ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
The Trauma Code: Heroes on Call (2025)

မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင်
တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာ
အသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။
လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့
မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီး
အထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကို
ထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။
တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကို
လက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။
ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့
အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။
မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့
လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။
👍1
Take Me, I'm Yours (2024)
*

စ/
ဆုံး

Take Me, I'm Yours ဆိုတဲ့ Webtoon ကို ပြန်လည်ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဂျပန်စီးရီးလေးဖြစ်ပါတယ်...

ရောအဲမိသားစုရဲ့ သားဖြစ်သူ အိချီဂျော ရောအဲဟာ အရမ်းကို ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါ...ဒါပေမဲ့ တစ်ရက်မှာတော့

အက်စီးဒန့်တစ်ခုကြောင့် ကိုမာဝင်လို့သွားပါတော့တယ်...အဲဒီတစ်ရက်တည်းမှာပဲ မိုရီခါဝ နတ်ဆူမိဆိုတဲ့ ကောင်မလေးဟာလည်း

အက်စီးဒန့်ဖြစ်ခဲ့ပြီး ကိုမာဝင်ခဲ့ပါတယ်...ဒါပေမဲ့လည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခုအနေနဲ့ မိုရီခါဝ နတ်ဆူမိဟာ ကိုမာဝင်နေရာကနေ

ပြန်လည်သတိရလို့လာခဲ့ပြီး ရက်နည်းနည်းအကြာမှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်...ဒီအချိန်မှာပဲ ထူးဆန်းမှုတစ်ခုဖြစ်ခဲ့ပြီးတော့

မိုရီခါဝ နတ်ဆူမိတစ်ယောက်ဟာအိချီဂျောရောအဲရဲ့ ဝိညာဉ်ကို မြင်တွေ့နေရပါတယ်...အဲဒီမှာပဲ အိချီဂျောရောအဲဟာ

သူအက်စီးဒန့်ဖြစ်တဲ့ နောက်ကွယ်က အကြောင်းအရာကိုရှာဖွေပေးဖို့ မိုရီခါဝ နတ်ဆူမိကို တောင်းဆိုလာပါတော့တယ်...

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...

ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်
The L›ion K›ing 2»S›imba’s P›ride (1998)

အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့
ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာ
ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း
ရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို
စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။
တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ
စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး
နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်
ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို
အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့
နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့
စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။
အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားက
ချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့
ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်း
တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့…
A Dog’s Purpose (2017)

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ်တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်
ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူးနောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ်
ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ
ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တိရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်
Raanjhanaa [2013]

IMDB Rating 7.6/10

အချစ်ဆုံး မင်းတစ်ယောက်သာ
___

( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )

အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။

ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်၀ယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။

Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိူးနိုး သိခွင့်ရခဲ့တယ်။

ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖဝါးနုနု နဲ့ရိုက်ခဲ့တဲ့ တုံ့ပြန် ချက်တစ်ခု ပါပဲ။

Kundan က ဟင်ဒီ။
Zoya က မူဆလင်။

ဒါပေမယ့် တဇွတ်ထိုး ဆန်တတ်တဲ့ Kundan အတွက်တော့ ချစ်ခြင်းမေတ္တာမှာ လူမျိုးလည်းမရှိ ဘာသာ တရားလည်း မရှိခဲ့ပါဘူး။ Zoya ရှေ့ဆီကို အရောက်သွားပြီး လက်ကောက်၀တ်ရဲ့ သွေးကြောထဲမှာ ချစ်ခြင်းတရား ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့်မို့ Zoya ဟာ Kundan ရဲ့ အချစ်ကို လက်ခံခဲ့တယ်။

ဘ၀ ရဲ့ ပျော်ရွှင်ခြင်းဟာ အခိုက်အတန့်ပဲလို့ ဆိုရမလား။ Zoya ရည်းစား ရနေပြီအကြောင်း သူမ မိသားစုတွေက သိရှိသွားခဲ့တယ်။ အဆိုးဆုံးက လူမျိုး မတူတာပါပဲ။
ဒီတော့ သူမ မိသားစုက Zoya ကို အလီဂတ်မြို့ဆီ ပို့ ဖို့ စီစဉ်လိုက်ပါတယ်။

ရထားကြီး က တရွေ့ရွေ့ သွားရင်း ဝေးကွာခြင်းက အလွမ်းဆန်နေခဲ့တယ်။ နောက်ဆုံး နှုတ်ဆက်စကား ဆိုနေခဲ့တဲ့ Kundan အတွက်တော့ ဒီမြင်ကွင်းဟာ ၈ နှစ်တာ ကြာခဲ့ပါတော့တယ်။

အချိန်ကာလ အလီလီ။
ဒါပေမဲ့ Kundan ရဲ့ ဘယ်ဖက်ရင်အုံထဲမှာတော့ အချစ်ဦး Zoya တစ်ယောက်တည်း ။

ဒီလိုနဲ့ Zoya ပြန်လာချိန် မှာတော့ Zoya ရဲ့ ရင့်ကျက်မှုက Kundan အဖို့ ချစ်ခြင်းမရှိခဲ့တော့ဘူး။

ငယ်ငယ် က ရူးသွပ်မှု တစ်ခုလို အချစ်ကို Zoya သဘောထားလိုက်တော့တယ်။ Kundan ကိုလည်း ခင်မင်သူ တစ်ဦး အဖြစ်နဲ့ပေါ့။

Kundan ကတော့ အချစ်ကို ပြန်လည် ကြိုးစားဆဲပါ။ ဒါပေမယ့် Zoya ရဲ့ ပြောပြချက် အရ သူ သိရတာက Zoya မှာ လူမျိုးဘာသာတူ ချစ်သူ တစ်ဦး ရှိနေပြီဆိုတာပါပဲ။

သူမ ချစ်သူ ဟာလည်း အရှိန်အဝါ ကြီးတဲ့ လူငယ်ပါတီခေါင်းဆောင် တစ်ယောက် ပါ။

ဘ၀ဟာ ပစ်မှတ်မရှိတဲ့ လေးတင်ပွဲလို အရာ ရာ ဟာ မျှော်လင့် ကွဲကြေစရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ Zoya ပျော်ရွှင်စေဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ Kundan က တော့
Zoya နဲ့သူ့ ချစ်သူ ပေါင်းဖက်စေဖို့ ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုအချိန်လေးမှာ
မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့
ကြုံ ကြိုက် လာခဲ့တဲ့အခါမှာတော့ …………!!!!!

( အညွှန်းကို ဒီမှာတင် ရပ်ထားပါရစေ။ ဇာတ်လမ်းက အညွှန်းထက် ပို လေးနက်သည်မို့
ပေးဆပ်အချစ်ကို ပိုမို ခံစားစေချင်ပါတယ်။ တကယ့် ရသ ဆန်တဲ့ အချစ်တွေ အကြောင်း သိမြင်ဖို့
ဒီဇာတ်ကားက လမ်းခင်းစေသလိုပါပဲ။

ဒရာမာတွေ သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တောင် ဒီဇာတ်ကားဟာ အရှိုက်ထိစေပါတယ်။
ပေးဆပ်ခြင်း ကြည်နူးခြင်းတွေနဲ့ မျှော်လင့်ခြင်းသဲ့သဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်လို ဇာတ်ကားမှာ စီးမျောကြည့်ပါက ပိုအသက်၀င်စေမှာပါ။

ဆုတွေကလည်း 7 ဆု ရထားပြီး ဇကာတင် ဆု က 32 ဆုအထိ ထင်မြင်ချက်တွေရထားတဲ့ကားပါ။

ဘ၀ ဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်မှာလား။ မျှော်လင့်ချက်သဲ့သဲ့လေးကို ခုခံမှုယဲ့ယဲ့လေးနဲ့ ဘယ်အချိန်ထိ ပေးဆပ်နိုင်မှာလဲ ဆိုတာ ကျွန်တော် တို့တွေးမိခဲ့ဖူးလား။ နှစ်နှစ်ကာကာနဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့ဖူးကြပါလဲ။

ဘ၀ဟာ တွေးတိုင်းမရောက် ရောက်တိုင်းလည်းမပြည့်၀နိုင်သေးပါဘူး။

ကျွန်တော် တို့ သင် တို့ ဘ၀ တွေကရော ?

ဒါ့ပြင် သင်တို့ ကျွန်တော်တို့မှာရှိဖူးတဲ့ အချစ်ဆုံး တစ်ယောက်ရဲ့ ဘ၀ကရော …………?

ပဲ့ တင်သံ က ရှိပါတယ်။

ဒါ့ထက် နှလုံးသားက ခံစားတတ်ဖို့ လို ခဲ့တာ မဟုတ်ပါ၏ လော။

#Credit
#ChannelMyanmar
Mangal Pandey: The Rising [2005]

ဒီဇာတ်ကားလေးကတော့ IMDB – 6.6/ 10 ရရှိထားပြီး တော်လှန်ရေးဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။

ဒီဇာတ်ကားလေးဟာ အိန္ဒိယစစ်သားတစ်ဦး၏ အမျိုးသားရေးစိတ်ဓာတ်ကို မီးမောင်းထိုးပြထားပြီး ငုပ်လျှိုးနေတဲ့ သခင်စိတ်ကို တပ်လှန့်စေခဲ့ပါတယ်။

မြန်မာပြန်ရရင် အရုဏ်ဦးချိန် သို့မဟုတ် ပြောင်းလဲသင့်ချိန်လို့လည်း ညွှန်းဆိုလို့ရနိုင်ပါတယ်။

ဇာတ်လမ်းအကျဉ်း -
မန်ဂဲလ်ပန်ဒေးဆိုတဲ့စစ်သားလေးဟာ ဗြိတိသျှအင်ပါယာ အောက်မှာအမှုထမ်းနေသူပါ။

သူတို့ရဲ့ကပ္ပတိန်ကတော့ ဝီလီယံဂိုဒွန် ဆိုသူပါ။ ပန်ဒေးနှင့်ဂိုဒွန်ဟာ ဆရာတပည့်ဖြစ်သလို သူငယ်ချင်းကောင်းလည်းဖြစ်ပါတယ်။

တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာနှင့် လူမျိုးရေးမခွဲခြားဘဲ ယုံကြည်လေးစားခဲ့ကြတယ်။ ထို့အပြင် အတိတ်ရဲ့တိုက်ပွဲတစ်ခု၌လည်း ပန်ဒေးဟာ ဂိုဒွန်အသက်ကိုကယ်တင်ခဲ့ဖူးပါတယ်။

ဒီလိုနှင့် တစ်နေ့မှာတော့ ပန်ဒေးတို့တပ်ဆီ ရိုင်ဖယ်အသစ်တွေနှင့် ယမ်းအသစ်တွေရောက်ရှိလာခဲ့ပါတယ်။

အဲဒီအခါအရာရှိတွေက ပန်ဒေးတို့ကိုစမ်းသပ်အသုံးပြုဖို့ အမိန့်ပေးပါတယ်။

တကယ်တမ်းတော့ ယမ်းနှင့်ရိုင်ဖယ်ကိုအသုံးပြုရာမှာ ယမ်းထုပ်ကိုကိုက်ဖြေပြီးမှ ယမ်းမှုန့်ထည့်ရမည်ဖြစ်သည်။

ထိုယမ်းအိတ်များမှာ နွားနှင့်ဝက်ဆီတို့ဖြင့်သတင်း ထွက်ပေါ်ခဲ့ပြီး ပန်ဒေးတို့ဇာတ်မြင့်ဘုန်းကြီးမျိုးနွယ်များအနေဖြင့် နွားဟူသောအသုံးအနှုန်းနှင့် ကင်းကွာစေချင်ကြသည်။

ဇာတ်ပျက်မှာလည်း စိုးရိမ်ကြပြီး စမ်းသပ်မှုမပြုခဲ့ကြပေ။

စမ်းသပ်မှုပြုလုပ်ရန် စိုင်းပြင်းနေသောအရာရှိများကမူ ကပ္ပတန်ဂိုဒွန်ကို လိမ်ညာ အမိန့်ပေးစေခဲ့သည်။

ထိုအခါ ဂိုဒွန်ကိုယုံကြည်သော ပန်ဒေးအနေဖြင့်မတွန့်ဆုတ်တော့ဘဲ စတင်စမ်းသပ်ပြခဲ့သည်။

အင်္ဂလိပ်တို့သည် အိန္ဒိယ ပြည်က်ို နှစ်တစ်ရာတိုင်သိမ်းပိုက်ထားပြီး ကုမ္ပဏီ များကလည်း အိန္ဒိယပြည်သူများအား ဘိန်းစိုက်စေခဲ့သည်။

ဘိန်းများကိုမူ တရုတ်သို့်တင်ပို့သော်လည်း တရုတ်အစိုးရက ကန့်ကွက်သည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အရာရှိများအနေဖြင့် အိန္ဒိယ စစ်သားများကို တိုက်ပွဲ၏ပေးဆပ်ခံဝိညာဉ်အဖြစ်သဘောထားခဲ့သည်။

တစ်နေ့၌ ဗြိတိသျှအစိုးရ၏ အရာရှိတစ်ဦးရောက်ရှိလာပြီး ဘိန်းရောင်းဝယ်ဖောက်ကားသည့် ကုမ္ပဏီများကိုအရေးယူခဲ့သည်။

ဘိန်းစိုက်ပေးရသည့်ပြည်သူများကိုလည်း လယ်သိမ်း အရေးယူခဲ့သည်။ ထိုနှင့်မပြီး တော်လှန်သော အိန္ဒိယလယ်သမားများကိုလည်း အိန္ဒိယစစ်သားများက ပစ်ခတ်စေခဲ့သည်။

ထိုအချင်းအရာများကို မြင်တွေ့ရသောပန်ဒေးအဖို့ မျိုးချစ်စိတ်အနည်းငယ်ထွန်းပေါက်လာသည်။

များမကြာမီ၌ ပန်ဒေးအဖို့ သတင်းဆိုးတစ်ခုက အရှိုက်ကိုရိုက်ချလိုက်သည်။ ယမ်းထုတ်လုပ်သော ကုမ္ပဏီက နွားနှင့်ဝက်အကြောင်း ၀န်ခံလိုက်လေရာ။

ဒီဇာတ်ကားလေးရဲ့ အသက်ကတော့ ယမ်း အသုံးပြုရခြင်းပါပဲ။ ယမ်းသုံးရာမှ ဇာတ်နိမ့်ဖြစ်သွားသော ပန်ဒေးတစ်ယောက် ဘာတွေဖြစ်လာခဲ့မည်နည်း။

တစ်ဦးနှင့်တစ်ဦး ယုံကြည်ခင်မင်တဲ့ ဂိုဒွန်နှင့်ပန်ဒေး တို့ဆက်ဆံရေးက မည်သို့ဖြစ်လာမည်နည်း။ ဇာတ်နိမ့်ဖြစ်သွားသော ပန်ဒေးအဖို့ ဇာတ်နိမ့်ကချေသည်လေး ဟီရာနှင့်တွေ့ဆုံချစ်မိပုံလေးကရော မည်သို့နည်း။ ယမ်းကိစ္စကြောင့် အိန္ဒိယတပ်သားများနှင့် ပန်ဒေးတို့ အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာပုံက အိန္ဒိယလွတ်လပ်ရေးအတွက် မည်သို့ ပြောင်းလဲစေခဲ့မည်နည်း။

အိန္ဒိယပြည်သားအနေနှင့် သခင်စိတ်ပေါက်ဖွားခဲ့သော ပန်ဒေးရဲ့ဘဝကြမ္မာကရော မည်သို့ဖြစ်လာမည်နည်း။ အစရှိတဲ့ စိတ်ဝင်စားဖွယ်အချက်များက ဇာတ်လမ်းအသွားအလာကို အထောက်အပံ့ဖြစ်လာစေခဲ့ပါတယ်။

ဒါ့ပြင် သူငယ်ချင်းမေတ္တာ၊ အချစ်ရဲ့စွမ်းအားတို့ကို သခင်စိတ် ကျွန်ဘ၀လွတ်မြောက်လိုမှုတို့ကပါ ပူးပေါင်းတင်ဆက်စေသည့်အခါမှာတော့...

ဒီဇာတ်ကားလေးဟာ ကြည်နူးဖွယ်၊ လွမ်းမောဖွယ်၊ နိုးကြားဖွယ် ကောင်းလာခဲ့သည်။

ဒါကြောင့် ပြောင်းလဲချိန်တန်တဲ့ စိတ်ဓာတ်တွေနှင့် အိန္ဒိယပန်ဒေးရဲ့ဘဝကိုပါ တစေ့တစောင်းကြည့်ရှုနိုင်ဖို့ ဒီကားလေးကို အားပေးကြပါဦးလို့ ညွှန်းဆိုလိုက်ပါရစေ။

#Credit
#ChannelMyanmar
Million Dollar Man [2018]

(Kenshin နဲ့ Death Note ထဲက ဇာတ်လိုက်ခေါင်းဆောင်မင်းသား နှစ်လက်ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး လာပါပြီ)ထီဆုကြီးပေါက်ရင် ဘာလုပ်ချင်လဲ။

ဇိမ်ခံပစ္စည်းတွေဝယ်ချင်လား။
ရှိသမျှမုန့်တွေ လျှောက်ဝယ်စားချင်လား။
အပန်းဖြေခရီးတွေထွက်ပြီး အေးဆေးနှပ်ချင်လား။ကျွန်တော်တို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့
ထီပေါက်ရင်ဆိုတဲ့ အိပ်မက်ကိုမက်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပါ။

တွေးကြည့်ရင် ငွေဆိုတဲ့ဘုရားက လူသားတွေကို အမျိုးမျိုးစေခိုင်းနိုင်တာနော်။

တစ်ဘဝလုံး ငွေနောက်ကိုပဲလိုက်ရင်း ဘဝပျော်ရွှင်မှုအစစ်အမှန်က ဘာလဲဆိုတာမသိတော့တဲ့သူတွေ၊
“ငွေ”ဆိုတဲ့ အဆုံးအစ မရှိတဲ့ ကိန်းဂဏန်းတန်ဖိုး သတ်မှတ်ချက်တွေအတွက်
ပျော်တော်ဆက်ရင်း ဘဝနေဝင်သွားကြတဲ့သူတွေကို တွေ့မိတဲ့အခါမျိုးမှာ
ခဏတာသံဝေဂရမိပေမယ့် သူနဲ့ကင်းကွာပြီးမနေနိုင်ပြန်တော့ဒီငွေနတ်ဘုရားရဲ့ ကျေးကျွန်ဘဝနဲ့ထာဝရ ခြေချုပ်မိနေကြတာပေါ့။

အခု ဒီကားထဲက ဇာတ်လိုက်ကတော့ အကြွေးနွံထဲ နစ်မွန်းနေတဲ့ဘဝကနေ (ယန်း)သန်း ၃၀၀ ထီဆုကြီးထပေါက်ပြီး ဒီငွေကိုဘယ်လိုနည်းလမ်းနဲ့ အကောင်းဆုံးအသုံးချရမလဲဆိုတာ သူ့အချစ်ဆုံးသူငယ်ချင်းဆီ သွားတိုင်ပင်ပြီးနောက်နှစ်ယောက်သား ပါတီပေးအောင်ပွဲခံကြပြီး နောက်နေ့မနက်နိုးလာချိန်မှာတော့

သူ့ သူငယ်ချင်းနဲ့အတူ ထီပေါက်တဲ့ငွေတွေပါမရှိတော့ကို သိလိုက်ရပါတယ်။

နေ့ချင်းညချင်း မီလျံနာဘဝက သုညဘဝကို ပြန်ရောက်သွားတော့မယ့့် အခြေအနေမှာ
အပူတပြင်း သန်း ၃၀၀ ရှာပုံတော်ဖွင့်ရင်း
ခရီးစဥ်တစ်လျှောက်မှာ လူမျိုးမျိုးနဲ့ တွေ့ခဲ့ရပြီးနောက် ငွေဆိုတာဘာလဲဆိုတဲ့ သင်ခန်းစာနဲ့အတူ
လောကမှာ တချို့အရာတွေကို ငွေဘယ်လောက်ပုံပေးပေး ဝယ်မရဘူးဆိုတာကို
နားလည်သဘောပေါက်သွားကြောင်း ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။

တချို့အခန်းတွေမှာဆိုရင် နာကျင်စရာကောင်းတဲ့ အမှန်တရားကို မီးမောင်းထိုးပြသွားတဲ့ ဒိုင်ယာလော့တွေကြောင့် ငိုင်သွားရတာတွေလည်း အများကြီးပါပါတယ်။

ဇာတ်လမ်း ပြီးသွားတဲ့အချိန်မှာလည်း တွေးစရာတွေအများကြီး ကျန်ခဲ့တာမို့ ကြည့်ရတာတန်မယ်လို့ ထင်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar
Someone Borrowed [2022]

Rsတစ်ခုမှာ 6 လကြာရင်တော့ အချစ်စစ်တွေပေါက်ဖွားလာပါတယ်တဲ့(FAတွေတော့ ဘယ်သိမလဲ😂)။

ဒီတော့ အချစ်ဆိုတာကို ကစားစရာလို့ယူဆထားတဲ့ ကိုယ့်ကိုယ်ကိုယ် Gentleman ကြီးလို သတ်မှတ်ထားတဲ့ ပလေးဘွိုင်းကြီး လူဝိဇ်ကတော့မိန်းကလေး ၁ ယောက်ကို ၃ လထက်ပိုမတွဲဘဲ ရည်းစားတွေမှိုလိုပေါက်အောင် ထားလေ့ရှိသူပါ။

ဒါပေမဲ့ ၃ လကြာရင်ဖြတ်မယ်ဆိုတာကို ကြိုအသိပေးတတ်တဲ့သူ့ကိုယ်သူတော့ ဆရာကြီးက လူကြီးလူကောင်းလို့မှတ်ယူပြီး Mr. Perfect Guy ပီပီ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကြီး ၃ ရပ် ချမှတ်ထားပါသတဲ့။

လူဝိဇ်ဟာ အိမ်မှာလည်းအစ်မတွေကြားက အငယ်ဆုံးလေးလည်းဖြစ် တစ်ဦးတည်းသော သား ယောက်ျားလေးကလည်းဖြစ်တော့ မားဘွိုင်းလေးဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ အလုပ်မလုပ် မိန်းမလည်းမယူချင်တဲ့ ရေပေါ်ဆီသားဖြစ်သူကို အမေတောင်မှ စိတ်ကုန်ချင်ချင်ရယ်ပါ။

ဒီလိုနဲ့ အမေဖြစ်သူ ၆ လပဲအသက်ရှင်တော့မယ်ဆိုတဲ့ သတင်းဆိုးနဲ့အတူ မိခင်ရဲ့နောက်ဆုံးဆန္ဒက လူဝိဇ်ရဲ့ခံယူချက်တွေအားလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇနီးတစ်ယောက်ရှာဖို့ ဖြစ်နေတဲ့အခါမှာတော့
ဇနီးအငှားလိုက်သည်ဆိုတဲ့ မိန်းမချောလေးလီနာနဲ့ဆုံစည်းရဖို့ အကြောင်းဖန်လာပါတော့တယ်။

အမေဖြစ်သူကို စိတ်ကျေနပ်စေဖို့ကနေ စတင်လိုက်တဲ့ သူတို့နှစ်ယောက်ကြားက ၆ လပတ်သတ်မှုတစ်ခုနဲ့ ဆန့်ကျင်ဘက်စရိုက်တွေကြားကအလွဲအချော်ပေါင်းစုံကတစ်ဖက်၊
လူဝိဇ်နဲ့မတည့်တဲ့အစ်မဖြစ်သူအင်နက်ဇ်ရဲ့အမျိုးမျိုးစောင့်ကြည့်မှုတွေကတစ်ဖုံကြားက
သူရဲ့သတ်မှတ်ချက်အတိုင်း ၆ လအကြာမှာ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ အတူတူကြည့်ရှုခံစားလိုက်ရအောင်ပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar
👍1
ဗီဇပြောင်း မိန်းမလှလေးများ

Mutant Ghost War Girl (变种人 幽灵战姬) 2022


ဒီတစ်ခါ ထူးထူးခြားခြား နဲ့ ခပ်ကြမ်းကြမ်း ဇာတ်အိမ်လေးကိုမှ ကြိုက်တဲ့ဆိုးလ်ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါရတယ်

ဇာတ်လမ်းလေးရဲ့အစမှာတော့ အမျိုးသမီးအထူးစုံထောက်တစ်ယောက်ဟာ မထင်မှတ်ညဲ ဆေးတစ်မျိုးအသွင်းခံလိုက်ရတဲ့နောက် ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာပြီး သဘာဝလွန်စွမ်းအားပိုင်ဆိုင်လာခဲ့တာကြောင့် ဂိုဏ်းပြိုင်တစ်ခုဖြစ်တဲ့ မယ်ဒူဆာအဖွဲအစည်းကိုဖျက်ဆီးကာ တာဝန်ပြီးမြောက်သွားခဲ့ပါတယ်

အနာဂတ်ကမ္ဘာမှာ သိပ္ပံပညာထွန်းကားလာပြီးနောက် ကမ္ဘာပေါ်မှာ လျှိဝှက်အဖွဲအစည်းတစ်ခုပေါ်ထွက်လာတယ် အဲဒီလျှိဝှက်အဖွဲအစည်းက သူဌေးတွေအတွက် "နောက်တစ်ရက်အတွက်တိုက်ခိုက်ခြင်း "ဆိုတဲ့ မြေအောက်ပြိုင်ပွဲကို ကျင်းပပေးခြင်းပဲဖြစ်ပါတယ်

ကမ္ဘာအရပ်ရပ်က သူဌေးတွေရင်းနှီးမြှုပ်နှံထားတဲ့ ဗီဇပြောင်းသိပ္ပံဓာတ်ခွဲခန်းကနေ သဘာဝလွန်စွမ်းအားရှိတဲ့ ဗီဇပြောင်းလူသားတွေကို ‌‌ မွေးထုတ်ပြီး သူတိုကို ပြိုင်ပွဲမှာပါဝင်ခိုင်းပါတော့တယ်

အဲဒီပြိုင်ပွဲမှာ နိုင်တဲ့အဖွဲက ရတဲ့အဆင့်ပေါ်မူတည်ပြီး ‌‌ဆုကြေးများကိုဝေခွဲခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲ ဗီဇပြောင်းလူသားတွေက ‌ရောဂါအလား တစ်ကမ္ဘာလုံးပျံ့နှံသွားတဲ့အခါ သူတိုရဲ့ ရာဇဝတ်မှုတွေလဲ တစ်ဟုန်ထိုးမြှင့်မားလာပါတော့တယ်

သက်ဆိုင်ရာအစိုးရအနေနဲ့ ပူးပေါင်းပြီး သူတိုကို နှိမ်နင်းဖို နိုင်ငံတကာ လုံခြုံရေးအထူးအဖွဲငယ်ကိုဖွဲစည်းခဲ့တယ်ဆိုပြီး ဒီလိုနဲ့ အမှန်တရားနဲ့ ဆိုးသွမ်းမိုက်မဲနေတဲ့ ဗီဇပြောင်းလူသားတိုကြားက တိုက်ပွဲက စတင်လာပါတော့တယ်

#Credit
#TheSoulKingDom
Beyond the Edge [2018]

မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီလိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမားအနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ်ကြီးကိုအကောင်အထည်ဖော်ခဲ့ပါတော့တယ်။

အားလုံးအဆင်ပြေ ချောမွေ့နေပြီးနောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေအားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။

အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကိုသိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကိုတစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။

ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။

ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
My Super Ex-Girlfriend [2006]

Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။

အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။

လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။

Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။

သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။

ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။

နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။

ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ…စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ…

ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ… ဂျန်နီနောက်ကိုလိုက်နေတဲ့သူကရော ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ…

ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ စူပါပါဝါတွေနဲ့ကားကိုမှ ရိုမန့်ဟာသ အသားပေးထားတာမို့ လူတိုင်းနီးပါးကြည့်လို့အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)
The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု)

အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင်လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကိုအပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်။

ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။
ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။

ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။

ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။

သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်းဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။

ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။

ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲ
အပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။

ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့သားဖြစ်သူ အာရဗင်ဟာ ချီဒမ်ဘရမ်ကို
ဒီအမှုထဲ ပြန်လည်ဝင်ရောက်စေခဲ့တဲ့အခါမှာတော့ ..........

လွန်ခဲ့တဲ့ ၅နှစ်က ဗန်ကာတက်ရှ် ပစ်သတ်လိုက်တဲ့
တရားခံဟာ အပြုံးလူသား လူသတ်မှုတရားခံအစစ်ဟုတ်ရဲ့လား ........
ဗန်ကာတက်ရှ်ရဲ့ ပျောက်ဆုံးမှု နောက်ကွယ်က အမှန်တရားကရော ဘာဖြစ်မလဲ .......
အယ်လ်ဇိုင်းမားရောဂါသည် ချီဒမ်ဘရမ်တစ်ယောက်ကရောအမှုကိစ္စတွေကို ဘယ်လိုဝင်ရောက်ကူညီမလဲ .......
ဆိုတာတွေကို ကြည့်ရှုရမဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
Hisaab Barabar (2025) "အကြွေ"
=========================

Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီးရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။

၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊
အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီးဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။

ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊
ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင်လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။

ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကိုစာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။

၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလိုကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး
နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေနောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။

(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
👍2🥰1
Thiru.Manickam (2024) "ကံဇာတ်ဆရာ အလိုကျ"

ဘ၀ဆိုတာ ဘယ်တော့မှ ထင်သလိုဖြစ်မလာတတ်ပါဘူး။ဖြစ်ချင်တာ အမြဲဖြစ်မလာတတ်သလို မဖြစ်ချင်တာတွေဖြစ်တတ်တာလည်း လောကသဘာ၀လို့ ဆိုရမလားပါပဲ။

အဲဒီဘ၀အခြေအနေကပဲ လူကောင်းကို လူဆိုး၊
လူဆိုးကို လူကောင်း ဖြစ်သွားစေတဲ့အဖြစ်တွေဟာလည်း ဒုနဲ့ဒေပါ။

အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းကလည်း
အဲဒီလို ဘ၀အရှုပ်အထွေးတွေကို အထင်အရှား ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ "My family" အက်ဆေးရေးခိုင်းရာကနေမာနစ်ကမ်တို့ မိသားစုဘ၀လေးကို
ချစ်စရာကောင်းအောင် ပုံဖော်ပြသွားပါတယ်။

မာနစ်ကမ်ဟာ ရိုးသားဖြောင့်မတ်ပြီး ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါသူပါ။
ထီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်၊ဆွေမျိုးတချို့ရယ်နဲ့ အတူ ပျော်ပျော်ပါးပါးနေထိုင်ပါတယ်။

မချမ်းသာပေမဲ့ ‌အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့ အေးချမ်းတဲ့ဘ၀ကို လိုလားပုံမရတဲ့ ကံဇာတ်ဆရာကမာနစ်ကမ်တို့မိသားစုဘ၀ကို လှိုင်းဂယက်ထသွားအောင် ပြောင်းလဲပစ်လိုက်ပါတယ်။

အေးချမ်းတဲ့နောက်ကွယ်မှာ အခက်အခဲတချို့နဲ့ ငွေကြေးမပြေလည်မှုတွေရှိနေတဲ့မာနစ်ကမ်တို့မိသားစုလေးကို ကံကြမ္မာက ဘယ်လိုကျီစယ်လဲ၊ဘ၀အခြေအနေက လူတွေဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကို ဘ၀ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒရာမာသက်သက်မဟုတ်ဘဲ မှုခင်းနဲ့ thriller ကိုပါ
ပေါင်းစပ်ထားတာမို့ Bollywood ပရိသတ်အတော်များများလည်း အကြိုက်တွေ့ကြမှာပါ။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
👍2
Het Geheugenspel [2023]

IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း….

ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ်

အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ်

အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး

ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ

အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ်

အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ
👍1
Sayen: Desert Road [2023]

ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ "Sayen" ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။

ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။

ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကို ရောက်လာခဲ့ပါတယ်။

ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲ ဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။

ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့ စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်
👍1
" Phobia 2 " [2009]

ဇာတ်လမ်းအကျဥ်း...

ဒီဇာတ်ကားကတော့ ဇာတ်လမ်းတို5ခုကို ပေါင်းထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းတို 5ခုပေါင်းထားတယ်ဆိုပြီး အထင်မသေးလိုက်နဲ့ တကယ့်ကို ကြည့်ရတာတန်စေမယ့် ဇာတ်ကားတစ်ကားပါ နာမည်က Phobia ဆိုတဲ့အတိုင်းပဲ ကိုယ့်ရဲ့စိတ်ထဲကနေ တစိမ့်စိမ့်နဲ့ကျောချမ်းပြီး ကြောက်လာစေဖို့ အာမခံပါတယ်

Horror Typeပေမဲ့ သရဲHorrorမျိုး မဟုတ်ဘဲ ကြည့်ရင်းနဲ့ကို ကြောက်လာစေမယ့်

ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် အများကြီး ညွှန်းရင်ဇာတ်အိမ်ပါသွားမှာ စိုးတဲ့အတွက်
ကျွန်တော်တို့နေ့စဥ်ကြုံရတတ်တဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်ပျက်တတ်တာလေးတွေကိုဇာတ်အိမ်တည်ထားတာမို့ ကြည့်နေရင်းနဲ့ကိုကျောချမ်းလာစေမှာပါ

ဒါပေမဲ့ တစ်ကားလုံး အီစိမ့်နေအောင် ကြောက်ရမှာ မဟုတ်ဘဲ ထိုင်း Horrorတို့ ထုံးစံအတိုင်း ဟာသနှောထားတာလေးတွေလည်း ပါတာမို့ ဇာတ်ကားကောင်းတစ်ကောင်းကို လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်....

( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ် )

Subtitle By - May Phyo Paing Oo
Encode By - Lwin Htoo Aung

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်။

#Phobia2
#AshChannel #Ash
Darkeplica [2023]

ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက်darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။

ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။

သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။

ဘယ်လိုရှာရှာပြန်မတွေ့တောပါဘူး။

အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။

ညဘက်တွေဆို မကြာခဏအမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြောနေတတ်ပါတယ်။

သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကုဆေးရုံကိုပိုလိုက်ပါတယ်။

ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေသူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးကပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လိုပိုယုံကြည်လာပါတော့တယ်။ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။

ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား

။Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီးစကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာကောင်းပါတယ်။

ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။

#Credit
They Live in The Grey [2022]
IMDb 5/10

Horror, Thriller

ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။

သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။

ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။

သရဲတစ်ကောင်က ကလေးကို
အန္တသဘာဝလွန်ဖြစ်ရပ်တစ်ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။

ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။

သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား…

သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။

အရမ်းကြီးကြောက်ဖို့ကောင်းမနေဘဲ ဇာတ်လမ်းဇာတ်ကွက် အဓိကပြတဲ့သရဲကားမို့ အသည်းငယ်တတ်လို့ အမြဲကျော်တတ်ကြသူတို့ ကျော်ကြည့်ဖို့ မလိုမယ့် ကြောက်ဖို့မကောင်းတဲ့ စိတ်ပညာ သရဲ ကလေးသူငယ်ပညာပေး ရောသမွှေမဆိုးတဲ့ကားလေးပါပဲ။

#Credit
Firefighters (2024)

****

ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီး
ရိုက်ကူးထားတဲ့ "Firefighters" ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။
Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့
နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့
အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ်
သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။

ဇာတ်လမ်းအညွှန်း-
မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကို
ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။
ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့
ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
ဒီအချက်တွေကြောင့်ပဲ အထက်လူကြီးနဲ့ ချောအွန်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိလာခဲ့ပြီး
လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တခြား မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း
အတွေး အမြင် ကိုယ်စီ ရှိလာကြပါတယ်။
ဒီလိုမျိုး ကတောက်ကဆ‌လေးတွေ ရှိနေကြတဲ့ အခြေအနေမှာပဲ ဟုန်းဂျယ်ဒုံမှာ မီးလောင်မှုအကြီးကြီး
ဖြစ်ပွားခဲ့ပြီး လောင်မြိုက်နေတဲ့ မီးတောက်တွေကြားမှာ ပြည်သူတွေကို အသက်ပေး ကာကွယ်ရင်း
ကိုယ်ကျိုးစွန့်သွားကြမဲ့ သူရဲကောင်းတို့ရဲ့ ပုံရိပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာမို့လို့ ကြည့်ရှူဖို့ ညွှန်းဆိုလိုက်ပါတယ်။
Sister Death [2023]

သရဲကားမှာ သရဲကားဆိုသူတွေအတွက် ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ကြည့်ကောင်းမယ့် သရဲကားလေးပါပဲ....။

အခြားသရဲကားတွေ...ဥပမာ-The Nunတို့လို သရဲကားတွေနဲ့မတူတာက Jump scare တွေ၊ မှောင်မှောင်မည်းမည်း  cinematography တွေ မသုံးထားဘဲ...

ပြောင်ပြောင်တင်းတင်းနဲ့ ဇာတ်အိမ်အတိုင်းဆွဲခေါ်သွားခံရမယ့်ကားမျိုးပါ...။

နောက်ပြီး ဒီဇာတ်ကားဟာ 2017ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အခြေခံသရဲကား Veronica ရဲ့ Prquel လည်းဖြစ်ပါတယ်....။

ဇာတ်လမ်းအကျဥ်းလေးကတော့....

1939 ခုနှစ်ဝန်းကျင် စပိန်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့စဥ်မှာ နာသီဆာဆိုတဲ့ သဘာဝလွန်အစွမ်းတွေရှိတဲ့ ကလေးမလေးတစ်ယောက်ပေါ်ထွက်ခဲ့တယ်...။

သူဟာနာမ်လောကနဲ့ ဆက်သွယ်နိုင်တာမလို့ လူတွေက သူတော်စင်မလေးလို့

ဝိုင်းအသိမှတ်ပြုခဲ့ကြတာပေါ့....။

သူအရွယ်ရောက်လာတဲ့အခါ သီလရှင်လျောင်းလျာလေးဖြစ်လာပြီး ခရစ်ယာန်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ပေးဖို့တာဝန်ကျခဲ့ပါလေရော...

ကျောင်းကိုရောက်တော့ ကလေးတွေက ထူးထူးဆန်းဆန်းပဲ စာသင်ရမှာကြောက်သလိုလို...

အရင်ကစာသင်ပေးဖူးတဲ့ သီလရှင်ဆရာမကလည်း ထွက်သွားသလိုလို ပျောက်သွားသလိုလိုနဲ့ သရဲကားထုံးစံအတိုင်း ထိတ်လန့်စရာ ဇာတ်လမ်းတွေစတင်ခဲ့တယ်ပေါ့....။

ဒီလောက်ဆိုရင် ဇာတ်လမ်းထဲ မျှောပါသွားအောင် ဆွဲခေါ်ခံရနိုင်ပြီမို့ ကိုယ်တိုင်ပဲ ဒေါင်းကြည့်လိုက်ပါတော့....။