NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Project Silence (2024)

Gp အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3744

တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့်
မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကို
လိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့်
ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။
ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို
ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ်  ပိတ်မိနေတဲ့အပြင်  ယာဉ်တိုက်မှုကြောင့်
အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။
အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့
ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင်
တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီး
စစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို
👍429🔥1👏1😁1
Love Andante (2024)

အပိုင်း (၁) ရပါပြီ

https://t.me/NLSeriesMM12/348

ဒီဇာတ်ကားလေးကတော့ တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေးရပြီးတဲ့နောက် စစ်မဲ့ဇုန်မှာ

“ငြိမ်းချမ်းရေး”ရွာ လို့ အမည်ရတဲ့ ရွာတစ်ရွာတည်ပြီး

တောင်/မြောက် နိုင်ငံသားတွေ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်းကို

အခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။

Lim Juyeong ( Kwon Hyunbin )ဟာ တောင်ကိုးရီးယား နာမည်ကြီး စန္ဒယားပညာရှင် ဖြစ်ပြီး

Ha Na Kyung ( Song Jiwoo )ကတော့ မြောက်ကိုးရီးယား အရာရှိကြီး တစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်သလို
နာမည်ကြီး ဆေးဝါးပညာရှင်လည်း ဖြစ်ပါတယ် ။

တောင်ကိုးရီးယားနိုင်ငံသားနဲ့ မြောက်ကိုးရီးယားနိုင်ငံသူလေးတို့ဟာ အကြောင်းကြောင်းကြောင့် “ငြိမ်းချမ်းရေး”ရွာကို ရောက်လာကြပြီး

အဲဒီရွာရဲ့ နေထိုင်သူရွေးချယ်တဲ့ smart AI စနစ်ရဲ့ အမှားအယွင်းကြောင့်

တစ်အိမ်တည်း အတူနေရဖို့ ဖြစ်လာတဲ့အခါ ...

ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ ။

အလွဲလေးတွေကြားထဲမှာ နှစ်ယောက်သား ခံစားချက်တွေ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာကို

“ငြိမ်းချမ်းရေး”ရွာသားတွေနဲ့ ဇာတ်ကြောင်းအဖုံဖုံနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်
👍177
I Can Speak (2017)

Group ကို အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3276

ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။

နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီး စိတ်ဝင်စားလာမိတယ်။

အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လို တွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။

ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့ လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။

အညွှန်းအဆက်ကို Comment မှာဖတ်ပါ။
👍237
NL Movie Channel pinned Deleted message
Jimin နဲ့ Jungkook တို့ ပါဝင်ထားတဲ့ show လေးပါ

TaeHyung လေးလည်း guest အနေနဲ့ ပါထားပါသေးတယ်

Are You Sure ?
မြန်မာစာတန်းထိုး

အပိုင်း (၁+၂) ရပါပြီ

https://t.me/NLSeriesMM12/351
10👍10😁1
High Society (2018)
IMDb..5.6🔞

Channel အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3743

 ဒီကိုရီယားဇာတ်ကားမှာ Soo Ae တို့လို နာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားပြီး
ဇာတ်လမ်းကတော့ နိုင်ငံရေးအခြေခံဇာတ်လမ်းဖြစ်ပါတယ်…
မင်းသားဟာ နိုင်ငံရေးအဖွဲ့အစည်းလက်အောက်တစ်ခုမှာ လွှတ်တော်အမတ်အဖြစ် ဝင်ရောက် လုပ်ကိုင်မိရာမှ
သူရဲ့ ပါတီတွင်း ခြစားနေတဲ့ဖြစ်ရပ်တွေကိုတွေ့ရှိလိုက်တဲ့အခါ တော်တော်ထိတ်လန့်သွားပါတယ်။
သူရဲ့မိန်းမကလည်း အဲ့ဒီ့ပါတီလက်အောက်ကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်နေတာကြောင့် အရာရာကိုမျက်ကွယ်ပြုနေလိုက်တဲ့အခါ
ပါတီခေါင်းဆောင်များရဲ့ကျွန်သဖွယ်ဖြစ်လာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်ရဲ့သည်းခံနိုင်စိတ်ကုန်သွားတဲ့အခါမှာတော့…။
နိုင်ငံရေးဇာတ်ကားဖြစ်ပေမယ့် ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အရွယ်မရောက်သူများ မကြည့်သင့်ပါ။
👍4920🥰2😁1
Mission: Cross (2024)

အရင် Join ပေးပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3727

ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့
ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကို
တင်ဆက်ပေးလိုက်ပါတယ်နော်။
ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ်
အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။
သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကို
တစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။
တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။
ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့
အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကို
တိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။
ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။
ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီး
ဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲ
👍3121👏1
The King (2017)

Group ကို အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl


ဇာတ်ကား link
https://t.me/c/1627755866/3725

ကမ္ဘာကျော်ကချေသည်တစ်ယောက်ကို ဂျာနယ်လစ်တစ်ယောက်က " ဒီက ကွက်ရဲ့သဘောနဲ့ဆိုလိုရင်းကဘာလဲ" မေးခဲ့တာကိုကချေသည်ကပြန်ဖြေပါတယ်" အဲဒီလိုသာအလွယ်တစ်ကူ ပြောလို့ရနေရင် ကျွန်မတို့အပင်ပန်းခံပြီး

ဘယ်ကပြနေမလဲတဲ့" The King ကားရဲ့ဆိုလိုရင်းနဲ့သဘောကိုလည်း ကျွန်တော်ပြောမပြတတ်ဘူး ဘာလို့ဆို

မျက်မှောက်ခေတ်ရဲ့သဘောကိုမီးမောင်းထိုးပြတာလား အတိတ်ခေတ်ရဲ့ ဆိုးယုတ်မှုကိုပြတာလည်း ကျွန်တော်

ကိုယ်တိုင်လည်းမသိဘူး...ဒါပေမယ့် ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့ ရဲ့နှုတ်ခမ်းတွေ မထေ့မဲ့မြင် ပြုံးမိလိမ့်မယ်

ဩော် ဒီလိုတွေလုပ်လို့ တစ်ချို့ကိစ္စတွေမယ် တို့တွေဒီလိုရင်ဆိုင်ခဲ့ရတာ ပါလား..ဒါမျိုးတွေလည်း

ရှိသေးသကိုးဆိုပြီးတော့ပေါ့....ပြီးတော့ခင်ဗျားတို့အသိတစ်ချို့ကို ထပ်လောင်းအားဖြည့်သွားနိုင်စွမ်းရှိသလို ဗလာနယ်မှာ ခဏခိုနားနေတဲ့ အသိဉာဏ်

တစ်ချို့ကိုလည်း တန်ဘိုးရှိနေတာလည်းဖြည့်ပေးသွားမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်...တစ်ခုတော့ ပြောလို့ရတယ် ဒီဇာတ်ကားက Action,Crime, Dramaအမျိုး
👍202
Romance in the House (2024)

အပိုင်း (၁)

https://t.me/NLSeriesMM12/357


Byeon Mu-Jin နဲ့ တို့ Geum Ye-Yeon တို့ဟာ လက်ထပ်ပြီး သားသမီးနှစ်ယောက်ဖွားမြင်ခဲ့ပေမဲ့
လက်ထပ်ပြီးနောက် ဘာစီးပွားရေးလုပ်လုပ် မအောင်မြင်တဲ့ ခင်ပွန်းဖြစ်သူ Mu-Jin ကို
Ye-Yeon တို့ သားအမိတွေဟာ စိတ်ပျက်ပြီး စွန့်ပစ်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၁နှစ်အကြာ သားသမီးတွေကလည်း အရွယ်ရောက်လာပြီး သမီးအကြီးဖြစ်သူကတော့
Shopping Mall တစ်ခုရဲ့ MD အဖြစ်နဲ့လုပ်ကိုင်ကာ မိသားစုရဲ့ စားဝတ်နေရေးကို ရှေ့ကနေ ဦးဆောင်ပြီး
မိခင်ဖြစ်သူ မှီခိုအားထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့သူဖြစ်လာသလောက် သားဖြစ်သူကတော့
အဖေတူသားပီပီ အခုထိကို မိသားစုအတွက် ပြဿနာတွေ ရှာကောင်းဆဲပါ။
အဲဒီလိုနဲ့ တစ်နေ့မှာတော့ Mu-Jin ဟာ အေးချမ်းနေတဲ့ Ye-Yeon တို့
သားအမိတွေရှေ့ကို ပေါ်လာပါတော့တယ်။
ဒါပေမဲ့လည်း အရင်ကလို အရှုံးသမားမဟုတ်တော့ဘဲ သူတို့မိသားစုနေထိုင်တဲ့
ဗီလာရဲ့ ပိုင်ရှင်အဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
အဲဒီနောက်မှာတော့ ဇနီးဟောင်းအနားကို ပြန်လည်ချဉ်းကပ်ပြီး ပြန်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ ဖခင်နဲ့
အဖေကို ခါးခါးသီးသီးဆန့်ကျင်နေတဲ့ သမီး ၊ အဖေနဲ့ တစ်ဖက်တည်းဖြစ်တဲ့ သားတို့ ကြားထဲက
မိသားစုပြဿနာလေးတွေကို ...
👍135
East of eden ( အတုံ့ အလှည့် )

စ/ဆုံး ရပါပြီ

https://t.me/NLSeriesMM12/309
👍115
Twenty (2015)

Channel အရင် Join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/6

ဆယ်ကျော်သက်အရွယ်မှာ လမ်းပျောက်တာတို့ ကြုံဖူးကြပါလိမ့်မယ် ဒီကားလေးကတော့ ဘဝတစ်ကွေ့ အသက်၂ဝ အရွယ်မှာ သူငယ်ချင်းသုံး ယောက်လမ်းပျောက်တဲ့ လက်တွေ့ဆန်ဆန် ဟာသကားလေးပါ ကောင်မလေးတွေကိုစိတ်ဝင်စားပြီး အရမ်းဗွေတဲ့ သူဌေးသားလူဆိုး ချာ ຈ (Kim Woo Bin)

အချိန်ပိုင်းအလုပ်နဲ့ကျောင်းတက်နေရပြီး ကာတွန်းဆရာဖြစ်ချင်တဲ့ ဒုန်ဝူး (Lee Jun Ho)

ရိုးအပြီးဘာမှမသိရှာတဲ့ စာဂျပိုး ဂျောင်းဂျယ် (Kang Ha Neul)...

ဇာတ်လမ်းကတော့ ရိုးရိုးလေးဆိုပေမယ့် လက်တွေ့ဆန်လွန်းလို့ တစ်ကား လုံး အခွံတွေချည်းပဲနော်...

စကားအပြောအဆိုတွေနဲ့ တချို့အခန်းတွေက ++ လေးတွေပါပေမယ့် မထင်ထားတဲ့ဟာသလေးတွေနဲ့ တစ်ကားလုံးအူတက်အောင်ရယ်ရမှာပါ... ဒီကားကို နှစ်ခါလောက်ပြန်ကြည့်မိမယ်ဆိုတာ မှန်းရဲပါတယ် ကြည့်ပြီး နောင်တမရစေရပါဘူး...

ကိုးရီးယားကားဆိုပြီး မိန်းကလေးတွေအကြိုက်လို့ပဲမထင်လိုက်နဲ့နော်..သိ ချင်ရင် ဒေါင်းကြည့်ကြနော် ဒီကားကြည့်ပြီး အမောပြေကြလိမ့်မယ်လို့ အာမခံပါတယ် ။
👍152
Your Honor (2024)

အပိုင်း (၁) ရပါပြီ

https://t.me/NLSeriesMM12/362

သားဖြစ်သူအတွက် ဘယ်အရာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီး
မကောင်းဆိုးဝါးလို့ သတ်မှတ်ခံရတဲ့လူတစ်ယောက်ဖြစ်လာဖို့တောင်ဝန်မလေးတဲ့
ဖခင်တစ်ဦးရဲ့မေတ္တာ အတ္တကြီးမားပုံတွေကိုထင်ထင်ရှားရှားတွေ့မြင်ရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

လူတိုင်းလေးစားခံရတဲ့ နာမည်ကြီးတရားသူကြီး Song Pan Ho
ကြင်နာတတ်ပြီး ဘာနာမည်ပျက်မှမရှိတဲ့အောင်မြင်တဲ့ဘဝမှာ
ဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ကျစွာနေထိုင်ခဲ့ပေမဲ့
သားဖြစ်သူကြောင့် သူမလုပ်ဖူးတဲ့လုပ်ရပ်ကိုလုပ်ရတဲ့အခါ....

ဒုစရိုက်အဖွဲ့အစည်းရဲ့သွေးအေးလူသတ်သမား ရက်စက်တဲ့သူလို့နာမည်ကြီးတဲ့ Kim Kang Heon ဟာဆိုရင်
သူ့ကိုမြင်တာနဲ့လူတကာဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့သူဖြစ်ပေမဲ့
သားကိုတော့ တုန်နေအောင်ချစ်တဲ့အဖေတစ်ယောက်ပဲဖြစ်ပါတယ်

ယာဉ်မတော်တဆဖြစ်ပြီး သားဖြစ်သူသေသွားတဲ့အခါ
Kim Kang Heon တစ်ယောက်မတော်တဆမှုနောက်ကွယ်ကအကြောင်းကိုစုံစမ်းရင်း
ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုရမှာဖြစ်ပါတယ်
8👍7🥰2
ချစ်စရာကားလေး ဇာတ်သိမ်းပါပြီ
မင်းသားနဲ့ မင်းသမီးလေး ကြည့်ရတာနဲ့ တန်

Serendipity's Embrace (2024)

စ/ဆုံး ရပါပြီ

https://t.me/NLSeriesMM12/280
17👍6