Aalan (2024)
============
အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက်
Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီး
စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့
ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို
တင်ဆက်ပေးပါရစေ…
လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ
သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်…
အချိန်တွေဘယ်လိုကြာညောင်းညောင်းအဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့် ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင် အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေကလူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်းအတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့အကြောင်းကို ရိုက်ပြထားတာပါပဲ။
ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက်ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကိုကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်…
ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီး
သူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား….
အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကိုဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူလိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်…

Single's Inferno S4 (2025)
***
ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ Dating Show တွေကို
စောင့်မျှော်နေတဲ့သူတွေ အကြိုက်တွေ့စေမဲ့အပြင် ရှေ့မှာလည်း season 3 ခုလောက်
ထွက်ထားပြီးပြီဖြစ်တဲ့ Single Inferno ပဲဖြစ်ပါတယ်။
ပါဝင်သူ စင်ဂယ်သမား ၁၂ ယောက်ဟာ ကျွန်းပေါ်မှာ နေပြီး အချင်းချင်းရင်းနှီးမှုတွေ ရယူပြီးတော့
အချစ်သင်္ကေတလေးများပေါက်ဖွားလာမလားဆိုတာကို တခြား Dating Show တွေနဲ့ မတူဘဲ
စိန်ခေါ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း Paradise နဲ့ Inferno ဆိုတဲ့နေရာနှစ်နေရာ ပါဝင်တဲ့အပြင်
စိန်ခေါ်မှုတွေအလျောက် စုံတွဲတွဲကာ inferno ဆိုတဲ့နေရာကနေ ထွက်ပြီး Paradise ဆိုတဲ့
နေရာမှာနေရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ။
ဒီအတောအတွင်း ဘယ်သူတွေဆီမှာ အချစ်ပန်းပွင့်လေးတွေ ပေါက်ဖွားလာမလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Season 4 ရဲ့ Panelist တွေအနေနဲ့ အရင် season တွေကလို Hong Jin Kyung, Lee Da Hee,
Cho Kyu Hyun, Han Hae နဲ့ Dex တို့က ပါဝင်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

👍1
10 PM (2024)
****
စ/ဆုံး
ဒီတစ်ခေါက်မှာတော့ အင်ဒို Horror တစ်ကား CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်...
အာဗီနိုဟာ Horror storyတွေကိုဖတ်ပြတဲ့ ရေဒီယိုဒီဂျေ တစ်ယောက်ဖြစ်ပါတယ်...
ကြာဿပတေး ည ၁၀နာရီတိုင်းမှာ 10PM လို့အမည်ပေးထားတဲ့ အာဗီနိုရဲ့ပရိုဂရမ်ကိုထုတ်လွှင့်လေ့ရှိပါတယ်...
ဗီဆာကတော့ သူနာပြုတစ်ယောက်ဖြစ်ပြီး သူမမှာ ချန်ဒရာလို့ခေါ်တဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိပါတယ်...
ဒီလိုနဲ့ ဗီဆာတစ်ယောက် ထင်ယောင်ထင်မှားနဲ့ သူ့ဘေးက စကားပြောသလို အသံတွေကြားလာရတဲ့အခါ
ဖာသာဖြစ်ဖို့ကြိုးစားနေတဲ့ ချန်ဒရာက သူ့ညီမကို ကူညီကုသဖို့ ကြိုးစားပါတော့တယ်...
အဲဒီအချိန်မှာပဲ 10 PM ဆိုတဲ့ app တစ်ခုလည်း တိုက်တိုက်ဆိုင်ဆိုင်ထွက်ရှိလာခဲ့ပါတယ်...
ဗီဆာနဲ့ ချန်ဒရာတို့ရော သူတို့ကြုံနေရတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စတွေကို အဖြေရှာနိုင်သွားမလား...
10PM ဆိုတဲ့ appထွက်လာပြီးနောက်ရော ဘာတွေဆက်ဖြစ်ကြမလဲ...
10 PM ရဲ့ ရေဒီယိုဒီဂျေ အာဗီနိုရဲ့ သရုပ်မှန်ကရော ဘာြဖစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြောက်မက်ဖွယ်အပြည့်နဲ့
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်...

❤2
Putham Pudhu Kaalai (2020)
========================
Drama, Family
IMDb 7.6/10
ဒီတစ်အခါ အသစ်ထွက်လာတဲ့ကားလေးကတော့ ကိုဗစ်ကာလအတွင်း ကြုံနေရတဲ့
ပြဿနာအခက်အခဲတွေကို တကယ့်ဖြစ်ရပ်မှန်အတိုင်း ရိုက်ပြထားတဲ့ ကားလေး
တစ်ကားပဲဖြစ်ပါတယ်…
ကြည့်ဖူးသမျှကားတွေနဲ့မတူဘဲ လုံးဝကွဲထွက်နေတယ်လို့ ခံစားစေရပါမယ်နော်။
ဇာတ်လမ်းတိုလေး ၄ပုဒ်နဲ့ အခုခေတ်ဆိုးကြီးထဲမှာ လိုအပ်နေတဲ့အရာတွေ၊ အချင်းချင်းအားပေးကူညီမှုတွေ၊ ထောက်ပံ့ပေးမှုတွေကို ကြည်နူးဖွယ်ကောင်းအောင် နူးနူးညံ့ညံ့လေး
ဖော်ပြသွားပါတယ်။
တကယ်ကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ကြည့်ရတာ တန်ပါတယ်ဗျာ..
အော်..မင်းသမီးချော ၄ ယောက်တောင်ပါတယ်နော်❣️
#Credit

Eesho (2022)
===========
ဒီတစ်ခေါက်ကတော့ Thrissur Pooram ကားထဲက မင်းသား Jayasurya ရဲ့ကားသစ် eeshoဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားလေးကတော့လိင်မှုအကြမ်းဖက်ခံရတဲ့ကလေးတွေအတွက်တရားမှုကို ပြန်ရှာပေးတဲ့ဇာတ်လမ်းမျိူးလေးပါ။
အိန္ဒိယက အာဏာရှိလူချမ်းသာတွေက အပျိုဖော်ဝင်စကလေးတွေကို လိင်မှုအကြမ်းဖက်တာမျိုးတွေ လုပ်တာပါ။
မြင်တဲ့လူတွေက မြင်ပေမဲ့ ပိုက်ဆံပေးလိုက်တဲ့အခါ ဘယ်သူမှအဲ့အကြောင်းမပြောပဲ အာဏာရှင်တရားခံတွေလက်အောက်မှာပဲ
ပြားပြားဝပ်နေကြတာပါ။
ဒီမှာတော့ အဲ့လိုအနိုင်ကျင့် ခံလိုက်ရတဲ့ သားအမိနှစ်ယောက်ဟာကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ်။အဲ့အကြောင်းတွေကို
အဝေးရောက်နေတဲ့ ခင်ပွန်းကိုဘာမှမပြောခဲ့ကြပါဘူး။သေမှ သိသွားရတဲ့ခင်ပွန်းသည်ဟာ စိတ်တွေအနာကြီးနာကာဒီလိုမတရားမှုကြီးကို
မျက်မြင်တွေ့တာတောင် ပိုက်ဆံမက်ပြီးဘာမှမပြောခဲ့တဲ့ လူသက်သေတွေကို လက်စားလိုက်ချေခဲ့ပါတယ်။
သူ့အမှုတင်မဟုတ်တခြားအမှုတွေမှာပါ လူသက်သေတွေကို လိုက်ပြီးသတ်တာပါ။အဲ့လိုနဲ့ မစ္စတာပီလိုင်ဆိုတဲ့ လူရိုးကြီးက မျက်မြင်တွေ့ခဲ့ရတဲ့
လိင်အကြမ်းဖက်မှုတစ်ခုရှိခဲ့ပါတယ်။သူကရော တခြားလူတွေလို ပိုက်ဆံယူပြီးဘာမှမပြောဘဲနေမှာလား။မျက်မြင်သက်သေတွေကို လိုက်သတ်နေတဲ့
လူနဲ့ရောဘယ်လိုနှစ်ပါးသွားကြမလဲ ကြည့်ရမယ့်ကားပါ။ အတော်လေးစိတ်မရိုးမယွဖြစ်စေတဲ့ကားပါ။ရင်တထိတ်ထိတ်ကြည့်ရမှာပါ။
ဇာတ်လမ်းက ကြည့်ရတာတော်တော် တန်မယ့်ကားတစ်ကားပါ။

El Paraiso (2023) “၅၂၈ မေတ္တာဘုံ”
IMDB: 6.8/10
အီတလီကားတွေ ထုံးစံအတိုင်း ခပ်ဖြည်းဖြည်းချင်း စီးမျောခံစားရမဲ့
ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့
သားအမိနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြီး
သူတိုရဲ့ဘ၀အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို
ဒရာမာနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းကို ဂျူလီယိုတိုသားအမိ ဘားမှာကဲနေတဲ့ပုံနဲ့ အစပျိုးထားပါတယ်။
အမေတစ်ခု သားတစ်ခုဘ၀မှာ သူတိုနှစ်ဦးဟာ တစ်ခါတလေ သူငယ်ချင်းပေါင်း
ပေါင်းတတ်တဲ့သားအမိမျိုးပါ။ ဒါပေမဲ့ သားအမိတွေရဲ့ထုံးစံအတိုင်း
အမြဲတည့်နေတာတော့ မဟုတ်ပါဘူး။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။
အသက်သာကြီးပေမဲ့ အမေကိုမခွဲနိုင်မခွာရက်တဲ့ဂျူလီယိုဟာ မားမားဘွိင်းကြီး ဖြစ်မှန်းမသိဖြစ်နေတာပါ။

The Super Mario Bros Movie [2023]
စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။
ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။
အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။
မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။
ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။
ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။
ဇာတ်လမ်းအကျဉ်း
မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကိုရောက်သွားပါတော့တယ်။
လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။
မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။
ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Unmasked (2025)
*
ဒီတစ်ခေါက်မှာတော့ Channel Myanmar ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ အသစ်ထွက်ရှိလာတဲ့
မှုခင်းဟာသဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Cast တွေအနေနဲ့ကတော့ Under The Queen's Umbrella ထဲမှ မိဖုရားကြီးဖြစ်တဲ့ Kim Hye Soo ၊
The Glory ထဲမှ မင်းသား Jung Sung-Il ၊ Extraordinary Attorney Woo ထဲမှ Joo Jong-Hyuk
တို့ အဓိက ပါဝင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးများစွာလည်း အားဖြည့်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအညွှန်း ~
အမှုစစ်တွေ စုံထောက်တွေ မဖြေရှင်းနိုင်တဲ့အမှုတွေကို တင်ဆက်ပေးတဲ့ "Trigger" ဆိုတဲ့ ရုပ်သံအစီအစဥ်ရဲ့
ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Oh So Ryong (Kim Hye Soo) ကတော့ သူမ ဘဝမှာ မနက်ဖြန်ဆိုတာ မရှိသလိုမျိုး
တရားမျှတမှု အတွက် သက်စွန့်စံဖျား ကြိုးစားပြီး အမှုဖြေရှင်းတတ်သော်လည်း သူမရဲ့ ရှိုးကတော့
ဖျက်သိမ်းခံရလုနီးပါဖြစ်နေပါတော့တယ်။
ဒီလို အလုပ်ကြမ်းပိုးရှိနေတဲ့ အဖွဲ့ထဲကို အကပ်နဲ့ ဝင်လာပြီး နောက်ပိုင်း ပရိုဂျူဆာကြီးရဲ့ တက်ကြွတဲ့ စိတ်ကြောင့်
အလုပ်ချိန်တိုင်းလိုလို ဒုက္ခခံစားနေရတဲ့ လူမှုရေး ခေါင်းပါးသူ Han Do (Jung Sung-Il) နဲ့ အဖွဲ့ရဲ့အငယ်ဆုံး
ပရိုဂျူဆာဖြစ်တဲ့ Kang Ki Ho (Joo Jong-Hyuk) တို့ ရောက်ရှိလာပါတော့တယ်။
ဒီလိုနဲ့ပဲ ဖျက်သိမ်းခံရတော့မဲ့ ရှိုးကို ဆက်လက် ရိုက်ကူးနိုင်ဖို့ အတွက် အမှု သက်တမ်း နှစ်၂၀ကြာပြီ ဖြစ်တဲ့
နာမည်ကြီး မင်းသား ပျောက်ဆုံးသွားတဲ့ အမှုသေ တစ်ခုကို ကိုင်တွယ် ဖြေရှင်းဖို့ဖြစ်လာပြီး နောက်မှာတော့....
ရှုပ်ထွေးပွေလီလှတဲ့ အမှုကို Trigger အဖွဲ့ ဖြေရှင်းနိုင်သွားပြီး တရားမျှတမှု ယူဆောင်လာပေးနိုင်မလား..
ရှိုးကိုလည်း ကယ်တင်သွားနိုင်မလား...ဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့
Channel Myanmar နဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးနော်။
(အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)

မယ်ကံဆိုးနှင့် မောင်ကံကောင်း (倒霉小姐与幸运先生)Misfortune Miss And Lucky Mr 2024
ဇာတ်လမ်းအကျဉ်း
ဖြန့်ဝေရေးအယ်ဒီတာချုပ် Xiao Qiu Gang ဟာ 'ထိတ်လန့်ဖွယ် မာလိစူး' ဆိုတဲ့ဝတ္ထုကို အကဲဖြတ်ခဲ့ပြီး “အတည်မပြု” နိုင်ကြောင်းအဖြေကို သုံးသပ်မှုအစည်းအဝေးမှာ ကြေညာခဲ့ပါတယ်
ဒါပေမဲ့ Xiao Qiu Gang ဟာ သူမရဲ့ အဝတ်ဗီရိုထဲမှာ တစ်ရေးတစ်မော အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ တခြားကမ္ဘာတစ်ခုကို ရောက်နေခဲ့ပါတယ်
အကြိမ်ကြိမ် စူးစမ်းကြည့်ပြီးနောက်မှာတော့ သူမကိုယ်သူမ ကိုယ့်ကိုယ်ကိုသေစေခဲ့တဲ့ အဲဒီဝတ္ထုထဲကို ရောက်နေခဲ့တာကို သိလိုက်ရပြီး သူမဟာ ကံအဆိုးဆုံး အရန်မင်းသမီး Shen Qing Ge ဖြစ်နေခဲ့ပါတယ်
စာရေးသူရဲ့ "ရွှေလက်" ကို ပိုင်ဆိုင်ထားတဲ့သူမဟာ လူတိုင်းရဲ့ကံကို မြင်နိုင်ပေမဲ့ သူမကိုယ်တိုင်ရဲ့ ကံကြမ္မာက သနားစရာကောင်းလောက်အောင် ဆိုးရွားနေခဲ့ပြီး ဘယ်မကောင်းတဲ့ကိစ္စမျိုးမဆို သူမထံမှာ ဖြစ်ပေါ်လာနေခဲ့ပါတယ်
ဝတ္ထုလောကထဲက စနစ်တစ်ခုက သူမကို သတိပေးခဲ့ပြီး သူမဟာ Gu Yi Chen ဆိုသူနဲ့ နီးစပ်နိုင်မှသာ ကံပြန်ကောင်းလာပြီး မိမိလောကကို ပြန်ခွင့်ရနိုင်မှာ ဖြစ်နေတဲ့အခါ ...
ကံဆိုးမလေးနဲ့ လာဘ်ရွှင်မင်းသားလေးတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ...

Death in the Cul-De-Sac (2024)
ဇာတ်လမ်းအညွှန်း 🗡
ခင်ပွန်းဖြစ်သူ Jack Jackson ရဲ့ အလုပ်အကိုင်အပြောင်းအလဲကြောင့် အဆင့်အတန်းမြင့် ပတ်ဝန်းကျင်ကို မွေးစားသမီးလေး Jilly နဲ့ အတူ
Anita ပြောင်းရွှေ့လာခဲ့ကြပါတယ်။
"Wives Club" ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲက အဖွဲ့ဝင်ဟောင်း Patrice သေဆုံးမှုကို စတင် သံသယဝင်လာခဲ့တဲ့ Anita တစ်ယောက် "Wives Club" ကို ဖိတ်ကြားခံလိုက်ရတဲ့အခါမှာတော့...
ပါတီပွဲတွေ တွေ့ဆုံပွဲတွေကြား ထူးဆန်းတဲ့အဖြစ်အပျက်တွေ နဲ့ Anita စတင်ကြုံတွေ့လာခဲ့ရပါတော့တယ်။
သူငယ်ချင်းရှာစေချင်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖိအားနဲ့ Bonnyရဲ့ "Wives Club" ကို သံသယဝင်နေတဲ့ စကားတွေကြား Anita ဗျာများလာတဲ့ အချိန်...
မွေးစားသမီးဖြစ်သူ Jilly ကိုပဲ မိတ်ဖွဲ့ဖို့ ပိုစိတ်ဝင်စားကြပြီး သူ့ကိုပစ်ထုတ်ဖို့ ကြံနေတဲ့ "Wives Club" အဖွဲ့ဝင်တွေရဲ့ အပြုအမူတွေကြောင့် အဖွဲ့ဝင်ဟောင်းဖြစ်သူ Patrice ကိုလည်း အဲဒီဇနီးသည်တွေကပဲ သတ်တယ်လို့ သေချာထင်လာသောအခါ...
Anita တစ်ယောက် "Wives Club" အဖွဲ့ဝင်တွေကြား အရှုပ်အထွေးတွေထဲက ရုန်းထွက်နိုင်ပါ့မလား။ Jillyကရော "Wives Club" နဲ့ ဘယ်လိုပတ်သက်ဆက်နွယ်မှုတွေ ရှိနေမလဲ..။ Patriceရဲ့ လူသတ်သမားကရော တကယ်ပဲ "Wives Club"က ဇနီးသည်တွေပဲ ဖြစ်နေမလားဆိုတာကို.. စိတ်ဝင်တစားကြည့်ရှု အဖြေသိနိုင်ကြဖို့အတွက် SoulKingdomကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်❕️

👍2❤1
Ferdinand (2017)
ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီးပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။
ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။
အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။
ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက်အရွယ်အစား ကြီးမား တောင့်တင်းတာမို့
တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။
နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီးမျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက်
အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပြီးဘာတွေဆက်ဖြစ်သွားမလဲ

Luca (2021)
ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။
ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။
လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာနေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။
အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ
ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။
အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။
သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့

Bolt (2008)
ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်
ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာ
အချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။
သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။
ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။
နောက်ဆုံးမှာတော့ လမ်းကြားက
ကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူ
ကြွက်ကလေး ရိုင်နို တို့နဲ့အတူ
ပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

Family Padam(2024) ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်
အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့
တမီးလ်ဇာတ်ကားလေးကတော့ ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့မြန်မာမှုနာမည်လေးအတိုင်းပေါ့
အကြည်တော်စာအုပ်ထဲက မချောတို့မိသားစုလိုပဲ
တစ်ယောက်တစ်ပေါက်နဲ့ ရုန်းကန်ကြရင်း လောကဓံကို
ဂျိုနဲ့လားဆိုပြီး ရယ်ရယ်မောမော ရင်ဆိုင်နေကြတဲ့ မိသားစုလေးအကြောင်းပါပဲ။
ဇာတ်လမ်းအစ တစ်မြို့လုံးဒေပါဝလီပွဲတော်ကျင်းပနေချိန်မှာဇာတ်လိုက်ကျော်ကြီးတို့မိသားစုကတော့ အိမ်လုံးကျွတ်ရဲစခန်းကိုရောက်နေပါတယ်
အမှုကတော့ ခန်းဝင်ပစ္စည်းတွေယူပြီးမှ ယူရမယ့်မိန်းမကိုမယူပဲ လစ်သွားလို့ပါတဲ့.....
ဒီလိုတလွဲတချော်တွေအားလုံး အစပြုရာမိသားစုဝင်တွေကလည်း စိတ်ဝင်စားစရာလူတွေပါပဲ
အဖေက ကာယဗလမောင်၊အမေကမှီခို၊အဘိုးက နိုင်ငံရေးတွေလေကန်နေတဲ့ကျောင်းစာရေး(ငြိမ်း)၊ အကိုကြီးကအစိုးရရှေ့နေ၊အကိုလတ်ကညပိုင်းပဲအလုပ်လုပ်ရတဲ့အိုင်တီသမား၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးက ဘာရုပ်ရှင်ကားကြီးမှမရိုက်ရတဲ့လက်ထောက်ဒါရိုက်တာပါ
ဒီလိုလူလတ်တန်းစားမိသားစုလေးက အားလပ်ချိန်မှာ
ရုပ်ရှင်ကြည့်ရင်းအပန်းဖြေရတာဝါသနာပါပါတယ်တဲ့..
အဲ့မှာပဲ သူတို့ရဲ့အငယ်ဆုံးသားလေးက ရုပ်ရှင်ကားကြီးရိုက်ရမယ့်ဒါရိုက်တာဖြစ်ချင်ဝာာကို အားလုံးကအဖြစ်မရှိအသုံးမကျတဲ့ကောင်လို့မပြောတဲ့အပြင် ဝိုင်းအားပေးကူညီရာကနေစပြီးတစ်မိသားစုလုံးပါ ရဲစခန်းရောက်သွားပါတော့တယ်..
အဲ့တော့ ဒီလိုကပေါက်တိကပေါက်ချာ အမှုတွေတက်အောင် ဘာတွေတလွဲလုပ်လိုက်ကြတာလဲ
ဇာတ်လိုက်ကျော်ကြီးရဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အိမ်မက်
အကောင်အထည်ပေါ်သွားမလားဆိုတာ ပရိသတ်ကြီးပဲ
ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်....
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

Yaanai (2022)
============
IMDb 6.7
Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့
ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ
ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါ
လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိနေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်
မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ
မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့်
ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့
အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့
ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ
ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်

Blow the Man Down [2019]
၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါ
အီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာအမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်
ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကိုအပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီးမြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်းထိုလူရဲ့ကားနောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကိုတွေ့လို့အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..
အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးနောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်
တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှကလေးမတစ်ယောက်အလောင်းဟာကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..
သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်

Greyhound [2020]
IMDB: 7.2/10
အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..
ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ
သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်.ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သင်္ဘောတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ
ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကွီးနဲ့မဟာမိတျဘျောတှကေို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်
ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့
ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်
စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး
တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သင်္ဘောတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်
ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူးဝုန်းဂျိန်းနဲ့ကိုတွယ်တာပါကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause နေရာကိုရောက်သွားပြီးမွန်းကြတ်လာပါလိမ့်မယ်
ခံစားကြည့်ကြပါဉီး.ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်
#Credit
#ChannelMyanmar

Call Me by Your Name (2017)
၁၉၈၃ ခုနှစ်ရဲ့ အီတလီနွေရာသီမှာ ကားလေးတစ်စီးနဲ့ အိမ်ကို စရောက်လာတဲ့ခင်ဗျားဟာ
ကျွန်တော့်ရဲ့ အိပ်ခန်းကို ဦးစွာ သိမ်းပိုက်ခဲ့တယ်။
အရပ်အမောင်းကောင်းကောင်းနဲ့ သိပ်ကို ဆွဲဆောင်မှု ရှိတဲ့ ခင်ဗျားဟာ ကျွန်တော်နဲ့ ၇နှစ်တောင်အသက်ကွာခြားသတဲ့။
အချင်းချင်း နှုတ်ဆက်ခါနီးကို သူများနဲ့မတူ တမူထူးခြားစွာ ” နောက်မှပဲ ” ”နောက်မှပဲ” လို့ ပြောတတ်တဲ့ခင်ဗျားကို ကျွန်တော် အမြင်တော့ကပ်မိသား။
ဒီလို တုံးတိဆန်တဲ့ စကားက ကျွန်တော့်အတွက်တော့ ရိုင်းပြမောက်မာတဲ့အပြုအမူလို့ ထင်မိတယ်လေ။
ဟော တွေ့လား ဒီလိုနဲ့ ခင်ဗျားက ကျွန်တော့်ရဲ့အတွေးနယ်ကို နယ်ချဲ့သိမ်းပိုက်လိုက်ပြန်ပြီ။
အိမ်ကို လာတဲ့ ဧည့်သည်ကို အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်က မြို့တစ်ဝိုကကို လမ်းပြရင်း အချိန်ကုန်ဆုံးပေးခဲ့ရပြန်တယ်။
ကျွန်တော့်ဘက်က ဧည်၀တ်ကျေရဲ့လား သေချာမသိပေမယ့် သေချာတာတစ်ခုကကျွန်တော့်အချိန်တွေကို ခင်ဗျား သိမ်းပိုက်သွားပြန်ပြီ။
အချိန်ကြာလာတော့ “နောက်မှပဲ”ဆိုတဲ့ ကျွန်တော်ကိုယ်တိုင် အရိုင်းဆန်တယ် ပြောခဲ့တဲ့ စကားလေးကိုမှ ကျွန်တော်စွဲလမ်းလာတယ်။
ကျွန်တော့်ရဲ့ အိပ်ခန်း၊ စိတ်နဲ့ အချိန်တွေကို သိမ်းပိုက်ခဲ့တာ ခင်ဗျားဆိုပေမယ့် နှလုံးသားနဲ့ အသွေးအသားကို အသိမ်းပိုက်ခံချင်သူက ကျွန်တော် ဖြစ်လာတယ်။
နှစ်ယောက်တည်းသိတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ရည်ညွှန်းတဲ့အခါ လောကကို မေ့ပြီး အပျော်ကြီး ပျော်တတ်ခဲ့ပြီ။
သို့ပေမဲ့ အတားအဆီးချုပ်ချယ်မှုတွေ များတဲ့ ဒီလောကမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာယိုယွင်းသွားနိုင်တာကိုတော့ ခင်ဗျားက အစောကြီးကတည်းက ပိုနားလည်ခဲ့ပုံပါပဲ။
ကျွန်တော်ဆိုတဲ့ကောင်က ဘာဆိုဘာမှ မသိခဲ့တဲ့ ၁၇ သာသာ ကောင်လေးတစ်ယောက်ပါ။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
အိုလီဗာ … ခင်ဗျား ထွက်သွားတော့မယ်ဆိုရင် အနားမှာဘယ်သူမှ မရှိတော့ချိန် ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်သွားချိန်မှာ ကျွန်တော့်ဘက်ကို တစ်ချက် မျက်နှာမူပြီး
ခင်ဗျားရဲ့ နာမည်လေးနဲ့ ကျွန်တော့်ကို ခေါ်လို့နှုတ်ဆက်ခဲ့ပါ ……/အယ်လီယို

Firebird [2021]
ဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။
“Call me by your name” လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။
ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်) အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို
ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။
ဒီဇာတ်ကားကို ကြည့်ဖို လိင်တူချစ်တတ်သူ ဖြစ်ဖိုမလိုပါဘူး။
မေတ္တာတရားကို ခံစားတတ်ဖိုပဲလိုပါတယ်။
လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။
ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင်အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို
လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ လိုက်ပြီးခံစားကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။
ဒီရုပ်ရှင်ကလည်း LGBT ရုပ်ရှင်ကောင်းတွေစာရင်းထဲမှာ
သေချာပေါက် ထည့်ရမယ့် ရုပ်ရှင်ဆိုတာတော့ ပြောနိုင်ပါတယ်ဗျာ။

封神 : 第一部 (Creation of The Gods : Kingdom of Storms) 2023 ရုပ်ရှင်
ဒီတစ်ခါမှာ 2023 ရုပ်ရှင်လောကရဲ့အအောင်မြင်ဆုံး ရုပ်ရှင် ၊ ရုံတင်ငွေ အများဆုံးရုပ်ရှင်ဖြစ်တဲ့ ရုပ်ရှင် အသစ်စက်စက်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ဂန္တဝင် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Feng Shen Yan Yi ကို အခြေခံရိုက်ကူးထားတာပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်က လူသားတွေ ၊ နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေကြားက ရှည်လျားတဲ့ ဒဏ္ဍာရီစစ်ပွဲကို ပြန်လည်ဖန်တီးတင်ဆက်ပေးထားတဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်း
ရှန်းဘုရင်မင်းမြတ်ယင်ရှို့ဟာ မြေခွေးမိစ္ဆာ တန့်ကျီနဲ့ ပူးပေါင်းပြီး လောကပြည်သူတွေကို နှိပ်စက်ဒဏ်ခတ်နေခဲ့တာကို မြင်တဲ့ ကျန်းကျီရာဟာ လူ့ပြည့်ကိုဆင်းကာ ပြည်သူတွေကိုကယ်ဆယ်ဖို့ တကယ်စစ်မှန်ပြီး ကြင်နာတတ်တဲ့ဘုရင်တစ်ပါးကို ရှာဖို့ ရောက်လာခဲ့ပါတယ်
တစ်ဖက်မှာလည်း ကမောက်ကမဖြစ်လာတဲ့ နိုင်ငံတော်ကြီးအတွက် လောကကို ဖန်တီးခဲ့တဲ့နွီဝါးမယ်တော် လောကမှ မထွက်ခွာခင်ချန်ထားခဲ့တဲ့ နတ်ဘုရားကမ္ဗည်းတိုင်ကို ရှာဖွေဖို့ ဖြစ်လာပါတယ်
" နတ်ဘုရားကမ္ဗည်းတိုင်ကို ဖွင့်ရင် လောကအထွဋ်အမြတ်နတ်ဘုရားထွက်ပေါ်လာမယ် "
ဒီလိုနဲ့ နတ်ဘုရားများစုဝေးလာပြီး ပျက်သုန်းစပြုလာတဲ့လောကကို ပြန်လည်ထိန်းညှိဖို့အတွက် တိုက်ပွဲတွေကြားကနေ လောကသခင်အစစ်အမှန်ဘုရင်ကို ရှာဖွေကြပါတော့တယ်
#ReviewbyYourDimple
#封神第一部
#CreationOfGods:KingdomOfStorms
#SoulKingdomMovie
#Movie

❤1👍1
Kariya 2 (2017) မြန်မာစာတန်းထိုး
*
ဒီတစ်ခါတော့ Bollywood အက်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.....
ကရီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ မိဘမဲ့တစ်ကောင်ကြွက်တစ်ယောက်ပါ.....
ကရီယာ့ကိုအသည်းအသန်လိုက်ရှာနေတဲ့ လူမိုက်အဖွဲ့က ကရီယာ့ကိုစိတ်ဝေဒနာရှင်အဖြစ်ပြန်လည်ရှာတွေ့ခဲ့ပါတယ် တစ်ဖက်မှာလည်း ကရီယာ့ချစ်သူ(ချန်နူး)က ကရီယာအသက်ရှင်နေတာကို ဝမ်းသာရမဲ့အစားထိန့်လန့်နေခဲ့သောအခါ.....
လူမိုက်အဖွဲ့ကဘာလို့ကရီယာ့ကိုအသဲအသန်ရှာနေခဲ့တာလဲ ကရီယာဘယ်သူ့ကြောင့်ဒီလိုဖြစ်သွားတာလဲ ချန်နူးကရောဘာလို့ထိန့်လန့်နေခဲ့တာလဲ ဇာတ်လမ်းလေးကြည့်ပီးအဖြေရှာလိုက်ရအောင်.....
IMdb 7.2/10 ရထားပီး မြှုပ်ကွက်လေးတွေနဲ့ ရင်တမမ ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ