NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Yumi's Cells: The Movie (2024)

ဒီ Animation လေးကတော့ webtoon မှာ အောင်မြင်မှုအကြီးကြီးရပြီး
အဲဒီကနေတဆင့် Drama, Musical တို့ထွက်ရှိထားပြီး
အခု Animated movie version ပါ ထွက်ရှိလို့လာပါပြီ။
Drama ထဲမှာတော့ Kim Go Eun၊ Ahn Bo Hyun နဲ့ JinYoungတို့ ပါဝင်ထားပြီး
Season 2ခု ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးမလို့ မကြည့်ရသေးရင်လည်း
ကြည့်ရှုဖို့ ညွှန်းချင်ပါတယ်နော်။

Movie Version မှာလည်းပဲ ကုမ္ပဏီ ဝန်ထမ်းမ‌လေး ယူမီရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့
ချစ်စရာကောင်းတဲ့ ဆဲလ်မျိုးစုံနဲ့အတူ ယူမီရဲ့ နေ့စဉ်ဘဝကို ခံစားကြည့်ရှူရဦးမှာဖြစ်ပါတယ်။
စိတ်ခံစားချက်တွေကို မဖော်ပြတတ်တဲ့ ယူမီနဲ့ သူ့ဦးနှောက်ထဲက ဆဲလ်လေးတွေရဲ့
လမ်းညွှန်လုပ်ဆောင်ချက် အဖုံဖုံကို ရသမျိုးစုံနဲ့ ကြည့်ရှူရဦးမှာပဲဖြစ်ပါတယ်။

https://t.me/moviechannelV11/8
13👍8
Penny Pinchers (2011)

ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရ

ပေမယ့်

ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့

လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီး

တို့အကြောင်းကို

တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက်

ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/24
👍156
Jinny's Kitchen S2 (2024)

အပိုင်း (၁+၂) ရပါပြီ

https://t.me/koreashows/20

ဒိတ်ဒိတ်ကြဲတွေပါတဲ့ ဟင်းချက်အစီအစဥ်ကို အားလုံးသိကြမယ်ထင်ပါတယ်

ရှေ့ Season တွေတုန်းကလည်း အောင်မြင်ထားတာမို့ ဒီတစ်ခါမှာတော့ cast တွေက Iceland မှာ စားသောက်ဆိုင်ဖွင့်ကြမှာပါ

နိုင်ငံရပ်ခြားမှာ ကိုရီးယားအစားအစာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး တစ်မူထူးခြားသွားတာက တစ်နေ့ကို စားဖိုမှူးတစ်ယောက်စီနဲ့ signature menu တွေကို ရောင်းချသွားပြီး ဒီနေ့ရဲ့ စားဖိုမှူးက မနက်ဖြန် ဆိုင်မန်နေဂျာလုပ်ရမှာ ဖြစ်ပါတယ်

အတွေ့အကြုံရှိ ဆိုင်ရှင်ဝန်ထမ်းတွေနဲ့အတူတူ အလုပ်သင်အသစ်လည်း ရောက်လာတာမို့ အားလုံးပူးပေါင်းပြီး ဆိုင်ကောင်းကောင်းလည်ပတ်ဖို့ ဘယ်လောက်အပင်ပန်းခံရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်
10👍5
Running Man

လူကြီးကြိုက်ကြမဲ့ show လေး
Update တင်ပေးပါတော့မယ်နော်

အပိုင်း (၇၁၂) ရပါပြီ

https://t.me/koreashows/21
👍7
Following (2024)

ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲက
Byun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-
အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung-tae ရဲ့
ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။
အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့
အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။
ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့
Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။
Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်
ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။
ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ Jung-tae တစ်ယောက်
တစ်နေ့ So-ra အသတ်ခံထားရတာကို...

https://t.me/moviechannelV11/6
42👍33😁6🥰5
Tarot (2024)

အပိုင်း (၁+၂+၃) ရပါပြီ

https://t.me/NLSeriesMM12/249

Tarot ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်‌ဆက်ပေးချင်ပါတယ်
ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း
အော်စကာဆုရထားတဲ့ Parasite ဇာတ်ကားထဲကမင်းသမီးကြီး ဂျိုယောဂျောင်းအပြင်
နာမည်ကြီး တီဗီရှိုးဖြစ်တဲ့ Single's Inferno က Dex တို့ဖြစ်တာကြောင့်
ကြည့်ရှုသူပရိသတ်စိတ်တိုင်းကျစေမှာသေချာတာမို့ ဒီတစ်ပတ်ကစပြီး ချန်နယ်မြန်မာမှာ အတူတူကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်
Horror/Thriller ဇာတ်လမ်းအမျိုးစားဖြစ်တဲ့အပြင် တစ်ပိုင်းချင်းတိုင်းကလည်း မတူညီတဲ့ဇာတ်လမ်း၊ ကာရိုက်တာတွေနဲ့ဖြစ်တာကြောင့်
ကြည့်ရှုသူပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်မှာတော့အသေချာပါပဲ

Tarot ဆိုတဲ့ဇာတ်လမ်းနာမည်အတိုင်း တားရော့ကတ်တွေနဲ့ဇာတ်အိမ်ကိုတည်ထားပြီး
မတူညီတဲ့အပိုင်းတိုင်းက ကာရိုက်တာတွေရဲ့ တားရော့ကတ်ကိုလက်ခံရရှိပြီးနောက်ပိုင်း
ကျိန်စာရဲ့သက်ရောက်မှုကြောင့် နေ့စဉ်ဘဝမှာဘယ်လို ထိတ်လန့်စရာ၊
ကြောက်မက်ဖွယ်ရာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်
👍207
Miss Baek (2018)

Channel အရင် join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/13

ဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာ

လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက်

ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့်

အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ်

ဒီလိုနဲ့ဘဝကို ဖြစ်သလိုရပ်တည်လာရင်း

မထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာ

လမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့

ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ်

အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့

အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကို

အရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေး

ဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာ

ဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘဝကိုသတိရသွားပြီး

ဒီကလေးမလေးအပေါ်သနားသွားပါတယ်

ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီး

ကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ်

ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး

ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရော

ဘတ်ဆန်းအာကကယ်တင်နိုင်မှာလား

ဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲ

ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး
👍126
Don't Click (2012)

အခုမိတ်ဆက်ပေးမယ့် don't click ဆိုတဲ့ဇာတ်ကားလေးရဲ့ ဇာတ်ဆောင်ကတော့

K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ဖြစ်ပါတယ်

ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့

ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာ

အမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာ

အစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ်

သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့

မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်

ကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင် တယ်

ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲ

don't click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသ တဲ့

ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ်

အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲ

သူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာ

ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်

ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/28
👍7
ကဲ ဒီသားဖ 4ယောက်ကို ကြည့်ချင်ကြမလားလို့ပါ

ကြည့်ချင်သူများ ကြည့်လို့ ရပါပြီ

Daehan Minguk Manseh - You Quiz on the Block

https://t.me/koreashows/23
22👍15
NL Movie Channel pinned Deleted message
My Little Bride (2004)

ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့ တဲ့ ၂ဝဝဝ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီး ယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။

ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှု ဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူ တိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။

Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။

ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ် တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး

Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံး ပျော်ကြည်နူးစေပါတယ်

ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် ..

Channel အရင် Join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/29
14👍12🔥2
တစ်ခါတစ်ရံ ဒါမျိုးလေးကြည့် 🖤

Kingdom of the Planet of the Apes (2024)

https://t.me/AllMovielist11/40

ဇာတ်လမ်းအကျဉ်း

ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက်

နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး

အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။

သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို

ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး

အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့

နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး

သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး

လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန်

လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ

မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။
👍155🥰4
Proof of Innocence (2016)


Detective K ရုပ်ရှင်ကားတွေနဲ့

ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊

ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊

Along with the Gods ရုပ်ရှင်ကားတွေထဲ တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့ လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊

Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လို

ဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
**
ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီး

အရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။

တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက်

အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီး

သေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/33
👍92
Intruder (2020)

Channel အရင် join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/18

ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမှုနဲ့နေထိုင်နေရတဲ့ ဂန်ဆောဂျင်းဆိုတဲ့ နာမည်ကြီးဗိသုကာပညာရှင်တစ်ယောက်

ငယ်ငယ်လေးတုန်းက ညီမဖြစ်သူယူဂျင်းပျောက်သွားခဲ့လို့ အဲဒီစိတ်ဒဏ်ရာကိုလည်း ခံစားနေရတယ်

၂၅နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့ညီမဖြစ်သူက မိသားစုဆီကို ရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့တယ်

ပြန်လည်ရောက်ရှိလာတဲ့ ညီမဖြစ်သူရဲ့ပုံမမှန်မှုတွေကို ဆောဂျင်းတစ်ယောက် မသိစိတ်ကနေ ခံစားနေရတဲ့အခါ...

ပရိသတ်အချစ်တော် ဆုန်းဂျီဟိုရဲ့ မကြာသေးခင်ကမှပြသသွားတဲ့

ဇာတ်ကားကောင်းတစ်ကားပါ ဆုန်းဂျီဟိုနဲ့ဂင်မူယောတို့နှစ်ယောက်ရဲ့

လိုက်ဖက်ညီတဲ့သရုပ်ဆောင်မှုကို ခံစားသိမြင်ရပါလိမ့်မယ် ပုံမှန်အေးဆေးတဲ့ဂျီဟိုတစ်ယောက် ဘယ်လိုပြောင်းလဲသရုပ်ဆောင်ထား လဲဆိုတာ

ဒီဇာတ်ကားလေးမှာ မြင်တွေ့နိုင်ပါလိမ့်မယ် Mystery/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်လို့ ရုံးပိတ်ရက်

ညလေးနဲ့

လိုက်ဖက်မှာအမှန်ပါပဲ
👍131🤔1
Twilight Over Burma (2015)

https://t.me/AllMovielist11/43

ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှ သားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်း ရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီ ဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩ စတေးလျသူလေးကို "ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည် အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆို တဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ် တယ်ဗျ။" လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက် တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီ လိုနဲ့ ကောင်လေးပြောသလို အတိတ်က ရေစက်ပါလာခဲ့လို့ သူတို့ ချစ်ကျွမ်းဝင်သွားတယ်။ သူတို့လက်ထပ်ပြီး မြန်မာပြည်ကိုလာလို့ ရန်ကုန် မြစ်ထဲ သီပေါကလူတွေ လှေအစင်းစင်းနဲ့ လာကြိုမှပဲ စဝ်ကြာဆိုင်ဟာ အ င်ဂျီကို သူဟာ စော်ဘွားမှန်း ဖွင့်ပြောခဲ့တယ်။ စဝ်ကြာဆိုင်ဟာ စော်ဘွား မှန်း သူသိလိုက်တဲ့အချိန် ...
👍103