ရုပ်ရှင်အညွှန်းသီးသန့်
6.19K subscribers
1 photo
4 links
Download Telegram
The Super Mario Bros Movie [2023]

စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။

ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။

အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။

မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။

ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။

ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။

ဇာတ်လမ်းအကျဉ်း

မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။

လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။

မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။

ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။

ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။

အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။
Unmasked (2025)
*

ဒီတစ်ခေါက်မှာတော့ Channel Myanmar ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ အသစ်ထွက်ရှိလာတဲ့
မှုခင်းဟာသဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Cast တွေအနေနဲ့ကတော့ Under The Queen's Umbrella ထဲမှ မိဖုရားကြီးဖြစ်တဲ့ Kim Hye Soo ၊
The Glory ထဲမှ မင်းသား Jung Sung-Il ၊ Extraordinary Attorney Woo ထဲမှ Joo Jong-Hyuk
တို့ အဓိက ပါဝင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးများစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း ~
အမှုစစ်တွေ စုံထောက်တွေ မဖြေရှင်းနိုင်တဲ့အမှုတွေကို တင်ဆက်ပေးတဲ့ "Trigger" ဆိုတဲ့ ရုပ်သံအစီအစဥ်ရဲ့
ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Oh So Ryong (Kim Hye Soo) ကတော့ သူမ ဘဝမှာ မနက်ဖြန်ဆိုတာ မရှိသလိုမျိုး
တရားမျှတမှု အတွက် သက်စွန့်စံဖျား ကြိုးစားပြီး အမှုဖြေရှင်းတတ်သော်လည်း သူမရဲ့ ရှိုးကတော့
ဖျက်သိမ်းခံရလုနီးပါဖြစ်နေပါတော့တယ်။
ဒီလို အလုပ်ကြမ်းပိုးရှိနေတဲ့ အဖွဲ့ထဲကို အကပ်နဲ့ ဝင်လာပြီး နောက်ပိုင်း ပရိုဂျူဆာကြီးရဲ့ တက်ကြွတဲ့ စိတ်ကြောင့်
အလုပ်ချိန်တိုင်းလိုလို ဒုက္ခခံစားနေရတဲ့ လူမှုရေး ခေါင်းပါးသူ Han Do (Jung Sung-Il) နဲ့ အဖွဲ့ရဲ့အငယ်ဆုံး
ပရိုဂျူဆာဖြစ်တဲ့ Kang Ki Ho (Joo Jong-Hyuk) တို့ ရောက်ရှိလာပါတော့တယ်။
ဒီလိုနဲ့ပဲ ဖျက်သိမ်းခံရတော့မဲ့ ရှိုးကို ဆက်လက် ရိုက်ကူးနိုင်ဖို့ အတွက် အမှု သက်တမ်း နှစ်၂၀ကြာပြီ ဖြစ်တဲ့
နာမည်ကြီး မင်းသား ပျောက်ဆုံးသွားတဲ့ အမှုသေ တစ်ခုကို ကိုင်တွယ် ဖြေရှင်းဖို့ဖြစ်လာပြီး နောက်မှာတော့....
ရှုပ်ထွေးပွေလီလှတဲ့ အမှုကို Trigger အဖွဲ့ ဖြေရှင်းနိုင်သွားပြီး တရားမျှတမှု ယူဆောင်လာပေးနိုင်မလား..
ရှိုးကိုလည်း ကယ်တင်သွားနိုင်မလား...ဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့
Channel Myanmar နဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးနော်။


(အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)
မယ်ကံဆိုးနှင့် မောင်ကံကောင်း (倒霉小姐与幸运先生)Misfortune Miss And Lucky Mr 2024

ဇာတ်လမ်းအကျဉ်း

ဖြန့်ဝေရေးအယ်ဒီတာချုပ် Xiao Qiu Gang ဟာ 'ထိတ်လန့်ဖွယ် မာလိစူး' ဆိုတဲ့ဝတ္ထုကို အကဲဖြတ်ခဲ့ပြီး “အတည်မပြု” နိုင်ကြောင်းအဖြေကို သုံးသပ်မှုအစည်းအဝေးမှာ ကြေညာခဲ့ပါတယ်

ဒါပေမဲ့ Xiao Qiu Gang ဟာ သူမရဲ့ အဝတ်ဗီရိုထဲမှာ တစ်ရေးတစ်မော အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ တခြားကမ္ဘာတစ်ခုကို ရောက်နေခဲ့ပါတယ်

အကြိမ်ကြိမ် စူးစမ်းကြည့်ပြီးနောက်မှာတော့ သူမကိုယ်သူမ ကိုယ့်ကိုယ်ကိုသေစေခဲ့တဲ့  အဲဒီဝတ္ထုထဲကို ရောက်နေခဲ့တာကို သိလိုက်ရပြီး သူမဟာ ကံအဆိုးဆုံး အရန်မင်းသမီး Shen Qing Ge ဖြစ်နေခဲ့ပါတယ်

စာရေးသူရဲ့ "ရွှေလက်" ကို ပိုင်ဆိုင်ထားတဲ့သူမဟာ လူတိုင်းရဲ့ကံကို မြင်နိုင်ပေမဲ့ သူမကိုယ်တိုင်ရဲ့ ကံကြမ္မာက သနားစရာကောင်းလောက်အောင် ဆိုးရွားနေခဲ့ပြီး ဘယ်မကောင်းတဲ့ကိစ္စမျိုးမဆို သူမထံမှာ ဖြစ်ပေါ်လာနေခဲ့ပါတယ်

ဝတ္ထုလောကထဲက စနစ်တစ်ခုက သူမကို သတိပေးခဲ့ပြီး သူမဟာ Gu Yi Chen ဆိုသူနဲ့ နီးစပ်နိုင်မှသာ ကံပြန်ကောင်းလာပြီး မိမိလောကကို ပြန်ခွင့်ရနိုင်မှာ ဖြစ်နေတဲ့အခါ ...

ကံဆိုးမ‌လေးနဲ့ လာဘ်ရွှင်မင်းသား‌လေး‌တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ...
👍1
Death in the Cul-De-Sac (2024)

ဇာတ်လမ်းအညွှန်း 🗡

ခင်ပွန်းဖြစ်သူ Jack Jackson ရဲ့ အလုပ်အကိုင်အပြောင်းအလဲကြောင့် အဆင့်အတန်းမြင့် ပတ်ဝန်းကျင်ကို မွေးစားသမီးလေး Jilly နဲ့ အတူ
Anita ပြောင်းရွှေ့လာခဲ့ကြပါတယ်။

"Wives Club" ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲက အဖွဲ့ဝင်ဟောင်း Patrice သေဆုံးမှုကို စတင် သံသယဝင်လာခဲ့တဲ့ Anita တစ်ယောက်  "Wives Club" ကို ဖိတ်ကြားခံလိုက်ရတဲ့အခါမှာတော့...

ပါတီပွဲတွေ တွေ့ဆုံပွဲတွေကြား ထူးဆန်းတဲ့အဖြစ်အပျက်တွေ နဲ့ Anita စတင်ကြုံတွေ့လာခဲ့ရပါတော့တယ်။

သူငယ်ချင်းရှာစေချင်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖိအားနဲ့ Bonnyရဲ့ "Wives Club" ကို သံသယဝင်နေတဲ့ စကားတွေကြား Anita ဗျာများလာတဲ့ အချိန်...

မွေးစားသမီးဖြစ်သူ Jilly ကိုပဲ မိတ်ဖွဲ့ဖို့ ပိုစိတ်ဝင်စားကြပြီး သူ့ကိုပစ်ထုတ်ဖို့ ကြံနေတဲ့ "Wives Club" အဖွဲ့ဝင်တွေရဲ့ အပြုအမူတွေကြောင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ Patrice ကိုလည်း အဲဒီဇနီးသည်တွေကပဲ သတ်တယ်လို့ သေချာထင်လာသောအခါ...

Anita တစ်ယောက် "Wives Club" အဖွဲ့ဝင်တွေကြား  အရှုပ်အထွေးတွေထဲက ရုန်းထွက်နိုင်ပါ့မလား။ Jillyကရော "Wives Club" နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေ ရှိနေမလဲ..။ Patriceရဲ့ လူသတ်သမားကရော တကယ်ပဲ "Wives Club"က ဇနီးသည်တွေပဲ ဖြစ်နေမလားဆိုတာကို.. စိတ်ဝင်တစားကြည့်ရှု အဖြေသိနိုင်ကြဖို့အတွက် SoulKingdomကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်❕️
👍21
Ferdinand (2017)

ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီးပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။

ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။

အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။

ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက်အရွယ်အစား ကြီးမား တောင့်တင်းတာမို့
တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။

   နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီးမျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက်
အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး
ပျက်သုဉ်းခဲ့ရပြီးဘာတွေဆက်ဖြစ်သွားမလဲ
Luca (2021)

ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။

ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။

လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာနေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။

အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ
ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။

အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။

သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ
ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့
👍1
Bolt (2008)

ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။
 
သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်
ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာ
အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။
 
သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။

ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။

နောက်ဆုံးမှာတော့ လမ်းကြားက
ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ
ကြွက်ကလေး ရိုင်နို တို့နဲ့အတူ
ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့
ဖြစ်လာခဲ့ပါတော့တယ်။
Family Padam(2024) ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်

အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့
တမီးလ်ဇာတ်ကားလေးကတော့ ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့မြန်မာမှုနာမည်လေးအတိုင်းပေါ့

အကြည်တော်စာအုပ်ထဲက မချောတို့မိသားစုလိုပဲ
တစ်ယောက်တစ်ပေါက်နဲ့ ရုန်းကန်ကြရင်း လောကဓံကို
ဂျိုနဲ့လားဆိုပြီး ရယ်ရယ်မော‌မော ရင်ဆိုင်နေကြတဲ့ မိသားစုလေးအကြောင်းပါပဲ။

ဇာတ်လမ်းအစ တစ်မြို့လုံးဒေပါဝလီပွဲတော်ကျင်းပနေချိန်မှာဇာတ်လိုက်ကျော်ကြီးတို့မိသားစုကတော့ အိမ်လုံးကျွတ်ရဲစခန်းကိုရောက်နေပါတယ်

အမှုကတော့ ခန်းဝင်ပစ္စည်းတွေယူပြီးမှ ယူရမယ့်မိန်းမကိုမယူပဲ လစ်သွားလို့ပါတဲ့.....
ဒီလိုတလွဲတချော်တွေအားလုံး အစပြုရာမိသားစုဝင်‌တွေကလည်း စိတ်ဝင်စားစရာလူတွေပါပဲ

အဖေက ကာယဗလမောင်၊အမေကမှီခို၊အဘိုးက နိုင်ငံရေးတွေလေကန်နေတဲ့ကျောင်းစာရေး(ငြိမ်း)၊ အကိုကြီးကအစိုးရရှေ့နေ၊အကိုလတ်ကညပိုင်းပဲအလုပ်လုပ်ရတဲ့အိုင်တီသမား၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးက ဘာရုပ်ရှင်ကားကြီးမှမရိုက်ရတဲ့လက်ထောက်ဒါရိုက်တာပါ

ဒီလိုလူလတ်တန်းစားမိသားစုလေးက အားလပ်ချိန်မှာ
ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရတာဝါသနာပါပါတယ်တဲ့..

အဲ့မှာပဲ သူတို့ရဲ့အငယ်ဆုံးသားလေးက ရုပ်ရှင်ကားကြီးရိုက်ရမယ့်ဒါရိုက်တာဖြစ်ချင်ဝာာကို အားလုံးကအဖြစ်မရှိအသုံးမကျတဲ့ကောင်လို့မပြောတဲ့အပြင် ဝိုင်းအားပေးကူညီရာကနေစပြီးတစ်မိသားစုလုံးပါ ရဲစခန်းရောက်သွားပါတော့တယ်..

အဲ့တော့ ဒီလိုကပေါက်တိကပေါက်ချာ အမှုတွေတက်အောင် ဘာတွေတလွဲလုပ်လိုက်ကြတာလဲ
ဇာတ်လိုက်ကျော်ကြီးရဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အိမ်မက်
အကောင်အထည်ပေါ်သွားမလားဆိုတာ ပရိသတ်ကြီးပဲ
ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်....

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
👍1
Yaanai (2022)
============
IMDb 6.7

Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့
ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ
ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါ

လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်
မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ

မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့်
ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့
အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့
ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ

ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်

#Credit
Blow the Man Down [2019]

၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါ

အီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာအမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်

ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကိုအပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီးမြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်းထိုလူရဲ့ကား‌နောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကိုတွေ့လို့အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..

အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးနောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်

တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှကလေးမတစ်ယောက်အလောင်းဟာကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..

သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်
Greyhound [2020]

IMDB: 7.2/10

အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလကပ္ပတိန် Ernest Krause  ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..

ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ

သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်.ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သင်္ဘောတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ

ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကွီးနဲ့မဟာမိတျဘျောတှကေို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်

ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့

ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်

စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး

တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သင်္ဘောတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်

ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူးဝုန်းဂျိန်းနဲ့ကိုတွယ်တာပါကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause  နေရာကိုရောက်သွားပြီးမွန်းကြတ်လာပါလိမ့်မယ်

ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်

#Credit
#ChannelMyanmar
Call Me by Your Name (2017)

၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ခင်ဗျားဟာ

ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။

အရပ်အမောင်းကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင်အသက်ကွာခြားသတဲ့။

အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ ” နောက်မှပဲ ” ”နောက်မှပဲ” လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။

ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့အပြုအမူလို့ ထင်မိတယ်လေ။

ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။

အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုကကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။

ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုကကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။

အချိန်ကြာလာတော့ “နောက်မှပဲ”ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော်စွဲလမ်းလာတယ်။

ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျားဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာတယ်။

နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။

သို့ပေမဲ့ အတားအဆီးချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။

ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့

အိုလီဗာ … ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့်ဘက်ကို တစ်ချက် မျက်နှာမူပြီး

ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ……/အယ်လီယို
Firebird [2021]

ဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

“Call me by your name” လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။

ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်) အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို
ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။

ဒီဇာတ်ကားကို ကြည့်ဖို လိင်တူချစ်တတ်သူ ဖြစ်ဖိုမလိုပါဘူး။

မေတ္တာတရားကို ခံစားတတ်ဖိုပဲလိုပါတယ်။

လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။

ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင်အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို

လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ လိုက်ပြီးခံစားကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။

ဒီရုပ်ရှင်ကလည်း LGBT ရုပ်ရှင်ကောင်းတွေစာရင်းထဲမှာ
သေချာပေါက် ထည့်ရမယ့် ရုပ်ရှင်ဆိုတာတော့ ပြောနိုင်ပါတယ်ဗျာ။
封神 : 第一部 (Creation of The Gods : Kingdom of Storms) 2023 ရုပ်ရှင်

ဒီတစ်ခါမှာ 2023 ရုပ်ရှင်လောကရဲ့အအောင်မြင်ဆုံး ရုပ်ရှင် ၊ ရုံတင်ငွေ အများဆုံးရုပ်ရှင်ဖြစ်တဲ့ ရုပ်ရှင် အသစ်စက်စက်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ

တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ဂန္တဝင် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Feng Shen Yan Yi ကို အခြေခံရိုက်ကူးထားတာပါ

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်က လူသားတွေ ၊ နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေကြားက ရှည်လျားတဲ့ ဒဏ္ဍာရီစစ်ပွဲကို ပြန်လည်ဖန်တီးတင်ဆက်ပေးထားတဲ့  ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း

ရှန်းဘုရင်မင်းမြတ်ယင်ရှို့ဟာ မြေခွေးမိစ္ဆာ တန့်ကျီနဲ့ ပူးပေါင်းပြီး လောကပြည်သူတွေကို နှိပ်စက်ဒဏ်ခတ်နေခဲ့တာကို မြင်တဲ့ ကျန်းကျီရာဟာ လူ့ပြည့်ကိုဆင်းကာ ပြည်သူတွေကိုကယ်ဆယ်ဖို့ တကယ်စစ်မှန်ပြီး ကြင်နာတတ်တဲ့ဘုရင်တစ်ပါးကို ရှာဖို့ ရောက်လာခဲ့ပါတယ်

တစ်ဖက်မှာလည်း ကမောက်ကမဖြစ်လာတဲ့ နိုင်ငံတော်ကြီးအတွက် လောကကို ဖန်တီးခဲ့တဲ့နွီဝါးမယ်တော် လောကမှ မထွက်ခွာခင်ချန်ထားခဲ့တဲ့ နတ်ဘုရားကမ္ဗည်းတိုင်ကို ရှာဖွေဖို့ ဖြစ်လာပါတယ်

" နတ်ဘုရားကမ္ဗည်းတိုင်ကို ဖွင့်ရင် လောကအထွဋ်အမြတ်နတ်ဘုရားထွက်ပေါ်လာမယ် "

ဒီလိုနဲ့ နတ်ဘုရားများစုဝေးလာပြီး ပျက်သုန်းစပြုလာတဲ့လောကကို ပြန်လည်ထိန်းညှိဖို့အတွက် တိုက်ပွဲတွေကြားကနေ ‌လောကသခင်အစစ်အမှန်ဘုရင်ကို ရှာဖွေကြပါတော့တယ်

#ReviewbyYourDimple
#封神第一部
#CreationOfGods:KingdomOfStorms
#SoulKingdomMovie
#Movie
1👍1
Kariya 2 (2017) မြန်မာစာတန်းထိုး
*

ဒီတ
စ်ခါတော့ Bollywood အက်ရှင်ကားကောင်းလေးနဲ့  မိတ်ဆက်ပေးချင်ပါတယ်.....

ကရီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်ပါ.....

ကရီယာ့ကိုအသည်းအသန်လိုက်ရှာနေတဲ့ လူမိုက်အဖွဲ့က ကရီယာ့ကိုစိတ်ဝေဒနာရှင်အဖြစ်ပြန်လည်ရှာတွေ့ခဲ့ပါတယ် တစ်ဖက်မှာလည်း ကရီယာ့ချစ်သူ(ချန်နူး)က ကရီယာအသက်ရှင်နေတာကို ဝမ်းသာရမဲ့အစားထိန့်လန့်နေခဲ့သောအခါ.....

လူမိုက်အဖွဲ့ကဘာလို့ကရီယာ့ကိုအသဲအသန်ရှာနေခဲ့တာလဲ ကရီယာဘယ်သူ့ကြောင့်ဒီလိုဖြစ်သွားတာလဲ ချန်နူးကရောဘာလို့ထိန့်လန့်နေခဲ့တာလဲ ဇာတ်လမ်းလေးကြည့်ပီးအဖြေရှာလိုက်ရအောင်.....

IMdb 7.2/10 ရထားပီး မြှုပ်ကွက်လေးတွေနဲ့ ရင်တမမ ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ

#Credit
Pani 2024 (သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ)

သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင်
ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါ
ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။

သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။
ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကို
ဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာအလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာလစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီးအလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။

ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့်ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီးအလကားနီးပါး လိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။

အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန်အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေးဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။

ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီး
လှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး.........

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
1👍1
Rifle Club (2024)

ခပ်ကြမ်းကြမ်းမှကြိုက်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်ဇာတ်လမ်းနာမည်အတိုင်း အပစ်အခတ်အတိုက်အခိုက်ခန်းတွေတ၀ကြီးကြည့်ရမဲ့ မလေယာလမ်စကား‌ပြောအက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခု‌ကတော့ Hanumankind လို့လူသိများတဲ့ အိန္ဒိယ Rapper အဆိုတော်ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်နေတာပါပဲ။

ဇာတ်လမ်းကို လက်နက်မှောင်ခိုသမား ဒုစရိုက်‌ဂိုဏ်းခေါင်းဆောင်ကြီးဒါယာနမ်ရဲ့သားအငယ်ဖြစ်သူဘီချူ မွေးနေ့ပွဲကျင်းပနေတာနဲ့ အစပျိုးထားပါတယ်။
အဲဒီနေ့ညမှာပဲ လူရမ်းကားလေးဘီချူ မတော်တဆ
သေဆုံးသွားတာက‌နေ တကယ့်ပြဿနာ စတော့တာပါပဲ။

ဘီချူတိုနေထိုင်ရာမြိုနဲ့အ‌ဝေးက အိန္ဒိယအနောက်ပိုင်း တောင်တန်းဒေသတစ်နေရာမှာတော့
မုဆိုးတွေစုပေါင်းဖွဲစည်းထားတဲ့ "Rifle Club" ဆိုတဲ့ သမိုင်း‌၀င်အသင်းအဖွဲတစ်ခုရှိပါတယ်။

တစ်နေ့တော့ ရုပ်ရှင်မင်းသားတစ်ယောက်ဟာ သူ့ရုပ်ရှင်အတွက် လေ့လာရေးအဖြစ်အဲဒီကလပ်ကို ရောက်ရှိလာပါတယ်။

ဖြစ်ချင်တော့ သူရောက်ပြီး သိပ်မကြာခင်မှာပဲ
ဒါယာနမ်ရဲ့လက်နက်မှောင်ခိုဂိုဏ်းနဲ့ Rifle Club က
အဖွဲ၀င်တွေရဲ့ တကယ်တိုက်ပွဲအစစ်နဲ့ ကြုံတွေ့ရပါတော့တယ်။

အဲဒီသူသေကိုယ်သေတိုက်ကျတဲ့ ရန်ပွဲကြီးမှာ ဘယ်သူက အနိုင်ရသွားမလဲ၊ Rifle Club ကို မှောင်ခိုဂိုဏ်းသားတွေ လာရောက်ရန်မူရတဲ့ အဓိကအကြောင်းအရင်းက
ဘာဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲများနဲ့အတူ စိတ်၀င်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ဖြစ်ပါတယ်။)
👍1
Kingdom 4: Return of the Great General (2024)
+++++++++++++++
Kingdom Daishogun no Kikan (2024)

~ IMDb – 7.6/10, MyDramaList – 8.0/10 ~

Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4:Return of the Great General ထွက်ရှိလို့လာပါပြီ။

အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်..။

ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။

ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။

တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက် ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo)ဆီသွားပါတော့တယ်။

အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူးရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ်
နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ် ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း(စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင်ဘက်က စစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။

အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို
ကြည့်ရှုရမှာဖြစ်ပါတယ်။

Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ
ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။

လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့ လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကားရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ် ကြားထားပါတယ်။

Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။

ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာ သရုပ်ဆောင်တဲ့ Araki Yuko ကချစ်စရာကောင်းလှပါတယ်။
Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့ chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။

(ဒီဇာတ်ကားရဲ့အညွှန်းကို AK မှ ရေးသားထားပါတယ်)
👍1
Man with No Past (2025)
+++++++++++
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့

Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်

တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryder

တစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲ

ပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါ

ရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်း

အိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲ

ပြန်မှတ်မိချိန်မှာတော့ Ryder တစ်ယောက်အဖြေရှာဖို့

ဖြစ်လာပါတော့တယ်...

တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိ

တစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryder

အကြောင်း ဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့…

ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ်

ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာ

ဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွား ရေးစစ်ရေးဆိုင်ရာတွေကိုလည်း

အကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်း

ဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်

အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင် စစ်ပွဲအက်ရှင်

မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့

အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်...

အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Ryder

တစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ.......

Ryder ဆိုတာကရော ဘယ်သူလဲ..............

ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ.........

ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ...........

သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ......

စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်

အဖြေရှာကြည့်နိုင်ဖို့ ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေး

လိုက်ရပါတယ်ဗျာ.....
👍2
The Girl on a Bulldozer [2022]

လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်

ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်

အဲဒီနောက်မှာတော့ အဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်ကအကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်

အသက် ၁၉ နှစ်ပဲ ရှိသေးလို မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင်ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့် မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ်

Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင်
စုံထောက်အဖြစ် Super Junior's Ye Sung လည်းပါဝင်ထားပါ တယ်

Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သားတည်းကျအောင် တင်ဆက်သွားမလဲ ဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှု ပေးကြပါဦးနော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar
Uncharted [2022]

နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Tom Holland Mark Wahlberg တို့ပါဝင်ထားတဲ့ `Uncharted´ ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် Box office မှာ ၃၈၉.၇သန်းအထိရရှိအောင်မြင်ထားတဲ့ကားလေးဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဆမ်နဲ့ နိတ်တို့ညီအစ်ကိုနှစ်ယောက်ဟာငယ်စဉ်ကတည်းကကွဲကွာသွားတာဖြစ်ပါတယ်

နိတ်ကိုပြန်လာမယ်လို့ကတိပေးခဲ့တဲ့ဆမ်ကလည်းနှစ်တွေကြာတဲ့အထိပေါ်မလာခဲ့ပါဘူး ဒီလိုနဲ့တစ်ရက်မှာတော့

နိတ်အလုပ်လုပ်တဲ့နေရာကိုဗစ်တာဆူလီဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်

သူ့အစ်ကိုဆမ်နဲ့အတူရာစုနှစ်ပေါင်းများစွာပျောက် ဆုံးသွားတဲ့ရတနာတွေကိုရှာရင်းဆမ်ပျောက်သွားတာကြောင့် ညီဖြစ်သူနိတ်ဆီကိုရောက်လာတာဖြစ်ပါတယ်

ဒီလိုနဲ့နိတ်လည်းသူ့အစ်ကိုနဲ့ ရတနာတွေကိုရှာဖို့အတွက်ဗစ်တာဆိုသူနဲ့ပူးပေါင်းလိုက်ပါတော့တယ်

နိတ်နဲ့ဗစ်တာတို့ရတနာတွေကိုရှာတွေ့နိုင်ပါ့မလား နိတ်ရဲ့အစ်ကိုဖြစ်သူပျောက်ဆုံးမှုကရောရတနာတွေနဲ့ပတ်သက်နေတာလားဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးပါဦးနော်

#Credit
#ChannelMyanmar