Mayangone News
1.45K subscribers
368 photos
35 videos
349 links
မရမ်းကုန်းမြို့နယ်သတင်းများကို ဖြန့်ဝေပေးရန်ဖြစ်ပါတယ်။ သတင်းများ ပေးပို့လိ့ပါက @MYG_SA သို့ တိုက်ရိုက်ပေးပို့နိုင်မှာဖြစ်ပါတယ်။
Download Telegram
မရမ်းကုန်း

ချမ်းမြေ့ဂုဏ်ဝေသီလရှင်ကျောင်းရှေ့ ဗဟိုလမ်းပေါ် စခ DC ၆ စီးနဲ့ စခ/ရခ ၃၀ ကျော်ရှိ။

2:48 PM

သတင်းပေးရန် - @MYG_SA
မရမ်းကုန်း

အင်းစိန်လမ်းမ မရမ်းကုန်းမီးသတ်ဘေး လမ်းထဲသို့ DC ၁ စီးဝင်သွား။

4:26 PM

သတင်းပေးရန် - @MYG_SA
နီးစပ်မြို့နယ်

ကမ္ဘာအေး ဘုရားလမ်းနဲ့ စက်မှုတစ် လမ်းထောင့်မီးပွိုင့်တွင် ဘဲဥ ၁ ကောင်နဲ့ အရပ်ဝတ် ၁ ကောင် စကားပြောနေ ဆိုင်ကယ် ၃စီးရပ်ထား။

သတင်းပေးရန် - @MYG_SA
ရန်ကုန်-အင်းစိန်လမ်းတွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို လမ်းလယ်တွင် ချ ဆန္ဒပြသွား၍ စစ်တပ်က လမ်းပိတ်ထား

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်-အင်းစိန်လမ်းမကြီး၊ အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချ၍ ဆန္ဒပြပွဲဖြစ်ပွားသဖြင့် စစ်တပ်က လမ်းကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

"ဖြစ်တာက ဒီမနက် ၁၁ ခွဲကျော်ကျော်လောက်ဖြစ်တာ။ မင်းအောင်လှိုင်ပုံနဲ့ တုတ်ထိုးရုပ်။ စစ်ဝတ်စစ်စား ဝတ်ပေးထားတယ်။ အခု အဲဒီနားကို လမ်းတွေပိတ်ထားတယ်။ အင်းစိန်လမ်းနဲ့ အောင်သိဒ္ဓိလမ်းမီးပွိုင့်မှာ။ စစ်တပ်က ဆန္ဒပြတဲ့သူလိုက်ရှာနေတယ်ထင်တယ်။ ကားတွေ ပြန်လှည့်ခိုင်းတယ်" ဟု ပြည်သူတစ်ဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်း ပတ်ဝန်းကျင်တွင် နေထိုင်သော ဒုသမ္မတဟောင်း၊ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦး အိမ်အနီး ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကင်းပုန်းများချထားစဉ် ယနေ့ နံနက် ပိုင်း စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source - Khit Thit Media

@MYG_SA
မရမ်းကုန်း

ရန်ကုန်-အင်းစိန်လမ်းမကြီး၊ အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် လမ်းပိတ်ပြီး ကားများကိုပြန်လှည့်ခိုင်းနေ။

12:19 PM

သတင်းပေးရန် - @MYG_SA
🔴မရမ်းကုန်း
*
အင်းစိန်လမ်းမ ဦးရေခဲလမ်း‌ထိပ်မှာ စခရခများ အစစ်အဆေးရှိ ဖုန်းတွေပါစစ်ဆေးနေ
*
12:17 PM
📬@Inform_RSN
မရမ်းကုန်း
*
လိုင်းကားတွေ သမိုင်းအလယ်ဗဟိုလမ်းက ဖြတ်သွားနေကြ
*
12:10 PM
📬 @Inform_RSN
မရမ်းကုန်း

ဦးရေခဲလမ်းမီးပွိုင့်အနီး ယခုချိန်ထိ လမ်းပိတ်ထားပြီး ကားများပြန်လှည့်ခိုင်းနေ။ စခ၊ ရခ အင်အားအများအပြားရှိနေပြီး အစစ်အဆေးများလည်းရှိပါသဖြင့် ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါခင်ဗျာ့။

12:42 PM

သတင်းပေးရန် - @MYG_SA
မရမ်းကုန်း အုံးသံတစ်ချက်ကြားရ။

ဦးရေခဲလမ်းမီးပွိုင့်အနီး လမ်းပိတ်ဗုံးရှာဖွေပြီးနောက် စခ၊ ရခများမှ ခွဲလိုက်သည်ဟုသိရ။

1:17 PM

သတင်းပေးရန် - @MYG_SA
မရမ်းကုန်း

၄ရပ်ကွက်ရုံးတွင် စားအုန်းဆီတစ်ပိသာကို 3700 ကျပ်နဲ့ ရောင်းနေပြီး သန်းခေါင်စာရင်းပါယူလာခိုင်းတယ်ဟုသိရ။

1:31 PM

သတင်းပေးရန် - @MYG_SA
Forwarded from Y.S.D Scout Channel
‼️အထူးသတိ​ပေးချက်‼️

WYTUSU အဖွဲ့ဝင် STF ရဲ​ဘော် ​နေထက်​အောင် (ခ) memory သည် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်မှာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်​သော်လည်း ယခုအခါတွင် ​နီးစပ်ရာတော်လှန်​ရေးအဖွဲ့အစည်းများအားပြန်လည်ချိတ်ဆက်မှုများပြုလုပ်​၍ ထောင်ဖမ်းမှုများရှိ​နေသည်ဟု သိရှိရသည့်အတွက် ၎င်းနှင့် ဆက်သွယ်မှုရှိသူများ သတိပြုနိုင်စေရန် အသိ​ပေးအပ်ပါသည်။

@YSDinformer
Forwarded from Y.S.D Scout Channel
Mayangone News
Photo
"ညီညွှတ်မှုကို အရင်းတည် လွတ်မြောက် မှုဆီ အ​ရောက်ချီ" ရန်ကုန်မြို့၏ တစ်​နေရာတွင် ​တော်လှန်​​ရေး ​ကျောင်းသားလူငယ်များမှ လူထုသပိတ်တစ်ရပ်ပြုလုပ် ။

ရန်ကုန် ၁၉ ၊ ဩဂုတ် ၂၀၂၂

အကြမ်းဖက်စစ်​ကောင်စီ၏ ရန်ကုန်မြို့ လူစည်ကားရာနေရာတစ်ခုတွင် ​တော်လှန်​ရေး ​ကျောင်းသားလူငယ်တစ်စုမှ "ညီညွှတ်ကိုအရင်းတည် စည်းလုံးမှုဆီအ​ရောက်ချီ" ဟူ​သော ဘန်နာ စာသားနှင့်အတူ "ငါတို့​တွေ ညီညွှတ်​နေသမျှ ကာလပတ်လုံး မင်းတို့ ဖြိုခွဲလို့မရဘူး" ၊ "ငါတို့ရဲ့ ​တော်လှန်​သွေး​တွေ ဆူပွက်​နေသမျှ ကာလပတ်လုံး မင်းတို့​ကြောက်စိတ်​တွေ တုန်​နေ​စေရမယ်" ၊ "ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်​ကောင်​နေရဲသလည်း​ဟေ့" ဟူ​သော ​မိန့်ခွန်စကားများ ပြည်သူလူထုအားနှင့်အတူ ဟစ်​ကြွေးခဲ့ကြသည်။

ယနေ့လှုပ်ရှားမှုကို ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ မှ ဦး​ဆောင်ကာ မဟာမိတ်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုအဖွဲ့အစည်း)၊ ဗမာ့လူငယ်ကွန်ရက် ၊ အ​​ခြေခံပညာ​ကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၊ အ​ခြေခံပညာ​ကျောင်းသားများ​ရေးရာအဖွဲ့ချုပ်
(အကရ) ၊ စမ်း​ချောင်းပင်မသပိတ်စစ်​ကြောင်း၊ Labour Alliance အဖွဲ့ဝင် CTUM ၊ Owl Community၊ LGBT Community Yangon၊Yangon Democrative Youth Strike(YDYS) ၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့မှ ပူး​ပေါင်းပါဝင်ကာ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြပြီး ​Youth Scout for Democracy (YSD) မှ Scout ပိုင်းတွင် ဂုဏ်ယူစွာဖြင့် ပါဝင်အားဖြည့်ပေးခဲ့ပါသည်။

#YSD
FB post လေးတစ်ခုတွေ့လို့ share ပေးတာပါ။

Macbook pro 2015 ပျောက်သွားလို့ပါ ။
Last Location - ကျိုက်ဝိုင်း မရမ်းကုန်း ။
ဆိုင်မှာ လာရောင်းခဲ့ရင် / Lock လာဖြည်ခိုင်းခဲ့ရင် ဆက်သွယ် ပေးပါ ။ကျန်ခဲ့တာမျ်ုး မဟုတ်ပဲ ခိုး ခံလိုက်ရတာ ပါ ။
Yadana Khin
09969988722/ 09978093742

( ရတနာ့ အတွက် အရေးကြီးတဲ့ data တစ်ချို့ ရှိနေတဲ့အတွက် macbook ပြန်ရရင် ထိုက်သင့်သလောက် ပိုက်ဆံ​ပေးပါမယ် ။ i cloud ချိတ်ထားတာမလို့ လွယ်လွယ်တော့ lock ဖြည်လို့ မရဘူး တော့ ထင်ပါတယ် )

🙏🙏

Source - FB post

@MYG_SA