ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
They Live in The Grey [2022]
IMDb 5/10

Horror, Thriller

ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။

သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။

ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။

သရဲတစ်ကောင်က ကလေးကို
အန္တသဘာဝလွန်ဖြစ်ရပ်တစ်ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။

ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။

သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား…

သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။

အရမ်းကြီးကြောက်ဖို့ကောင်းမနေဘဲ ဇာတ်လမ်းဇာတ်ကွက် အဓိကပြတဲ့သရဲကားမို့ အသည်းငယ်တတ်လို့ အမြဲကျော်တတ်ကြသူတို့ ကျော်ကြည့်ဖို့ မလိုမယ့် ကြောက်ဖို့မကောင်းတဲ့ စိတ်ပညာ သရဲ ကလေးသူငယ်ပညာပေး ရောသမွှေမဆိုးတဲ့ကားလေးပါပဲ။

#Credit
Firefighters (2024)

****

ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး
ရိုက်ကူးထားတဲ့ "Firefighters" ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။
Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့
နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့
အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ်
သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။

ဇာတ်လမ်းအညွှန်း-
မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို
ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။
ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့
ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး
လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း
အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။
ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး
ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း
ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။
Sister Death [2023]

သရဲကားမှာ သရဲကားဆိုသူတွေအတွက် ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ကြည့်ကောင်းမယ့် သရဲကားလေးပါပဲ....။

အခြားသရဲကားတွေ...ဥပမာ-The Nunတို့လို သရဲကားတွေနဲ့မတူတာက Jump scare တွေ၊ မှောင်မှောင်မည်းမည်း  cinematography တွေ မသုံးထားဘဲ...

ပြောင်ပြောင်တင်းတင်းနဲ့ ဇာတ်အိမ်အတိုင်းဆွဲခေါ်သွားခံရမယ့်ကားမျိုးပါ...။

နောက်ပြီး ဒီဇာတ်ကားဟာ 2017ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံသရဲကား Veronica ရဲ့ Prquel လည်းဖြစ်ပါတယ်....။

ဇာတ်လမ်းအကျဥ်းလေးကတော့....

1939 ခုနှစ်ဝန်းကျင် စပိန်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့စဥ်မှာ နာသီဆာဆိုတဲ့ သဘာဝလွန်အစွမ်းတွေရှိတဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်ခဲ့တယ်...။

သူဟာနာမ်လောကနဲ့ ဆက်သွယ်နိုင်တာမလို့ လူတွေက သူတော်စင်မလေးလို့

ဝိုင်းအသိမှတ်ပြုခဲ့ကြတာပေါ့....။

သူအရွယ်ရောက်လာတဲ့အခါ သီလရှင်လျောင်းလျာလေးဖြစ်လာပြီး ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ပေးဖို့တာဝန်ကျခဲ့ပါလေရော...

ကျောင်းကိုရောက်တော့ ကလေးတွေက ထူးထူးဆန်းဆန်းပဲ စာသင်ရမှာကြောက်သလိုလို...

အရင်ကစာသင်ပေးဖူးတဲ့ သီလရှင်ဆရာမကလည်း ထွက်သွားသလိုလို ပျောက်သွားသလိုလိုနဲ့ သရဲကားထုံးစံအတိုင်း ထိတ်လန့်စရာ ဇာတ်လမ်းတွေစတင်ခဲ့တယ်ပေါ့....။

ဒီလောက်ဆိုရင် ဇာတ်လမ်းထဲ မျှောပါသွားအောင် ဆွဲခေါ်ခံရနိုင်ပြီမို့ ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့....။
Rich In Love 2 [2023]

ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံပေါ်လာနဲ့လည်းအတူနေနိုင်ဖို့တွေအကြောင်းပေါ့။

အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။

လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး  ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။

ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။

ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။

ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။
Udanadi Mangalyam [2024]
======================
(ဂျာနာကီရဲ့ ဘဝခရီးလမ်း)
IMDB:8./10

အလုပ်လုပ်တယ်ဆိုတာ လစာရဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။
အလုပ်တိုင်းမှာ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။

ဒီလိုအိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ရွာလေးတစ်ရွာကဂျာနာကီဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးတင်ဆက်ပြလိုက်ပါတယ်

ဂျာနာကီဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကိုပဲ ဦးစားပေးပြီးတော့ အလုပ်ရပြီး
သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်ပြီဆိုမှ အိမ်ထောင်ပြုဖို့အကြောင်းကို တွေးချင်သူလေးပါ။

ဒါပေမဲ့လည်း မိဘဖြစ်သူတွေကတော့ သူတို့သမီးလေးကို အရွယ်မလွန်ခင် အိမ်ထောင်ပြုပေးချင်နေကြပါတယ်။

ပိုပြီးဆိုးတာကတော့ ဗေဒင်ဆရာတစ်ယောက်က သူတို့သမီးလေးကို ၂၅နှစ်မှ အိမ်ထောင်မကျဘူးဆိုရင် ၃၂နှစ်ကျော်မှ

အိမ်ထောင်ကျတော့မယ်လို့ ဟောထားတဲ့အတွက် ရတက်မအေးဖြစ်နေရပါတော့တယ်။

မိဘတွေက ဘယ်လိုပဲ စီစဉ်ပေး စီစဉ်ပေး ဂျာနာကီကတော့ ခေါင်းမာမြဲမာပြီး လက်ထပ်ဖို့ကို အမြဲငြင်းနေခဲ့ပါတော့တယ်။

ဒီလိုမျိုး ပညာရေးကိုပဲ ဦးစားပေးပြီးနေတဲ့ သမီးဖြစ်သူနဲ့ အရွယ်မလွန်ခင် လက်ထပ်ပေးချင်တဲ့
မိဘတွေကြားက ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

#Credit
Tiger 3 [2023] “စလူးဘိုင်ရဲ့ တိုက်ဂါး၃”

အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်

IMDb – 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲကနောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။

အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ….အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။

ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။
အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။

ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။

နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကိုချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။

ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးကဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်းခံစားကြည့်ရှုကြပါဦး။

(အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ Thaik Sanပဲဖြစ်ပါတယ်)
Farrey [2024]

CM ပရိတ်သတ်တွေအတွက် remake ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ

ထိုင်းမှာသာမက ကမ္ဘာတစ်ခုလုံးမှာပေါက်ခဲ့တဲ့ Bad genius ကားရဲ့ အိန္ဒိယဗားရှင်းremakeလေးပါ...

IMDb 6.3ရထားပြီး အိန္ဒိယစတိုင်သီချင်းအလန်းစား.အကအမိုက်စားလေးတွေနဲ့ ကြည့်ရှုရမှာပါ...

နီယာတီက ငယ်စဥ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာပါ.အားတဲ့အချိန်တွေမှာ ဂိုက်သင်ပြီးအပိုဝင်ငွေရှာလေ့ရှိပါတယ်.

တစ်ရက်တော့ နီယာတီက USPCစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမရပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်..

နာမည်ကြီးသူဌေးကျောင်းကိုစကော်လာနဲ့ဝင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်..

မိဘမဲ့ဂေဟာအတွက် ငွေအရမ်းရှာပေးချင်တဲ့ နီဟာတီဟာ အဲဒီကျောင်းမှာ သူ့လိုပဲ ဉာဏ်ကြီးရှင်အာကတ်ရှ်နဲ့ပေါင်းပြီးနှစ်ယောက်သားငွေအတွက် ဘယ်လိုလုပ်ရပ်မျိုးတွေလုပ်ကြမလဲဆိုတာကတော့....

ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်
The Witch Part 2: The Other One (2022)
----------------------------------------------------------------

Kim Dami နဲ့ Choi Woo-Shik တို့ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်
The Witch:The Subversion ရဲ့ အဆက်အနေနဲ့ The Witch Part 2 ထွက်ရှိလာပါပြီ။

Part 2 မှာတော့ အားလုံးသိကြတဲ့ မင်းသား Lee Jong-Suk နဲ့
xtraordinary Attorney Woo ထဲက မင်းသမီး Park Eun Bin တို့ပါဝင်ထားသလို
Part 1 က Casts တော်တော်များများလည်း ပြန်လည်ပါဝင်ထားကြပါတယ်။

ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်း
ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ၊ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့
အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။

သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက်
ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် KyungHee (Park Eun Bin) တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင်

လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ?
ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ?

Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊
သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့
Action Scenes တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်လို့ အခုပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။

အညွှန်းကတော့ Hmwe Thet Winn ဖြစ်ပြီးတော့

ဘာသာပြန်ထားတာကတော့ Hmwe နဲ့ Joyz ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar
The Witch: Part 1. The Subversion [2018]

ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ကားထဲမှာပါတယ်

BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ အက်ရှင်ခန်းအမိုက်စားတွေကြောင့်

ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီး ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကိုကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။

ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်က အကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။

ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။

အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီး အတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ…..

#Credit
#ChannelMyanmar
Fee Dead or Alive [2022]

ဒီတစ်ခါ ပရိသတ်ကြီးအတွက် နယ်စပ်ဖြတ်ကျော်တဲ့ ဒုက္ခတွေက ဘယ်လောက်တောင် ခါးသီးလဲဆိုတာကို ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်

ဂွာတီမာလာ ဆိုတဲ့ နိုင်ငံလေးက တကယ့်ကို မင်းမဲ့တိုင်းပြည်တစ်ခုလိုဖြစ်နေတဲ့ နိုင်ငံလေး တစ်နိုင်ငံပါပဲ အဲဒီကနေ မက္ကဆီကို ကို ဖြတ်ပြီးတော့ အသူဌေးကြီး တစ်ယောက်ရဲ့ သားဟာ ပြည့်တန်ဆာမတစ်ယောက်ရဲ့ သမီးကို လက်ထပ်ဖို့ ကမ်းလှမ်းတာကနေ ဇာတ်လမ်းက စတော့တာပါပဲ

မာနတခွဲသားနဲ့ ဘယ်သူ့ကိုမှ လူမထင်တဲ့ ပြည့်တန်ဆာမရဲ့ သမီးဟာ အာဏာအရှိဆုံးကုန်သည်ကြီးတစ်ယောက်ရဲ့ သားကိုမှ ငြင်းပယ်လိုက်ပြီးတော့ သူ့လူနှစ်ယောက်ကိုပါ သားအမိနှစ်ယောက်ပေါင်းသတ်မိရာကနေ အဲဒီနိုင်ငံထဲနေ ထွက်ပြေးဖို့ဖြစ်လာခဲ့တာပါ

ပြေးတဲ့လမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာကိုတော့ သဲထိတ်ရင်ဖို့လေး ခံစားကြည့်လိုက် ကြပါဦး

#Credit
#ChannelMyanmar
Stree [2018]

“ဇာတ်လမ်းအကျဉ်း”
“အိုဆတ္ထရီ(မိန်းကလေး) မနက်ဖြန်မှ လာခဲ့ပါ ” တဲ့။
မြို့ထဲက အိမ်တိုင်း အိမ်အပြင်မှာ ရေးထားတဲ့ စာ။
ပွဲတော်ရက်ဆိုရင် သရဲမလေး ယောကျ်ားရှာထွက်တယ်။

တမြို့လုံးမှာ ရှိရှိသမျှ ယောကျ်ားလေးတွေ
အားလုံး သတိ!ဒီလို အယူသည်းတာတွေကို
မယုံတဲ့သူ တစ်ယောက်ရှိတယ်။ ဗစ်ကီတဲ့။ဗစ်ကီဟာ အပ်ချုပ်သမား တစ်ယောက်ပါ။

တနေ့မှာတော့ သူ ပွဲတော်ရက်အတွင်း
မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။

မြင်မြင်ချင်း ချစ်မိသွားသလို မိန်းကလေးကလည်း
လက်ရဲဇက်ရဲနိုင်လှပါတယ်။သရဲ မယုံတဲ့ ဗစ်ကီဟာ….
နာမည်လည်း သိခွင့်မရှိတဲ့ မိန်းကလေးကို…
တမ်းတမ်းစွဲ ဖြစ်သွားခဲ့ပါတယ်။ပွဲတော် ဒုတိယညမှာ
မိန်းမလှလေးဟာ ဗစ်ကီကို တောထဲ ခေါ်ပြီး
တနေရာရာမှာ ထိုင်စကားပြောစဉ်မှာတော့….

မိန်းမလှလေးဟာ မျက်စိရှေ့တင် ပျောက်သွားခဲ့ပါတယ်။
အဲ့ဒီအချိန် ဗစ်ကီကို လိုက်ရှာနေတဲ့
သူငယ်ချင်း နှစ်ယောက်လည်း ကံဆိုးခဲ့ရပါတယ်။သရဲမလေးနဲ့… ဗစ်ကီတို့ ….
ဘယ်လို ဆက်နွယ်နေကြမလဲ?
ဗစ်ကီ ချစ်မိနေတဲ့ မိန်းမလှလေးက
သရဲမလေးလား?
ဘာဖြစ်လို့ အောက်လမ်းပစ္စည်းတွေ ရှာခိုင်းတာလဲ?
ဆတ္ထရီ သရဲမကို ဘယ်လို ဖြေရှင်းကြမလဲ?
စသဖြင့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။Comedy, Horror ကားလေးဖြစ်တာမို့
ရယ်စရာတွေ ကြောက်စရာတွေနဲ့ ပြည့်နှက်နေမှာပါ။

IMDb Rating – 7.5 /10 ထိ ရရှိထားတာမို့ လက်မလွတ်သင့်တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)
👍2
Rockstar [2011] IMDB - 7.7 /10 ]

Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။

သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။

ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။

အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။

ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။

ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ လည်ပင်းကြော ထောင်လာသလို မြင်မိတာက ဒီဇာတ်ကားရဲ့ သံစဉ်တေးတစ်ပုဒ်ပါပဲ။

ဒီတစ်ချက်နဲ့ကြည့်ရဖို့ လုံလောက်ပါတယ်။

ဒီကားမှာ Ranbir ဇာတ်ကောင် နာမည်က JJ (Jordan ) ။ သူရဲ့ ကောလိပ်ဘဘဝက ရိုးရှင်းတယ်။ နည်းနည်းအူကြောင်ကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ အိပ်မက်တစ်ခုတော့ရှိတယ် ။

Jim Morrism ဆိုတဲ့ ဘဲကြီးကို Idol
ထားပြီး သူ့လို အောင်မြင်ချင်တယ်။ Rock ဂီတ ကို ခပ်နက်နက်တေးသွားစာသားတွေနဲ့ သူ ပျံသန်းချင်နေခဲ့တယ်။

( Jim Morrison ဆိုတာက Rock ဂီတရဲ့ ရှေ့ပြေးဆရာတစ်ဆူပါပဲ ။ ဆံပင်က အရှည် ဂီတာက တစ်လက် စီးကရက် တစ်ဖွာတရှိုက် နဲ့ သူ့ ပုံစံက ကြည့်ကောင်းနေခဲ့တဲ့ သူ။ Rock ဂီတနဲ့ နီးစပ်တဲ့သူတွေ
ပိုသိပါလိမ့်မယ် )

ဒီလိုမျိုး Jim Morrison ကို ကြိုက်နှစ်သက်တဲ့ သူ့ အဖို့ Morrisonလို ဂီတသွေး ကြွနေဖို့လိုပါမယ်။ ကောလိပ်ကန်တင်းပိုင်ရှင်ကတော့ Jordan ကို ပြောရှာတယ်။

" ကြေကွဲဖို့ကောင်းနေတဲ့ အခြေအနေဟာ အနုပညာသွေးဆာနေတဲ့ ကာလပဲ " တဲ့။

ဒီတော့ Jordan စဉ်းစားတယ်။ သူ အသည်းကွဲနေမှဖြစ်မယ်လေ။ ဒါမှ သူ့သီချင်းတွေပြောင်မြောက်ရမှာပေါ့။

ဒီလိုနဲ့ ကောလိပ်က အချောဆုံးဆိုတဲ့ ကောင်မလေး ကို လိုက်ရှာတယ်။ တွေ့မှလည်း တွေ့ရော အသည်းကွဲစက် လို့နာမည်ကြီးနေတဲ့ Heer ကိုမှ သွားတွေ့တယ်။

Jordan ကတော့ သူ့စိတ်ကူးနဲ့သူမို့ Heer ကို အသည်းအသန်လိုက်တယ်။ နောက်တော့ အသည်းကွဲတဲ့အထာနဲ့သီချင်းတွေ စွတ်ရေးတယ်။

Heer ကတော့ မကြိုက်တဲ့သဘော ရှိပေမယ့် ခင်မင်အောင်ပေါင်းတယ်။ Jordan က ရိုးရိုးအအ ဆိုတော့ Heer ခိုင်းသမျှပျော်အောင် လျှောက်လုပ်တယ်။ ဒီမှာမသိမသာလေး ခိုးဝင်လာမိတဲ့ သံယောဇဉ်နှောင်ကြိုးလေးတော့ တွယ်မိကြတာပါပဲ။

" ဘဝဟာ သိပ်ထူးဆန်းတယ်။ တွေ့မှ ကြုံ ဆိုသော်လည်း ဆုံ ချင်မှ ဆုံဦးမှာလေ "

ဒီလိုနဲ့ တစ်နေ့မှာတော့ Heer က ပါရာဂွေး နိုင်ငံဆီ ထွက်ခွာသွားခဲ့တယ်။ အဲ့အချိန်မှာ Jordan က စောက်ရမ်းအသည်းကွဲပြနေပြီလေ။ သီချင်းတွေလည်း ပြောင်မြောက်လာပြီ။

တစ်နေ့မှာ သတင်းတစ်ခုက Jordan ကို နှိုးဆွလိုက်တော့တယ်။ ပါရာဂွေး နိုင်ငံဆီ လွှတ်ဖို့ အနုပညာရှင် ရွေးချယ်ပွဲ ကျင်းပမယ့် သတင်းပါပဲ။ ဒါဟာ သူ့အတွက် မဟာအခွင့်အရေးပါပဲ။

ဒီလိုနဲ့ Jordan တစ်ယောက် စိတ်ကူူးစိတ်သန်းတွေကြားထဲက Heer ကို ပြန်တွေ့ဖို့ ကိုယ့်ကံကြမ္မာကို ပြန်ဖန်တီးခဲ့တဲ့အချိန်မှာတော့ ……………။

ကဲ ……ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ မပြောပြတော့ပါဘူး။

ဒီဇာတ်ကား ရဲ့ တဆစ်ချိုးတွေဟာ အပြင်လောကနဲ့ နီးစပ်စေသလို ချစ်ခြင်းမေတ္တာရဲ့ လွတ်လပ်ခြင်းဆီကိုပါ ချဉ်းကပ်စေမိပါတယ်။ သံယောဇဉ် ရဲ့ နှောင်ကြိုးတွေနဲ့ လူ့လောက ကန့်သတ်မှုတွေကြားက စိတ်ခံစားမှုကိုပါ တရေးရေးမြင်လာမိစေတယ်။

အူတူတူ လေး Jordan နဲ့ နာမည်ကြီး ကာလ Jordan အသွင်အပြင် တွေက ခြားနားလာတယ်။ တစ်ဖက်မှာ အောင်မြင်လာသလို တစ်ဖက်မှာ ကျရှုံးလာတယ်။
ဒါဟာ လောကဓံရောင်ပြန်လေး တစ်ခုလိုပါ။

ဒီဇာတ်ကား ဟာ Ranbir ရဲ့ ခမ်းနားတဲ့ကာရိုက်တာကြောင့် ကျော်ကြားလာသလို ဇာတ်ဝင်သီချင်းတွေကပါ အဓိပါ္ပယ် ပေါ်လွင်လှပါတယ်။

Drama ကားမို့ ကြည်နူးရမယ်။ ဝမ်းနည်းရမယ်။ နာကျည်းရမယ် ဆိုပေမဲ့Jordan ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ခွန်အားတွန်းပေးတဲ့ အထောက်အကူပါပဲ။

ဒါ့ကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါရစေဦးတော့။
👍1
Return to Never Land Peter Pan (2002)

IMDB (5.8/10)

ဒီကားလေးကတော့ အားလုံးသိကြတဲ့အတိုင်းပဲ Disney ရဲ့အကောင်းဆုံး Animation ကားတွေထဲက
တစ်ကားပဲဖြစ်ပါတယ်
ဖယ်ရီဆိုတဲ့ တင်ကာဘဲလ်နတ်သမီးလေးနဲ့အတူ
ပီတာပန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်
အပိုင်း ၂ ပိုင်းထွက်ရှိထားတာပဲဖြစ်ပါတယ်ဒီကားလေးကတော့ ၂ ဖြစ်ပါတယ်
ဒီကားထဲမှာတော့ ၀န်ဒီဟာအသက်ကြီးသွားပြီးတော့ ကလေးလေးတွေတောင်ရနေပြီပဲဖြစ်ပါတယ်
ပျောက်ဆုံးနေပြီဖြစ်တဲ့ ပီတာပန်ဟာလည်း အိပ်ရာ၀င်ပုံပြင်အနေနဲ့သာ ယုံတမ်းစကားဖွယ်ရှိပါတော့တယ်
ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်
ကာလအားဖြင့် စစ်ဖြစ်နေသောအချိန်ဖြစ်ပါတယ်
ယောကျာၤးသားများဟာ တိုင်းပြည်ကာကွယ်ဖို့စစ်ထဲ၀င်နေရတဲ့အချိန်ဖြစ်တဲ့အတွက်
၀င်ဒီရဲ့ခင်ပွန်းဖြစ်သူလည်း စစ်ထဲ၀င်ရပါတယ်
ဒါကြောင့် အစိုးရကေန ကလေးငယ်များဘေးကင်းဖို့အတွက် စစ်နဲ့လွတ်ကင်းရာနေရာတွေကို
အလှည့်ကျရွေ့ပြောင်းပေးနေရပါတယ်ဒီထဲတွင် ၀န်ဒီရဲ့သမီးလေး ဂျိမ်းနဲ့သားငယ်လေး ဒန်နီရယ်တို့လည်းပါနေပါတယ်..
ဂျိမ်းဟာ အမေဖြစ်သူ၀န်ဒီပြောပြာနေကျ အိပ်ရာ၀င်ပုံပြင်ဖြစ်တဲ့ ပီတာပန်အကြောင်းကိုမယုံပါဘူး..
ဒါကြောင့် အိပ်ရာ၀င်ပုံပြင်တွေကိုသူမမုန်းခဲ့ပါတယ်..
တစ်ညမှာသူမအိပ််ပျော်သွားတော့ သူမတို့ရဲ့အိမ်ကို ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ကပ္ပတိန်ဟွတ်တို့
ပင်လယ်ဓားပြအဖွဲ့ရောက်လာပြီးသူမကို NeverLand ကိုဖမ်းဆီးခေါ်သွားပါတော့တယ်
အဲ ကပ္ပတိန်ဟွတ်ဆိုရင် လူတိုင်းသိကြမှာပါကေလးဘ၀ထဲက အကြိုက်ဆုံးနဲ့အရယ်ရဆုံး ဇာတ်ကောင်ကြီးလေ..
အဲတော့ ဂျိမ်းတစ်ယောက် NeverLand လို့ခေါ်တဲ့ နိုင်ငံလေးထဲကိုရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ
သူမတကယ်မရှိဘူးလို့ထင်နေတဲ့ ပီတာပန့်ကကော တကယ်ပဲ အဲ့နိုင်ငံလေးထဲမှာရှိနေမလား
Disney ရဲ့ကောင်းမွန်လှတဲ့ ရှု့ခင်းလေးတွေနဲ့အတူ ကြည်နူးဖွယ်ခံစားရမှာပဲဖြစ်ပါတယ်
ဒီကားလေးဟာ ကလေးများအိပ်ရာ၀င်တဲ့အချိန်အကောင်းဆုံး အိပ်ရာ၀င်ပုံပြင်အဖြစ်သတ်မှတ်ခြင်းခံရတဲ့
ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.
Over the Sky [2020]

ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020 ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Sena ရဲ့ လက်ရာလေးပါပဲ။

(၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူးကြားဖူးကြမှာပါ။

ဒီ anime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ ယောက် လုံးက ကြိတ်ကြွေနေကြပါတယ်။

မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။

မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။

ဒါကိုမခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စားနေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ
သေးတယ်။

တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများကြတယ် စကားလွန်မိတယ်။

ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့
လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။

သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။

အဆုံးမှာ သူလူ့လောကကို ပြန်သွားနိုင်ပါ့မလား..?

အာရာတာဘက်ကရော ဘယ်လိုသဘောထားလဲ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ငြိမ့်ငြိမ့်လေး ကြည့်ရှုရမယ့် Anime ကားကောင်းလေးတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါရစေ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်)

#Credit
#ChannelMyanmar
De De Pyaar De [2019]

ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ

၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက္တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမွားပါဘူး

ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်

Rom-Com ဆိုတာဘာလဲ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး

သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး

ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်

ဒီဇာတ္ကားထဲမွာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်

ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်

ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်

၂၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။

အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရွားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ ...

(ဒီဇာတ္ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်)

(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန် သူကတော့ ကိုဇော်ထူးပါ)
👍1
Marionette  [2017]

ဒီရုပ်ရှင်လေးဟာဆိုရင် ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ပညာရစေတဲ့ ဇာတ်ကားလေးပဲဖြစ်တယ်။

ဆယ်ကျော်သက်ဆိုတာ အတွေ့အကြုံနုပြီး လောကကြီးအကြောင်း နားမလည်သေးတဲ့အရွယ်လေးတွေပါ။

လောကကြီးမှာ တိရစ္ဆာန်စိတ်ရှိတဲ့ ယုတ်မာပြီး နှမချင်းကိုယ်ချင်းစာစိတ်မရှိတဲ့ ယောက်ျားတွေ တစ်ပုံကြီးရှိနေတယ်။

ကံတရားဆိုတာပြောလို့မရဘူးလေဒီခေတ်က ပိုဆိုးတယ်။လူကောင်းဆိုတာ ရှားတဲ့ခေတ်ကြီးမှာ မိန်းကလေးတွေ ဆင်ခြင်တတ်ဖို့က အဓိကပါ။

ဒီဇာတ်လမ်းလေးမှာတော့ သစ်ရွက်လေးလှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ဘဝမှာ လျူမီနာဆိုတဲ့ ကျောင်းသူလေးတစ်ယောက်။

မကောင်းတဲ့ယောက်ျားလေးမျိုးနဲ့ ဆုံမိပြီး ဘာတွေဆက်ဖြစ်မလဲ…ဆိုတာ ကြည့်ရှူရင်း ကိုယ်လည်း လျူမီနာလိုမဖြစ်အောင် ဆင်ခြင်နိုင်တာပေါ့။
DJ Duvvada Jagannadham [2017]

အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး
အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့
ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...

ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက
မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး
ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ
ဖြစ်ပါတယ်...

သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ
ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး
လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...

ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့
အသက်ရှင်လမ်းမရှိဘူးပေါ့...

မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ
သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့
လူသားတစ်ယောက်ပေါ့နော်...

ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့
လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်...

ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး
သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့
လူစားမျိုး...

ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။

#Credit
#ChannelMyanmar
" Side Seeing " (2022)

မေ အဖြစ် Ngoc Lan Vy
ဘွိုင်း အဖြစ် August Vachiravit

ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Side Seeing ဆိုတဲ့
Comedy/Romance ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်....

ဇာတ်လမ်းလေးကတော့ မေဆိုတဲ့ ဆယ်ကျော်သက် ဗီယက်နမ်လူမျိူး ဘီလျံနာမလေးက သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ရောက်လာခဲ့တယ်....သူ့ရဲ့၁၈နှစ်ပြည့်မွေးနေ့မှာ ထိုင်းမင်းသား ပတ်ခ် နဲ့ ညသာအတူတူစားရင်းဖြတ်သန်းမယ်ဆိုပြီး တွေးထားခဲ့တာပေါ့...

မိဘတွေရဲ့တင်းကျပ်မှုကြောင့် လွတ်လွတ်လပ်လပ် ပျော်ရွှင်ခွင့်မရပဲ မွန်းကျပ်မှုတွေနဲ့ပဲဖြတ်သန်းနေရတဲ့ မေဟာ ဒီတစ်ခါမှာတော့ သူ့ရဲ့လွတ်လပ်ခွင့်ကို ဘယ်လိုဖန်တီးယူမလဲ.....
သူ့ရဲ့ ကံကြမ္မာကရော ဘွိုင်းဆိုတဲ့ ထိုင်းလူမျိုးကောင်လေးနဲ့တွေ့တဲ့အခါ ဘယ်လိုမျိုး ပြောင်းလဲ သွားမလဲဆိုတာ ကျွန်မတို့ရဲ့ Ash Channel မှာ လာရောက် ကြည့်ရှု အားပေးနိုင်ပါပြီရှင့်.....

( ဇာတ်လမ်းအကျဉ်းကို Shwe Sin Htun မှ ရေးသားပေးထားပါတယ် )

Subtitle - Shwe Sin Htun
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#SideSeeing
#AshThaiMovies #AshMovie
#AshChannel #Ash
" Poh Tak " (2010)

Poh Tak ဇာတ်ကားဟာ ရိုက်ကူးရေးတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ််။

ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ရိုက်ကူးရေးတစ်ခုရဲ့ တစ်ထောင့်တစ်နေရာက အခိုက်အတန့်တစ်ခုစီကို ဟာသမင်းသားမင်းသမီးပေါင်းများစွာမှ  ဟာသတစ်မျိုးစီနဲ့ ရိုက်ကူးထားတဲ့ comedy ကားလေးဘဲဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Noon Noon မှ ရေးသားပေးထားပါတယ် )

Subtitle - Noon Noon
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#PohTak
#AshThaiMovies #AshMovie
#AshChannel #Ash
" The Second Sight " (2013)

ဂျေ အဖြစ်- Pong Nawat
ဂျွမ် အဖြစ်- Yaaying rhatha

ဇာတ်ကားအကျဥ်း...

ဂျေဟာ မွေးလာကတည်း သာမာန်လူမမြင်နိုင်တဲ့ သရဲတွေ ဝိဥာဥ်တွေကိုမြင်နိုင်စွမ်းရှိတဲ့အပြင် သူများရဲ့ ကံကြမ္မာကိုလည်း မြင်နိုင်စွမ်းရှိတဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ ဂျေမှာ  ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ ' ဂျွမ်' နဲ့တွဲနေပါတယ်။ တစ်နေ့မှာ သူဌေးတစ်ယောက်ရဲ့အမှုကိုင်သွယ်ပြီး အိမ်ပြန်မယ့်လမ်းမှာ ဂျွမ်ကဖုန်းဆက်လာပြီး ဂျေနဲ့လက်ထပ်ချင် ကြောင်းပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လမ်းမှာအကြီးအကျယ်မတော်တဆတစ်ခု ဂျေရဲ့ရှေ့မှာဖြစ်သွားပါတယ်။ မနက်ပိုင်းရောက်တော့ ဂျေ ဟာ ၁၆နှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့ အမှုတစ်ခုကိုကိုင်သွယ်ရပါတယ်။ မတော်တဆဖြစ်ပြီးနောက်ပိုင်း ဂျွမ်ဟာ အိမ်မက်ဆိုးမက်ပြီး မကောင်းဆိုးဝါးလိုက်တာကိုခံရပါတယ်။ ဂျေဟာသူ့ရဲ့ကောင်မလေးကို သူရှိတဲ့အစွမ်းနဲ့ကူညီတဲ့ချိန်မှာ ဆန်းကျယ်တဲ့လျှို့ဝှက်ချက်တစ်ကိုရှာဖွေတွေရှိသွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Woon Yone မှ ရေးသားပေးထားပါတယ် )

Subtitle By -  Woon Yone
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#TheSecondSight
#AshChannel #Ash
#AshMovies #AshThai
" The Projection " (2024)

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ The Projection ဆိုတဲ့ 2024ခုနှစ်က ထွက်ရှိထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲဖြစ်ပါတယ်

ဒီရုပ်ရှင်ထဲမှာတော့ ထိုင်းနိုင်ငံရဲ့ ရှပ်ရှင်အဆင့်အတန်း တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်ပြောင်းလဲသွားပုံတွေရယ် အန်နာလော့စနစ်ကနေ ဒီဂျစ်တယ်စနစ်အဖြစ် တိုးတက်ပြောင်းလဲလာပုံတွေ..... ခေတ်အပြောင်းအလဲမှာ ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာတွေကို ပြန်လည်ပြောပြနေတဲ့ မှတ်တမ်းရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်....

ထိုင်းလူမျိုး အဘိုးအဘွားတွေရဲ့သူတိုရဲ့ ငယ်ဘဝမှာ ရုပ်ရှင်ကိုဘယ်လိုမျိူးကြည့်ရှုခဲ့ရလဲဆိုတာနဲ့ သူတိုရဲ့ ငယ်ဘဝ ပျော်ရွှင်မှုနဲ့ ဘဝဇာတ်ကြောင်း‌တွေကိုပါ
ထည့်သွင်းပြောပြထားတဲ့ ဇာတ်ကားလေးဖြစ်လို ကျွန်မတိုရဲ့ Ash Channel မှာ လာရောက်ကြည့်ရှူအားပေးဖို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်....

( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ် )

Subtitle - May Phyo Paing Oo
Encode By - Riichi

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#TheProjection
#AshThaiMovies #AshMovie
#AshChannel #Ash