My library
1.23K subscribers
82 photos
13 videos
1 file
9 links
စာတစ်ပိုက် ကဗျာတစ်စ
Download Telegram
လိင်စိတ်ကိုအချိုသပ်ပြီး
ကဗျာဆရာဂုဏ််ဆယ်ဖို့
ဇွန်းတစ်ချောင်းလိုပါမယ်
သီးသန့်အိပ်ရေးပျက်ခြင်း
ကဗျာမရတာရင်နာစရာပါ။ ။

#Mgki
°လင်းနက်
•နှုတ်ထွက် (၁)
👍1💯1
ဘယ်လောက်လှမ်းလှမ်း
နှစ်လှမ်းဝေးရမြဲက
ဒီပုစ္ဆာရဲ့ ပုံသေနည်း
အမှတ်တရတွေကို
အမှတ်တမဲ့ ပြန်တွေ့တဲ့အခါ
ခွေးပေါက်လေးကလဲ
ငါ့သွေးသားပါပဲ။ ။

#Mgki
°လင်းနက်
•တစ်ကယ်မရှိသော
Daisy
Adam Oo
ဤမျှထက်ပို၍ဘာများတက်အုံးမှာလဲ
သို့သော်တိတ်"လေးမင်းအနားမှာနေမယ်
မနှောက်ယှက်ချင်းဖြင့်မင်းကိုဆက်၍ချစ် နေမယ်ကိုယ်တက်နိုင်တာဒါပဲ။
_ကံ
😨1
မချစ်နဲ့ဧကရီ

ကိုယ့်စိတ် ၊ကိုယ့်အသက် ၊ကိုယ့်ခန္ဓာတောင်မပိုင်တဲ့စစ်သားတွေကိုမချစ်နဲ့

အထူးသဖြင့်ပေါ့ဧကရီ
တော်လှန်ရေးစစ်သားတွေကိုမချစ်နဲ့ ။ ။

▪️ခါလေး
🥰2👍1
‎အဆုံးသတ်မရတဲ့ ညတစ်ညကို
‎အာသာဖြေမှု ဆေးလိပ်တစ်ရှိုက်နဲ့
‎အပြီးအတိုင်အဆုံးသတ်ခဲ့ပင်မဲ့
‎မပြီးဆုံးနိုင်သော ကိုယ့်စိတ်ကြောင့်
‎အကန့်သတ်မရှိ အနားယူမိသွားတယ်
‎
‎-အာသာ
‎Bring Me Back my night
‎
🔥1😨1
​ခြူး... သို့မဟုတ် ရင်ထဲက ဗိမာန်


......................................................

​ခြောက်နှစ်သက်တမ်း၊ မနွမ်းတစ်ရက်
ပေးဆပ်ခြင်းမှာ၊ ကိုယ်ဟာမရူးပါဘူး။
ပြန်မချစ်နိုင်မှန်း၊ သိလျက်တိုင်လည်း
ခြူးရဲ့လိုအင်မှန်သမျှ၊ ဖြည့်ဆည်းချင်တာ
ကိုယ့်ရင်ထဲက... မေတ္တာပါ။

​အဖြူအစိမ်း၊ ဝတ်ရုံလွှမ်းလို့
ကျောင်းရင်ပြင်လမ်း၊ ခြေလှမ်းကျန
နန်းဆန်စွာပင်၊ လှမ်း၍လာစဉ်
ရင်ခွင်တစ်လွှား၊ တုန်ဟီးသွားအောင်
စည်းချက်ဗရမ်းဗတာ
ကိုယ့်ရင်ခုန်သံကြားရပေါ့။

​ခြူးရဲ့အသံ၊ ခြူးရဲ့ဟန်နှင့်
ခြူးရဲ့နှုတ်ထွက်၊
စကားချက်အသွယ်သွယ်တို့
မျက်လုံးထဲမှာ... ထင်ဟပ်နေဆဲ။

​ကော်ဖီခါးခါး၊ ကြိုက်တတ်ပါတဲ့
ဆရာမလေး၊ ခြူး.....အား
နောင်နှစ်ပေါင်းများစွာ၊ သစ္စာထားလို့
တစ်သက်စာလုံး၊ ကိုယ်ချစ်သွားမည်
ခြူးကိုထာဝရတစ်သက်စာ
အမုန်းမဖက်... ချစ်နေပါ့မယ် ခြူး။

လုလင်ပျို
တွေ့ဆုံခြင်းတွေကစလို့
ပြသနာတွေ အဆုံးထိ
စည်းချက်ညီဖို့လိုပါတယ်
လိုချင်စွာကွဲရမဲ့နှလုံးသားပိုင်ရှင်ပါမှုံ။ ။

#Mgki
°လင်းနက်
•ဆေးတစ်ခွက်သီချင်းတစ်ပုဒ်အကြောင်း
👍1🍾1
ညလေးရဲ့ည


ဒီလိုနွေပူပူထဲ
ညလေးညပူအိုက်
ဘော်လီချွတ်တာ ညလေးလွတ်လပ်မှု
မျက်နှာပေါ်တင်တာ အကို အိပ်စက်မှု
ဒီလိုအဖယ်အယူမျှတပါလေ
ကိုယ်မလိုအပ်လဲ​သူလိုအပ်မယ်
မဟုတ်လား

ပကာသနမပါတဲ့ကာမဂုဏ်ဆိုတာ
ကဗျာခံစားမှုရေချိန်များခြင်းပါ
ဒီလောကကြီး လေ၊ရေ၊မြေမသန့်
အကိုတို့မီးနဲ့သာသန့်စင်ကြမယ်

နေ့စဥ်သတင်းစာ၊ကြောင်စာ၊အလုပ်အကိုင်၊အိမ်မှုကစ္စ
မိန်းမတစ်ယောက်လိုပါတယ်

နီကိုတင်နဲ့ကော်ဖီသိပ်လိုက်ဖက်တယ်
အဲ့တော့အဲကိုဟောကအရန်မယား

နေ့စဥ်စားဝတ်နေရေးအတွက်
ဘစ့်ကားဟာပင်ပန်းငြီးငွေ့မှုထဲ
မောင်းမောင်းပို့ အကိုဟာ
လူပျင်းတစ်ယောက်

မီးလှုံကြီးတွေကြားထဲမိန်းမလှလေးတို့ရဲ့
ဆံနွယ်တွေသာမြင်ရ
ဆီအိုးပူပူထဲ ကိုယ်ရဲ့မရှုမလှ
မျက်နှာကို မြင်တိုင်း
ထမင်းတစ်နပ်လျော့စားဖြစ်တယ်
(သမာဓိမခိုင်ကြောင်းပါ)

မိန်းမထက်မိန်းမဆန်သူများ
ပါးစပ်နှစ်ပေါက်ပါ ပါတယ်

တက်မက်မှုဟာအသင့်အနေထား
တစ်ပြားတစ်ချပ်မှမရှိပဲ
လောကကြီးကနေနှုတ်ထွက်
အားလုံးကို နှုတ်ဆက် ပါတယ်။ ။

#Mgki
°လင်းနက်
•ညလေးရဲ့ည
🥰1
အချစ်ဆိုတာ.....
တကယ်တော့ ရယူပိုင်‌ဆိုင်ခ့င်းမဟုတ်ပါဘူး။

အချစ်ဆိုတာ.....
ကိုယ်ကသူ့ကို စွဲစွဲမြဲမြဲချစ်နေရုံနဲ့တင် လုံလောက်ပါတယ်။

ပိုင်ဆိုင်ချင်တဲ့အချစ်ဆိုတာ အတ္တပါတဲ့အချစ်ပဲ။

ရောင်နီ
❤1🫡1
နေ့စဉ် ကဗျာကောင်းလေးတွေကို
တင်ဆက်ပေးမှာမို့ဒီချန်နယ်လေးကိုလဲ
လာဂျွိုင်းထားဖို့ဖိတ်ခေါ်ပါတယ်ဗျ....။

https://t.me/P_F_T_W
အချစ်မှာနောက်ပြန်ဂီယာမပါဘူးမှုံ
ပိတ်နေသမျှ အမှတ်တရ
အမျှအမျှအမျှ လို့သာဝေပါ၏။ ။

#Mgki
•လင်းနက်
ယဥ်ကြောပိတ်ဆို့မှု
❤2
Forwarded from Arthur poetry
https://t.me/thepoetsrefuge

ဒီချန်နယ် လေး join ကြပါအုံး

အခု ဒီ Arthur poetry ထဲမာ ရှိတဲ့ ကလောင် သစ်တွေ ကဗျာဝါသနာရှင်တွေ ရဲ့ ကဗျာတွေကိုလဲ
ကလောင်သစ်တို့ခိုနားရာ

adm တွေ ကို ကလောင်သစ်တွေ ရဲ့ ကဗျာတွေကိုလာပို့ပေးနိုင်ပါတယ်
Adm တွေကလဲ အဲ့ကဗျာတွေ ပြန်တင်ပေးသွားမာ ဖြစ်ပါတယ် ‌တိတိကျကျ သိချင်ရင်တော့ ချန်နယ်ထဲမှာ ဝင်ရောက် ဖတ်လို့ ရပါတယ်
👍1🙉1
သိမ်ငယ်မှုတို့ရဲ့မျက်ရည်ပြာအဖြစ်
နှလုံးသားဟာဗလာမခြင်းတစ်မျိုး
မင်းကလွဲ တစ်ခြားအရောင်
ပြောင်းမရ ကိုယ်စည်းကို
စောင့်ထိန်းကြ
ကိုယ်ကျင့်စဥ်ကိုကျင့်ကြ
စိတ်တ္တဇကိုထုတ်ဖော်ရန်
ညနေ 5နာရီ
မောင်းတင်ထားပါလေ။ ။

#Mgki
•လင်းနက်
•ဖွင့်ဟခွင့်မရှိသေး
🥰1🫡1
ဟိန်းထက်ပြောတဲ့ လုလင်ပျိုအကြောင်း


ဘယ်သူ့ကိုမှ သေသေချာချာ မချစ်ဖူးဘဲ
သူနဲ့ကျမှ အရူးအမူး
ဖြစ်နေပါတယ်ဆိုတဲ့ကောင်...။
​Software Engineer ကြီး
ဖြစ်ချင်တယ်ဆိုပြီး
ကဗျာရူးရူးကာ
ကဗျာနယ်ထဲ ခြေဆန့်လာတဲ့ကောင်...။
​မူလတန်းကနေ အလယ်တန်းအထိ
ထူးချွန်ခဲ့သမျှ...
အထက်တန်းမှာ ဆုတ်ယုတ်ခဲ့တာ
ပတ်ဝန်းကျင်ကြောင့်ဆိုပြီး
သူများကို လက်ညှိုးထိုး
လွှဲချတတ်တဲ့ကောင်...။
​မိဘလုပ်စာ ထိုင်စားနေရင်းက
ကမ္ဘာကြီးကို အပိုင်လိုချင်သတဲ့...
စဉ်းစားကြည့်ပါဦးဗျာ...
ဖြစ်နိုင်ပါ့မလား
အဲ့ဒီလောက်ထိ စိတ်ကူးယဉ်
ရူးသွပ်နေတဲ့ကောင်...။
​ဘဝမှာ ဘယ်သူ့အတွက်မှ
အရေးမပါခဲ့ဖူးဘဲ
သူမအတွက်တော့ အရေးပါချင်ကြောင်း
တဖွဖွ ရေရွတ်နေတဲ့ကောင်...။

​ဟုတ်တယ်... အဲ့ဒီကောင်ဟာ
ခင်ဗျားတို့သိတဲ့ "လုလင်ပျို" ဆိုတဲ့ကောင်ပဲ...။

-လုလင်ပျို
ကိုယ့်အကြောင်းကိုယ်အောက်ဖဲလှန်ခြင်း
💋1
"မေ့အတွက် လုံခြုံရာ"

ဝါသနာတူအကို့မေဆိုသောကောင်မလေးက
သူ့ဘဝမှာ trauma ရဖူးကြောင်းပြောတော့
အကို့မှာ ပြောစရာတွေပျောက်ခဲ့တယ်
ပြီးတော့ trauma တွေထပ်မရချင်ကြောင်း
ကြောက်နေမိကြောင်း
ထပ်ခါထပ်ခါပြောနေတော့
အကို့ရင်ထဲ ပြောမရနိုင်တဲ့
ခံစားချက်တွေများနေခဲ့တယ်
အကို့ကြောင့်စိတ်ဒဏ်ရာတွေ
မရစေချင်ပါဘူး
ပေးလည်းမပေးချင်သလို
ဘယ်သောအခါမှလည်း
စိတ်ညစ်စရာနဲ့ စိတ်ဒဏ်ရာတွေ
ပေးမှာမဟုတ်လို့ အကို့မေတ္တာကို
ယုံပေးပါမေရယ်...။

-လုလင်ပျို
🔥1
သလိပ်ဟာရည်မှန်းချက်တွေမှာ
သွားသွားကပ်တယ်

စားစရာမရှိအသွားအလာမရှိ
ကဗျာပဲတောင်းတမိတာတောင်
ငါ့ဘဝ လျှာလိပ်ထားမိတယ်

မဖြစ်နိုင်ခြင်းတွေနဲ့သင်းအုပ်ဆရာလို
မင်းရောပြန်လာမယ်တဲ့လား
မင်းကိုတောင်းပန်စကားဆိုမယ်ကြံတိုင်း
လည်ချောင်းဟာ သလိပ်ကပ်တော့တာပဲ

နိုင်ငံကြီးသားအခွင့်ရေး
ငါအလည့်ကျ မဲပုံးပျောက်

မဖြစ်မနေရှာကြံရမယ်လေ
ကြံမိကြံရာ ညဏ်ကိုဖူးမျော်
မဖောက်ထွင်းခင် အသံကြောင့်
ဖားသေပါတယ်။ ။

#Mgki
•လင်းနက်
•သလိပ်ကပ်ရောဂါ
❤1
မှုံ မင်းနာမည်နဲ့တူတဲ့ငါ့ကောင်းကင်
မှုံငါအကြိုက်ဆုံးအရောင်ပဲ
မြင်နေရတဲ့ငါ့မျက်လုံးတွေ
မှုံ မင်းရယ်သံတွေနှောထားတဲ့
အရက်ခွက်တွေ မှုံ ရက်စက်မှုတွေနဲ့
ကြီးပြင်းလာတဲ့ပန်းတွေ

ပြတင်းပေါက်ကလှမ်းမြင်ရတဲ့
စိန်ပန်းပင်ကွေးကွေးကြီးက
ငါတို့အသက်ကြီးလာရင်
ဖြစ်လာမဲ့ နမူနာပုံစံတစ်ခု

ယူကလစ်တွေဟာအသက်ကြီးသူတို့ရဲ့
သဘာဝဆံပင်ရောင် 

အပူချိန်များတဲ့အညာရဲ့မြက်ခင်း
မှုံ မင်းမျက်ရည်နဲ့အသက်သွင်းပေးပါ

ကဗျာဆရာဆိုတဲ့ကောင်စားမျိုးပါ
တိမ်ကို ငါဘယ်လိုကြည့်ဝံမလဲ
အပြစ်ကင်းတယ်မခံစားရ
ကြမ်းပြင်မှခေါင်မိုးထိ
ခေါင်မိုးမှကြမ်းပြင်ထိ
ဖြည်းညှင်းစွာကြည့်ရင်
သက်ပြင်းချနိုင်ဖို့ လွယ်ပါတယ်မှုံ
ဒီလောကကြီးထဲငါ့ လောဘကတစ်ခုတည်းပါ
အဲ့တစ်ခုပဲ ရူးတက်တာ
ကဗျာဆရာဆိုတဲ့ကောင်စားမျိုးပါ

ဆီမထည့်ပေးလို့အော်ညည်းနေတဲ့
တံခါးပတ်တာတွေလို ဘဝမှာ
ပန်းတွေမပွင့်နိုင်တော့တဲ့ အပင်ကို
အပြစ်တင်ချင်သူပါ... ။

#Mgki
•လင်းနက်
°ဘမ်းခံထားရသောကဗျာများ
မောင်ကီကွယ်လွန်ခြင်း

အုံမှိုင်းမှိုင််းနဲ့မနက်ခင်း
နေ့စဥ်သတင်းစာ
လိင်မှုကစ္စ၊အလိုလောဘ၊
အလုပ်အကိုင်၊မျော်လင့်ချက်
ပရိဘောဂ၊ ကော်ဖီခွက်ချသံမှာ
သက်ပြင်းတို့စွဲကပ်စွာပါနေခဲ့မယ်


ဇတ်ကားတွေထဲမှာ
လူတစ်ယောက်သေရင်
မိုးရွာတယ် အဲ့တာလက်တွေ့လား
ငါဟာဘယ်လိုလူပါလဲ ။ ။

ကမ္ဘာကြီးဟာဘဝလိုပါပဲ
သစ်တစ်ပင်သာတောင်းဆိုခဲ့ပုံ
သူအရာရာကိုစားသုံးရှုသုံးသောက်သုံး
ခပ်နာနာရိုက် ခပ်နာနာနင်းး
ပြီးတော့ ကမ္ဘာကြီးပူနွေးမှုတဲ့လား
အံသြစရာ လူလောကပဲ

ငါလဲဘာတွေယူပြီး
ဘာတွေပေးခဲ့ဖူးပါသလဲ
မာန်မာနနဲ့ထောင်လွား
မတူမတန်နှင်းကာခြေ
တစ်နေ့အောက်သို့
မြေသြဇာဘဝ ရောက်ကြမှာ

အလုပ်အကိုင်မိခင်စိတ်ဝမ်း
ငြိမ်းချမ်းမှုစစ်ပွဲတေးဂီတ
စာပေ ဘောလုံးပွဲ ကာမအရသာ
မနက်ခင်း ညချမ်း အားလုံးဟာ
ခုတော့ပျောက်ရှ

ငါဘာရခဲ့ပါလဲ
ငါဘာလုပ်ခဲ့ပါလဲ
ငါဘာမှားခဲ့ပါလဲ
ငါဘာရခဲ့ပါလဲ ။ ။

#Mgki
🔥1
ဘဝရဲ့
အဓါပ္ပယ်
အချစ်ရဲ့ လက်ခနာဟာ
မင်းဖြစ်ပြီး ကိုယ့်ဘဝကို ဇရပ်တစ်ခုလို ဝင်ထွက်‌နေတာကို ပျော်နေတဲ့ လူငယ်တစ်ဦး
ချစ်တယ်စကားကို မင်းလွယ်လွယ်ပြောတက်တယ်
ဆေးလိပ် ရှိုက်သံတွေ ပြည့်နေတဲ့ အခန်းတစ်ခန်း သေဆုံးသွားတဲ့ အတိတ်တွေ နှလုံးသား ဟာ အပြီးတိုင် ဓားနဲ့ ထိုးခံလိုက်ရပြီ
မင်းအတိတ်ကို ဓားနဲ့ အဆုံးတက်ပြီး ကိုယ့်ဘဝလဲ 28နှစ်မှာ အပြီးတိုင် ပျောက်သွားပြီ

-အာသာ
❤2