NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Escape (2024)

https://t.me/nlmovie12/194

ဒီအပတ်မှာတော့ ရုံတင်ကတည်းက နာမည်ကြီး လူကြိုက်များပြီး ထွက်လာဖို့ စောင့်နေခဲ့ရတဲ့ ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တောင်ပိုင်းက လွတ်လပ်သောနယ်မြေ၊ မြောက်ပိုင်းက‌တော့ ဖိနှိပ်ခံနယ်မြေတို့ရဲ့ ကြားမှာ DMZ လို့ခေါ်တဲ့ အပစ်အခတ်ကင်းမဲ့ဇုန်ရှိပါတယ်။

တပ်ကြပ်ကြီး Lim Kyu Nam (Lee Je Hoon) ဟာ တောင်ဘက်ကို ထွက်ပြေးဖို့ အစီအစဉ်ဆွဲထားပြီး ထွက်ပြေးလာခဲ့ပေမယ့် သူ့အတိုင်း ထွက်ပြေးလာတဲ့ တပ်သား Kim Dong Hyuk (Hong Xa Bin) ကို တားလိုက်ရင်းနဲ့ ဖမ်းမိသွားပါတော့တယ်။

ကွပ်မျက်ခံရတော့မယ့်ဆဲဆဲမှာ ငယ်သူငယ်ချင်း ဗိုလ်မှူးကြီး Ri Hyeon Sang (Koo Kyo Hwan) က မှတ်မိသွားတာကြောင့် အပြစ်ပေးမယ့်အစား သူရဲကောင်းအနေနဲ့ ချီးကျူးပြီး ရာထူးပါ တိုးပေးလိုက်ပါသေးတယ်။

Comment မှာ အညွှနိး ဆက်ဖတ်ပါ
30👍29👏2
So Long, See You Tomorrow (2024)

Channel အရင် join ပါ
https://t.me/+J3_395MXie1kYjA1

ဇာတ်ကား link
https://t.me/c/2218083598/9

"အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား"
အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာ
ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။

အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို
ယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲ
တခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။
အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့
သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။
ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့
ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက်
သူ့နားက ထွက်သွားတဲ့အခါမှာတော့...
ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။
ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။
ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့
မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါ
👍105👎2👏1
Eivom Theater on Garosu Street (2024)

2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်ရုံ)
ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်မှာ စုဝေးကြတဲ့ ရုပ်ရှင်လောကသားများ၊

လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာနေတဲ့ ဒါရိုက်တာအီ၊

ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပေမဲ့ လတ်တလော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေးစီအီးအိုဂင်၊

ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တလော နာမည်ရနေတဲ့ သရုပ်ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်ဆောင်များ၊

ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ဝေဖန်ထိုးနှက်ဖို့ရောက်လာတဲ့ movie review youtuber ပရိုဂင်၊

အကြောင်းပြချက်တစ်ခုစီရှိနေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ရောက်ရှိလာတဲ့အခါ...

Channel အရင် Join ပါ
https://t.me/+J3_395MXie1kYjA1

ဇာတ်ကား link
https://t.me/c/2218083598/10
👍116
Queen Woo (2024)

အပိုင်း (၁) ရပါပြီ

https://t.me/NLSeriesMM12/458

CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ
ဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော်

ဇာတ်လမ်းအကျဉ်း
-----------------

ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ
သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့
၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ်

အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့
အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ
ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး
16👍5
စာအုပ် pdf လေးတွေနဲ့ reviews လေးတွေ တင်ပေးမယ့် channel လေးပါ

Join ပေးကြပါဦးနော်

https://t.me/BookspdfNL
5👍2
Dog Days (2024)

https://t.me/nlmovie12/2

ဂိုမင်ဆန်းဆိုတဲ့ သူဟာ ဇီဇာကြောင်တဲ့ အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခွေး မချစ်တတ်တာကြောင့်

သူ့အဆောက်အဦမှာအငှားဖွင့်ထားတဲ့ တိကုဆေးရုံက ဆေးရုံအုပ်နဲ့ အမြဲတမ်း တစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေတာပါ ။

တိကုဆေးရုံအုပ် ဂျင်ယောင်းကတော့ ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး စွန့်ပစ်ခွေးလေးတွေကို အမြဲဂရုစိုက်ပေးတတ်သူပါ ။

တစ်နေ့မှာတော့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းပရောဂျက်အတွက် အကြံအိုက်နေတဲ့ ဂိုမင်ဆန်းတစ်ယောက် ..

တိကုဆေးခန်းဆီ အိမ်မွေးခွေးလေးဝမ်ဒါနဲ့အတူရောက်လာတဲ့ ဗိသုကာပညာရှင် ဂျိုမင်ဆောကို တွေ့သွားပါတော့တယ် ။

ဒီလိုနဲ့ ဗိသုကာပညာရှင်ဆီက အကြံဉာဏ်လိုချင်တာကြောင့် ရင်းနှီးအောင်လုပ်ဖို့အတွက်

တိကုဆေးရုံအုပ်ဂျင်ယောင်းနဲ့အတူ စွန့်ပစ်ခွေးမွေးစားခြင်းကမ်ပိန်းကို တာဝန်ယူ လုပ်ကိုင်ပေးဖို့ဖြစ်လာပါတယ် ..

ဂိုမင်ဆန်းရဲ့ ဒီလိုကြိုးစားမှုတွေက အရာထင်လာမလား...

ခွေးကို မချစ်သော်လည်း အောင့်ကာနမ်းပြီး အတင်းအကြပ် ချစ်ချင်ဟန်ဆောင်နေတဲ့ ဂိုမင်ဆန်းတစ်ယောက်
နောက်ဆုံးမှာ ခွေးလေးတွေကို ချစ်နိုင်သွားမလား ....
👍113🥰1
Manhole (2014)

ဇာတ်ကားအညွှန်း-
မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို
အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး
နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။
ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြား
ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း
စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို
ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။
တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို
ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး
ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...
ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။
ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့
ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။

(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့
သတ်မှတ်ထားတဲ့ ဇာတ်ကားပါ )

Channel အရင် Join ပါ
https://t.me/+ozjI2qelXIwyNDU9

ဇာတ်ကား link
https://t.me/c/2407230890/11
👍263