NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Hearty Paws 2 (2010)

https://t.me/moviechannelIi/372

အားလုံးသိကြတဲ့ Big Boss (Song Jong-Ki)တဲ့ကားကောင်း

လေးတစ်ကားဖြစ်တဲ့ Hearty Paws 2 မှာတော့မိခင်မေတ္တာကို

အထူးသရုပ်ဖော်တင်ဆက်ထားပါတယ်....ဒုံဝေါ က သူအဖေနောက်ဆုံး

လက်ဆောင်အဖြစ်ဂရုစိုက်ဖို့ပေးထားခဲ့တဲ့ ခွေးမလေးအသဲနဲ့နေ့တိုင်း

ကစားနေတော့ စာမေးပွဲတွေနဲ့အမှတ်တွေကျလာခဲ့ပါတယ်....ဒါကြောင့် ဒုံ

ဝေါ့ရဲ့အမေကခွေးမလေးနဲ့သူရဲ့သားလေးသုံးကောင်ကိုသူ့မောင်ရှိတဲ့ဆီကို

ပို့လိုက်ပါတယ်....ခွေးမိသားစုလေးကတော့တိရစ္ဆာန်စောင့်ရှောက်တဲ့လူမ

ရှိခင် ဒုံဝေါ့ရဲ့ဦးလေးဖြစ်သူရဲ့အခွေဆိုင်လေးမှာနေခဲ့ရပါတယ်

အဲ့ဒီအချိန်မှာဘဲဖောက်ထွင်းမှု့ကျူးလွန်တဲ့လူနှစ်ယောက်က ခွေးလေးတွေ ကိုမြင်ပြီးတော့အခွေဆိုင်ကိုရောက်လာခဲ့ပါတယ်...အကြောင်းကတော့သူ တို့ရဲ့ခိုးရာပါစိန်တွေကို ခွေးလေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ပြီး သယ်ဖို့အတွက်ဆုံးဖြတ်လိုက်လို့ပါဘဲ...သူခိုးနှစ်ယောက်ကသူ့ရဲ့ကလေး လေးတစ်ကောင်ကိုဖမ်းသွားတဲ့အခါ အသဲလို့ခေါ်တဲ့ခွေးမလေးက အန္တရာယ်တွေကြားထဲကနေ ပြန်လိုက်ကယ်ရတဲ့ကားလေးဖြစ်ပါ တယ်....အသဲက သူ့ရဲ့ကလေးလေးကိုကယ်တင်နိုင်မလား ????ဒုံဝေါက ကောသူရဲ့ အချစ်ဆုံးခွေးလေး အသဲနဲ့ခွေးလေးတွေကိုပြန်ပြီးတွေ့နိုင်မ လားဆိုတာ
👍202
Wonderland (2024)

ဇာတ်လမ်းလေးထဲမှာ ပထမဆုံးအနေနဲ့ Jeong In (Bae Suzy) နဲ့ Tae Ju (Park Bo Gun) ဆိုတဲ့ အရမ်းချစ်ကြတဲ့စုံတွဲလေးမှာ Tae Ju က ကိုမာဝင်သွားတာမို့လို့ Jeong In ခမျာ ချစ်ရသူကို လက်မလွှတ်ချင်လို့ အားကိုးရာအဖြစ် Wonderland မှာ Tae Ju ကို နေထိုင်ခိုင်းရင်းနဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပိုတိုးလာအောင် ကြိုးစားနေရတာကို မြင်တွေ့ရမှာပါ။

ထို့အတူ တစ်ဖက်မှာလည်း Wonderland ရဲ့ ပဲ့ကိုင်သူတွေဖြစ်တဲ့ Hae Ri (Jung Yu Mi) နဲ့ Hyun Soo (Choi Woo Shik) တို့ကလည်း အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးရင်းနဲ့ အသုံးပြုသူတို့အကြားမှာ သာယာချောမွေ့တဲ့ ခရီးလမ်းလေးဖြစ်အောင်လို့ အမြဲတစေ ကြိုးစားနေရသူတွေပါ။

Wonderland ဆိုတဲ့ ဝန်ဆောင်မှုက ဘာများဖြစ်မလဲ။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ပြန်လည်တွေ့ဆုံမှုတိုင်းဟာ ချောချောမွေ့မွေ့ ရှိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်၊ ရင့်နင့်ဖွယ်ကောင်းစွာ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အခုလို AI နည်းပညာ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဒီဇာတ်ကားလေးက အမြင်သစ်တစ်ခုကို ပေးစွမ်းနိုင်မှာမို့လို့ ကြည့်လိုက်ပါနော်။

https://t.me/moviechannelV11/10
👍4417
Thread Of Lies (2013)
မြန်မာစာတန်းထိုး

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/14
👍131
His Men 3 (2024)

အပိုင်း (၄) ထိ ရပါပြီ

https://t.me/koreashows/18

ဒိတ်တင်းရှိုးတွေ ရေပန်းစားနေတဲ့ ၂၁ရာစုမှာ ဒါတွေမကြည့်ဖူးတဲ့သူဆို တော်တော်လေး ခေတ်နောက်ကျနေပီနော်

ဆိုလိုငရဲတို့၊ ကိုယ့်ရည်းစားဟောင်းသူ့ရည်စားဟောင်း ပြန်ကြိုက်ကြတာတို့၊ မောင်နှမ ၂ယောက်က အချင်းချင်းစိတ်ဝင်စားတဲ့သူကို ကူညီပေးတာတို့ထက် ပိုလန်းတဲ့ BL ရိုမန့်ဒိတ်တင်းရှိုးလေးတင်ပေးလိုက်ပြီနော်

မိမိုက်ပြီး ချောမောတဲ့ကောင်လေး ၆ယောက်က သူတို့ရဲ့ ဖူးစာရှင်က ဒီ ၆ယောက်ထဲရှိမလားဆိုတာကို ရှာဖွေသွားကြမှာပါ၊ အချင်းချင်းရဲ့ စိတ်ကို မသိရတာမို့လို့ သွေးတိုးစမ်းပြီး အကွက်တွေထုတ်သုံးပြမှာမို့ ခုတစ်လော ကြည့်စရာဒိတ်တင်းရှိုးမရှိတော့ရင် ဒါလေးကြည့်ဖို့ တိုက်တွန်းချင်တယ်နော်
👍93
Drawing Closer (2024)

https://t.me/Japanesemovies123/28

"အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲက အနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင် တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်" တဲ့။

ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာ Romance Drama အမျိုးအစားဖြစ်ပါတယ်။ အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝက ရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့ အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်

သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်း အတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာ ဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံး

ဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက် အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်.
👍103👏1
Exhuma (2024)

https://t.me/moviechannelV11/4

LA မှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ထူးခြားဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက်တိုက်ဆိုသလို ကြုံနေရပါတယ်

ဘယ်လောက်ထိတောင်ဆိုရင် အသက်ကြီးမှ ခက်ခက်ခဲခဲရထားတဲ့ မွေးခါစကလေးလေးကတောင် ဒီဖြစ်ရပ်တွေကို ကြုံနေရတာပါ

အဲဒီလိုနဲ့ သူတိုလည်း ကြံရာမရတဲ့အဆုံး သူတိုကလေးကို ကယ်တင်နိုင်မယ့် နတ်ဆရာအဖွဲကို စုံစမ်းရပါတော့တယ်

Hwa-Rim (Kim Go-Eun) နဲ့ Bong-Gil (Lee Do-Hyun) ကတော့ နတ်ဆရာတွေပါ သူတိုတွေဟာ အသိဆရာဝန်တစ်ယောက်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဒီမိသားစုအကြောင်းကို စုံစမ်းပေးဖို ဖြစ်လာပါတော့တယ် ဒီလိုနဲ့ပဲ အဲဒီဖြစ်ရပ်တွေက ဘိုးဘေးတွေနဲ့ ပတ်သက်ဆက်နွယ်နေတာကို သိလိုက်ရတဲ့အခါ အုတ်ဂူကို ရွှေ့ဖိုအတွက် ကိုရီးယားက မြေနေရာကျွမ်းကျင်သူ Sang-Deok (Choi Min-Sik) နဲ့ အသုဘကိစ္စဆောင်ရွက်ပေးသူ Young-Geun (Yu Hae-Jin) တိုရဲ့အကူအညီကိုယူပြီး လုပ်ဆောင်ကြတဲ့အခါ ဘယ်လိုမထင်ထားတဲ့ဖြစ်ရပ်တွေကို ကြုံရမလဲဆိုတာ...

ထူးခြားချက်အနေနဲ့ကတော့ Kim Go-Eun နဲ့ Lee Do-Hyun ကို တစ်ခါမှမမြင်ဖူးတဲ့ နတ်ဆရာဇာတ်ကောင်နဲ့ တွေ့ရဦးမှာဆိုတော့ ဘယ်လိုတွေမိမိုက်နေမလဲနော်...

ကဲ အများကြီးပြောမနေတော့ပါဘူး ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့နော်...
👍2410
The Roundup: Punishment (2024)

ဦးဦးမာဒုံဆော့ရဲ့ ကားသစ်လေးကို စောင့်မျှော်နေတဲ့သူတွေ ရှိကြလား

ဒီနေ့မှာတော့ "Roundup Punishment"ဆိုတဲ့ ဦးဦးမာဒုံဆော့ရဲ့ အမိုက်စားမှုခင်းဇာတ်လမ်းသစ်လေး ထွက်ရှိလို့ လာခဲ့ပါပြီ

ဆိုက်ဘာမှုခင်းအဖွဲ့က မာဆော့ဒိုနဲ့ အဖွဲ့သားများဟာတော့ ဖီလစ်ပိုင်မှာ app developer တစ်ယောက် သေဆုံးသွားမှုကနေ ဒါဟာ တရားမဝင် ကာစီနို website တွေကို ဖန်တီးနေတဲ့ အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာကို သိရှိသွားပြီး စစ်ဆင်ရေး တစ်ခုကို စတင်ပါတော့တယ်

ဘဲ့ချန်းဂီကတော့ ပြန်ပေးဆွဲမှု လူသတ်မှုတွေနဲ့ ကိုရီးယားနိုင်ငံသားတွေရဲ့ အွန်လိုင်းတရားမဝင် လောင်းကစားဈေးကွက်ကို လွှမ်းမိုးထားတဲ့သူဖြစ်ပြီး ဂျန်ဒုံချောကတော့ အိုင်တီလုပ်ငန်းတစ်ခုရဲ့ ထူးချွန်တဲ့ ကိုယ်စားလှယ်ဖြစ်ပြီးတော့ ပိုမိုကြီးမားတဲ့ အွန်လိုင်းတရားမဝင် လောင်းကစားဆိုက်တစ်ခုကို တည်ထောင်ရန် လုပ်ဆောင်နေသူပဲဖြစ်ပါတယ်

Round Up ကားပီပီ ဒီနှစ်ယောက်က ဒီအမှုနဲ့ ဘယ်လိုပတ်သက်နေမလဲ ဒီအမှုကို ဘယ်လိုတွေ ဖြေရှင်းသွားဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်

အမိုက်စားသရုပ်ဆောင်တွေ ပါ.


https://t.me/moviechannelV11/9
👍4321🔥6
My Lovely Angel (2021)

ဘဝကို အထီးကျန်ဆန်စွာ ဖြတ်သန်းနေခဲ့ရတဲ့ အမျိုးသားတစ်ယောက်၊

အလုပ်ကိုပဲ စိတ်နှစ်ထားပြီး လုပ်ကိုင်နေရာကနေ တစ်နေ့မှာတော့ သူ့ ဆီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အိမ်ကို သွားကြည့်ရာကနေ ၇ နှစ်အရွယ် အမြင်အာရုံနဲ့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေးကို တွေ့ခဲ့ရပါတယ်။

မိခင်ဖြစ်သူကလည်း သေဆုံးသွားပြီး အခြား ဆွေမျိုးသားချင်းတွေလည်း မရှိတာမို့ ကလေးကို ခေါ်လာရဖို့ ဖြစ်လာပါတယ်။

အရင်နဲ့ မတူညီတဲ့ ဘဝကို ဖြတ်သန်းရတော့မဲ့ လူနှစ်ယောက် တစ်ယောက်ရဲ့ဘဝကို တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲစေမလဲဆိုတာတွေ …

သွေးသားမတော်စပ်ပေမဲ့ လူလူချင်းကြားက သံယောဇဉ်တွေ ကို ပုံဖော်ရိုက်ကူးထားတဲ့ ဒရမ်မာ လေးပါ။

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/20
17👍17👎3
Scandal Makers (2008)
IMDb..7.3

ရုပ်ရှင် ဆုပေါင်း ၂ဝကျော်ကို ဆွတ်ခူးထားပြီး2008 တုန်းက လက်မှတ်စောင်ရေ ၈သန်းကျော်ရောင်းချခဲ့ရတဲ့ကိုရီးယားကားကောင်းလေးတစ်ကောင်းနဲ့မိတ်ဆက်ပေးပါရစေ။
တရုတ်ကတောင် 2016 Nov တုန်းက ဒီကားကို ပြန်ရိုက်ထားတဲ့ကားထွက်လာပါသေးတယ်
ဇာတ်လမ်းအကျဉ်းကတော့ နမ်ဟွမ်းဆူ ဆိုတဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက် သူ့ဆီကိုသူ့သမီးဆိုပြီးမိန်းကလေးငယ်လေးတစ်ယောက်ရောက်လာပါတယ်။အဲ့မိန်းကလေးငယ်လေးမှာလဲကလေးလေးတစ်ယောက်လဲပါလာပါသေးတယ်။နာမည်ပျက်မှာကြောက်တဲ့ နမ်ဟွမ်းဆူတစ်ယောက် DNA စစ်ကြည့်တော့ သမီးအရင်းဆိုတာ သိလိသူ့ဆီကိုသူ့သမီးဆိုပြီးမိန်းကလေးငယ်လေးတစ်တစ်ယောက်မြေးတောင်ချီရပါတော့မယ် အဲ့ဒီသားအမိနဲ့ သူနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ ရယ်ရယ်မောမောနဲ့ကြည့်ရမှာပါ ဇာတ်လမ်းရဲ့ကောင်းမွန်မှုရယ်၊သရုပ်ဆောင်ပိုင်နိုင်မှုရယ်၊အပိုအလိုမရှိတဲ့
ဇာတ်ကွက်တွေကြောင့် ကြည့်ကိုကြည့်သင့်တဲ့ကားလေးလို့ညွှန်းပါရစေ။ပေါကားမဟုတ်တဲ့ ဟာသကားလေးကို မြည်းစမ်းကြည့်ရအောင်။

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/22
👍86
The Battleship Island (2017)

ဇာတ်လမ်းအကျဉ်းလေးကတော့ကျွန်းပေါ်မှာ ပင်လယ်ကြမ်းပြင်အောက်ကိုဖောက်ပြီး ကျောက်မီးသွေးတွင်းတူးတဲ့ မိုင်း တွင်းလုပ်ငန်းတွေရှိပါတယ်။

ဒီအလုပ်တွေ ပင်ပန်းဆင်းရဲခက်ခဲတာမို့ ဂျပန်တွေက ကိုးရီးယား အလုပ်သမားတွေကို လိမ်ညာခေါ်ပြီး အတင်းအကြပ်ကျွန်ပြု ခိုင်းစေခဲ့ ကြပါတယ်။

ကိုးရီးယားတွေရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူခေါင်းဆောင်တစ်ဦး ရှိပေ မယ့်တစ်ဖက်လှည့်နဲ့သူက ဂျပန်တွေဖက်ပါပြီး စည်းရုံးသိမ်းသွင်းထား တာကြောင့် ဒီအခက်အခဲက ရုန်းမထွက်နိုင်ခဲ့ကြဘူး။

ကိုးရီးယားလွတ်မြောက်ရေးတပ်မတော်က ပက်မူယောင်း (ဆောင်းဂျွန် ဂီ) ဒီကို တမင်တကာလာရောက်ပြီး ကယ်ထုတ်ပေးတဲ့ ဇာတ်လမ်းလေး ပါ။

အစကတော့ ဆောင်းဂျွန်ဂီကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တာဖြစ်ပေ

မယ့် တကယ်တမ်း ဇာတ်ဆောင်အားလုံးကောင်းနေပြီး ရိုက်ကူးရိုက်ကွက် စက်တင် အလင်းအမှောင် ဇာတ်လမ်းသွား ဘာမှပြောစရာမရှိအောင် ရိုက်ကူးထားတာမို့ အတော်လေး သဘောကျမိတဲ့ကားလေးပါ။

ဒီဇာတ်လမ်းမှာ အဓိက သင်ခန်းစာယူတတ်ဖို့ကတော့ မျက်စိဖွင့် နားဖွင့်ရှိ ပြီး အမြင်ကျယ်တယ်ဖို့လိုတယ်။

Channel အရင် join ပါ
https://t.me/+UXmZ1uO3Rr1jMTA1

ဇာတ်ကား link
https://t.me/c/2299825658/28
👍209
Yumi's Cells: The Movie (2024)

ဒီ Animation လေးကတော့ webtoon မှာ အောင်မြင်မှုအကြီးကြီးရပြီး
အဲဒီကနေတဆင့် Drama, Musical တို့ထွက်ရှိထားပြီး
အခု Animated movie version ပါ ထွက်ရှိလို့လာပါပြီ။
Drama ထဲမှာတော့ Kim Go Eun၊ Ahn Bo Hyun နဲ့ JinYoungတို့ ပါဝင်ထားပြီး
Season 2ခု ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးမလို့ မကြည့်ရသေးရင်လည်း
ကြည့်ရှုဖို့ ညွှန်းချင်ပါတယ်နော်။

Movie Version မှာလည်းပဲ ကုမ္ပဏီ ဝန်ထမ်းမ‌လေး ယူမီရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့
ချစ်စရာကောင်းတဲ့ ဆဲလ်မျိုးစုံနဲ့အတူ ယူမီရဲ့ နေ့စဉ်ဘဝကို ခံစားကြည့်ရှူရဦးမှာဖြစ်ပါတယ်။
စိတ်ခံစားချက်တွေကို မဖော်ပြတတ်တဲ့ ယူမီနဲ့ သူ့ဦးနှောက်ထဲက ဆဲလ်လေးတွေရဲ့
လမ်းညွှန်လုပ်ဆောင်ချက် အဖုံဖုံကို ရသမျိုးစုံနဲ့ ကြည့်ရှူရဦးမှာပဲဖြစ်ပါတယ်။

https://t.me/moviechannelV11/8
13👍8
Penny Pinchers (2011)

ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရ

ပေမယ့်

ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့

လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီး

တို့အကြောင်းကို

တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက်

ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/24
👍156
Jinny's Kitchen S2 (2024)

အပိုင်း (၁+၂) ရပါပြီ

https://t.me/koreashows/20

ဒိတ်ဒိတ်ကြဲတွေပါတဲ့ ဟင်းချက်အစီအစဥ်ကို အားလုံးသိကြမယ်ထင်ပါတယ်

ရှေ့ Season တွေတုန်းကလည်း အောင်မြင်ထားတာမို့ ဒီတစ်ခါမှာတော့ cast တွေက Iceland မှာ စားသောက်ဆိုင်ဖွင့်ကြမှာပါ

နိုင်ငံရပ်ခြားမှာ ကိုရီးယားအစားအစာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး တစ်မူထူးခြားသွားတာက တစ်နေ့ကို စားဖိုမှူးတစ်ယောက်စီနဲ့ signature menu တွေကို ရောင်းချသွားပြီး ဒီနေ့ရဲ့ စားဖိုမှူးက မနက်ဖြန် ဆိုင်မန်နေဂျာလုပ်ရမှာ ဖြစ်ပါတယ်

အတွေ့အကြုံရှိ ဆိုင်ရှင်ဝန်ထမ်းတွေနဲ့အတူတူ အလုပ်သင်အသစ်လည်း ရောက်လာတာမို့ အားလုံးပူးပေါင်းပြီး ဆိုင်ကောင်းကောင်းလည်ပတ်ဖို့ ဘယ်လောက်အပင်ပန်းခံရလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာဖြစ်ပါတယ်
10👍5
Running Man

လူကြီးကြိုက်ကြမဲ့ show လေး
Update တင်ပေးပါတော့မယ်နော်

အပိုင်း (၇၁၂) ရပါပြီ

https://t.me/koreashows/21
👍7
Following (2024)

ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲက
Byun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိက
ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-
အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung-tae ရဲ့
ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။
အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့
အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။
ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့
Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။
Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်
ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။
ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ Jung-tae တစ်ယောက်
တစ်နေ့ So-ra အသတ်ခံထားရတာကို...

https://t.me/moviechannelV11/6
42👍33😁6🥰5