NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
အမိုက်စားမလို့ ကြည့်ဖြစ်အောင်ကြည့်

The Frog (2024)

https://t.me/NLSeriesMM12/438?single

ဇာတ်လမ်းအညွှန်းလေးကတော့
တောအုပ်လေးထဲမှာ အေးအေးချမ်းချမ်းနဲ့ ဂျွန်ယောင်းဟာဖွင့်ထားတဲ့
အပန်းဖြေစခန်းလေးဆီကို တစ်နေ့မှာတော့ ပဟေဠိဆန်တဲ့ ယူဆောင်းအာဆိုတဲ့
ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။
ဒါပေမဲ့ အဲဒီပဟေဠိဆန်တဲ့ ကောင်မလေး ရောက်လာပြီးနောက်မှာပဲ
သူရဲ့ ငြိမ်သက်နေတဲ့ဘဝဟာ ချောက်ခြားဖွယ်ဖြစ်လာပါတော့တယ်။
တစ်ဖက်မှာလည်း ဂူဆောင်းဂျွန်ဟာ မိုတယ်တစ်ခုကို လက်လွှဲယူပြီး
မိသားစုဝင်တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေတဲ့သူပါ။
ဒါပေမဲ့ သူရဲ့ ဟိုတယ်မှာလည်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း
အေးချမ်းနေတဲ့ သူ့မိသားစုဘဝလေးလည်း ကမောက်ကမတွေအတိနဲ့ပေါ့။
တိုက်တိုက်ဆိုင်ဆိုင် ယွန်းဘိုမင်းဆိုတဲ့ ရဲဟာ အဲဒီအပန်းဖြေစခန်းနားမှာရှိတဲ့
ရဲစခန်းကို စခန်းမှူးအဖြစ် တာဝန်ကျပြောင်းရွှေ့လာပြီး ရုတ်ချည်းဖြစ်သွားတဲ့
အမှုတွေကို စုံစမ်းဖို့ဖြစ်လာတဲ့အခါမှာတော့...
ယူဆောင်းအာနဲ့ ဂျွန်ယောင်းဟာနဲက ဘယ်လိုပတ်သက်နေတာလဲ။
အပန်းဖြေစခန်းက အမှုတွေကရော ဆောင်းအာနဲ့ ဘယ်လိုပတ်သက်နေတာလဲ။
စခန်းမှူးဘိုမင်းကရော ဘာတွေသိထားပြီး အမှုကို ဘယ်လိုလိုက်သွားမလဲဆိုတာတွေကို
plot twist တွေနဲ့ ..
👍175💯2
30 Days (2023)

လက်တွေ့ဘဝက ရုပ်ရှင်ထဲကလို မချိုမြိန်တဲ့အခါ အချစ်တစ်ခုတည်းနဲ့ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ကို နောက်တစ်ခေါက် ပြန် တည်ဆောက်နိုင်ပါ့မလား?

ဒီဇာတ်ကားလေးကတော့ မပြခင်ကတည်းက အားလုံးစောင့်မျှော်နေရတဲ့ Kang Ha Neul နဲ့ Jung So Min တို့ရဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်

နိုဂျောင်ယောနဲ့ ဟုန်နာရာက တစ်ချိန်တုန်းကတော့ ရုပ်ရှင်ထဲကလို အချစ်မျိုးနဲ့ လက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ပေမယ့် အခုအချိန်မှာတော့ ကွာရှင်းဖို့ တရားရင်ဆိုင်နေကြတဲ့သူတွေပါ

ဒါပေမယ့် သူတို့နှစ်ယောက်က ကားမတော်တဆမှုကြောင့်မထင်မှတ်ဘဲ နှစ်ယောက်လုံး အတိတ်မေ့သွားတဲ့ အခါမှာတော့ အတိတ်ကို ပြန်မမှတ်မိတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်သစ်က ပြန်ပေါက်ဖွားလာနိုင်ပါ့မလား

အကယ်၍ အတိတ်ကို ပြန်မှတ်မိသွားရင်ရော ကွာရှင်းဖို့ကိုပဲ ဆုံးဖြတ်မလား။ ပြန်ချစ်မိပြီး အိမ်ထောင်ကို တည်မြဲအောင်လုပ်သွားမလားဆိုတာ ဟာသဆန်ဆန် ပြကွက်တွေနှောပြီး ရိုက်ကူးတင်ဆက်ထားပြီး အရယ်မပျက်ဘဲ ဆက်တိုက်ကြည့်ရှုရမှာပါ

Channel အရင် Join ပါ
https://t.me/+yk3d7hkIyYIyNTU9

ဇာတ်ကား link
https://t.me/c/2219495568/4
👍133
စင်ဒရဲလား at 2 AM (၂၀၂၄)

အပိုင်း (၁)

https://t.me/NLSeriesMM12/442

ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်
မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါ
လက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါ
သူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့
ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်
မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ဟာယွန်းဆောကို ပိုက်ဆံပေးပြီး
သူ့သားနဲ့ လမ်းခွဲပေးဖို့ တောင်းဆိုလာပါတော့တယ်
ဒဏ္ဋာရီပုံပြင်တွေဆိုတာ လက်တွေ့မှာမရှိဘူး လို့ ခံယူထားပြီး
ဂျူဝန်းအမေဆီက ပိုက်ဆံယူ ၊ လမ်းခွဲလိုက်ဖို့ စိတ်ကူးထားတဲ့ ဟာယွန်းဆော နဲ့
အချစ်ကို ယုံကြည်ပြီး နှလုံးသားနောက်ကိုပဲ လိုက်တတ်တဲ့ သူဌေးသား ဆောဂျူဝန်းတို့ ဘယ်လို နှစ်ပါးသွားကြမလဲ
ဆောဂျူဝန်းကပဲ ဟာယွန်းဆောကို စိတ်ပြောင်းသွားအောင် လုပ်နိုင်မလား
ဒါမှမဟုတ် တကယ်ပဲ သူတို့ လမ်းခွဲဖြစ်သွားကြမလားဆိုတာကိုတော့..
👍147
Collective Invention (2015)

၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ်

Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊

မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူး

ဇာတ်လမ်းအကြောင်းကတော့

ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက်

ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။

ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေ

ဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီး

ငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။

Channel အရင် Join ပါ
https://t.me/+ozjI2qelXIwyNDU9

ဇာတ်ကား link
https://t.me/c/2407230890/9
👍163
My Brilliant Life (2014)

ငယ်ရွယ်မှုဆိုတာဘာနဲ့မှလဲလို့မရသလို လူတိုင်းလိုချင်တဲ့အရာလဲဖြစ်ပြီး လူတိုင်းကလဲငယ်ရွယ်မှုကိုပိုင်ဆိုင်ဆဲ ပိုင်ဆိုင်ခဲ့ဖူးကြတယ် ၊

ဒါပေမယ့်ဒီဇာတ်လမ်းလေးထဲက အာရွန်ဆိုတဲ့၁၆နှစ်သားလေးကတော့ ကံဆိုးစွာပဲငယ်ရွယ်မှုကိုမပိုင်ဆိုင်ခဲ့ဘူး...

သူ့မှာprogeriaလို့ခေါ်တဲ့အသက်ကြီးမြန်တဲ့ရောဂါရှိနေခဲ့တယ် ၊

အသက်၁၆နှစ်လေးနဲ့အသက်၈၀အရွယ်ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး ရောဂါတွေ အများကြီးနဲ့

လောကကြီးထဲကဘယ်အချိန်ထွက်သွားရမယ်မသိတဲ့ အာရွန်လေးရဲ့ခံစား ချက်ကဘယ်လိုဖြစ်နေမလဲ...

ကိုယ့်သားသမီးလေးပွန်းပဲ့ရင်တောင်စိုးရိမ်တတ်တာမိဘတွေဖြစ်တာမို့ ဒီ လိုအသက်၈၀အဖိုးကြီးလို လူတကာလိုက်ကြည့် လူကြားထဲမသွားရဲပဲ

သေမယ့်နေ့ကိုထိုင်စောင့်နေရတဲ့အာရွန်လေးကို ဘာမှမတတ်နိုင်ပဲကြည့်ရုံ ကြည့်နေရတဲ့ မိဘရဲ့ရင်ထဲကခံစားချက်...

လူတွေကကျန်းမာနေကြတာမို့ ကိုယ်ကျန်းမာနေတာကိုမေ့နေတတ်ကြ တယ်တဲ့

Messageကောင်းကောင်းလေးပေးထားတဲ့ကားလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာတစ်ခုခုတော့ကျန်ခဲ့မှာပါ ၊

Drama Queen SongHyeKyo(အွန်စော)ရဲ့ကားလေးမို့ တ စ်သျှူးလေးဆောင်ပြီးကြည့်ကြပါ

Channel အရင် joinပါ
https://t.me/+ozjI2qelXIwyNDU9

ဇာတ်ကား link
https://t.me/c/2407230890/10
👍95
No Gain No Love (2024)

အပိုင်း (၁) ရပါပြီ

https://t.me/NLSeriesMM12/449?single

ဆွန်းဟယ်ယောင်း (Shin Min-A) ဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါ

ငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့်

အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..

အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကို အိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..

ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..

ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့...

သူယူလို့ အဆင်ပြေမဲ့ယောက်ျားကို လိုက်ရှာရင်း ဟယ်‌ယောင်းမျက်စိကျမိသွားတာကတော့

ကုန်စုံဆိုင်က အချိန်ပိုင်းအလုပ်သမားလေး ဂင်ဂျီအု (Kim Young-Dae) ပဲဖြစ်ပါတယ်

ဂျီအုကတော့ အကူအညီလိုအပ်နေတဲ့သူတွေကို မျက်ကွယ်ပြုမထားနိုင်ဘဲ မှန်ကန်တဲ့အလုပ်ကိုပဲ လုပ်ဖို့ ကြိုးစားလေ့ရှိသူလေးပါ

သူက ကုန်စုံဆိုင်ကို လာဝယ်တဲ့ ဝယ်ယူသူတိုင်းအပေါ် ဖော်ရွေပေမဲ့ ဆွန်းဟယ်ယောင်းကတော့ .
👍12👏1
Escape (2024)

https://t.me/nlmovie12/194

ဒီအပတ်မှာတော့ ရုံတင်ကတည်းက နာမည်ကြီး လူကြိုက်များပြီး ထွက်လာဖို့ စောင့်နေခဲ့ရတဲ့ ဇာတ်‌လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

တောင်ပိုင်းက လွတ်လပ်သောနယ်မြေ၊ မြောက်ပိုင်းက‌တော့ ဖိနှိပ်ခံနယ်မြေတို့ရဲ့ ကြားမှာ DMZ လို့ခေါ်တဲ့ အပစ်အခတ်ကင်းမဲ့ဇုန်ရှိပါတယ်။

တပ်ကြပ်ကြီး Lim Kyu Nam (Lee Je Hoon) ဟာ တောင်ဘက်ကို ထွက်ပြေးဖို့ အစီအစဉ်ဆွဲထားပြီး ထွက်ပြေးလာခဲ့ပေမယ့် သူ့အတိုင်း ထွက်ပြေးလာတဲ့ တပ်သား Kim Dong Hyuk (Hong Xa Bin) ကို တားလိုက်ရင်းနဲ့ ဖမ်းမိသွားပါတော့တယ်။

ကွပ်မျက်ခံရတော့မယ့်ဆဲဆဲမှာ ငယ်သူငယ်ချင်း ဗိုလ်မှူးကြီး Ri Hyeon Sang (Koo Kyo Hwan) က မှတ်မိသွားတာကြောင့် အပြစ်ပေးမယ့်အစား သူရဲကောင်းအနေနဲ့ ချီးကျူးပြီး ရာထူးပါ တိုးပေးလိုက်ပါသေးတယ်။

Comment မှာ အညွှနိး ဆက်ဖတ်ပါ
30👍29👏2
So Long, See You Tomorrow (2024)

Channel အရင် join ပါ
https://t.me/+J3_395MXie1kYjA1

ဇာတ်ကား link
https://t.me/c/2218083598/9

"အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား"
အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာ
ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။

အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို
ယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲ
တခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။
အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့
သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။
ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့
ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက်
သူ့နားက ထွက်သွားတဲ့အခါမှာတော့...
ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။
ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။
ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့
မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါ
👍105👎2👏1
Eivom Theater on Garosu Street (2024)

2024ခုနှစ်မှာ ပြသခဲ့တဲ့ Eivom Theater on Garosu Street (ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်ရုံ)
ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

ဂါရိုဆူလမ်းမပေါ်က အီဘုံးရုပ်ရှင်မှာ စုဝေးကြတဲ့ ရုပ်ရှင်လောကသားများ၊

လွန်ခဲ့တဲ့ ၃နှစ်ကရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကို ပြပွဲလုပ်ဖို့အတွက် အီဘုံးရုပ်ရှင်ရုံကို ဦးတည်ပြီးလာနေတဲ့ ဒါရိုက်တာအီ၊

ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပေမဲ့ လတ်တလော အရင်းအနှီး မ,တည်ဖို့ အခက်ကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေးစီအီးအိုဂင်၊

ဒါရိုက်တာအီရဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး လတ်တလော နာမည်ရနေတဲ့ သရုပ်ဆောင်ယွန်းအီနှင့် တခြားမျက်နှာသစ်သရုပ်ဆောင်များ၊

ဒါရိုက်တာအီရဲ့ ဘီအဆင့်ရုပ်ရှင်ကို ဝေဖန်ထိုးနှက်ဖို့ရောက်လာတဲ့ movie review youtuber ပရိုဂင်၊

အကြောင်းပြချက်တစ်ခုစီရှိနေတဲ့ ဒီလူအုပ်ကြီးဟာ ရုပ်ရှင်ပြပွဲအတွက် အီဘုံးရုပ်ရှင်ရုံကို ရောက်ရှိလာတဲ့အခါ...

Channel အရင် Join ပါ
https://t.me/+J3_395MXie1kYjA1

ဇာတ်ကား link
https://t.me/c/2218083598/10
👍116
Queen Woo (2024)

အပိုင်း (၁) ရပါပြီ

https://t.me/NLSeriesMM12/458

CMပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Queen Woo ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ
ဒီဇာတ်လမ်းမှာတော့ မင်းသမီး Jeon Jong-seo က ဂိုဂူလျောနိုင်ငံရဲ့ ဧကရီတစ်ပါး(အူဟီး)အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး
ယောရောဘွန်းတို့ရဲ့ အချစ်ဦး Lee Soo-hyuk အိုပါးနဲ့ Ji Chang-wookအိုပါးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
နန်းတွင်းဇာတ်လမ်းကောင်းကြိုက်နှစ်သက်သူတွေ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါနော်

ဇာတ်လမ်းအကျဉ်း
-----------------

ဂိုဂူလျောရဲ့ ဧကရီအူဟီးဟာ ခင်ပွန်းဖြစ်သူ ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ
သူမရဲ့ အသက်နဲ့အာဏာတည်မြဲဖို့အတွက် ဘုရင်ကြီးရဲ့ ညီတော် ၅ယောက်ထဲက မင်းသားတစ်ပါးနဲ့
၂၄ နာရီအတွင်း ထိမ်းမြားပြီး ထီးနန်းကို ဆက်လက်ထိန်းသိမ်းဖို့ အကြောင်းဖန်လာပါတော့တယ်

အူဟီးတစ်ယောက် မျိုးနွယ်စု ၅စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက်မှာတော့
အင်အားကြီးတဲ့ မျိုးနွယ်စု ၅စုဟာ ထီးနန်းအတွက် ဘယ်လိုနည်းလမ်းတွေသုံးပြီး အပြိုင်အဆိုင် အားပြိုင်ကြမလဲ
ဘယ်လိုနန်းတွင်းအရှုပ်တော်ပုံတွေပေါ်ပေါက်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှူလိုက်ကြပါဦး
16👍5
စာအုပ် pdf လေးတွေနဲ့ reviews လေးတွေ တင်ပေးမယ့် channel လေးပါ

Join ပေးကြပါဦးနော်

https://t.me/BookspdfNL
5👍2
Dog Days (2024)

https://t.me/nlmovie12/2

ဂိုမင်ဆန်းဆိုတဲ့ သူဟာ ဇီဇာကြောင်တဲ့ အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခွေး မချစ်တတ်တာကြောင့်

သူ့အဆောက်အဦမှာအငှားဖွင့်ထားတဲ့ တိကုဆေးရုံက ဆေးရုံအုပ်နဲ့ အမြဲတမ်း တစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေတာပါ ။

တိကုဆေးရုံအုပ် ဂျင်ယောင်းကတော့ ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး စွန့်ပစ်ခွေးလေးတွေကို အမြဲဂရုစိုက်ပေးတတ်သူပါ ။

တစ်နေ့မှာတော့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းပရောဂျက်အတွက် အကြံအိုက်နေတဲ့ ဂိုမင်ဆန်းတစ်ယောက် ..

တိကုဆေးခန်းဆီ အိမ်မွေးခွေးလေးဝမ်ဒါနဲ့အတူရောက်လာတဲ့ ဗိသုကာပညာရှင် ဂျိုမင်ဆောကို တွေ့သွားပါတော့တယ် ။

ဒီလိုနဲ့ ဗိသုကာပညာရှင်ဆီက အကြံဉာဏ်လိုချင်တာကြောင့် ရင်းနှီးအောင်လုပ်ဖို့အတွက်

တိကုဆေးရုံအုပ်ဂျင်ယောင်းနဲ့အတူ စွန့်ပစ်ခွေးမွေးစားခြင်းကမ်ပိန်းကို တာဝန်ယူ လုပ်ကိုင်ပေးဖို့ဖြစ်လာပါတယ် ..

ဂိုမင်ဆန်းရဲ့ ဒီလိုကြိုးစားမှုတွေက အရာထင်လာမလား...

ခွေးကို မချစ်သော်လည်း အောင့်ကာနမ်းပြီး အတင်းအကြပ် ချစ်ချင်ဟန်ဆောင်နေတဲ့ ဂိုမင်ဆန်းတစ်ယောက်
နောက်ဆုံးမှာ ခွေးလေးတွေကို ချစ်နိုင်သွားမလား ....
👍113🥰1