ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
" Poh Tak " (2010)

Poh Tak ဇာတ်ကားဟာ ရိုက်ကူးရေးတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ််။

ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ရိုက်ကူးရေးတစ်ခုရဲ့ တစ်ထောင့်တစ်နေရာက အခိုက်အတန့်တစ်ခုစီကို ဟာသမင်းသားမင်းသမီးပေါင်းများစွာမှ  ဟာသတစ်မျိုးစီနဲ့ ရိုက်ကူးထားတဲ့ comedy ကားလေးဘဲဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Noon Noon မှ ရေးသားပေးထားပါတယ် )

Subtitle - Noon Noon
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#PohTak
#AshThaiMovies #AshMovie
#AshChannel #Ash
" The Second Sight " (2013)

ဂျေ အဖြစ်- Pong Nawat
ဂျွမ် အဖြစ်- Yaaying rhatha

ဇာတ်ကားအကျဥ်း...

ဂျေဟာ မွေးလာကတည်း သာမာန်လူမမြင်နိုင်တဲ့ သရဲတွေ ဝိဥာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့အပြင် သူများရဲ့ ကံကြမ္မာကိုလည်း မြင်နိုင်စွမ်းရှိတဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ ဂျေမှာ  ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ ' ဂျွမ်' နဲ့တွဲနေပါတယ်။ တစ်နေ့မှာ သူဌေးတစ်ယောက်ရဲ့အမှုကိုင်သွယ်ပြီး အိမ်ပြန်မယ့်လမ်းမှာ ဂျွမ်ကဖုန်းဆက်လာပြီး ဂျေနဲ့လက်ထပ်ချင် ကြောင်းပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လမ်းမှာအကြီးအကျယ်မတော်တဆတစ်ခု ဂျေရဲ့ရှေ့မှာဖြစ်သွားပါတယ်။ မနက်ပိုင်းရောက်တော့ ဂျေ ဟာ ၁၆နှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့ အမှုတစ်ခုကိုကိုင်သွယ်ရပါတယ်။ မတော်တဆဖြစ်ပြီးနောက်ပိုင်း ဂျွမ်ဟာ အိမ်မက်ဆိုးမက်ပြီး မကောင်းဆိုးဝါးလိုက်တာကိုခံရပါတယ်။ ဂျေဟာသူ့ရဲ့ကောင်မလေးကို သူရှိတဲ့အစွမ်းနဲ့ကူညီတဲ့ချိန်မှာ ဆန်းကျယ်တဲ့လျှို့ဝှက်ချက်တစ်ကိုရှာဖွေတွေရှိသွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Woon Yone မှ ရေးသားပေးထားပါတယ် )

Subtitle By -  Woon Yone
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#TheSecondSight
#AshChannel #Ash
#AshMovies #AshThai
" The Projection " (2024)

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ The Projection ဆိုတဲ့ 2024ခုနှစ်က ထွက်ရှိထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်

ဒီရုပ်ရှင်ထဲမှာတော့ ထိုင်းနိုင်ငံရဲ့ ရှပ်ရှင်အဆင့်အတန်း တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်ပြောင်းလဲသွားပုံတွေရယ် အန်နာလော့စနစ်ကနေ ဒီဂျစ်တယ်စနစ်အဖြစ် တိုးတက်ပြောင်းလဲလာပုံတွေ..... ခေတ်အပြောင်းအလဲမှာ ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာတွေကို ပြန်လည်ပြောပြနေတဲ့ မှတ်တမ်းရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်....

ထိုင်းလူမျိုး အဘိုးအဘွားတွေရဲ့သူတိုရဲ့ ငယ်ဘဝမှာ ရုပ်ရှင်ကိုဘယ်လိုမျိူးကြည့်ရှုခဲ့ရလဲဆိုတာနဲ့ သူတိုရဲ့ ငယ်ဘဝ ပျော်ရွှင်မှုနဲ့ ဘဝဇာတ်ကြောင်း‌တွေကိုပါ
ထည့်သွင်းပြောပြထားတဲ့ ဇာတ်ကားလေးဖြစ်လို ကျွန်မတိုရဲ့ Ash Channel မှာ လာရောက်ကြည့်ရှူအားပေးဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်....

( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ် )

Subtitle - May Phyo Paing Oo
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#TheProjection
#AshThaiMovies #AshMovie
#AshChannel #Ash
Talentless TAKANO (2024)

အပိုင်း (၁ မှ ၈) စ/ဆုံး

တခနို ဆုမဲကိုဆိုတဲ့ ကောင်မလေmးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီးတော့
စကားပြောရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ကောင်မလေးတစ်ယောက်ပါ။

တကယ့်အမှန်တရားကို ဘေးထား သူမှန်တယ်ထင်ရင် မှန်တာပဲဆိုပြီး ပြောတတ်တဲ့
အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့ အူကြောင်ကြောင်
စကားတွေကိုပဲ ကြွေဆင်းသွားပြီး အလုပ်အင်တာဗျူးအောင်ကာ အလုပ်ရသွားပါတော့တယ်။

ဒါပေမဲ့လည်း သူဟာ မိတ္တူစက်ကိုတောင် မသုံးတတ်တဲ့အထိ အူကြောင်ကြောင်လေးနဲ့
အလုပ်မှာ တလွဲတွေလုပ်ရင်း ဌာနအတွက် အပျင်းပြေစရာလေးတစ်ခုလို ဖြစ်လို့နေပါတယ်။

သူနဲ့အတူပဲ အင်တာဗျူးအောင်လာတဲ့ ဟိ၀ဒ မီချီတိုဆိုတဲ့ ကောင်လေးကတော့ တခနိုနဲ့ မတူဘဲ
ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းပေမဲ့ အလုပ်လုပ်ရာမှာတော့ တော်လွန်းသူတစ်ယောက်ပါ။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကို လုပ်ငန်းပါတနာအဖြစ် အတူတွဲပြီး ပရောဂျက်တွေ ကိုင်ခိုင်းလိုက်တဲ့အချိန်မှာတော့ ....

တခနိုရဲ့ ဘယ်လိုတလွဲတချော်အတွေးတွေနဲ့ ကုမ္ပဏီပရောဂျက်တွေကို ဘယ်လိုတွေလုပ်မလဲ ......

တခနိုနဲ့ ဟိ၀ဒတို့ရဲ့ တွဲဖက်လုပ်ဆောင်ချက်တွေကရော ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ .....

သူတို့နှစ်ယောက်ရော ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမဲ့

ဂျပန် drama office ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

(အညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်)
The Tale of Lady Ok (2024)

ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ယွန်းဂျင်း

(Lim Ji Yeon)ရဲ့ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်‌ပေးပါရစေ။

The Gloryထဲက ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ယွန်းဂျင်းကို

ဂျိုဆွန်းခေတ် အမျိုးသမီး အဖြစ် ကာရိုက်တာ အသစ်တစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပြီး

မင်းသားကလည်း Oasis ဇာတ်ကားနဲ့ Best New Actorဆု ‌ဆွတ်ခူးရရှိထားသူမို့

မထွက်ခင်ကတည်းက ရေပန်းစားနေတဲ့ ကားလေးဖြစ်ပါတယ် ။

အို့ထယ်ယောင်း(Lim Ji Yeon)ဆိုတဲ့ ဂျိုဆွန်းခေတ်က အမျိုးသမီးဟာ

ထက်မြက် သွက်လက်ပြီး ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။

အမြဲလိုလို ကူညီတတ်တဲ့ အကျင့်စရိုက်ကြောင့် လူချစ်လူခင်လည်း ပေါများသူပါ။

ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက် ရှိ‌နေပါတယ်။

အဲဒါကတော့ သူ့ နာမည်၊ ဂုဏ်ပုဒ်နဲ့ ခင်ပွန်းတို့ကအတုအယောင်တွေ ဖြစ်နေတာပါပဲ။

အဲဒီလိုနဲ့ တစ်နေ့‌မှာတော့ ဂျိုဆွန်းတစ်ခွင်ကို နယ်လှည့်ပြီး ပုံပြင် လိုက်‌ပြောပြတဲ့

ပုံပြင်ဆရာလေး ချွန်းဆွန်းဟွီ(Choo Yeong Woo)နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။

လျှို့ဝှက်ချက်‌တွေ ရှိတဲ့ အမျိုးသမီး အို့ထယ်ယောင်းနဲ့ သူမကို မြင်မြင်ချင်း ချစ်မိသွားတဲ့

ပုံပြင်ဆရာ‌ ချွန်းဆွန်းဟွီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်းမှာ

စောင့်မျှော်ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။

(အညွှန်းကို Treasure Htet မှ ရေးသားပေးထားပါတယ်)
1
My Sweet Monster [2022]

ပေါ့ပေါ့ပါးပါး ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်

ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။

သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။

Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။

ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။

ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။

သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။

ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက်
သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။

အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။

ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။

နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။

ဇာတ်ကြောင်းက ဒီထက်တော့ရှုပ်ပါတယ်။

နားလည်လွယ်အောင်တစ်ချို့အချက်တွေ ဖယ်ရေးလိုက်ရတာပါ။

ဟိုးတုန်းက ဒစ္စနေးမင်းသမီးလေးတွေကားတွေ၊ မွန်းစတားကားတွေ၊
စက်ရုပ်တွေပါတဲ့ကာတွန်းကားတွေ၊ မှော်ဆန်တဲ့ကားတွန်းကားတွေကို ကြိုက်ခဲ့ဖူးရင်

ဒီကာတွန်းရုပ်ရှင်ဟာ အဲဒီအရသာတွေအကုန်လုံးကို Nostalgic ဖြစ်စေမှာပါပဲ။
👍1
Mars Needs Moms [2011]

ဇာတ်လမ်းကတော့

ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။

မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။

မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါ တွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။

အဲဒီကနေ မာရှန်တွေ ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကို သိသွားပြီး သူ့အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာကို ကြည့်ရမှာပါ။

ဇာတ်ကွက်ကပဲ ရိုးနေလို့လား… လက်ရာကွဲသွားတာကြောင့် မအောင်မြင်တာလား အကဲဖြတ်ဖို့ အားပေးလိုက်ကြပါဦး။

(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)
👍1
Hit: The First Case [2020]

IMDb Rating – 7.8/10#Unicodeသီချင်းမဆိုတဲ့ကုလားကား မကတဲ့ကုလားကားဆိုပြီး မေးတတ်ခဲ့တဲ့လူတွေအတွက် Hit: The First Case (2020)
ကားလေးလာပါပြီ။

ဒီကားလေးက IMDb 7.8 တောင်ရထားပြီး လူတစ်ရာမှာ ၉၄ ယောက်ကြိုက်နှစ်သက်တဲ့မှုခင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

အတိတ်ကကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် Panic Attackခံစားနေရတဲ့ ရဲအရာရှိ ဗစ်ခရန် တစ်ယောက် ဆေးခွင့်နဲ့ ခြောက်လလောက် အနားယူနေစဥ် သူ့ချစ်သူမိန်းကလေးသဲလွန်စမရှိပျောက်ဆုံးသွားပါတယ်။

သူ့ချစ်သူက မှုခင်းဆေးဘက်ဆိုင်ရာဌာနမှဖြစ်ပြီး သူမ မပျောက်ဆုံးခင်အဝေးပြေးလမ်းပေါ်မှာ ၁၈ နှစ်အရွယ်မိန်းကလေး ပရီတီ ပြန်ပေးဆွဲခံရတဲ့အမှုကို စစ်ဆေးနေတာပါ။

ချစ်သူအမှုကို ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုင်တွယ်ခွင့်မရတဲ့ ဗစ်ခရန်ဟာ ဆက်စပ်နေတဲ့ ပရီတီ့အမှုကို လိုက်လံစစ်ဆေးဖော်ထုတ်နေရင်း ဇာတ်ရှိန်မကျဘဲ ဆက်တိုက် စိတ်ဝင်စားဖွယ်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း အာမခံပါတယ်။

စုံထောက်ကားကြိုက်တဲ့လူတွေ ဗစ်ခရန်နဲ့အတူ တရားခံဘယ်သူလဲဆိုတာ တူတူမှန်းဆကြည့်ရအောင်နော်...

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htoo Htoo Ka Joe ပဲဖြစ်ပါတယ်)

#Credit
#ChannelMyanmar
👍1
Saindhav [2023]

ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်

အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့
ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။

ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကိုစုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။

ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။

ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။

စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….

Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ …….

ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)
👍3
Krishna Guattam [2023]

IMDb rating 9 ရထားတဲ့ Krishna Guattamတီလဂူရုပ်ရှင်က စထွက်ကတည်းက ရီဗြူးကောင်းတွေ
ရထားလို့ B-Town က မြန်မာ စာတန်းထိုးတင်ဆက်လိုက်ပါတယ်။

တစ်ရွာတည်းနေတဲ့ လူနှစ်​ယောက်၊ သူတို့ကိုယ်စီကိုယ်စီ ရွေးချယ်လိုက်တဲ့ ကောင်းခြင်း၊ ဆိုးခြင်း
လမ်းတွေဆီကနေ သူတို့ကို ဘယ်လိုမျိုးပြန်ရိုက်ခတ်မလဲ
ဆိုတာကို အဘက်ဘက်ကနေ သင်ခန်းစာယူလို့ရအောင်ရိုက်ကူးထားတဲ့ ပညာပေးကားဖြစ်ပါတယ်။

ပရာဆက်က အငြိမ်းစား ဘဏ်ဝန်ထမ်းဖြစ်ပြီး သစ္စာ
သမာဓိရှိရှိနဲ့ တည်ကြည်တဲ့ အပြင် လူတိုင်းကိုလည်းဖော်ဖော်ရွေရွေကူညီတတ်တာကြောင့် တစ်ရွာလုံးကအားကိုးတိုင်ပင်ရတဲ့ လူကြီးပါ။ တစ်ဖက်မှာတော့ရွာက သူဌေးမကြီး သားရာဂျက်ရှ်ဟာ မိဘအားကိုးငွေအားကိုးနဲ့ မိန်းကလေးတွေကို ဖျက်စီး၊ ဆေးချ၊
ရွာရိုး‌ကိုးပေါက် လျှောက်သွား စသဖြင့် အရည်မရအဖတ်မရတွေကိုပဲလုပ်နေပါတယ်။

ရာဂျက်ရှ် တနေ့ရာမာဆိုတဲ့ မိန်းကလေးနဲ့ တွဲပြီး သူငယ်ချင်းတွေနဲ့အရက်အတူသောက်ရာက ရှင်းမရအောင် ရှုပ်ကုန်တဲ့
ပြသာနာတွေဖြစ်လာပါတယ်။

ဒီပြသာနာတွေကနေ
လမ်းမှန်ကိုပဲ လျှောက်မြဲလျှောက်နေတဲ့ ပရာဆက်နဲ့လမ်းမှားကိုပဲ လျှောက်ပြီး ပျက်စီးနေတဲ့ ရာဂျက်ရှ်တို့ဘယ်လိုဆုံတွေ့ကြမလဲ။

အမြဲတမ်း ဆိုးပဲ ဆိုးနေတဲ့
ရာဂျက်ရှ်ရော သူ့ရဲ့ လုပ်ရက်တွေကို နောင်တရပြီးလမ်းမှန်ပေါ်ရောက်နိုင်ပါ့မလားဆိုတာကိုတော့....
👍2
The Trial [2023]

အိမ်ထောင်သက် နှစ်ပတ်လည်နေ့တို့ ဘာတို့ဆိုတာလူတိုင်းအတွက် အမှတ်တရဖြစ်လို့ နှစ်ပတ်လည်
နေ့တွေဆိုရင် အိမ်ထောင်သည်တွေတစ်ဦးနဲ့တစ်ဦးလက်ဆောင်ပေးတာတို့ surprise တိုက်တာတို့
မူစကူဒူးတို့ စသဖြင့် အမှတ်တရလုပ်ကြပါတယ်။

ဒီနေ့မှ အသစ်စက်စက်ထွက်လာတဲ့ The Trialဇာတ်ကားကတော့ မိဘတွေပေးစားလို့ ယူထားတဲ့
လင်မယား၂ယောက် အိမ်ထောင်သက်တစ်နှစ်ပြည့်
မဂ်လာ နှစ်ပတ်လည်​ကျင်းပရင်း ခင်ပွန်းဖြစ်သူက
surprise ပေးချင်လို့ မျက်လုံးမှိတ်ထားခိုင်းတာမျက်လုံးလည်း ပြန်ဖွင့်လိုက်ကော ခင်ပွန်းဖြစ်သူရဲ့
အလောင်းကိုသာ စပရိုက်ပြန်ရလိုက်တဲ့ Crimethriller ဇာတ်လမ်းကောင်းမို့ B-Town က
မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။

အဂျေးနဲ့ ရူပါက မိဘတွေသဘောတူလို့ လက်ထပ်
ထားကြတဲ့ စုံတွဲဖြစ်ပြီး မဂ်လာဆောင်တာ တနှစ်
ပြည့်တဲ့ထိ ဘာပြသနာမှ ကြီးကြီးမားမားမရှိပဲနဲ့
ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။

ဒီလိုနဲ မဂ်လာဆောင်
တစ်နှစ်ပြည့်တဲ့ညမှာ လင်မယား၂ယောက်တည်း
ကျင်းပတဲ့ anniversary မှာ မျက်မြင်သက်သေ
မရှိပဲ ခင်ပွန်းက ရုတ်တရက်သေဆုံးသွားခဲ့တာကြောင့်
ကျန်ရှိနေတဲ့ဇနီးဖြစ်သူ ရူပါကိုပဲ သံသယတွေက စုပြုံ
ဝင်လာပါတော့တယ်။

အဂျေးမိသားစုကလည်း ရူပါဟာ
ဒုရဲမှူးဖြစ်တာမို့ ဉပဒေရဲ့အားနည်းချက်ကိုသိထားပြီး
အပြစ် သူ့ဘက်မကျအောင် ကြိုတင်ပလန်ချပြီးတော့
ယောက်ျားကိုသတ်၊ ပြီးမှ မတော်တဆဖြစ်သလို စီစဉ်
ထားပါတယ်လို့ သက်သေထွက်ဆိုကြတဲ့အခါမှာတော့
ရူပါဟာ သူအပြစ်ကင်းကြောင်းသက်သေပြနိုင်ပါ့မလား။
အဂျေးကို တကယ်ပဲ ရူပါသတ်တာလား

ကိုယ့်ကိုယ်ကိုသတ်သေတာလား ဆိုတာတွေကို စိတ်လှုပ်ရှားစရာ
ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမွဲကားသစ်လေးဖြစ်လိုအမြန်ဆုံးကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။
👍1
Gods of the Deep [2024]

ဇာတ်လမ်းအကျဉ်းကတော့

ပစ်ခ်မန်းကော်ပိုရှင်းက ပင်လယ်ရေအောက်မှာုအဝေးထိန်းယာဉ်တွေနဲ့ စူးစမ်းရှာဖွေနေရင်းနဲ့အနက်ဆုံးတစ်နေရာမှာ ထူးဆန်းတဲ့ဂိတ်တံခါးဝကိုတွေ့သွားပါတယ်။

အဲ့ဂိတ်တံခါးထဲကိုရှာဖွေဖို့အတွက် ပစ်မန်းကော်ပိုရေးရှင်းမှာ
အလုပ်လုပ်နေတဲ့ ဒေါက်တာ ဂိုးစတိန်းစ်ဟာ ပညာရှင်တစ်ချို့

လိုက်လံစုဆောင်းပါတယ်၊ ဇီဝဗေဒပညာရှင် ခရစ်စတင်း ကော်ပိုရေးရှင်းမှာအလုပ်လုပ်ခဲ့တဲ့ဝေါ့တ် ရဲ့သားဖြစ်သူ

ဂျိန်းစ်ပီတာစ် အပါအဝင်အခြားသောပညာရှင်တွေခေါ်ယူခဲ့ပါတယ်။

နှစ်လတာလေ့ကျင့်ရေးဆင်းပြီးနောက်မှာတော့ကပ္ပတိန်အက်ကင်းစ်ဦးဆောင်တဲ့စူးစမ်းရှာဖွေရေးအဖွဲ့ဟာ

အနက်ဆုံးပင်လယ်အောက်ခြေမှာရှိတဲ့ဂိတ်တံခါးဆီကို

သွားပါတော့တယ် အောက်ခြေရောက်လေမှောင်မဲလေ

ဖြစ်တာကြောင့် ယာဉ်တပ်ဆင်ထားတဲ့မီးတွေကို အားကိုးပြီးတော့

တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေ

စတင်ဖြစ်လာပါတော့တယ်....

#Credit
👍1
" Friends Never Die " (2012)

ဂန်အဖြစ် - Mario Maurer
ဆောင်အဖြစ် - Mouse Natcha

ဇာတ်လမ်းအကျဥ်း...

ဂန်ဟာ ချမ်းသာတဲ့မိသားစုကနေဆင်းတက်လာတဲ့လူငယ်တစ်ဦးဖြစ်ပြီး ' sperm' ဆိုတဲ့အဖွဲ့ကိုတည်ထောင်တဲ့သူဖြစ်ပါတယ်။ မကြာခင်မှာပဲ ကျောင်းမှာ ရိုးသားတဲ့ 'ဆောင်' ဆိုတဲ့ကျောင်းသားတစ်ဦးရောက်လာပြီး 'ဂန်' ကအဖွဲ့ထဲဝင်ဖို့ဖိတ်လိုက်ပါတယ်။

ဂန်တို့အဖွဲ့ဟာ တခြားအဖွဲ့တွေနဲ့ရန်ဖြစ်တာတွေရှိပေမယ့် လူမိုက်အဖွဲ့မဟုတ်ပါ။ ဂန်ဟာ ချမ်းသာတဲ့မိသားစုကနေဆင်းတက်လာပေမယ့် မိဘဆီကနေအချစ်မခံဖူးတဲ့ ကလေးဖြစ်ပါတယ်။ ဒီလိုနဲ့ ဂန်ရဲ့ဘဝမှာ သူငယ်ချင်းသာရှိခဲ့ပြီး သူငယ်ချင်းအချင်းချင်းချစ်ချစ်ခင်ခင်နေတတ်အောင်အမြဲဆုံးမပေးတဲ့သူဖြစ်ပါတယ်။

တစ်နေ့မှာ ဂန်ကိုမကျေမနပ်ဖြစ်ပြီးရန်ငြိုးထားတဲ့အဖွဲ့က ဂန်တို့ရဲ့အဖွဲ့သားကိုဖမ်းသွားပြီး သူတို့ရဲ့သူငယ်ချင်းချစ်တဲ့စိတ်ဓါတ်ကို သက်သေပြဖို့အချိန်ရောက်လာတော့တယ်....

( ဇာတ်လမ်းအကျဉ်းကို Woon Yone မှ ရေးသားပေးထားပါတယ် )

Subtitle By -  Woon Yone
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#FriendsNeverDie
#AshChannel #Ash
#AshMovies #AshThai
Postman.[2023]

ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ပေးစာရေးတဲ့စာရွက်ကိုသဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်‌ယောက်ပေါ့။

ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊
သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊
နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။

ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊

နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒို ဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ ...
Hit: The First Case [2022]

Action, Crime, Drama
IMDb 7.8/10 (6.5K)

အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းကရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ်။

Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး
ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ်

ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကိုဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း
ဖော်ထုတ်နိုင်ပေမယ့်...

အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ...

တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့
အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်

အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက်
ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို
ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်

စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း
ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့...

ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား....

ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား...

နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ...

ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော
ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်...

#Credit
#ChannelMyanmar
2👍1
မာန်စွမ် စံအိမ်တော်ရဲ့ အရှုပ်တော်ပုံ (၂၀၂၄)

အစားကြမ်းတဲ့လူဆိုးလေးKinn Porsche အတွဲကိုမှ လွမ်းလှပါပြီ

ဆိုတဲ့ ပရိသတ်ကြီးအတွက်
ဒီCPအတွဲရဲ့ comeback movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။

Kinn Porsche နဲ့မတူဘဲ ဒီဇာတ်ကားလေးမှာတော့ ၁၉ ရာစုအလယ် ဘုရင်ခေတ်နောက်ခံဇာတ်လမ်းနဲ့ ကြည့်ရှုခံစားရမှာပါ။

ပက်လျူဆိုတဲ့ရွာလေးကနေ ကချေသည်လုပ်ဖို့ မြို့တက်လာတဲ့ ခမ်နဲ့ဝမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လူတစ်ယောက် တိုက်ခိုက်ခံနေရတာကို ဝင်ကယ်ရာကနေ လူသတ်သမားအဖြစ် စွပ်စွဲခံရတဲ့ဘဝကို ရောက်သွားပါတော့တယ်။

အသတ်ခံရတဲ့သူက ဖရာယာဘိုဒီဆွန်ရဲ့တူဖြစ်ပြီး အပြစ်ကိုရှောင်လွှဲချင်ရင်တော့

အလဲအလှယ်အနေနဲ့ သက်စွန့်ဆံဖျား တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒီတာဝန်ကတော့ လက်ရှိဘုရင် နန်းသက်ကုန်ခါနီး ဘုရင်သစ်လည်းမ‌မြှောက်ရသေးတော့

မင်းသားတွေ အချင်းချင်းအားပြိုင်တဲ့ဒီကာလမှာ ပုန်ကန်ချင်တဲ့သူတွေလက်နက်မှောင်ခိုဝယ်တဲ့သက်သေဖြစ်တဲ့ အရောင်းအဝယ်လျှို့ဝှက်စာချုပ်ကို"မာန်စွမ်" ဆိုတဲ့ ပြဇာတ်အဖွဲ့ရဲ့စံအိမ်တော်ကြီးကနေ ရှာပေးဖို့ပါပဲ။
👍1
More Than Blue [2018]

အဆိုတော်တစ်ယောက်က
နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း
ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင်
သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့
ဇာတ်လမ်းလေးကို သိလိုက်ရတယ်…

အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာမိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့….

သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီးတစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်…

မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို
ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ
Let Love Grow [2023]

IMDb - 6.0/10
Genre - Romance, Comedy

အပင်တွေကို ချစ်မြတ်နိုးသူ. ရှုခင်းဗိသုကာ တစ်ယောက်အဖြစ်နဲ့လည်း အသက်မွေးနေသူ အီဗီတစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းကလဲရ်နဲ့အတူ ကိုစတာဒယ်မာ ဆိုတဲ့ မြို့ငယ်လေးမှာ ရှုခင်းဒီဇိုင်းဆွဲတဲ့ လုပ်ငန်းလေးဖွင့်ထားသူ ဖြစ်ပါတယ်။

စိမ်းလန်းအေးချမ်းတဲ့ သူ့ဘဝလေးကို သူ့ရဲ့အကြိုက်ဆုံးလမ်းဖြစ်တဲ့ ငယ်စဉ်က အမှတ်တရတွေလည်း များစွာရှိနေတဲ့ ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် အခွင့်အရေးက တံခါးခေါက်လာပါတော့တယ်။

အောင်မြင်မှုလမ်းစကို ရှာဖွေဖို့ ကိုစတာဒယ်မာကို သမီးလေး (၂) ယောက်နှင့် အတူ ပြောင်းလာခဲ့တဲ့ သတ္တဗေဒ ပညာရှင် ရိုင်ယန်နဲ့ နယ်ခံပျိုးပင်အရောင်းဆိုင်လေးမှာ တွေ့ဆုံပြီးချိန်မှာတော့ သူ့ရဲ့ဘဝတစ်ဆစ်ချိုး အချိန်ကိုရောက်ရှိလာခဲ့တယ်ပေါ့။

ပုလဲလမ်းကို ပြင်ဆင်ခွင့်အခွင့်အရေးမှာ ရိုင်ယန့်
နောက်ဖေးခြံကို ဒီဇိုင်းပြင်ဆင်ဖို့က သော့ချက် ဖြစ်နေတာကို သိပြီးချိန်မှာတော့ ခေါင်းမာတဲ့ဖခင် ရိုင်ယန် နဲ့ သူ့ကို ခင်တွယ်ရှာသူ

သမီးလေး(၂)ယောက်ကို နောက်ဖေးခြံက ဥယျာဉ်လေးကိုအကောင်အထည်ဖော်ဖို့ စည်းရုံးပြီး သူ့ရဲ့အိပ်မက်ကို
Hit: The 2nd Case [2022]

IMDB.7.6/10 - 2.1k

'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Sesh ကဒီတစ်ခေါက်မှာလည်းဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင်

(ရင်ထိတ်စရာသတ်ဖြတ်ခန်း‌တွေပါတာကြောင့်
အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)

ဇာတ်လမ်းအညွှန်း
အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ ..

သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့

ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကိုတခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ

လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့

နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီ
လိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ..?

တရားခံကရောဘယ်သူဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ပါရှင်...

#Credit
#ChannelMyanmar
ငြိမ်းချမ်းရောင်စဉ်သံလွင်ပင်
The White Olive Tree (2025)

CMမှ ကြည့်ရှုသူများအားလုံးမင်္ဂလာပါ။
ဒီနေ့CMကတင်ဆက်ပေးသွားမှာကတော့ The White Olive Tree လို့ခေါ်တဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်၊
ဇာတ်ဆောင်အနေနဲ့  2023 Hit drama Hidden love ထဲက
မင်းသားချောလေး Chen Zhe Yuan က လီကျန့်အဖြစ်၊ 
မင်းသမီးချောလေး Liang Jie က စုန့်ရန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်

ပဋိကက္ခတွေဖြစ်နေတဲ့ အရှေ့တိုင်းပြည်မှာ အင်တာဗျူးဖို့ မစ်ရှင်တစ်ခုနဲ့ သွားခဲ့ရတဲ့
သတင်းထောက်မလေး စုန့်ရန်ဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊
ကံကောင်းထောက်မစွာနဲ့ပဲ အရှေ့တိုင်းပြည်မှာ စေတနာ့ဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်နေတဲ့ ဖောက်ခွဲရေးအင်ဂျင်နီယာလီကျန့်က သူမကို ကယ်တင်နိုင်ခဲ့ပါတယ်၊
လီကျန့်ရဲ့နူးညံ့မှုနဲ့ အပြစ်ကင်းမှုက စုန့်ရန်ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်၊

စုန့်ရန်ကို သိကျွမ်းတာ ကြာလာတာအမျှ သူမဟာ အပြင်ပိုင်းမှာ
အားနည်းတဲ့ပုံပေါက်ပေမယ့် ရဲရင့်သန်မာပြီး ကြင်နာမှုအပြည့်ရှိတဲ့နှလုံးသားနဲ့
တရားမျှတမှုကို မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ကြောင်း လီကျန့်နားလည်လာခဲ့ပါတယ်၊
ဒီလိုနဲ့  စိတ်တူကိုယ်တူရှိတဲ့ သူတို့ကြားမှာ ချစ်ခြင်းမေတ္တာမီးတောက်လေး  ပေါက်ဖွားလာခဲ့ပါတယ်၊
ဒါပေမယ့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကြောင့် အဲဒီပေါက်ဖွားနေဆဲ ခံစားချက်ဟာ ရပ်တန့်သွားခဲ့ပါတယ်၊
တရုတ်ကိုပြန်ရောက်တဲ့အချိန်မှာ သူတို့ဘဝမှာ အဆင်မပြေမှုတွေနဲ့ နေခဲ့ရပြီး
နှစ်ယောက်ကြားမှာ အဆက်အသွယ်ပါ ပြတ်သွားခဲ့ပါတယ်၊
လီကျန့်ဟာ ဗုံးခွဲတိုက်ခိုက်မှုမှာ သူ့အသက်ကို ကယ်တင်ခဲ့တဲ့
သူရဲ့သူငယ်ချင်း သေဆုံးမှုအတွက် သူ့ကိုယ်သူ အပြစ်တင်ရင်း၊
စုန့်ရန်ဟာလည်း ဗုံးခွဲတိုက်ခိုက်မှုအတွင်း သူရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့်
အငြင်းပွားစရာတွေ ဖြစ်ခဲ့တာကြောင့် သူတို့နှစ်ယောက်စလုံးဟာ
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခံစားနေခဲ့ကြရပါတယ်၊
ဒီလိုခံစားချက်တွေနဲ့ သူတို့နှစ်ယောက် ဘယ်လိုပြန်ဆုံစည်းပြီး
တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း ပုံမှန်ဘဝလေး
ဘယ်လိုပြန်ရရှိသွားကြမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။

#WhiteOliveTree
👍1
" Fud Jung To " (2013)

ကေပ်အဖြစ် - Ramita Mahapreukpong
ဂေါ့ဖ်အဖြစ် - Pakorn Chatborirak

ဇာတ်ကားအကျဥ်း...

ကေပ်ဟာ ဂျပန်ကိုအရူးအမူးသွားချင်တဲ့ကောင်မလေးဖြစ်ပါတယ်။ ဂျပန်သွားနိုင်ဖို့ဘာမှဆိုလုပ်နိုင်တဲ့သူပါ။လက်ဖက်စိမ်းအဖုံးကနေ ကံစမ်းမဲပေါက်မယ့်အခွင့်အရေးကို အမြဲစောင့်မျှော်တဲ့သူပါ။

သူမမှာ ဂေါ့ဖ်ဆိုတဲ့ လက်ဖက်စိမ်း ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ ကေပ်ဟာ တစ်ဖက်သားရဲ့ခံစားချက်ကိုဦးစားမပေးတာကြောင့် ဂေါ့ဖ်နဲ့ လမ်းခွဲခဲ့ရပါတယ်။ ကံဆိုးတဲ့ထဲ ကံကောင်းစွာနဲ့ သူမအမြဲတမ်းတနေတဲ့ ဂျပန်ဖရီးသွားခရီးစဥ်သွားဖို့ မဲပေါက်သွားခဲ့တယ် သိုပေမယ့် စုံတွဲခရီးစဥ်ဖြစ်တဲ့အတွက် ကေ့ပ် ဂေါ့ဖ်ကို ပြန်ချော့မှ သွားလို့ရမှာပါ။

အရှုပ်ထုပ်နှစ်ယောက် ဂျပန်ကိုရောက်သွားနိုင်မလား ဂျပန်ရောက်ရင်ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်....

( ဇာတ်လမ်းအကျဉ်းကို Woon Yone မှ ရေးသားပေးထားပါတယ် )

Subtitle By -  Woon Yone
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#FudJungTo
#AshChannel #Ash
#AshMovies #AshThai