My Precious Drama Channel
33.6K subscribers
1.38K photos
3 videos
908 links
Download Telegram
Blood Free (2024)

https://t.me/+ZhapzxCq_f4zMjU1

ဇာတ်လမ်းအညွှန်း...
လူသားတွေဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက
တိရစ္ဆာန်တွေရဲ့အသားကို အာဟာရဓာတ်တစ်ခုအနေနဲ့ စားသုံးလာခဲ့ကြပါတယ်။
မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အသားဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီး
စမ်းသပ်ခန်းထုတ်အသားတွေကို ရောင်းချနေတဲ့ စီအီးအို ယွန်းဂျာယူ (Han Hyo Joo) ရဲ့
BF ဇီဝနည်းပညာကုမ္ပဏီဟာ ဈေးကွက်အတွင်း နာမည်ကြီးလာတဲ့နှင့်အမျှ
ပြိုင်ဆိုင်မှုတွေနဲ့အတူ သူမရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုတွေအထိ ရင်ဆိုင်လာရပါတယ်။
BF အုပ်စုရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိရစ္ဆာန်တွေအပေါ် မတရားသတ်ဖြတ်ပြီး
ရလာတဲ့ အသားတွေ စားသုံးမှုကို တားဆီးနိုင်ဖို့ဖြစ်ပေမဲ့ ဂေဟစနစ်ပျက်စီးလာမှုကို
ကြုံတွေ့လာရတဲ့အခါမှာတော့ ကုမ္ပဏီအတွင်းအပြင် ဆန္ဒပြမှုတွေနဲ့ မထင်မှတ်ထားတဲ့
ပြဿနာတွေဖြစ်လာချိန်မှာ သူမရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ရေတပ်သားဟောင်း
ဝူချယ်ဝွန်း (Ju Ji Hoon) နဲ့အတူ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲ...
သူမအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကိုရော ကိုယ်ရံတော် ဝူချယ်ဝွန်းက
ဘယ်လို ကာကွယ်တိုက်ခိုက်ပေးသွားမလဲဆိုတာကို ဒီ Blood Free ဆိုတဲ့
ဇာတ်လမ်းတွဲလေးပါ
👍2510
GoodBye Earth (2024)

https://t.me/+Vo-L56ZZlbRhMTZl

ကမ္ဘာပေါ်ကို ရက်ပေါင်း ၂၀၀ အတွင်း ဥက္ကာခဲကျရောက်လာမှာကို သိလိုက်ရတဲ့အခါ...
လူသားတွေအနေနဲ့ ဘာလုပ်လိုဘာကိုင်ရမလဲမသိ ဖြစ်လာပြီး ဂယက်ရိုက်လာခဲ့ပါတော့တယ်

အွန်းချွန်းမြိုမှာ အလယ်တန်းပြဆရာမအနေနဲ့ အလုပ်လုပ်တဲ့ ဂျင်ဆယ်ဂယောင်း
အမေရိကန်နိုင်ငံရဲ့ ဇီဝနည်းပညာသုတေသနကျောင်းတစ်ခုမှာ သုတေသီအဖြစ်လုပ်တဲ့ ဆယ်ဂယောင်းရဲ့ ချစ်သူဖြစ်သူ ဟာယွန်းဆန်း
ခရစ်ယာန်ဘုရားကျောင်းရဲ့ လက်ထောက်ဘုန်းတော်ကြီးဖြစ်သူ အူဆောင်းဂျယ်
အွန်းချွန်းမြိုအနှံ စားနပ်ရိက္ခာပိုဆောင်ပေးဖို တာဝန်ကျတဲ့ စစ်တပ်တပ်ဖွဲတစ်ခုရဲ့ တပ်မှူးဖြစ်သူ ဂန်အင်အာ ...

ဒီ ၄ဦးဟာ ကမ္ဘာကြီးပျက်သုဥ်းတော့မယ့်သတင်းကြားပြီးနောက် အဘက်ဘက်ကနေ ကမ္ဘာပျက်ကပ်အတွက် ဘယ်လိုတွေ ကြိုးစားပြင်ဆင်ကြလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်.....

ရက်ပေါင်း ၂၀၀ အတွင်း ရင်ဆိုင်ရမယ့် ကမ္ဘာဂြိုဟ်ပျက်သုဥ်းမှုကို ကိုယ်တတ်နိုင်တဲ့ဘက်က ကြိုးစားအားထုတ်လိုသူတွေရဲ့ စွန့်စားခန်းကို ကြည့်ချင်ရင်တော့ ..
👍195
Chief Detective 1958(2024)

https://t.me/+cUC_WOa0h943OTJl

စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာ

တော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့

အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့

ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun (Lee Dong-hwi) , ရုပ်ချောရေလျှံ စုံထောက်လေး
Cho Kyung-hwan(Choi Woo-sung), စခန်းထဲကထိပ်တန်းစုံထောက် Seo Ho-jeong(Yoon Hyun-soo) တို့နဲ့

အတူအမှုတွေ ပူးပေါင်းဖြေရှင်းကြပါတော့တယ်။
ဒီဒရာမာဟာ ပုံမှန်တွေ့ဖူးနေကျ စုံထောက်ကားတွေလိုမဟုတ်ဘဲ

1958ခုနှစ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်တာကြောင့် အခုခေတ်မှာလို

ခေတ်မီဆန်းသစ်တဲ့ စစ်ဆေးရေး နည်းပညာတွေ CCTV တွေမရှိတဲ့ ကာလမှာ

စုံစမ်းထောက်လှမ်းကြပုံတွေ ၊တွေးတော ကောက်ချက်ချကြပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
👍376
Dolphin (2024)

နာယောင်း (Yuri) ဟာ နယ်မြို့လေးက မိသားစုအိမ်လေးမှာ အမေရယ် မောင်လေးရယ်ကို စောင့်ရှောက်ရင်း နေလာတာ အသက် ၃၀ ကျော်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဘာမှမရှိတဲ့အထိ ခေါင်လှတဲ့ နယ်‌‌မြို့လေးမှာ သတင်းသမား အလုပ်ကို လုပ်ရင်း နေလာတဲ့တစ်နေ့မှာ အမေဖြစ်သူဟာ မိသားစုအိမ်လေးကို ရောင်းဖို့ စီစဉ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ မောင်လေးဖြစ်သူကလည်း နယ်မြို့လေးမှာ ဘဝကို ဖြတ်သန်းမှာအစား မြို့ကြီးပြကြီးဖြစ်တဲ့ ဆိုးလ်မြို့မှာ သွားနေမယ်လို့ ပြောလာပါတော့တယ်။

အမှတ်တရ‌ပေါင်းများစွာရှိခဲ့တဲ့ အိမ်လေးကို မရောင်းချင်တဲ့ နာယောင်းဟာ စိတ်ဒုက္ခ ရောက်နေရင်းနဲ့မှ အလုပ်ကိစ္စကြောင့် ဘိုလင်းရုံမှာ ဘိုလင်းကစားဖြစ်ခဲ့ရာကနေ စိတ်ထွက်ပေါက်အသစ်ကို ရှာတွေ့ခဲ့ပါတယ်။

နာယောင်းတစ်ယောက် သူရဲ့ ဘဝ စိတ်ထွက်ပေါက်လေးကို ဆက်လုပ်နိုင်ပါ့မလား။ မိသားစု အိမ်လေးကိုရော ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဖြေးဖြေးငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။

https://t.me/MovieChannelNL/896
👍217
Queen of Tears (2024)
စ/ဆုံး ရပါပြီ

Happy ending လေးနဲ့ သိမ်းသွားပါပြီနော်

https://t.me/+t5lqNZmBUV00OWZl
26👍12👏4
Hide (2024)

စ/ဆုံး ကြည့်လို့ ရပါပြီ

https://t.me/+8aZR-Z5lb2o3MGVl
9👍9
Missing Crown Prince (2024)

https://t.me/+1-YWkOZpn_g2MzVl

အားလုံးစောင့်မျှော်နေကြတဲ့ EXO အဖွဲ့ခေါင်းဆောင် Suho ပါဝင်သရုပ်ဆောင်ထားသော နန်းတွင်းနောက်ခံ အချစ်ဟာသ ဇာတ်လမ်းလေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဂျိုဆွန်းပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်သူ Yi Gun ဟာ တစ်နေ့မှာတော့ Choi Myung Yoon ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုတ်တရက် ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။
အိမ်ရှေ့မင်းသား ပျောက်ဆုံးသွားတာကြောင့် ဂျိုဆွန်းတစ်ပြည်လုံး အုတ်အော်သောင်းတင်းဖြစ်ကြရပါတယ်။

လျှို့ဝှက်ချက်တွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂျိုဆွန်းပြည်ကြီးထဲမှာ Yi Gun နဲ့ Myung Yoon တို့နှစ်ယောက် အသက်ရှင်ဖို့ ရုန်းကန်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ မမျှော်လင့်ထားတဲ့ အချစ်ပန်းလေး ဖူးပွင့်လာခဲ့တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်ခဲ့ပါတော့တယ်။

မင်းသား Suho, မင်းသမီး Hong Ye Ji တို့က အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဒုတိယမင်းသားအဖြစ် Seasons of Blossom ထဲက မင်းသားချော Kim Min Kyu ပါဝင်တာကြောင့် Visual လှလှလေးတွေကို ပရိသတ်ကြီးတို့ ကျေကျေနပ်နပ်ကြီး ကြည့်ရှုရဦးမှာပါ။
👍2914🔥1😁1
Obsessed (2014)🔞

ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်…
မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်…ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့ လူ့သဘောကို အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။

https://t.me/MovieChannelNL/902
👍126
Parasyte: The Grey (2024)

https://t.me/+8H0nU1VBCUk4YjRl

ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာ
လူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကို
ရန်ရှာသတ်ဖြတ်လာကြပါတယ်။
ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေ
ကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။
ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာ
Parasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။
ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက်
Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။
ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကို
ဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကို
အမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။
ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားက
ပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က
အနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။

နာမည်ကြီး အရန်သရုပ်ဆောင်တွေ
မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖို့ Sci-fi စီးရီးလေးပဲ ဖြစ်ပါတယ်။
👍136🔥1😁1
Frankly Speaking (2024)

https://t.me/+SGxyKZPqx501MTM1

Song Ki Baek ဟာ အသက် ၃၃ နှစ်အရွယ် ဘဝကိုအောင်မြင်စွာ ဖြတ်သန်းနေထိုင်နေတဲ့ သတင်းတင်ဆက်သူတစ်ဦးပါ။

တစ်နေ့မှာတော့ ယဥ်ကျေးပြီး သိတတ်လို့ စံပြသတင်းတင်ဆက်သူအဖြစ် ဂုဏ်သတင်းမွှေးတဲ့ Song Ki Baek ရဲ့ ဘဝကို ဆန့်ကျင်ဘက် အလှည့်အပြောင်းဖြစ်သွားစေမဲ့ မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံလာခဲ့ပါတော့တယ်။

Song Ki bake ကြုံခဲ့ရတဲ့ မတော်တဆမှုရဲ့နောက်ဆက်တွဲဆိုးကျိုးကတော့ မစဥ်းစားမဆင်ခြင်တော့ဘဲ စကားကိုမြန်မြန်ပြောပစ်လိုက်မိခြင်းရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

အဲ့ဒီရောဂါကြောင့် Song Ki Bake ဟာ ကြိုးစားတည်ဆောက်ထားသမျှ ဂုဏ်သတင်းတွေ အကုန်ပျက်စီးပြီး ဘဝရဲ့အကြီးဆုံးအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပါတော့တယ်။

On Woo-Joo ကတော့ ရသစုံရှိုးဇာတ်ညွှန်းရေးဆရာမ တစ်ဦးဖြစ်ပြီး ပင်ကိုယ်ဟန်နဲ့ထူးခြားတဲ့သူပါ။ ထူးခြားတဲ့အကြိုက်အရ Song Ki baek ရဲ့ စကားကို လွှတ်ခနဲမစဥ်းစားဘဲ ရမ်းသမ်းပြောတဲ့ပုံစံကို စိတ်ဝင်စားသွားပြီး သူမရဲ့ရသစုံရှိုးမှာ ပါဝင်ဖို့ ချဥ်းကပ်ရာကနေ ဘယ်လိုအနေနီးတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမလဲဆိုတာကို ဟာသအရောလေးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။
👍285🥰1🤡1
ဂျပန်မလေးနဲ့ ဂျပန်ကို ကျောင်းလာတက်တဲ့ ဟန်းဂု သားလေးတို့ရဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေး ကြည့်ကြရအောင်

Eye Love You (2024)

စ/ဆုံး ရပါပြီ

https://t.me/+pqE4FtA6lJwzM2U1
👍9🤣1
Squad 38(2016)

Channel လေး Joinပေးပါ
https://t.me/+88rHMw7-p1c0MzY1

ဇာတ်ကား link👇
https://t.me/c/1537273081/2699

ဘဲ့ဆောင်းအီ(Mar Dong-Seok)က အကောက်ခွန်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ

တစ်ဦးဖြစ်ပြီးတော့ အထက်လူကြီးတွေကို လာဘ်ထိုးပြီး ပမာဏများတဲ့ အခွန်တွေကို ပေးဆောင်ဖို့

ရှောင်နေတဲ့သူတွေကို မနှစ်မြို့တဲ့သူတစ်ယောက်ပါ။

ယန်းဂျောင်းဒို(Seo In-guk)ကတော့ ကျွမ်းကျင်လူလိမ်တစ်ယောက်ဖြစ်တယ်။

လူတွေကို လိမ်လည်ပြီး ရိုက်စားလုပ်ရတာက သူ့အတွက်တော့ ထမင်းစား ရေသောက်လိုပါပဲ။

လာဘ်ထိုးပြီး အခွန်ရှောင်နေတဲ့သူတွေကို ဘဲ့ဆောင်းအီအနေနဲ့ သမရိုးကျလုပ်ရိုးအတိုင်းပဲ

ဆက်ပြီး လုပ်လို့ မရတော့တဲ့အဆုံး ယန်းဂျောင်းဒိုရဲ့လူလိမ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖြစ်လာတော့တယ်။

ဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ အစိုးရဝန်ထမ်းနဲ့ ဥပဒေကို ချိုးဖောက်ပြီး

လုပ်စားနေတဲ့ လူလိမ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါ့မလား။

ဘဲ့ဆောင်းအီနဲ့ယန်းဂျောင်းဒိုတို့က အခွန်ပေးဆောင်ဖို့ ရှောင်နေတဲ့သူတွေအပေါ်

ဘယ်လိုမျိုး ငွေတွေကို လိမ်လည်ပြီး ရယူသွားမလဲ။

မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြား ဘယ်လိုအကွက်တွေ

ရွှေ့သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။
👍166🍌1
The Third Marriage (2023)

စ/ဆုံး ကြည့်လို့ ရပါပြီ

https://t.me/+DHXhYm8MuB45NzQ1
👍102
Secret Door (2014)

https://t.me/+MLwrql5AwlllYzg1

ဇာတ်လမ်းကတော့ Kim Taek ဆိုသူ၊ ဘုရင် Yeongjo နဲ့ အိမ်ရှေ့စံမင်းသားတို့ကြားက တင်းမာမှုကိုဖော်ပြထားပြီး Kim Taek ကတော့ လျှို့ဝှက်စာရွက်စာတမ်းတစ်ခုကြောင့် ခြိမ်းခြောက်ခံနေရသူဖြစ်ပြီး အာဏာရရှိဖို့အတွက် စာရွက်စာတမ်းကို ဖျက်စီးခဲ့သော်လည်း မပျက်စီးဘဲ နောက်ဆုံး ဘုရင် Yeongjo နှင့်တဖြည်းဖြည်း မထီမဲ့မြင်စွာလှောင်ပြောင်ရင်း မဟာမိတ်အစား ရန်သူဖြစ်လာသူဖြစ်ပါတယ်

ဘုရင် Yeongjo ကတော့ လွှမ်းမိုးချုပ်ချယ်တတ်ကာ အသေးစိတ်ကျသူဖြစ်ပြီး လျှို့ဝှက်ရှုပ်ထွေးသူလည်းဖြစ်ပါတယ်

အိမ်ရှေ့စံမင်းသားSado ကတော့ ပြုပြင်ပြောင်းလဲမှုကို လိုလားပြီး ထုံးတမ်းစဥ်လာများကို မနှစ်သက်သည့် ထူးခြားသူတယောက်ပါ

လျှို့ဝှက်စာရွက်စာတမ်းတစ်ခုမှ အစပြုသည့် ပဋိပက္ခ၊ လူသတ်မှုစုံစမ်းစစ်ဆေးမှု၊ နန်းတော်တွင်းက ဖြစ်ရပ်ဆန်းကြယ်အမှုတွေကို တစ်ပိုင်းပြီးတစ်ပိုင်း စိတ်ဝင်စားဖွယ် ဖော်ထုတ်ဖြေရှင်းသွားမဲ့ နန်းတွင်းဇာတ်ကားကောင်းလေးမလို့ အခုပဲ အတူတူကြည့်ရှုလိုက်ရအောင်နော်
29👍16👎1👏1
The Atypical Family (2024)

https://t.me/+fmZzhpZaLm4yNDJl

Bok Gwi-Joo (Jang Ki-Yong) တို့ မိသားစုဝင်တွေက
သဘာဝလွန်စွမ်းအားတွေ ပိုင်ဆိုင်ထားကြသူတွေပါ။
Bok Gwi-Joo ကတော့ မိသားစုဝင်ထဲမှာ
အချိန်ခရီးသွားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့ သူ့စွမ်းအားက အတိတ်က ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲ
သွားလို့ရပြီး အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့မရနိုင်ပါဘူး။
အတိတ်ကို ပြန်သွားနိုင်ပေမဲ့ ဘာကိုမှ ထိတွေ့လို့မရသလို
အတိတ်ကသူတွေကလည်း သူ့ရဲ့ ဖြစ်တည်မှုကို မမြင်ရတာကြောင့်
တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါ ခံစားလာရပြီး သူ့ရဲ့စွမ်းအားတွေ
ပျောက်ဆုံးသွားပါတော့တယ်။
ပျံနိုင်စွမ်း၊ ရှေ့ပြေးနိမိတ်မြင်နိုင်စွမ်းစတဲ့ သဘာဝလွန်စွမ်းအားတွေရှိတဲ့
Gwi-Joo ရဲ့ မိသားစုဝင်တွေလည်းပဲ ယနေ့ခေတ်ရောဂါတွေဖြစ်တဲ့
အိပ်မပျော်တဲ့ရောဂါ၊ အကြောက်လွန်ရောဂါနဲ့ စမတ်ဖုန်းစွဲလန်းနေမှုတွေကြောင့်
စွမ်းအားတွေ ပျောက်ဆုံးသွားကြပါတော့တယ်။
အဲဒီလိုနဲ့ တစ်နေ့ Do Da-Hae (Chun Woo-Hee) ဆိုတဲ့ မိန်းကလေးဟာ
Gwi-Joo တို့ မိသားစုဝင်တွေနဲ့ ပတ်သတ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
သူဟာ GwiJoo တို့ မိသားစုဝင်တွေရဲ့ စွမ်းအားတွေကို ပြန်လည်ရရှိအောင်
လုပ်ပေးနိုင်မလားဆိုတာကို...
👍7317🥰4🔥2❤‍🔥1👎1😁1
The Idea of You ( 2024 )

https://t.me/AllMovielist11/25

“အချစ်မှာ မျက်စိမရှိ” လို့ ဆိုကြတယ်မဟုတ်ပါလား
ကိုယ့်သမီးနဲ့ ဂီတပွဲသွားရင်းက သမီးကြိုက်တဲ့ အဆိုတော်အဖွဲ့က ကောင်လေးက ကိုယ့်ကို
မြင်မြင်ချင်းချစ််မိသွားတယ်တဲ့ရှင်။ ၂၀ကျော်ကောင်လေးတစ်ယောက်ရဲ့အချစ်ကို အသက်၄၀ Solene တစ်ယောက် ဘယ်လိုယုံကြည်ရဲပါ့မလဲ။
Solene တစ်ယောက် ရဲတင်းပြီး ခေါင်းမာတဲ့ ချာတိတ်လေးကို ငြင်းနိုင်ပါ့မလား။ ကိုယ်တိုင်ရည်းစားရလိုက်သလို ရင်ခုန်စေတဲ့ ဇာတ်ကားကောင်းလေးမို့ FA တို့အတွက် တင်ဆက်ပေးလိုက်ပါပြီဗျို့
19👍18🥰2
One Day (2016)

ဒင်ချိုင် ဆိုတဲ့ ကောင်လေးဟာ အခု ခေတ် အဆိုအရ FA တစ်ယောက် ပါ

သူက အိုင်တီဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လူတိုင်း ရဲ့ လိုသုံးလဲ ဖြစ်ပါ တယ်

ရုံးတစ်ခုလုံးက သူ့နာမည်ကို မှတ်မိမှု မရှိသလို လိုအပ်တာ နဲ့ ဟေး.. ဆိုပြီး အဆင်သင့် ခေါ်ခိုင်းလေ့ ရှိပါတယ်

အဲ့ဒီလို အထီးကျန် မှုတွေ နဲ့ ပြည့်နေတဲ့ ဒင် ဆီကို နူဝီ ဆိုတဲ့ ကောင်မလေးဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတယ်

နူဝီ ဟာ သူမ ပရင်တာပျက်နေလို့ ဒင် ကို အကူအညီလာတောင်းရာကနေ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့တဲ့

ဒင် ဟာ နူဝီ အနောက်က အရိပ်လို တကောက်ကောက် လိုက်နေခဲ့ပြီး နူဝီ ကြိုက်တက်တာတွေ လိုက်မှတ်

နူဝီ ဘယ်သွားလဲ လိုက်ကြည့် သူမ လိုအပ်တာလေးတွေကို မသိမသာ

ကွယ်ရာကနေ လိုက်ဖြည့်ဆည်းပေးပါတယ်... ဒါပေမယ့် ဒင် ရဲ့ အချစ်တွေဟာ နူဝီ ဆီ မရောက်ခဲ့ပါဘူး...

နူဝီ ဆိုတဲ့ မိန်းမချောလေးကို ဒင် ရဲ့ သူဌေး တော့ပ် က ချစ်ရေးဆိုပြီး လက်တွဲလိုက်ကြတဲ့နေ့မှာတော့ ဒင် ရဲ့ အသဲတွေ အပိုင်းပိုင်းအစစ နဲ့ပေါ့...

ဒါပေမယ့် တစ်ရက်မှာတော့ နူဝီ သွားချင်နေတဲ့ ဟော့ကိုင်းဒိုး က နှင်း ပွဲတော် ကို လိုက်ပို့ဖို့အတွက် သူဌေး တော့ပ် က.......

https://t.me/AllMovielist11/28
👍145
The Midnight Studio (2024)

စ/ဆုံး ရပါပြီ

Hotel Deluna လိုမျိုး တစ်ချက်တစ်ချက်လန့်ရတဲ့ သရဲ vibe လေးတွေကို ခံစားချင်ကြတဲ့လူတွေအတွက် သရဲတွေကို ဓာတ်ပုံရိုက်ပေးမဲ့ ဓာတ်ပုံစတူဒီယိုဇာတ်လမ်းလေးလာပါပြီ။

https://t.me/+EpcRj5XzHIgwMGU1
👍147👏1
You Are the Apple of My Eye (2018)

၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့

အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန် ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...

အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။

ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါ

ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။

သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။

မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်း တဲ့ ကလေးမလေးပါ။

ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေ ကိုယ်စီရှိကြဖူးတယ်။

လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ် ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။

ဘဝရဲ့ ပထမဆုံးတွေ စပြီး တွေ့ကြုံခဲ့ဖူးတယ်..ပြီးတော့..အချစ်ဦးကိုလဲ တွေ့ခဲ့ဖူးကြပါလိမ့်မယ်။

အချိန်တန်အရွယ်ရောက်လို့ ပြန်တွေးမိတဲ့အခါ လွမ်းစရာ မောစရာ အဖြစ်အပျက်လေးတွေကိုယ်စီရှိခဲ့ကြမှာပါ။

https://t.me/Japanesemovies123/22
👍174😁1
The Brave Yong Soo Jung (2024)

ယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့
ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။

သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။

ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင်
အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။

အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။

သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။

ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး
ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။

သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။

တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။

ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။

ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။...

https://t.me/+GnRMseqwggozYzRl
👍371🍓1
Nothing Uncovered(2024)

စ/ဆုံး ရပါပြီ

https://t.me/+S5cV38DoVC0xNmI1

ဇာတ်လမ်းအကျဉ်း

KBM ရုပ်သံလိုင်းရဲ့ အောင်မြင်တဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး Villain Hunter လို့နာမည်ပြောင်တွင်တဲ့ ဆောဂျောင်ဝန်း
(Kim Ha Neul) ဟာ “Nothing Uncovered (ဖုံးကွယ်လို့မရတဲ့အရာများ)” ဆိုတဲ့ကြည့်ရှူသွားတွေကို စိတ်ဆိုးစေတဲ့ ဗီလိန်တွေနဲ့ပတ်သက်ပြီး သူမရဲ့ ပြတ်သားလှတဲ့
ပြောကြားချက်တွေကြောင့် နာမည်ကြီးနေသူပဲဖြစ်ပါတယ်
သူမဘဝဟာ ပြီးပြည့်စုံနေတဲ့ပုံပေါက်နေပေမဲ့လည်း သူမအမျိုးသား ဆောဝူဂျယ် (Jang Seung Jo) ရဲ့ အပျော်မယားသေဆုံးသွားတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲသွားပါတော့တယ်
အမျိုးသားဖြစ်သူရဲ့ ဖောက်ပြန်မှုကြောင့် ဒေါသထွက်နေတဲ့ ဆောဂျောင်ဝန်းဟာအမျိုးသားရဲ့ အပျော်မယားဖြစ်သူအသတ်ခံရမှုရဲ့ သံသယရှိသူစာရင်းမှာပါလာတဲ့အခါ
သူမရဲ့ ရည်းစားဟောင်းဖြစ်သူ စုံထောက် ဂင်ထယ်ဟွန်း (Yeon Woo Jin) နဲ့အတူလူသတ်မှုရဲ့ နောက်ကွယ်က ကိစ္စအမှန်က ဘာများလဲ သူမအပေါ်သက်ရောက်နေတဲ့ သံသယတွေကိုရောဘယ်လို ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဒီ drama အသစ်လေးဖြစ်တဲ့ Grabbed by the collarကားလေးမှာ စောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်.....
👍245