NL Movie Channel
48.2K subscribers
1.69K photos
981 links
ဆက်သွယ်ရန်

@kookoo805
Download Telegram
Scandal (2024 )

https://t.me/longkoreadramaMM/744

ဇာတ်လမ်းအကျဉ်း
မွန်းဂျောင်အင် ဆိုတဲ့အမျိုးသမီးက
အရမ်းရည်မှန်းချက်ကြီးသလို အောင်မြင်မှုအတွက်သာဆို
ဘာမဆိုလုပ်နိုင်တဲ့သူဖြစ်တဲ့အလျောက် ငွေမျက်နှာတစ်ခုတည်းနဲ့
ဆရာဝန်ဘဲ့ဒုံဟိုကို လက်ထပ်ကာ ဘဲ့ဒုံဟိုရဲ့ ပိုင်ဆိုင်မှုတွေကို
သိမ်းယူပြီး သူ့ကို ရက်စက်စွာ ထားပစ်ခဲ့သူပါ။
အဲဒီနောက် မွန်းဂျောင်အင်က ဒရာမာတွေကို ရိုက်ကူးထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့
သူဌေးတစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဘဲ့ဒုံဟို မှာကလည်း သူ့ရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ ဘဲ့ဆောအာ
(Han Bo-Reum) ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမဲ့ မွန်းဂျောင်အင်ကြောင့်
သူမက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသူပါ။
ဘဲ့ဆောအာက မိဘမဲ့ဂေဟာမှာ သူနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့
ဆောဂျင်ဟို (Choi Woong)ဆိုတဲ့ ကောင်လေးနဲ့ ချစ်ကျွမ်းဝင်ပြီး
လက်ထပ်ဖို့အထိ စီစဉ်ခဲ့‌ကြပေမဲ့ မင်းသားဖြစ်ချင်တဲ့
ဆောဂျင်ဟိုကတော့ မွန်းဂျောင်အင်နဲ့ တွေ့ဆုံပြီး လက်ထပ်ပွဲကို
ပေါ်မလာဘဲ ပျောက်ကွယ်သွားပြီးနောက် ဂျောင်ဝူဂျင်းဆိုတဲ့နာမည်နဲ့
မင်းသားတစ်ယောက်အဖြစ် ပြန်လည်ထွက်ပေါ်လာပါတော့တယ်။
ဘဝမှာ ဒုက္ခပင်လယ်ဝေနေတဲ့ ဘဲ့ဆောအာတစ်ယောက်
အောင်မြင်တဲ့ဇာတ်ညွှန်းဆရာမဖြစ်လာတဲ့အခါ..
👍103🥰1
မကြည့်မိရင် နောင်တရမယ့်ကား 🤍

High School Return of a Gangster (2024)

စ/ဆုံး ရပါပြီ

https://t.me/+yQ9ZKkzpAidlMGY1
27👍11
The Plot (2024)

ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်.....
သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုး
ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး...
ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့်
အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ..
ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီး
မတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်...
ဥပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊
စသည့် မတော်တဆမှုပေါင်းများစွာပေါ့...
ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး...
အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလို
အလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့
အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာ
သူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်...

https://t.me/moviechannelV11/14
👍7015❤‍🔥11🥰11👎1
နန်းတွင်းအရေးတော်ပုံ အရှုပ်အထွေးတွေနဲ့ အမှုဖြေရှင်းဇာတ်လမ်းတွေကို စိတ်ဝင်စားကြသူများအတွက် ၂၀၁၄ က ထွက်ရှိထားတဲ့ အခုဒီဘက်ခေတ်ရဲ့ နာမည်ကြီးတွေပဲ ပါဝင်ထားတဲ့ နန်းတွင်းဇာတ်ကားကောင်းလေး

Secret Door (2014)
မြန်မာစာတန်းထိုး

စ/ဆုံး ပါ။

https://t.me/+MLwrql5AwlllYzg1
👍15
The Sin (2024)

ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-
သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီး
အကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက်
ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။
ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီး
စိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲ
မတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့....
အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက်
Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့
ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။

https://t.me/moviechannelV11/12
👍325👏5👎3😁3
Agents of Mystery (2024)

https://t.me/koreashows/16

The Devil's Plan / Girls' High School Mystery Class စတဲ့  နာမည်ကြီးရှိုးတွေကို
ထုတ်လုပ်တဲ့ production team ကနေပြီး  အခု Agents of Mystery ဆိုတဲ့
ဦးနှောက်သုံးရမဲ့ show လေးနဲ့ ပြန်ရောက်ရှိလာပါပြီ။
အေးဂျင့် ၆ယောက်ဟာ သာမန်စုံစမ်းစစ်ဆေးရေးဌာနကနေ အဖြေမရှာနိုင်တဲ့
ထူးခြားတဲ့အမှုတွေကို ၆နာရီအတွင်း လိုက်ဖြေရှင်းရမှာပဲဖြစ်ပါတယ်။
သူတို့ ဘယ်လိုအမှုတွေနဲ့ ကြုံတွေ့ရပြီး ဘယ်လိုလှလှပပဖြေရှင်းသွားဦးမလဲဆိုတာ
အတူကြည့်လိုက်ရအောင်နော်။ 
အမှုလိုက်ဖြေရှင်းမဲ့ agent တွေကတော့ Lee Yong Jin, John Park, Kim Do Hoon,
Lee Eun Ji, Hyeri နဲ့ Karina တို့ပဲ ဖြစ်ပါတယ်။
👍212
Juror 8 (or) The Juror (2019)

ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံ ရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။

တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။

ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။

စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆို တဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။

Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။

ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံး တရားခွင်ပါ။

ဂျူရာ (ဂျူရီအဖွဲ့ဝင်) ၈ ယောက်ရွေးချယ်ထားပါတယ်။

သာမန်အရပ်သားတွေဖြစ်တဲ့ သူတို့အတွက် တခြားလူတစ်ယောက်ရဲ့ ဘဝ ကို စီရင်ချက်ချဖို့ ခက်ခဲနေတဲ့အတွက် အမှန်တရားကို ရှာဖွေဖို့ကြိုးစား ရင်း

ဘာတွေကို တွေ့ပြီးတော့ ဘယ်လို စီရင်ချက်ကိုချမလဲဆိုတာကို ဇာတ်ကားမှာကြည့်လိုက်ပါတော့....

Channel အရင် Join ပါ
https://t.me/+32JeBmxuc6YzYmVl

ဇာတ်ကား link👇
https://t.me/c/1898569027/125
👍181
A Frozen Flower (2008) 🔞

Channel အရင် Join ပါ
https://t.me/+32JeBmxuc6YzYmVl

ဇာတ်ကား link👇
https://t.me/c/1898569027/148
👍132
As One (2012)

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/4
👍9
The Face Reader (2013)

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/7
👍63
Hearty Paws 2 (2010)

https://t.me/moviechannelIi/372

အားလုံးသိကြတဲ့ Big Boss (Song Jong-Ki)တဲ့ကားကောင်း

လေးတစ်ကားဖြစ်တဲ့ Hearty Paws 2 မှာတော့မိခင်မေတ္တာကို

အထူးသရုပ်ဖော်တင်ဆက်ထားပါတယ်....ဒုံဝေါ က သူအဖေနောက်ဆုံး

လက်ဆောင်အဖြစ်ဂရုစိုက်ဖို့ပေးထားခဲ့တဲ့ ခွေးမလေးအသဲနဲ့နေ့တိုင်း

ကစားနေတော့ စာမေးပွဲတွေနဲ့အမှတ်တွေကျလာခဲ့ပါတယ်....ဒါကြောင့် ဒုံ

ဝေါ့ရဲ့အမေကခွေးမလေးနဲ့သူရဲ့သားလေးသုံးကောင်ကိုသူ့မောင်ရှိတဲ့ဆီကို

ပို့လိုက်ပါတယ်....ခွေးမိသားစုလေးကတော့တိရစ္ဆာန်စောင့်ရှောက်တဲ့လူမ

ရှိခင် ဒုံဝေါ့ရဲ့ဦးလေးဖြစ်သူရဲ့အခွေဆိုင်လေးမှာနေခဲ့ရပါတယ်

အဲ့ဒီအချိန်မှာဘဲဖောက်ထွင်းမှု့ကျူးလွန်တဲ့လူနှစ်ယောက်က ခွေးလေးတွေ ကိုမြင်ပြီးတော့အခွေဆိုင်ကိုရောက်လာခဲ့ပါတယ်...အကြောင်းကတော့သူ တို့ရဲ့ခိုးရာပါစိန်တွေကို ခွေးလေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ပြီး သယ်ဖို့အတွက်ဆုံးဖြတ်လိုက်လို့ပါဘဲ...သူခိုးနှစ်ယောက်ကသူ့ရဲ့ကလေး လေးတစ်ကောင်ကိုဖမ်းသွားတဲ့အခါ အသဲလို့ခေါ်တဲ့ခွေးမလေးက အန္တရာယ်တွေကြားထဲကနေ ပြန်လိုက်ကယ်ရတဲ့ကားလေးဖြစ်ပါ တယ်....အသဲက သူ့ရဲ့ကလေးလေးကိုကယ်တင်နိုင်မလား ????ဒုံဝေါက ကောသူရဲ့ အချစ်ဆုံးခွေးလေး အသဲနဲ့ခွေးလေးတွေကိုပြန်ပြီးတွေ့နိုင်မ လားဆိုတာ
👍202
Wonderland (2024)

ဇာတ်လမ်းလေးထဲမှာ ပထမဆုံးအနေနဲ့ Jeong In (Bae Suzy) နဲ့ Tae Ju (Park Bo Gun) ဆိုတဲ့ အရမ်းချစ်ကြတဲ့စုံတွဲလေးမှာ Tae Ju က ကိုမာဝင်သွားတာမို့လို့ Jeong In ခမျာ ချစ်ရသူကို လက်မလွှတ်ချင်လို့ အားကိုးရာအဖြစ် Wonderland မှာ Tae Ju ကို နေထိုင်ခိုင်းရင်းနဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပိုတိုးလာအောင် ကြိုးစားနေရတာကို မြင်တွေ့ရမှာပါ။

ထို့အတူ တစ်ဖက်မှာလည်း Wonderland ရဲ့ ပဲ့ကိုင်သူတွေဖြစ်တဲ့ Hae Ri (Jung Yu Mi) နဲ့ Hyun Soo (Choi Woo Shik) တို့ကလည်း အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးရင်းနဲ့ အသုံးပြုသူတို့အကြားမှာ သာယာချောမွေ့တဲ့ ခရီးလမ်းလေးဖြစ်အောင်လို့ အမြဲတစေ ကြိုးစားနေရသူတွေပါ။

Wonderland ဆိုတဲ့ ဝန်ဆောင်မှုက ဘာများဖြစ်မလဲ။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ပြန်လည်တွေ့ဆုံမှုတိုင်းဟာ ချောချောမွေ့မွေ့ ရှိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်၊ ရင့်နင့်ဖွယ်ကောင်းစွာ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အခုလို AI နည်းပညာ တိုးတက်လာတဲ့ခေတ်ကြီးမှာ ဒီဇာတ်ကားလေးက အမြင်သစ်တစ်ခုကို ပေးစွမ်းနိုင်မှာမို့လို့ ကြည့်လိုက်ပါနော်။

https://t.me/moviechannelV11/10
👍4417
Thread Of Lies (2013)
မြန်မာစာတန်းထိုး

Channel အရင် Join ပါ
https://t.me/+d-3b8qvgsfk0M2Vl

ဇာတ်ကား link👇
https://t.me/c/2190733510/14
👍131
His Men 3 (2024)

အပိုင်း (၄) ထိ ရပါပြီ

https://t.me/koreashows/18

ဒိတ်တင်းရှိုးတွေ ရေပန်းစားနေတဲ့ ၂၁ရာစုမှာ ဒါတွေမကြည့်ဖူးတဲ့သူဆို တော်တော်လေး ခေတ်နောက်ကျနေပီနော်

ဆိုလိုငရဲတို့၊ ကိုယ့်ရည်းစားဟောင်းသူ့ရည်စားဟောင်း ပြန်ကြိုက်ကြတာတို့၊ မောင်နှမ ၂ယောက်က အချင်းချင်းစိတ်ဝင်စားတဲ့သူကို ကူညီပေးတာတို့ထက် ပိုလန်းတဲ့ BL ရိုမန့်ဒိတ်တင်းရှိုးလေးတင်ပေးလိုက်ပြီနော်

မိမိုက်ပြီး ချောမောတဲ့ကောင်လေး ၆ယောက်က သူတို့ရဲ့ ဖူးစာရှင်က ဒီ ၆ယောက်ထဲရှိမလားဆိုတာကို ရှာဖွေသွားကြမှာပါ၊ အချင်းချင်းရဲ့ စိတ်ကို မသိရတာမို့လို့ သွေးတိုးစမ်းပြီး အကွက်တွေထုတ်သုံးပြမှာမို့ ခုတစ်လော ကြည့်စရာဒိတ်တင်းရှိုးမရှိတော့ရင် ဒါလေးကြည့်ဖို့ တိုက်တွန်းချင်တယ်နော်
👍93
Drawing Closer (2024)

https://t.me/Japanesemovies123/28

"အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲက အနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင် တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်" တဲ့။

ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာ Romance Drama အမျိုးအစားဖြစ်ပါတယ်။ အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝက ရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့ အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်

သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်း အတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာ ဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံး

ဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက် အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်.
👍103👏1