NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Love You To Debt (2024)

https://t.me/AllMovielist11/50?single

Brightရဲ့ ရုပ်ရှင်အသစ်လေးတွေကို မျှော်‌နေကြတဲ့ ပရိတ်သတ်လေးတွေအတွက် ဒီနေ့မှာထွက်ရှိလာခဲ့တဲ့ Brightရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ပင်လယ်ကမ်းစပ်မြိုလေးမှာ နေ့စဉ် နဲ့အမျှ ပဋိပက္ခမှု‌တွေ၊ အကြမ်းဖက်မှုတွေ ဖြစ်နေပါတော့တယ်။ အဲ့ဒီအကြမ်းဖက်မှုတွေရဲ့ အဓိကတရားခံကတော့ ငွေတိုးချေးစားတဲ့ ဂိုဏ်းရဲ့ ငွေသိမ်းဆည်းသူ Bowဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်။တစ်နေ့မှာ Bow တစ်ယောက် အကြွေးသွားသိမ်းဆည်းရင်း ငွေချေးယူတဲ့ဦးလေးကြီးရဲ့သမီး Imနဲ့ ရေစက်ဆုံလာကြပါတော့တယ်။ဖြောင့်မတ်တည်ကြည်တဲ့‌Imနဲ့ လူဆိုးလေးBowတို ရေစက်ဆုံလာကြတဲ့အခါ ဘာတွေဆက်ဖြစ်လာကြမလဲ။ သူတိုရဲ့အချစ်ခရီးလမ်းကကော ချောမွေ့နိုင်ပါ့မလားဆိုဝာာကို "Love You To Debt" ဆိုတဲ့ ရိုမန့်အက်ရှင်ဇာတ်ကားလေးမှာ ကြည့်ရှုနိုင်ပါပြီ။
👍115
Love Andante (2024)
မြန်မာစာတန်းထိုး စ/ဆုံး

https://t.me/NLSeriesMM12/348
👍6👏1
The Thieves (2012)

ဇာတ်လမ်းကတော့ အသက်အရွယ်စုံ အမျိုးသားအမျိုးသမီးတွေ ပါဝင်တဲ့ ကိုရီးယားအဆင့်မြင့် သူခိုးအဖွဲ့ ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ

ထိပ်တန်း တန်ဖိုးကြီးပစ္စည်းတွေ ကိုရအောင်ခိုးကြတဲ့ သူခိုးအဖွဲ့ ကိုရီယားကနေခဏရှောင်ပြီး မကာအိုကတရုတ် အဖွဲ့နဲ့ပိုခက်ခဲတဲ့ ပစ္စည်းကိုပေါင်းပြီးခိုးဖို့
နာမည်ကြီးသူခိုး မကာအိုပတ်လို့ ခေါ်တယ့်လူကစီစဉ်ခဲ့ပါတယ်

မကာအိုပတ် ကဘယ်လို ခိုးဖို့ စီစဉ်ပြီး လုပ်ထားလဲ ၊ မကာအိုပတ်လို့ခေါ်တဲ့သူမှာရော ဘာနောက်ကြောင်းတွေရှိလဲ ၊သူတို့ခိုးမယ် စိန်ပွင့်ကြီးကိုရောခိုးနိုင်ကြမလား ၊တရုတ်အဖွဲ့မှာရော ဘယ်လိုလူမျိုးတွေပါလဲ ၊
သူခိုးဆိုတဲ့အတိုင်းတစ်ယောက်နဲ့တစ်ယောက် ယုံကြည့်ရပါ့မလား ၊စိန်ပွင့်ကို ပိုင်ဆိုင်ထားတယ့်သူကရော ဘယ်လိုလူမျိုးလဲ ၊သူတို့ဖြတ်ကျော်ရမယ့် အခက်ခဲတွေကို ရော အားလုံးဖြတ်ကျော်နိုင်ပါ့မလား

မကောင်းတာလုပ်တဲ့သူမှာလဲ စစ်မှန်တဲ့ခံစားချက်တွေရှိပြီး လူဆိုတာ ကိုယ်ကလွဲ မယုံရ ဆိုတာတွေကိုဒီဇာတ်ကားမှာတွေ့ရမှာပါ

စတန့်ပြကွက်တွေ နဲ့အတူဟာသရသကိုပါ ခံစားရပါလိမ့်မယ်။ဒီဇာတ်ကားကိုချုံပြောရရင် တော်တော်မိုက်တယ့်

https://t.me/nlmovie12/76
👍95👎1
Mrs. Cop (2015)

စ/ဆုံး

https://t.me/NLSeriesMM12/466

အမျိုးသမီးစုံထောက် Choi Young-Jin (Kim Hee-Ae) ဟာ အဖွဲ့မှူးအဖြစ်အမှုတွေကိုဖြေရှင်းရတဲ့အပြင်
တစ်ဖက်မှာလည်း သမီးလေး Ha-Eun ကို တစ်ယောက်တည်းပျိုးထောင်နေရတဲ့မိခင်တစ်ဦးဖြစ်ပါတယ်
စီနီယာဖြစ်သူ Park Jong-Ho နဲ့ အဖွဲ့ဝင် Min Do-Young, Han Jin-Woo, Jo Jae-Deok, Lee Se-Won တို့နဲ့အတူ
ရှုပ်ထွေးလှတဲ့ပြစ်မှု မှုခင်းတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
👍91🥰1
Puzzle 2018

ဒိုဂျွန်းက အလုပ်အကိုင်ကောင်းနဲ့ ငွေကြေးနဲ့ မိသားစုဘဝ အရာအားလုံးပြည့်စုံနေသူလို့ထင်ရပေမဲ့

တကယ်တမ်းလက်တွေ့မှာတော့ အိမ်ထောင်ကွဲနေ အမျိုးသားတစ်ဦးဖြစ်ပါတယ်....

ကြိုးစားအလုပ်လုပ်ပြီးတော့ နိုင်ငံခြားမှာ နေထိုင်တဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးကိုထောက်ပံ့နေရသူပါ။

သံသယအရမ်းကြီးတဲ့ ဒိုဂျွန်းက လူတိုင်းကိုမယုံမကြည် မိန်းမကိုသဝန်တိုလွန်းလို့ အိမ်ထောင်ကွဲခဲ့ရပါတယ်

ဒိုဂျွန်းတစ်ယောက် စိတ်လေပြီးတော့ မူးအောင်သောက်ရင်း ဆယ်ရွန်းဆိုတဲ့ ထူးဆန်းတဲ့မိန်းကလေးနဲ့တွေ့ခဲ့တယ်။

ဆယ်ရွန်းနဲ့တွေ့တဲ့အချိန်က စပြီးတော့ ဂျောင်ဒိုဂျွန်းရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်...

မထင်မှတ်ထားဘဲ သူဟာ လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့ရပြီးတော့ ဝရမ်းပြေးဖြစ်လာတယ်။

ဒါပေမဲ့ ဂျောင်ဒိုဂျွန်းကို အဲဒီလိုဖြစ်အောင်လို့ နောက်ကွယ်က စေခိုင်းသူရှိနေခဲ့ပါတယ်...

အဲဒီလူက ဘယ်သူဖြစ်မလဲ... ဒီပဟေဠိကို ဒိုဂျွန်းတစ်ယောက် အဖြေရှာနိုင်ပါ့မလားဆိုတာ...

ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး....

၁၈+ ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုနှင့်အတူတကွကြည့်ရှုရန်မသင့်တော်ပါ။

Channel joinပါ
https://t.me/+1MEskvcFwTo4NTI9

ဇာတ်ကား link
https://t.me/c/2207139094/11
👍20👎1
While You Were Sleeping (2024)

Channel အရင် Join ပါ
https://t.me/+cAITsX8cjEFmZTE1

ဇာတ်ကား link
https://t.me/c/2443355821/5

နာမည်ကြီး စာရေးဆရာဂင်ဂျွန်ဆော့နဲ့ ပန်းချီဆရာမ ဒေါ့ဟီတို့ဟာ
သာမန်ပျော်ရွှင်စရာကောင်းတဲ့ လင်မယားအတွဲလေးတစ်တွဲအဖြစ်
ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေကြတဲ့သူတွေပေါ့။

ဒါပေမဲ့ ဇနီးဖြစ်သူဒေါ့ဟီက အတိတ်မေ့ရောဂါရှိနေပြီး
တချို့သော အကြောင်းအရာတွေကို မမှတ်မိတော့တဲ့အတွက်
ပြန်ပြီးမှတ်မိလာအောင် ကြိုးစားနေရရှာသူတစ်ဦးပဲဖြစ်တယ်။

တစ်နေ့မှာ ခင်ပွန်းဖြစ်သူ စာရေးဆရာဂင်ဂျွန်ဆော့က
ဝတ္ထုအသစ်ရေးရန်ပြင်ဆင်ဖို့ ခရီးသွားနေတဲ့အချိန်မှာ
မတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးသွားပါတော့တယ်။

ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒေါ့ဟီက ခင်ပွန်းဖြစ်သူဆုံးပါးသွားခဲ့တဲ့
ခရီးနေရာကို တစ်ဖန်ပြန်လည်သွားရောက်ခဲ့တဲ့ အချိန်မှာတော့
မမျှော်လင့်ထားတဲ့ အမှန်တရားတွေကို ရင်ဆိုင်တွေ့ရှိလာရတဲ့အခါမှာတော့...။

ဇနီးဖြစ်သူ သိရှိသွားတာက ဘယ်လိုအမှန်တရားတွေဖြစ်နေမလဲ...။
ဂျွန်ဆော့က ဒေါ့ဟီမသိအောင် ဘာတွေ ကွယ်ဝှက်ထားမလဲဆိုတာကို
ပဟေဠိဆန်ဆန် စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။
11👍10👎1😁1
Alice boy from wonderland (2015)

Romance ဆန်ဆန်ရိုက်ကူးထားပြီး

ပုံပြင်ဆန်ဆန်ဇာတ်လမ်းသွား စိတ်ကူးဆန်းဆန်းနဲ့တင်ဆက်ထားတဲ့ Alice boy from wonderland ရုပ်ရှင်မှာ

ဟေးဂျောင်းဆိုတဲ့ ကောင်မလေး သူ့ အသက် ၄ နှစ်ရဲ့ရှေ့ပိုင်းကို ဘာမှမမှတ်မိတော့ပါဘူး။

ဒီလိုအတိတ်မေ့ဝေဒနာခံစားနေရတဲ့သူမဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်ရာကနေ သူမရလာတဲ့အမြင်တွေအရ နတ်ဆရာတစ်ဦးကိုအကူအညီတောင်းပြီး woderland အမည်ရတဲ့ ကျေးရွာကလေးကိုသွားရောက်ခဲ့ပါတယ်။

ထူးခြားတဲ့ဖြစ်ရပ်တွေ၊ စိတ်ကူးယဉ်ဆန်တဲ့ ဘဝတွေစောင့်ကြိုနေတဲ့

အဲဒီရွာကလေးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သူ့မိဘတွေနေထိုင်ခဲ့တဲ့ရွာကလေးလည်းဖြစ်ပါတယ်။

အဲဒီမှာ သူဘယ်သူ့ကိုတွေ့မလဲ၊ သူ့ဘဝနောက်ကြောင်းမှာ မြှုပ်ကွယ်ထားတဲ့အရာတွေဟာ ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့မြင်လာရမှာဖြစ်ပြီး

လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်

ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်

Channel အရင် Join ပါ
https://t.me/+ozjI2qelXIwyNDU9

ဇာတ်ကား link
https://t.me/c/2407230890/12
👍122🔥2
စာအုပ် pdf လေးတွေနဲ့ reviews လေးတွေ တင်ပေးမယ့် channel လေးပါ

Join ပေးကြပါဦးနော်

https://t.me/BookspdfNL
👍112
ARMY လေးတို့ လက်မလွှတ်သင့်တဲ့ ကားလေးပါနော်

Run Jin
အပိုင်း (၄) ထိ ရပါပြီ

https://t.me/koreashows/40
12👍5
ကြည့်ရဖို့ လိုသေးတယ်ဆိုပေမယ့် မားမားရဲ့ ကားသစ်လေး ထွက်ရင် တင်ပေးမယ့် Channel လေး ကြို Join ထားလို့ ရပါတယ်နော်

https://t.me/ongoingdramas1
18👍7
The Daechi Scandal (2024)

- ဇာတ်လမ်းအကျဉ်း -
ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာ
အလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။
အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေး
ဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။
ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့
တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့
ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။
သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့
တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့
သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့...
အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲ
ယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာ
ဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့
ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။

Channel အရင် join ပါ
https://t.me/+cAITsX8cjEFmZTE1

ဇာတ်ကား link
https://t.me/c/2443355821/4
👍133👏1
Personal Taste (2010)

စ/ဆုံး

https://t.me/NLSeriesMM12/475

လူတကာကိုအယုံလွယ်ပြီး မရင့်ကျက်သေးတဲ့ ဘတ်ဂယ်အင်က
ချစ်သူရည်းစားဆီကနေ ရက်စက်မှုကို ခံလိုက်ရတဲ့အတွက် အချစ်ကို စိတ်နာနေတဲ့ ကောင်မလေးပါ

ရုပ်ရည်ချောမော စတိုင်လ်ကျပြီး အသန့်ကြိုက်လွန်းတဲ့ ဂျောင်ဂျင်ဟိုကတော့ ရုပ်နဲ့မလိုက်အောင် တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လေးပါ

ဘတ်ဂယ်အင်က ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးထဲမှာ သူနဲ့အတူနေထိုင်ဖို့အတွက်
Straight ကောင်လေးတွေအစား Gay အခန်းဖော်ကောင်လေးကို ရှာပါတော့တယ်

အဲဒီအချိန် ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်ကို အကြံအစည်တစ်ခုကြောင့် ဝင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဂျောင်ဂျင်ဟိုက
သူ့ကိုယ်သူ Gay လို့ ညာပြီး ဘတ်ဂယ်အင်ရဲ့ အခန်းဖော်အဖြစ် ဝင်ရောက်နေထိုင်ဖို့ဖြစ်လာပါတယ်

တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ လူတွေကို အယုံလွယ်ပြီး မရင့်ကျက်တဲ့သူတို့ရဲ့ကြားမှာ
အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲ...

သူတို့တွေရဲ့ ကြားထဲမှာရော ပြဿနာဆိုတာက ရိုးရှင်းတဲ့ အချစ်ရေးကိစ္စလေးတင်ဖြစ်ပါ့မလား

ချစ်ခြင်းမေတ္တာတို့ဆုံစည်းရာဆိုတဲ့ အိမ်လေးမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲ
👍93
Revolver (2024)

ဇာတ်လမ်းအကျဉ်း

စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့
အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။
ဒါပေမဲ့၂နှစ်ကြာလို့ ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့
အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့
ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကို
ရနိုင်ဖို့ လက်မရွံ့ကြိုးစားပါတော့တယ်။
သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာ
သရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)က
ဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသော
အကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။

ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်း
ပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာ
ဘယ်လိုလက်စားချေသွားမလဲ...။
အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်း
နောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့
နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ
ကြည့်ရှုပေးပါဦးနော်။

https://t.me/nlmovie12/336
👍5224😈4👏3
Sep 27 ရက်နေ့ ထွက်မယ့် ‘Gyeongseong Creature 2’ still cuts 🩶

S1 link
https://t.me/+24jyqHh8GBVhYzJl
42👍12🎉1