလေးစာအုပ်ရေးတဲ့ စာရေးဆရာမအဖြစ် အလားအလာရှိခဲ့ပေမဲ့
လက်ရှိမှာတော့ အနိုင်ကျင့်တတ်တဲ့ယောက်ျားကြောင့် ငရဲလိုဘဝမျိုး ရောက်နေတဲ့ သူငယ်ချင်းဖြစ်သူ
ဟီးဆူကို ကယ်တင်ဖို့အတွက် အွန်းဆူတစ်ယောက် သူငယ်ချင်းရဲ့ယောက်ျားဖြစ်သူကို သတ်ဖို့
ကြံရွယ်နေပါတော့တယ်။ ဒီလိုကနေ သူငယ်ချင်းနှစ်ယောက်ရဲ့အကြံကို သိသွားတဲ့ ဂျင်ဂန်းကုမ္ပဏီရဲ့
ကိုယ်စားလှယ် ဂျင်ဆိုဘဲ့ (Lee Mu-Saeng) ဆိုသူက နှစ်ယောက်သားရဲ့ အကြံအစည်ဖြစ်မြောက်လာဖို့အတွက်
ကူညီပေးဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့....
ပြီးပြည့်စုံအောင်လို့ ကြံရွယ်ထားကြတဲ့ ပြစ်မှုတစ်ခုကို သူငယ်ချင်းနှစ်ယောက် အောင်မြင်အောင်
လုပ်ဆောင်သွားနိုင်မလားဆိုတာ
ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ ဒီဇာတ်လမ်းတွဲလေးကိုတော့

ကို