ပျောက်ဆုံးနေသော ဟိရိဩတ္တပ္ပ
................................................
ဆံသာ ကေမြတ်၊ မဖြတ်ရက်ဘဲ
တွယ်တာ မြတ်နိုး၊ စိတ်စိုးထိတ်လျက်
ရှက် ကြောက်တတ်စွာ၊ အမျိုးသမီးမှာ
ယဉ်ကျေး သိမ်မွေ့၊ ကျင့်ဝတ်စေ့၏။
ယခု ကာလ၊ မြင်ရပုံမှာ
ရင်ပေါ် တင်ပေါ်၊ အကုန်ဖော်၍
ဗိုလ် အလယ်တွင်၊ လျှောက်ကာတင်၏
မရှက် မကြောက်၊ ဘေးမကြောက်ဘဲ
လွဲမှား အသိ၊ ရှိကြလေပြီ။
ခေတ် နဲ့အညီ၊ နေထိုင်သည်ဟု
မည်မျှ ဆိုစေ၊ မြန်မာပေမို့
အသိ ရင်မှာ၊ ထားရှိပါက
ရှက်ရာ ကြောက်ရာ၊ သိအပ်စွာတည့်။
ပွဲလမ်း သဘင်၊ လူမြင်ကွင်းဝယ်
ပေါင်သား ထင်ထင်၊ ဝတ်ဆင်ပြ
ခေတ် ရဲ့ ရေစီး၊ တိုက်စားပြီးလျှင်
မြန်မာ့ ရိုးရာ၊ ဝတ်စုံမှာကား
တိမ်ကော ပျောက်ကွယ်၊ စိတ်မောဖွယ်တည့်။
-လုလင်ပျို
-လေးလုံးစပ်ကဗျာ
................................................
ဆံသာ ကေမြတ်၊ မဖြတ်ရက်ဘဲ
တွယ်တာ မြတ်နိုး၊ စိတ်စိုးထိတ်လျက်
ရှက် ကြောက်တတ်စွာ၊ အမျိုးသမီးမှာ
ယဉ်ကျေး သိမ်မွေ့၊ ကျင့်ဝတ်စေ့၏။
ယခု ကာလ၊ မြင်ရပုံမှာ
ရင်ပေါ် တင်ပေါ်၊ အကုန်ဖော်၍
ဗိုလ် အလယ်တွင်၊ လျှောက်ကာတင်၏
မရှက် မကြောက်၊ ဘေးမကြောက်ဘဲ
လွဲမှား အသိ၊ ရှိကြလေပြီ။
ခေတ် နဲ့အညီ၊ နေထိုင်သည်ဟု
မည်မျှ ဆိုစေ၊ မြန်မာပေမို့
အသိ ရင်မှာ၊ ထားရှိပါက
ရှက်ရာ ကြောက်ရာ၊ သိအပ်စွာတည့်။
ပွဲလမ်း သဘင်၊ လူမြင်ကွင်းဝယ်
ပေါင်သား ထင်ထင်၊ ဝတ်ဆင်ပြ
ခေတ် ရဲ့ ရေစီး၊ တိုက်စားပြီးလျှင်
မြန်မာ့ ရိုးရာ၊ ဝတ်စုံမှာကား
တိမ်ကော ပျောက်ကွယ်၊ စိတ်မောဖွယ်တည့်။
-လုလင်ပျို
-လေးလုံးစပ်ကဗျာ
⚡1
လိင်စိတ်ကိုအချိုသပ်ပြီး
ကဗျာဆရာဂုဏ််ဆယ်ဖို့
ဇွန်းတစ်ချောင်းလိုပါမယ်
သီးသန့်အိပ်ရေးပျက်ခြင်း
ကဗျာမရတာရင်နာစရာပါ။ ။
#Mgki
°လင်းနက်
•နှုတ်ထွက် (၁)
ကဗျာဆရာဂုဏ််ဆယ်ဖို့
ဇွန်းတစ်ချောင်းလိုပါမယ်
သီးသန့်အိပ်ရေးပျက်ခြင်း
ကဗျာမရတာရင်နာစရာပါ။ ။
#Mgki
°လင်းနက်
•နှုတ်ထွက် (၁)
👍1💯1
ဘယ်လောက်လှမ်းလှမ်း
နှစ်လှမ်းဝေးရမြဲက
ဒီပုစ္ဆာရဲ့ ပုံသေနည်း
အမှတ်တရတွေကို
အမှတ်တမဲ့ ပြန်တွေ့တဲ့အခါ
ခွေးပေါက်လေးကလဲ
ငါ့သွေးသားပါပဲ။ ။
#Mgki
°လင်းနက်
•တစ်ကယ်မရှိသော
နှစ်လှမ်းဝေးရမြဲက
ဒီပုစ္ဆာရဲ့ ပုံသေနည်း
အမှတ်တရတွေကို
အမှတ်တမဲ့ ပြန်တွေ့တဲ့အခါ
ခွေးပေါက်လေးကလဲ
ငါ့သွေးသားပါပဲ။ ။
#Mgki
°လင်းနက်
•တစ်ကယ်မရှိသော
Daisy
Adam Oo
ဤမျှထက်ပို၍ဘာများတက်အုံးမှာလဲ
သို့သော်တိတ်"လေးမင်းအနားမှာနေမယ်
မနှောက်ယှက်ချင်းဖြင့်မင်းကိုဆက်၍ချစ် နေမယ်ကိုယ်တက်နိုင်တာဒါပဲ။
_ကံ
သို့သော်တိတ်"လေးမင်းအနားမှာနေမယ်
မနှောက်ယှက်ချင်းဖြင့်မင်းကိုဆက်၍ချစ် နေမယ်ကိုယ်တက်နိုင်တာဒါပဲ။
_ကံ
😨1
Forwarded from ကဗျာမှာ ကဗျာပဲရှိတယ်
မချစ်နဲ့ဧကရီ
ကိုယ့်စိတ် ၊ကိုယ့်အသက် ၊ကိုယ့်ခန္ဓာတောင်မပိုင်တဲ့စစ်သားတွေကိုမချစ်နဲ့
အထူးသဖြင့်ပေါ့ဧကရီ
တော်လှန်ရေးစစ်သားတွေကိုမချစ်နဲ့ ။ ။
▪️ခါလေး
ကိုယ့်စိတ် ၊ကိုယ့်အသက် ၊ကိုယ့်ခန္ဓာတောင်မပိုင်တဲ့စစ်သားတွေကိုမချစ်နဲ့
အထူးသဖြင့်ပေါ့ဧကရီ
တော်လှန်ရေးစစ်သားတွေကိုမချစ်နဲ့ ။ ။
▪️ခါလေး
🥰2👍1
https://t.me/motherfuckerMgki joinမောင်ကီသီးသန့်တင်မှာ
Telegram
ဒီကောင်မောင်ကီပေါ့ဟုတ်လား
စောက်ရူးကောင်မောင်ကီနေ့စဥ်ကဗျာနဲ့စိတ်တ္တဇများ
🥰1👏1
အဆုံးသတ်မရတဲ့ ညတစ်ညကို
အာသာဖြေမှု ဆေးလိပ်တစ်ရှိုက်နဲ့
အပြီးအတိုင်အဆုံးသတ်ခဲ့ပင်မဲ့
မပြီးဆုံးနိုင်သော ကိုယ့်စိတ်ကြောင့်
အကန့်သတ်မရှိ အနားယူမိသွားတယ်
-အာသာ
Bring Me Back my night
အာသာဖြေမှု ဆေးလိပ်တစ်ရှိုက်နဲ့
အပြီးအတိုင်အဆုံးသတ်ခဲ့ပင်မဲ့
မပြီးဆုံးနိုင်သော ကိုယ့်စိတ်ကြောင့်
အကန့်သတ်မရှိ အနားယူမိသွားတယ်
-အာသာ
Bring Me Back my night
🔥1😨1
Forwarded from Arthur poetry
ခြူး... သို့မဟုတ် ရင်ထဲက ဗိမာန်
......................................................
ခြောက်နှစ်သက်တမ်း၊ မနွမ်းတစ်ရက်
ပေးဆပ်ခြင်းမှာ၊ ကိုယ်ဟာမရူးပါဘူး။
ပြန်မချစ်နိုင်မှန်း၊ သိလျက်တိုင်လည်း
ခြူးရဲ့လိုအင်မှန်သမျှ၊ ဖြည့်ဆည်းချင်တာ
ကိုယ့်ရင်ထဲက... မေတ္တာပါ။
အဖြူအစိမ်း၊ ဝတ်ရုံလွှမ်းလို့
ကျောင်းရင်ပြင်လမ်း၊ ခြေလှမ်းကျန
နန်းဆန်စွာပင်၊ လှမ်း၍လာစဉ်
ရင်ခွင်တစ်လွှား၊ တုန်ဟီးသွားအောင်
စည်းချက်ဗရမ်းဗတာ
ကိုယ့်ရင်ခုန်သံကြားရပေါ့။
ခြူးရဲ့အသံ၊ ခြူးရဲ့ဟန်နှင့်
ခြူးရဲ့နှုတ်ထွက်၊
စကားချက်အသွယ်သွယ်တို့
မျက်လုံးထဲမှာ... ထင်ဟပ်နေဆဲ။
ကော်ဖီခါးခါး၊ ကြိုက်တတ်ပါတဲ့
ဆရာမလေး၊ ခြူး.....အား
နောင်နှစ်ပေါင်းများစွာ၊ သစ္စာထားလို့
တစ်သက်စာလုံး၊ ကိုယ်ချစ်သွားမည်
ခြူးကိုထာဝရတစ်သက်စာ
အမုန်းမဖက်... ချစ်နေပါ့မယ် ခြူး။
လုလင်ပျို
......................................................
ခြောက်နှစ်သက်တမ်း၊ မနွမ်းတစ်ရက်
ပေးဆပ်ခြင်းမှာ၊ ကိုယ်ဟာမရူးပါဘူး။
ပြန်မချစ်နိုင်မှန်း၊ သိလျက်တိုင်လည်း
ခြူးရဲ့လိုအင်မှန်သမျှ၊ ဖြည့်ဆည်းချင်တာ
ကိုယ့်ရင်ထဲက... မေတ္တာပါ။
အဖြူအစိမ်း၊ ဝတ်ရုံလွှမ်းလို့
ကျောင်းရင်ပြင်လမ်း၊ ခြေလှမ်းကျန
နန်းဆန်စွာပင်၊ လှမ်း၍လာစဉ်
ရင်ခွင်တစ်လွှား၊ တုန်ဟီးသွားအောင်
စည်းချက်ဗရမ်းဗတာ
ကိုယ့်ရင်ခုန်သံကြားရပေါ့။
ခြူးရဲ့အသံ၊ ခြူးရဲ့ဟန်နှင့်
ခြူးရဲ့နှုတ်ထွက်၊
စကားချက်အသွယ်သွယ်တို့
မျက်လုံးထဲမှာ... ထင်ဟပ်နေဆဲ။
ကော်ဖီခါးခါး၊ ကြိုက်တတ်ပါတဲ့
ဆရာမလေး၊ ခြူး.....အား
နောင်နှစ်ပေါင်းများစွာ၊ သစ္စာထားလို့
တစ်သက်စာလုံး၊ ကိုယ်ချစ်သွားမည်
ခြူးကိုထာဝရတစ်သက်စာ
အမုန်းမဖက်... ချစ်နေပါ့မယ် ခြူး။
လုလင်ပျို
တွေ့ဆုံခြင်းတွေကစလို့
ပြသနာတွေ အဆုံးထိ
စည်းချက်ညီဖို့လိုပါတယ်
လိုချင်စွာကွဲရမဲ့နှလုံးသားပိုင်ရှင်ပါမှုံ။ ။
#Mgki
°လင်းနက်
•ဆေးတစ်ခွက်သီချင်းတစ်ပုဒ်အကြောင်း
ပြသနာတွေ အဆုံးထိ
စည်းချက်ညီဖို့လိုပါတယ်
လိုချင်စွာကွဲရမဲ့နှလုံးသားပိုင်ရှင်ပါမှုံ။ ။
#Mgki
°လင်းနက်
•ဆေးတစ်ခွက်သီချင်းတစ်ပုဒ်အကြောင်း
👍1🍾1
ညလေးရဲ့ည
ဒီလိုနွေပူပူထဲ
ညလေးညပူအိုက်
ဘော်လီချွတ်တာ ညလေးလွတ်လပ်မှု
မျက်နှာပေါ်တင်တာ အကို အိပ်စက်မှု
ဒီလိုအဖယ်အယူမျှတပါလေ
ကိုယ်မလိုအပ်လဲသူလိုအပ်မယ်
မဟုတ်လား
ပကာသနမပါတဲ့ကာမဂုဏ်ဆိုတာ
ကဗျာခံစားမှုရေချိန်များခြင်းပါ
ဒီလောကကြီး လေ၊ရေ၊မြေမသန့်
အကိုတို့မီးနဲ့သာသန့်စင်ကြမယ်
နေ့စဥ်သတင်းစာ၊ကြောင်စာ၊အလုပ်အကိုင်၊အိမ်မှုကစ္စ
မိန်းမတစ်ယောက်လိုပါတယ်
နီကိုတင်နဲ့ကော်ဖီသိပ်လိုက်ဖက်တယ်
အဲ့တော့အဲကိုဟောကအရန်မယား
နေ့စဥ်စားဝတ်နေရေးအတွက်
ဘစ့်ကားဟာပင်ပန်းငြီးငွေ့မှုထဲ
မောင်းမောင်းပို့ အကိုဟာ
လူပျင်းတစ်ယောက်
မီးလှုံကြီးတွေကြားထဲမိန်းမလှလေးတို့ရဲ့
ဆံနွယ်တွေသာမြင်ရ
ဆီအိုးပူပူထဲ ကိုယ်ရဲ့မရှုမလှ
မျက်နှာကို မြင်တိုင်း
ထမင်းတစ်နပ်လျော့စားဖြစ်တယ်
(သမာဓိမခိုင်ကြောင်းပါ)
မိန်းမထက်မိန်းမဆန်သူများ
ပါးစပ်နှစ်ပေါက်ပါ ပါတယ်
တက်မက်မှုဟာအသင့်အနေထား
တစ်ပြားတစ်ချပ်မှမရှိပဲ
လောကကြီးကနေနှုတ်ထွက်
အားလုံးကို နှုတ်ဆက် ပါတယ်။ ။
#Mgki
°လင်းနက်
•ညလေးရဲ့ည
ဒီလိုနွေပူပူထဲ
ညလေးညပူအိုက်
ဘော်လီချွတ်တာ ညလေးလွတ်လပ်မှု
မျက်နှာပေါ်တင်တာ အကို အိပ်စက်မှု
ဒီလိုအဖယ်အယူမျှတပါလေ
ကိုယ်မလိုအပ်လဲသူလိုအပ်မယ်
မဟုတ်လား
ပကာသနမပါတဲ့ကာမဂုဏ်ဆိုတာ
ကဗျာခံစားမှုရေချိန်များခြင်းပါ
ဒီလောကကြီး လေ၊ရေ၊မြေမသန့်
အကိုတို့မီးနဲ့သာသန့်စင်ကြမယ်
နေ့စဥ်သတင်းစာ၊ကြောင်စာ၊အလုပ်အကိုင်၊အိမ်မှုကစ္စ
မိန်းမတစ်ယောက်လိုပါတယ်
နီကိုတင်နဲ့ကော်ဖီသိပ်လိုက်ဖက်တယ်
အဲ့တော့အဲကိုဟောကအရန်မယား
နေ့စဥ်စားဝတ်နေရေးအတွက်
ဘစ့်ကားဟာပင်ပန်းငြီးငွေ့မှုထဲ
မောင်းမောင်းပို့ အကိုဟာ
လူပျင်းတစ်ယောက်
မီးလှုံကြီးတွေကြားထဲမိန်းမလှလေးတို့ရဲ့
ဆံနွယ်တွေသာမြင်ရ
ဆီအိုးပူပူထဲ ကိုယ်ရဲ့မရှုမလှ
မျက်နှာကို မြင်တိုင်း
ထမင်းတစ်နပ်လျော့စားဖြစ်တယ်
(သမာဓိမခိုင်ကြောင်းပါ)
မိန်းမထက်မိန်းမဆန်သူများ
ပါးစပ်နှစ်ပေါက်ပါ ပါတယ်
တက်မက်မှုဟာအသင့်အနေထား
တစ်ပြားတစ်ချပ်မှမရှိပဲ
လောကကြီးကနေနှုတ်ထွက်
အားလုံးကို နှုတ်ဆက် ပါတယ်။ ။
#Mgki
°လင်းနက်
•ညလေးရဲ့ည
🥰1
နေ့စဉ် ကဗျာကောင်းလေးတွေကို
တင်ဆက်ပေးမှာမို့ဒီချန်နယ်လေးကိုလဲ
လာဂျွိုင်းထားဖို့ဖိတ်ခေါ်ပါတယ်ဗျ....။
https://t.me/P_F_T_W
တင်ဆက်ပေးမှာမို့ဒီချန်နယ်လေးကိုလဲ
လာဂျွိုင်းထားဖို့ဖိတ်ခေါ်ပါတယ်ဗျ....။
https://t.me/P_F_T_W
Telegram
Poems from the world
Channel created - April 30 (Thu)
https://t.me/For_you_ch1 အသံဇာတ်လမ်းများ
https://t.me/For_you_ch1 အသံဇာတ်လမ်းများ
အချစ်မှာနောက်ပြန်ဂီယာမပါဘူးမှုံ
ပိတ်နေသမျှ အမှတ်တရ
အမျှအမျှအမျှ လို့သာဝေပါ၏။ ။
#Mgki
•လင်းနက်
ယဥ်ကြောပိတ်ဆို့မှု
ပိတ်နေသမျှ အမှတ်တရ
အမျှအမျှအမျှ လို့သာဝေပါ၏။ ။
#Mgki
•လင်းနက်
ယဥ်ကြောပိတ်ဆို့မှု
❤2
Forwarded from Arthur poetry
https://t.me/thepoetsrefuge
ဒီချန်နယ် လေး join ကြပါအုံး
အခု ဒီ Arthur poetry ထဲမာ ရှိတဲ့ ကလောင် သစ်တွေ ကဗျာဝါသနာရှင်တွေ ရဲ့ ကဗျာတွေကိုလဲ
adm တွေ ကို ကလောင်သစ်တွေ ရဲ့ ကဗျာတွေကိုလာပို့ပေးနိုင်ပါတယ်
Adm တွေကလဲ အဲ့ကဗျာတွေ ပြန်တင်ပေးသွားမာ ဖြစ်ပါတယ် တိတိကျကျ သိချင်ရင်တော့ ချန်နယ်ထဲမှာ ဝင်ရောက် ဖတ်လို့ ရပါတယ်
ဒီချန်နယ် လေး join ကြပါအုံး
အခု ဒီ Arthur poetry ထဲမာ ရှိတဲ့ ကလောင် သစ်တွေ ကဗျာဝါသနာရှင်တွေ ရဲ့ ကဗျာတွေကိုလဲ
ကလောင်သစ်တို့ခိုနားရာ
adm တွေ ကို ကလောင်သစ်တွေ ရဲ့ ကဗျာတွေကိုလာပို့ပေးနိုင်ပါတယ်
Adm တွေကလဲ အဲ့ကဗျာတွေ ပြန်တင်ပေးသွားမာ ဖြစ်ပါတယ် တိတိကျကျ သိချင်ရင်တော့ ချန်နယ်ထဲမှာ ဝင်ရောက် ဖတ်လို့ ရပါတယ်
Telegram
ကလောင်သစ်တို့ခိုနားရာ
သစ်တစ်ပင်ကောင်းက ငှက်တစ်သောင်းနားနိုင်သည်။
ချန်နယ်တည်ထောင်သည့်နေ့- 1.5.2026
ချန်နယ်တည်ထောင်သည့်နေ့- 1.5.2026
👍1🙉1
သိမ်ငယ်မှုတို့ရဲ့မျက်ရည်ပြာအဖြစ်
နှလုံးသားဟာဗလာမခြင်းတစ်မျိုး
မင်းကလွဲ တစ်ခြားအရောင်
ပြောင်းမရ ကိုယ်စည်းကို
စောင့်ထိန်းကြ
ကိုယ်ကျင့်စဥ်ကိုကျင့်ကြ
စိတ်တ္တဇကိုထုတ်ဖော်ရန်
ညနေ 5နာရီ
မောင်းတင်ထားပါလေ။ ။
#Mgki
•လင်းနက်
•ဖွင့်ဟခွင့်မရှိသေး
နှလုံးသားဟာဗလာမခြင်းတစ်မျိုး
မင်းကလွဲ တစ်ခြားအရောင်
ပြောင်းမရ ကိုယ်စည်းကို
စောင့်ထိန်းကြ
ကိုယ်ကျင့်စဥ်ကိုကျင့်ကြ
စိတ်တ္တဇကိုထုတ်ဖော်ရန်
ညနေ 5နာရီ
မောင်းတင်ထားပါလေ။ ။
#Mgki
•လင်းနက်
•ဖွင့်ဟခွင့်မရှိသေး
🥰1🫡1
ဟိန်းထက်ပြောတဲ့ လုလင်ပျိုအကြောင်း
ဘယ်သူ့ကိုမှ သေသေချာချာ မချစ်ဖူးဘဲ
သူနဲ့ကျမှ အရူးအမူး
ဖြစ်နေပါတယ်ဆိုတဲ့ကောင်...။
Software Engineer ကြီး
ဖြစ်ချင်တယ်ဆိုပြီး
ကဗျာရူးရူးကာ
ကဗျာနယ်ထဲ ခြေဆန့်လာတဲ့ကောင်...။
မူလတန်းကနေ အလယ်တန်းအထိ
ထူးချွန်ခဲ့သမျှ...
အထက်တန်းမှာ ဆုတ်ယုတ်ခဲ့တာ
ပတ်ဝန်းကျင်ကြောင့်ဆိုပြီး
သူများကို လက်ညှိုးထိုး
လွှဲချတတ်တဲ့ကောင်...။
မိဘလုပ်စာ ထိုင်စားနေရင်းက
ကမ္ဘာကြီးကို အပိုင်လိုချင်သတဲ့...
စဉ်းစားကြည့်ပါဦးဗျာ...
ဖြစ်နိုင်ပါ့မလား
အဲ့ဒီလောက်ထိ စိတ်ကူးယဉ်
ရူးသွပ်နေတဲ့ကောင်...။
ဘဝမှာ ဘယ်သူ့အတွက်မှ
အရေးမပါခဲ့ဖူးဘဲ
သူမအတွက်တော့ အရေးပါချင်ကြောင်း
တဖွဖွ ရေရွတ်နေတဲ့ကောင်...။
ဟုတ်တယ်... အဲ့ဒီကောင်ဟာ
ခင်ဗျားတို့သိတဲ့ "လုလင်ပျို" ဆိုတဲ့ကောင်ပဲ...။
-လုလင်ပျို
ကိုယ့်အကြောင်းကိုယ်အောက်ဖဲလှန်ခြင်း
ဘယ်သူ့ကိုမှ သေသေချာချာ မချစ်ဖူးဘဲ
သူနဲ့ကျမှ အရူးအမူး
ဖြစ်နေပါတယ်ဆိုတဲ့ကောင်...။
Software Engineer ကြီး
ဖြစ်ချင်တယ်ဆိုပြီး
ကဗျာရူးရူးကာ
ကဗျာနယ်ထဲ ခြေဆန့်လာတဲ့ကောင်...။
မူလတန်းကနေ အလယ်တန်းအထိ
ထူးချွန်ခဲ့သမျှ...
အထက်တန်းမှာ ဆုတ်ယုတ်ခဲ့တာ
ပတ်ဝန်းကျင်ကြောင့်ဆိုပြီး
သူများကို လက်ညှိုးထိုး
လွှဲချတတ်တဲ့ကောင်...။
မိဘလုပ်စာ ထိုင်စားနေရင်းက
ကမ္ဘာကြီးကို အပိုင်လိုချင်သတဲ့...
စဉ်းစားကြည့်ပါဦးဗျာ...
ဖြစ်နိုင်ပါ့မလား
အဲ့ဒီလောက်ထိ စိတ်ကူးယဉ်
ရူးသွပ်နေတဲ့ကောင်...။
ဘဝမှာ ဘယ်သူ့အတွက်မှ
အရေးမပါခဲ့ဖူးဘဲ
သူမအတွက်တော့ အရေးပါချင်ကြောင်း
တဖွဖွ ရေရွတ်နေတဲ့ကောင်...။
ဟုတ်တယ်... အဲ့ဒီကောင်ဟာ
ခင်ဗျားတို့သိတဲ့ "လုလင်ပျို" ဆိုတဲ့ကောင်ပဲ...။
-လုလင်ပျို
ကိုယ့်အကြောင်းကိုယ်အောက်ဖဲလှန်ခြင်း
💋1
"မေ့အတွက် လုံခြုံရာ"
ဝါသနာတူအကို့မေဆိုသောကောင်မလေးက
သူ့ဘဝမှာ trauma ရဖူးကြောင်းပြောတော့
အကို့မှာ ပြောစရာတွေပျောက်ခဲ့တယ်
ပြီးတော့ trauma တွေထပ်မရချင်ကြောင်း
ကြောက်နေမိကြောင်း
ထပ်ခါထပ်ခါပြောနေတော့
အကို့ရင်ထဲ ပြောမရနိုင်တဲ့
ခံစားချက်တွေများနေခဲ့တယ်
အကို့ကြောင့်စိတ်ဒဏ်ရာတွေ
မရစေချင်ပါဘူး
ပေးလည်းမပေးချင်သလို
ဘယ်သောအခါမှလည်း
စိတ်ညစ်စရာနဲ့ စိတ်ဒဏ်ရာတွေ
ပေးမှာမဟုတ်လို့ အကို့မေတ္တာကို
ယုံပေးပါမေရယ်...။
-လုလင်ပျို
ဝါသနာတူအကို့မေဆိုသောကောင်မလေးက
သူ့ဘဝမှာ trauma ရဖူးကြောင်းပြောတော့
အကို့မှာ ပြောစရာတွေပျောက်ခဲ့တယ်
ပြီးတော့ trauma တွေထပ်မရချင်ကြောင်း
ကြောက်နေမိကြောင်း
ထပ်ခါထပ်ခါပြောနေတော့
အကို့ရင်ထဲ ပြောမရနိုင်တဲ့
ခံစားချက်တွေများနေခဲ့တယ်
အကို့ကြောင့်စိတ်ဒဏ်ရာတွေ
မရစေချင်ပါဘူး
ပေးလည်းမပေးချင်သလို
ဘယ်သောအခါမှလည်း
စိတ်ညစ်စရာနဲ့ စိတ်ဒဏ်ရာတွေ
ပေးမှာမဟုတ်လို့ အကို့မေတ္တာကို
ယုံပေးပါမေရယ်...။
-လုလင်ပျို
🔥1
သလိပ်ဟာရည်မှန်းချက်တွေမှာ
သွားသွားကပ်တယ်
စားစရာမရှိအသွားအလာမရှိ
ကဗျာပဲတောင်းတမိတာတောင်
ငါ့ဘဝ လျှာလိပ်ထားမိတယ်
မဖြစ်နိုင်ခြင်းတွေနဲ့သင်းအုပ်ဆရာလို
မင်းရောပြန်လာမယ်တဲ့လား
မင်းကိုတောင်းပန်စကားဆိုမယ်ကြံတိုင်း
လည်ချောင်းဟာ သလိပ်ကပ်တော့တာပဲ
နိုင်ငံကြီးသားအခွင့်ရေး
ငါအလည့်ကျ မဲပုံးပျောက်
မဖြစ်မနေရှာကြံရမယ်လေ
ကြံမိကြံရာ ညဏ်ကိုဖူးမျော်
မဖောက်ထွင်းခင် အသံကြောင့်
ဖားသေပါတယ်။ ။
#Mgki
•လင်းနက်
•သလိပ်ကပ်ရောဂါ
သွားသွားကပ်တယ်
စားစရာမရှိအသွားအလာမရှိ
ကဗျာပဲတောင်းတမိတာတောင်
ငါ့ဘဝ လျှာလိပ်ထားမိတယ်
မဖြစ်နိုင်ခြင်းတွေနဲ့သင်းအုပ်ဆရာလို
မင်းရောပြန်လာမယ်တဲ့လား
မင်းကိုတောင်းပန်စကားဆိုမယ်ကြံတိုင်း
လည်ချောင်းဟာ သလိပ်ကပ်တော့တာပဲ
နိုင်ငံကြီးသားအခွင့်ရေး
ငါအလည့်ကျ မဲပုံးပျောက်
မဖြစ်မနေရှာကြံရမယ်လေ
ကြံမိကြံရာ ညဏ်ကိုဖူးမျော်
မဖောက်ထွင်းခင် အသံကြောင့်
ဖားသေပါတယ်။ ။
#Mgki
•လင်းနက်
•သလိပ်ကပ်ရောဂါ
❤1