ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
The Blind [2023]

အမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်

ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီးမိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ်

သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာတစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်...

ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှလူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာအောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့
အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။
Alangu (2024) မျှော်လင့်ချက်နဲ့ အသက်ဆက်

သည်းထိတ်ရင်ဖိုနှစ်ခြိုက်တဲ့ ပရိတ်သတ်‌တွေနဲ့ ခွေး‌ လေးတွေချစ်တတ်သူတွေ၊တောတောင်ရေမြေရှုခင်း သဘောကျသူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ

"လူတွေနဲ့တိရိစ္ဆာန်လေး‌တွေ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ဒီ‌လောကကြီးမှာ
အားလုံးကရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရသူချည်းပါပဲ။
ဘာဖြစ်ဖြစ် အသက်သာဆက်ရှင်နေပါ၊ လက်မလျှော့ပါနဲ့၊ကျန်တာကိုသစ်တောတွေနဲ့တောတောင်တွေက ဂရုစိုက်ပေးပါလိမ့်မယ်တဲ့"

ဒါမာဆိုတဲ့ တမီးလ်မျိုးနွယ်စုတစ်ခုကကောင်လေးက သူ့ခွေးလေးကာလီကိုအားပေးနှစ်သိမ့်တဲ့စကားလေးနဲ့အစပျိုးထားပါတယ်။
ဒါမာနဲ့သူ့ခွေးလေးတို့ တွေ့ဆုံဖြစ်ကြပုံက ဒီလိုပါ။

ဒါမာတို့ကို အထုပ်လေးတစ်ထုပ်ပစ်ခိုင်းလို့ သွားပစ်ရာကရောဂါပိုးကူးခံထားရလို့ စွန့်ပစ်ခံရတဲ့ခွေးလေးဖြစ်နေပြီးအသက်ရှင်နေသေးတာကို တွေ့သွားပါတယ်။

ဒါနဲ့သူလည်းခွေးလေးကို တောထဲလွှတ်ပေးလိုက်ပေမဲ့
ခွေးလေးက ဒါမာအိမ်ပြန်တဲ့လမ်းထိ လိုက်ပါလာလေရဲ့။
အဲဒီလိုနဲ့သူလည်း‌ခွေးလေးကိုမွေးဖြစ်သွားပြီး ကာလီလို့နာမည်ပေးခဲ့ပါတယ်။

ဒါမာတို့မျိုးနွယ်စုဟာ အနည်းငယ်သောလူနည်းစုလေး‌ပေါ့။
သူတို့နေထိုင်ရာနေရာလေးဟာ ဆေးရုံမရှိ၊ လမ်းမရှိမို့ အားလုံးကရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကုန်ကြပေမဲ့
ဒါမာတို့မိသားစု ၇ခု၈ခုကပဲ ကျန်ရစ်နေခဲ့ပါတယ်။

သူတို့ဟာရိုးရာအရ နှစ်တိုင်း တောင်ထိပ်တက်ပြီး ပူဇော်မှုတွေ ပြုလုပ်‌နေကျပါ။

အဲဒီအခါ နယ်စပ်လေးကိုဖြတ်သွားရချိန် နယ်စပ်အစောင့်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ရက်စက်မှုတွေကို ကြုံတွေ့ရတာ ထုံးစံလိုဖြစ်နေရာက ပိုဆိုးလာပါပြီ။

တစ်နေ့သူ့အမေရဲ့ဆန္ဒ‌ကြောင့် သူငယ်ချင်းတွေရယ် ခွေးလေးကာလီရယ်နဲ့အတူတစ်နေရာသွားဖို့ဖြစ်လာပါတော့တယ်။

သူတို့မျိုးနွယ်စုကို ဘယ်လိုဆက်လက်ထိန်းသိမ်းမလဲ၊
နယ်စပ်ကြားနိုင်ငံရေးပြဿနာအစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ၊ ဒါမာနဲ့ခွေးလေးကာလီတို့ကရော
ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။

အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
" Phu Bao Thai Bahn E-Saan Juad " [2021]

ခိန် အဖြစ် Oabnithi Wiwattanawarang
ဖိန် အဖြစ် Nitchanun Intarasorn

ဇာတ်လမ်းအကျဥ်း...

မြို့ကြီးပြကြီးမှာ ၂နှစ်လောက်အလုပ်လုပ်ခဲ့ပြီး ငြီးငွေ့စပြုလာတဲ့ "ခိန်"ကတော့အလုပ်ထွက်ပြီး သူ့မွေးရပ်မြေမှာအသေးစားစီးပွားရေးလုပ်မယ်ဆိုပြီး အိမ်ပြန်လာခဲ့ပါတယ်။

အယ်ဇိုင်းမားဖြစ်နေတဲ့အမေအိုကိုပြုစုဖို့အတွက် အိမ်ပြန်လာတော့  လုပ်ငန်းစလုပ်ဖို့ရာအတွေးများနေခဲ့ပါတယ်။

"ခိန်"သူငယ်ချင်း ဆံသဆရာပီတာဆီသွားပြီး ရင်ဖွင့်ရာကနေညနေရောက်တော့ အရက်ဆိုင်မှာပျော်ပါးရာကနေ "ဖိန်"နဲ့အမှတ်မထင်တွေ့ခဲ့တာပါပဲ။

"ဖိန်"ကတော့ ဂျပန်အလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ စက်ရုံအလုပ်သမားပါပဲ။

"ဖိန်"မှာ "မန်း"ဆိုတဲ့သူ့ချစ်သူနဲ့ပြဿနာတက်နေလို့ လေလွင့်နေတဲ့အချိန်ပါပဲ။

"ခိန်"ကလည်း အရက်ဆိုင်မှာတွေ့ခဲ့တဲ့ "ဖိန်"ကိုကြိုက်ပြီး စလိုက်ခဲ့ပေမယ့် "ဖိန်"ကတော့ "ခိန်"ကိုသူ့ကောင်လေးနဲ့အဆင်ပြေအောင်လုပ်ဖို့သုံးတဲ့ လိုသုံးလို့ပြောရင်မမှားပါဘူး။ "

ခိန်"ကတော့မသိဘဲနဲ့ သူ့အနာဂတ်မှာဘယ်လိုကြိုးစားမယ်ကအစ "ဖိန်"နဲ့တိုင်ပင်ခဲ့ပါတယ်။

တကယ်ပဲ"ခိန်"ကလိုသုံးဖြစ်သွား
မလား၊ "ခိန်"ဖွင့်ချင်တဲ့လုပ်ငန်းအသေးစားကရောအောင်မြင်သွားမလား၊ "ဖိန်"ကရော ဂျပန်သွားနိုင်ပါ့မလား၊"ဖိန်"နဲ့"ခိန်"ရဲ့ ဆက်ဆံရေးကရောဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့ ဒီအချစ်ဟာသကားကို ဆက်လက်ကြည့်ရှုပေးဖို့ပြောချင်ပါတယ်ခင်ဗျာ။

( ဇာတ်လမ်းအကျဉ်းကို Awn Kham Merng မှ ရေးသားပေးထားပါတယ်  )

Subtitle By - Awn Kham Merng
Encode By - Lwin Htoo Aung

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#PhuBaoThaiBahnESaanJuad
#AshChannel #Ash
👍1
Pawn Shop Chronicles [2013]

Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။

ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်

မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့
မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။

ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။

အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။

အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီးမတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။

အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့်တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။

ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေးဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီးဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆိုဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင်သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာလွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။

ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီးဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်ကပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံးလိုက်ရှာတာကို ကြည့်ရမှာပါ။

အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ်လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီးသူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူဒါပေမဲ့ ငတ်ပြတ်နေပြီး  ဆီဖိုးကို မရှိတော့ပါဘူးဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန်ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။

ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်

။တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါတချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ်ဇာတ်ကွက်ဆန်းတယ်

မထင်ထားတာမျိုးမှ လုပ်ပြတာမျိုးပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။
👍2
Only [2019]

ကျွန်တော်တို့ ကိုဗစ်ကာလကို
ပြန်တွေးကြည့်ကြရအောင်
တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊တစ်ခုခုကိုင်ပြီးရင်
လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။

တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာအိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်းအသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊

၊ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊

ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊

အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီးအဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊

ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိအသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊

ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊

၊ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေနေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊

မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊

အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက်အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊

အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊

အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊

ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာအေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊

ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက်မွန်းကြပ်လာတယ်၊၊

ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့်အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊

ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာလေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကိုဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊
Jameelante Poovan Kozhi 2024 ချစ် ချစ် ချစ်

သူငယ်ချင်း ၂ယောက် ရေငုပ်ပြိုင်ကြတယ် ကြာကြာငုပ်ပြီးနိုင်တဲ့ကောင်က၂ယောက်လုံးလိုက်နေတဲ့ကောင်မလေးကို ဆက်လိုက်ခွင့်ရှိမယ် ရှုံးတဲ့ကောင်ကတော့ နုတ်ထွက်ရမယ်ပေါ့

ဒီလိုနဲ့ရေငုပ်ပြိုင်ရင်းအတော်ကြာတဲ့အထိ သူငယ်ချင်းကပေါ်မလာခဲ့ပါဘူး အရင်ပေါ်လာတဲ့တစ်ယောက်ကတော့ အကူအညီတွေခေါ် အသိတွေဖုန်းပတ်ဆက်ပြီး
ကယ်ဆယ်ရေးတွေလွှတ်ခိုင်း သေပြီထင်ပြီး ဗလီကနေ ကြေညာတဲ့လူက ကြေညာနဲ့ပေါ့ရေနစ်သွားတဲ့လူက ရှာနူတဲ့ သူ့အကြောင်းကိုပြောရမယ်ဆိုရင်တော့

မိန်းမပွေတဲ့ကောင်တစ်မြို့လုံးကမိန်းမတွေက သူရှိရင်အတော်ကြီးသတိထားကြရတယ် တွေ့တဲ့မိန်းမကိုလိုက်ကြောင်ပေမဲ့ ဘယ်သူကမှ ပြန်မကြိုက်တဲ့ လူရှုပ်လူပွေပေါ့အခုလည်းကြည့်လေ ရေငုပ်ပြိုင်ရင်း ကမ်းစပ်မှာရေချိုးနေတဲ့စော်လေးကိုသွားကြောင်တာ
သေပြီဆိုပြီး ရပ်သိရွာသိတွေဖြစ်ကုန်တဲ့အထိပါပဲ

ဘဝကိုဒီလိုပျော်ပျော်ကြီးနေလာပေမဲ့ သူကြောက်တာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ သူ့အမေပါ ဒီလိုနဲ့တစ်နေ့ အကြောင်းမကြား အသိမပေးဘဲ အမေဖြစ်သူက စပရိုက်စ်ဆိုပြီးသူ့ဆီရောက်ချလာတဲ့အခါမှာတော့ ပေါ့ပေါ့နေခဲ့တဲ့သူ့ဘဝကြီးဘယ်လိုတွေဟန်ဆောင်ပန်ဆောင်နဲ့ ကမောက်ကမတွေဖြစ်ကုန်မယ်ဆိုတာဟာသတွေနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်

( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ် )
👍1
" The Wall " [2018]

ဒီရုပ်ရှင်ဟာ Bangkok ASEAN Film Festival မှာဆုရရှိခဲ့တဲ့ တစ်ခုတည်းသောထိုင်းရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Boonsong Nakphoo ဖြစ်ပြီး ဇာတ်လမ်းထဲမှာလည်း သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ဟာ Fiction နဲ့ Documentary ကိုရောနှောတင်ပြထားတဲ့အတွက်ကြောင့် သာမန်ရုပ်ရှင်တွေထက် တင်ပြပုံထူးခြားနေပါလိမ့်မယ်။

ဇာတ်လမ်းအကျဥ်းကတော့...

ဆွတ် ဆိုတဲ့ခေါင်းမာတဲ့ ဒါရိုက်တာတစ်ယောက်။

ငွေအတွက်မဟုတ်ဘဲ ဝါသနာကြောင့်ရုပ်ရှင်တွေဖန်တီးနေတဲ့သူ။

သူဟာသူ့ဘဝဇာတ်ကြောင်းကိုရုပ်ရှင်ရိုက်ချင်တာကြောင့် မွေးရပ်မြေဆီတစ်ခေါက်ပြန်လာခဲ့ပါတယ်။

သူဟာ ငယ်စဥ်ဘဝကဆင်းရဲလွန်းတာကြောင့် သာသနာ့ဘောင်ဝင်ခဲ့ရပေမယ့် သူဟာတရားအားထုတ်ဖို့ထက် ရုပ်ရှင်တွေကိုသာသဘောကျသူပါ။

သူ့ရဲ့အတိတ်အကြောင်းနဲ့လက်ရှိအခြေအနေကိုတစ်လှည့်စီပြထားပြီး သူ့ရဲ့ခံယူချက်နဲ့အိပ်မက်တွေအကြောင်းကိုပြောပြထားတာမို့ သူပြောပြချင်တဲ့အကြောင်းအရာတွေကိုရုပ်ရှင်ထဲမှာခံစားကြည့်ရှုလိုက်ရအောင်။

( ဇာတ်လမ်းအကျဉ်းကို Mikasa မှ ရေးသားပေးထားပါတယ်  )

Subtitle By - Mikasa
Encode By - Lwin Htoo Aung

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#TheWall
#AshChannel #Ash
👍1
Epitaph [2007]

Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦးရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး
ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်

ဒီကားအတွက် ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်

ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က
ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှအရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် .

သူ ငယ်စဉ်ကတည်းက မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်

မိဘချင်း သဘောတူထားသော်လည်း Jung Nam
တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ .
တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း
သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်..

ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လြန္စြာလွပတဲ့ သူလေးဖြစ်တော့ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်

အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ .
👍1
Miss Hammurabi (2018)

ဒီ drama လေးက မတူညီတဲ့ တရားသူကြီး ၃ယောက်အကြောင်းဖြစ်ပြီး
နေ့စဉ်လူနေမှုဘဝမှာ မည်သူ့မှာမဆို ဖြစ်ပွားနိုင်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ရပ်လေးတွေကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်.....
စိတ်လှုပ်ရှားလွယ်တဲ့စိတ်ဝါဒဆန်တဲ့တရားသူကြီးအသစ်လေး ပတ်ချာအို့ရွမ်း (Go Ara)
သူကစည်းမျဉ်းစည်းကမ်းတွေနောက်မျက်စိမှတ်လိုက်နာတာထက်ကိုဓဥပဒေကို လက်ကိုင်ထားပြီး (မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး) ၊
အပြစ်ကြီးရင် ကြီးသလို ၊ အပြစ်ပေါ့ရင် ပေါ့သလို ပြစ်ဒဏ်ချမှတ်ဖို့ စိတ်ကူးသူ
အနေအေးပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း (စာအုပ်ကြီးအတိုင်း) တသဝေမတိမ်းလုပ်ဆောင်တတ်တဲ့ တရားသူကြီး အင်ဘာရွန်း (Infinite L)
သုံးယောက်ထဲမှာ ခေါင်းဆောင်လည်းဖြစ် အတွေ့ကြုံလည်းရှိပြီး လက်တွေ့ဆန်တဲ့ အကြီးတန်းတရားသူကြီးမင်း ဟန်ဆယ်ဆန်း ( Sung Dong Ii)
ကျောင်းသားဘဝ အတန်းဖော်တွေကနေ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ပြန်တွေ့ကြတဲ့အခါမှာ.....
လုံးဝမတူခြားနားတဲ့ ပတ်ချာအို့ရွမ်းနဲ့အင်ဘာရွန်း
အဲ့ခြားနားမှုတွေကနေ တဖြည်းဖြည်း ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ တရားစီရင်မှုတွေကို အထောက်ကူဖြစ်စေမလဲ
သူတို့ ၂ဦးလည်း တရားစီရင်မှုတွေ ၊ အတွေ့ကြုံတွေကနေ ဘယ်လို လူပီသလာကြမလဲ....
တရားသူကြီး ၃ယောက် ဘယ်လို တရားခွင်တွေနဲ့ကြုံရပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာအပြင်
Go Araနဲ့ Infinite L ရဲ့ အတွဲညီညီနဲ့ ငြီးငွေ့ဖွယ်မကောင်းဘဲ စိတ်ဝင်စားစရာကောင်းအောင် ဘယ်လိုတွေ သရုပ်ဆောင်ကြမလဲဆိုတာတော့
👍1
Fukery 3 [2023]

၂၀၁၃ နဲ့ ၂၀၁၇ မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့လူငယ်ဟာသကား Fukery ရုပ်ရှင်ရဲ့ အပိုင်း ၃
ဒီနေ့ထွက်လာလို့ စာတန်းထိုးတင်ဆက်လိုက်ပါတယ်။

Fukrey 3 က ပထမ၂ကားလိုပဲ Box Office မှာကုဋေ ၁၂၀ နီးပါးရပြီး Super Hit ဖြစ်ထားသလို
IMDb rating 7.7 ရထားပါတယ်။

ဒီတစ်ခါ Fukrey 3 က မထင်မှတ်ထားတဲ့ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ပေါ့ပေါ့ပါးပါး
ရယ်မောလို့ရအောင် ဇာတ်ကို မြုးမြုးလေးဖန်တီးထားတာပါ။

လုပ်တိုင်းလွဲ ကြံလိုက်တိုင်းကွဲရတဲ့
Pankaj တို့ လေးယောက်ရဲ့ဘဝဟာ ဖွတ်ကအဘခေါ်ရလောက်အောင် မွဲတေလွန်းနေပါတယ်။

ဒါပေမဲ့ ကံအကောင်းအကြောင်းလှလို့ တစ်နေ့မှာမထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့်
သူတို့ထဲက တစ်ယောက်ကို လူထုကစိတ်ဝင်စားလာခဲ့ပါတယ်။

ကံဇာတာတွေများ တက်ချင်တော့
ဘာမှအသုံးမကျတဲ့ဘဝကနေ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့အထိ အကြောင်းဖန်လာခဲ့ပါတယ်။

ဒါပေမဲ့တစ်ဘက်မှာလည်း ဒီပြည်နယ်ရဲ့ ခြိမ်းခြောက်မှု
တစ်ခုဖြစ်တဲ့ ရေစည်​သူခိုး ဂိုဏ်းစတားတွေကဆူပူထကြွနေတာပါ။

နိုင်ငံရေးအကြောင်း နကန်း
တစ်လုံးမသိတဲ့ သူတို့လေးယောက်နဲ့ မာဖီးယားဂိုဏ်းကြီးတို့ ထိပ်တိုက်ရင်ဆိုင်ပတ်သတ်မိချိန်
ဘယ်လိုအလွဲတွေဖြစ်ပြီး ရှေ့လက်ကြမလဲဆိုတာကို
ဆက်ပြီးကြည့်ရှုပေးကြပါ။
Yaariyan [2014]

အခုတစ်ခေါက်ပြောပြပေးသွားမှာတော့ အိန္ဒိယနိုင်ငံကတက္ကသိုလ်ကျောင်းသားတွေရဲ့ သူတို့ကျောင်းကြီးကိုကယ်တင်ဖို့ ဘယ်လိုတွေယှဉ်ပြိုင်ကြိုးစားခဲ့ကြလဲ

ဆိုတာ‌ကို ရိုက်ကူးထားတယ့်ဇာတ်ကားကောင်းလေးအကြောင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင်‌ သူငယ်ချင်းကြားကသံယောဇဉ်၊အချစ်၊အလွမ်းစတဲ့
ခံစားမှုရသပေါင်းစုံကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လက်ရှာနဲ့သူရဲ့ငယ်သူငယ်ချင်းတွေဖြစ်တဲ့ဒီဘူတို့က အတူတူကြီးပြင်းလာကြရင်း အရွယ်ရောက်လာတယ့်အခါမှာတော့
ဒီဘူကဩစတြေးလျကိုပညာသင်ထွက်သွားခဲ့ပြီး လက်ရှ်ကတော့ အိန္ဒိယက‌ကျောင်းတစ်ခုမှာပဲပညာဆက်သင်ခဲ့တယ် တစ်နေ့တော့လက်ရှ်တို့ကျောင်းက
မိန်းကလေးအဆောင်ကို ဩစတြေးလျကအဖွဲ့တစ်ခုကသိမ်းလိုက်ပြီး အဲ့နေရာမှာဟိုတယ်နဲ့ကာစီနိုရုံဆောက်ဖို့ပြင်ကြတယ် အဲ့ဒီအချိန်မှာတော့
ကျောင်းအုပ်ကြီးက သူရဲ့ကျောင်းကိုကယ်တင်နိုင်ဖို့အတွက် ဩစတြေးလျကလူ‌တွေနဲ့ပြိုင်ပွဲတစ်ခုကိုယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အဖွဲ့ရဲ့ဆန္ဒကိုဦးစားပေးဖို့
သဘောတူခဲ့ကြတယ်

အဲ့ဒီပြိုင်ပွဲအတွက်လည်း လက်ရှ်တို့သူငယ်ချင်းအဖွဲ့ကိုတာ၀န်ပေးခဲ့တယ် အကြံပေးလိုက်ပါတယ်နော်နေပြီးဖြတ်သန်းနေခဲ့ကြတဲ့လက်ရှ်တို့ဟာအခုလိုမျိုးပြိုင်ဆိုင်ဖို့ကြုံတွေ့လာရတဲ့အခါမှာတော့ သူတို့ဘယ်လိုလုပ်ကြမလဲ

ကျောင်းကြီးကိုကောသူတို့ ကယ်တင်နိုင်ပါ့မလား

သူငယ်ချင်းအချင်းချင်းကြားမှာဖြစ်ပေါ်လာတဲ့ ကတောက်ကဆပြဿနာတွေကိုကော သူတို့ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာကို စိတ်၀င်စားတယ်ဆိုရင်တော့
ဒီကားလေးကိုကြည့်ဖို့အကြံပေးလိုက်ပါတယ်နော်
Tainted Love [2023]

ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး
Zhang Yu , Zhang Youhao နဲ့ Meng li တို့လိုသရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။

ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ
အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့
အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။

2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုကမှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။

ငွေကြေးလိမ်လည်သူတွေရဲ့
အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့မြို့ကြီးပြကြီးကအမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီးငွေကြေးလိမ်ယူကြတာပါ ။

ထိုလိမ်လည်မှုတွေကြား
ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။

ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်ကသူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့....

သူတို့ကိုလိမ်တဲ့သူတွေနဲ့‌ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ
👍2
A Perfect Pairing [2022]

2022 ထဲကမှထွက်ထားတဲ့ A Perfect Pairing ဆိုတဲ့  ရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ rom-com အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ကျွန်တော်အခုတလောကြည့်ဖြစ်သမျှထဲ အကြိုက်တွေ့မိတဲ့ဇာတ်ကားလေးပါပဲ။

ပုံမှန် Netflix movie တော်တော်များများလို ဆယ်ကျော်သက်အချစ်ကို ပုံဖော်ရိုက်ကူးထားတာမဟုတ်ဘဲ ဘဝကအချစ်ထက်အရေးကြီးလာတဲ့ သက်လတ်ပိုင်းအရွယ်ဇာတ်ကောင်နှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို ဘဝအကြောင်းများများ၊ အချစ်အကြောင်းနည်းနည်းနဲ့ ပုံဖော်ထားပါတယ်။

သက်လတ်ပိုင်းဆိုပေမဲ့ မင်းသားရော မင်းသမီးရောက တကယ့် visual တွေချည်းမို့ ကိုကြီး enjoyer ၊ မမ enjoyer လေးတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့လိုလာက ဝိုင်တင်သွင်းဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ လက်ကားအရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အရည်အချင်းမရှိတဲ့ အထက်လူကြီးရဲ့အပေါက်တွေကို တစ်သက်လုံးလိုက်ဖာနေခဲ့ရပေမဲ့လည်း ဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တစ်သက်လုံး‌ဖြေတွေးသည်းခံလာခဲ့တဲ့ ထက်မြက်တဲ့ဝီးမန်း တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။

ပထမအိမ်ထောင်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း “ဘဝဆက်တိုင်းမှာဟေဇယ်ဘွန်းဆီက အချစ်ရဲ့အဝေးမှာနေမယ်” လုပ်နေသူပေါ့။

ဒါပေမဲ့လည်း အခင်ရဆုံးလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့ နောက်ကျောကထိုးတဲ့ဓားကြောင့် စုထားတဲ့ဒေါသတွေ ပေါက်ကွဲထွက်သွားတဲ့လိုလာဟာ အလုပ်ကထွက်လာခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်ဖို့ကြိုးစားပါတော့တယ်။

အဲဒီလိုနဲ့ ဩစတေးလျကဝိုင်လုပ်ငန်းရှင်  ဝိုင်တင်သွင်းခွင့်ရရှိဖို့ ဩစတေးလျကိုရောက်လာခဲ့တဲ့လိုလာဟာ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကြောင့် မွေးမြူရေးခြံရဲ့ အောက်ခြေသိမ်းအလုပ်သမလေးဘဝရောက်သွားရပြီး အလုပ်သမားခေါင်းမက်စ်နဲ့လိုလာ့ကြားမှာ သံယောဇဉ်တွေပေါက်ဖွားလာပါတော့တယ်။

ဒီဇာတ်ကားက အစမှာရှုပ်ရှုပ်ယှက်ယှက် ကုမ္ပဏီ‌လုပ်ငန်းတွေဘာတွေနဲ့ စတင်ထားပေမဲ့လည်း ဇာတ်လမ်းကျောရိုးတစ်ခုလုံးက မွေးမြူရေးခြံမှာပဲအခြေတည်ထားတာမို့ country life ကိုသဘောကျသူတွေနဲ့ မျက်စိပသာဒဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားပါ။

Hannah Montana ရဲ့နောက်မှာ ဒီလို setting မျိုးနဲ့ဇာတ်ကားကောင်းတွေ သိပ်မထွက်တော့ဘဲ ဇာတ်ကားအများစုက မြို့ပြလူနေမှုဘဝမှာပဲ ဇာတ်အိမ်တည်ထားတာမို့ အပြောင်းအလဲလေးတစ်ခုတော့ ဖြစ်စေမှာပါ။

မြို့ကြီးသူလိုလာရဲ့ ကျေးလက်လူနေမှုဘဝမှာကြုံရမဲ့အလွဲတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားကြည့်ပါဦးခင်ဗျာ။
ရှင်သန်နေသော ဘ၀များ
不虚此行 (All Ears) [2023] ရုပ်ရှင်

အခုတင်ဆက်ပေးမှာကတော့ သိုင်းကားကြိုက်ပရိတ်သတ်ကြီးတွေရဲ့အချစ်ဦးကြီး Hu Ge နဲ့ မင်းသားချောလေး Wu Lei တို့နှစ်ယောက်ရဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း

လူ့ဘဝကြီးဟာ ဘယ်လိုများကုန်ဆုံးမှ အချည်းနှီးမဖြစ်ဘူးလို့ သတ်မှတ်နိုင်တာလဲ ?

ဝိန်ရှန်းဟာ လောကကြီးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကို ဟန်ချက်ညီစေဖို့ အဖြေကိုရှာဖွေနေတဲ့ သာမန်ဇာတ်ညွှန်းရေးသူတစ်ယောက်ပါ

ရုတ်တရက် ရောက်ရှိလာတဲ့ အခွင့်အရေးတစ်ခုက သူ့ကို သေဆုံးသူ‌တွေအတွက် ဂုဏ်ပြုစာတမ်းတွေ ရေးပေးခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်

စရိုက်အမျိုးမျိုး စိတ်ထားအထွေထွေရှိကြတဲ့ သာမန်လူတွေနဲ့ ထိတွေ့ဆက်ဆံရင်း ၊ အခြားသူတွေကို နှစ်သိမ့်ပေးရင်းနဲ့  သူရဲ့ဘဝဦးတည်ရာ လမ်းကြောင်းကို ရှာဖွေနေတဲ့ ဝိန်ရှန်း ဆိုတဲ့ လူတစ်ယောက်အကြောင်း ...

ကို တင်ဆက်ရိုက်ကူးထားတဲ့ ကားကောင်းလေးမလို့ Soulers လေးတို့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်တဲ့ ကားတွေထဲက တစ်ကားပါနော်

#Credit
#SoulKingdom
Flaming Cloud [2023]

ဒီဇာတ်လမ်းလေးကတာ့ အချစ်စစ်နဲ့ ပတ်သတ်ပြီးနတ်ဘုရားတွေရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်တဲ့
လောင်းကစား တစ်ခုကနေစတင်လာခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ…

ကောင်းကင်ဘုံမှာ အချစ်စစ်နဲ့ပတ်သက်ပြီးလောင်းကစားလုပ်ဖို့စတင်ခဲ့တာလောင်းကြေးကတော့ တိမ်လွှာ မီးတောက်လို့ခေါ်တဲ့နတ်ဘုရားတွေရဲ့ သေဆုံးခြင်းပေါ့…

အဲ့ဒီအတွက် ဝမ်စန်းကွေ့ဆိုတဲ့ ကလေးလေးဟာ အချစ်စစ်နဲ့
ကျိန်စာဖြေရမယ့် လူသားတစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရတယ်…

ငယ်စဥ်ကတည်းက မိဘမရှိ အဖွားနဲ့နေခဲ့ရပြီး သူငယ်ချင်းဆိုတာလည်းမရှိသူတစ်ယောက်ပါ…

တစ်နေ့မှာ သူသွားနေကျ စွန့်ပစ်ပန်းခြံတစ်ခုရဲ့ ကိုယ်ပိုင်နေရာလေးကိုလာသိမ်းပိုက်တဲ့ ထင်ထင် ဆိုတဲ့ကောင်မလေး တစ်ယောက်ပေါ်လာခဲ့တယ်…

ထင်ထင်နဲ့အစမှာတော့ မတည့်ကြပေမယ့်ပြေလည်မှုရပြီးနောက်မှာသူငယ်ချင်းမရှိတဲ့ဝမ်စန်းကွေ့အတွက်တော့ သံယောဇဥ်တွေတွယ်လာခဲ့တယ်…

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ကျိန်စာဆိုးကပေါ်ထွက်လာခဲ့တော့တာပါပဲ…

နမ်းလိုက်တဲ့ ဘယ်သူမဆို ချက်ချင်း အိပ်ပျော်သွားခဲ့တယ်..
ကျိန်စာဆိုးကြောင့်နားလည်မှုလွဲခဲ့ပြီး ထင်ထင်နဲ့ကွဲကွာခဲ့တဲ့အပြင်
တစ်ဦးတည်းသောအဖွားလည်းဆုံးရှုံးခဲ့ရတဲ့ ဝမ်စန်းကွေ့…

ရှေ့ဆက်ပြီး ကျိန်စာဆိုးနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ…

ထင်ထင်ကရော အချစ်စစ်ဖြစ်လာနိုင်မလား…

ကျိန်စာဆိုးကိုရောဖြေရှင်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြရအောင် …
Organ Trail [2023]

Drama/Thriller/Western IMDb – 5.3/10

ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ

ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။

အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။

ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အက်ဘီ‌ဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။

သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ…

အက်ဘီဂေးလ်တို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ
👍2
Barroz (2024) "ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်"
===================================

ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့
မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့
ရတနာသိုက်စောင့်သရဲကြီးအကြောင်း
တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။

သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။
ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်းရတနာသိုက်ကိုစောင့်ရှောက်ရင်းအမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။

လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ
လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။

ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့စည်ကားလို့နေပါတယ်။

အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့
သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။
အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။

အဲဒီကို အီဆာရောက်လာတာနဲ့အတူ
ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။

ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး...။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)
👍3
Condor Hero (2025)
သိမ်းငှက်သူရဲကောင်း


ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့
The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်
Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ
သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ
ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့
အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို
မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။

အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့
ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်
ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့
တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ......။
1
Condor Hero (2025)
သိမ်းငှက်သူရဲကောင်း

ဆရာကြီးကျင်းရုံရဲ့ condor hero trilogy ထဲက နာမည်ကြီးဝတ္တုတပုဒ်ဖြစ်တဲ့
The Return Of Condor Heroes ကို 2025 မှာ Movie Version အဖြစ်
ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ရန်ကော်အဖြစ်
Zhao Huawei ၊ ရှောင်လုံနွီ (ဂူးဂူး) အဖြစ်နဲ့ Wang Zijun တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
သိုင်းဇာတ်လမ်းစစ်စစ် တွေရှားပါးနေတဲ့ခေတ်မှာ
အခုလို နာမည်ကြီး Novel တစ်ပုဒ် ကို Movie Version
အဖြစ် ပြန်လည်တင်ဆက်လာတဲ့ ဒီဇာတ်လမ်းလေးအပေါ်မှာ
သိုင်းချစ်သူတို့ သဘောကျမကျ ကတော့ ကိုယ်တိုင်သာ
ဇာတ်လမ်းလေးကိုကြည့်ပြီး ဆုံးဖြတ်ကြရမှာပဲဖြစ်ပါတယ်

ဇာတ်လမ်းကတော့ ကျိုးရင်းမရဏသိုင်းကိုပြောင်းပြန်ကျင့်ခဲ့လို့ရူးသွပ်သွားတဲ့
အနောက်ပိုင်းအဆိပ်ဘုရင်အိုးရန်ဖုန်းက ရန်ကော့ကို
မွေးစားပြီးပျိုးထောင်ပေးခဲ့တဲ့နေရာကစပါတယ်။

အိုးရန်ဖုန်းမွေးစားထားတဲ့ရန်ကော့ကို ကောကျင့်တို့ရှာတွေ့သွားပြီးတော့
ချွမ်ကျန်းဂိုဏ်းမှာသိုင်းပညာသင်ဖို့အပ်ခဲ့တယ်။ ရန်ကော့ရဲ့အဖေရန်ခန်းရဲ့လုပ်ရပ်တွေကြောင့်
ရန်ကော့ကိုမုန်းနေကြတဲ့ချွမ်ကျန်းဂိုဏ်းသားတွေကြောင့်
ရန်ကော့ကလူသတ်မှုနဲ့အပြစ်တင်စွပ်စွဲခံရပြီး ပြေးလွှားရင်းနဲ့
တားမြစ်နယ်မြေမှာရှိတဲ့ ရှောင်လုံနွီဆီရောက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ရန်ကော့ရဲ့ဘဝခရီးကိုစတင်ပါတော့တယ်
ရုပ်ရှင်ဗားရှင်းမှာ ဘယ်လိုကွဲပြားတဲ့တင်ဆက်ပုံတွေနဲ့
တင်ဆက်မလဲ...ဒီထဲမှာရော 2025 ရသေ့က မျက်စိစည်းသွားဦးမလားဆိုတာ.
2
Leroy & Stitch [2006]

ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို
မရလိုက်ဘဲထောင်ကျသွားတဲ့
Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီးပြန်ကယ်လိုက်ပါတယ်။

Lilo နဲ့ Stitch ကတော့အလေအလွင့်ဖြစ်ပြီး
ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။

Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ်ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။

ဒါပေမယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက
ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။

ငိုချင်လျက် လက်တို့
ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ပြန်ဖျောင်းဖျလိုက်ရပါတယ်။

Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီးသိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့စရာပါပဲ။

ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo လက်အောက်ရောက်သွားတာမို့လို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့လုပ်တော့မှာပါ။

ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကိုဝင်စီးပြီး Stitch နဲ့အလားတူ နောက်ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။

၆၂၅ ကောင်ကိုမရလိုက်တဲ့ အခဲမ
ကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော်ထုတ်ပြီး Hamstervielတစ်ယောက် အာဏာလုပါတော့တယ်။

သတိရလို့ Video call ခေါ်လိုက်တဲ့အခါအရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ Stitch ကို Lilo သတိထားမိသွားပြီးနောက်မှာတော့ ….
Bat War (2024)

ဖောင် အဖြစ် Kao Jirayu
ချက် အဖြစ် Peach Pachara
ကဲအိုတာ အဖြစ် Jorin Khumpiraphan

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ထိုင်းဂီတယဉ်ကျေးမှုတွေနဲ့ နိုင်ငံတည်ထောင်ချင်တဲ့ခေါင်းဆောင်က ထိုင်းဂီတကို ခွင့်ပြုချက်မရှိဘဲ လူတိုင်း တီးခတ်ခွင့်မရှိအောင် လုပ်ထားခဲ့တယ် ခွင့်ပြုချက်မရှိ တီးမိတဲ့သူတိုင်းကိုလည်း ထိထိရောက်ရောက် အရေးယူခဲ့တဲ့အချိန်ကာလတခုမှာ……

ဖောင် ချက် နဲ့ ကဲအိုတာတို့ သူငယ်ချင်း ၃ ယောက်က ဆရာဒမ်ဂီတကျောင်းလေးမှာ ဝါသနာပါရာတူရိယာတစ်ခုကို သင်ကြားခဲ့ကြတယ် အရွယ်ရောက်လာတဲ့ချိန်မှာ ဖောင်က စစ်ဗိုလ်မှူးဖြစ်သွားပြီး ချက်နဲ့ကဲအိုတာတို့က ဝါသနာပါရာဂီတကို ဆက်လက်လုပ်ခဲ့ကြတယ်

မထင်မှတ်ဘဲ ဗိုလ်မှူးဖောင်က တရားမဝင်ဂီတလုပ်သူတွေကို ဖမ်းဆီးဖို့ အမိန့်ရလာတဲ့အခါ ငယ်စဉ်က သူငယ်ချင်းတွေနဲ့ အတူတူ တက်ခဲ့တဲ့ ဂီတကျောင်းပါ ဖမ်းဆီးဖို့စာရင်းထဲပါလာတဲ့အခါ …..

ဗိုလ်မှူးဖောင် အထက်အမိန့်အတိုင်းပဲ ဖမ်းဆီးနိုင်မှာလား ချက်နဲ့ကဲအိုတာတို့လည်း ဂီတအတွက် ဘယ်လိုတိုက်ခိုက်ယူကြမလဲဆိုတာကို ထိုင်းရိုးရာဂီတတွေကို ဦးစားပေးရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးကို ASH မှာ ကြည့်ရှူ့နိုင်ပါပြီ

( ဇာတ်လမ်းအကျဉ်းကို Chit Myat Noe မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Little

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#BatWar #BatWarThaiMovie
#AshChannel #AshThai
#Ash #AshThaiMovie
#AshTMovies