May May Club
9.74K subscribers
43 photos
3 videos
7 links
MayMayClub Always Stands By Moms
Download Telegram
Terrible Two ဆိုတာ နှစ်နှစ်ဝန်းကျင်ကလေးတွေ ဂျီကျတတ်တဲ့ ကာလပဲ မေမေတို့ရေ 🥹
အိမ်က ပိစိလေးက အပြင်သွားလို့ လိုချင်တာမရရင် ခြေဆောင့်ငိုတာ၊ လှဲပြီး အော်ဟစ်တာ၊ မိဘပြောရခက်တာ—ဒီလူကြီးဖိအားကာလကို မေမေတိုတွေ ကြုံဖူးကြမှာပါ။ ဒီကာလမှာ ကလေးတွေရဲ့ လိုချင်တာနဲ့ ဖြစ်လာတာမတူတဲ့အခါ စိတ်ထဲမကျဖြစ်ပြီး ဒါကို သေသေချာချာမဖော်ပြတတ်တဲ့ အခါကျတော့ သောင်းကျန်းသလိုဖြစ်မေတာပါ။
ဒါကြောင့် Terrible Two အရွယ်မှာဆိုရင်

🔸 အပြင်သွားချိန် – နေ့လယ်အိပ်ရာနိုးပြီး စိတ်ကြည်တဲ့အချိန်ထဲ သွားပါ
🔸 ဗိုက်မဆာချိန် – ဗိုက်ဆာရင် ပိုသောင်းကျန်းတတ်ပါတယ်
🔸 ကြိုတင်အသိပေး – “ဒီနေ့ စူပါမားကတ်သွားမယ်၊ ချောကလက်မဝယ်ဘူးနော်” ဆိုပြီး ကြိုတင်ပြောပါ
🔸 အလိုမလိုက်နဲ့ – သကြားလုံးမရလို့ ငိုနေတဲ့ကလေးကို နားအေးအောင် ပေးလိုက်ရင် နောက်ထပ်လည်း ထပ်သောင်းကျန်းဦးမှာပါ
🔸 လူကြားထဲ သောင်းကျန်းရင် – ခေါ်ထုတ်ပြီး အေးဆေးပြောပါ၊ လူအများကြောင့် အလိုမလိုက်မိပါစေနဲ့
🔸 ကြိုတင်အာရုံလွှဲ – သောင်းကျန်းမယ့် အရိပ်ပေါ်လာရင် အခြားအရာနဲ့ စိတ်လှည့်ပေးပါ

Terrible Two က ၁.၅နှစ်ကနေ ၄နှစ်ထိ ဖြစ်တတ်တာကြောင့် မေမေတို့တွေ အားမလျော့ပါနဲ့ 💪 မေမေတို့ရော ဘယ်လို ကိုင်တွယ်တယ်ဆိုတာ မျှဝေပေးပါဦးနော်
51👍5🤩1
မင်္ဂလာပါမေမေတို့ရေ....
ခုရက်ပိုင်း ၅ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတဲ့ လေပြွန်ယောင်ချောင်းဆိုးခြင်းကို အမြန်သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို ဒေါက်တာငြိမ်းက မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။

ရေနွေးငွေ့ရှူပေးခြင်း: သားသားမီးမီးလေးတွေရဲ့ နှာစေး၊ ချောင်းဆိုးတာ သက်သာအောင် ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ရှူခိုင်းပေးပါ။

အိပ်ပျော်အောင် ကူညီပေးခြင်း: နို့စို့ကလေးငယ်တွေကို ပုခုံးပေါ်ချီပြီးသိပ်ပေးတာက သက်တောင့်သက်သာရှိစေပြီး အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

နှာခေါင်းသန့်ရှင်းရေးလုပ်ပေးခြင်း: နှာခေါင်းပိတ်ပြီး အသက်ရှူရခက်နေတဲ့အခါ နှာခေါင်းအစက်ချဆေးသုံးပြီး နှာခေါင်းကို သန့်ရှင်းပေးပါ။

အရည်ဓာတ်များများတိုက်ပေးခြင်း: ကလေးငယ်ကို ရေ၊ စွပ်ပြုတ်၊ နို့၊ ဒါမှမဟုတ် ရေနွေးနွေးလေးတွေ မကြာခဏ တိုက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေပါစေ။

အရေးကြီးဆုံးအချက်ကတော့ သားသားမီးမီးလေးတွေ ရင်ကျပ်တာ ပြင်းထန်လာတဲ့အခါ ရှူဆေးလိုတတ်တာမို့ ဆေးရုံ၊ ဆေးခန်းကိုသေချာပြပြီး ဆရာဝန်ညွှန်ကြားတဲ့ ရှူဆေးတွေကို ရက်ပြည့်အောင် အပျက်အကွက်မရှိ ပုံမှန်ရှူပေးဖို့လိုအပ်ပါတယ်နော် မေမေတို့ရေ..။
69
🍀ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေဟာ အရေးပါဆုံးအခန်းကဏ္ဍကနေ ပါဝင်ပါတယ်မေမေတို့ရေ...

🌟အထူးသဖြင့် ရာသီဥတုပြောင်းလဲတဲ့အချိန်တွေမှာ ဖျားနာမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ဖို့ဆိုရင် အခု ဆရာမပြောပြမယ့် အာဟာရဓာတ်တွေ ပြည့်မှီအောင် ကျွေးမွေးဖို့ လိုအပ်ပါတယ်နော်...

🍗 အသား၊ငါး၊ ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာ Protein ပါလို့ ကြွက်သားသန်မာစေပြီး ကိုယ်ခံအားကို တိုးပေးနိုင်ပါတယ်။

🍊 ကိုယ်ခံစွမ်းအားကို တက်စေပြီး အလွယ်တကူ မနာမကျန်းမဖြစ်ဖို့ဆို Vitamin C ပါတဲ့ လိမ္မော်သီး၊ ကီဝီသီးစတဲ့ အသီးအနှံကနေရရှိနိုင်ပါတယ်။ 

🥬 မုန်လာဥနီ နဲ့ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေက Vitamin A ပါတော့အမြင်အာရုံကောင်းစေပါတယ်။

🌞 Vitamin D ကတော့ အရိုးခိုင်မာစေပြီး နေရောင်ထဲကနေပါ ရနိုင်ပါတယ်။

🥜 သားသားမီးမီးလေးတွေ ခန္တာကိုယ်ရဲ့ကိုယ်ခံအားအတွက်ဆို Zinc ကမပါမဖြစ်ပဲဖြစ်လို့ အမဲသား၊ ပင်လယ်စာ၊ အစေ့ဆံအမျိုးမျိုးကနေရနိုင်ပါတယ်။

ကလေးအာဟာရနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးတဲ့ မေမေတို့ရဲ့ အတွေ့အကြုံလေးတွေဝေမျှရင်း ဒေါက်တာငြိမ်းကို သိချင်တာလေးတွေ comment မှတစ်ဆင့်မေးမြန်းနိုင်ပါတယ်။
45🔥3👎1
မွေးစကနေ အသက်အရွယ်အလိုက် ဖွံဖြိုးတိုးတက်မှု Milestones တွေကိုသိထားပြီး ပံ့ပိုးပေးလိုတဲ့ ဖေဖေ မေမေတို့အတွက် 𝐌𝐚𝐲 𝐌𝐚𝐲 𝐂𝐥𝐮𝐛 နဲ့ 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 တို့ ပူးပေါင်းပြီး ပြုလုပ်ပေးမယ် 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫
"ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု”

📌 ဘယ်သူတွေတက်ရောက်သင့်လဲ
👉🏼ကိုယ်ဝန်ဆောင်မေမေတွေ
👉🏼မွေးကင်းစကနေ ကလေးငယ်ရှိတဲ့ ဖေဖေ၊ မေမေများ
👉🏼ကလေးငယ်ကို အနီးကပ်ကူညီစောင့်ရှောက်ပေးသူများ

📅 နေ့ရက် - 𝟕 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐𝟎𝟐𝟓
အချိန် - ည ၇ နာရီ မှ ၉ နာရီ
📍 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦 (𝐎𝐧𝐥𝐢𝐧𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫)
လူဦးရေကန့်သတ်ထားတာကြောင့် ဒီ 𝐆𝐨𝐨𝐠𝐥𝐞 𝐟𝐨𝐫𝐦 လေးကို ဖြည့်ပြီး စာရင်းသွင်းလိုက်တော့နော်။
𝐅𝐨𝐫𝐦 𝐥𝐢𝐧𝐤 > https://forms.gle/stBeg6sTQXSpQtqh9

စာရင်းပေးသွင်းထားသူများကို 𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 ကို ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
ဒီ 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐞𝐬𝐬𝐢𝐨𝐧 လေးကနေတစ်ဆင့် မိဘတိုင်း ကိုယ့်ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုခရီးလမ်းကို ယုံကြည်မှုအပြည့်နဲ့ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ရယူလိုက်ရအောင်နော် 💚💚💚
39👍3
"ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု" 𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫 လေးကို ဒီနေ့ နို၀င်ဘာလ (၇) ရက်နေ့ ညနေ (၇) နာရီမှာ ဒီ Zoom link လေးကတဆင့် Join ပြီး တက်ရောက်နိုင်ပါတယ်...
မွေးစကနေ အသက်အရွယ်အလိုက် ဖွံဖြိုးတိုးတက်မှု Milestones တွေကိုသိထားချင်တဲ့ ဖေဖေမေမေတို့ အနေနဲ့ လက်မလွှတ်သင့်တဲ့ ပွဲလေးဖြစ်လို့ တက်ရောက်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်နော် ...

ညနေ ၇ နာရီမှာ Join ရမယ့် Zoom Link လေးကတော့

Topic: "ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ငယ်ရွယ်စဥ်က အစပြု" 𝐎𝐧𝐥𝐢𝐧𝐞 𝐅𝐫𝐞𝐞 𝐖𝐞𝐛𝐢𝐧𝐚𝐫
Time: Nov 7, 2025 07:00 PM Rangoon
Join Zoom Meeting
https://us02web.zoom.us/j/81701383813?pwd=ZsTbrpXC7cjI8blxKcO4KGKUaZih4Q.1

Meeting ID: 817 0138 3813
Passcode: MayMay
26
ကလေးလေးတွေကို နို့တိုက်ပြီးတဲ့အခါ လေထုတ်ပေးဖို့က အရေးကြီးပါတယ်။ ကလေးလေးတွေ နို့စို့တဲ့အခါ နို့နဲ့အတူ လေကိုပါ မြိုချမိတာကြောင့် ဗိုက်ထဲမှာ မအီမသာ ဖြစ်တတ်ပါတယ်။ တချို့ကလေးလေးတွေက သူ့အလိုလို လေတက်ပေမယ့် တချို့ကလေးလေးတွေကတော့ လေထုတ်ပေးဖို့ လိုပါတယ်။ 

ကလေးလေးတွေကို လေထုတ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့
❇️ပုခုံးပေါ်တင်ပြီး လေထုတ်ခြင်း
ကလေးမေးစေ့ကို ပုခုံးပေါ်တင်၊ ခေါင်းနဲ့ ပုခုံးကို လက်တစ်ဖက်နဲ့ ထိန်းပြီး နောက်လက်တစ်ဖက်နဲ့ ကျောကို အသာအယာပုတ်ပေးပါ။ လမ်းလျှောက်နေရင်း လုပ်ပေးရင် ပိုကောင်းပါတယ်။
❇️ ပေါင်ပေါ်ထိုင်စေပြီး လေထုတ်ခြင်း
ကလေးကို ပေါင်ပေါ်မှာ ထိုင်စေပြီး မျက်နှာကို အပြင်ဘက်လှည့်ထားပါ။ လက်တစ်ဖက်က ရင်ဘတ်ကို ထိန်းထားပါ။ ကလေးကို ရှေ့အနည်းငယ်ကိုင်းထားပြီး နောက်လက်တစ်ဖက်နဲ့ ကျောကို ပုတ်ပေးပါ။ 
❇️ပေါင်ပေါ် မှောက်ထားပြီး လေထုတ်ခြင်း
ကလေးကို ပေါင်ပေါ်မှာမှောက်ထားပါ။ လက်တစ်ဖက်က မေးစေ့ကို ထိန်းထားပြီး နောက်တစ်ဖက်က ကျောကို ပုတ်ပေးပါ။
ဒီနည်းတွေထဲက အဆင်ပြေတဲ့နည်းနဲ့ မေမေတို့ ကလေးလေးကို နို့တိုက်ပြီးတိုင်း‌ လေထုတ်ပေးလို့ ရပါတယ်နော်။
40
တစ်နေ့ တစ်နေ့ ဟင်းတွေ ထပ်ကုန်လို့ ဘာချက်ရမလဲ မသိတော့ဘူး မေမေတို့ရေ  . . .🤔
ကျောင်းထမင်းဘူးထည့်ပေးဖို့ ဟင်းစဉ်းစားရခက်နေလို့ တခြားမေမေတို့ရော ဘာချက်ကြလဲဆိုတာ ကောမန့်မှာ ပြောပေးကြပါဦးနော် 🥰
12
📣ကိုယ်ဝန်ဆောင်မေမေတို့နဲ့ ရင်သွေးငယ်လေးတွေရှိတဲ့ မိဘတိုင်းအတွက် အခမဲ့ပညာပေးပွဲကြီး မန္တလာမြေကို ရောက်ရှိလာပါပြီ …🎉
𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 နဲ့ 𝐌𝐚𝐲𝐌𝐚𝐲 𝐂𝐥𝐮𝐛 မှ ပူးပေါင်းပြီး “ကျန်းမာပျော်ရွှင်သောမိခင်နှင့်ရင်သွေးဘဝအစ - 𝐌𝐚𝐦𝐚 & 𝐁𝐚𝐛𝐲 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬” 𝐄𝐯𝐞𝐧𝐭 လေးမှာ မန္တလေးမှ ကိုယ်ဝန်ဆောင်မေမေတို့နဲ့၊ သားငယ်သမီးငယ်လေးတွေရှိတဲ့ မေမေ၊ ဖေဖေတို့အတွက် အကျိုးရှိစေမယ့် အကြောင်းအရာများကို မျှဝေဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်...

📌 ပွဲကျင်းပသွားမည့်အချိန်နှင့်နေရာ

📅 နေ့ရက် - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁ နာရီမှ ၄ နာရီ
📍 နေရာ - 𝐇𝐨𝐭𝐞𝐥 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 (
🔥 အခမဲ့ တက်ရောက်ခွင့်အတွက် လူဦးရေ ကန့်သတ်ထားသောကြောင့် အမည်စာရင်းပေးသွင်းရန် 𝐆𝐨𝐨𝐠𝐥𝐞 𝐅𝐨𝐫𝐦 လေးကို အပြည့်အစုံ ဖြည့်ပေးပါနော်
𝐅𝐨𝐫𝐦 𝐥𝐢𝐧𝐤 > https://forms.gle/fDMviCDnCRcvriMM6

☎️ တက်ရောက်ခွင့်ရတဲ့သူများကိုတော့ 𝐆𝐫𝐨𝐰𝐭𝐡 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဖုန်းဆက်သွယ် အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။❤️
22