NL Movie Channel
48.1K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Hijack 1971 (2024)

Channel အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3310


ဇာတ်လမ်းအညွှန်း
ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ
ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ
တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။
ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း
ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို
ခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။
အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်
တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့
ဖြစ်လာတဲ့အခါမှာတော့....
တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့
ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..
အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့
တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..
မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့...
👍5120🔥2😁1
No Way Out: The Roulette (2024)

အပိုင်း (၁+၂) ရပါပြီ

https://t.me/NLSeriesMM12/321

ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့
ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီး
လွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ဆုံလည်ကိုလှည့်ကာ ပစ်မှတ်ကိုရွေးတတ်တဲ့
အမည်မသိသူတစ်ယောက်က ဂင်ဂုဟိုရဲ့ ခေါင်းကို ဖြတ်ပြီး သတ်နိုင်တဲ့သူကို
ဝမ် 15 ဘီလီယံပေးမယ်လို့ ပြည်သူလူထုကို ကမ်းလှမ်းခဲ့ရပါတယ်။
ဂင်ဂုဟိုဟာ ရှေ့နေအီဆန်ဘုံး (Kim Mu Yeol) ကို သူ့တရားရေးရာဆိုင်ရာ
ပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပြီး စုံထောက်ဘဲ့ဂျုံရှစ် (Jo Jin Woong)ဟာ
ထိုရာဇဝတ်သားဂင်ဂုဟိုကို ပိုက်ဆံရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရဲ့
လက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုကယ်တင်သွားမလဲ။
တစ်ဖက်မှာလည်း ပိုက်ဆံတွေ ဆုံးရှုံးထားတဲ့ သားသတ်သမား
ယွန်းချန်းဂျယ်(Lee Kwang Soo) ကရော သူ့ပိုက်ဆံတွေပြန်ရဖို့ ဘယ်လိုလုပ်ကိုင်သွားမလဲ..။
ဘယ်လိုအခြေအနေတွေထဲ ပါဝင်သွားမလဲဆိုတာကိုတော့
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
👍174
Train to Busan (2016)

Group အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/2961

(Busan ရထားကြီး ထွက်ပါပြီ။ အားလုံး စောင့်မျှော်တောင်းဆိုနေတဲ့ ဒီဇာတ်ကားကို မြန်မာစာတန်းထိုး HD နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဒီ ဇာတ်ကားကို အတော်များများတော့ ကြားဖူးနေကြလောက်ပါပြီ။ အများ ကြီးတော့ ညွှန်းစရာမရှိပါဘူး။ ကိုရီးယားကားတွေထဲမှာတော့ ထိပ်တန်း အဆင့်ရှိတဲ့ ဇာတ်ကားတစ်ခုပါပဲ။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ လူတွေ ကြောက်မက်ဖွယ် အန္တရာယ်တွေ ကြုံလာတဲ့ အချိန်မှာ တစ်ဦးချင်းစီရဲ့ စရိုက်၊ စိတ်ထားတွေ အပြောင်းအလဲတွေနဲ့ သူ တို့ရဲ့ ဘဝတွေကို ကောင်းကောင်းကြီး ပြသသွားတာပါပဲ။ ကြောက်ရွံ့မှု ရဲရင့်မှု ပျော်ရွှင်မှု ကြေကွဲမှု တကိုယ်ကောင်းဆန်မှု စွန့်လွှတ်အနစ်နာခံမှု တွေကို တနေရာတည်းမှာ စုစည်းခံစားလိုက်ကြပါစို့။
👍1410🫡1
Better Days (2019)

Group link အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/2981

ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ…

မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ…

ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ?

ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်…

ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်…

ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ..
👍145
Virgin Theory (2014)

Group အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/4678

Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့
The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်

ဂွန်မာဟီးက ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ်

သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူကို ကြိတ်သဘောကျနေပေမဲ့

ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်

တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်
သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ်

ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ
ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက


ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ မာဟီးကိုသင်ပေးပါတော့တယ်...
ဒါပေမဲ့ အပျိုးကြီးမာဟီးက သူ့ဆရာမဆယ်ယောင်းသင်ပေးတဲ့အတိုင်း လိုက်လုပ်နိုင်မလား
ဘယ်လို အလွဲလေးတွေ ဟာသလေးတွေကြုံတွေ့ရမလဲဆိုတာကို
ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်

18+ ဇာတ်ဝင်ခန်း အနည်းငယ်ပါဝင်သောကြောင့် လူကြီးမိဘများနှင့်အတူကြည့်ရန် မသင့်တော်ပါ
👍202🥰1
Alive (2020)

IMDb.. 6.5/10

Group ကို အရင်Joinပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link👇
https://t.me/c/1627755866/3056

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့
ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန်
တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ
ရှိလာတဲ့အခါ...

သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ...???

တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ
ဘယ်လိုကူညီပေးကြမလဲ...???

ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ...???
ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲ...???

ဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ Trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့ မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသား ဖြစ်နေကြမှာပါ ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင်
သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့
ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်.....

#Crdreview
👍92
Tastes of Horror (2023)

Channel အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3975

ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့

နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့

တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါ တယ်။

ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁ဝ ပုဒ်ကို ပေါင်းထားတဲ့

ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့

စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi

Itaewon Class à Lee Joo Young, Twinkling Watermelon Shin Eun Soo

CLC ໐ Seunghee, Seung Yeon, Ye Euno အပြင် တခြားနာမည်ကြီး

သရုပ်ဆောင်များစွာပါဝင်ထားသလို Storyline တစ်ခုတည်းသွားတဲ့

တခြား horror ဇာတ်ကားတွေနဲ့ မတူပဲ ရသမျိုးစုံကို ခံစားရမှာ အသေအချာပဲမလို့

Horror ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ လက်မနှေးဖို့ ညွှန်းလိုက် ချင်ပါတယ်။
👍189
Bad-Memory Eraser (2024)

https://t.me/NLSeriesMM12/330

စိတ်ရောဂါခံစားနေရတဲ့လူနာလေးနဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းတစ်ပုဒ်

တင်းနစ်အားကစားမှာ အလားအလာရှိတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ အီဂွန်အမည်ရတဲ့ ကောင်လေးဟာ

မထင်မှတ်တဲ့ ဦးခေါင်းပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့

ဘဝကို ယုံကြည်ချက်မဲ့စွာ လျှောက်လှမ်းနေခဲ့ရသူပါ

ဦးနောက်ပိုင်းဆိုင်ရာရောဂါများကို သုတေသနပြုလုပ်နေတဲ့ စိတ်ရောဂါအထူးကုဆရာဝန်မလေး ဂယောင်းဂျူယွန်းကတော့ အီဂွန်ကို တာဝန်ယူကုသပေးနေရတဲ့သူပေါ့

တစ်နေ့မှာတော့ အီဂွန်တစ်ယောက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့် ပိုဆိုးလာတဲ့အခြေအနေကို ဆရာမဝန်မလေးဂျူယွန်း မြင်တွေ့ရချိန်မှာ

“ဦးနှောက်ကနေ မှတ်ဉာဏ်ဆိုး”တွေကို ဖျောက်ပစ်လို့ရတဲ့အကြောင်း သုတေသနပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်

ဒီသုတေသနရဲ့ဆောင်ရွက်ချက်အရ အီဂွန်တစ်ယောက်ဟာ ပြင်းထန်တဲ့စိတ်ဝေဒနာခံစားနေရတဲ့အဖြစ်ကနေ

တက်ကြွလန်းဆန်းပြီး မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝတဲ့ယောက်ျားအသွင်အဖြစ် ပြောင်းလဲသွားခဲ့ရုံသာမက

ဆရာဝန်မလေးဂျူယွန်းကို သူ့ရဲ့အချစ်ဦးဆိုပြီး အထင်မှားပါတော့တယ်

ဒီလိုနဲ့ အီဂွန်တစ်ယောက် သူ့မှတ်ဉာဏ်ဆိုးကို ပြန်မှတ်မိလာမလား..
👍32
Romantic Island (2008)

Channel အရင် join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/11

ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ

ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကား လေးနဲ့ ပြန်ရောက်လို့ လာပါပြီ။

ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်

ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။

ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့ မယ်ဆိုသလိုပါ

အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့

ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာ တွေ့ခဲ့ကြပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး

အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။

Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစား လူသတ်သမား ငှားခဲ့ပြီး၊

ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့...
👍52
House of the Disappeared (2017)

Gp အရင် Join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3973


မင်ဟီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သားလေး၂ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ခင်ပွန်းဟာ ထူးဆန်းစွာသေဆုံးသွားပြီး သူ့သားအကြီးကောင်လေးဟာလည်း ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါ တယ်

အဲ့ဖြစ်ရပ်တွေဟာ သူတို့ရဲ့ နေအိမ်မှာပဲဖြစ်သွားခဲ့တာပါ

သူမကိုလည်း ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူတို့ကိုသတ်ဖြတ်မှုအတွက် ထောင်ဒဏ်၂၅ နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ် သူထောင်ကလွတ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ အိမ်ကိုပြန်သွားပြီး အရင်က အဖြစ်အပျက်တွေအကြောင်းကို စုံစမ်းချိန်မှာတော့...
👍152
Cinderella (2006)

Channel အရင် Join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/7

စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။

တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ

ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှ
သူကတော့ ပြစ်မျိုးမှဲမထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလိုနေတာပါပဲ။

ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ
သံသယဝင်ဖိုကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။

တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ…။

မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှိဝှက်ထားတဲ့ လျှိဝှက်ချက်…
စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကို

အခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
👍152
Miss night and Day (2024)
မြန်မာစာတန်းထိုး

စ/ဆုံး ရပါပြီ

ဒီမှာနှိပ်ကြည့်ပါနော်
15👍13🥰5
Citizen of a Kind (2024)

Group အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3311

အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကိုတစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ်
ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့
လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း
အချိန်နှောင်းမှ သိလိုက်ရပါတယ်….
ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့
ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်….. ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ
ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း
ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့
လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့…
ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
👍225
Drive (2024)

Channel အရင် join ပါ
https://t.me/+Hb8bs98xUJszZjQ1

ဇာတ်ကား link
https://t.me/c/2290057329/10

ပြန်ပေးဆွဲကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက်
Mouse , Love All Play နဲ့ Zombie Detective တို့မှ
မင်းသမီးချောလေး Park Ju Hyun က အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့
နာမည်ကြီး YouTuber တစ်ယောက်ပါ။
သူ့ဘဝလေးက သာ‌ယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာ ဘယ်သူဘယ်ဝါမှန်း
မသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။
ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီး
တစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။
Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်
ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။
ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကို
ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။
29👍18😁2
Project Silence (2024)

Gp အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/3744

တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့်
မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကို
လိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့်
ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။
ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို
ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ်  ပိတ်မိနေတဲ့အပြင်  ယာဉ်တိုက်မှုကြောင့်
အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။
အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့
ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင်
တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီး
စစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို
👍429🔥1👏1😁1