ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
Man with No Past (2025)
+++++++++++
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့

Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်

တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryder

တစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲ

ပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါ

ရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်း

အိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲ

ပြန်မှတ်မိချိန်မှာတော့ Ryder တစ်ယောက်အဖြေရှာဖို့

ဖြစ်လာပါတော့တယ်...

တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိ

တစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryder

အကြောင်း ဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့…

ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ်

ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာ

ဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွား ရေးစစ်ရေးဆိုင်ရာတွေကိုလည်း

အကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်း

ဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်

အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင် စစ်ပွဲအက်ရှင်

မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့

အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်...

အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Ryder

တစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ.......

Ryder ဆိုတာကရော ဘယ်သူလဲ..............

ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ.........

ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ...........

သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ......

စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်

အဖြေရှာကြည့်နိုင်ဖို့ ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေး

လိုက်ရပါတယ်ဗျာ.....
👍2
The Girl on a Bulldozer [2022]

လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်

ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်

အဲဒီနောက်မှာတော့ အဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်ကအကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်

အသက် ၁၉ နှစ်ပဲ ရှိသေးလို မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင်ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့် မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ်

Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင်
စုံထောက်အဖြစ် Super Junior's Ye Sung လည်းပါဝင်ထားပါ တယ်

Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သားတည်းကျအောင် တင်ဆက်သွားမလဲ ဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှု ပေးကြပါဦးနော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar
Uncharted [2022]

နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Tom Holland Mark Wahlberg တို့ပါဝင်ထားတဲ့ `Uncharted´ ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် Box office မှာ ၃၈၉.၇သန်းအထိရရှိအောင်မြင်ထားတဲ့ကားလေးဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဆမ်နဲ့ နိတ်တို့ညီအစ်ကိုနှစ်ယောက်ဟာငယ်စဉ်ကတည်းကကွဲကွာသွားတာဖြစ်ပါတယ်

နိတ်ကိုပြန်လာမယ်လို့ကတိပေးခဲ့တဲ့ဆမ်ကလည်းနှစ်တွေကြာတဲ့အထိပေါ်မလာခဲ့ပါဘူး ဒီလိုနဲ့တစ်ရက်မှာတော့

နိတ်အလုပ်လုပ်တဲ့နေရာကိုဗစ်တာဆူလီဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်

သူ့အစ်ကိုဆမ်နဲ့အတူရာစုနှစ်ပေါင်းများစွာပျောက် ဆုံးသွားတဲ့ရတနာတွေကိုရှာရင်းဆမ်ပျောက်သွားတာကြောင့် ညီဖြစ်သူနိတ်ဆီကိုရောက်လာတာဖြစ်ပါတယ်

ဒီလိုနဲ့နိတ်လည်းသူ့အစ်ကိုနဲ့ ရတနာတွေကိုရှာဖို့အတွက်ဗစ်တာဆိုသူနဲ့ပူးပေါင်းလိုက်ပါတော့တယ်

နိတ်နဲ့ဗစ်တာတို့ရတနာတွေကိုရှာတွေ့နိုင်ပါ့မလား နိတ်ရဲ့အစ်ကိုဖြစ်သူပျောက်ဆုံးမှုကရောရတနာတွေနဲ့ပတ်သက်နေတာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးပါဦးနော်

#Credit
#ChannelMyanmar
Mysterious Skin [2004]

(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ)

ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်.

ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက်တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကိုဆွဲခေါ်သွားခဲ့ပါတယ်။

ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက်အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန်  ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီးတစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်.သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ.?

ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကိုပရိသတ်များရှုစားနိုင်ဖို့  CM ကနေ တင်ဆက်ပေးလိုက်ပါတယ်…

#Credit
#ChannelMyanmar
👍1
Diamond in the Rough [2022]

Rom-com ကြိုက်နှစ်သက်သူများအတွက် ပေါ့ပေါ့ပါးပါး
romantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေး
ပါရစေ။

အာရီယာနာအဲလ်ဗရက်စ်ဆိုတဲ့ ဂျစ်ကန်ကန် ကလေးမလေး က မိဘတွေဆုံးပြီးကတည်းက ဘယ်သူနဲ့မှလည်း သဟဇာတမဖြစ်၊ သူငယ်ချင်းလည်းမရှိ၊ အလုပ်လည်းမရှိနဲ့ အိမ်မှာပဲသူ့ကြောင်လေးရိုမီယိုနဲ့အတူ နေနေပါတယ်။

ဒါကိုကြည့်မနေနိုင်တဲ့ သူ့ဦးလေးက သူပိုင်တဲ့အပန်းဖြေကလပ်ကိုလာပြီးအဖွဲ့ဝင်တွေနဲ့ မိတ်ဆွေဖွဲ့ရင် အလုပ်ရှာပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

ဒီလိုနဲ့ပဲ မသွားချင်သွားချင်နဲ့ ကလပ်ကိုရောက်သွားတဲ့ အာရီယာနာတို့ ကလပ်ရဲ့များပြားလှတဲ့ စည်းကမ်းတွေကြားမှာဘယ်လိုရုန်းကန်ရင်း သူငယ်ချင်းရှာမလဲ ။ သူငယ်ချင်းအပြင်ဘယ်သူတွေနဲ့ပါ တွေ့ရမလဲ။

IQ ကောင်းပေမဲ့ EQ မရှိတဲ့ သူက အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး သူနဲ့သက်ဆိုင်တဲ့နေရာကို ရှာဖွေပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ EL, Khant Sett Naing တို့ဖြစ်ပါတယ်)
The Star [2017]

Drama လဲ မကြည့်ချင် Crime Thriller လဲမကြည့်ရဲတဲ့ ပရိတ်သတ်တွေရှိလားကာတွန်းကိုပဲ ကြိုက်တယ် ကာတွန်းကားကြည့်ရတာ ပျော်တဲ့ ပရိတ်သတ်တွေရှိလား

ဒါဆိုရင်တော့ The Starဆိုတဲ့ Animation Cartoon movie လေး လာပါပြီဗျာဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..

မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..

သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်

မယ်ရီဟာ ညတစ်ညမှာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်..

မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..

ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လွယ်ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီသူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..

အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန်စက်က ထွက်ပြေးပြီး မယ်ရီတို့အိမ်ထဲ ရောက်ခဲ့ပါတယ်..မယ်ရီဟာ မြည်းလေးကို သံယောဇဉ်ရှိပြီး ဘိုဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်

ဘုရားသားတော် ဘုရင်အသစ် ဖွားမြင်မယ်ဆိုတဲ့ ဟောကိန်းဟာ တိုင်းပြည်အနှံ့ကို ပျံ့နှံ့ခဲ့ပါတယ်..ဒီသတင်းကြားတဲ့ ဘုရင်ကြီးဟဲရော့ဟာ သူသာ ဘုရင် ဘုရင်အသစ်ဆိုတာ မရှိစေရဘူးလို့ ကြွေးကြော်ပြီး ဘုရင်အသစ်မွေးမယ့် အမျိုးသမီးကို ရှာခိုင်းခဲ့ပါတယ်..

အပြတ်ရှင်းမယ့် သဘောပါဒီအကြောင်းတွေသိတဲ့ ဘိုမြည်းလေးဟာ မယ်ရီနဲ့ ဂျိုးဆက်ကို ပြောဖို့ကြိုးစားခဲ့ပါတယ်

ဒါပေမဲ့ လူစကားမတတ်ပေတော့ မယ်ရီတို့က နားမလည်ခဲ့ပါဘူးမယ်ရီတို့ အန္တရာယ်ကြားထဲက ဘယ်လိုထွက်ပြေးပြီး ဘုရားသခင်သားတော်ကို မွေးဖွားမလဲဘိုနဲ့ ဒေ့ဗ်က ဘယ်လိုကူညီမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်..

လက်မလွှတ်စေချင်ဘူးဗျာကာတွန်းချစ်သူဆိုရင်တော့ ဒီကားကို

#Credit
#ChannelMyanmar
Mission Mangal [2019]

မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်..။

အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ “နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကို ငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ” လို့ ကျွန်တော် ပြောလိုက်ရင် ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ “သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ” တဲ့။

ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ…။

ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့်။

မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ။

အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်။

သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး။

ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ။

ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ “ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်” တဲ့။

ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ဘယ်လိုအရည်အချင်းတွေရှိလို့များပါလိမ့်။

သူဘယ်လိုတွေဆက်လုပ်ပြမလဲဆိုတာကိုတော့ ဖြစ်ရပ်မှန် အိန္ဒိယသိပ္ပံကားလေးမှာပဲ ကြည့်ကြည့်လိုက်ကြပါ။

ဇာတ်ကားကောင်းမို့ လက်မလွှတ်စေချင်ပါကြောင်း….။

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်။

#Credit
#ChannelMyanmar
👍1
To Be Continued (2023)

ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့နာမည်ကြီးချင်ကြတဲ့
vloggers သူငယ်ချင်း၃ယောက်အကြောင်းကို အဓိထားရိုက်ကူးထားတာပဲဖြစ်ပါတယ်

ပေါက်ကျီ ဟိုကျီနဲ့ကိုကျီဆိုတဲ့ သူငယ်ချင်း၃ယောက်က prank တွေရိုက်ကူးရင်း
ပိုက်ဆံရှာနေကြတဲ့သူတွေပါ တစ်နေ့သူတို့က ဆိုင်တစ်ဆိုင်မှာ သရဲခြောက်တဲ့ပုံစံ
prank ကိုရိုက်ကူးရာကနေ အမှတ်မထင်ဘဲ လျော်ကြေးပေးရတော့မယ့်အနေအထားနဲ့ကြုံလာပါတော့တယ်
သူတို့ကုမ္ပဏီကလည်း အခြေအနေမကောင်းဘဲ ဒေဝါလီခံရတော့မှာပါ

အဲ့အချိန်မှာ သူငယ်ချင်းတွေက မသင့်မြတ်တော့ဘဲ လမ်းခွဲကြဖို့စကားစလာတဲ့အချိန်မှာတော့
သူတို့ထဲက အကြီးဆုံးဖြစ်တဲ့ပေါက်ကျီက ပရောဂျက်အကြီးကြီးတစ်ခုကို
လက်ခံပြီး ရလာတဲ့ငွေတွေကိုခွဲယူပြီးမှ လမ်းခွဲဖို့ ပြောရာမှာတော့
ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်ပြီးတော့ လက်ခံခဲ့ကြပါတယ်

သူတို့ရဲ ပရောဂျက်ကြီးကတော့ မိဖုရားလိသေဆုံးပြီး ခြောက်လှန့်တဲ့သရဲကားပဲဖြစ်ပါတယ်
အဲ့ဒါကိုငှားတဲ့သူကတော့ မျက်နှာသစ်သရုပ်ဆောင် မင်းသားရူးနေတဲ့ရှောင်ရှန်းပဲ
အဲ့ရိုက်ကွင်းနောက်ကွယ်ကို လိုက်လံရိုက်ကူးရင်း မိဖုရားလိနေရာက
မင်းသမီးငယ်လေးရဲ့ရိုက်ကူးရေးမှာ လည်ပင်းကြိုးအစ်ပြီးဆေးရုံ ရောက်သွားရတဲ့
မတော်တဆမှုကိုပါ ရိုက်ကူးမိသွားပါတယ် အဲ့နောက်မှာတော့
ရိုက်ကူးရေးကိုဆက်လက်လုပ်ခဲ့ပြီး မိဖုရားလိက လိုက်လံခြောက်လှန့်ပါတော့တယ်
အရမ်းရယ်ရတဲ့ဟာသကားလေးဖြစ်ဝာာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေချင်တဲ့သူတွေ
ကြည့်ရှုဖို့သင့်တဲ့ Comedy အမျိုးစား တရုတ်ဇာတ်ကားလေးကိုCMက တင်ဆက်ပေးလိုက်ပါတယ်နော်

👍1
Mardaani [2014] "ဇော"

IMDb - 7.3

Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။

တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။

ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။

မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်‌ပါသေးတယ်။

ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။

ဦးလေးကရောင်းစားပစ်မယ့်
ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။

ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ရှီဗာနီတစ်ယောက်လိုက်ရှာရင်း
လူကုန်ကူးခံလိုက်ရမှန်း သိသွားတဲ့အခါမှာတော့...

ပွဲတိုင်းကျော်စုံထောက်မလေးရှီဗာနီတစ်ယောက် ဒီတစ်ခါမှာရော လူကုန်ကူးတဲ့ဂိုဏ်းကြီးကို ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ ရှုစားကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Yunni ~ ToMo ~ Alexတို့ပဲဖြစ်ပါတယ်)
The Whole Truth (2016)

Keanu Reeves ရဲ့ 2016 တုန်းက ထွက်ခဲ့တဲ့ Crime/Thriller ရုပ်ရှင်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်အိမ်ကို အမှုတစ်ခုအပေါ် အခြေတည်ထားပြီး ဇာတ်လမ်းအသွားအလာကလည်း မြန်တာမို့လို့ ပျင်းဖို့မကောင်းပါဘူး။ ဇာတ်လမ်းထဲမှာ Keanu Reeves ဟာ Richard Ramsey ဆိုတဲ့ တော်ပြီး ထက်တဲ့ ရှေ့နေနေရာက သရုပ်ဆောင်ထားပါတယ်။ သူ့အမှုတိုင်း လိုလို ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပေမယ့် သူ့အသိ Boone Lassiter ရဲ့ သားဖြစ်တဲ့ Mike Lassiter ရဲ့ အမှုမှာတော့ အကြပ်ရိုက်နေရပ်တယ်။ ဘာလို့လဲဆိုတော့ Mike က သူ့အဖေကို ပြန်သတ်ခဲ့လို့ ဖြစ်ပါတယ်။
အဲဒါအပြင် Mike က ဘယ်သူ့ကိုမှ စကားမပြောပါဘူး။ သူ့ရှေ့နေ ဖြစ်တဲ့ Richard ကိုတောင် စကားလုံးဝ မပြောတော့ရှေ့နေRichard တစ်ယောက် အမှုကို ကိုယ်တွယ်ဖို့ အတော်ခေါင်းစားလာပါတယ်။ သူ့အသိ ရှေ့နေမလေးရဲ့ အကူအညီနဲ့ နောက်ဆုံးမှာ Mike စကားပြောလာခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေ​ကိုလည်း သိလာရပါတယ်။
2001 Maniacs (2005)
သွေးထွက်သံယိုဇာတ်ကွက်‌‌တွေ နဲ့ လူသတ်ကားခပ်ကြမ်းကြမ်းလေးကို တောင့်တနေမိတယ်ဆိုရင်တော့
၂၀၀၅ ခုနှစ်ကထွက်ရှိထားတဲ့ 2001: Maniacs ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါမယ်။
ဒီဇာတ်ကားက ၂ ကားထွက်ထားတာဖြစ်ပြီး 2001 : Maniacs : Field of Screams (2010) ဆိုတဲ့ကားကိုလဲ တပါတည်းတင်ဆက်လိုက်ပါတယ်။
ဇာတ်လမ်းကတော့…
ကျောင်းတွေပိတ်လို့ နွေရာသီအားလပ်ရက်ခရီးထွက်လာကြတဲ့ ကျောင်းသားတစ်စုဟာ
လမ်းတစ်၀က်အရောက် လမ်းလယ်ခေါင်မှာပိတ်ထားတဲ့ လမ်းလွှဲဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရပါတယ်။
သူတို့ကလည်း လမ်းညွှန်ရာအတိုင်း ၀င်လာခဲ့တဲ့နောက်မှာ အင်မတန်ထူးဆန်းတဲ့ မြို့တစ်မြို့ထဲကို ရောက်သွားခဲ့ပါတယ်။
မြို့သူမြို့သားတွေဟာ သူတို့ရောက်လာတာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုနေခဲ့ကြပြီး
နေရာထိုင်းခင်း အ‌စားအသောက်တွေ အဆင်သင့် ပြင်ဆင်ဧည့်ခံပါတော့တယ်။
ဒါပေမယ့် တဖြေးဖြေးနဲ့ ကျောင်းသားတွေ တစ်ယောက်ချင်းစီ ပျောက်ပျောက်လာတဲ့နောက်မှာ သူတို့တွေဟာ သံသယတွေ ၀င်လာခဲ့ကြပါတယ်။
သူတို့ရောက်နေတာ ဘယ်မြို့လဲ။ ဘာလို့ သူတို့ကိုကြိုဆိုနေကြတာလဲ။ သူငယ်ချင်းတွေရော ဘယ်တွေရောက်ကုန်တာလဲ…စတဲ့ မေးခွန်းပေါင်းများစွာနဲ့
ပဟေဠိဆန်လွန်းလှတဲ့ ဒီမြို့လေးမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ၊
သူတို့သူငယ်ချင်းတွေကို ရှာတွေ့မှာလား၊ သူတို့ရော လွှတ်မြှောက်နိုင်ပါ့မလားဆိုတာ….။
(အသတ်အဖြတ်၊ အပြောအဆို ၊ ခပ်ကြမ်းကြမ်းပြကွက်တွေကြောင့် R-Rated ဇာတ်ကားတွေဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။)
Chun Tae-il: A Flam [2021]

ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့
IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation
ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊၊

ကာတွန်းကားကို ဒီလောက် rating ရထားတယ်
ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူး
ဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမား
အခွင့်အရေးရအောင်စည်းရုံးတောင်းဆိုခဲ့တဲ့
ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထား
ခြင်းဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့
ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်
ဖန်တီးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်ကတော့
မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေး
တစ်ယောက် သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့
စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး
အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း
စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်။

၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာ
လက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက
စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိ
လိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက်
တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ
အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ။

ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့
Jang Dong Yoon, Kwon Hye Hyo နဲ့ Yeom Hye Ran တို့ဖြစ်ပါတယ်။
    
#Credit
#ChannelMyanmar
Periloor Premier League [2024]

ပိတ်ရက် မိသားစုနဲ့အတူ လွတ်လွတ်လပ်လပ် ရီမောပြီး
ကျိရှုချင်တယ်ဆိုရင်တော့ ဒီလထဲ အသစ်ထွက်ထားတဲ့Periloor Premier League ဆိုတဲ့ တောင်ပိုင်း
မိသားစုဟာသဇာတ်လမ်းတွဲနဲ့ မိတ်ဆက်ပေးပါရစေ။

မင်းသမီး Nikhila နဲ့ မင်းသား Sunny တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMDB rating 7.5 ရထားတဲ့
Periloor Premier League ကို  B-Town မှဘာသာပြန်တင်ဆက်လိုက်ပါတယ်။

ပဲရီလော ရွာမှာနေတဲ့ မာလာဟာ ကလေးဘဝက သူမရဲ့ခရရှ် စရီကူတန်က လာတောင်းမယ်ဆိုလို့ အပျော်ကြီးပျော်နေပါတယ်။

ဒါပေမယ့် စရီကူတန် မာလာနဲ့တွေ့ပြီးအပြန် သူ့အမျိုးထဲက အချောလေးနဲ့တွေ့လို့ မာလာကို
ငြင်းလိုက်ပေမဲ့ အဲ့အချောလေးက ယောက်ျားရှိနေလို့စရီကူတန်ခမျာ ၂​ယောက်လုံးနဲ့ လွဲသွားပါတော့တယ်။

မာလာက အငြင်းခံရလို့ အသည်းကွဲနေချိန် ဦးလေးက
ရပ်ကွက်ကိုယ်စားလှယ် ဝင်ပြိုင်ဖို့ လာစည်းရုံးပါတယ်။

မာလာက မလုပ်ချင်ပေမဲ့ ဦးလေးအတင်းတိုက်တွန်းလို့
လက်ခံလိုက်ပါတယ်။

သူမ ရပ်ကွက်ဥက္ကဠဖြစ်လာရင်
အလုပ်ရှုပ်မှာစိုးတဲ့ မာလာလည်း ဦးလေးမိန်းမနဲ့အတူရွေးကောက်ပွဲ မနိုင်ဖို့ အကြံထုတ်ပြီး လိုက်ဖျက်ရာကစရီကူတန် ဇာတ်လမ်းဆက်ဖို့ အကြောင်းထပ်ဖန်လာပြီးသူ့ရဲ့ ရွေးကောက်ပွဲရှုံးမယ့်အကြံကရော အလွဲများနဲ့ဘယ်လိုမျိုးရီနေရမလဲ ဆိုတာကိုတော့....
Pushpa 2 - The Rule (2024) "ပွတ်ရှ်ပါ ပြန်လာပြီ"

Official WEB DL ဗားရှင်းမဟုတ်ပေမယ့်
ရုပ်သံကြည်လင်နေပြီဖြစ်တဲ့ HD RIPဗားရှင်းဖြစ်တာကြောင့်
တင်ဆက်ပေးလိုက်ပါပြီ

=======================

အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားအာလူးအာဂျွန်နဲ့
မင်းသမီးရက်ရှ်မီးကားတို့ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့
ပွတ်ရှ်ပါရုပ်ရှင်ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။

ဘတ်ဂျက် ကုဋေငါးရာဝန်းကျင်သုံးထားပြီး Box Officerမှာ
ကုဋေထောင့်ရှစ်ရာကျော်ထိရခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။

ရှေ့ကားနဲ့ အချိတ်အဆက်ရှိတဲ့အတွက် ၂၀၂၁ကထွက်ရှိခဲ့တဲ့ Pushpa: The Riseကို ကြည့်ပြီးမှ
ဒီရုပ်ရှင်ကိုကြည့်ရင် ပိုပြီးဇာတ်ရည်လည်မှာပါ။

ရှေ့ရုပ်ရှင် Pushpa: The Rise (2021)ကို CM Appမှာ
4K Resolutionနဲ့ ကြည့်ရှုနိုင်ပါတယ်။

ရဲအရာရှိ ရှီခါဝက်တစ်ယောက် ပွတ်ရှ်ပါကိုဖမ်းမိဖို့အရေး
အပြင်းအထန်ကြိုးစားနေပါတယ်။
ဒါပေမဲ့လည်း ဒီနေရာမှာရှိရမဲ့စည်းမျဉ်းက
ပွတ်ရှ်ပါရဲ့စည်းမျဉ်းဆိုတဲ့အတိုင်း ရှီခါဝက်တစ်ယောက်
ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်လို့နေတာပေါ့။

တစ်နေ့ ဝန်ကြီးဖြစ်သူ တီရူပတီကိုရောက်လာတော့ ပွတ်ရှ်ပါသွားတွေ့တဲ့အချိန်
ပြဿနာဖြစ်ပြီး ဝန်ကြီးဖြစ်သူကိုပါ ဖြုတ်ချဖို့ ပွတ်ရှ်ပါတစ်ယောက် ကြံပါတော့တယ်။

ပွတ်ရှ်ပါမှာ အားလုံးရှိတယ် မရှိတာဆိုလို့ ရှုံးနိမ့်မှုနဲ့ အကြောက်တရားဆိုတာလိုပဲ
အခက်အခဲအတားအဆီးမှန်သမျှကို ပွတ်ရှ်ပါတစ်ယောက်
ဖျက်ဆီးဖြိုချပစ်ပုံကို ခံစားကြည့်ရှုကြရမှာပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)
👍1
Outrage(2023) ဇာတ်ကားလေးက အခုမှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ action, thriller ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်ကားမှာ

နာမည်ကျော်ဂျာမန်မင်းသား Clemens Schick ဝါရင့် Hollywood သရုပ်ဆောင် Jay O. Sanders နဲ့ မင်းသမီးချောလေး Adelaide Kane တို့ ပူးပေါင်းပါဝင်သရုပ်ဆောင်ထားတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။

ကြည့်ချင်အောင် ဇာတ်လမ်းလေးအမြည်းကျွေးရမယ်ဆိုရင်တော့ ဒီဇာတ်ကားက ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်းက စရပါမယ်။ ပြင်သစ်နိုင်ငံမှာ

အမျိူးသားရေးလှုပ်ရှားမှုတွေ အားကောင်းလာပြီးတဲ့နောက် လက်ယာစွန်းရောက် သမားတွေက အကြမ်းဖက်မှုတွေ လုပ်လာတာတွေရှိပါတယ်။ အဲ့အချိန်မှာပဲ

နာမည်ကျော် ရုပ်သံမီဒီယာတစ်ခုက လာမဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်နိုင်ချေရှိတဲ့ အမျိူးသမီးနဲ့ စံအိမ်တစ်ခုမှာ တိတ်တိတ်လေးတွေ့ဆုံစကားပြောဖို့ စီစဥ်ခဲ့ပါတယ်။

အဲ့အချိန်မှာ မင်းသမီးဖြစ်တဲ့ Ivy က ရုပ်သံပိုင်ရှင်ရဲ့ တူမဖြစ်ပြီး အဲ့တွေ့ဆုံပွဲမှာ ဘယ်လို မထင်မှတ်တာတွေ ဖြစ်သွားမလဲ နောက်ကွယ်က အကြောင်းတွေက

ဘယ်လိုရှိလို့ ဘယ်လိုတွေ ဖြစ်ကြမှာလဲ အဆုံးသတ်မှာရော ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်ကျန်မှာလဲ စတာတွေကို အစကနေ အဆုံး ဒီရုပ်ရှင်အချိန်တိုတိုလေးထဲမှာပျင်းစရာအချိန်မရှိအောင်ကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်...
👍2
Champion [2018]

ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…

မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..

သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…

ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်

တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….

မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။
The Outlaws [2017]

The Outlaws တဲ့ မြန်မာလိုဆိုရင်တော့၀ရမ်းပြေးတွေပေါ့ဗျာ…

၂၀၁၇ အောက်တိုဘာထဲမှာထဲမှာထွက်ထားတာဖြစ်တဲ့အတွက် အသစ်စက်စက် ဘရန်းနယူးကိုရီးယားအက်ရှင်ကားတစ်ကားပါ

နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Train to Busan ထဲက Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စသူတို့ ပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်

ဇာတ်လမ်းကို ဟာဂျီ၀န်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့ဈေးထဲမှာဖြစ်တဲ့ လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်

ဒီဒေသတစ်ဝိုက်ကို တာ၀န်ယူရတာက ရဲစုံထောက် မား နဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ

နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာရိုက်ချက်တွေကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦး
Parastree [2023]

IMDb 6.1/10

(Adult scene တချို့နှင့် သတ်ခန်းဖြတ်ခန်းများအားပီပြင်စွာရိုက်ကူးထားသည့်အတွက်မိသားစုနှင့်အတူကြည့်ရန် မသင့်တော်ပါ)

သူများပိုင်တဲ့ပိုက်ဆံ ဇနီးမယားကိုပစ်မှားစိတ်နဲ့ကြည့်တာက အိပ်ရာပေါ်သေခါနီးဆဲဆဲကို မီးရှို့သတ်သေတာနဲ့တူပါတယ်တဲ့ သူများပိုင်ဆိုင်မှုကိုမှသဘောကျတတ်သူတွေ ရှိတာနဲ့ရောင်ရဲမတင်းတိမ်နိုင်ဘဲလိုက်ပွဲလိုချင်တဲ့လူတွေကိုဘယ်လိုမျိုးပညာတွေပြမလဲဆိုတာအားပါးတရကြည့်ရှုရမှာပဲဖြစ်ပါတယ်

အာဗယာဆိုတာက ရေဒီယိုအသံလွှင့်ဌာနက ချိုသာလွန်းတဲ့အသံကြောင့်အမာခံပရိသတ်များစွာရရှိထားသူတစ်ယောက်ပါ သူ့မှာအမျိုးသားက ငယ်စဉ်ကတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တစ်ခုကြောင့် တချို့ကိစ္စတွေမှာစိတ္တဇဆန်ဆန်ဖြစ်နေသူတစ်ဦးပေါ့ ဒီအချက်ကိုအာဗယာကမကြိုက်ပါဘူး

ဒီလိုနဲ့တစ်နေ့ အာဗယာ့အမျိုးသားကအလုပ်ကိစ္စနဲ့ပြည်ပခရီးရှည်တစ်ခုထွက်သွားတယ် တစ်ဖက်မှာလည်း အာဗယာဆော့နေကျ Gym ရုံမှာ လူသစ်တစ်ယောက်ရောက်လာပြီးအာဗယာ့ကိုမြင်မြင်ချင်းသဘောကျသွားလေတော့ အဖော်မဲ့နေတဲ့အာဗယာ့ကိုယောကျာ်းမာယာနဲ့နည်းလမ်းကုန်ထုတ်သုံးပြီးတော့ပိုးပန်းပါတော့တယ်

ယောကျာ်းဖြစ်သူကိုစိတ်ကုန်နေတဲ့သူမအတွက် အချစ်သစ်တွေပြန်လန်ပွင့်လန်းလာချိန်မှာ ယောကျာ်းဖြစ်သူပြန်ရောက်လာတာနဲ့တိုးလေတော့

အရင်ကမှစိတ္တဇဖြစ်နေတဲ့အမျိုးသားတစ်ယောက်က အချစ်ရဆုံးမိန်းမဖောက်ပြန်ခံလိုက်ရတဲ့ခံစားချက်ပါထပ်တိုးလေတော့ သူတို့ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဥာဏ်ပညာကပဲအနိုင်ရမလား ဥပဒေကပဲအနိုင်ရမလား...

(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~ BpL တို့ပဲဖြစ်ပါတယ်)
👍1
JOHNNY PUFF

Review 🗒

ကလေးလူကြီး အကြိုက် ချစ်စရာ ပင်လယ်ပျော် ငှက်နှုတ်သီးနီလေးတွေရဲ့ စွန့်စားခန်း ကာတွန်းကားတစ်ပုဒ်နဲ့ GC ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။

ပင်လယ်ဓားပြကားနဲ့ ပရိသတ်ရင်ထဲ စွဲကျန်ရစ်တဲ့ မင်းသားကြီး Johnny Depp နောက်ခံစကားပြောထားပြီး အာတိတ်သမုဒ္ဒရာရဲ့ ရေခဲပြင်မှာ ကျက်စားနေထိုင်တဲ့ ချစ်စရာအကောင်လေးတွေနဲ့ ဇာတ်ကြောင်းပြောပြတဲ့ animation ကားပဲ ဖြစ်ပါတယ်။

ရော့ခ်စတားဟောင်းကြီးဖြစ်တဲ့ Johnny Puff က ဘဝကို ဂီတနဲ့ပဲ အေးဆေးဖြတ်သန်းနေတယ်။ သူ့မှာ အရမ်းတက်ကြွပြီး မနေမနား ပွေလီနိုင်တဲ့ သူငယ်ချင်း 4 ယောက်လည်း ရှိတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် ကူညီရိုင်းပင်းကြတယ်။

သူတို့မြို့မှာပဲ သိပ္ပံနဲ့ နည်းပညာနဲ့ အရမ်းစိတ်ဝင်စားပြီး မကောင်းတဲ့ဘက်ခြမ်းကို ပိုအားသာတဲ့ ပင်လယ်ဖျံကြီး တစ်ကောင်လည်း ရှိနေတယ်။

Johnny တို့ သူငယ်ချင်းတွေ လျှောက်သွားမှ ကံကြမ္မာတစ်ဆစ်ချိုးပြောင်းမယ့် အရေးဖြစ်လာတယ်။ နဂိုတည်းကမှ လက်လက်ထ သွက်လက်တဲ့ သူတွေ စွမ်းအင်တွေ ရရှိသွားပါတော့တယ်။
Ruben Brandt, Collector [2018]

Review 🗒

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ

ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ ပါးစပ်ငါးခုတွေ မျက်လုံးသုံးလုံးငါးလုံး two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ

ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ

ဒါ့အပြင် စုံထောက်စတိုင်တွေ actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါ
Golden Escape (2022)

အကြွေးတွေပိနေတဲ့ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ Zhong Zheng တစ်ယောက်ဟာ
အချိန်မှီအကြွေးတွေမဆပ်နိုင်တဲ့အတွက် ကြံရာမရဖြစ်နေပါတယ်။

အဲဒီအချိန်မှာပဲ ဘိုးဘွားအမွေရွှေချောင်းတွေရှိကြောင်းသိလိုက်ရပြီး
ရွှေတူးဖို့ကြံစည်ပါတော့တယ်။
ဖြစ်ချင်တော့ ဘိုးဘွားအိမ်အဟောင်းနေရာကို
ကိုလိုခေတ်နီခေတ်မှာ အင်္ဂလိပ်ပိုင်သိမ်းလိုက်ပြီး
လက်ရှိမှာ အကျဉ်းထောင်ဖြစ်နေတော့
Zhong Zheng မှာသားရဲတွင်းထဲခုန်ချရသလိုပဲပေါ့။

ဘိုးဘွားပိုင်ရွှေချောင်းတွေကိုရှာဖို့စတောင်မစရသေးခင်မှာပဲ
ထောင်တွင်းဂိုဏ်းစတား၂ယောက်ဖြစ်တဲ့ Brother Xieနဲ့
Brother Da Biao တို့အင်အားပြိုင်မှုထဲကို
ဆွဲထည့်ခံရတော့ အလူလူအလဲလဲပေါ့။

အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့
ညီအကိုချင်းသစ္စာတရားကိုအလေးထားတဲ့
Brother Xie ကိုပြောပြပြီး အတူရှာကြပါတယ်။
သူတို့၂ယောက်အတူ ရွှေချောင်းကိုရှာတွေ့မလား
ရက်စက်ယုတ်မာတဲ့ Da Biao ရန်ကနေဘယ်လိုရင်ဆိုင်ကြမလဲ
ဆိုတာကို သွေးသန်ရဲရဲ ပီပြင်တဲ့တိုက်ခိုက်ချက်တွေနဲ့ ကြည့်ရမှာပါ။