The Mercator Trail [2022]
Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။
ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့
ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့
အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်
အမွေဆက်ခံရတယ်ဆိုလို့
သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။
ဒါပေမယ့်ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက်သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။
ဘန်ဂျမင် သူ့အဖေဆီက
ရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်က
ရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
သူ့အတွက်ဘာမှအသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်ကရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီးနီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့်
အဲ့ဒီနောက်မှာတော့သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့
ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံ
ဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့
လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။
နောက်မှသိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီး
ရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကို
သိလိုက်ရတဲ့အချိန်မှာတော့
သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်….

❤1
𝗗𝗔𝗥𝗞 (𝟮𝟬𝟮𝟲) | အလင်းကင်းမဲ့သော အိမ်အိုကြီးနှင့် သံသယဖြစ်ဖွယ် အမှောင်ထု
=========================
"ဘုရားမယုံ၊ သရဲမယုံတဲ့ မိုးကျရွှေကိုယ်တစ်ယောက်... ညဉ့်နက်ပိုင်းမှာ အမှောင်ထုရဲ့ စမ်းသပ်မှုကို ခံလိုက်ရတဲ့အခါ"
ဇာတ်လမ်းကတော့ ရုံးနဲ့ နီးနီးနားနားမှာ ငှားနေဖို့ အိမ်လိုက်ရှာနေတဲ့ Graphic Designer လူငယ်လေး Vignesh (Ajay Karthi) ရဲ့ ဘဝကနေ စတင်ထားပါတယ်။ သူဟာ ဘုရား၊ တရားနဲ့ သဘာဝလွန် ဖြစ်စဉ်တွေကို လုံးဝ မယုံကြည်တဲ့ အထက်တန်းစား မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသူ (Atheist) တစ်ဦးပေါ့။
ဒီလိုနဲ့ သူဟာ အိမ်ပိုင်ရှင် ဘိုးဘိုးကြီး Karunakaran (K. Bhagyaraj) ဆီမှာ တိုက်ခန်းတစ်ခု ငှားရရှိခဲ့ပါတယ်။ အိမ်ပိုင်ရှင်ကြီးကတော့ ဒီအိမ်ကြီးမှာ ထူးဆန်းတဲ့ အတိတ်သမိုင်းဆိုးတွေ ရှိခဲ့ဖူးပြီး ခြောက်လှန့်တတ်ကြောင်း သတိပေးခဲ့ပေမဲ့ Vignesh ကတော့ ဂရုမစိုက်ဘဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ အိမ်သစ်ဆီ ရောက်ပြီး မကြာမီမှာပဲ ညဉ့်နက်ပိုင်းတွေမှာ ထူးဆန်းတဲ့ အသံတွေ၊ အိပ်မက်ဆိုးတွေနဲ့ ဘာမှန်းမသိရတဲ့ ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ မိန်းကလေးဖြစ်သူ Priyadarshini (Anchana Nethrun) နဲ့ စုံထောက် Balachander (Natty) တို့ ပါဝင်ပတ်သက်လာပြီး ဒီအိမ်ကြီးထဲမှာ ယခင်က နေထိုင်ခဲ့ကြတဲ့ အိမ်ငှားတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ဆိုးတွေ ပေါ်ထွက်လာတဲ့အခါ...။ စိတ်ဝေဒနာ ခံစားနေရတာလား သို့မဟုတ် တကယ့်ကို သဘာဝလွန် ခြောက်လှန့်မှုလားဆိုတာကို မသဲကွဲဘဲ ဘဝရဲ့ အမှောင်ထုကြားထဲမှာ ဘယ်လိုမျိုး အသည်းယားစရာ ရုန်းကန်ရမလဲဆိုတာကို ၁ နာရီခွဲကျော် ကြာမြင့်တဲ့အထိ ကြောက်လန့်စရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

The Last Wife [2023]
(IMDb 6.2/10)
ဒီတစ်ခါ အာရှရုပ်ရှင်ပရိသတ်ကြီးအတွက် ငယ်ငယ်တုန်းက
သနားစရာထိုင်းကားတွေ ဖိလစ်ပိုင်ကားတွေလိုမျိုးသနားဖို့အရမ်းကောင်းပြီး မျက်ရည်တွေဘူးသီးလုံးလောက်ကျရမယ့်
ဗီယက်နမ် ဒရာမာကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီကားထဲမှာ ကေတီငုယင်လို ဗီယက်နမ်ရဲ့တက်သစ်စ မင်းသမီးချောလေးက ဦးဆောင်ပါဝင်ထားပြီးဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရင်းနဲ့ မင်းသမီးလေးကို သနားရမဲ့ဇာတ်ကားလေးပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ လင်းက ဂဏန်းရွာလို့ခေါ်တဲ့ရွာလေးက ဆင်းရဲတဲ့ရွာသူလေးတစ်ယောက်ပါ
တစ်နေ့ကျတော့ သူ့ကို နယ်စားမင်းက တတိယဇနီးအဖြစ် မယားငယ်ထားဖို့ဆိုပြီး အခမ်းအနားနဲ့လာခေါ်သွားပါတယ်...
ဒီလိုလာခေါ်သွားတာ လင်းလေးက ဥစ္စာမက်လို့လား နယ်စားမင်းကိုပဲတကယ်စုံမက်လို့လား ဘယ်သူမှတော့ သေချာမသိပါဘူး
အဲ့လိုနဲ့ ညားခါစမှာတော့ နယ်စားမင်းနဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ၇ နှစ်ကြာတဲ့ထိ သားလေးမရခဲ့ပါဘူး
အဲ့အချိန်မှာ လင်းရဲ့ချစ်သူဟောင်း အာနန်က ရွာကိုပြန်ရောက်လာတဲ့အခါမှာအတိတ်ကအကြောင်းတွေလည်း အဟောင်းတွေအသစ်ဖြစ်ပြီးတော့
လင်းတို့ချစ်သူနှစ်ဦး ပြန်ပေါင်းဖက်နိုင်မလားဆိုတာတော့....
ဇာတ်လမ်းလေးကရိုးရှင်းသလိုဖြစ်နေပေမယ့် မြှပ်ကွက်တွေနဲနဲတော့ပါတဲ့အပြင်ဇာတ်ကလေးကလည်း အရမ်းနာလို့ သနားတတ်သူများ မျက်ရည်လွယ်သူများ
တစ်ရှူးဆောင်ရင်းကြည့်ပါလို့ အကြံပေးရင် တင်ဆက်ပေးလိုက်ပါတယ်
#Credit

War on Terror : KL Anarchy [2023]
နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။
ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။
ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။
ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။
ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့
သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။
ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။
အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး
အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက်၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း ...
ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။
အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။
ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။
တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး
လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။
ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှ
ကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲ
ပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာ
အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်)

" Love at First Flood " (2012)
ထုန်ငန် အဖြစ် Film Rattapoom
မိန်ဆွေ အဖြစ် Golf Natpassara
ဘိုအာ အဖြစ် Belle Benjarat
ဇာတ်လမ်းအကျဥ်း...
ဒီရုပ်ရှင်ဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှာ ဖြစ်ပျက်ခဲ့တဲ့ ရေကြီးမှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။ ကိုယ့်အိမ်ထဲမှာ ရေတွေဝင်နေပေမဲ့ ရေဘေးဒုက္ခသည်တွေအတွက် စေတနာ့ဝန်ထမ်းသွားလုပ်ရင်း တွေ့ဆုံခဲ့ကြတဲ့ စုံတွဲလေးအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ထုန်ငန်လို့ခေါ်တဲ့ကုမ္ပဏီဝန်ထမ်းလေးဟာ သူငယ်ချင်းရဲ့အဆွယ်ကောင်းမှုကြောင့် ရေဘေးဒုက္ခသည်တွေနားမှာ စေတနာ့ဝန်ထမ်းသွားလုပ်ခဲ့ပါတယ်။
ရေဘေးဒုက္ခသည်ကူညီရေးစခန်းမှာ ကောင်မလေးချောချောလေးတွေရှိတယ်ဆိုလို့ လိုက်လာခဲ့ရင်းကနေ ဖက်ရှင်မကျတဲ့ပုံတုံးတုံးဝတ်စုံနဲ့ မှန်ကြောင်ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ပထမဆုံး တွေ့တွေ့ချင်းမှာပဲ ဆိုက်ကိုကောင်အဖြစ် အထင်ခံလိုက်ရပါတယ်။ စစချင်းမှာတော့ မှန်ကြောင်လေးကို စလိုက်နောက်လိုက်လုပ်ခဲ့ပေမဲ့ အလုပ်တွေအတူလုပ်ရင်းကနေ ခံစားချက်တွေ တိုးလာခဲ့ပါတယ်။
ဒီရုပ်ရှင်လေးက ထိုင်းလူမျိုးတွေ ရေဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့ကြောင်းကို အချစ်ဇာတ်လမ်းနဲ့ ဟာသတွဲကာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို Nong မှ ရေးသားပေးထားပါတယ် )
Subtitle By - Nong
Encode By - Lwin Htoo Aung
Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။
#Credit
#AshChannel #Ash

Mr.Gam's Victory (2004)
*
၁၉၈၂ ခုနှစ်မှာ ကိုရီးယား ပရိုဘေ့စ်ဘောလိဂ် စတင်တည်ထောင်ချိန်က Sammi Superstars အသင်းရဲ့ ဂျာစီနံပါတ် ၂၈ ကို ဝတ်ဆင်ခဲ့တဲ့ လက်ဝဲပစ်ဘောလုံးသမား ဂမ်ဆာယုံးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ စိတ်ဓာတ်ခွန်အားပေး ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂမ်ဆာယုံးဟာ ဘေ့စ်ဘောကစားရတာကို အလွန်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး
ကိုရီးယား ပရိုဘေ့စ်ဘောလိဂ် စတင်ချိန်မှာ Sammi Superstars အသင်းရဲ့ လူရွေးပွဲကနေတစ်ဆင့် ပရိုဘေ့စ်ဘောကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ အသင်းက ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရသလို၊ ဂမ်ဆာယုံးကိုလည်း အရေးကြီးတဲ့အချိန်တွေမှာသာ လူစားဝင်အသုံးပြုခံရတဲ့ “Defeat Pitcher” တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
သို့သော် သူဟာ ဘယ်လိုအခက်အခဲတွေကြုံရပါစေ အရှုံးမပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သမိုင်းဝင် ဘေ့စ်ဘောကစားသမားကြီးတစ်ဦးနဲ့ ရင်ဆိုင်ကစားရမယ့် အခွင့်အရေးကို ရရှိလာတဲ့အခါ...
ဒီဇာတ်ကားမှာ ကိုရီးယားရုပ်ရှင်လောကရဲ့ ဝါရင့်မင်းသားကြီး Lee Beom-soo က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဂမ်ဆာယုံးရဲ့ ဘေ့စ်ဘောပစ်ဟန်ကို ပီပြင်စွာ သရုပ်ဖော်နိုင်ဖို့ လပေါင်းများစွာ အပြင်းအထန် လေ့ကျင့်ခဲ့ရပါတယ်။
ဒီဇာတ်ကားနဲ့အတူ မင်းသား Lee Beom-soo ဟာ Max Movie Awards မှာ “အကောင်းဆုံး ခေါင်းဆောင်မင်းသားဆု” (Best Actor) ကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များက ကိုရီးယား ပရိုဘေ့စ်ဘောလောကရဲ့ အငွေ့အသက်ကို ခံစားရမှာဖြစ်သလို၊ မျှော်လင့်ချက်နည်းပါးနေတဲ့ အခြေအနေတွေကြားကနေ ကိုယ့်ရဲ့ ရည်မှန်းချက်အတွက် အရှုံးမပေးဘဲ အကောင်းဆုံးကြိုးစားခဲ့တဲ့ ဘေ့စ်ဘောကစားသမား ဂမ်ဆာယုံးရဲ့ ဇာတ်လမ်းကိုလည်း တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

သူလျှိုဖမ်းဆီးရေး
(抓特务) I know who you are 2026 Movie 🕵️♂️🏠
ဒီတစ်ခါမှာတော့ နာမည်ကြီး ဒါရိုက်တာ Feng Xiaogang ရဲ့ လက်ရာဖြစ်ပြီး ဝါရင့်မင်းသားကြီး Lei Jiayin နဲ့ သိုင်းကားချစ်သူတိုင်းရဲ့အချစ်ဦးလို့ ခေါ်ကြတဲ့ မင်းသားချော Hu Ge တို့ အပြိုင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ
ဇာတ်လမ်းအကျဉ်း 📝
တရုတ်ပြည်သစ် ထူထောင်ခါစ အချိန်မှာ ရဲအရာရှိ Xiao Dali ဟာ Tutangdao လမ်းကြား အမှတ် ၁၅ ဝင်းထဲမှာ ပုန်းအောင်းနေတဲ့ သူလျှို 5182 Feng Jingbo ကို ရတစ်ယောက်အာရုံနဲ့ သံသယဝင်မိခဲ့ပါတယ်
အမှန်တရားကို စုံစမ်းဖော်ထုတ်ဖို့အတွက် Xiao Dali ဟာ အဲဒီဝင်းထဲဆီ အိမ်ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ အမဲလိုက်သူနဲ့ သားကောင်တို့ဟာ နေ့စဉ်ကြည့်မျှော် ဆုံတွေ့နေရတဲ့ အိမ်နီးနားချင်းတွေ ဖြစ်လာခဲ့ပါတော့တယ်
သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ မိသားစုနှစ်ခုနဲ့ မျိုးဆက်နှစ်ဆက်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့ပြီး နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ ဖြတ်သန်းခဲ့ကြရပါတယ်
ဘဝရဲ့ သက်တမ်းတစ်ဝက်ကျော် ကြမ်းတမ်းတဲ့ မုန်တိုင်းတွေကို အတူရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ တစ်သက်လုံး ပြိုင်ဆိုင်တိုက်ခိုက်လာခဲ့တဲ့ ရန်သူဟောင်းနှစ်ဦးဟာ ပုံမှန် ရန်သူတွေထက် ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်တံတိုင်းကို တည်ဆောက်မိလာကြတဲ့အခါ......
ဒီရုပ်ရှင်လေးက Zhang Ce ရဲ့ နာမည်ကြီး ဝတ္ထု Wu Hui Zhui Zong ကို အခြေခံ ရိုက်ကူးထားတာပြီး ခေတ်ဟောင်း လူနေမှုဘဝပုံစံနဲ့ သူလျှိုစုံစမ်းရေးကြားက ဖြစ်ရပ်တွေကို မျက်ဝါးထင်ထင်ပုံဖော်ထားတာမို့ အားလုံးကို တစ်ခါလောက်တော့ကြည့်စေချင်ပါတယ် ✨
ဇာတ်ကားကောင်းများအား SoulKingdom မှ ဂုဏ်ယူစွာတင်ဆက်ပေးလျက် ➰
#SoulKingdom
#Review
#抓特务
#IKnowWhoYouAre
#klSnn

ရင်ဖြင့်ရေးသော ချစ်သ၀ဏ်လွှာ
(给阿嬷的情书) Dear You 2026 Movie 💌
ကဲ မြန်မာမှာ ရုံတင်တုန်းက မမီလိုက်လို့ ခေတ်မမီဘူးဖြစ်သွားတဲ့ သူတွေကြည့်လို့ရပါပြီနော် ဒီကားလေးက လုံး၀ကိုကြည့်သင့်သောပါပဲ
ရှားရှားပါးပါး Douban Rating 9.3 ထိတောင် ရထားပြီး ချစ်မေတ္တာတရားကို ရင်ထဲ နင့်နေအောင် ခံစားရဦးမဲ့ ဇာတ်ကားလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါရစေ 🩵
ဇာတ်လမ်းအကျဉ်း
Chaoshan ဒေသမှ အဘွားဖြစ်သူ Ye Shurou ဟာ ရိုးရှင်းတဲ့ ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ဦး ဖြစ်ပေမဲ့ မြေးဖြစ်သူ Xiaowei ဟာ အကြွေးနွံထဲ ရုန်းကန်နေရတာကြောင့် မိသားစုကို လျှို့ဝှက်ပြီး ထိုင်းနိုင်ငံဆီ ထွက်ခွာသွားခဲ့ပါတယ်
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူဌေးကြီးဖြစ်နေပြီလို့ သတင်းထွက်နေတဲ့ အဘိုးဖြစ်သူ Zheng Musheng ကို သွားရောက် ရှာဖွေဖို့ဖြစ်ပါတယ်
ဒါပေမဲ့ Xiaoweiတစ်ယောက် ထိုင်းကနေ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မိသားစုတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် သတင်းဆိုးကို သယ်ဆောင်လာခဲ့ပါတော့တယ်
အဘိုးဖြစ်သူဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီးဖြစ်ကာ အဘွားနဲ့ နှစ်ပေါင်းများစွာ စာအဆက်အသွယ်လုပ်ပြီး ချစ်ရေးဆိုနေခဲ့သူဟာ တခြား အပြင်လူ စိမ်းတစ်ယောက် ဖြစ်နေခဲ့တာကို တွေ့ရှိလိုက်ရတဲ့အခါ...
Xiaowei ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ ရာစုနှစ်ဝက်ကျော် ပုန်းကွယ်နေခဲ့တဲ့ နက်ရှိုင်းလှတဲ့ အတိတ်က သံယောဇဉ် လျှို့ဝှက်ချက်ကြီးဟာ အဘွား ရင်ထဲဆီ လှိုင်းပမာ ရိုက်ခတ်လာခဲ့ပါတော့တယ်.......
နှစ်ပေါင်းများစွာ စာလွှာတွေရဲ့ နောက်ကွယ်က အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာရဲ့ အနှစ်သာရကို မျက်ရည်ဝဲရင်း နွေးထွေးစွာ ကြည့်ရှုရမှာပါ ✨
ဇာတ်ကားကောင်းများအား SoulKingdom မှ ဂုဏ်ယူစွာတင်ဆက်ပေးလျက် ➰
#SoulKingdom
#Review
#给阿嬷的情书
#DearYou

စည်းအပြင်က သင်းကွဲငှက် (特立独行) Keep Real 2026 Movie
ဒီတစ်ခါမှာတော့ မင်မင်တို့မင်းသားချောလေး Bai Jingting ရဲ့ရုပ်ရှင်သစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ
ဒီရုပ်ရှင်လေးက လူ့အဖွဲ့အစည်းရဲ့ အကျင့်စာရိတ္တ ၊ထုံးတမ်းစဉ်လာတွေ လောကဓံ တရားတွေနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို ဟာသနှောကာ သရော်ထားတာမို့ ရယ်လည်းရယ်ရ ပညာလည်းရမဲ့ ရုပ်ရှင်လေးပါပဲ
ဇာတ်လမ်းအကျဉ်း 📝
ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ Wang Changhai ဟာ မိမိရဲ့ ဇာတိမြို့ဆီ ပြန်လည်ရောက်ရှိလာပြီး တာဝန်စတင် ထမ်းဆောင်ချိန်မှာပဲ အစွမ်းအစတွေကို ထုတ်ပြခဲ့ပါတော့တယ်
သူဟာ Lao Xia ရဲ့ တားမြစ်မှုကို မနာခံဘဲ လူမှုရေး သံယောဇဉ် တံတိုင်းတွေကိုလည်း မမှုဘဲ မတရားမှုတွေနဲ့ စည်းကမ်းမဲ့မှုတွေကို ထိပ်တိုက် ရင်ဆိုင်ခဲ့ပေမဲ့ နေရာတိုင်းမှာ စိန်ခေါ်မှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပြီး ကိုယ့်ကိုယ့်ကိုယ် သင်းကွဲငှက်တစ်ကောင်ဖြစ်နေခဲ့မှန်း သိလိုက်ရပါတယ်
ဖြည်းဖြည်းချင်း လောကကြီးရဲ့ လက်တွေ့ စည်းမျဉ်းတွေကို နားလည်လာချိန်မှာတော့ သူဟာ စိတ်ထက်သန်မှုတွေကို ထိန်းချုပ်ပြီး လူမှုဆက်ဆံရေးတွေကြား လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ သင်ယူရပါတော့တယ်
ရည်မှန်းချက်နဲ့ လက်တွေ့ဘဝ ထိပ်တိုက်တွေ့ဆုံချိန်၊ အရည်အချင်းနဲ့ လောကဝတ် ရင်ဆိုင်ရချိန်မှာ အစွမ်းအစရှိတဲ့ သူတစ်ယောက်အနေနဲ့ ဒီဟာသနှောတဲ့ လက်တွေ့ဘဝ ပြဇာတ်ကြီးထဲမှာ ဘယ်လိုမျိုး အဆုံးသတ် ရွေးချယ်သွားမလဲဆိုတာ ......🎭
ငါတို့တွေ လောကကြီးရဲ့ အကြည့်တွေကို ဂရုမစိုက်ဘဲ လွတ်လပ်စွာရှင်သန်လို့ ရနိုင်ပါ့မလား...
SoulKingdom Movie မှာ ကြည့်လို့ရနေပါပြီ ➰
#SoulKingdom
#Review
#特立独行
#KeepReal

UnWoman [2023 ](မိန်းမ မဟုတ်သော မိန်းမတစ်ယောက်)
IMDb -8/10ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ
ပေါများလွန်းတဲ့ ရွာလေးပေါ့။
ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာသူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။
ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊
ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။
ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကိုအေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကိုလိုက်ပါသွားရပါတော့တယ်။
ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက
မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ …
ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ ….
ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(
အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်)

Sapta Sagaradaache Ello Side B [2023] "မေ့ပြီလား"
မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို
အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်
ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့
မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊
ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲ
ဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီးရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်
ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ
သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...
တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့
သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ
အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့
သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ
အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Dark Night of the Scarecrow 2 [2022]
1981 ခုနှစ်က ထွက်ရှိထားတဲ့ Dark Night Of The Scarecrowရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ Dark Night Of The Scarecrow 2 ကို တင်ဆက်ပေးချင်ပါတယ်။
Single mom ဖြစ်သူ ခရစ်ရိုင်မာဟာ သူရဲ့သားလေးဖြစ်သူ ဂျရမီနဲ့အတူ အခြေချနေထိုင်ဖို့ စတက်ဘယ်ဖီးလ်ကောင်တီကို ပြောင်းလာပါတော့တယ်။
သူတို့ပြောင်းလာတဲ့အချိန်မှာ ၉၀ခုနှစ်တုန်းကလို တုန်လှုပ်ခြောက်ခြားဖွယ် လူသတ်မှုတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။
အဆိုပါ လူသတ်မှုတွေနဲ့ ခရစ်ရိုင်မာတို့ သားအမိနဲ့ ဘယ်လိုပတ်သက်နေမလဲ ….
ဂျရမီလေးကရော ဘယ်လိုအခန်းကဏ္ဍာကနေ ပါဝင်နေမှာလဲ ….မစ္စစ် ရိုင်မာကရော သူရဲ့သားလေးကို ဘယ်လိုကယ်တင်မလဲ ….
အစရှိတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။
Horror ကြိုက်တတ်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကား တစ်ခုဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။

Dark Night of the Scarecrow [1981]
Dark Knight တို့ Scarecrow တို့မြင်လို့ ဆရာဘတ်တို့ ဇာတ်ကားထင်သွားရင်တော့ မဟုတ်ပါဘူးခင်ဗျာ
ဒီဇာတ်ကားကတော့ 1981 ခုနစ်က ရိုက်ကူးထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်
ဘတ်ဘာဆိုတဲ့ကောင်လေးဟာ အရွယ်ရောက်နေပေမဲ့ စိတ်က ကလေးစိတ်ပဲရှိနေသူတစ်ဦးဖြစ်ပါတယ်။
မြို့နေလူကြီးတစ်ချို့ကတော့ ဘတ်ဘာကို ကျပ်မပြည့်တဲ့ကောင်ဆိုပြီး တစ်ခုခုဖြစ်တိုင်း ဘတ်ဘာကိုပဲ အပြစ်ဖို့နှိပ်စက်လေ့ရှိပါတယ်။
ဘတ်ဘာဟာ သူနဲ့ ကလေးတွေကို ရွယ်တူလိုပဲ မြင်တဲ့အတွက် ကလေးတွေနဲ့ပဲ ပေါင်းပါတယ်။
တစ်ရက်မှာတော့ ဘတ်ဘာနဲ့ အတူဆော့နေကျ ကောင်မလေးတစ်ယောက် မတော်တဆဖြစ်တာကို မြို့ထဲမှာတော့ ကျပ်မပြည့်တဲ့ ဘတ်ဘာဟာ ကောင်မလေးကို သတ်လိုက်တယ်လို့ သတင်းထွက်သွားပါတော့တယ်။
အစကတည်းက တစ်ခုခုဖြစ်ရင် ဘတ်ဘာကိုပဲ မဲနေတဲ့ မြို့ခံလူ လေစတင်ဝင်ရောက်လာပါတော့တယ်းယောက်ဟာ ဘာမှစုံစမ်းမနေဘဲ ဘတ်ဘာကို လိုက်ရှာကြရင်း စာခြောက်ရုပ်ထဲမှာပုန်းနေတဲ့ ဘတ်ဘာကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကြပါတော့တယ်။
အဲဒီနောက် သက်သေမလုံလောက်တာကြောင့် အမှုကနေလည်း လွတ်သွားပါသေးတယ်။
အမှုကလွတ်သွားတဲ့ သူတို့လေးယောက်ဟာ ဘတ်ဘာ ဝင်ပုန်းသွားတဲ့ စာခြောက်ရုပ်ကို နောက်တစ်ကြိမ်ထပ်တွေ့ရပြီးနောက် ကံကြမ္မာဆိုးတွေလည်း

❤3
" Oh My Ghost: Becoming Li Hu " (2025)
ဇာတ်လမ်းအကျဉ်း...
အမျိုးသမီးတစ်ဦးဟာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် “Li Hu” ဆိုတဲ့ဘုရင်မရဲ့ ဘဝထဲကို ဝင်ရောက်သွားရတဲ့ ဇာတ်လမ်းပါ။
ဘုရင်မကိုမကောင်းကြံတဲ့လူတွေရှိနေတာကြောင့် သူမဖော်ထုတ်နိုင်မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အစပိုင်းမှာ ဘဝအသစ်နဲ့ မရင်းနှီးသေးတာကြောင့် အခက်အခဲတွေနဲ့ ရယ်စရာအဖြစ်အပျက်တွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။
ဟာသရသနဲ့ စိတ်ထိခိုက်ဖွယ် အခန်းတွေကို ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
( ဇာတ်လမ်းအကျဉ်းကို Noon Noon မှ ရေးသားပေးထားပါတယ် )
Subtitle By - Noon Noon
Encode By - K
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#OhMyGhostBecomingLiHu
#AshThaiMovies

" Pee Nak 5 " (2026)
ဘော်လွန်းအဖြစ် Aim Witthawat
ဖက်စ်အဖြစ် James Bhuripat
ဒိုမင်ဂျွန်းအဖြစ် Mean Phiravich
နော့အဖြစ် Tar Atiwat
ဖီးနတ်အဖြစ် Kuan Denkhun
အော့အဖြစ် Pond Khunnapat
သာသနာ့ဘောင်ဝင်ပြီး မြင့်မြတ်တဲ့ရဟန်းဘဝ မခံယူခင် အကြောင်းအမျိုးမျိုးကြောင့် ဘဝပြောင်းခဲ့ရတဲ့ ရှင်လောင်းသရဲ Pee Nak ဇာတ်လမ်းတွဲကတော့ အတွဲ ၅ အထိ ရောက်ရှိလာပါပြီ။
အတွဲ ၄ မှာ ရှင်လောင်းသရဲ နတ်ထင်ကို ရှင်းလင်းပြီးလို့ သာယာမယ်မကြံရသေးခင်မှာ နောက်ထပ် ဖီးနတ်က သူတို့ကို ခြိမ်းခြောက်ဖို့ ထပ်ရောက်လာပြန်ပါပြီ။
ဒီတစ်ခါမှာလည်း ဒီသရဲနဲ့ရင်ဆိုင်မဲ့အဖွဲ့ထဲမှာ ပွဲတိုင်းကျော် ဖက်စ် ဒိုမင်ဂျွန်းနဲ့ ဘော်လွန်းတို့ အမွှေစိန် အချော်မလေးတွေ ၃ ယောက်နဲ့အတူ တခြားသရုပ်ဆောင် ပါဝင်အားဖြည့်ထားပါတယ်။
ဒီတစ်ခါ ရှင်လောင်းသရဲကတော့ သူတို့အဖွဲ့ထဲက နော့ရဲ့အစ်ကိုဖြစ်တဲ့နင်ပါပဲ။
ဒီတစ်ခါမှာတော့ ဖီးနတ်က နော့ကိုပစ်မှတ်ထားတာမျိုးမဟုတ်ဘဲ မင်းချစ်ရတဲ့သူအားလုံးကို သတ်ပစ်မယ်ဆိုပြီး နော့ရဲ့မိတ်ဆွေနဲ့ညီအစ်ကိုတွေကို ပစ်မှတ်ထားလာတဲ့အခါ…
ချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကိုယ်တိုင်အန္တရာယ်ကလွတ်မြောက်ဖို့ အမွှေစိန် ၃ ဖော်နဲ့နော့တို့ ဒီသရဲရဲ့ ဇာစ်မြစ်ကို ဘယ်လိုဖော်ထုတ်ပြီး ကျွတ်လွတ်အောင်လုပ်ပေးကြမလဲ။
ဒီကြားထဲ တခြားပရလောက အင်အားစုတွေကပါ ပါဝင်ပတ်သက်လာတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာကို Pee Nak ထုံးစံအတိုင်း Jump Scare မြိုင်မြိုင်နဲ့ အခွီတစ်လိုင်းလေး ရိုက်ကူးထားတာဖြစ်လို့ ရှုစားကြပါဦး။
( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - K
Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။
#PeeNak5 #PeeNak

𝐔𝐧𝐦𝐚𝐝𝐡𝐚𝐦 (𝟐𝟎𝟐𝟔) | ကျိန်စာသင့်အမှုတွဲနှင့် စိတ်ကူးယဉ်မှု၏ စိတ္တဇနယ်နိမိတ်
=======================
"စကားလုံးတွေကြားထဲမှာ ပျောက်ဆုံးနေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်... အတိတ်က နာကျင်စရာ အမှန်တရားကို စုံစမ်းရင်း စိတ်ရူးသွပ်မှုထဲ ကျရောက်သွားတဲ့အခါ"
ဇာတ်လမ်းကတော့ ရဲအရာရှိ ရာဇဝတ်အလုပ်ကို မနှစ်သက်ဘဲ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ချင်တဲ့ Shelly (Kunchacko Boban) ရဲ့ ဘဝကနေ စတင်ထားပါတယ်။ သူဟာ အလုပ်ကနေ ခွင့်တစ်နှစ်ယူပြီး ဇာတ်ညွှန်းတွေ လိုက်ပြခဲ့ပေမဲ့ အခါခါ ငြင်းပယ်ခံရတာကြောင့် ဇနီးဖြစ်သူ Soumya (Lijomol Jose) ရဲ့ တိုက်တွန်းမှုနဲ့ အလုပ်ထဲ ပြန်ဝင်ခဲ့ရပါတယ်။
ဒါပေမဲ့ မကြာမီမှာပဲ ပြဿနာတစ်ခုကြောင့် တောရွာစခန်းတစ်ခုဆီ ပြစ်ဒဏ်အနေနဲ့ ပြောင်းရွှေ့ခံရပါတော့တယ်။ အဲဒီစခန်းမှာတော့ ရဲဝန်ထမ်းတွေအားလုံး ထိဖို့ကြောက်နေကြတဲ့ အေးစက်လှတဲ့ အမှုတွဲဟောင်း (Cold Case) တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၆ နှစ်က ရထားလမ်းနားမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မိန်းကလေး Keerthana ရဲ့ သေဆုံးမှုပါပဲ။ အဲဒီအမှုတွဲကို ကိုင်တွယ်သူတိုင်း ကံဆိုးမိုးမှောင်ကျတတ်တယ်ဆိုတဲ့ ရိုးရာယုံကြည်မှုနဲ့ စိတ္တဇဆန်တဲ့ ကျိန်စာသတင်းတွေကြောင့် ဘယ်သူမှ မတို့ဝံ့ကြပါဘူး။
Shelly ကတော့ အဲဒီ အဖြစ်အပျက်ကို အခြေခံပြီး သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အမှုကြောင်းကို နက်နက်နဲနဲ စုံစမ်းစစ်ဆေးလာတာနဲ့အမျှ သဘာဝလွန် ခြောက်လှန့်မှုတွေ၊ စိတ္တဇဆန်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီး... Shelly ရဲ့ အသိစိတ်နဲ့ စိတ်ကူးယဉ်မှုကြား နယ်နိမိတ်တွေ ဝေဝါးလာပါတော့တယ်။ သူဟာ အမှုရဲ့ အမှန်တရားကို အဓိပ္ပာယ်ရှိရှိ ဖော်ထုတ်နိုင်မလား သို့မဟုတ် အမှောင်ထုကြားထဲမှာ ရူးသွပ်မှု (Unmadham) အဖြစ် ပြိုလဲသွားမလဲဆိုတာကို ရင်တမမ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

𝗚.𝗗.𝗡. (𝟮𝟬𝟮𝟲) | အိန္ဒိယ၏ အက်ဒီဆင်နှင့် ခေတ်ပြိုင်စနစ်ဆိုးကို စိန်ခေါ်ခဲ့သူ
======================
"စက်ပစ္စည်းတွေရဲ့ လျှို့ဝှက်ချက်ကို ရူးရူးမူးမူး စုံစမ်းလိုစိတ်နဲ့ စတင်ခဲ့တဲ့ သာမန်ရွာကလေးတစ်ယောက်က ရွာသားလေး... တိုင်းပြည်ရဲ့ စက်မှုတော်လှန်ရေးကို ဦးဆောင်မယ့် သမိုင်းဝင် တီထွင်သူကြီး ဖြစ်လာတဲ့အခါ"
ဇာတ်လမ်းကတော့ ကွမ်ဘတိုး (Coimbatore) မြို့အနီးက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တဲ့ သာမန်စက်ပစ္စည်း ဝါသနာအိုး လူငယ်လေး Gopalaswamy Doraiswamy Naidu (G.D. Naidu) ရဲ့ ဘဝကနေ စတင်ထားတာပါ။ နယ်ချဲ့ဗြိတိသျှ အရာရှိတစ်ယောက်ရဲ့ ဆိုင်ကယ်ကို စိတ်ဝင်စားလွန်းလို့ နှစ်နှစ်တိုင်တိုင် နောက်ကလိုက်ကြည့်ပြီး ငွေစုကာ ဝယ်ယူခဲ့ဖူးတဲ့အထိ စက်ပစ္စည်းတွေရဲ့ အလုပ်လုပ်ပုံကို ရူးရူးမူးမူး လေ့လာချင်သူပေါ့။
သူဟာ သာမန်ဘဝကနေ ကိုယ်ပိုင် ဘတ်စ်ကားလိုင်း လုပ်ငန်းကို စတင်ထူထောင်ခဲ့ပြီးနောက်၊ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး လျှပ်စစ်မော်တာ (Electric Motor) ကို တီထွင်နိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေ နယ်ပယ်ပေါင်းစုံမှာ အောင်မြင်လာတာနဲ့အမျှ ဗြိတိသျှ အာဏာပိုင်တွေ၊ ပြိုင်ဘက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက် စနစ်ဆိုးတွေရဲ့ ဖိနှိပ်တားဆီးမှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရပါတော့တယ်။
တစ်ဖက်မှာလည်း မိသားစုနဲ့ ကိုယ်ပိုင်ဘဝကြားက စိန်ခေါ်မှုတွေ၊ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ရိုက်ခတ်မှုတွေကြားကနေ အိန္ဒိယပြည်သူတွေ နည်းပညာနဲ့ စက်မှုပညာကို လွယ်လွယ်ကူကူ သင်ယူနိုင်ဖို့အတွက် အခက်အခဲပေါင်းများစွာကြားက ရုန်းကန်ခဲ့ရပုံတွေကို ၂ နာရီခွဲနီးပါး ရင်ထဲထိအောင် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။