Parastree [2023]
IMDb 6.1/10
(Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက်မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ)
သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်
အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး
ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ်
ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့
အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား...
(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်)

👍1
JOHNNY PUFF
Review 🗒
ကလေးလူကြီး အကြိုက် ချစ်စရာ ပင်လယ်ပျော် ငှက်နှုတ်သီးနီလေးတွေရဲ့ စွန့်စားခန်း ကာတွန်းကားတစ်ပုဒ်နဲ့ GC ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။
ပင်လယ်ဓားပြကားနဲ့ ပရိသတ်ရင်ထဲ စွဲကျန်ရစ်တဲ့ မင်းသားကြီး Johnny Depp နောက်ခံစကားပြောထားပြီး အာတိတ်သမုဒ္ဒရာရဲ့ ရေခဲပြင်မှာ ကျက်စားနေထိုင်တဲ့ ချစ်စရာအကောင်လေးတွေနဲ့ ဇာတ်ကြောင်းပြောပြတဲ့ animation ကားပဲ ဖြစ်ပါတယ်။
ရော့ခ်စတားဟောင်းကြီးဖြစ်တဲ့ Johnny Puff က ဘဝကို ဂီတနဲ့ပဲ အေးဆေးဖြတ်သန်းနေတယ်။ သူ့မှာ အရမ်းတက်ကြွပြီး မနေမနား ပွေလီနိုင်တဲ့ သူငယ်ချင်း 4 ယောက်လည်း ရှိတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် ကူညီရိုင်းပင်းကြတယ်။
သူတို့မြို့မှာပဲ သိပ္ပံနဲ့ နည်းပညာနဲ့ အရမ်းစိတ်ဝင်စားပြီး မကောင်းတဲ့ဘက်ခြမ်းကို ပိုအားသာတဲ့ ပင်လယ်ဖျံကြီး တစ်ကောင်လည်း ရှိနေတယ်။
Johnny တို့ သူငယ်ချင်းတွေ လျှောက်သွားမှ ကံကြမ္မာတစ်ဆစ်ချိုးပြောင်းမယ့် အရေးဖြစ်လာတယ်။ နဂိုတည်းကမှ လက်လက်ထ သွက်လက်တဲ့ သူတွေ စွမ်းအင်တွေ ရရှိသွားပါတော့တယ်။

Ruben Brandt, Collector [2018]
Review 🗒
သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ
ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ ပါးစပ်ငါးခုတွေ မျက်လုံးသုံးလုံးငါးလုံး two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ
ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ
ဒါ့အပြင် စုံထောက်စတိုင်တွေ actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါ

Golden Escape (2022)
အကြွေးတွေပိနေတဲ့ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Zhong Zheng တစ်ယောက်ဟာ
အချိန်မှီအကြွေးတွေမဆပ်နိုင်တဲ့အတွက် ကြံရာမရဖြစ်နေပါတယ်။
အဲဒီအချိန်မှာပဲ ဘိုးဘွားအမွေရွှေချောင်းတွေရှိကြောင်းသိလိုက်ရပြီး
ရွှေတူးဖို့ကြံစည်ပါတော့တယ်။
ဖြစ်ချင်တော့ ဘိုးဘွားအိမ်အဟောင်းနေရာကို
ကိုလိုခေတ်နီခေတ်မှာ အင်္ဂလိပ်ပိုင်သိမ်းလိုက်ပြီး
လက်ရှိမှာ အကျဉ်းထောင်ဖြစ်နေတော့
Zhong Zheng မှာသားရဲတွင်းထဲခုန်ချရသလိုပဲပေါ့။
ဘိုးဘွားပိုင်ရွှေချောင်းတွေကိုရှာဖို့စတောင်မစရသေးခင်မှာပဲ
ထောင်တွင်းဂိုဏ်းစတား၂ယောက်ဖြစ်တဲ့ Brother Xieနဲ့
Brother Da Biao တို့အင်အားပြိုင်မှုထဲကို
ဆွဲထည့်ခံရတော့ အလူလူအလဲလဲပေါ့။
အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့
ညီအကိုချင်းသစ္စာတရားကိုအလေးထားတဲ့
Brother Xie ကိုပြောပြပြီး အတူရှာကြပါတယ်။
သူတို့၂ယောက်အတူ ရွှေချောင်းကိုရှာတွေ့မလား
ရက်စက်ယုတ်မာတဲ့ Da Biao ရန်ကနေဘယ်လိုရင်ဆိုင်ကြမလဲ
ဆိုတာကို သွေးသန်ရဲရဲ ပီပြင်တဲ့တိုက်ခိုက်ချက်တွေနဲ့ ကြည့်ရမှာပါ။

🌺ရောင်စုံပန်းခင်းလယ်က သူမ၏ပုံပြင်
好东西 (Her Story) 2025 Movie 🌺
လာပြီဗျိုDouban Rating 9.1 ထိ ရထားတဲ့ ရုပ်ရှင် ကောင်းမကောင်းဆိုတာ အပြေးသာ လာကြည့်ကြပါတော့
ဇာတ်လမ်းအကျဉ်း
🌺တစ်ကိုယ်တည်းသမား မိခင်တစ်ယောက်ဖြစ်တဲ့ Wang Tie Mei ဟာ သူမရဲ့အလုပ်ကို ဆုံးရှူးလိုက်ရပြီးနောက်မှာ အိမ်ပြောင်းခဲ့ပြီး အိမ်နီးနားချင်းမိန်းကလေး Xiao Ye နဲ့ ဆုံမိခဲ့ပါတယ်
🌺Xiao Ye အပြင်ပန်းက တောက်ပတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ အတွင်းမှာတော့ စိတ်ဓာတ်ကျ ဝမ်းနည်းနေသူတစ်ယောက်ပါ
🌺 နှစ်ဦးသားဟာ တိတ်တဆိတ်နဲ့ ခင်မင်ရင်းနှီးလာခဲ့ကြပါတယ်
🌺Wang Tie Mei ရဲ့ ပတ်ဝန်းကျင်မှာ တဝဲလည်လည်လုပ်နေတဲ့ ခင်ပွန်းဟောင်းဟာ အမြဲပြဿနာ ရှာတတ်ပြီး တစ်ဖက်မှာ သမီးဖြစ်သူရဲ့ ဒရမ်တီးဆရာက သူမကို ဖြစ်နိုင်ချေအသစ်တွေနဲ့ မျှော်လင့်ချက်ကို ခံစားမိစေပါတယ်
🌺အချစ်နဲ့ဘဝထဲကို ကျူးကျော်ဝင်ရောက်လာသူ အကြားမှာ နယ်စိမ်းအမျိုးသမီးနှစ်ဦးဟာ ဘယ်လိုတွေးခေါ်ဆုံးဖြတ်မှုတွေနဲ့ ရင့်ကျက်ကြီးပြင်းလာမလဲဆိုတာ ...

The Curse Of The Necklace (2024)
"Davis"မိသားစုဟာ အခက်အခဲတချို့ကို ဖြတ်သန်းနေရတဲ့အချိန်~
"Laura"နဲ့ "Frank"ဟာ တစ်ချိန်က ချစ်ခဲ့ကြတဲ့ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးသာယာခဲ့ကြပေမဲ့လည်း အချိန်ကြာလာတော့ "Frank"ရဲ့ အရက်ကြောင်ပြဿနာကြောင့် "Laura"ဟာ "Frank"ကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်။
မိသားစုအဆင်ပြေဖို့အတွက် "Laura"ဟာ သူနာပြုအလုပ်ကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ "Frank"ကလည်း သူ့အမှားသူသိပြီး "Laura"ကို ပြန်ချော့ဖို့အတွက် လည်ဆွဲလေးတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။
"Laura"ကတော့ "Frank"ကို ခွင့်မလွှတ်ချင်တဲ့အတွက် လက်ဆောင်ပေးတဲ့လည်ဆွဲကို လက်မခံခဲ့ပါဘူး။အဲဒါကြောင့် "Frank"ကလည်း လည်ဆွဲကို "Laura"တို့ အိမ်ရှေ့မှာ ထားခဲ့ပါတယ်။
ဒါပေမဲ့ ပစ္စည်းတိုင်းမှာ အကောင်းအဆိုးဆိုတာ ရှိသလိုပဲ။
လည်ဆွဲမှာ နှစ်ပေါင်းများစွာ အချုပ်ခံထားရတဲ့ ဝိညာဥ်ဆိုးတစ်ကောင် ရှိလို့နေပါတယ်။
ဒါကို မသိနားမလည်တဲ့ "Laura"ရဲ့ သမီးနှစ်ယောက်က ဒီလည်ဆွဲကို ယူမိရာကနေ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်✨
အညွှန်းရေးသားသူကတော့ "Alia" ဖြစ်ပါတယ်ရှင့်🍏

The Hypnosis [2024]
ဒီတစ်ခါမှာတော့ ထူးကဲဆန်းပြားပြီး ဟာသနှောထားတဲ့ The Hypnosis ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လူငယ်စီးပွားရေးလုပ်ငန်းရှင်အတွဲလေးဖြစ်တဲ့ André နဲ့ Veraတို့က ဩဇာတိက္ကမပြိုင်ပွဲလေးတစ်ပွဲမှာ အမျိုးသမီးကျန်းမာရေးအက်ပ်တစ်ခုကို ဇောင်းပေးမဲ့ အခွင့်အရေးရလာပါတယ်။ အဲဒီပွဲကိုမသွားခင် Veraဟာ ဆေးလိပ်ဖြတ်ဖို့အတွက် အိပ်မွေ့ချကုထုံးကို စမ်းကြည့်ခဲ့ပါတယ်။
ကုထုံးရဲ့အကျိုးဆက်အနေနဲ့ Veraတစ်ယောက် စိတ်သဘောထားပြောင်းလဲလာပြီး Andréဟာလည်း မမျှော်လင့်ထားတဲ့လုပ်ရပ်မျိုးတွေ စလုပ်လာပါတော့တယ်။
အိပ်မွေ့ချကုထုံးဆရာမရဲ့သရုပ်မှန်က ဘာများဖြစ်နေမလဲ... Veraရဲ့ စိတ်အခြေအနေကရော ဘာလို့များ ပြောင်းသွားရတာပါလဲ... သူတို့နှစ်ဦးကရော နဂိုပုံစံကိုပြန်ရနိုင်ပါ့မလားဆိုတာ Soulkingdomမှာ စောင့်မျှော်ကြည့်ရှူပြီး အတူတူခွီလိုက်ကြရအောင်နော်
(အညွှန်းရေးသားသူကတော့ Yuan ဖြစ်ပါတယ်)

Killer Soup [2024]
မိန်းမတွေ ဘယ်လောက် ဉာဏ်နီဉာဏ်နက်များမများ သိချင်ရင်တော့ Netflix က ယခုမှထွက်ရှိထားတဲ့ Killer Soup ဆိုတဲ့ Series လေး ကြည့်ဖို့ပြောပါရစေ။
IMDb rating အနေနဲ့လည်း (6.2) ရရှိထားပြီး B-Town မှစုံထောက်ဇာတ်လမ်းကြိုက်တဲ့ ပရိသတ်ကြီးတို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
လင်ငယ်နေတဲ့ မိန်းမတစ်ယောက် လင်ကြီးနဲ့ ပက်ပင်းမိသွားချိန် မတော်တဆ လင်ကြီးကို သတ်မိလိုက်ပြီး ဘယ်လို မာယာတွေ ၊ ဉာဏိနီဉာနက်တွေနဲ့ ဖုံးကွယ်မလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။
ဆွာသီဆိုတဲ့ အမျိုးသမီးက ပရက်ဟာကာဆိုတဲ့ ခင်ပွန်းရယ် 18 နှစ်အရွယ်သားတစ်ယောက်ရယ်နဲ့ အိမ်ရှင်မလုပ်နေရပါတယ်။
သူက ဟင်းချက်အလွန်ဝါသနာပါပြီး ဆိုင်ဖွင့်ချင်ပေမယ့် ယောက်ျားက အကုန်လိုက်ပိတ်ပင်တာကြောင့် သူ့ဘဝက မွမ်းကြပ်နေရှာပါတယ်။
ယောက်ျားက အလုပ်သွားလိုက် KTV သွားလိုက်ဆိုတော့လည်း အထီးကျန်တဲ့ ဆွာသီလည်း အနိုပ်သည် အူမက်ရှ်နဲ့ ဖောက်ပြန်မိပါတယ်။
ပရက်ဟာကာက အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်း တစ်ရက်စောပြီး ပြန်လာချိန်မှာတော့ ဆွာသီတို့နဲ့ လက်ပူးလက်ကြပ်မိပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ မတော်တဆ ပရက်ဟာကာကို သတ်မိလိုက်ပါတယ်။
ဒါနဲ့ပဲ မထူးဇာတ်ခင်းရတော့မယ့် အခြေအနေကို ရောက်လာတော့ ဆွာသီလည်း လင်ကြီးအလောင်းကို လက်စဖျောက် ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းမည်အကြံနဲ့ ရဲတွေကို မလိမ့်တပတ်လုပ်ပါတော့တယ်။
ဆွာသီတစ်ယောက် ရဲတွေကို ဘယ်လောက်ကြာကြာ လှည့်စားထားနိုင်မလဲ။
သူ့ရဲ့ အကြံအစည်တွေရော အောင်မြင်နိုင်ပါ့မလားဆိုတာကတော့.....

Everything Is Unknown [2023]
လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်…
နောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်…
ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်…
လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့
…ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်…
ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လိုနေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်…
ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယားမသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့…
ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ…ကလေးကရော ဘာရောဂါဖြစ်နေတာလဲ
#Credit

The Blind [2023]
အမေရိကန် တီဗီစတား ဖေးလ်ရောဘတ်ဆန်ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်
ဖေးလ်ဟာ နာမည်ကြီးတစ်ယောက်မဖြစ်ခင်က အရမ်းဆိုးသွမ်းပြီးမိသားစုမှာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယေဦက်ဖြစ်ခဲ့ပါတယ်
သူ့ရဲ့ မိုက်ရူးရဲဆန်မှုကြောင့် မိန်းမ၊ ကလေး ၃ ယောက်နဲ့လည်း ကွဲခဲ့ရပြီး တောထဲမှာတစ်ယောက်ထဲ အမဲလိုက်မူးရူးနေတဲ့ အရူးကြီးတစ်ယောက်အထိဖြစ်ခဲ့ပါတယ်...
ဘာသာရေးဆရာတစ်ဦးနဲ့တွေ့ပြီး ယေရှုဆီမှာ အပြစ်ဝန်ခံဆေးကြောသန့်စင်ပြီးမှလူကောင်းတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်လာကာအောင်မြင်တဲ့လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် တီဗီစတားတစ်ယောက် ဖြစ်လာခဲ့တဲ့
အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။

Alangu (2024) မျှော်လင့်ချက်နဲ့ အသက်ဆက်
သည်းထိတ်ရင်ဖိုနှစ်ခြိုက်တဲ့ ပရိတ်သတ်တွေနဲ့ ခွေး လေးတွေချစ်တတ်သူတွေ၊တောတောင်ရေမြေရှုခင်း သဘောကျသူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
"လူတွေနဲ့တိရိစ္ဆာန်လေးတွေ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ဒီလောကကြီးမှာ
အားလုံးကရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရသူချည်းပါပဲ။
ဘာဖြစ်ဖြစ် အသက်သာဆက်ရှင်နေပါ၊ လက်မလျှော့ပါနဲ့၊ကျန်တာကိုသစ်တောတွေနဲ့တောတောင်တွေက ဂရုစိုက်ပေးပါလိမ့်မယ်တဲ့"
ဒါမာဆိုတဲ့ တမီးလ်မျိုးနွယ်စုတစ်ခုကကောင်လေးက သူ့ခွေးလေးကာလီကိုအားပေးနှစ်သိမ့်တဲ့စကားလေးနဲ့အစပျိုးထားပါတယ်။
ဒါမာနဲ့သူ့ခွေးလေးတို့ တွေ့ဆုံဖြစ်ကြပုံက ဒီလိုပါ။
ဒါမာတို့ကို အထုပ်လေးတစ်ထုပ်ပစ်ခိုင်းလို့ သွားပစ်ရာကရောဂါပိုးကူးခံထားရလို့ စွန့်ပစ်ခံရတဲ့ခွေးလေးဖြစ်နေပြီးအသက်ရှင်နေသေးတာကို တွေ့သွားပါတယ်။
ဒါနဲ့သူလည်းခွေးလေးကို တောထဲလွှတ်ပေးလိုက်ပေမဲ့
ခွေးလေးက ဒါမာအိမ်ပြန်တဲ့လမ်းထိ လိုက်ပါလာလေရဲ့။
အဲဒီလိုနဲ့သူလည်းခွေးလေးကိုမွေးဖြစ်သွားပြီး ကာလီလို့နာမည်ပေးခဲ့ပါတယ်။
ဒါမာတို့မျိုးနွယ်စုဟာ အနည်းငယ်သောလူနည်းစုလေးပေါ့။
သူတို့နေထိုင်ရာနေရာလေးဟာ ဆေးရုံမရှိ၊ လမ်းမရှိမို့ အားလုံးကရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကုန်ကြပေမဲ့
ဒါမာတို့မိသားစု ၇ခု၈ခုကပဲ ကျန်ရစ်နေခဲ့ပါတယ်။
သူတို့ဟာရိုးရာအရ နှစ်တိုင်း တောင်ထိပ်တက်ပြီး ပူဇော်မှုတွေ ပြုလုပ်နေကျပါ။
အဲဒီအခါ နယ်စပ်လေးကိုဖြတ်သွားရချိန် နယ်စပ်အစောင့်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ရက်စက်မှုတွေကို ကြုံတွေ့ရတာ ထုံးစံလိုဖြစ်နေရာက ပိုဆိုးလာပါပြီ။
တစ်နေ့သူ့အမေရဲ့ဆန္ဒကြောင့် သူငယ်ချင်းတွေရယ် ခွေးလေးကာလီရယ်နဲ့အတူတစ်နေရာသွားဖို့ဖြစ်လာပါတော့တယ်။
သူတို့မျိုးနွယ်စုကို ဘယ်လိုဆက်လက်ထိန်းသိမ်းမလဲ၊
နယ်စပ်ကြားနိုင်ငံရေးပြဿနာအစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ၊ ဒါမာနဲ့ခွေးလေးကာလီတို့ကရော
ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။
အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

" Phu Bao Thai Bahn E-Saan Juad " [2021]
ခိန် အဖြစ် Oabnithi Wiwattanawarang
ဖိန် အဖြစ် Nitchanun Intarasorn
ဇာတ်လမ်းအကျဥ်း...
မြို့ကြီးပြကြီးမှာ ၂နှစ်လောက်အလုပ်လုပ်ခဲ့ပြီး ငြီးငွေ့စပြုလာတဲ့ "ခိန်"ကတော့အလုပ်ထွက်ပြီး သူ့မွေးရပ်မြေမှာအသေးစားစီးပွားရေးလုပ်မယ်ဆိုပြီး အိမ်ပြန်လာခဲ့ပါတယ်။
အယ်ဇိုင်းမားဖြစ်နေတဲ့အမေအိုကိုပြုစုဖို့အတွက် အိမ်ပြန်လာတော့ လုပ်ငန်းစလုပ်ဖို့ရာအတွေးများနေခဲ့ပါတယ်။
"ခိန်"သူငယ်ချင်း ဆံသဆရာပီတာဆီသွားပြီး ရင်ဖွင့်ရာကနေညနေရောက်တော့ အရက်ဆိုင်မှာပျော်ပါးရာကနေ "ဖိန်"နဲ့အမှတ်မထင်တွေ့ခဲ့တာပါပဲ။
"ဖိန်"ကတော့ ဂျပန်အလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ စက်ရုံအလုပ်သမားပါပဲ။
"ဖိန်"မှာ "မန်း"ဆိုတဲ့သူ့ချစ်သူနဲ့ပြဿနာတက်နေလို့ လေလွင့်နေတဲ့အချိန်ပါပဲ။
"ခိန်"ကလည်း အရက်ဆိုင်မှာတွေ့ခဲ့တဲ့ "ဖိန်"ကိုကြိုက်ပြီး စလိုက်ခဲ့ပေမယ့် "ဖိန်"ကတော့ "ခိန်"ကိုသူ့ကောင်လေးနဲ့အဆင်ပြေအောင်လုပ်ဖို့သုံးတဲ့ လိုသုံးလို့ပြောရင်မမှားပါဘူး။ "
ခိန်"ကတော့မသိဘဲနဲ့ သူ့အနာဂတ်မှာဘယ်လိုကြိုးစားမယ်ကအစ "ဖိန်"နဲ့တိုင်ပင်ခဲ့ပါတယ်။
တကယ်ပဲ"ခိန်"ကလိုသုံးဖြစ်သွား
မလား၊ "ခိန်"ဖွင့်ချင်တဲ့လုပ်ငန်းအသေးစားကရောအောင်မြင်သွားမလား၊ "ဖိန်"ကရော ဂျပန်သွားနိုင်ပါ့မလား၊"ဖိန်"နဲ့"ခိန်"ရဲ့ ဆက်ဆံရေးကရောဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာတော့ ဒီအချစ်ဟာသကားကို ဆက်လက်ကြည့်ရှုပေးဖို့ပြောချင်ပါတယ်ခင်ဗျာ။
( ဇာတ်လမ်းအကျဉ်းကို Awn Kham Merng မှ ရေးသားပေးထားပါတယ် )
Subtitle By - Awn Kham Merng
Encode By - Lwin Htoo Aung
Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။
#PhuBaoThaiBahnESaanJuad
#AshChannel #Ash

Pawn Shop Chronicles [2013]
Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။
ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်
မထင်ပါနဲ့Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး(နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့
မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ်မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။
ကဲ ဇာတ်လမ်းအကြောင်းပြောမယ်…ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီးထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။
အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။
အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီးမတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။
အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့်တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။
ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေးဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီးဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆိုဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင်သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာလွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။
ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီးဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်ကပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံးလိုက်ရှာတာကို ကြည့်ရမှာပါ။
အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ်လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီးသူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူဒါပေမဲ့ ငတ်ပြတ်နေပြီး ဆီဖိုးကို မရှိတော့ပါဘူးဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန်ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။
ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်
။တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါတချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ်ဇာတ်ကွက်ဆန်းတယ်
မထင်ထားတာမျိုးမှ လုပ်ပြတာမျိုးပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။

👍2
Only [2019]
ကျွန်တော်တို့ ကိုဗစ်ကာလကို
ပြန်တွေးကြည့်ကြရအောင်
တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊တစ်ခုခုကိုင်ပြီးရင်
လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။
တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာအိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်းအသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊
၊ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊
ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊
အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီးအဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊
ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိအသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊
ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊
၊ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေနေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊
မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊
အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက်အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊
အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊
အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊
ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာအေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊
ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက်မွန်းကြပ်လာတယ်၊၊
ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့်အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊
ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာလေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကိုဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Jameelante Poovan Kozhi 2024 ချစ် ချစ် ချစ်
သူငယ်ချင်း ၂ယောက် ရေငုပ်ပြိုင်ကြတယ် ကြာကြာငုပ်ပြီးနိုင်တဲ့ကောင်က၂ယောက်လုံးလိုက်နေတဲ့ကောင်မလေးကို ဆက်လိုက်ခွင့်ရှိမယ် ရှုံးတဲ့ကောင်ကတော့ နုတ်ထွက်ရမယ်ပေါ့
ဒီလိုနဲ့ရေငုပ်ပြိုင်ရင်းအတော်ကြာတဲ့အထိ သူငယ်ချင်းကပေါ်မလာခဲ့ပါဘူး အရင်ပေါ်လာတဲ့တစ်ယောက်ကတော့ အကူအညီတွေခေါ် အသိတွေဖုန်းပတ်ဆက်ပြီး
ကယ်ဆယ်ရေးတွေလွှတ်ခိုင်း သေပြီထင်ပြီး ဗလီကနေ ကြေညာတဲ့လူက ကြေညာနဲ့ပေါ့ရေနစ်သွားတဲ့လူက ရှာနူတဲ့ သူ့အကြောင်းကိုပြောရမယ်ဆိုရင်တော့
မိန်းမပွေတဲ့ကောင်တစ်မြို့လုံးကမိန်းမတွေက သူရှိရင်အတော်ကြီးသတိထားကြရတယ် တွေ့တဲ့မိန်းမကိုလိုက်ကြောင်ပေမဲ့ ဘယ်သူကမှ ပြန်မကြိုက်တဲ့ လူရှုပ်လူပွေပေါ့အခုလည်းကြည့်လေ ရေငုပ်ပြိုင်ရင်း ကမ်းစပ်မှာရေချိုးနေတဲ့စော်လေးကိုသွားကြောင်တာ
သေပြီဆိုပြီး ရပ်သိရွာသိတွေဖြစ်ကုန်တဲ့အထိပါပဲ
ဘဝကိုဒီလိုပျော်ပျော်ကြီးနေလာပေမဲ့ သူကြောက်တာကတော့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ သူ့အမေပါ ဒီလိုနဲ့တစ်နေ့ အကြောင်းမကြား အသိမပေးဘဲ အမေဖြစ်သူက စပရိုက်စ်ဆိုပြီးသူ့ဆီရောက်ချလာတဲ့အခါမှာတော့ ပေါ့ပေါ့နေခဲ့တဲ့သူ့ဘဝကြီးဘယ်လိုတွေဟန်ဆောင်ပန်ဆောင်နဲ့ ကမောက်ကမတွေဖြစ်ကုန်မယ်ဆိုတာဟာသတွေနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ် )

" The Wall " [2018]
ဒီရုပ်ရှင်ဟာ Bangkok ASEAN Film Festival မှာဆုရရှိခဲ့တဲ့ တစ်ခုတည်းသောထိုင်းရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Boonsong Nakphoo ဖြစ်ပြီး ဇာတ်လမ်းထဲမှာလည်း သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်ရှင်ဟာ Fiction နဲ့ Documentary ကိုရောနှောတင်ပြထားတဲ့အတွက်ကြောင့် သာမန်ရုပ်ရှင်တွေထက် တင်ပြပုံထူးခြားနေပါလိမ့်မယ်။
ဇာတ်လမ်းအကျဥ်းကတော့...
ဆွတ် ဆိုတဲ့ခေါင်းမာတဲ့ ဒါရိုက်တာတစ်ယောက်။
ငွေအတွက်မဟုတ်ဘဲ ဝါသနာကြောင့်ရုပ်ရှင်တွေဖန်တီးနေတဲ့သူ။
သူဟာသူ့ဘဝဇာတ်ကြောင်းကိုရုပ်ရှင်ရိုက်ချင်တာကြောင့် မွေးရပ်မြေဆီတစ်ခေါက်ပြန်လာခဲ့ပါတယ်။
သူဟာ ငယ်စဥ်ဘဝကဆင်းရဲလွန်းတာကြောင့် သာသနာ့ဘောင်ဝင်ခဲ့ရပေမယ့် သူဟာတရားအားထုတ်ဖို့ထက် ရုပ်ရှင်တွေကိုသာသဘောကျသူပါ။
သူ့ရဲ့အတိတ်အကြောင်းနဲ့လက်ရှိအခြေအနေကိုတစ်လှည့်စီပြထားပြီး သူ့ရဲ့ခံယူချက်နဲ့အိပ်မက်တွေအကြောင်းကိုပြောပြထားတာမို့ သူပြောပြချင်တဲ့အကြောင်းအရာတွေကိုရုပ်ရှင်ထဲမှာခံစားကြည့်ရှုလိုက်ရအောင်။
( ဇာတ်လမ်းအကျဉ်းကို Mikasa မှ ရေးသားပေးထားပါတယ် )
Subtitle By - Mikasa
Encode By - Lwin Htoo Aung
Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။
#TheWall

Epitaph [2007]
Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦးရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး
ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်
ဒီကားအတွက် ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်
ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က
ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှအရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် .
သူ ငယ်စဉ်ကတည်းက မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်
မိဘချင်း သဘောတူထားသော်လည်း Jung Nam
တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ .
တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း
သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်..
ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လြန္စြာလွပတဲ့ သူလေးဖြစ်တော့ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်
အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ .

Miss Hammurabi (2018)
ဒီ drama လေးက မတူညီတဲ့ တရားသူကြီး ၃ယောက်အကြောင်းဖြစ်ပြီး
နေ့စဉ်လူနေမှုဘဝမှာ မည်သူ့မှာမဆို ဖြစ်ပွားနိုင်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ရပ်လေးတွေကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်.....
စိတ်လှုပ်ရှားလွယ်တဲ့စိတ်ဝါဒဆန်တဲ့တရားသူကြီးအသစ်လေး ပတ်ချာအို့ရွမ်း (Go Ara)
သူကစည်းမျဉ်းစည်းကမ်းတွေနောက်မျက်စိမှတ်လိုက်နာတာထက်ကိုဓဥပဒေကို လက်ကိုင်ထားပြီး (မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး) ၊
အပြစ်ကြီးရင် ကြီးသလို ၊ အပြစ်ပေါ့ရင် ပေါ့သလို ပြစ်ဒဏ်ချမှတ်ဖို့ စိတ်ကူးသူ
အနေအေးပြီး စည်းမျဉ်းစည်းကမ်းတွေအတိုင်း (စာအုပ်ကြီးအတိုင်း) တသဝေမတိမ်းလုပ်ဆောင်တတ်တဲ့ တရားသူကြီး အင်ဘာရွန်း (Infinite L)
သုံးယောက်ထဲမှာ ခေါင်းဆောင်လည်းဖြစ် အတွေ့ကြုံလည်းရှိပြီး လက်တွေ့ဆန်တဲ့ အကြီးတန်းတရားသူကြီးမင်း ဟန်ဆယ်ဆန်း ( Sung Dong Ii)
ကျောင်းသားဘဝ အတန်းဖော်တွေကနေ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ပြန်တွေ့ကြတဲ့အခါမှာ.....
လုံးဝမတူခြားနားတဲ့ ပတ်ချာအို့ရွမ်းနဲ့အင်ဘာရွန်း
အဲ့ခြားနားမှုတွေကနေ တဖြည်းဖြည်း ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ တရားစီရင်မှုတွေကို အထောက်ကူဖြစ်စေမလဲ
သူတို့ ၂ဦးလည်း တရားစီရင်မှုတွေ ၊ အတွေ့ကြုံတွေကနေ ဘယ်လို လူပီသလာကြမလဲ....
တရားသူကြီး ၃ယောက် ဘယ်လို တရားခွင်တွေနဲ့ကြုံရပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာအပြင်
Go Araနဲ့ Infinite L ရဲ့ အတွဲညီညီနဲ့ ငြီးငွေ့ဖွယ်မကောင်းဘဲ စိတ်ဝင်စားစရာကောင်းအောင် ဘယ်လိုတွေ သရုပ်ဆောင်ကြမလဲဆိုတာတော့

Fukery 3 [2023]
၂၀၁၃ နဲ့ ၂၀၁၇ မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့လူငယ်ဟာသကား Fukery ရုပ်ရှင်ရဲ့ အပိုင်း ၃
ဒီနေ့ထွက်လာလို့ စာတန်းထိုးတင်ဆက်လိုက်ပါတယ်။
Fukrey 3 က ပထမ၂ကားလိုပဲ Box Office မှာကုဋေ ၁၂၀ နီးပါးရပြီး Super Hit ဖြစ်ထားသလို
IMDb rating 7.7 ရထားပါတယ်။
ဒီတစ်ခါ Fukrey 3 က မထင်မှတ်ထားတဲ့ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ပေါ့ပေါ့ပါးပါး
ရယ်မောလို့ရအောင် ဇာတ်ကို မြုးမြုးလေးဖန်တီးထားတာပါ။
လုပ်တိုင်းလွဲ ကြံလိုက်တိုင်းကွဲရတဲ့
Pankaj တို့ လေးယောက်ရဲ့ဘဝဟာ ဖွတ်ကအဘခေါ်ရလောက်အောင် မွဲတေလွန်းနေပါတယ်။
ဒါပေမဲ့ ကံအကောင်းအကြောင်းလှလို့ တစ်နေ့မှာမထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့်
သူတို့ထဲက တစ်ယောက်ကို လူထုကစိတ်ဝင်စားလာခဲ့ပါတယ်။
ကံဇာတာတွေများ တက်ချင်တော့
ဘာမှအသုံးမကျတဲ့ဘဝကနေ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့အထိ အကြောင်းဖန်လာခဲ့ပါတယ်။
ဒါပေမဲ့တစ်ဘက်မှာလည်း ဒီပြည်နယ်ရဲ့ ခြိမ်းခြောက်မှု
တစ်ခုဖြစ်တဲ့ ရေစည်သူခိုး ဂိုဏ်းစတားတွေကဆူပူထကြွနေတာပါ။
နိုင်ငံရေးအကြောင်း နကန်း
တစ်လုံးမသိတဲ့ သူတို့လေးယောက်နဲ့ မာဖီးယားဂိုဏ်းကြီးတို့ ထိပ်တိုက်ရင်ဆိုင်ပတ်သတ်မိချိန်
ဘယ်လိုအလွဲတွေဖြစ်ပြီး ရှေ့လက်ကြမလဲဆိုတာကို
ဆက်ပြီးကြည့်ရှုပေးကြပါ။

Yaariyan [2014]
အခုတစ်ခေါက်ပြောပြပေးသွားမှာတော့ အိန္ဒိယနိုင်ငံကတက္ကသိုလ်ကျောင်းသားတွေရဲ့ သူတို့ကျောင်းကြီးကိုကယ်တင်ဖို့ ဘယ်လိုတွေယှဉ်ပြိုင်ကြိုးစားခဲ့ကြလဲ
ဆိုတာကို ရိုက်ကူးထားတယ့်ဇာတ်ကားကောင်းလေးအကြောင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် သူငယ်ချင်းကြားကသံယောဇဉ်၊အချစ်၊အလွမ်းစတဲ့
ခံစားမှုရသပေါင်းစုံကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လက်ရှာနဲ့သူရဲ့ငယ်သူငယ်ချင်းတွေဖြစ်တဲ့ဒီဘူတို့က အတူတူကြီးပြင်းလာကြရင်း အရွယ်ရောက်လာတယ့်အခါမှာတော့
ဒီဘူကဩစတြေးလျကိုပညာသင်ထွက်သွားခဲ့ပြီး လက်ရှ်ကတော့ အိန္ဒိယကကျောင်းတစ်ခုမှာပဲပညာဆက်သင်ခဲ့တယ် တစ်နေ့တော့လက်ရှ်တို့ကျောင်းက
မိန်းကလေးအဆောင်ကို ဩစတြေးလျကအဖွဲ့တစ်ခုကသိမ်းလိုက်ပြီး အဲ့နေရာမှာဟိုတယ်နဲ့ကာစီနိုရုံဆောက်ဖို့ပြင်ကြတယ် အဲ့ဒီအချိန်မှာတော့
ကျောင်းအုပ်ကြီးက သူရဲ့ကျောင်းကိုကယ်တင်နိုင်ဖို့အတွက် ဩစတြေးလျကလူတွေနဲ့ပြိုင်ပွဲတစ်ခုကိုယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အဖွဲ့ရဲ့ဆန္ဒကိုဦးစားပေးဖို့
သဘောတူခဲ့ကြတယ်
အဲ့ဒီပြိုင်ပွဲအတွက်လည်း လက်ရှ်တို့သူငယ်ချင်းအဖွဲ့ကိုတာ၀န်ပေးခဲ့တယ် အကြံပေးလိုက်ပါတယ်နော်နေပြီးဖြတ်သန်းနေခဲ့ကြတဲ့လက်ရှ်တို့ဟာအခုလိုမျိုးပြိုင်ဆိုင်ဖို့ကြုံတွေ့လာရတဲ့အခါမှာတော့ သူတို့ဘယ်လိုလုပ်ကြမလဲ
ကျောင်းကြီးကိုကောသူတို့ ကယ်တင်နိုင်ပါ့မလား
သူငယ်ချင်းအချင်းချင်းကြားမှာဖြစ်ပေါ်လာတဲ့ ကတောက်ကဆပြဿနာတွေကိုကော သူတို့ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာကို စိတ်၀င်စားတယ်ဆိုရင်တော့
ဒီကားလေးကိုကြည့်ဖို့အကြံပေးလိုက်ပါတယ်နော်

Tainted Love [2023]
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး
Zhang Yu , Zhang Youhao နဲ့ Meng li တို့လိုသရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။
ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ
အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့
အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။
2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုကမှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။
ငွေကြေးလိမ်လည်သူတွေရဲ့
အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့မြို့ကြီးပြကြီးကအမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီးငွေကြေးလိမ်ယူကြတာပါ ။
ထိုလိမ်လည်မှုတွေကြား
ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။
ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်ကသူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့....
သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ