NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Hong Gil-Dong, The Hero (2008)

https://t.me/NLSeriesMM12/308?single

အထက်တန်းလွှာမျိုးရိုးရဲ့သားဖြစ်ပေမဲ့လည်း တရားမဝင်သားဖြစ်တာကြောင့်
မိသားစုအိမ်တော်မှာ နေရာမရတဲ့အပြင် အတတ်ပညာလည်း သင်ကြားခွင့်မရတဲ့
ဟုန်းဂီဒုံတစ်ယောက်ဟာ ဘဝကို ဆိုးပေတေစွာနဲ့ ဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့လည်း
မတရားမှုကို ရွံ့ရှာတွန်းလှန်တတ်တဲ့ စိတ်ရင်းခံလေးရှိတဲ့သူတစ်ယောက်ပါ။
ဘဝကိုပျော်သလိုနေလွန်းလို့ ပတ်ဝန်းကျင်ရဲ့ ကျဉ်ဖယ်ခြင်းကို ခံခဲ့ရပေမဲ့လည်း
ဂျိုဆွန်းပြည်မှာ ဒုက္ခခါးစည်းခံနေရတဲ့ပြည်သူတွေဘဝကို မြင်ရပြီးနောက်
အများအကျိုးဆောင်ပေးမှုတွေကြောင့် ဂျိုဆွန်းခေတ်ရဲ့ ရော်ဘင်ဟု(ဒ်)ကြီးဖြစ်လာသူကြီးပေါ့။
အဲဒါကြောင့်လည်း ဘုရင့်ရဲ့အမျက်တော်လည်း အရှခံရကာ ဝရမ်းပြေးဘဝပါ ရောက်ရပါတော့တယ်။
တစ်ဖက်မှာလည်း ဂျိုဆွန်းခေတ် ထိုကာလမှာ နန်းပလ္လင်ပေါ်ရှိတဲ့ ဘုရင်ရဲ့ ညံ့ဖျင်းမှု၊
အပျော်အပါးလိုက်စားမှုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ချင်တဲ့ ချင်နိုင်ငံရဲ့ ယုတ်မာမှုတွေကြောင့်
ဂျိုဆွန်းပြည်သူတွေရဲ့ ဘဝဟာ ခါးသထက်ခါးသက်လာခဲ့ပါတယ်။
လက်ရှိဘုရင်ရဲ့ရန်ကြောင့် မယ်တော်မိခင်ကိုဆုံးရှုံးခဲ့ရကာ အသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့..
👍82
71: Into the Fire (2010)

Gp အရင် Joinပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/4681

ဇာတ်လမ်းအညွှန်း-
ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ
လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ
သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက်
စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။
တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ
အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ
ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။
ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့
နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို
ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ
အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။
မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ
အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်
10👍5
ငယ်ငယ်က အရမ်းနာမည်ကြီးခဲ့တဲ့ကားလေး
အရမ်းကြည့်လို့ ကောင်းပါတယ်နော်

East of eden ( အတုံ့ အလှည့် )

အပိုင်း (၁-၆) ရပါပြီ

https://t.me/NLSeriesMM12/309
11👍9
NL Movie Channel pinned Deleted message
Veteran (2015)

https://t.me/nlmovie12/24

အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့

ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့

Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteran

ဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။

စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာ

အမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့

ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီး

တစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာ

ကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့်

စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတို

အဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူက

ဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။

အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကို

ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။

ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့

နည်းလမ်းတွေကြားမှာ ...
👍189
Way Back Home (2013)

Gp အရင် joinပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/4683

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ ဂင်ဂျုံးဘယ်အဖြစ်

Missing The Other SIde ,Money Game စတဲ့ ဇာတ်လမ်းတွဲများထဲမှ မင်းသား Go Soo နဲ့

Crash Course In Romance ,Lost စတဲ့ ဇာတ်လမ်းတွဲများ မင်းသမီးကြီး Jeon Do-Yeon တို့မှ အဓိကပါဝင်ထားပါတယ်

ဇာတ်လမ်းအညွှန်း ...

ဂင်ဂျုံးဘယ်နဲ့ ဆုန်းဂျောင်ယွန်းတို့ လင်မယားနှစ်ယောက်က

ဟယ်ရင်းဆိုတဲ့ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်နဲ့အတူ
ကားပြင်ဆိုင် အသေးလေးတစ်ဆိုင်ဖွင့်ထားကြပြီး မပြည့်စုံပေမဲ့လည်း တင်းတိမ်ရောင့်ရဲတတ်ကြတဲ့ မိသားစုပါ။

ဒီလို သာယာလှတဲ့မိသားစုဘဝလေးဟာ

ဂင်ဂျုံးဘယ်ရဲ့ သူငယ်ချင်းဖြစ်သူ သတ်သေသွားတဲ့အခါမှာတော့ အစစအရာရာ ပြောင်းလဲသွားပါတော့တယ် ။

သနားကြင်နာစိတ်ရှိတဲ့ဂင်ဂျုံးဘယ်က သူ့သူငယ်ချင်းဒုက္ခရောက်နေတဲ့အချိန်မှာ အာမခံပြီး ချေးငွေယူပေးခဲ့တာကြောင့်

သူငယ်ချင်းဖြစ်သူ သေသွားတဲ့အခါ ချေးငွေအပြင် မတန်တဆများတဲ့အတိုးကိုပါ ဆပ်ပေးရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့ မိသားစု ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံနေရတဲ့အချိန်မှာ
👍135🆒2
The History of Walking Upright (2017)

Gp အရင် join ပါ
https://t.me/+ywv4ltvqMjUxZDdl

ဇာတ်ကား link
https://t.me/c/1627755866/4679


မကြာသေးခင်ကမှ Lovely Runner ဇာတ်လမ်းတွဲနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ Byeon Woo Seok နဲ့အသွက်လေး Kang Mi Na တို့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး IMDb rating 8.4 ရရှိထားတဲ့ Romance Youth Drama လေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ..

မီနာလို့ခေါ်တဲ့ ကောင်မလေးဟာ ကိုယ်ပျောက်အစွမ်းရှိပြီး
မိသားစုနဲ့ ရင်းနှီးတဲ့ အသိအစ်ကိုဂျုံမင်းကို တစ်ဖက်သတ် ကြိုက်နေခဲ့တဲ့သူပါ

၇ နှစ်လုံးလုံး ဖွင့်မပြောဘဲ့ အစ်ကိုဂျုံမင်းဘက်ကနေ ဖွင့်ပြောလာဖို့ စောင့်မျှော်နေတာလည်းဖြစ်ပါတယ်
ဒါပေမဲ့ ဂျုံမင်းဘက်ကတော့ မီနာက သေးသေးကွေးကွေးနဲ့ ကလေးဆန်ဆန် နေတတ်တဲ့သူမို့ကလေးလေးလို့ပဲ သဘောထားနေခဲ့တာပါ

တစ်နေ့မှာ ဂျုံမင်းတစ်ယောက် ရည်းစားရသွားတဲ့အခါ ..
မီနာတစ်ယောက် ကမ္ဘာတွေပျက်ပြီး ဂျုံမင်းနဲ့ သူ့ရည်းစားကို ကွဲအောင် အမျိုးစုံကြိုးခုန်ပြီး ကြံစည်တာကို
ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်
19👍15