ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
Barroz (2024) "ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်"
===================================

ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့
မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့
ရတနာသိုက်စောင့်သရဲကြီးအကြောင်း
တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။

သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။
ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်းရတနာသိုက်ကိုစောင့်ရှောက်ရင်းအမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။

လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ
လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။

ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့စည်ကားလို့နေပါတယ်။

အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့
သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။
အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။

အဲဒီကို အီဆာရောက်လာတာနဲ့အတူ
ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။

ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး...။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)
👍3
Condor Hero (2025)
သိမ်းငှက်သူရဲကောင်း


ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့
The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်
Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ
သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ
ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့
အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို
မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။

အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့
ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်
ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့
တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ......။
1
Condor Hero (2025)
သိမ်းငှက်သူရဲကောင်း

ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့
The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်
Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ
သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ
ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့
အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို
မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။

အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့
ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်
ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့
တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ.
2
Leroy & Stitch [2006]

ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို
မရလိုက်ဘဲထောင်ကျသွားတဲ့
Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီးပြန်ကယ်လိုက်ပါတယ်။

Lilo နဲ့ Stitch ကတော့အလေအလွင့်ဖြစ်ပြီး
ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။

Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ်ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။

ဒါပေမယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက
ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။

ငိုချင်လျက် လက်တို့
ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ပြန်ဖျောင်းဖျလိုက်ရပါတယ်။

Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီးသိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့စရာပါပဲ။

ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo လက်အောက်ရောက်သွားတာမို့လို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့လုပ်တော့မှာပါ။

ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကိုဝင်စီးပြီး Stitch နဲ့အလားတူ နောက်ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။

၆၂၅ ကောင်ကိုမရလိုက်တဲ့ အခဲမ
ကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော်ထုတ်ပြီး Hamstervielတစ်ယောက် အာဏာလုပါတော့တယ်။

သတိရလို့ Video call ခေါ်လိုက်တဲ့အခါအရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ Stitch ကို Lilo သတိထားမိသွားပြီးနောက်မှာတော့ ….
Bat War (2024)

ဖောင် အဖြစ် Kao Jirayu
ချက် အဖြစ် Peach Pachara
ကဲအိုတာ အဖြစ် Jorin Khumpiraphan

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ထိုင်းဂီတယဉ်ကျေးမှုတွေနဲ့ နိုင်ငံတည်ထောင်ချင်တဲ့ခေါင်းဆောင်က ထိုင်းဂီတကို ခွင့်ပြုချက်မရှိဘဲ လူတိုင်း တီးခတ်ခွင့်မရှိအောင် လုပ်ထားခဲ့တယ် ခွင့်ပြုချက်မရှိ တီးမိတဲ့သူတိုင်းကိုလည်း ထိထိရောက်ရောက် အရေးယူခဲ့တဲ့အချိန်ကာလတခုမှာ……

ဖောင် ချက် နဲ့ ကဲအိုတာတို့ သူငယ်ချင်း ၃ ယောက်က ဆရာဒမ်ဂီတကျောင်းလေးမှာ ဝါသနာပါရာတူရိယာတစ်ခုကို သင်ကြားခဲ့ကြတယ် အရွယ်ရောက်လာတဲ့ချိန်မှာ ဖောင်က စစ်ဗိုလ်မှူးဖြစ်သွားပြီး ချက်နဲ့ကဲအိုတာတို့က ဝါသနာပါရာဂီတကို ဆက်လက်လုပ်ခဲ့ကြတယ်

မထင်မှတ်ဘဲ ဗိုလ်မှူးဖောင်က တရားမဝင်ဂီတလုပ်သူတွေကို ဖမ်းဆီးဖို့ အမိန့်ရလာတဲ့အခါ ငယ်စဉ်က သူငယ်ချင်းတွေနဲ့ အတူတူ တက်ခဲ့တဲ့ ဂီတကျောင်းပါ ဖမ်းဆီးဖို့စာရင်းထဲပါလာတဲ့အခါ …..

ဗိုလ်မှူးဖောင် အထက်အမိန့်အတိုင်းပဲ ဖမ်းဆီးနိုင်မှာလား ချက်နဲ့ကဲအိုတာတို့လည်း ဂီတအတွက် ဘယ်လိုတိုက်ခိုက်ယူကြမလဲဆိုတာကို ထိုင်းရိုးရာဂီတတွေကို ဦးစားပေးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးကို ASH မှာ ကြည့်ရှူ့နိုင်ပါပြီ

( ဇာတ်လမ်းအကျဉ်းကို Chit Myat Noe မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Little

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#BatWar #BatWarThaiMovie
#AshChannel #AshThai
#Ash #AshThaiMovie
#AshTMovies
407 Dark Flight (2012)

သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီးယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက်ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်ကလေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီးခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှုရဲရင့်မှု နဲ့ သူရဲဘောကြောင်မှုအမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို  ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။
Sathiya Sothanai [2023]

အက်ရှင်၊ ရိုမန်တစ်၊ ဒရာမာတွေချည်းထွက်နေလို့ဒီနေ့တော့ IMDb rating 8.9 ရထားတဲ့ လူသေ
အမူရွာပတ်တဲ့ တရားရုံးဟာသ တမိလ်ကားသစ်Sathiya Sothanai ကို B-Town ကမြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။

Sathiya Sothanai (2023) မှာ အဓိကဇာတ်ဆောင်အနေနဲ့ တမိလ် ဟာသသရုပ်ဆောင်Premgi Amaren နဲ့အတူ သရုပ်ဆောင်တွေ
အများကြီး ပါဝင်ထားပါတယ်။

တာဝန်သိတတ်တဲ့ပြည်သူတစ်ယောက်ဟာ လူသေအလောင်းကရတဲ့ရတနာတွေကို လောဘကြီးတဲ့ရဲကိုသွားအပ်‌လိုက်ရာမှပိုဆိုးသွားပြီး သူပါအလကားနေရင်း လူသတ်တရားခံဖြစ်သွားလို့ တရားရုံးတက် အမူရင်ဆိုင် ချေပရတာကို
ပညာပေးဟာသဆန်ဆန် ရိုက်ကူးထားတာပါ။

ပရာဒီ ဆိုတာ ရိုးသားကြိုးစား ဖိုးသခွား လူပျိုကြီးတစ်ယောက်ပါ။

တစ်နေ့ သူလမ်းလျှောက်ထွက်ရင်း
သူတို့ရွာက နာမည်ကြီးဘောစိတစ်ယောက် လဲပြီးသေဆုံးနေတာကို တွေ့လိုက်ရပါတယ်။

ပရာဒီလည်းလျှာရှည်ပြီး လူသေရဲ့ခန္ဓာကိုယ်ကို စစ်ကြည့်တော့
ရွှေငွေရတနာတွေကို တွေ့လိုက်ရပါတယ်။

ဒါနဲ့ပဲပရာဒီဟာ ရိုးသားသူပီပီ ရဲစခန်းကိုသွားပြီးတော့လူသေဆီကရတဲ့ ရွှေတွေကို အပ်လိုက်ပါတယ်။

ပြသာနာကလည်း အဲ့မှစတာပါ။ ရဲတွေကလည်းရွှေတွေမြင်တော့ လောဘတက်ပြီး ပရာဒိကို မင်း
လူသတ်တာ။

ရွှေတွေလည်း ထပ်ရှိဦးမှာပဲဆိုပြီး
စွပ်စွဲကာ တရားစွဲပါတော့တယ်။ ဘာမှမသိရတဲ့ပရာဒီလည်း သူထောင်မကျဖို့အရေး ကြံစည်
ဖြေရှင်းရင်း လူသတ်တရားခံ‌အစစ်ကို သူ့ရဲ့ပေါက်ကရဆန်တဲ့လုပ်ရပ်တွေကနေ ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ဟာသဆန်ဆန်နဲ့
ကြည့်ရှုရမှာဖြစ်ပါတယ်။
Phantom Project [2022]

ပါဘလိုရဲ့အိပ်မက်က ရုပ်ရှင်တစ်ခုမှာ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရပြီး နာမည်ရလာဖို့။

ခု​ခေတ်လူငယ်အများစုလိုပဲ သူလည်း စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ အဘက်ဘက်ကရုန်းကန်နေရတဲ့သူတစ်ယောက်ပါပဲ။

သူ ချစ်ရသူနဲ့လမ်းခွဲလိုက်ပြီး Move on ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာလည်း လမကုန်ခင်ပိုက်ဆံပြတ်မသွားဖို့ ဆေးရုံမှာသရုပ်ပြလူနာဝင်လုပ်ပေးလိုက် စိတ်ကျန်းမာရေးစင်တာက Therapy Session တွေအတွက် သရုပ်ပြဝင်လုပ်ပေးလိုက်နဲ့ သူသွားချင်တဲ့ Career လမ်းကြောင်းကနေ တဖြည်းဖြည်းဝေးသွားသလိုဖြစ်နေတယ်။ အခန်းဖော်ကလည်း ပါဘလိုကိုပေးစရာရှိတဲ့ပိုက်ဆံတွေမပေးဘဲ တိုက်ခန်းကပြောင်းသွားတယ်။

ပါဘလိုမှာကျန်ခဲ့တာက သူ့အခန်းဖော်ရဲ့ခွေးရယ်၊ Cardigan တစ်ထည်ရယ်၊ သရဲတစ်ကောင်ရယ်။ သေသွားတဲ့ Cardigan ပိုင်ရှင်က သူ့အဝတ်ကိုစိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေတာပါ။

အဲဒီလိုဆိုလို့ ဒါကသရဲကားရယ်လည်းမဟုတ်ပါဘူး။ သရဲကားဘက်လည်းသိပ်မရောက် Psycho ဘက်လည်းသိပ်မရောက်ဘူးပြောရမယ်။

အင်္ကျီက ချိတ်ကနေခဏခဏပြုတ်ကျတယ်။ ပစ္စည်းတွေကျကွဲတယ်။

ပါဘလို အိမ်မှာမရှိတဲ့အချိန်အောက်ထပ်ကနေ ခြေသံတွေကြားရတာမျိုးတွေပေါ့။ဝိညာဥ်က ပါဘလိုကို သူ့ဘဝ Direction ပြန်တွေ့အောင် လိုက်ကူညီတဲ့သဘောမျိုးလည်းတွေ့ရတယ်။

ပါဘလိုရဲ့ဘဝမှာ အပြောင်းအလဲတွေစဖြစ်လာတာ ဥပမာ – Audition ဝင်ဖြေပြီးအောင်သွားတာ၊ ရည်းစားသစ်ရတာ စသဖြင့်ပေါ့။

ဒါပေမဲ့ ဝိညာဥ်နဲ့ ပါဘလိုရဲ့ချိတ်ဆက်မှုကို ပေါ်လွင်အောင်ရိုက်မပြထားနိုင်သလိုခံစားရတယ်။ ဥပမာ – ညစ်ညမ်းတဲ့အိပ်မက်တစ်ခု မက်​ပြီးတဲ့နောက်မှာပေါ်လာတဲ့ ပါဘလိုရဲ့ကျောက အမာရွတ်တွေအရ ဝိညာဥ်က ခြောက်တာလား စောင့်ရှောက်တာလားဆိုတာ နည်းနည်းတွေးရခက်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)

#Credit
Aloha [2015]

စစ်တပ်ကြေးစားတစ်ယောက်ဖြစ်တဲ့ Brian Gilcrest က ဟာဝိုင်အီကို ဘီလီယံနာ Carson Welch ရဲ့အာကာသယာဉ်တွေလွှတ်ဖိုအတွက်နဲ့သွားရောက်တဲ့အကြောင်းကို ရိုက်ကူးထားပါတယ်

လက်ထောက်သဘောမျိုးဖြစ်တဲ့Allison Ng နဲ့ ချစ်ဇာတ်လမ်းတွေဖြစ်လာတာကိုလဲ တွေ့ရပါတယ် Gilcrest အနေနဲ့ သူ့ရဲ့ဒဏ်ရာကြောင့် စစ်တပ်ကထွက်လာပြီး ကြေးစားအလုပ်ကို စစ်တပ်အဆက်အသွယ်တွေနဲ့လုပ်ကိုင်နေတယ်

သူ့အနေနဲ့ ဟာဝိုင်အီက အကြီးအကဲBumpy နဲ့တွေ့ဆုံညှိနှိင်းပြီး လမ်းသစ်ဖောက်ဖို ဟာဝိုင်အီထုံးစံချီး မြှောက်ပွဲလုပ်ပေးဖိုရယ် အာကာသယာဉ်လွှင့်တင်ပေးဖို တာဝန်ယူရတယ်

ပြီးတော့သူ့သူငယ်ချင်းဖြစ်တဲ့ Woody နဲ့ သူ့ရည်းစားဟောင်း Tracy တိုကြားထဲကအထင်လွဲမှုတွေကိုလဲတွေ့ရပါတယ် Carson ရဲ့

အာကသယာဉ်ကထင်ထားသလို ရည်ရွယ်ချက်နဲ့မဟုတ်ကြောင်းသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မလဲ

သူနဲ့ Allison ကြားဘာတွေဆက်ဖြစ်ကြမလဲ အစရှိတာတွေကို ပေါ့ပေါ့ပါးပါးရှုခင်းလှလှနဲ့ ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပါတယ်

Brian Gilcrest အဖြစ် Bradley Cooper နဲ့ Allison Ng အဖြစ် Emma Stone သရုပ်ဆောင်ပါဝင်ထားတဲ့အတွက် မိသားစုကြည့်ရှုသင့်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
👍1
Bhagavanth Kesari [2023]

LEO နဲ့ ရုံအပြိုင်တင်တဲ့အပတ်က LEO ပြီးရင်ဝင်ငွေအများဆုံးရတဲ့ Bhagavanth Kesariရုပ်ရှင်ကို မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။

ဒီကားမှာ တီလဂူမင်းသားကြီး Bala Krishna နဲ့အတူ ဘောလီးဝုဒ်စတား အာဂျွန်ရမ်ပဲလ်၊ မင်းသမီး
ကာဂျဲလ်၊ စရီလီလာတို့ ပါဝင်သရုပ်ဆောင်ထားကာIMDb rating 7.3 ရထားပါတယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဖိုးကြီးဘက်ဂါဗက်က အများအမြင်မှာတော့ ထောင်ထွက်၊လူ့ဂွစာကြီးဆိုပေမယ့် သူ့သမီးလေးအတွက်တော့
ရွှေတောင်ကြီးလို မားမားမတ်မတ်ရှိနေပေးတာပါ။

သမီးဗီဂျီက သမီးအရင်းမဟုတ်ပဲ အက်ဆီးဒန်မှာဆုံးပါးသွားတဲ့သူငယ်ချင်းရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်လို့ မွေးစားစောင့်ရှောက်ထားတာပါ။

ဗီဂျီဟာ ကလေးဘဝက စိတ်ဒဏ်ရာတွေကြောင့်ကုသမူခံယူထားရပြီး တရက် ဗီဂျိလပ်တောထဲကိုနိုင်ငံရဲ့ပရောဂျက်ကို ခိုးဖို့ကြံထားတဲ့ သက်သေတွေ
ရောက်လာရာက ဗဂျီက ပစ်မှတ်ဖြစ််သွားပါတယ်။

ဗီဂျီကို ရန်ရှာသူတွေနဲ့ အဖိုးကြီး ဘက်ဂါထပ်တိုက်ဆုံရင်း သူ့သမီးကို သတ်ဖို့ကြံနေသူက အတ်တ်က သူ့ကိုထောင်ကျစေခဲ့တဲ ရန်သူတော်ဟောင်းကြီးဖြစ်နေတဲ့အခါမှာတော့...
Demon [2023]

ဒီကနေ့ထွက်တဲ့ တမိလ်သရဲကား Demon က IMDb rating 8.9 ရထားပြီး မင်းသားနဲ့အတူ ကိုယ်ပါ သရဲအိမ်ထဲ အဖြေလိုက်ရှာမိသလိုဖြစ်တဲ့ဇာတ်ကားမျိုးမို့ Horror ပရိသတ်တွေအတွက် B-Town က စာတန်းထိုး တင်ဆက်လိုက်ပါတယ်။

ဗီဂနစ်ရှ်ဆိုတဲ့ တတ်သစ်စ ဒါရိုက်တာ လေးဟာ သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်အဖြစ် သရဲကားတစ်ကား ရိုက်ရပါတယ်။

ပထမခြေလှမ်းဟာ နောက်ထပ် လှမ်းမဲ့ ခြေလှမ်းပေါင်းများစွာအတွက် အရေးပါအခရာကျတာမို့ ဗီဂနေ့ရှ်ဟာ သူ့အလုပ်မှာသေချာအာရုံစိုက်နိုင် အောင် လူတွေစုနေတဲ့အ ဆောင်က နေဆိတ်ငြိမ်ပြီး အလုပ်ကောင်းကောင်းလုပ်လို့ရမဲ့အိမ်ရှာပြီးပြောင်းရပါ တော့တယ်။ 

သူပြောင်းထဲအိမ်မှာအိပ်ခန်းသုံးခန်းပါ ပြီး သရဲကား တွေရဲ့ ထုံးစံအတိုင်းအိမ်အသစ်မှာ က လေးအရိပ် တွေ့ရ၊ စန္ဒယားသံ  တွေကြားရနဲ့ သရဲစခြောက်ပါ တော့တယ်။

ထူးခြားတာကသရဲတစ် ကောင်တည်းမဟုတ်ပဲ သရဲကမိသားစုလိုက်အရွယ်စုံ ဆိုဒ်စုံဖြစ် နေတာပါ။

ဗီဂနေ့ရှ်လည်း သရဲကားရိုက်တဲ့ဒါရိုက်တာပီပီ အိမ်ကဘာ တွေထူးခြား နေတာလဲ၊သရဲမိသားစုက ရော ဘယ်လိုရှိ နေတာလဲဆိုတာတွေကိုဗီဂနစ်ရှ်တစ် ယောက်တည်း ရင်ဆိုင်အဖြေရှာရင်း....
Bhagavanth Kesari [2023]

LEO နဲ့ ရုံအပြိုင်တင်တဲ့အပတ်က LEO ပြီးရင်ဝင်ငွေအများဆုံးရတဲ့ Bhagavanth Kesariရုပ်ရှင်ကို မြန်မာစာတန်းထိုး တင်ဆက်လိုက်ပါတယ်။

ဒီကားမှာ တီလဂူမင်းသားကြီး Bala Krishna နဲ့အတူ ဘောလီးဝုဒ်စတား အာဂျွန်ရမ်ပဲလ်၊ မင်းသမီး
ကာဂျဲလ်၊ စရီလီလာတို့ ပါဝင်သရုပ်ဆောင်ထားကာIMDb rating 7.3 ရထားပါတယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဖိုးကြီးဘက်ဂါဗက်က အများအမြင်မှာတော့ ထောင်ထွက်၊လူ့ဂွစာကြီးဆိုပေမယ့် သူ့သမီးလေးအတွက်တော့
ရွှေတောင်ကြီးလို မားမားမတ်မတ်ရှိနေပေးတာပါ။

သမီးဗီဂျီက သမီးအရင်းမဟုတ်ပဲ အက်ဆီးဒန်မှာဆုံးပါးသွားတဲ့သူငယ်ချင်းရဲ့ တစ်ဦးတည်းသော
သမီးလေးဖြစ်လို့ မွေးစားစောင့်ရှောက်ထားတာပါ။

ဗီဂျီဟာ ကလေးဘဝက စိတ်ဒဏ်ရာတွေကြောင့်ကုသမူခံယူထားရပြီး တရက် ဗီဂျိလပ်တောထဲကိုနိုင်ငံရဲ့ပရောဂျက်ကို ခိုးဖို့ကြံထားတဲ့ သက်သေတွေ
ရောက်လာရာက ဗဂျီက ပစ်မှတ်ဖြစ််သွားပါတယ်။

ဗီဂျီကို ရန်ရှာသူတွေနဲ့ အဖိုးကြီး ဘက်ဂါထပ်တိုက်ဆုံရင်း သူ့သမီးကို သတ်ဖို့ကြံနေသူက အတ်တ်က
သူ့ကိုထောင်ကျစေခဲ့တဲ ရန်သူတော်ဟောင်းကြီးဖြစ်နေတဲ့အခါမှာတော့.....
Afire [2023]

စာရေးဆရာတစ်ယောက်ဖြစ်တဲ့ လီယွန်နဲ့ အနုပညာကျောင်း၀င်ခွင့်အတွက် ကိုယ်ရေးအချက်အလက်ပြုစုနေတဲ့ ဖီးလစ်တို့ သူငယ်ချင်းနှစ်ဦးဟာ ကမ်းခြေနဲ့နီးတဲ့တောအုပ်‌ထဲက အိမ်လေးတစ်အိမ်မှာ အေးအေးလူလူ အလုပ်လုပ်ဖို့အတွက် ရောက်လာခဲ့ကြပါတယ်။

အိမ်ကိုရောက်တဲ့အချိန်မှာတော့ ဖီးလစ်ရဲ့အမေဟာ နောက်ထပ်အိမ်ငှားတစ်ယောက်ဖြစ်တဲ့ နာဒီယာဆိုတဲ့မိန်းကလေးကိုလည်း အိမ်ပေါ်တင်ထားတော့ လီယွန်တို့နှစ်ယောက်ဟာ အိမ်ကို ရုရှားမလေးဖြစ်တဲ့ နာဒီယာနဲ့ အတူမျှသုံးရ‌ပါတော့တယ်။

ဖီးလစ်ဟာ ကမ်းခြေမှာ အသက်ကယ်ရေကူးသမားအလုပ်ကိုလုပ်ကိုင်တဲ့ ဒေးဗစ်လို့အမည်ရတဲ့ ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက်နဲ့ အဖွဲ့ကျလာပြီး ဒေးဗစ်တစ်ယောက် သူတို့အုပ်စုထဲကို ထပ်တိုးလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လီယွန်တို့အိမ်လေးရဲ့ အနီးတဝိုက်က တောအုပ်တွေမှာ တောမီးတွေလောင်နေပြီး ထိန်းချုပ်ဖို့ရာခက်ခဲနေပါတယ်။

ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်မှာ အက်ရှင်ခန်းတွေ၊ စိတ်လှုပ်ရှားစရာတွေ မပါ၀င်ပါဘူး၊ အဓိကက ရုပ်ရှင်ထဲက ကာရိုက်တာတွေရဲ့ ပင်ကိုစရိုက်၊ ပြုမူပြောဆိုပုံ၊ စိတ်ခံစားချက်၊ မျက်မှောက်ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထားတွေကို အသားပေးပြီးရိုက်ကူးထားပါတယ်
👍1
Quiz Lady [2023]

ဒီတစ်ခါ Happiness လေးတွေအတွက် မိတ်ဆက်ပေးမှာကတော့ ဉာဏ်စမ်းတွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်

သီးသန့်နေရတာ သဘောကျပြီး ဉာဏ်စမ်းတွေကို သဘောကျတဲ့ အန်နီတစ်ယောက် တစ်ရက်မှာတော့ သူ့အစ်မဖြစ်သူက အိမ်ရောက်လာပါ‌တော့တယ်

တီဗီရှိုးမှာပြထားတဲ့ ဉာဏ်စမ်းတွေကို ဖြေနေတဲ့ အန်နီကို သူ့အစ်မက ဗီဒီယိုရိုက်ပြီး တင်လိုက်တဲ့အခါမှာတော့ အန်နီတစ်ယောက်နာမည်ကြီးသွားပါတော့ အဲ့အချိန်မှာပဲ သူ့အမေရဲ့ အကြွေးရှင်က ရောက်လာပြီး ဒေါ်လာ 80000 တောင်းတဲ့အခါမှာတော့ မပေးနိုင်တာကြောင့် အန်နီခွေးလေးကို ခေါ်သွားပါတယ်

အန်နီက သူ့ခွေးလေးကို ပြန်ခေါ်ဖို့အတွက် သူဘယ်လိုတွေကြိုးစားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်
Love And Leashes [2022

ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ Jung Ji Hoo .....

ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ်တိတ်တခိုးခံစားချက်ရှိနေတဲ့ Jung Ji Woo...

တစ်နေ့မှာတော့ Jung Ji Hoo
ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က
ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား

နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo
ဆီကိုမှ ရောက်သွားပါတော့တယ်။

အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual Taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး
နှစ်ဦးသဘောတူ ၃ လတာ relationship တစ်ခုကို စတင်လိုက်ကြတဲ့အခါ .....

( Brace yourself ပါ SONE အပေါင်း သူတော်ကောင်းတို့ xP )

နာမည်ကြီး Webtoon “ Moral Sense ” ကို အခြေခံရိုက်ကူးထားတဲ့ Rom-com Movie အမျိုးအစားဖြစ်တာမို့ အချိုတွေ အခွီတွေစုံအောင် ခံစားရမှာဖြစ်ပါတယ်
👍1
Notzilla [2019]

Mitch Teemley ရေးသားရိုက်ကူးထားတဲ့
Godzilla ဇာတ်ကားကို ပြန်ပြီး အခွီလုပ်ပြီးရိုက်ထားတဲ့ကားပါ။ June 2019 တုန်းက ထွက်ရှိထားပါတယ်

Godzilla ကို မကြည့်ဖူးသေးဘဲနဲ့ ဒီအခွီ (ver) ကိုကြည့်မယ်ဆိုရင်တော့ လည်ထွက်သွားပါလိမ့်မယ်
မြန်မာပေါကားထက် ဆိုးသွားပါမယ် 🤐

ဒီတော့ Godzilla မကြည့်ရသေးရင် အရင်ကြည့်ကြပါ။
ပြီးမှ ဒါကြည့်ရင်တော့ ခွီရမယ်ထင်ပါတယ်

ဇာတ်လမ်းကို spoil ဖို့က စခွီပြန်လုပ်ထားတဲ့ကားဆိုတော့ spoil ရတာ အဆင်မပြေလို့ပါတတ်နိုင်သလောက်တော့ ကြိုးစား ဘာသာပြန်ပေးထားပါတယ်

comedy က comedy မဆန်ခဲ့ရင်လည်း ဒီလို သရော်တဲ့ကားတွေ ပထမဆုံး ဘာသာပြန်ဖူးတာမို့ နားလည်ခွင့်လွှတ်ပေးကြပါ
The Trauma Code: Heroes on Call (2025)

မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင်
တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာ
အသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။
လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့
မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီး
အထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကို
ထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။
တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကို
လက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။
ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့
အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။
မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့
လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။
👍1
Take Me, I'm Yours (2024)
*

စ/
ဆုံး

Take Me, I'm Yours ဆိုတဲ့ Webtoon ကို ပြန်လည်ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဂျပန်စီးရီးလေးဖြစ်ပါတယ်...

ရောအဲမိသားစုရဲ့ သားဖြစ်သူ အိချီဂျော ရောအဲဟာ အရမ်းကို ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါ...ဒါပေမဲ့ တစ်ရက်မှာတော့

အက်စီးဒန့်တစ်ခုကြောင့် ကိုမာဝင်လို့သွားပါတော့တယ်...အဲဒီတစ်ရက်တည်းမှာပဲ မိုရီခါဝ နတ်ဆူမိဆိုတဲ့ ကောင်မလေးဟာလည်း

အက်စီးဒန့်ဖြစ်ခဲ့ပြီး ကိုမာဝင်ခဲ့ပါတယ်...ဒါပေမဲ့လည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခုအနေနဲ့ မိုရီခါဝ နတ်ဆူမိဟာ ကိုမာဝင်နေရာကနေ

ပြန်လည်သတိရလို့လာခဲ့ပြီး ရက်နည်းနည်းအကြာမှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်...ဒီအချိန်မှာပဲ ထူးဆန်းမှုတစ်ခုဖြစ်ခဲ့ပြီးတော့

မိုရီခါဝ နတ်ဆူမိတစ်ယောက်ဟာအိချီဂျောရောအဲရဲ့ ဝိညာဉ်ကို မြင်တွေ့နေရပါတယ်...အဲဒီမှာပဲ အိချီဂျောရောအဲဟာ

သူအက်စီးဒန့်ဖြစ်တဲ့ နောက်ကွယ်က အကြောင်းအရာကိုရှာဖွေပေးဖို့ မိုရီခါဝ နတ်ဆူမိကို တောင်းဆိုလာပါတော့တယ်...

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...

ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်
The L›ion K›ing 2»S›imba’s P›ride (1998)

အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့
ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာ
ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း
ရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို
စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။
တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ
စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး
နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်
ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို
အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့
နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့
စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။
အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားက
ချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့
ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်း
တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့…
A Dog’s Purpose (2017)

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ်တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်
ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူးနောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ်
ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ
ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တိရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်
Raanjhanaa [2013]

IMDB Rating 7.6/10

အချစ်ဆုံး မင်းတစ်ယောက်သာ
___

( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )

အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။

ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်၀ယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။

Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိူးနိုး သိခွင့်ရခဲ့တယ်။

ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖဝါးနုနု နဲ့ရိုက်ခဲ့တဲ့ တုံ့ပြန် ချက်တစ်ခု ပါပဲ။

Kundan က ဟင်ဒီ။
Zoya က မူဆလင်။

ဒါပေမယ့် တဇွတ်ထိုး ဆန်တတ်တဲ့ Kundan အတွက်တော့ ချစ်ခြင်းမေတ္တာမှာ လူမျိုးလည်းမရှိ ဘာသာ တရားလည်း မရှိခဲ့ပါဘူး။ Zoya ရှေ့ဆီကို အရောက်သွားပြီး လက်ကောက်၀တ်ရဲ့ သွေးကြောထဲမှာ ချစ်ခြင်းတရား ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့်မို့ Zoya ဟာ Kundan ရဲ့ အချစ်ကို လက်ခံခဲ့တယ်။

ဘ၀ ရဲ့ ပျော်ရွှင်ခြင်းဟာ အခိုက်အတန့်ပဲလို့ ဆိုရမလား။ Zoya ရည်းစား ရနေပြီအကြောင်း သူမ မိသားစုတွေက သိရှိသွားခဲ့တယ်။ အဆိုးဆုံးက လူမျိုး မတူတာပါပဲ။
ဒီတော့ သူမ မိသားစုက Zoya ကို အလီဂတ်မြို့ဆီ ပို့ ဖို့ စီစဉ်လိုက်ပါတယ်။

ရထားကြီး က တရွေ့ရွေ့ သွားရင်း ဝေးကွာခြင်းက အလွမ်းဆန်နေခဲ့တယ်။ နောက်ဆုံး နှုတ်ဆက်စကား ဆိုနေခဲ့တဲ့ Kundan အတွက်တော့ ဒီမြင်ကွင်းဟာ ၈ နှစ်တာ ကြာခဲ့ပါတော့တယ်။

အချိန်ကာလ အလီလီ။
ဒါပေမဲ့ Kundan ရဲ့ ဘယ်ဖက်ရင်အုံထဲမှာတော့ အချစ်ဦး Zoya တစ်ယောက်တည်း ။

ဒီလိုနဲ့ Zoya ပြန်လာချိန် မှာတော့ Zoya ရဲ့ ရင့်ကျက်မှုက Kundan အဖို့ ချစ်ခြင်းမရှိခဲ့တော့ဘူး။

ငယ်ငယ် က ရူးသွပ်မှု တစ်ခုလို အချစ်ကို Zoya သဘောထားလိုက်တော့တယ်။ Kundan ကိုလည်း ခင်မင်သူ တစ်ဦး အဖြစ်နဲ့ပေါ့။

Kundan ကတော့ အချစ်ကို ပြန်လည် ကြိုးစားဆဲပါ။ ဒါပေမယ့် Zoya ရဲ့ ပြောပြချက် အရ သူ သိရတာက Zoya မှာ လူမျိုးဘာသာတူ ချစ်သူ တစ်ဦး ရှိနေပြီဆိုတာပါပဲ။

သူမ ချစ်သူ ဟာလည်း အရှိန်အဝါ ကြီးတဲ့ လူငယ်ပါတီခေါင်းဆောင် တစ်ယောက် ပါ။

ဘ၀ဟာ ပစ်မှတ်မရှိတဲ့ လေးတင်ပွဲလို အရာ ရာ ဟာ မျှော်လင့် ကွဲကြေစရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ Zoya ပျော်ရွှင်စေဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ Kundan က တော့
Zoya နဲ့သူ့ ချစ်သူ ပေါင်းဖက်စေဖို့ ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုအချိန်လေးမှာ
မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့
ကြုံ ကြိုက် လာခဲ့တဲ့အခါမှာတော့ …………!!!!!

( အညွှန်းကို ဒီမှာတင် ရပ်ထားပါရစေ။ ဇာတ်လမ်းက အညွှန်းထက် ပို လေးနက်သည်မို့
ပေးဆပ်အချစ်ကို ပိုမို ခံစားစေချင်ပါတယ်။ တကယ့် ရသ ဆန်တဲ့ အချစ်တွေ အကြောင်း သိမြင်ဖို့
ဒီဇာတ်ကားက လမ်းခင်းစေသလိုပါပဲ။

ဒရာမာတွေ သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တောင် ဒီဇာတ်ကားဟာ အရှိုက်ထိစေပါတယ်။
ပေးဆပ်ခြင်း ကြည်နူးခြင်းတွေနဲ့ မျှော်လင့်ခြင်းသဲ့သဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်လို ဇာတ်ကားမှာ စီးမျောကြည့်ပါက ပိုအသက်၀င်စေမှာပါ။

ဆုတွေကလည်း 7 ဆု ရထားပြီး ဇကာတင် ဆု က 32 ဆုအထိ ထင်မြင်ချက်တွေရထားတဲ့ကားပါ။

ဘ၀ ဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်မှာလား။ မျှော်လင့်ချက်သဲ့သဲ့လေးကို ခုခံမှုယဲ့ယဲ့လေးနဲ့ ဘယ်အချိန်ထိ ပေးဆပ်နိုင်မှာလဲ ဆိုတာ ကျွန်တော် တို့တွေးမိခဲ့ဖူးလား။ နှစ်နှစ်ကာကာနဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့ဖူးကြပါလဲ။

ဘ၀ဟာ တွေးတိုင်းမရောက် ရောက်တိုင်းလည်းမပြည့်၀နိုင်သေးပါဘူး။

ကျွန်တော် တို့ သင် တို့ ဘ၀ တွေကရော ?

ဒါ့ပြင် သင်တို့ ကျွန်တော်တို့မှာရှိဖူးတဲ့ အချစ်ဆုံး တစ်ယောက်ရဲ့ ဘ၀ကရော …………?

ပဲ့ တင်သံ က ရှိပါတယ်။

ဒါ့ထက် နှလုံးသားက ခံစားတတ်ဖို့ လို ခဲ့တာ မဟုတ်ပါ၏ လော။

#Credit
#ChannelMyanmar