MinKoGye Astro
370 subscribers
7 photos
3 videos
9 links
Astrology & Psychic
Download Telegram
ဂျပန်က ပရိတ်သက် ကြေကွဲနေသူ အမကြီး
တစ်ယောက်က Virgo တွေ မကောင်းတဲ့ အကြောင်း
ရေးပေးပါဆိုပြီး တောင်းဆိုထားလို့ 😅

Virgo တွေရဲ့ မကောင်းတဲ့ အကြောင်းလို့
စဥ်းစားလိုက်တာ နဲ့

1. Virgo တွေဟာ ဦးနှောက်ကို သိသိသာသာ သုံးပြီး ရှင်သန်တာပါ

ဟာ ဦးနှောက် သုံးတာ မုန်းစရာလားဆိုတော့ 🤔
လွန်ကဲသွားရင် တကယ်မုန်းဖို့ကောင်းပါတယ်

ဘာလို့ဆို ဦးနှောက်အသုံးလွန်တဲ့လူဟာ
နှလုံးသား မရှိတော့သလို လူသားပါ မဆန်တော့ပါဘူး 😬

ဥပမာ (၁) Virgo ၁ယောက်က သူ့အတွက် ဘာအကျိုးမှ
မရှိရင် Hi တစ်လုံးတောင် သင့်စီ စကားလာမပြောပါဘူး
သူ့ရဲ့ Hi တစ်လုံး နောက်ကွယ်မှာ သူ့အကျိုးရယူလိုမှုတွေ များစွာတွက်ချက်ထားပြီးသားပါ

သင့်ကို သတိတရ စကားလာပြောတယ်ဆိုပြီး
စိတ်ကူးယဥ်လို့ သင်ကတော့ ကျေနပ်ပီတိဖြစ်ရင်
ဖြစ်နေမှာပါ (သင်က Cancer ဆိုရင်ပေါ့)

တကယ်တော့ virgo ၁ယောက်လာစကားပြောတယ်
ဆိုတာ သင့်ကို သတိရလို့မဟုတ်ပါဘူး
သူ့အတွက် သင့်စီမှာ အသုံးချစရာ တစ်ခုခု ရှိနေလို့ပါ

ဥပမာ (၂ ) Virgo ၁ယောက်သင့်ကို လက်ဆောင်ပေးတယ်
လက်ဆောင် စပရိုက် ရတယ် ဆိုပြီး ပျော်မသွားနဲ့
virgo ပေးတဲ့ လက်ဆောင်ဆိုတာ အကျိုးလိုလို့ ညောင်ရေသွန်းတာ ဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ်

next level virgo ဆို ညောင်သီးစားပြီးလို့ ညောင်ရည်သွန်းတာ :3

2. Virgo ဆိုတာ Earth sign mutable ကို mercury ruling လုပ်နေတာဆိုတော့ ကာ ....

မြေကြီးတော့ မြေကြီးပဲ ဒါပေမယ့် ရွံ့ 😬

အပြောင်းအလဲများတဲ့ကမ္ဘာ အတိအကျမရှိတဲ့ဘဝ
ရွှံမြေ နုံးမြေတို့ရဲ့ ဘဝ
Virgo့ အလှ Virgo့ ဘဝ 😑

တကယ်တော့ ဘာမှမလှဘူး ရွဲ့ပြောတာ :3

ရွှံ့မြေ နုံးမြေဆိုတော့ သူတို့ ရှင်သန်တည်ရှိရာ
အရပ်ဒေသကိုလိုက်ပြီး ပုံသဏ္ဍန် အမျိုးမျိုး ပြောင်းလဲနေသလို အထက်ကဖိရင်ပြားတယ် အောက်က ပြန်ဖိလည်း ပြားတယ် အဓိကက ဖိနိုင်ဖို့ပဲ 🤣

ဘယ်ဘက်က ရိုက်ရင် ညာဘက်ကပ်တယ်
ညာဘက်ကရိုက်ရင် ဘယ်ဘက်ကပ်တယ်

ဥပမာ - စော်၁နဲ့ အဆင်မပြေရင်ရင် စော်၂စီပြေးကပ်
စော်၂နဲ့ အဆင်မပြေတော့ စော်၁စီပြန်ကပ် ဒါမှမဟုတ် စော်၃စီသွားကပ် :3

အပေါင်းအသင်းတွေဆိုလည်း အဲ့လိုပဲ
သာပေါင်းညာစား အထက်ဖား အောက်ဖိ
ဟိုဘက်ကပ် ဒီဘက်ကပ် သင့်တော်သလို အလိုက်သင့်ကပ်တယ်
ဘာလို့ဆို လိုသလိုပုံပြောင်းနိုင်ပြီး ပျော့တာကိုး

ရန်လား virgo တွေက တော်ရုံရန်မဖြစ်ဘူး ဘာလို့ဆို အပေါ်မှာပြောခဲ့သလို လိုသလိုပြောင်းလဲနိုင်ပါတယ်ဆို

အဲ့ရန်တွေ့နေတဲ့ ရန်သူက ချက်ချင်း သူ့မိတ်ဆွေဖြစ်အောင် ပေါင်းလိုက်တတ်တယ်
(ဘာလို့ဆို အဲ့လို ပေါင်းခြင်းအားဖြင့် ရန်လည်းဖြစ်စရာမလိုဘူး သူ့အကျိုးလည်းရမယ် ဒါကလည်း အဲ့ရန်ဖက်က သူအတွက်အသုံးဝင်နေဦးမှ 😬
လုံးဝ သူ့အတွက်အသုံးမဝင်တော့တဲ့ ရန်ဖက်ဆိုရင်တော့ Virgo တို့ရဲ့ ဆက်ဆံပုံက တခြားပုံစံ တစ်မျိုး ဖြစ်မယ် )

ဒါတွေက mutable signs တိုင်းရဲ့ သဘော

အဲ့တော့ သင့်ကို Virgo တစ်ယောက်ဟာ
ဘယ်လို အခြေအနေမှာပင်ဖြစ်စေ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသေးတယ်ဆိုရင်

သေချာတယ် အဲ့ Virgo ဟာ သင့်စီမှာ အကျိုးအမြတ်
ရစရာတွေ ကျန် ရှိနေသေးလို့ သည်းခံပေါင်းနေတယ်
ဆိုတာပဲ 😌

ကြေကွဲအမကြီးရဲ့ တောင်းဆိုမှုအရသာရေးပေးရတာ
မင်းကိုကြီးရဲ့ နှလုံးသား အရင်းခံနဲ့က
ဘယ်သူ့ကို မှ မကောင်းမမြင်ဖူး 😌

အဆိုးဆုံးအခြေအနေတွေကိုသာ ရေးထားတာပါ

Virgo တိုင်းအဲ့လောက်တော့ မဆိုးပါဘူး

____


#minkogyeastro
You Are My Missing Piece (Part 2)

Leo♌️ energy ရဲ့ လိုအပ်ချက် သို့မဟုတ် အားနည်းချက်တွေ ဖြည့်ပေးနိုင်တာကတော့
Aquarius ♒️ energy ဖြစ်တယ်

ထိုနည်းတူစွာပဲ Aquarius ♒️ energy ရဲ့
လိုအပ်ချက်တွေ ဟာလည်း Leo ♌️ energy စီမှာ ရှိတယ်

Zodaic Sign တစ်ခုတည်းမှာ
Ascendant အပါအဝင် Planets တွေ ၂ခု သို့မဟုတ် ၂ခုထက်ပိုပြီး တည်ရှိနေခဲ့မယ်ဆိုရင် အဲ့ Zodaic Sign ရဲ့ energy ဟာ အားပိုကောင်းလာစေတယ်

Leo မှာ Ascendant အပါအဝင် သို့မဟုတ်
planets တွေ ၂ခု နဲ့၂ခုထက်ပိုရှိနေခဲ့မယ်ဆိုရင်
Leo♌️ Energy အားကောင်းသူအဖြစ်ယူဆရပါမယ်

Aquarius မှာ Ascendant အပါအဝင် သို့မဟုတ် planets တွေ ၂ခု နဲ့ ၂ခုထက်ပိုရှိနေခဲ့မယ်ဆိုရင်
Aquarius ♒️Energy အားကောင်းသူအဖြစ်
ယူဆရပါမယ်

ဒီ Zodiac Sign ၂ခုဟာ သံသရာစက်ဝိုင်းရဲ့
မျက်နှာ ချင်းဆိုင် ဆန့်ကျင်ဘက် လားရာ၂ခု မှာ
တည်ရှိနေကြသူတွေဖြစ်ပြီး

ဆန့်ကျင်ဘက်မတူညီကွဲပြားခြားနားနေတဲ့
သဘောတရားတွေ ရှိကြတယ်

၂ခု လုံးကတော့ Fixed Signs တွေပဲ
ဒါပေမယ့် ဘယ်နေရာတွေမှာ သွား ပြီး
fixed ဖြစ်နေကြတာလဲ ကြည့်လိုက်ရအောင်

Leo♌️ ဆိုတာ မြွေဟောက် လို ပဲ အားအားရှိအမောက် တစ်ထောင်ထောင်နဲ့ :3

ကလေးလူကြီး ကျားမ လူမျိုးဘာသာ လူတန်းစား မရွေး အမောက်တစ်ထောင်ထောင်နဲ့ မြွေ တစ်ကောင် မြင်လိုက်တာနဲ့ ဘာမြွေ ဖြစ်နေပါစေ မြွေဟောက်လို့ပဲ
ထင်လိုက်ကြရသကဲ့သို့ လူအများကြားမှာ ထင်ပေါ် /ထင်ရှား ထင်းကနဲ ဖြစ်လွန်းလှတယ်

Leo ဆိုတဲ့ Zodaic Sign ရဲ့ Ruling Planet
ကလည်း Sun ဖြစ်တယ်

Sun ဆိုတာ အတ္တမာန ဘုန်းတန်ခိုးအရှိန် အဝါ ထွန်းလင်းတောက်ပခြင်းတွေ ကို ကိုယ်စားပြုတာဆိုမှတော့

နေမင်းကြီးဟာ တိမ်ထူတဲ့နေတွေ မိုးသည်းတဲ့ နေ့တွေ မှာတောင် အလင်းရောင် ကတော့ ပေးနေတုန်းပဲ ဆိုသလို

Leo energy အားကောင်းသူတွေဟာ
အများကြာမှာ တကယ်ကို ထွန်းလင်းတောက်ပ ကြတယ်
လူသိများ ကျော်ကြား ထင်ပေါ် လေ့ရှိကြတယ်

ငုတ်တုတ်ထိုင်နေရင်တောင် ဟိုးအဝေးက
လူတွေ မျက်စိထဲ ထင်းကနဲ ဖြစ်နေတာ
ထင်ပေါ်နေတာမျိုး အရှိန် အဝါ တစ်ခု ရှိနေတာမျိုး
ဖြစ်တယ်

Kings & Queens တွေ ပေါ့ဗျာ

သို့သော် သတိထားရမှာ တစ်ခု တော့ ရှိတယ်

Good Kings & Queens
Bad Kings & Queens ဆိုပြီးရှိတာတော့
မေ့မထားသင့်ဘူး

ဒီကိစ္စ က အထူးတလှယ်တော့ ရှင်းပြဖို့လိုမယ်မထင်ပါဘူး

Good Kings & Queens တွေ ဟာ
သူတို့ရဲ့ သြဇာ အရှိန်အဝါ အာဏာ ပါဝါ တွေနဲ့ လွှမ်းမိုးနိုင်စွမ်းတို့ကို သုံးပြီ သူ့ရဲ့တိုင်းပြည် သို့မဟုတ်
လူသားတွေရဲ့ စွမ်းအား အရင်းအမြစ်တိုးတက်အောင်အကျိုးအမြတ်တွေရရှိအောင်
သူတို့ရဲ့ပါဝါကြီးရင် ကြီးသလောက်လိုက်လံ
မြှင့်တင်ပေးတာမျိုးဖြစ်တယ်

ဥပမာ -

အစကသာမန်လူတွေဟာ စွမ်းအား ၅ထောင်ပဲ ရှိကြတယ်
သို့ပေမယ့် Good King & Queen နဲ့တွေ့တဲ့အခါ

Good King / Queen ရဲ့ စွမ်းအား
၁သန်းဆို သူ့ရဲ့ followers တွေကိုလည်း စွမ်းအား ၅သောင်းလောက်ထိ မြှင့်တင်ပေးလိုက်တာမျိုး ဖြစ်တယ်

Bad Kings & Queens တွေကတော့
မပြောတော့ဘူးနော် အလိုလိုသိပါ 😌

စွမ်းအား ၅ထောင် အစက ရှိနေတဲ့ သာမန်လူတွေတောင် Bad King/ Queen နဲ့ တွေ့တော့မှ စွမ်းအား ၁ထောင် ပဲ ကျန်တော့တာမျိုး :3

အတ္တမာန ဘုန်းတန်းခိုးအရှိန်အဝါတွေဆိုတာလည်း
ကြီးရင် ကြီးသလောက်
ပတ်ဝန်းကျင် မိသားစု အသိုင်းအဝိုင်း နဲ့
ကိုယ်ချစ်တဲ့သူတွေ ကို
လိုက်လံလောင်ကျွမ်း ပျက်ဆီးစေတတ်တဲ့သဘော
ရှိပါတယ်

Venus & Mercury Leo နဲ့ စာရေးဆရာမဂျူး
ဇာတ်ရုပ်ဖော်ထားတဲ့ မိန်းမတစ်ယောက်ရဲ့
ဖွင့်ဟဝန်ခံချက်ဆိုတဲ့ ဇတ်လမ်းမှာ ဆိုလည်း

သက်နှင်းအိမ် နဲ့ ယုမော် ၂ယောက်လုံးဟာအတ္တမာနကြီးကြတဲ့ အတွက်
၂ဦးသားချစ်နေကြရက်နဲ့ ပင် ခွဲခွာနေခဲ့ရတဲ့ အဖြစ်တွေ လိုပေါ့

အချစ်စိတ်တွေကို အတ္တမာနဆိုတဲ့ အရာက
ရှင်သန်ခွင့်မပေးတော့တာမျိုးပေါ့

Leo♌️ energy ဆိုတာ ဒီသဘော အကောင်းအဆိုး ရှိတယ်

Aquarius♒️ ဆိုတာကတော့ ကိုယ့်အတွက်
ဆိုတာ မစဥ်းစားတဲ့အပြင် ကိုယ်တိုင်က
ရုပ်လုံးပျောက်နေတတ်တယ်

ရေသည်ဆိုတဲ့ သူ့ရဲ့ သဘာဝ သရုပ်အတိုင်း
တခြားသောသူတွေကို service ပေးဖို့
အကူအညီပေးဖို့သာ ခေါင်းထဲ ရှိကြတယ်

ငါသူများတွေ အတွက် လူသားတွေအကျိုးအတွက်
ငါ ဘာလုပ်ပေးနိုင်မလဲ ကူညီပေးနိုင်မလဲ
တွေးနေတတ်ကြတယ်

မိမိကိုယ်တိုင်ထက် တခြားသူတဖက်သားရဲ့ ပျော်ရွှင်မှုကိုသာ ဦးစားပေးတတ်ကြတယ်

Ruling Planet က Saturn & Rahu
Western အရ ဆို Uranus

သူတို့မှာ ဆန်းသစ် တီထွင် နိုင်စွမ်း တွေ
ကောင်းကြတယ်
ဒီဆန့်သစ်တီထွင်မှုတွေကရော
ဘယ်သူ့အတွက်လဲ ဆို လူလောကကြီး တိုးတက်ပြောင်းလဲဖို့ လောကအကျိုး အတွက် ဖြစ်တယ်

ဒီလို သူများအတွက်ပဲ ကြည့်နေချင်းအားဖြင့်
ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု ကိုယ်ပိုင်ဘဝပါ
ပျောက်ဆုံးလာတတ်ကြတယ်

ဒါဆို Aquarius ဖြစ်တာနဲ့ အများအတွက် အကုန်ကြည့်ပေးပြီး လူကောင်းတွေဖြစ်ရောလားဆိုတော့
မဟုတ်ပါဘူး

Good Aquarius ရှိသလို
Bad Aquarius ရှိပါတယ်

Good Aquarius ဆိုတာကတော့ ကိုယ့်အတွက်
ဘာပြန်ရမလဲ ဘာမှ မျှော်လင့်မနေပဲ အများအကျိုး
သီးသန့်ကိုသာ မျှော်ကိုးပေးပြီး လုပ်ကြသူတွေပါ
ငါသူ့ကို ကူညီပေးလိုက်တယ်
ဒီလို ကူညီပေးလိုက်ခြင်းအားဖြင့်
သူငါ့ကို ဘာတော့ ပြန်ပေးရမယ် ဆိုပြီး
မျှော်လင့်ချက်မပါပဲ ကူညီပေးတတ်သူတွေဖြစ်ကြတယ်

ဥပမာ ညောင်ပင်ကျိုးနေလို့ ညောင်ပင်ကို ထောက်ပေးတာ လမ်းရှင်းပေးလိုက်တာက
လမ်းသွားလမ်းလာတွေ အဆင်ပြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကလွဲပြီး ဘာမှ မရှိတာ

အများအကျိုးကို ရှေးရှုတွေးပြီး လုပ်ကိုင်တာမျိုး

ငါဒီလို ပရဟိတ လုပ်လိုက်လို့ ကုသိုလ်ကောင်းမှုလုပ်လိုက်လို့ ဆိုပြီး လူတွေရဲ့ ချီးကျူးမှု ဂုဏ်ပြုမှု အကျိုးအမြတ်တွေ ကို မျှော်လင့်နေရင်
Bad Aquarius ဖြစ်တယ်

မိဘမဲ့ဂေဟာ /ဘိုးဘွားရိပ်သာ အစရှိသဖြင့်လှူတန် ပရဟိတလုပ်ပေးတယ်
ဒီလိုလုပ်ပေးတာတွေက မိဘမဲ့တွေ ဘိုးဘွားတွေ ရဲ့ အကျိုးအတွက်သာဖြစ်ရမယ်
ခံယူပြီးလုပ်တာဆိုရင် Good Aquarius .

အဲ့လိုမဟုတ်ပဲ ပရဟိတ ဘန်းပြ ကိုယ်နာမည်ယူဖို့
ငါကုသိုလ်ကောင်းမှုတွေလုပ်တာ လူတွေ အထင်ကြီးစေချင်လို့ အသိအမှတ်ပြုစေချင်လို့ ဆိုရင်
Bad Aquarius ဖြစ်ပါတယ်

အများအကျိုးဘန်းပြပြီး ကိိုယ်ကျိုးပိုရအောင်
လုပ်နေတာမျိုးတွေပေါ့

ဒီလို လှူပြ လုပ်ပြလိုက်တာက

လူတွေကငါ့ကို မေတ္တာစေတနာကြီးမားသူကြီး
ဘုရားတရား ဘာသာရေး ကိုင်းရှိုင်းသူကြီးလို့
ထင်စေချင်လို့ လုပ်တာဆိုရင် Bad Aqaurius .

ဘာသာရေးဘန်းပြ ပရဟိတ ဘန်းပြပြီး
လုပ်စားသူတွေဆို Bad Aquarius .

တကယ် လူသားတွေကို အကျိုးရှိစေချင်လို့လုပ်တာ
ဖြစ်ပြီး ကိုယ်နာမည်ကြီးစေချင်လို့ လှူတာ တန်းတာ ပရဟိတ လုပ်တာမျိုး မဟုတ်ဖူးဆိုရင်
Good Aquarius .


Good Aquarius တွေကတော့ အများရဲ့ အသုံးချခြင်းကိုလည်း အလွယ်တကူ
ခံရတတ်တယ်

ဟိုလူက အကူအညီတောင်းလိုက်လည်းကူညီပေးလိုက်

ဒီလူက အကူအညီတောင်းလိုက်လည်း ကူညီပေးလိုက်နဲ့

သူတို့ကိုယ်တိုင်ရဲ့ တိုးတက်မှုနဲ့ ကိုယ်ပိုင်ဘဝပါပျောက်ဆုံးလာတတ်ပြီး ထိခိုက်နစ်နာလာတတ်တယ်

ဒီအခါမှာ Leo Energy ရဲ့ အတ္တမာနတွေ ကို
မျှမျှတတ ဖြည့်ထည့်ဖို့ absorb လုပ်ဖို့ လိုအပ်သွားပါပြီ

ကိုယ်တိုင် Strong ဖြစ်အောင်လုပ်ပြီးမှသာ
တခြားသူတွေကိုလည်း strong ဖြစ်လာအောင်
ကူညီ ပေးရမယ်ဆိုတဲ့သဘောမျိုးပေါ့

Leo တွေ အတွက်ကလည်း ကိုယ်တိုင် strong ဖြစ်နေပြီဆိုရင် ပတ်ဝန်းကျင်
အသိုင်းအဝိုင်းကို ဖိနှိပ် အနိုင်ကျင့်ဖို့မဟုတ်ပဲ

ကိုယ့်လို strong ဖြစ်လာအောင်
Good Aquarius တွေကဲ့သို့ အကူအညီပေးသင့်ကြောင့်

ကိုယ့်အတွက်ပဲ ကိုယ် မကြည့်နေပဲ
တဖက်လူကိုလည်း ကြည့်ပေးသင့်ကြောင်း
absorb လုပ်သင့်ပါတယ်

အမြဲတမ်းအနိုင်ယူ ဗိုလ်ကျ လွှမ်းမိုးခြယ်လှယ်ခြင်း အတ္တမန ကြီးနေခြင်းကလည်း အစွန်း ရောက်Leo
ဖြစ်သွားတတ်သလို

အများအတွက်ပဲ အမြဲ ကြည့်ပေးနေတတ်ခြင်းကလည်း အစွန်းရောက် Aquarius ဖြစ်သွားစေတတ်ပါတယ်

ဘယ်အရာမှတော့ အစွန်းရောက်တာ မကောင်းပါဘူး

ကိုယ့်အတွက် ကိုယ်ကြည့်ဖို့ Leo energy လိုအပ်ပြီး
အများအတွက်ကြည့်ပေးဖို့ Aquarius energy
လို အပ်ပါတယ်

Leo♌️ + Aquarius♒️
အတ္တဟိတ + ပရဟိတ
ကိုယ်ကျိုး + အများအကျိုး
ကိုယ်ချစ် + သူချစ် ဒါတွေ မျှတ မှ သာ

Energy တွေ balance ဖြစ်ပြီး အဆင်ပြေစေမှာပါ

ကိုယ့်တဖက်တည်းကိုသာ ကြည့်နေတတ်တဲ့ Leo တွေ ဟာ အများအတွက်ပဲ ကြည့်နေတတ်တဲ့ Aquarius စီကနေ အများအတွက်ကြည့်တတ်လာအောင် သင်ယူလိုက်ပြီး
အများအတွက်သာ ကြည့်နေတတ်တဲ့ Aquarius တွေကတော့ ကိုယ့်အတွက် ကိုယ်ကြည့်တတ်လာအောင်
Leo တွေစီကနေသင်ယူရမှာဖြစ်တယ်

ဒါဆို လိုအပ်ပျောက်ဆုံးနေတဲ့ သင်တို့ရဲ့
နှလုံးသာ တစ်ခြမ်း ကို
ရှာတွေ့ နိုင်သွားပါလိမ့်မယ်

သိလိုသော အချစ်ရေး ပညာရေး စီးပွားရေး
ကံကြမ္မာ ဇာတာ အကြောင်းတွေသိချင်ပါက
မေးနိုင်ပါတယ်

Astrology & Psychic
https://t.me/MinKoGyeAstro

#minkogyeastro
Media is too big
VIEW IN TELEGRAM
လူတစ်ယောက် ကိုယ်ကျင့်တရားကောင်းလားမကောင်းဘူးလား ဘယ်လို သိနိုင်သလဲ
Media is too big
VIEW IN TELEGRAM
သမထ ကျင့်စဥ် meditation ကို နည်းလမ်း မှန်ကန်စွာ
ကျင့်တတ်ရန်နှင့် ပထမစျာန် အဆင့် ရရှိနိုင်သော အကျိုးတရားများအကြောင်း
You Are My Missing Piece (Part 3)

Soul Mate energy တွေဆိုတာ
ဒီ Signs တွေ တည့်မယ်လို့ဆိုလိုချင်တာမဟုတ်ဖူး

Sign တစ်ခု /energy တစ်ခုရဲ့ လိုအပ်ချက်
အားနည်းနေတဲ့အချက်ကို
နောက် Sign တစ်ခု / energy တစ်ခုက ဖြည့်ဆည်းပေးနိုင်တာကို ပြောတာ

တစ်ယောက် အားနည်းတာကို နောက်တစ်ယောက်က
အပြန်အလှန်မြင်နေကြပြီး အပစ်မြင် အပစ်တင်
နေတတ်သလို

ဒီအားနည်းနေတဲ့ ကွက်လပ်လေးကို မှ အပြန်အလှန်
ဖြည့်ဆည်းပေးချင်တဲ့သူဆိုတာလည်း ရှိကြပါတယ်

တစ်ယောက်လိုအပ်တာကို တစ်ယောက်က
ဖြည့်ဆည်းပေးနိုင်တာ ကို ပြောတာ

လိုချင်နေတာကို ပေးနိုင်တယ် ပြောတာမဟုတ်ဖူး
လိုအပ်နေတာကို ပေးနိုင်တယ်ပြောတာ

ဆိုတော့ ဆန့်ကျင်ဘက် ENERGY ရှိကြတဲ့
Soul Mate Energy ဖြစ်နေကြတဲ့ Zodaic Sign တိုင်း
မကြိုက်နိုင်ကြပါဘူး မတည့်နိုင်ကြပါဘူး

လူအများစုက လိုချင်တာ ပေးမှ သဘောကျတာ
ဆိုပေမယ့်

တချို့ကတော့ လိုအပ်တာပေးတဲ့သူကို
သဘောကျတတ်ကြပါတယ်

ကိုယ်နဲ့မတူ ကိုယ့်ရန်သူ
ကိုယ်နဲ့ဆန့်ကျင်ရင် ရန်ဘက်လို့
မြင်နေတတ်သူတွေဆိုရင်တော့ ဒီ Signs တွေက
ဘယ်လိုမှ မတည့်နိုင်ပါဘူး

Ascendant အပါအဝင် တခြားသော Planets တွေ
၂ခု သို့မဟုတ် ၂ခုထက်ပိုရှိနေတဲ့ Signs တွေဆိုရင်
အဲ့ Sign တွေရဲ့ energy ကို အားကောင်းတယ်လို့
ယူဆရပါမယ်
Sidereal Birth Chart နဲ့ ကြည့်ရပါမယ်

ဥပမာ - Ascendant Aries & Sun Aries /ဆိုAries ၂ခုထပ်နေတဲ့ အတွက် Aries energy အားကောင်းမယ်

Moon Taurus & Mercury Taurus /ဆို
Taurus energy အားကောင်းမယ်

Aries♈️ & Libra ♎️

Taurus ♉️ & Scorpio ♏️

Gemini♊️ & Sagittarius ♐️

Cancer♋️ & Capricorn♑️

Leo♌️ & Aquarius♒️

Virgo♍️ & Pisces♓️

ဒီ Signs တွေ ရဲ့ energy တွေ ဟာ အပြန်အလှန် သဘောအားဖြင့်
တစ်ဖက်မှာ အားနည်းချက်ဖြစ်နေတဲ့ energy ဟာ
တဖက်မှာ အားသာချက်အဖြစ် တည်ရှိနေကြတယ်

လူအများစုကတော့ ကိုယ် လိုချင်နေတာကို
ပေးနိုင်တဲ့သူ သို့မဟုတ် လိုချင်တဲ့ type ကိုသာ
ကြိုက်တတ်ကြတယ်

ကိုယ်လိုအပ်နေတာ ပေးတဲ့ သူ / လိုအပ်ချက်တွေ
ဖြည့်ဆည်းပေးတဲ့သူတိုင်းကိုလည်း
မကြိုက်တတ်ကြပါဘူး

Soul Mate Energy Connection ဆိုတာ
လိုချင်တာပေးမယ့်သူ မဟုတ်ပဲ လိုအပ်တာကို
ပေးမယ့်သူတွေပါ

ချစ်သူ ရည်းစား လင်မယား
မိဘ သားသမီး အကို မောင် ညီ ညီမ ဦးလေး အဒေါ်
ဆရာသမား အသိမိတ်ဆွေ သူငယ်ချင်း အကုန်
ဖြစ်နိုင်တယ်

ဒီနေ့ Part 3 မှာ ပြောမှာကတော့ Cancer ♋️ &
Capricorn ♑️ အကြောင်းပဲဖြစ်ပါတယ်

စိတ်ခံစားချက်တွေ အားလုံးကို အစိုးရတဲ့ Planet
Moon Ruling လုပ်နေ တဲ့ Zodaic Sign Cancer ♋️

အလုပ်တာဝန်ဝတ္တရားတွေနဲ့ စည်းမျဥ်းတွေ
လုပ်သင့်လုပ်ထိုက်တာတွေကိုသာ ဦးစားပေးနေတတ်တဲ့
Planet Saturn Ruling လုပ်နေတဲ့ Capricorn ♑️

Cancer မှာ ခံစားချက်ဟာဘဝ
Capricorn မှာ လုပ်သင့်လုပ်ထိုက်တာသည်သာဘဝ

Cancer ♋️ တွေ အတွက် စိတ်ခံစားချက်
ကောင်းမွန်နေဖို့ကသာ အဓိက ဖြစ်ပြီး
စိတ်ခံစားချက်ကောင်းရင် အရာရာကောင်းတယ်လို့
ယူဆထားကြသူတွေဖြစ်တယ်

စိတ်ကူးယဥ် အတွေးထဲ ကြည်နူးနေရတာကို
လက်တွေ့ မှာ ငတ်ပြတ်နေရင်တောင် ပီတိကိုစား
အားရှိနေတတ်သူတွေ

သူနှစ်ကိုယ်တဲအိုပျက်မှာ နေရ နေရ
စားစရာမရှိလို့ ထမင်းရည်ပဲ သောက်ရသောက်ရ
ဘဝမှာ စိတ်ခံစားချက်သာ ကောင်းမွန် လုံခြုံ နွေးထွေးနေရုံနဲ့တင် ပြီးပြည့်စုံပြီလို့ ထင်ထင်နေတတ်ကြတယ်

ငိုနေတဲ့ အခါ မျက်ရည်သုတ်ပေးတာ နှစ်သိမ့်ပေးတာ
​ကိုသာ လိုချင်ပြီး
ဒီကိစ္စက ငိုစရာ ကိစ္စမဟုတ်ဖူးလို့ လာရှင်းပြမယ့်သူကို
သဘောမကျတတ်ဖူး
အဓိကက ဦးနှောက်သုံးတာမလိုချင်ဘူး
စိတ်ခံစားချက်ကို ကရုစိုက်တာလိုချင်တာ

Cancer♋️ တွေဟာ သူတို့ရဲ့ problems ပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနိုင်အောင်
တော်ပြီးတတ်ပြီး ညဏ်ကောင်းနေတဲ့ သူထက်

Problems ဖြစ်နေချိန် အနားမှာနေပေးပြီး
နှိစ်သိမ့်စကားမျိုးပြောပေးတာ ကရုစိုက်ပေးတာကို
သာလိုချင်တာ

သူတို့ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လို့ဆိုပြီး
သင့်ကို အမှတ်ပေးမှာ မဟုတ်ပါဘူး
ဒါပေမယ့် ဘာမှ မဖြေရှင်းပေးတတ်ပေမယ့်
သူတို့အနား နေပေး ကရုစိုက်ပေးရင် အမှတ်ရပါမယ်

ဆိုလိုတာက ကွာ Cancer တွေက
ဦးနှောက်ရှိတဲ့လူထက် နှလုံးသားရှိတဲ့လူကို
ပိုသဘောကျတယ်

သူတို့ကိုယ်တိုင်လည်း ဦးနှောက်ထက် ခံစားချက်ကို
ဦးစားပေးလေ့ရှိတယ်
အဲ့တာကြောင့်လည်း အလိမ်ခံရတာ ဂျင်းထည့်ခံရတာ
Toxic တွေ နဲ့ မကြာခဏ တွေ့ကြုံရတတ်တာ

တချို့ဆို ဦးနှောက်မသုံးတဲ့ လုပ်ရပ်တွေ ကို
intuition ဆိုပြီး ရောရော ချနေတတ်သေးတယ်

ငါခံစားရတာ အမှန်ပဲ ဆိုတာမျိုး ချစ်တယ်လို့ ခံစားရအောင် လုပ်ပေးလိုက်ရင် အချစ်စစ်

အမြင်ကပ်အောင် မုန်းတယ်လို့ ခံစားရအောင်
လုပ်ပေးလိုက်ရင် ရန်သူ မုန်းသူပဲ

အဲ့လို ဘယ်လို ပုံစံ ခံစားရအောင်ဆိုပြီး
လိမ်လို့ရတယ်ဆိုတာ သူတို့ မသိဘူး
သတိမထားမိတတ်ကြဘူး

ခံစားချက်မကောင်းရင် မကောင်းတာတစ်ခုခု
ဖြစ်တော့မယ်လို့ ထင်နေတတ်ကြသူတွေ

ခံစားချက်နဲ့ လက်တွေ့ဖြစ်ရပ်တွေက တစ်ထပ်တည်း
ကျချင်မှကျမှာ ပါ

ခံစားချက်နဲ့ အသက်ရှင် ခံစားချက်ကဘဝ

လက်တွေ့ အကျိုးရလဒ်ကို မကြည့်ဘူး
ဘယ်လိုလဲဆိုတော့ ဒီစကားတစ်ခွန်းက
Cancer တွေရဲ့ခံစားချက်/
သူတို့ဖြစ်ချင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်
ဒါပေမယ့် သူတို့အတွက် လက်တွေ့မှာ အကျိုးရှိစေမယ့်စကားမျိုး
ဆိုရင်တောင် Cancer♋️ တွေက ဘယ်တော့ မှ
မလိုလားဘူး

သူတို့လုပ်တာ လွဲနေပါစေ သူ့ဘက်မှာ ရှိနေတယ်လို့
ခံစားရစေတဲ့သူကို သာ သဘောကျတာဖြစ်တယ်
လွဲနေတာချည်း ပြင်ပေးမယ့်သူကို သဘောမကျဘူး
ပြင်ပေးမယ်ဆိုလည်း သူတို့ဘက်မှာ ရှိနေတဲ့ သဘောမျိုး ကရုစိုက် ကြင်ကြင်နာနာပြောမှ
ဒါလည်း နားထောင်ချင်မှ နားထောင်မှာ :3

သူတို့ရဲ့ ခံယူချက်က ဒီလို

ငါ့ကို ချောက်ထဲ သေတွင်းထဲ တွန်းပို့နေလည်း
ငါကျေနပ်တဲ့ စကား အမူအရာ လုပ်ပေးနေရင် သဘောကျတယ် ငါက ဦးနှောက်ပါပေမယ့်
ဦးနှောက်မသုံးဘူး ခံစားချက်က အဓိက 😌

ငါ့ကို ချောက်ထဲက သေတွင်းထဲက ကယ်နေတာ
ဖြစ်ရင်ဖြစ်ပါစေ ငါကျေနပ်စေတဲ့ စကားမပြောရင်
မကြိုက်ဖူး အသေပဲ ခံမယ် ဆိုတာမျိုး
ရွဲ့ပြီး ခုန်တောင်ချပြဦးမှာ :3

ဆိုတော့ သူတို့က လက်တွေ့ ရလဒ်ကောင်း ဖြစ်စေတဲ့သူထက် ခံစားချက်ကောင်းစေတဲ့ သူမျိုးကို သာ
ပိုသဘောကျတာမျိုး

ရလဒ်လည်းကောင်းစေမယ် ခံစားချက်ကောင်းအောင်လည်း ပြောမယ်ဆိုရင်တော့ perfect ပေါ့ဗျာ

လုပ်ရပ် ရလဒ်ထက် စကားအပြောအဆိုတွေကလည်း
အရေးပါတယ်

နာနေမှာပဲနော်ဆိုပြီး ဖူးမှုတ်ပေးတဲ့သူမျိုးကို လိုချင်ပြီး
အံမလေး နွေးထွေးကြင်နာတတ်လိုက်တာလို့
ထင်တတ်ကြသူတွေ

လက်တွေ့ဆန်ဆန် အနာကို သေချာ ဖြဲ ရေဆေးပြီး
ဆေးထည့်ပေးတဲ့ သူမျိုးကိုတော့ ပိုနာကျင်အောင်
လုပ်တယ်ဆိုပြီး အမုန်းထားရင် ထားနေတတ်တာမျိုး

ဘာလို့ဆို ဦးနှောက်မသုံးဘူး ခံစားချက်ကိုပဲ ရှေ့တန်းတင်တာ

အဲ့လိုသဘောနဲ့ Cancer♋️ တွေကို ကောင်းပေးနေတတ်တာက Capricorn♑️

ကိုယ်မင်းကို အချိန်မပေးနိုင်
ဖူးဖူးမှုတ်မပေးနေနိုင်တာက အလုပ်တွေ ကြိုးစား
လုပ်နေလို့လေ

ဒဏ်ရာတွေ ဆေးကုဖို့ ကုန်ကျစရိတ်ကို ရှာဖို့
အလုပ်လုပ်ဖို့လိုတယ်လေ လို့ ခံယူထားတတ်ကြတာက
Capricorn ♑️တွေ

ဆုံးဖြတ်ချက်တိုင်းကိုလည်း ခံစားချက်နဲ့ ချမှာမဟုတ်ပဲ
လက်တွေ့ဆန်ဆန် ကောင်းကျိုး ဆိုးကျိုး နဲ့
ဖြစ်သင့်တယ် မဖြစ်သင့်ဘူးသာ ဆုံးဖြတ်မှာဖြစ်တယ်

Capricorn♑️ ရဲ့ ruling planet က Saturn ဆိုတော့
သွေးအေးအေးနဲ့ စိတ်ခံစားချက်ဆိုတာတွေကို နောက်ဆုံးပို့ထားတတ်ပြီး အလုပ်တာဝန် ဝတ္တရာတွေ လုပ်သင့်လုပ်ထိုက်တာတွေကို သာ ဦးစားပေးနေတတ်မှာ

လက်တွေ့ဆန်ဆန် သာ support လုပ်ပေးနေတတ်
ပေမယ့် ကြင်ကြင်နာနာစကားလုံးတွေ နဲ့ နွေးနွေးထွေးထွေး ဖူးဖူးမမှုတ်နေတတ်တော့
မကြင်နာတတ်ဖူး လို့ အထင်အမြင်လွဲတတ်ကြတယ်

ခံစားချက်ထက် အရမ်းလက်တွေ့ဆန် လုပ်သင့်
လုပ်ထိုက်တာကိုသာ ဦးစားပေးနေတော့လည်း
အဆင်မပြေပြန်ဘူး

လိုနေတာက နေမကောင်းတဲ့ အချိန် ချစ်သူလေး
ဘေးနာ ရှိစေချင်တာ ကို Capricorn♑️ က ဆေးကုဖို့
ပိုက်ဆံ သွားရှာနေတတ်တာမျိုး

အချစ်ရဲ့ ခွန်အားက emotional support လည်း
လိုသေးတယ်ဆိုတာ ကို သင်ပေးမှာကတော့ Cancer♋️

Emotional support တစ်ခုတည်းနဲ့ မလုံလောက်ဖူးဆိုတာကို သင်ပေးမှာကတော့ Capricorn

ကိုယ်မင်းဘေးမှာပဲ နေနေပေးမယ် နေမကောင်းဖြစ်လဲ
ဆေးကုဖို့ ပိုက်ဆံ မရှိလဲ ဆေးမကုနဲ့ ဒီတိုင်းသာ
ကိုယ့်မျက်နှာလေးကြည့်ပြီး အသေခံဆို Cancer တွေဟာ အသေခံမယ့်သူတွေ

ဒါကို ပြောင်းတွေးပြီး သြော် သူငါ့အနားမရှိပေးပဲ
အလုပ်ထွက်လုပ်နေတယ်ဆိုတာ ငါ့အတွက်
ဆေးကုပေးဖို့ပါလား ဆိုပြီး ပြောင်းတွေးလိုက်ရင်
Ok တယ်လေ

Capricorn ကလည်း material support အပြင်
emotional support လည်း ပေးဖို့လိုအပ်သေး​ပါလား
နားလည်ပေးလိုက်ရင် Ok ပြီ

ဒီ၂ခုကို မျှတအောင် နားလည်တဲ့ အခါမှာ
Cancer♋️နဲ့ Capricorn♑️ ဟာ Soul Mate 😍

Cancer ♋️ + Capricorn ♑️

Emotional Support + Material Support

Soul Mate တွေတိုင်းဟာ တည့်ချင်မှ တည့်ကြတာ

ဘာလို့ဆို ဆန့်ကျင်ဘက် energy အစွန်း၂ဖက်
ရှိနေကြတာမို့လို့

တစ်ယောက်က လိုအပ်တယ် ကောင်းတယ်ထင်တာကို
တစ်ယောက်က မလိုအပ်ဖူး မကောင်းဖူး ထင်နေမှာ
မို့လို့လေ

တကယ်တမ်းတော့ ၂မျိုး ၂ခု လုံးက
လိုအပ်နေတာချည်းပဲ အစွန်းမရောက်ဖို့က အဓိက

Cancer♋️ နဲ့ Capricorn♑️ ကိုပဲ ကြည့်လေ

Cancer ♋️ က Emotional support လိုချင်တယ်
Capricorn ♑️ က emotion ကို အလေးမထားပဲ Material support နဲ့ လုပ်သင့်လုပ်ထိုက်တာကိုသာ
အလေးထားလုပ်တယ်

အဲ့မှာ လွဲနေပြီ လိုချင်တာက တစ်ခု ပေးတာကတစ်ခု

ဒါပေမယ့် အပေါ်က ဥပမာ လို
ကိုယ်လိုအပ်နေတာကို ဟိုဘက် ဒီဘက် အပြန်အလှန် ကြည့်ပေး ဖြည့်တွေးပေးမယ်ဆိုရင်
အဆင်ပြေသွားပါလိမ့်မယ်

Soul Mates တွေဆိုတာ လိုအပ်တာကိုပဲ ပေးမှာ
လိုချင်တာကို ပေးမှာ မဟုတ်ဖူး

Cancer လိုချင်နေတာက Capricorn မှာ မရှိသလို
Capricorn လိုချင်နေတာကလည်း Cancer မှာ မရှိဘူး

ဒါပေမယ့် Cancer လိုအပ်နေတာက Capricorn မှာ
ရှိပြီး Capricon လိုအပ်နေတာက Cancer စီမှာ
ရှိတယ်လို့ ဆိုလိုချင်တာ

လိုချင်တာ Vs လိုအပ်တာ ခွဲခြားသိဖို့တော့လိုတယ်

ဒီလို တွေးပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန်
learning & absorb လုပ်နိုင်ကြရင်
အဆင်ပြေသွားပါလိမ့်မယ်
ဘယ်လို relationships လူမှု ဆက်ဆံရေး
ကိစ္စတွေမဆို အပြန်အလှန် ရှိဖို့ကတော့ အရေးကြီးတယ်

ဒီလို Energy တွေကို လူတွေလို့ မမြင်ပဲ
သဘောတရားသပ်သပ် Absorb လုပ်နိုင်ရင်လည်း တစ်ယောက်တည်းနဲ့ တင်ကိုယ်လိုအပ်တာ
ကိုယ်တိုင် ပြန်ဖြည့်နိုင်တဲ့သူမျိုးဖြစ်စေတာပေါ့ကွယ် 😇

____

Facebook အခြေအနေ မကောင်းလို့
Telegram channel လည်း suscribe လုပ်ထားပေးကြပါ

Astrology & Psychic
https://t.me/MinKoGyeAstro

နောက်ကျ Tiktok /Youtube video တွေလည်း
လာပါမယ် 😇

ကံကြမ္မာဇာတာ birth chart အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သိချင် မေးချင် တာတွေ ရှိရင်
Package တွေ ဝင်ကြည့်ပြီး မေးနိုင်ပါတယ်

https://www.facebook.com/share/p/wqcJEzj4dmTbnY6G/?mibextid=oFDknk

#minkogyeastro
ဒီလ အလယ် သို့မဟုတ် လကုန်လောက်ထဲ သင်တန်း အပတ်စဥ် (၄) စပါတော့မယ်

သင်တန်း တက်ရောက်လိုသူများကို
ဇာတာစစ်ပြီး လက်ခံ ပေးပါတယ်

တက်ရောက်လိုပါက စာရင်းပေးထား နိုင်ပါတယ်

သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့

Birth chart Special package ထဲ ပါတာတွေ နဲ့ အတူ

လူ၂ယောက် အိမ်ထောင်ရေး အချစ်ရေး အတွက်
ဇာတာယှဥ်ကြည့်တာတွေကို
သင်တန်းသားတွေကိုယ်တိုင် ဟောပြော သုံးသပ် တတ် လာအောင်
လက်တွေ့ ဇာတာ (birth Chart) တွေ နဲ့ တကွ
သုံးသပ်ပြပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်

နာမည်ကျော် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ
များစွာရဲ့ ဇာတာ (Birth Chart)တွေကို လည်း
နမူနာပြ သုံးသပ် သင်​ပြပေးသွားမှာ ဖြစ်ပါတယ်

သင်တန်းချိန် ကတော့ အပတ်စဥ်
စနေ တနင်္ဂနွေ (5pm-7pm )
2hr per section နဲ့ ၂လ သင်မှာဖြစ်ပါတယ်
(ရက်/အချိန် ကို အများ အဆင်ပြေအောင်
ညှိ နှိုင်းလို့တော့ရပါတယ်)

Telegram Video Call နဲ့ ရုပ်ဖျောက်ပြီး
သင်မှာဖြစ်ပါတယ်

(ဘာလို့ရုပ်ဖျောက်ရတာလဲဆိုတော့
အတိတ်ဘဝက ဆုတောင်းမှားလေးတစ်ခုကြောင့်ပါ

မြင်ရသူတိုင်းရူးလောက်အောင်ချောရပါစေလို့
ဆုတောင်းမိခဲ့လို့ပါ 😜)

သင်တန်းသား အသစ်များအတွက်
သင်တန်းကြေးကတာ့ ၄သိန်း၅သောင်းပါ

ပြန်လည် တက်ရောက် နားထောင် ဆွေးနွေးလိုတဲ့သင်တန်းသားအဟောင်းတွေ အတွက်ကတော့

တတ်နိုင် အဆင်ပြေသလောက်/စေတနာ
ညဏ်ပူဇော်ကြေး ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်

သင်တန်းသားတွေ အားလုံးကို Gp ဖွဲ့ပြီး
Astrology နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို
အချိန် မရွေး ဆွေးနွေး မေးမြန်
ပညာတွေ ဖလှယ် နိုင်အောင်လည်း
စီစဥ်ပေးသွားမှာ ဖြစ်ပါတယ် 😇

Astrology & Psychic
https://t.me/MinKoGyeAstro

Package တွေ မေးချင်တာ ရှိရင် 👇

https://www.facebook.com/share/p/sanphhyopgN4g2UC/?mibextid=oFDknk

#minkogyeastro
♋️Cancer တွေ Manipulate လုပ်တာတော်ပြီး Taurus ♉️ တွေ ငွေမက်တဲ့ အကြောင်း
ပြောပြဦးမယ်

ငယ်ငယ်က အကြောင်းလေး ပြန်စဥ်းစားမိလို့

ကိုယ်ငယ်ငယ်က ဆို စာလုံးဝ ကြိုးစားချင်တာ
မဟုတ်ဖူး
(အံမယ် မသိရင်ကြီးလာတော့ကျ ကြိုးစားချင်တာ
ကျလို့ :3)

ကိုယ့်အမေက Cancer ♋️

သူ့ရဲ့သာတော်မောင် Taurus♉️ ကို
ငွေနဲ့ သွေးဆောင် ဖြားယောင်းရမှန်း ဘယ်လို သိလဲ
မသိဘူး 🤣

လပတ်စာမေးပွဲ ဖြစ်စေ အတန်းတင် စာမေးပွဲကြီးဖြစ်စေ
အဆင့် ၁ /၂ /၃ ပထမ /ဒုတိယ/တတိယ ဆုတွေရရင်

အဲ့ ရတဲ့ အဆင့်အတိုင်း သူက မုန့်ဖို့ ပိုက်ဆံ ပမာဏ
ဘယ်လောက် ဘယ်လောက် ဆုချမယ် ဆိုပြီး
သတ်မှတ်ပေးထားတာ

(Saturn House 11 ​ရယ် Moon အပေါ်မှာ
လွှမ်းမိုးထားတာကြောင့်လည်းပါမယ် )
အရမ်းလည်း Strict ဖြစ်တယ်

ကိုယ်က လည်း ငယ်ငယ်ကတည်းက ဆုတွေ လိုချင်တာမဟုတ်ဖူး

ဒီကော်ဒိုင်းတွေ တံဆိပ်တွေက ရောင်းစားလို့ ရလား
ရောင်းစားရင် ဘယ်လောက်ရလဲ ပြန်မေးတာမျိုး 🤣

"ဘယ်လောက်မှလည်း မရ တဲ့ ဆုတံဆိပ်တွေ ရအောင်
ဘာလုပ်ဖို့ ကြိုးစားနေမှာလဲ ပေါ့ "
အဲ့လိုတွေးတာ 😅

နောက်ပိုင်းကျ ကိုယ်က ပထမ ဒုတိယ တတိယ ရရင်
ရလာမယ့် ဆုတံဆိပ်ထက် အမေ ပေးမယ့် မုန့်ဖိုး ဆုငွေ
ကိုသာ ပိုလိုချင်လို့ ကြိုးစားတာ

၄တန်းထိ နှစ်တိုင်း ဆု တွေအမြဲ ရတယ်
ကျောင်းတွင်း ထူးချွန်တွေ မြို့နယ် ထူးချွန်တွေပါ
ဖြေရတဲ့ အထိပါ အောင်မြင်ခဲ့တယ်ပေါ့

WinWin ပဲ ကိုယ့်အမေကလည်း သူ့သားကို
စာကြိုးစားစေချင်တဲ့ ဆန္ဒလည်း အောင်မြင်တယ်

ကိုယ်လည်း ဆုရတော့ မုန့်ဖိုးတွေ အများကြီးရတော့
ကျေနပ် ပီတိတွေဖြစ် 😁

မူလတန်းကျော်လာတာနဲ့ adolescent အရွယ်
ရောက်လာတာနဲ့ ဘယ်သူ့စကားမှ နားမထောင်ချင်
ဆန့်ကျင် အာခံ လုပ်ချင်တာလုပ်မယ်ဆိုတဲ့
ဇ က ပြ လာပြီး Top 3 မပြောနဲ့ Top 10 ဆိုတာ
ဝေလားဝေး🤣

နောက်ဆုံး 10 တန်ရောက်မှ ဆုပြန်ရတော့တယ်
10တန်းကတော့ ချီးမြှင့်ငွေ ကြေးကြီးတယ်လေ
အဲ့တော့ ကိုယ်က စိတ်ဝင်စားတယ်

တစ်ဘာသာ ဂုဏ်ထူးထွက်ရင်တောင် ဘယ်လောက်
ဆိုပြီး ကြေးကြီးတာကိုး

အမျိုးတွေ အဒေါ် ဦးလေးတွေကအစ ဆရာဆရာမတွေကရော ကျောင်းကရော ဆိုတော့ ရမယ့် ဆုတွေက အများကြီးလေ

ခုထိ ကိုယ့်ကို သင်္ချာမှာ အမှတ် ၁၀၀ရရင် ဘယ်လောက်
အမှတ် ၉၉ ဆို ဘယ်လောက် ၉၈ဆို ဘယ်လောက် ၉၇ဆိုဘယ်လောက် ​ဆုချမယ်လို့ မျှော်လင့်ချင်ပေး

အမှတ်အတိအကျတွေ​နဲ့ ပြောခဲ့ပြီး ဘာဆုမှ ဆုမချခဲ့တဲ့ ဆရာမတောင် ခုထိ မှတ်မိနေသေးတယ် 🤣

ဆုချခဲ့တဲ့ ဆရာမတွေလည်း မှတ်မိတယ် 😇

ပြောချင်တာကတော့ Cancer♋️ တွေ
Manipulate လုပ်တာ တော်ပြီး
Taurus ♉️ တွေက ငွေမက်တယ်လို့

မိတ်ဆွေတို့ ကလေးတွေ လည်း စာမကြိုးစားရင်
ဒီနည်းလမ်းလေး သုံးကြည့်ကြလို့ 😇

Telegram Channel လည်း
Subscribe လုပ်ထားပေးကြပါ

Astrology & Psychic
https://t.me/MinKoGyeAstro

မေးချင်သိချင်တာရှိရင်
Link မှာ package တွေကြည့်ပြီး မေးနိုင်ပါတယ်👇

https://www.facebook.com/share/p/8b9hKKhrhVDyiHqk/?mibextid=oFDknk


#minkogyeastro
ချိန်ခွင်တွေကို တစ်ဖက်စောင်းနေတယ်လို့
ဘလိန်းမယ့် အစား ဒီလို ပြောင်းတွေး

ဘာမှ မပါတာထက်စာ ရင် ပါတာကပိုမကောင်းဘူးလား
၁၀သားပါပါ ၂၀သားပါပါ 😌

ကိုယ့်ဘက်ကိုယ် 100% ရပ် နေ တဲ့
Signs တွေ ထက်တော့ ချိန်ခွင်က သာပါတယ်

လစ်ဗျာတွေကို ချစ်ကြည့်လို့ 100% တော့ မနစ်နာဘူး
အာမခံတယ် 😌😎

တစ်ဖက်စောင်းနေတာ နေတာက
70 & 30 or 60 & 40 or 80&20 ဖြစ်မယ်

ဘယ်လိုစောင်းစောင်း 100% တော့မစောင်းပဲ
ကျန်တဲ့ ဟိုဘက် တဖက် သူမဟုတ်တဲ့ တဖက်ခြမ်းကို
% အနည်းအများတော့ ပါဝင်ပေးနေတာပါပဲ

Libra♎️ တွေ ရဲ့ အတွင်း နှလုံးသား စိတ်ရင်းမှန်ကို
မြင်အောင်ကြည့်ပါ 😌

Telegram Channel လည်း
Subscribe လုပ်ထားပေးကြပါ

Astrology & Psychic
https://t.me/MinKoGyeAstro

မေးချင်သိချင်တာရှိရင်
Link မှာ package တွေကြည့်ပြီး မေးနိုင်ပါတယ်👇

https://www.facebook.com/share/p/8b9hKKhrhVDyiHqk/?mibextid=oFDknk

#minkogyeastro
" ♎️Libra ♒️Aqua တွေကျတော့ရော
ဘာနဲ့ဆွဲဆောင်လို့အဆင်ပြေနိုင်မလဲရှင့်🙇🏻‍♀️ " ဆိုပြီး
မေးထားလို့

♒️Aqua ဆို ဖြစ်စေချင်တာရဲ့ ဆန့်ကျင်ဘက်ပြောပါ

♎️Libra ဆို သူကြိုက်တာ တစ်ဝက် ပေးလုပ် ပြီး
ကိုယ်ကြိုက်တာ တစ်ဝက် ပြန်လုပ်စေဖို့ ပြောလိုက်ပါ

#minkogyeastro
သင့်ရဲ့ Sidereal Birth Chartမှာ
Fixed Signs energy တွေ များမယ်ဆိုရင်

သင်ဟာ သစ္စာတရား ကြီးမားသူဖြစ်လိမ့်မယ်

♉️Taurus , LEO♌️ , Scorpio ♏️ , Aquarius ♒️
တွေဟာ Fixed Signs တွေပေါ့

Ascendant နဲ့ Moon Sign က ရာနှုန်းတော်တော်များများ နေရာယူပါလိမ့်မယ်

ဥပမာ - Ascendant Taurus & Moon Taurus ,
Ascendant Leo & Moon Taurus /
Ascendant Scorpio & Moon Leo /
Ascendant Aquarius & Moon Leo/

Fixed Signs ဆိုတဲ့ အတိုင်း အတွေးအခေါ်
အယူအဆ ယုံကြည်မှု ပေးပြီးရင် တော်ရုံ တန်ရုံ
မပြောင်းလဲတတ်ကြလို့ပါ

ခေါင်းမာလွန်းတယ်ဆိုတာကလည်း ဒီကနေပဲ ဆင်းသက်လာတာပေါ့

ပိုမိုတိကျသေချာတဲ့ ရလဒ်အတွက်
Sidereal Birth Chart တစ်ခုလုံး
သေချာ သုံးသပ်ဖို့တော့ လိုပါသေးတယ်

#minkogyeastro
You Are My Missing Piece (Part 4)

Gemini♊️ & Sagittarius♐️

လုံးဝ ဆန့်ကျင်ဘက် တစ်ယောက်က 6 ဆို
နောက်တစ်ယောက်က 9 :3

Gemini♊️ တွေဟာ
ဘဝမှာ ပေါ့ပေါ့ပါးပါးနဲ့ ဘာဝန်ထုတ်ဝန်ပိုးတွေမှ
ခေါင်းထဲ ထည့်လေ့ မရှိပဲ
လွတ်လွတ် လပ်လပ်နေတတ်ကြသူတွေ

လေးလံနေတာတွေကို ခေါင်းထဲကိုမထည့်ပဲ
အသစ်အသစ်သော စိတ်လှုပ်ရှားစရာတွေကို အဆက်မပြတ် ရှာဖွေ နေချင်ကြသူတွေ
ဖြစ်တယ်
move on တယ်ဆိုတာက လည်း
အသက်ရှူသွင်း ရှူထုတ်နေသလိုပါပဲ

တစ်နေရာကနေ တစ်နေရာ နောက်တစ်နေရာ
ရွေးလျားနေတယ်
ကလေးတစ်ယောက်လိုပဲ အရာရာကို
ပေါ့ပေါ့ပါးပါးပဲ သဘောထားကာ
ဘဝကြီးက ပျော်စရာကောင်းတဲ့
ကစားပွဲလေး တစ်ခုလို သဘောထားလေ့
ရှိကြတယ်

Gemini Energy ဟာ ထာဝရ နုပျိုနေတဲ့ energy လို့လည်း ပြောကြတယ်

မကောင်းတဲ့ ဘက်က ပြောပေးရရင်တော့
ဘယ်တော့မှ မရင့်ကျက်ဖူးပေါ့ :3

အကြောင်းအရာ တစ်ခု ကိစ္စတစ်ခုတည်းမှာ
အာရုံစိုက် focus ထားလေ့ မရှိသလို
အကြောင်းအရာပေါင်းများစွာကိုဖြန့်ကျက်ထားလေ့
ရှိတယ်

ငါးမျှားတန်နဲ့လည်း ငါးမျှားလေ့မရှိဘူး
ပိုက်ကွန် ကို နေရာအနှံ့ဖြန့်ကျဲ ပစ်ပြီး
မျှားလေ့ရှိတယ် ဒါမှ ငါးများများမိမှာပေါ့ ဆိုတာမျိုး

မျက်လုံး ၁၀လုံး နား ၁၀ခု ပါနေသည့်အလား
အမြင် အကြား အာရုံတွေကို နေရာ အနှံ့ဖြန့်ကျဲထားလိုက်ပြီး frequencies ပေါင်စုံနဲ့
ရေဒီယို လိုင်းပေါင်းစုံ ကို တပြိုင်တည်း ဖမ်းယူ နားဆင်လိုက်သကဲ့သို့ သော သူတွေဖြစ်ကြတယ်

စာပေ အလှအပ အနုပညာ အားကစား
ယဥ်ကျေးမှု ရိုးရာ ဓလေ့ စရိုက်
ဘာသာရေး အယူအဆ တွေ နည်းပညာ
မှော်ပညာ ဝိဇ္ဇာပညာ သိပ္ပံပညာ နက္ခတ်ပညာ
အာကာသ နဲ့ စကြာဝဠာ crypto
တွင်းထွက် နဲ့ သဘာဝ ဓတ်ငွေ့ ရတနာ စီးပွားရေးမျိုးစုံ အကြောင်းအရာ တွေ အစုံ အာရုံ တွေကို
ဖြန့်ကျက်ထားလေ့ရှိတယ်

လူပွဲလည်း ပါသလို ခွေးပွဲ ​မျောက်ပွဲ ဇာတ်ပွဲ
နတ်ပွဲ လည်း မကျန် သိတယ် ပါတယ်

မပါ/မသိရင် Gemini မဟုတ်

ဒီလို အကြောင်းအရာ သတင်းအချက်အလက် အစုံအလင်တွေစီကို
အာရုံတွေက ဖြန့်ကျက် စီးမျော ထားမှကို
သူတို့မှာ နေသာ ထိုင်သာ ရှိတာ

အလုပ်တစ်ခု အကြောင်းအရာ တစ်ခုတည်းကို
အကြာကြီး အာရုံစိုက်နေနိုင်တယ်ဆိုတာက
သူတို့ အတွက်တော့ ဂြိုလ်သားစကား
အခက်အခဲဆုံး အလုပ်တစ်ခု

အဲ့လို အာရုံ တစ်ခုတည်း မပြောင်းလဲပဲ
focusထား နေလို့ ရလို့လား 🤔🤔
ဆိုတာမျိုး

မြင့်မိုရ်တောင် ထိပ်ကို ရအောင် တက်ဆို
တက်ပါ့မယ် အာရုံတစ်ခုတည်းကို တော့ ကြာရှည် focus မထားပါရစေနဲ့လို့ပြောလိမ့်မယ်

ဘာလို့ဆို အာရုံတွေ အဲ့လို targets များမနေရင်ကို
သူတို့က ကြိုးတုတ်ခံထားရသလို
အသက်ရှု ကြပ်နေသလို လို ခံစားနေရတာမျိုး

သူတို့နဲ့ တိုက်ရိုက် ဒဲ့ ကို ဆန့်ကျင်ဘက်မှာ ရှိနေတာကတော့ Sagi ♐️ တွေ

Sagittatius ♐️ တွေဟာ အတွေးအခေါ် အမျှော်အမြင်အယူအဆတွေ ကောင်းပြီး
ရင့်ကျက်တဲ့ သဘောရှိမယ်
တည်တည်ငြိမ်ငြမ်နဲ့ တစ်ခုဆို တစ်ခုကို အဓိက ထား အာရုံ စိုက် Focus ထား လုပ်တတ်ကြသူတွေ ဖြစ်မယ်

စွန့်စားတယ် risk ယူတယ် ဒါပေမယ့်
အာရုံက တစ်ခုဆို တစ်ခုကို အဆုံးထိ focus ထားတယ်

အာရုံတွေအများကြီး ဖြန့်ပြီး အကြောင်းအရာ ကိစ္စတိုင်းကို လျှောက်လုပ်နေတာမျိုး မဟုတ်ပဲ
တစ်ခုဆို တစ်ခု ဆိုသလောက်
ထိရောက်အောင်မြင် သေချာပေါက်ရောက်အောင်
အာရုံ စိုက်လုပ်ကြသူတွေ ဖြစ်တယ်

ဥပမာ -

Gemini♊️ နဲ့ Sagittarius♐️ ၂ယောက်ကို
ရေတွင်းပြိုင်တူးကြလို့ ခိုင်းလိုက်ရင်

Gemini♊️ တူးနိုင်တဲ့ တွင်းအရေအတွက်က Sagittarius♐️ ထက် အဆပေါင်းများစွာများလိမ့်မယ်
ဒါပေမယ့် အဲ့တွင်းတွေရဲ့ အနက်က တော့ ၁ပေလောက်
ရှိရင်ကံကောင်း

Sagittarius ♐️ တွေ တူးတဲ့ တွင်းကတော့ ၁တွင်းပဲ
ဒါပေမယ့် အနက် မိုင်းပေါင် ကုဋေထိ
တူးနိုင်သလောက်အဆုံးထိ
ကမ္ဘာမြေအနက်ရှိုင်းဆုံးနေရာထိ နက်အောင်တူးနိုင်တယ်

ပညာရပ်ကိစ္စဆိုလည်း Gemini♊️က
certificate ပေါင်း အခု ၁၀၀ လောက်ကို ဘာသာရပ်
မတူပဲ ကျွမ်းကျင်ရာမတူပဲ ရယူနိုင်တယ်

Sagittarius ♐️ တွေကတော့
ပညာရပ်တစ်ခုတည်းပဲ တတ်မယ်
ဒါပေမယ့် အဲ့ ပညာရပ်ရဲ့ MSc ,PhD (Doctorate)
အစရှိသဖြင့်နောက်ဆုံး ရယူနိုင်တဲ့
အဆင်မြင့်ဆုံးအခြေအနေထိ
တက်လှမ်းကြသူတွေ ဖြစ်တယ်

ပညာရပ် တစ်ခုရဲ့ အနက်နဲဆုံး အဆုံးထိ အမြစ်ထိ
တူးဖော်ရှာဖွေ လေ့လာတတ်ကြသူတွေဖြစ်တယ်

တကယ်တော့ Sagi တွေ ဟာ တော်တော်လေးကို serious ဖြစ်တဲ့ အထဲ ပါတယ်
ပေါ့ပြတ်ပြတ်ဖြစ်သယောင်ယောင် ထင်ရပေမယ့်
သူတို့က အရမ်း အလေးအနက်ထားတယ်

Sagittarius♐️ energy တွေ အလွန်အကျွံဖြစ်သွားရင်လည်း အယူသီးသွားတတ်တယ်
ဘာသာရေး အတွေးအခေါ်အယူအဆတွေ နဲ့ ပတ်သက်ရင် သူယုံကြည်ရာ ကိုပဲ ခေါင်းမာစွာ တစ်ယူသန် စွဲကိုင် ထားတတ်တယ်

ကိုယ်ယုံကြည်တာပဲ အမှန် တခြားသူတွေက
တလွဲတွေဆိုတဲ့ အတွေးတွေ ဖြစ်လာတတ်တယ်

အပေါ်မှာ ပြောထားသလို သူတို့ဟာ
ပညာရပ်ပိုင်းဆိုင်ရာတွေမှာ
အဆင့်မြင့် ဘွဲတွေ degrees တွေ ပါရဂူဘွဲ့တွေ ထိ
ရယူနိုင်လာပြီးတဲ့ နောက်မှာ တော့
ပညာမာန် တက်လာတတ်တယ် ကိုယ့်ကိုကိုယ်အရမ်း ဂုဏ်ယူလာတတ်တယ် ဘဝင်လေဟပ်လာတတ်တယ်
Min KoGye Astro page မှာတုန်းက ရေးဖူးသလိုပေါ့ Sagi တွေ ဖျင်ယားတယ်ဆိုတာ
မွေးရာပါ ဖျင်ယားနေရာကနေ ပိုပိုယားလာတာပေါ့
ကွတကွတနဲ့ လမ်းလျှောက်ရင်လည်း
ကားယားကားယား :3

တလောကလုံးမှာ ငါဆရာကြီးပဲ ဝူးထွားဟားဟား ဆိုပြီးမာန်တွေ တက်လို့ မိုးထိ ဖြစ်လာတတ်တယ်

အဲ့လို မာန်မာနတွေ နဲ့ အယူသီးမှုတွေ ဖြစ်လာရင်တော့ Sagittarius♐️ energy အစွန်းရောက်သွားတာပေါ့

Sagi တွေ ပေါက်ကွဲလာရင် လည်း ကိုယ်ဖန်တီး တည်ဆောက်ထားတဲ့ အရာတွေကို ကိုယ်တိုင်ပြန်လည် ဖျက်ဆီး ပစ်တတ်တဲ့သဘောလည်း ရှိတယ်

အဲ့ အခါကျ ပေါ့ပေါ့ပါးပါး နဲ့ serious မဖြစ်ပဲ
ပျော်ရွှင်စွာနေထိုင် ကျင့်သုံးတတ်တဲ့
Gemini♊️ energy ကို absorb လုပ်ပြီး
energy balance လုပ်ဖို့ လိုပါပြီ

Gemini♊️ + Sagi ♐️ဆိုတာက
Relaxed type နဲ့ Serious type ကို ပေါင်းထားတာ
ဖြစ်တယ်

Gemimi♊️ က Serious ဖြစ်ဖို့ တစ်ဖက်
Sagi ♐️ စီက energy ကို လေ့လာသင်ယူဖို့လိုအပ်နေပြီး

Sagittatius♐️ ကတော့ relax ဖြစ်ဖို့
Gemini♊️energy ကို လိုအပ်လျက်ရှိတယ်

Serious ဖြစ်သင့်တဲ့ နေရာ ဖြစ်ပြီး Relax ဖြစ်သင့်တဲ့ နေရာဖြစ်တော့မှသာ မျှတတယ်ဆိုတဲ့ အခြေအနေကို ရရှိမှာ ဖြစ်တယ်

တဖက်တည်းအစွန်းရောက်သွားရင်တော့ ဘယ်အရာမှ
မကောင်းဘူး

ဒါကြောင့်ပဲ တစ်ယောက် ရဲ့ ပျောက်ဆုံးနေသော/
လိုအပ်နေသော Energy တစ်ခြမ်း ဟာ
တစ်ယောက်စီမှာ ရှိတယ်လို့ ပြောတာပေါ့

#minkogyeastro
Libra♎️ နဲ့ Virgo♍️ က ဒီလို ကွာတယ်

Libra♎️ ဆိုတာက
အပြစ်မမြင်ပါဘူး...
ချစ်ခြင်တာပဲ သိတယ် နောက်
ဖြစ်သမျှ ဟာ အကောင်းပဲပေါ့ ...ဆိုတာမျိုး
(သူတို့ရဲ့ extreme limit မကျော်ခင်ထိပေါ့)

အရာအားလုံးကို ရှုထောင့်ပေါင်းစုံကနေ ကြည့်ပေး
မြင်ပေးတတ်ပြီး
ဟိုဘက််ကကြည့်လည်း ဟိုဘက်မှန်နေတာပဲ
ဒီဘက်ကကြည့်လည်း ဒီဘက်မှန်နေတာပဲလို့
တွေးပေးတတ်တဲ့သူတွေ

Virgo♍️ တွေကတော့
အချစ်ဟာ ခါးခါးခါးလွန်းတယ်ဟေ့ ဆိုသူတွေ
(တွက်ချက်နေသလောက် ဘယ်တော့မှ
စိတ်တိုင်းမကျ :3)

အရာအားလုံးဟာ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့်
အပြစ်အနာအဆာနဲ့ အားနည်းချက်တွေချည်းပါပဲလို့
တွေးပေးတတ်သူ မြင်ပေးတတ်သူတွေ

ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး
သူ့ဘက်က ကြည့်တော့ လက်ဖမိုး ဆိုတာ
Virgo♍️တွေ အတွက်ကျ ဒီလို 👇

ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါးမှာ
အားနည်းချက်ရှိနေပြီး
သူ့ဘက်ကကြည့်ရင်တော့ လက်ဖမိုးမှာ
အားနည်းချက်ရှိနေပြန်တယ် :3

တချို့ Libra♎️ တွေ ဟာ ခုပြောတဲ့ Virgo traits
တွေ ရှိနေလိမ့်မယ်

တချို့ Scorpio♏️ တွေကတော့
ခုပြောတဲ့ Libra traits တွေ ရှိနေပါလိမ့်မယ်

#minkogyeastro
ကောင်းခြင်းတွေကို အချိန်ပြည့်
တွေးပေးနေခြင်း လုပ်နေခြင်း နှင့်အတူ
ကောင်းသောအရာတွေ အနားမှာ သာ နေခြင်းအားဖြင့် positive energy တွေကို ဖိတ်ခေါ်လိုက်ပြီး
negative energy တွေကို အဝင်လည်းမခံသလို
ရှိနေရင်လည်း ဖျက်ဆီးလိုက်ပါ 😇

#minkogyeastro
ဂြိုလ်ဆိုး တွေ ထဲ က
ဒုတိယမြောက် အရက်စက်ဆုံး စနေဂြိုလ် Saturn 🪐

အဖျက်စွမ်းအား ဒုတိယအဆင့်မှာ ရှိတယ်ပေါ့ဗျာ

ပထမအဆင့် အဖျက်စွမ်းအားအမြင့်ဆုံးနဲ့
အရက်စက်ဆုံးကတော့ အင်္ဂါ ဂြိုလ်MARS ဖြစ်တယ်

စနေ Saturn ဟာ တနင်္ဂနွေ (Sun) ရဲ့သား တော်
ဖြစ်ပြီး ကမ္ဘာ့ရန်ဘက်​တွေဖြစ်တယ်

ဂြိုလ်ဆိုးလို့ ခေါ်တာက
ဆိုးကျိုးတွေ ပေးမယ်ဆိုတဲ့သဘောနဲ့
ခေါ်တာမဟုတ်ဖူး

ကြမ်းတမ်းတဲ့ သဘောဝရှိလို့
သူ့ရဲ့ ပင်ကိုယ်သဘာဝက ကြမ်းတမ်းလို့

ဂြိုလ်ဆိုး ပဲ ဖြစ်ဖြစ် ဂြိုလ်ကောင်းပဲ ဖြစ်ဖြစ်
သူရပ်တည်ပိုင်ဆိုင်ရာ House တွေပေါ်မူတည်ပြီး
ကောင်းကျိုး ဆိုးကျိုး ပေးနိုင်ကြတယ်

ဂြိုလ်ဆိုးမို့ ဆိုးကျိုးပေးမယ်
ဂြိုလ်ကောင်းမို့ကောင်းကျိုးပေးမယ်ဆိုပြီး မဟုတ်ဖူး

ပင်ကိုယ်သဘာဝ တရားအရသာ ကွာခြားတာဖြစ်တယ်

ဥပမာ -

ကတ္တီပါလမ်းဆို ချောမွေ့ပြီး
ဂြိုလ်ကောင်းတွေ လျှောက်ရတဲ့ လမ်းပေါ့

ခယောင်းလမ်းဆို ကြမ်းတမ်းတယ် ဆိုတဲ့ သဘောမျိုးပဲ
ဂြိုလ်ဆိုးတွေ လျှောက်ရတဲ့ လမ်းပေါ့

သောကြာဂြိုလ်Venus ရဲ့ သဘာဝဆို
ပန်းမွေ့ယာ ရွှေကော်ဇောနဲ့ ကတ္တိပါလမ်း လေးပေါ့ဗျာ
ဒါက မြင်သာအောင် ဥပမာ ပြတာ
သောကြာဂြိုလ် Venus ဖြစ်တိုင်းလည်း
ကောင်းကျိုးချည်းပေးတာ မဟုတ်
ဆိုးကျိုးလည်းပေးနိုင်တယ်

ဒါတွေက နည်းနည်း ကြုံတုန်း အမြည်း ပြောပြပေးတာ

Saturn စနေ ဂြိုလ် အကြောင်းကို ဆက်သွားရရင်
သူရဲ့ လမ်းကြောင်းတွေကတော့
မဖြောင့်ဖြူးဘူး ခက်ခဲ မယ် ကြမ်းတမ်းမယ်
နှောင့်နှေးမှု ကျန့်ကြာမှုတွေ များမယ်

စိတ်ရှည်သည်းခံမှု နဲ့ ကျော်ဖြတ် ဖို့လိုတယ်ဆိုတာကို
ဘဝ သင်ခန်းစာတွေ နဲ့ ရင့်ကျက်မှုတွေ
ပေးလိမ့်မယ်

Saturn ရဲ့သဘာကို ဆန့်ကျင် ကျော်လွန်
ဖောက်ဖျက်ရင်တော့ အတွေ့အကြုံ မရင့်ကျက်မချင်းဒုက္ခတွေကြုံတွေ့ရစေလိမ့်မယ်

စာပေထဲပါတဲ့ ဇာတ်လမ်းတစ်ခုမှာ
အသုရာ နဲ့ နတ် တို့ ကြား စစ်ပွဲတွေ
ကြီးမာစွာ ဖြစ်ပွား လျက်ရှိတယ်

နတ်တို့ စစ်ရှုံးကာ ထိခိုက်မှု များကြသဖြင့်
ဗိဿနိုး သခင်ထံ
လျှောက်ထား အကူအညီ တောင်းကြလေတယ်

ထိုအခါ ဗိဿနိုး သခင်သည် အမြိတ္တ
မသေဆေး ဖော်ရန်အကြံပေး၏

အမြိတ္တမသေ ဆေးရည် ဖော်စပ်ရန်
မန္ဒာရတောင်အား ဒလက်သဖွယ် ပြု၍
မဟာ သမုဒ္ဒရာရေအား မွှေ့ကာ နို့နှစ်ကျသည်အထိ ပြုလုပ်ရမည်ဖြစ်သည်

သို့သော် အလွန်ခက်ခဲ သော အလုပ်ကြီးဖြစ်၍
အားအင် များစွာလည်းလိုအပ်ပေသည်

ထို့ကြောင့် အသုရာ တို့ နှင့် စစ်ပြေငြိမ်းကာ
အမြိတ္တမသေဆေးရေး အတူ ဖော်စပ်ကြရန်
အကြံပေးလေသည်

ထိုအကြံအတိုင်း အသုရာတို့လည်းသဘောတူလေသည်

ဦးစွာအနေနဲ့ ဆေးဖော်စပ်ရန် မန္ဒာရတောင်အား
သမုဒ္ဒရာ သို့ ဝိုင်းဝန်းသယ်ဆောင်လာခဲ့ကြလေရာ လေးလံလွန်းသဖြင့် ပြုတ်ကျကာ များစွာသော
အသုရာ နဲ့ နတ်တိုးအား ပိကုန်ကြ၏

ထိုအခါမှ ဗိဿနိုးအရှင်ကိုယ်တိုင် မန္ဒရ တောင်ကြီးအား သမုဒ္ဒရာစီသို့ သယ်ဆောင်ပေးသွား၏

နဂါးမင်းမှ လည်း မန္ဒာရ တောင်ကြီးအား ပတ်ခွေထားပေးလျက် ယင်း၏ အမြီးနဲ့ ခေါင်းမှ ဆွဲ၍ လှည့်ကြနိုင်ရန်ကူညီပေး၏

အမြီးဘက်မှ နေ၍ ဆွဲလှည့်ရသော်
ဂုဏ်သက္ခာမရှိဟူ၍ အသုရာ တို့ ယူဆသောကြောင့်
နဂါး ခေါင်းဘက်မှ နေ၍ ဆွဲကြ၏

နတ်တို့က အမြှီးဘက်မှ နေ၍ ဆွဲကြ၏

ထိုသို့ မဟာ သမုဒ္ဒရာ ကြီးအား
မန္ဒာရတောင်ကြီးဖြင့် ဒလက်သဖွယ်ပြုကာ
လှည့်မွှေနေစဥ် လေးလံလွန်းသဖြင့် သမုဒ္ဒရာအတွင်းသို့ ကျွံဆင်းသွား ၏

ထိုအခါ ဗိဿနိုးအရှင်ကိုယ်တိုင် လွန်စွာကြီးမားသော ကမ္ဘာလိပ်ကြီး အသွင်ဖန်ဆင်းကာ တောင်ကြီး၏ အောက်မှ ကျောပိုးကာထမ်းပိုးထားပေးလိုက်၏
နတ်နှင့် အသုရာ တို့ အလုပ်ရှုပ်နေကြ၍
ဤ ကိစ္စကို သတိမထားလိုက်မိကြပေ

ဆေးမွှေခြင်းအား စိတ်အားထက်သန်စွာ
ပြုလုပ်နေကြခိုက် နဂါးမင်းအား ဆွဲလိုက်ကြချိန်တွင်
နဂါးမင်း၏ ပါးစပ်ဝမှ မိီးတောက်နှင့်
နဂါးဆိပ်ငွေ့များ အမှတ်မထင်
ထုတ်လွှတ်မိသဖြင့် ခေါင်းဘက်မှနေ၍ ဆွဲသော
အသုရာ များစွာတို့ ထိခိုက်ပျက်စီးကြရ၏

ဇာတ်လမ်းက ဆက်ရေးရင် ရှည်နေမှာစိုးလို့
လိုရင်းပဲ ရေးလိုက်တာ

ဒီ ဇာတ်လမ်းမှာ ဗိဿနိုးအရှင် ဖန်ဆင်းတဲ့ကမ္ဘာလိပ်ကြီး အသွင်ဟာ
စနေဂြိုလ် Saturn ရဲ့သဘောတရားပဲဖြစ်တယ်

လွန်စွာခက်ခဲသော အလုပ်ကို အောင်မြင်အောင်
ကြံ့ကြံ့ခံ မလျော့သော ဇွဲ လုံ့လ နဲ့
လုပ်နိုင်စွမ်းကို Saturn စနေဂြိုလ်ကပေး၏

မည်သူမျှမလုပ်ချင်သောအလုပ် /
အောက်ခြေအလုပ်တွေကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိ၏

ပင်ပန်းဆင်းရဲ ကြမ်းတမ်းမှုတွေကိုလည်း
ကြံ့ကြံ့ ခံနိုင်၏

လွန်စွာ အဓိက ကျသော်လည်းမည်သူမျှသတိမထားမိ ပျောက်ကွယ်နေသော
မမြင်သာသော အခန်းကဏ္ဍ ကနေ ဆောက်ရွက်နေတတ်သော မန္ဒာရတောင်အောင် ကျေားဖြင့်
ထမ်းပိုးပေးထားသော ကမ္ဘာလိပ်ကြီး ပမာ ဖြစ်၏

အောက်ခြေ အလုပ်သမား နဲ့ ပြည်သူတွေကိုလည်း ကိုယ်စားပြု၏

အမြိတ္တနတ်ဆေးရည် ဖော်ဆောင်မှုတွင်
အသုရာ တို့သည်
သဘောထားသေးသိမ်ကာ အောက်ခြေလွတ်သော သူများဖြစ်၏
နဂါးအမြှီးဘက်မှ ဆွဲရသော် နိမ့်ကျသည်ဟု ခံယူကာ
နဂါးခေါင်းဘက်မှ ဆွဲကြသောကြောင့်
နဂါး အဆိပ် သင့်၍ ဒုက္ခရောက်ပျက်စီးကြရ၏
စနေ ဂြိုလ် Saturn သည် ဗလာလက်ချည်းသဖွယ် /
အကျိုးမဲ့သဖွယ် တန်ဖိုးမဲ့သဖွယ် ဖြစ်ခြင်းတို့အား
အကြောင်းပြုတတ်၏
ထိုအရာအားလျစ်လျူမရှုသင့်
အကျိုးမဲ့ နိမ့်ကျတယ်ဟု ထင်ရတဲ့ အကြောင်းအရာတွေကနေ အကျိုးရလဒ်ကို ပေးနိုင်သလို
ထိုအခြေအနေအား လက်မခံလိုပဲ
အောက်ခြေလွတ် ခြင်းဖြင့် Saturn ရဲ့သဘောတရားကို လက်မခံကာ
ပိုကောင်းတယ်ဟုထင်ရသော အရာကို မျှော်လင့်ရင်းလုပ်ကာမှ
ပိုဆိုးသော အဖြစ်အပျက် နဲ့ ပျက်ဆီးရခြင်းကို
ကြုံတွေ့ရတတ်သော အသုရာ တို့ ကဲ့သို့ပင် ဖြစ်ပေသည်

Saturn ရဲ့သဘောကို ဆန့်ကျင်ကာ
စနေဂြိုလ် Saturn အားနည်းပါက လောဘ ရမ္မက်
အတ္တ ဒိဠိ တို့ ဆွဲဆောင်ရာနောက်ပါကာ
အသာစံချင်ပါတယ်ဆိုမှ အနာခံ ရတဲ့အဖြစ်
ဖြစ်တတ်သလို လောဘရမ္မက်တွေ နဲ့သာယာခြင်း
ဖြစ်ကာ မူလရည်ရွယ်ချက် ပျောက်ကွယ်သွားတတ်၏
ပျက်ဆီးမှုဒုက္ခကြုံခဲ့ရသော အသုရာတို့ကဲ့သို့ပင်

စနေဂြိုလ်, Saturn အားကောင်းပါက
မိမိလိုရာ ခရီးပန်းတိုင် ရည်ရွယ်ချက်သည်
မည်မျှပင်ခက်ခဲကြမ်းတမ်းပါစေ
ရောက်အောင် သွားနိုင်၏ ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်၏
လမ်းခုလတ်မှာတင် ရည်ရွယ်ရာ ပြောင်းသွားတာ မျိုး
မရှိတတ်သလို အနွံနာခံ အောက်ခြေမှ လုပ်တတ်၏

လောဘရမ္မက် အတ္တစိတ်တွေရဲ့ ခေါ်ဆောင်ရာကြောင့်လည်း ရည်ရွယ်ထားရာလမ်းကြောင်းမှ မသွေဖယ်
သွားတတ်ပေ

ဇာတာမှာ စနေဂြိုလ် Saturn ဟာ
အားနည်းပြီး ရပ်တည်မှု ဆိုးမယ်
ဆိုးကျိုးပေးချိန် နဲ့
ကြုံတွေ့ရလို့ကတော့ ဘဝကို ပျက်တဲ့ထိ ဒုက္ခပေးနိုင်တယ်
(Saturn ဟာ ဘယ်လိုကြောင့် ဒုက္ခပေးနိုင်သလဲဆိုတော့
အပေါ်က ဇာတ်လမ်းထဲက
အသုရာတွေ အကြောင်းကို နားလည်အောင်ဖတ်ရင်
ရှင်းသွားပါလိမ့်မယ် )

ဒါနဲ့ ပြောင်းပြန် စနေ ဂြိုလ် Saturn အားကောင်းမယ် ရပ်တည်မှု ကောင်းပြီး
အကျိုးပေးကောင်းမယ်ဆိုရင်တော့

ဖတ်ရွက်နဲ့ စားရတဲ့ ဘဝ အောက်ခြေကနေ
သြဇာ အရှိန်အဝါနဲ့
ပြည့်စုံတဲ့ ခေါင်းဆောင် တွေ / သူဌေးကြီး တွေ /
အဆင့်အတန်းမြင့်တဲ့ သူတော်စင်တွေထိ /
နက္ခတ်ဗေဒင်ပညာရှင်တွေ ဖြစ်နိုင်တယ်

အမြင့်ရောက်သော်လည်း အားကောင်သော
စနေ Saturn သည် အောက်ခြေမလွတ်တတ်ပေ

ဘဝ ကို အောက်ခြေကနေရုန်းကန်တက်လာရပြီး
သမ္မတ ဖြစ်လာတယ်
ခေါင်းဆောင်ကြီးတွေ ဖြစ်လာတယ် /
သူဋေးကြီး ဖြစ်လာတယ် ဆိုတဲ့
ကမ္ဘာကျော် နိုင်ငံကျော် ပုဂ္ဂိုလ်တွေဟာ
စနေဂြိုလ်ရဲ့သဘော Saturn ရဲ့
ကောင်းခြင်းတွေကြောင့် လို့ ပြောလို့ရတယ်

Saturn စနေဂြိုလ်အားကောင်းပါက တည်​မြဲသော
ချမ်းသားမှု အောင်မြင်မှု ကိုလည်း ပေး၏
သို့သော် လမ်းကြောင်းသည်ကား ကြမ်းတမ်းခက်ခဲရုန်းကန်ရတတ်၏

အမြိတ္တမသေဆေးရည် ကဲ့သို့ လွန်စွာအစွမ်း ထက်သော အရာကိုရရှိနိုင်၏
သို့သော် ကြမ်းတမ်းခက်ခဲပင်ပန်းဆင်းရဲစွာ
လုပ်ကိုင်ရတတ်သော သဘောရှိ၏

ကြမ်းတမ်းခက်ခဲပင်ပန်းဆင်ရဲစွာ ရုန်းကန်လုပ်ကိုင်ရတတ်သော သဘောကြောင့်ပင် စနေ Saturn အား
ဂြိုလ်ဆိုးဟာ ခေါ်ကြပေသည် 🪐

အမြိတ္တမသေဆေးရည် ကဲ့သို့သော အလွန်တရာရှားပါး
အစွမ်းထက် တန်ဖိုးကြီးသော အရာကို အလိုရှိပါက

စနေ Saturn ကို လိုအပ် ပေသည် 🪐

ဂြဟဆုတြကျမ်းမှ ကိုးကားတင်ပြသည်

#minkogyeastro