ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
စည်းအပြင်က သင်းကွဲငှက် (特立独行) Keep Real 2026 Movie

ဒီတစ်ခါမှာတော့ မင်မင်တို့မင်းသားချောလေး Bai Jingting ရဲ့ရုပ်ရှင်သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ

ဒီရုပ်ရှင်လေးက လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တ ၊ထုံးတမ်းစဉ်လာတွေ လောကဓံ တရားတွေနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ဟာသနှောကာ သရော်ထားတာမို့ ရယ်လည်းရယ်ရ ပညာလည်းရမဲ့ ရုပ်ရှင်လေးပါပဲ


ဇာတ်လမ်းအကျဉ်း 📝

ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ Wang Changhai ဟာ မိမိရဲ့ ဇာတိမြို့ဆီ ပြန်လည်ရောက်ရှိလာပြီး တာဝန်စတင် ထမ်းဆောင်ချိန်မှာပဲ အစွမ်းအစတွေကို ထုတ်ပြခဲ့ပါတော့တယ်

သူဟာ Lao Xia ရဲ့ တားမြစ်မှုကို မနာခံဘဲ လူမှုရေး သံယောဇဉ် တံတိုင်းတွေကိုလည်း မမှုဘဲ မတရားမှုတွေနဲ့ စည်းကမ်းမဲ့မှုတွေကို ထိပ်တိုက် ရင်ဆိုင်ခဲ့ပေမဲ့ နေရာတိုင်းမှာ စိန်ခေါ်မှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး ကိုယ့်ကိုယ့်ကိုယ် သင်းကွဲငှက်တစ်ကောင်ဖြစ်နေခဲ့မှန်း သိလိုက်ရပါတယ်

ဖြည်းဖြည်းချင်း လောကကြီးရဲ့ လက်တွေ့ စည်းမျဉ်းတွေကို နားလည်လာချိန်မှာတော့ သူဟာ  စိတ်ထက်သန်မှုတွေကို ထိန်းချုပ်ပြီး လူမှုဆက်ဆံရေးတွေကြား လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ သင်ယူရပါတော့တယ်

ရည်မှန်းချက်နဲ့ လက်တွေ့ဘဝ ထိပ်တိုက်တွေ့ဆုံချိန်၊ အရည်အချင်းနဲ့ လောကဝတ် ရင်ဆိုင်ရချိန်မှာ အစွမ်းအစရှိတဲ့ သူတစ်ယောက်အနေနဲ့ ဒီဟာသနှောတဲ့ လက်တွေ့ဘဝ ပြဇာတ်ကြီးထဲမှာ ဘယ်လိုမျိုး အဆုံးသတ် ရွေးချယ်သွားမလဲဆိုတာ  ......🎭

ငါတို့တွေ လောကကြီးရဲ့ အကြည့်တွေကို ဂရုမစိုက်ဘဲ လွတ်လပ်စွာရှင်သန်လို့ ရနိုင်ပါ့မလား...

SoulKingdom Movie မှာ ကြည့်လို့ရနေပါပြီ

#SoulKingdom
#Review
#特立独行
#KeepReal
UnWoman [2023 ](မိန်းမ မဟုတ်သော မိန်းမတစ်ယောက်)

IMDb -8/10ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ
ပေါများလွန်းတဲ့ ရွာလေးပေါ့။

ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာသူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။

ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊
ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။

ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကိုအေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကိုလိုက်ပါသွားရပါတော့တယ်။

ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက
မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ …

ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ ….

ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(

အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်)
Sapta Sagaradaache Ello Side B [2023] "မေ့ပြီလား"

မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို
အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်

ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့
မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊

ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲ

ဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီးရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်

ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ
သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...

တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့
သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ
အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့

သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ
အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
Dark Night of the Scarecrow 2 [2022]

1981 ခုနှစ်က ထွက်ရှိထားတဲ့ Dark Night Of The Scarecrowရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Dark Night Of The Scarecrow 2 ကို တင်ဆက်ပေးချင်ပါတယ်။

Single mom ဖြစ်သူ ခရစ်ရိုင်မာဟာ သူရဲ့သားလေးဖြစ်သူ ဂျရမီနဲ့အတူ အခြေချနေထိုင်ဖို့ စတက်ဘယ်ဖီးလ်ကောင်တီကို ပြောင်းလာပါတော့တယ်။

သူတို့ပြောင်းလာတဲ့အချိန်မှာ ၉၀ခုနှစ်တုန်းကလို တုန်လှုပ်ခြောက်ခြားဖွယ် လူသတ်မှုတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။

အဆိုပါ လူသတ်မှုတွေနဲ့ ခရစ်ရိုင်မာတို့ သားအမိနဲ့ ဘယ်လိုပတ်သက်နေမလဲ ….

ဂျရမီလေးကရော ဘယ်လိုအခန်းကဏ္ဍာကနေ ပါဝင်နေမှာလဲ ….မစ္စစ် ရိုင်မာကရော သူရဲ့သားလေးကို ဘယ်လိုကယ်တင်မလဲ ….

အစရှိတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။

Horror ကြိုက်တတ်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား တစ်ခုဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။

အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
Dark Night of the Scarecrow [1981]

Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ

ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကား‌တစ်ကားဖြစ်ပါတယ်

ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။

မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။

ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။

တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။

အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေစတင်ဝင်ရောက်လာပါတော့တယ်းယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။

အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။

အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ စာခြောက်ရုပ်ကို နောက်တစ်ကြိမ်ထပ်တွေ့ရပြီးနောက် ကံကြမ္မာဆိုးတွေလည်း
3
" Oh My Ghost: Becoming Li Hu " (2025)

ဇာတ်လမ်းအကျဉ်း...

အမျိုးသမီးတစ်ဦးဟာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့်  “Li Hu” ဆိုတဲ့ဘုရင်မရဲ့ ဘဝထဲကို ဝင်ရောက်သွားရတဲ့ ဇာတ်လမ်းပါ။

ဘုရင်မကိုမကောင်းကြံတဲ့လူတွေရှိနေတာကြောင့် သူမဖော်ထုတ်နိုင်မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဘဝအသစ်နဲ့ မရင်းနှီးသေးတာကြောင့် အခက်အခဲတွေနဲ့ ရယ်စရာအဖြစ်အပျက်တွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။

ဟာသရသနဲ့ စိတ်ထိခိုက်ဖွယ် အခန်းတွေကို ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Noon Noon မှ ရေးသားပေးထားပါတယ် )

Subtitle By - Noon Noon
Encode By - K

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

#OhMyGhostBecomingLiHu
#AshThaiMovies
#AshChannel #Ash
" Pee Nak 5 " (2026)

ဘော်လွန်းအဖြစ် Aim Witthawat
ဖက်စ်အဖြစ် James Bhuripat
ဒိုမင်ဂျွန်းအဖြစ် Mean Phiravich
နော့အဖြစ် Tar Atiwat
ဖီးနတ်အဖြစ် Kuan Denkhun
အော့အဖြစ် Pond Khunnapat

သာသနာ့ဘောင်ဝင်ပြီး မြင့်မြတ်တဲ့ရဟန်းဘဝ မခံယူခင် အကြောင်းအမျိုးမျိုးကြောင့် ဘဝပြောင်းခဲ့ရတဲ့ ရှင်လောင်းသရဲ Pee Nak ဇာတ်လမ်းတွဲကတော့ အတွဲ ၅ အထိ ရောက်ရှိလာပါပြီ။

အတွဲ ၄ မှာ ရှင်လောင်းသရဲ နတ်ထင်ကို ရှင်းလင်းပြီးလို့ သာယာမယ်မကြံရသေးခင်မှာ နောက်ထပ် ဖီးနတ်က သူတို့ကို ခြိမ်းခြောက်ဖို့ ထပ်ရောက်လာပြန်ပါပြီ။

ဒီတစ်ခါမှာလည်း ဒီသရဲနဲ့ရင်ဆိုင်မဲ့အဖွဲ့ထဲမှာ ပွဲတိုင်းကျော် ဖက်စ် ဒိုမင်ဂျွန်းနဲ့ ဘော်လွန်းတို့ အမွှေစိန် အချော်မလေးတွေ ၃ ယောက်နဲ့အတူ တခြားသရုပ်ဆောင် ပါဝင်အားဖြည့်ထားပါတယ်။

ဒီတစ်ခါ ရှင်လောင်းသရဲကတော့ သူတို့အဖွဲ့ထဲက နော့ရဲ့အစ်ကိုဖြစ်တဲ့နင်ပါပဲ။

ဒီတစ်ခါမှာတော့ ဖီးနတ်က နော့ကိုပစ်မှတ်ထားတာမျိုးမဟုတ်ဘဲ မင်းချစ်ရတဲ့သူအားလုံးကို သတ်ပစ်မယ်ဆိုပြီး နော့ရဲ့မိတ်ဆွေနဲ့ညီအစ်ကိုတွေကို ပစ်မှတ်ထားလာတဲ့အခါ…

ချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကိုယ်တိုင်အန္တရာယ်ကလွတ်မြောက်ဖို့ အမွှေစိန် ၃ ဖော်နဲ့နော့တို့ ဒီသရဲရဲ့ ဇာစ်မြစ်ကို ဘယ်လိုဖော်ထုတ်ပြီး ကျွတ်လွတ်အောင်လုပ်ပေးကြမလဲ။

ဒီကြားထဲ တခြားပရလောက အင်အားစုတွေကပါ ပါဝင်ပတ်သက်လာတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာကို Pee Nak ထုံးစံအတိုင်း Jump Scare မြိုင်မြိုင်နဲ့ အခွီတစ်လိုင်းလေး ရိုက်ကူးထားတာဖြစ်လို့ ရှုစားကြပါဦး။

( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - K

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

#PeeNak5 #PeeNak
#AshThaiMovies
#AshChannel #Ash
𝐔𝐧𝐦𝐚𝐝𝐡𝐚𝐦 (𝟐𝟎𝟐𝟔) | ကျိန်စာသင့်အမှုတွဲနှင့် စိတ်ကူးယဉ်မှု၏ စိတ္တဇနယ်နိမိတ် 
=======================

"စကားလုံးတွေကြားထဲမှာ ပျောက်ဆုံးနေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်... အတိတ်က နာကျင်စရာ အမှန်တရားကို စုံစမ်းရင်း စိတ်ရူးသွပ်မှုထဲ ကျရောက်သွားတဲ့အခါ"

ဇာတ်လမ်းကတော့ ရဲအရာရှိ ရာဇဝတ်အလုပ်ကို မနှစ်သက်ဘဲ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ချင်တဲ့ Shelly (Kunchacko Boban) ရဲ့ ဘဝကနေ စတင်ထားပါတယ်။ သူဟာ အလုပ်ကနေ ခွင့်တစ်နှစ်ယူပြီး ဇာတ်ညွှန်းတွေ လိုက်ပြခဲ့ပေမဲ့ အခါခါ ငြင်းပယ်ခံရတာကြောင့် ဇနီးဖြစ်သူ Soumya (Lijomol Jose) ရဲ့ တိုက်တွန်းမှုနဲ့ အလုပ်ထဲ ပြန်ဝင်ခဲ့ရပါတယ်။

ဒါပေမဲ့ မကြာမီမှာပဲ ပြဿနာတစ်ခုကြောင့် တောရွာစခန်းတစ်ခုဆီ ပြစ်ဒဏ်အနေနဲ့ ပြောင်းရွှေ့ခံရပါတော့တယ်။ အဲဒီစခန်းမှာတော့ ရဲဝန်ထမ်းတွေအားလုံး ထိဖို့ကြောက်နေကြတဲ့ အေးစက်လှတဲ့ အမှုတွဲဟောင်း (Cold Case) တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၆ နှစ်က ရထားလမ်းနားမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မိန်းကလေး Keerthana ရဲ့ သေဆုံးမှုပါပဲ။ အဲဒီအမှုတွဲကို ကိုင်တွယ်သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှုနဲ့ စိတ္တဇဆန်တဲ့ ကျိန်စာသတင်းတွေကြောင့် ဘယ်သူမှ မတို့ဝံ့ကြပါဘူး။

Shelly ကတော့ အဲဒီ အဖြစ်အပျက်ကို အခြေခံပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အမှုကြောင်းကို နက်နက်နဲနဲ စုံစမ်းစစ်ဆေးလာတာနဲ့အမျှ သဘာဝလွန် ခြောက်လှန့်မှုတွေ၊ စိတ္တဇဆန်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီး... Shelly ရဲ့ အသိစိတ်နဲ့ စိတ်ကူးယဉ်မှုကြား နယ်နိမိတ်တွေ ဝေဝါးလာပါတော့တယ်။ သူဟာ အမှုရဲ့ အမှန်တရားကို အဓိပ္ပာယ်ရှိရှိ ဖော်ထုတ်နိုင်မလား သို့မဟုတ် အမှောင်ထုကြားထဲမှာ ရူးသွပ်မှု (Unmadham) အဖြစ် ပြိုလဲသွားမလဲဆိုတာကို ရင်တမမ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
𝗚.𝗗.𝗡. (𝟮𝟬𝟮𝟲) | အိန္ဒိယ၏ အက်ဒီဆင်နှင့် ခေတ်ပြိုင်စနစ်ဆိုးကို စိန်ခေါ်ခဲ့သူ
======================

"စက်ပစ္စည်းတွေရဲ့ လျှို့ဝှက်ချက်ကို ရူးရူးမူးမူး စုံစမ်းလိုစိတ်နဲ့ စတင်ခဲ့တဲ့ သာမန်ရွာကလေးတစ်ယောက်က ရွာသားလေး... တိုင်းပြည်ရဲ့ စက်မှုတော်လှန်ရေးကို ဦးဆောင်မယ့် သမိုင်းဝင် တီထွင်သူကြီး ဖြစ်လာတဲ့အခါ"

ဇာတ်လမ်းကတော့ ကွမ်ဘတိုး (Coimbatore) မြို့အနီးက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တဲ့ သာမန်စက်ပစ္စည်း ဝါသနာအိုး လူငယ်လေး Gopalaswamy Doraiswamy Naidu (G.D. Naidu) ရဲ့ ဘဝကနေ စတင်ထားတာပါ။ နယ်ချဲ့ဗြိတိသျှ အရာရှိတစ်ယောက်ရဲ့ ဆိုင်ကယ်ကို စိတ်ဝင်စားလွန်းလို့ နှစ်နှစ်တိုင်တိုင် နောက်ကလိုက်ကြည့်ပြီး ငွေစုကာ ဝယ်ယူခဲ့ဖူးတဲ့အထိ စက်ပစ္စည်းတွေရဲ့ အလုပ်လုပ်ပုံကို ရူးရူးမူးမူး လေ့လာချင်သူပေါ့။ 

သူဟာ သာမန်ဘဝကနေ ကိုယ်ပိုင် ဘတ်စ်ကားလိုင်း လုပ်ငန်းကို စတင်ထူထောင်ခဲ့ပြီးနောက်၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်မော်တာ (Electric Motor) ကို တီထွင်နိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေ နယ်ပယ်ပေါင်းစုံမှာ အောင်မြင်လာတာနဲ့အမျှ ဗြိတိသျှ အာဏာပိုင်တွေ၊ ပြိုင်ဘက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက် စနစ်ဆိုးတွေရဲ့ ဖိနှိပ်တားဆီးမှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရပါတော့တယ်။

တစ်ဖက်မှာလည်း မိသားစုနဲ့ ကိုယ်ပိုင်ဘဝကြားက စိန်ခေါ်မှုတွေ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ရိုက်ခတ်မှုတွေကြားကနေ အိန္ဒိယပြည်သူတွေ နည်းပညာနဲ့ စက်မှုပညာကို လွယ်လွယ်ကူကူ သင်ယူနိုင်ဖို့အတွက် အခက်အခဲပေါင်းများစွာကြားက ရုန်းကန်ခဲ့ရပုံတွေကို ၂ နာရီခွဲနီးပါး ရင်ထဲထိအောင် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
𝐃𝐡𝐚𝐦𝐚𝐚𝐥 𝟒 (𝟐𝟎𝟐𝟔) | ရတနာသိုက် ပဟေဠိနှင့် အလွဲလွန်ကဲသော အပြိုင်ပြေးပွဲ
=============================

"ပိုက်ဆံနဲ့ ရတနာရှိတဲ့နေရာဆို... ဒီလူစုထက် ပိုပြီး အရူးအမူး ပြေးလွှားမယ့်သူ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး"

ဇာတ်လမ်းကတော့ အရင်တုန်းကလိုပဲ တစ်ယောက်ကိုတစ်ယောက် လိမ်ညာလှည့်ဖြားပြီး ပျော်ပျော်ရွှင်ရွှင် ပြဿနာရှာတတ်တဲ့ ငတုံးငအုပ်စုရဲ့ အလွဲအချော်တွေကနေ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်သူ Guddu (Ajay Devgn) နဲ့ သူ့ရဲ့ အပေါင်းအဖော်တွေဟာ သာမန်အတိုင်း အေးအေးဆေးဆေး နေထိုင်ကြဖို့ ကြိုးစားနေချိန်မှာပဲ မထင်မှတ်ဘဲ ဘိလံချီ ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ပျောက်ဆုံးနေသော ရတနာသိုက်ကြီးတစ်ခုအကြောင်း လျှို့ဝှက်သဲလွန်စ ရရှိသွားကြပါတယ်။

ပြဿနာက အဲဒီသဲလွန်စကို သူတို့တစ်ဖွဲ့တည်း ရရှိတာ မဟုတ်ဘဲ အမြဲတမ်း ရန်ဖြစ်နေကြတဲ့ လင်မယားစုံတွဲ Avinash (Anil Kapoor) နဲ့ Bindu (Madhuri Dixit)၊ အမြဲတမ်း အလွဲလွဲအချော်ချော် ဖြစ်တတ်တဲ့ Lallan (Riteish Deshmukh) နဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Aditya (Arshad Warsi) နဲ့ Manav (Javed Jaffrey) တို့ပါ အသီးသီး သိရှိသွားကြတာပါပဲ။

ဒီလိုနဲ့ ရတနာသိုက်ရှိရာဆီကို ဘယ်သူမဆို အရင်ဦးအောင် သွားနိုင်ဖို့အတွက် အုပ်စုအသီးသီး ခွဲပြီး ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမျိုးစုံနဲ့ အရူးအမူး ပြိုင်ပွဲ စတင်ပါတော့တယ်။ လမ်းခရီးမှာ ကြုံတွေ့ရတဲ့ ထောပညာဆန်ဆန် အန္တရာယ်တွေ၊ တိရစ္ဆာန်တွေနဲ့ အလွဲအချော် မြောက်မြားစွာကို ခင်းကျင်းရင်း... ဘယ်သူက အရင်ဆုံး ရတနာသိုက်ဆီ ရောက်သွားမလဲဆိုတာကို ၂ နာရီကျော်ကြာ တဟားဟား ရယ်မောရင်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
𝐃𝐂 (𝟐𝟎𝟐𝟔) | အမှောင်ထု၊ လက်စားချေမှုနှင့် သွေးစွန်းသော အချစ်
======================

"မတရားစနစ်ဆိုးနဲ့ အကျင့်ပျက် ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့် ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့အခါ... တိတ်ဆိတ်နေတဲ့ လူတစ်ယောက်ဟာ သွေးဆာနေတဲ့ ရာဇဝတ်သားတစ်ဦး ဖြစ်လာခဲ့ပါတယ်"

ဇာတ်လမ်းကတော့ ရာဇဝတ်မှုတွေနဲ့ အမှောင်ထု စိမ်းကားလှတဲ့ မြို့ပြနောက်ခံမှာ အခြေခံထားပါတယ်။ ဇာတ်လိုက်ဖြစ်သူ Devadas / Das (Lokesh Kanagaraj) ဟာ သူ့ရဲ့ အချစ်ဆုံး အမျိုးသမီး Parvathy (Sanjana) ကို အကျင့်ပျက် ရဲအရာရှိတွေရဲ့ မတရား သတ်ဖြတ်ခြင်း ခံလိုက်ရပါတော့တယ်။

ဒီလိုနဲ့ နာကျင်မှုနဲ့ ဒေါသတွေ ပြည့်နှက်နေတဲ့ Das ဟာ တရားဥပဒေကို အာခံပြီး သွေးအေးအေးနဲ့ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ လက်စားချေပွဲ လမ်းကြောင်းပေါ်မှာတင် သူဟာ မတရား ခေါင်းပုံဖြတ်ခံနေရပြီး ဒုက္ခဆင်းရဲစက်ကွင်းထဲကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ မိန်းကလေး Chandra (Wamiqa Gabbi) နဲ့ မထင်မှတ်ဘဲ လမ်းဆုံတွေ့ခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ မတူညီတဲ့ အတိတ်ဒဏ်ရာတွေ၊ နာကျင်မှုတွေကို ကိုယ်စီပိုက်ထွေးထားကြပေမဲ့ စနစ်ဆိုးကို တိုက်ခိုက်ဖို့နဲ့ အသက်ရှင်ကျန်ရစ်ဖို့အတွက် ပူးပေါင်းလိုက်ကြပါတော့တယ်။ အကျင့်ပျက် ရဲအဖွဲ့ရဲ့ လိုက်လံဖမ်းဆီးမှုတွေ၊ မြေအောက်လောကရဲ့ အန္တရာယ်တွေကြားထဲကနေ Das နဲ့ Chandra တို့ဟာ ဘယ်လိုမျိုး အစီအစဉ်တကျနဲ့ အကြမ်းစား ပြန်လည်တိုက်ခိုက်သွားမလဲဆိုတာကို Anirudh Ravichander ရဲ့ အမိုက်စား BGM တေးဂီတတွေနဲ့အတူ ၂ နာရီခွဲနီးပါး ရင်တမမ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
The Red Line (2026)

ဥပဒေက အကူအညီမပေးနိုင်တဲ့အခါ ကိုယ်တိုင်ပဲ တရားခံကို ဖမ်းရမယ်ဆိုရင်

ဒီကားလေးကတော့ ဒီနေ့ပဲ Netflix မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ အမိုက်စား Thai Thriller ရုပ်ရှင်ဇာတ်ကားသစ်လေး ဖြစ်ပါတယ်

"Hunger" ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sitisiri Mongkolsiri ရဲ့ လက်ရာဖြစ်ပြီး နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ Mew Nittha, Esther Supreeleela နဲ့ Ning Chutima တို့က ခေါင်းဆောင်ပါဝင်ထားလို့ သရုပ်ဆောင်ပိုင်းကတော့ လုံးဝအာမခံပါတယ်

ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင် အခုခေတ်မှာ လူတိုင်းကြုံတွေ့နေရတဲ့ Call-Center လိမ်လည်မှုတွေရဲ့ နောက်ကွယ်က အမှောင်လောကကို ဒီကားထဲမှာ ပီပီပြင်ပြင်မြင်တွေ့နိုင်မှာပါ

အမျိုးသမီးသုံးယောက်... သူတို့က ရက်စက်လွန်းတဲ့ ဖုန်းလိမ်လည်မှု ကွန်ရက်တစ်ခုရဲ့သားကောင်ဖြစ်သွားခဲ့ပြီး သူတို့ရဲ့ပိုက်ဆံတွေသာမက ဂုဏ်သိက္ခာတွေပါ ဆုံးရှုံးလိုက်ရပါတယ် ဒီကိစ္စအတွက် ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းပေမယ့် ဘာမှထူးခြားမလာတဲ့အခါမှာ သူတို့သုံးယောက်ပူးပေါင်းပြီး ငွေတွေလိမ်သွားတဲ့ အဲဒီရာဇဝတ်ဂိုဏ်းကြီးကို ကိုယ်တိုင်ပြန်လည်ခြေမှုန်းဖို့ ဆုံးဖြတ်လိုက်တဲ့ချိန်….

ကျွမ်းကျင်တဲ့ Hacker တစ်ယောက်ရဲ့အကူအညီနဲ့ ဂိုဏ်းခေါင်းဆောင်ကို ခြေရာခံရင်း သူတို့ရဲ့ဘဝတွေကို ပြန်လည်ရယူဖို့ ကြိုးစားကြတဲ့အခါ...

ဘယ်လို အသက်လုရတဲ့အန္တရာယ်တွေ မထင်မှတ်ထားတဲ့အချိုးအကွေ့တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာပါ

ဒီကားက လက်ရှိခေတ်မှာ တကယ်ဖြစ်ပျက်နေတဲ့ Call-center လိမ်လည်မှုတွေကို အခြေခံထားလို့ ကြည့်ရှုသူတိုင်းနဲ့ Relatable ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ Drama, Thriller နဲ့ Crime အငွေ့အသက်တွေကိုပါ အပြည့်အဝရမှာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့လျှို့ဝှက်ချက်တွေ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အခါ ဆုံးဖြတ်နိုင်တဲ့ဆုံးဖြတ်ချက်တွေကိုပါ သေချာပုံဖော်ရိုက်ကူးပေးထားတာမို့ လက်မလွှတ်တမ်းကြည့်ရှူ့ဖို့ Ash Channel ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်

( ဇာတ်လမ်းအကျဉ်းကို Chit Myat Noe မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Riichi

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်

#TheRedLine #AshThai
#AshThaiMovies
#AshChannel #Ash
စူးအာနန်အိပ်မက်ဆိုးမှ ရှင်သန်ကျန်ရစ်သူများ
和平精英:地铁逃生 / Game for Peace: Metro Royale 2026 Movie


ဇာတ်လမ်းအညွှန်း

စူးအာနန် အမှတ်၉၂ သတ္တုတွင်းမှာ ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားလာပြီးတော့ တစ်လောကလုံးရဲ့ကံတရားကလည်းပြောင်းလဲသွားခဲ့ပါတယ်။

ကြောက်မက်စရာကောင်းတဲ့ ရေဒီယိုသတ္တကြွမှုတွေနဲ့ ဗီဇပြောင်းမကောင်းဆိုးဝါးတွေကြားမှာ ရှင်သန်ကျန်ရစ်သူတွေက အရင်းအမြစ်ကုန်ခမ်းနေတဲ့မြေပေါ်မှာ အသက်ရှင်ဖို့အတွက်ရုန်းကန်နေရပါတော့တယ်။

ဒီပေါက်ကွဲမှုကြီးမှာ အကောင်းအဆိုးဒွန်တွဲနေသလို ခရမ်းရောင်သတ္တုဆိုတဲ့ ရှားပါးတဲ့ဆန်းကြယ်သတ္တုတစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီသတ္တုကြောင့်ပဲ နေရာတိုင်းကအဖွဲ့အစည်းတွေက စူးအာနန်နယ်မြေကို လောဘတက်လာခဲ့ပါတော့တယ်။

အဲဒီကြားထဲမှာမှ ခရမ်းရောင်သတ္တုကိုရယူနိုင်တဲ့လူကို ဆုကြေးငွေအများကြီးပေးမယ်ဆိုတဲ့ ကြော်ငြာစာတစ်ခုထွက်ပေါ်လာတဲ့အခါမှာတော့...

စူးနန်အာနယ်မြေထဲမှာ တိုက်ပွဲပြင်းထန်လာပြီးဘယ်အဖွဲ့အစည်းကအနိုင်ရရှိသွားမလဲ ?

ဘေးဆိုးကြီးကနေ ကင်းလွတ်လာတဲ့အသက်ရှင်ကျန်ရစ်သူတွေကရော ဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်မလဲ?

လူရော မကောင်းဆိုးဝါးရောဒွန်တွဲနေတဲ့ ဘေးဒုက္ခကြားမှာသာမန်လူတွေဘယ်လိုရုန်းကန်ရမလဲ?

SoulKingdom Movie မှာ ကြည့်လို့ရနေပါပြီ

#和平精英:地铁逃生
#Review
#klSnn