May May Club
9.74K subscribers
43 photos
3 videos
7 links
MayMayClub Always Stands By Moms
Download Telegram
May May Club ထဲကမေမေတွေအပြင် မjoinရသေးတဲ့မေမေတွေလဲ "𝐖𝐞𝐥𝐜𝐨𝐦𝐢𝐧𝐠 𝐌𝐨𝐭𝐡𝐞𝐫𝐡𝐨𝐨𝐝" ပွဲကို အခမဲ့ပါ၀င်တက်ရောက်နိုင်ဖို့အတွက် May May Club Telegram Channel ကို Join ပီး Registration Form လေးဖြည့်ပေးဖို့ မျှဝေပေးလိုက်တော့နော်
🤰🏻ဒီပွဲလေးမှာ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစရင်သွေးငယ်ရှိတဲ့ မေမေတို့ သိချင်တဲ့အကြောင်းအရာတွေကို အတွေ့အကြုံရင့်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ နယ်ပယ်မှ Professionals တွေက အသိပညာတွေ၊ အကြံဉာဏ်တွေကို ရင်းရင်းနှီးနှီး မျှဝေပေးမယ့် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်။
📅 နေ့ရက် - 18 May, Sunday
အချိန် - 1 PM - 4 PM
🏥 နေရာ - Aryu International Hospital (Grand Hall, Building B, 2nd Floor) မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စာရင်းပေးထားသူ မည်သူမဆို "အခမဲ့" တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။
စာရင်းပေးသွင်းရန် >> https://forms.gle/b6pQ61iAsfvSgc9QA
ပွဲလေးရဲ့ မူရင်း post လေးမှာလဲ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ 🔗 https://www.facebook.com/share/p/1MmaDceKqb/?mibextid=wwXIfr
21👍2🔥1
ဖြစ်လာမှ စိတ်မပူနေရအောင် ဒါတွေ
သိထားဖို့လိုမယ်နော်… ✌️

🧑‍🔬 ဆေးဝါးပညာရှင် Pharmacist
မပွင့်ဖြူဝင်းက ကလေးတွေ ဝမ်းဗိုက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ အကြောင်းအရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ကလေးတွေမှာဆိုရင် အူလမ်းကြောင်းနဲ့ ဝမ်းဗိုက်ပြဿနာတွေအဖြစ်များတာဟာ အဆီများပြီး အမျှင်ဓာတ်နည်းတဲ့ Ready-made အစားအစာတွေ၊ အချိုတွေ အလွန်အကျွံစားမိကြတာကြောင့်ပါ။

ဒါကြောင့် မေမေတို့ကလည်း သားသား
မီးမီးလေးတွေရဲ့ အစာခြေစနစ်ကို ပံ့ပိုးပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရမှုန့်တွေကို ကျွေးပေးပြီး သူတို့လေးတွေရဲ့ နေထိုင်စားသောက်မှုပုံစံ
မှန်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်…💚💖
38
Happy Mother’s Day အတွက် ဖုန်းဘေလ်လက်ဆောင်ကံထူးသွားတဲ့ မေမေတွေအားလုံးပဲ Congratulations ပါ… 🎊

ကံထူးသွားတဲ့ မေမေတို့ရဲ့ telegram account နဲ့ ဒီဖုန်း 09 798 728 379 Telegram ကို ဖုန်းဘေလ်လက်ဆောင်ရယူနိုင်ဖို့ မေလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး လာဆက်သွယ်ပေးပါအုံးနော်… 💖
34👍2
“လက်ကြိုက်သွားလိမ့်မယ် ကလေးကို ခဏခဏမချီနဲ့လို့” ‌ပြောနေကြတဲ့စကားတွေက တကယ်ရောဟုတ်ရဲ့လား…

အဖြေကတော့ No ပါနော်…❗️
တကယ်တော့ မေမေ့ရဲ့ ရင်ခွင်ထဲမှာ
နေရတာ ကြိုက်တဲ့ ကလေးလေးတွေကို မကြာခဏချီပေးသင့်တာပါ။

မေမေတို့က နွေးထွေးစွာ ထွေးပွေ့ထားမယ်ဆိုရင် ကလေးလေးတွေလည်း စိတ်လုံခြုံမှုပိုရပြီး ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ပါတယ်နော်။ မိခင်နဲ့ ကလေးကြားမှာလည်း ရင်းနှီးချစ်ခင်မှု ပိုတိုးစေတာဖြစ်လို့ အချိန်ရတိုင်းထွေးပွေ့ထားပေးပါ မေမေတို့ရေ… 🥰
50👍7
သားသားမီးမီးလေးတွေကို Baby Led Weaning (BLW) ကျင့်ပေးတာအပေါ် မေမေတို့ ကောင်းတယ် ထင်လား? မကောင်းဘူးထင်လား?
BLW နဲ့ ပတ်သက်ပီး မေမေတို့ရဲ့ အတွေ့အကြုံလေးကို comment မှာရှဲပေးခဲ့ပါအုံးနော်...
Anonymous Poll
98%
ကောင်းတယ်
2%
🔴 မကောင်းဘူး
16
မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အနေအထိုင်၊ အစားအသောက်ကို
အထူးဂရုစိုက်သင့်တဲ့ ကာလမျိုးဖြစ်လို့ အခုပြောပြမဲ့ အစားအစာတွေကို ပြည့်စုံမျှတစွာ စားပေးရပါမယ်နော်။

ကယ်လ်ဆီယမ်ဓာတ်အတွက် နို့နဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ တို့ဟူး၊ အုတ်ဂျုံ

ကိုလင်းဓာတ်အတွက် ကြက်ဥ၊
ဝက်မိုးခိုသား၊ ကြိတ်ထားတဲ့ အမဲသား၊ ဆော်လမွန်ငါး၊ ကြက်သား၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီအဖြူ

DHA Omega-3 Fatty Acid အတွက် ငါးကြီးဆီ

ဖောလစ်အက်ဆစ်အတွက် ဟင်းနုနွယ်၊ ပန်းမုန်လာစိမ်း၊ အမဲသား၊ ပန်းဂေါ်ဖီ၊
စတော်ဘယ်ရီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

အိုင်အိုဒင်းဓာတ်အတွက် ဒိန်ချဉ်၊ ပုစွန်၊ ဥ အမျိုးမျိုး၊ အိုင်အိုဒင်းဆား

သံဓာတ်အတွက် အမဲသား၊ ဝက်သား၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

Vitamin D အတွက် နို့၊ အဆီပါတဲ့ငါး

Zinc အတွက် အနီရောင်အသား၊ ပဲ၊ နို့ထွက်ပစ္စည်း၊ ကမာ

Vitamin B1 အတွက် ကလီစာ၊
ကောက်နှံကြမ်း၊ ဥ၊ အစေ့အဆန်၊ မုန်လာဥနီ

Vitamin B6 အတွက် ကြက်သား၊ ဝက်သား၊ ငါး၊ အသည်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ အစေ့အဆန်

စတဲ့ အစားအစာတွေကို မျှတအောင်
စားပေးရပါမယ်…💚💚

မေမေတို့ရော အာဟာရမျှတအောင်
ဘာတွေစားဖြစ်ကြလဲဆိုတာ ပြောပြခဲ့ဦးနော်…👇
25
🤱မိခင်နို့ရည်ဟာဆိုရင် မွေးကင်းစကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကို
မြှင့်တင်ပေးနိုင်တဲ့၊ လုံလောက်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်လို့ သဘာဝကဖန်တီးပေးထားတဲ့ လက်ဆောင်ပါပဲ။

ဒါကြောင့် နို့ရည်မထွက်လို့ စိတ်ညစ်နေရတဲ့ မေမေတွေလည်း ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါနော် …🥰

💚ကလေးက နို့သီးခေါင်းကို စုပ်သောက်တဲ့အခါ နို့ထွက်အားကောင်းစေတဲ့ ဟော်မုန်းကို ထုတ်ပေးနိုင်လို့ နို့ထွက်နည်းနေလည်း ပုံမှန်တိုက်ပေးဖို့ လိုအပ်ပါတယ်။

💚ကလေးနို့မတိုက်မီ တစ်နာရီအလိုမှာ နို့ကို စုပ်ခွက်သုံးပြီး ညှစ်ပေးရပါမယ်။ တစ်နေ့ကို ၈ ကြိမ်လောက် ပြုလုပ်ပေးပါ။

💚နို့တိုက်တဲ့အခါ ဘယ်ညာနှစ်ဘက်စလုံး အညီအမျှတိုက်ပေးရပါမယ်။ နို့ထွက်နည်းတဲ့ဘက်ကိုလည်း တိုက်ပေးမှ နို့ရည်ထွက်အားပိုကောင်းလာမှာပါ။

💚သင်္ဘောသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကြက်စွပ်ပြုတ်၊ နွားနို့ တို့လိုမျိုး နို့ထွက်အားကောင်းစေတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ရေဓာတ်ပြည့်ဝစေဖို့ ရေများများသောက်ပေးပါ။

💚အိပ်ရေးဝအောင်အိပ်ပေးပါ။ ဒါမှ မိခင်လည်းကျန်းမာပြီး နို့ထွက်အားကောင်းလာမှာဖြစ်ပါတယ်။

ကဲ… ဒါဆို မေမေတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းကောင်းလေးတွေရှိရင်လည်း Commentထဲမှာ မျှဝေပေးခဲ့ဦးနော်…
26👍3
🤰ဒီ May May Club Telegram Group လေးထဲမှာတော့ Senior မေမေတွေ၊ Junior မေမေတွေနဲ့ မကြာခင်မေမေဖြစ်တော့မဲ့ မေမေတွေအားလုံးအတွက် အကျိုးရှိပီး စိတ်၀င်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ ဗဟုသုတရစေမဲ့ သင်တန်းလေးတွေကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်…

ဒါ့အပြင် Group ထဲက မေမေတွေအချင်းချင်း သိလိုသမျှ၊ ကြုံတွေ့ရသမျှ အခက်အခဲများကိုလဲ comment မှာ ဆွေးနွေးတိုင်ပင်ပီး အကြံဥာဏ်လေးတွေလဲ တယောက်နဲ့တယောက် မျှ‌ဝေလို့ ရပါတယ်နော်...💚💚💚

ဒီ Group လေးမှာ နောက်ထပ်ရော ဘယ်လို အကြောင်းအရာမျိုးတွေသိချင်လဲ၊ ဘယ်လိုသင်တန်းမျိုးတွေ ပြုလုပ်ပေးစေချင်လဲ ဆိုတာလေးကို ကောမန့်မှာပြောခဲ့ပေးပါဦးရှင်...👇🏻
35👍2
🌧️ အခုလိုမျိုး ဖျားနာလွယ်တဲ့ မိုးရာသီမှာ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး စတဲ့ အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့ သားသားမီးမီးလေးတွေကို စောင့်ရှောက်တဲ့အခါမှာ…

💉 လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးပေးရပါမယ်။

😴 အိပ်ချိန်တိုင်းမှာ ခြင်ထောင်နဲ့ ခြင်တွေရန်မှ ကာကွယ်ပေးရပါမယ်။

💧 ခြင်မပေါက်ပွားအောင် ရေကို စနစ်တကျ သိုလှောင်ပေးရပါမယ်။

🦠 ရောဂါပိုးမွှားများရန်မှ ကာကွယ်နိုင်အောင် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများကို သင်ကြားပေးရပါမယ်။

🍽️ အဓိကကတော့ သားသားမီးမီးလေးတွေ ကိုယ်ခံအားကောင်းစေဖို့ နေ့စဉ်
နေ့တိုင်း အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ပုံမှန်ကျွေးပေးရပါမယ်ရှင်။

အခုပြောပြထားတာတွေအပြင် မေမေတွေအချင်းချင်း အကြံပြုလိုသမျှကိုလည်း ကောမန့်မှာ ပြောပြခဲ့ပါဦးနော်…💬
26😢1
ကိုယ့်ကလေးက သိပ်မထွားဘူးလို့ ခံစားနေရတဲ့ မေမေတို့ရေ…🤗

ကလေး ၆ လကျော်အရွယ်မှစလို့
သူ့အရွယ်နဲ့သူ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းဖြစ်ကြရဲ့လားရှင်

🍽️အဓိကဖြည့်တင်းပေးဖို့ လိုအပ်တဲ့
ပရိုတင်းဓာတ်၊ ကယ်လ်ဆီယမ်နဲ့ အခြား သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေရရှိဖို့အတွက် နို့ နှင့် ပဲအမျိုးမျိုး၊ ကြက်သား၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင်အရွက်များ၊ ဥအမျိုးမျိုး၊ ဆယ်လမွန်ငါး၊ အသီးအနှံများ စတာတွေကို သင့်တင့်မျှတအောင် ကျွေးပေးပြီး အရပ်ရှည်ကျန်းမာလာအောင် မေမေတို့အနေနဲ့ ကူညီပံ့ပိုးပေးနိုင်ပါတယ်နော်…

ဒါ့အပြင် သူတို့လေးတွေ အိပ်ရေးမပျက်အောင်၊ ကိုယ်ဟန်အနေအထားမှန်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများလုပ်ဖြစ်အောင်လည်း ဂရုစိုက်ပေးရပါမယ်ရှင်…✌️

ကဲ…ဒါဆို မေမေတို့ရော ကိုယ့်ကလေး
ကြီးထွားဖွံ့ဖြိုးလာအောင် ဘာတွေလုပ်ပေးဖြစ်ကြလဲဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦးနော်…💚💚
26
မထင်မှတ်ထားဘဲ ညီကိုမောင်နှမအသစ်တစ်ယောက် ရလာချိန်မှာတော့ အကြီးဆုံးကလေးတွေရဲ့ စိတ်ထဲမှာ “မေမေက အရင်လိုမချစ်တော့ရင်ရော ဘယ်လိုလုပ်မလဲ… အရင်လောက်ရော ဂရုစိုက်ပါ့ဦးမလား…” ဆိုတဲ့ အတွေးတွေနဲ့ ပူပန်တတ်ကြပါတယ်…😥

ဒါကြောင့် မေမေတို့အနေနဲ့ သူတို့လေးတွေအပေါ်မှာ အရင်ကထက် ပိုချစ်ပေး၊
ပိုဂရုစိုက်ပေးပီး  နွေးထွေးကြင်နာပေးဖို့ လိုအပ်ပါတယ်ရှင်…💚💚

မေမေတို့ရော အကြီးဆုံးသားသားမီးမီးလေးတွေအပေါ် ဘယ်လိုဂရုစိုက်ဖြစ်ကြလဲဆိုတာ ကောမန့်မှာ မျှဝေခဲ့ပါဦးနော်…💬
32
Media is too big
VIEW IN TELEGRAM
မေမေဖြစ်လာပြီဆိုတော့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းတွေ အများကြီး ရှိနိုင်ပါတယ်။ အထူးသဖြင့် ရှေးရိုးစွဲအယူအဆတွေနဲ့ ပြောင်းလဲလာတဲ့ ဆေးပညာယူဆမှုတွေကြားမှာ ဘယ်လိုနေရမလဲဆိုတာပေါ့။

ဒီလိုအကြောင်းအရာတွေအတွက်OG ဆရာမ ဒေါက်တာ ငြိမ်းမိုးသော် မှ ကိုယ်ဝန်ဆောင်မေမေတွေအတွက် ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီဗီဒီယိုမှာ...

ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးကာလ ကျန်းမာရေးအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ၊

ရှေးရိုးစွဲအမြင်တွေကို ကျော်လွှားပြီး ကိုယ့်အတွက်၊ ကလေးအတွက် အကောင်းဆုံးအရာတွေကို ဘယ်လိုရွေးချယ်မလဲ၊

စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ရလဲ စတဲ့ အကြောင်းအရာတွေ ပါဝင်သွားမှာဖြစ်လို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ဗဟုသုတနဲ့ ခွန်အားများ ရယူလိုက်ပါနော် 💚💚
37
🏆ဘက်စုံထူးချွန်တဲ့ကလေးလေးတွေကိုပျိုးထောင်နိုင်ဖို့ဆိုရင်...
သူတို့လေးတွေစိတ်ရောကိုယ်ပါ ကျန်းမာနေအောင် အဘက်ဘက်ကနေပံ့ပိုးကူညီပေးရပါမယ်မေမေတို့ရေ…💚
အရွယ်ရောက်ပြီးသားလူကြီးတွေလို ခံစားချက်တွေကိုထုတ်မပြောပြတတ်ကြလို့ ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေဟာအလွယ်တကူမြင်နိုင်ဖို့ခက်ခဲပါတယ်
ဒါကြောင့်မိဘတိုင်းသိထားသင့်တဲ့…
အသက်အရွယ်အလိုက် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလေးတွေ
ပုံမှန်မဟုတ်တဲ့အခြေအနေတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာအသုံးဝင်စေမယ့်ဖြေရှင်းနည်းလေးတွေ
ပျော်ရွှင်စရာမိသားစုဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းကောင်းလေးတွေကို
"ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါက်တာငြိမ်းက ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒီ session လေးကို Zoom link ကတဆင့် join ရမှာဖြစ်ပီး အခုပဲ Register ပြုလုပ်လိုက်တော့နော်…🩺
မေမေတို့မေးချင်တဲ့အကြောင်းအရာ‌တွေကိုလဲ ကောမန့်ထဲမှာကြိုမေးထားလို့ရပြီး ဆရာမကိုယ်တိုင်ပြန်လည်ဖြေပေးပါလိမ့်မယ်ရှင်...💚

Register Link: https://forms.office.com/r/KGQJuX3KdK
နေ့ရက်- ဇူလိုင်လ ၂၆ ရက်(စနေနေ့)
အချိန်- နေ့လည် (၂)နာရီမှ(၄)နာရီအထိ
နေရာ- Zoom
81
Media is too big
VIEW IN TELEGRAM
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မိခင်က အာဟာရဓာတ်တွေ ပြည့်ဝမျှတနေမှ ကျန်းမာတဲ့ကလေးလေးကို မီးဖွားနိုင်မှာနော်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ ဘယ်လို အစားအသောက်တွေကို စားသုံးသင့်လဲဆိုတဲ့ အာဟာရဆိုင်ရာ သိထားသင့်သမျှအရာအားလုံးကို ဒီဗီဒီယိုလေးထဲမှာ
အပြည့်အစုံ မျှဝေပေးထားလို့ အဆုံးထိကြည့်ပြီး ပြန်လည်မျှဝေပေးဖို့လည်း မမေ့ပါနဲ့နော်။

ဒီအကြောင်းအရာကို Nutri Star Nutrition Centre ရဲ့ Founder တစ်ဦးဖြစ်တဲ့ အာဟာရဆိုင်ရာ အထူးပြုဆရာဝန် Dr. Preeti က ပြောပြပေးထားတာပဲ ဖြစ်ပါတယ်..💚💚
75👍8
Media is too big
VIEW IN TELEGRAM
မေမေတို့ရေ...မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ "Welcoming Motherhood" ပွဲ ရဲ့ Panel Discussion အစီအစဉ်ကို May May Club Channel မှာ Video အပြည့်အစုံ တင်ပေးလိုက်ပါပြီ..

🤰 ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစရင်သွေးငယ်ရှိကြတဲ့ မိခင်တိုင်း သိထားသင့်တဲ့ အသိပညာတွေကို လက်တွေ့နဲ့ ယှဉ်ပြီး ဆွေးနွေးဖလှယ်ပေးထားတဲ့ ဒီစကားဝိုင်းလေးကို ကြည့်ရှုပြီး ကျန်းမာတဲ့သားသားမီးမီးလေးတွေကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် မျှော်လင့်ပါတယ်။

မေမေတွေအားလုံး စိုးရိမ်မှုအနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်အောင် ခေတ်သစ်မေမေတွေကလည်း သူတို့ရဲ့ မိခင်ဘဝအတွေ့အကြုံတွေကို ရင်ဘတ်ချင်းနီးစွာ မျှဝေခဲ့ကြတာဖြစ်လို့ ဗီဒီယိုကို အချိန်ခဏလေးပေးပြီး ဖွင့်ကြည့်လိုက်တော့နော်...💚💚
64👍6🥰1
🌸🌼 ပန်းလေးတွေလှပမွှေးပျံ့စေဖို့အတွက် တယုတယပျိုးထောင်ပေးမယ့်ဥယျာဉ်မှူးလိုအပ်သလိုမျိုးပါပဲ…

သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်ပြီး ကျန်းမာဖို့ဆိုရင်တော့ မေမေတို့ရဲ့ နေ့စဉ်ဂရုစိုက်မှုတွေ လိုအပ်ပါတယ်နော်… 💯

သူတို့လေးတွေ ဉာဏ်ကောင်းကျန်းမာအောင် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပြင်ဆင်ပေးပြီး ပျော်စရာအခိုက်အတန့်လေးတွေကို နေ့စဉ်ပုံမှန်ဖန်တီးပေးသင့်ပါတယ်ရှင်… 💚

ကဲ… မေမေတို့ရော သားသားမီးမီးလေးတွေအတွက် ဘယ်လိုမျိုး နေ့စဉ်အားဖြည့်ပေးကြလဲဆိုတာ ပြောပြခဲ့ပါဦးနော်… 💬
32👍5
မနက်ဖြန်ကျရင် သိချင်တာမှန်သမျှ ဆွေးနွေးမေးမြန်းနိုင်ဖို့ မေးခွန်းတွေ စုထားပြီးကြပြီလား မေမေတို့ရေ?

"ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု မှတ်တိုင်များ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ဒေါက်တာငြိမ်းက ဆွေးနွေးပေးသွားမှာဖြစ်လို့ မေမေတွေအားလုံး မနက်ဖြန်ကျရင် အောက်က Zoom link လေးကနေ Join ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်...💚💚

နေ့ရက် - ဇူလိုင်လ ၂၆ ရက် (စနေနေ့)
အချိန် - နေ့လည် (၂) နာရီမှ (၄) နာရီအထိ
နေရာ - Zoom

Join Zoom Meeting
https://zoom.us/j/7676438709?pwd=D8wDWxB3s6gYSPGL9It7hrLcN56BOg.1&omn=93570950594

Meeting ID: 767 643 8709
Passcode: 123456
63👍10🤩4
ကလေးနဲ့အရင်နှီးဆုံးမိခင်တစ်ယောက်ဖြစ်ဖို့ မေမေမြဘုန်းဆင့်ပြောပြထားတဲ့နည်းလမ်းကောင်းကိုမျှဝေပေးလိုက်ပါတယ်။
✔️စည်းဘောင်မကျော်ပဲရင်းနှီးဖို့ကြိုးစားပါ။ မေမေကသူ့အတွက်ရင်ဖွင့်လို့ရတဲ့ 𝐁𝐅𝐅 လိုလူတစ်ယောက်ဖြစ်ရမှာ မှန်ပေမယ့်ကိုယ့်အပေါ်သူငယ်ချင်းလို ရင်းနှီးရင်းနဲ့ မိဘတစ်ဦးအနေနဲ့လည်း လေးစားမှုရှိနေဖို့လည်းလိုအပ်ပါတယ်။
✔️သူ့ရဲ့နေ့စဉ် 𝐚𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 လေးတွေမှာ အတူပါဝင်ပေးပါ။ သူတို့ကြိုက်တဲ့ အရာတွေ၊ဝါသနာလေးတွေကိုအတူတူလုပ်ပါ။
✔️Family Routine လေးတွေလုပ်ပါ။ ဥပမာ တစ်ပတ်တစ်ခါရုပ်ရှင်ကြည့်တာ၊ အပြင်သွားတာ၊ မုန့်တွေလုပ်စားတာမျိုးပေါ့။
✔️𝐀𝐈 ခေတ်မှာကြီးလာတဲ့ကလေးတွေဖြစ်လို့ Screen ကိုမသုံးဖို့ထိန်းချုပ်တာထက်အသက်အလိုက်မှန်ကန်တဲ့အကျိုးရှိတဲ့အသုံးပြုမှုတွေဖြစ်ဖို့အတူတူလုပ်ပါ။
✔️ဘယ် 𝐭𝐨𝐩𝐢𝐜 မဆိုဆွေးနွေးနိုင်ဖို့ မေမေကိုယ်တိုင်လည်းခေတ်နဲ့အညီ Trend တွေ့ကိုလေ့လာပါ။ ဥပမာ အခုကလေးတွေကြားမှာခေတ်စားနေတဲ့ ထုန်ထုန်ထုန်ထုန် ဆာဟူးရာတို့ ဘာတို့ပေါ့ရှင့်
ကလေးနဲ့အရင်းနှီးဆုံးမိဘတစ်ယောက်ဖြစ်ဖို့သူတို့ရင်ထဲကပြောချင်တဲ့စကားတွေ၊ ခံစားချက်တွေကို ခစ်ခြင်းမေတ္တာနဲ့အတူနားထောင်ပေးပြီး open-minded ဖြစ်တာနဲ့တင်လုံလောက်ပါတယ်နော်။
78
👶 မွေးဆံပင်ကို မရိတ်ပေးရင် လာဘ်
မကောင်းဘူး၊ ဆံပင်မသန်ဘူးဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေကို မေမေတို့အားလုံး
ကြားဖူးကြမယ် ထင်ပါတယ်…

တကယ်တော့ ဆေးပညာသဘောတရားအရ ဒါတွေဟာလွဲမှားတဲ့ အယူအဆသက်သက်ပါပဲ မေမေတို့ရေ…🤗

မွေးကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းပိုင်းက ငယ်ထိပ်လေးတွေမပြည့်သေးဘဲ အလွန်နုနယ်တာကြောင့် ဆံပင်ရိတ်ရင်း မတော်တဆ ထိခိုက်ရှနာဖြစ်ပြီး ပိုးဝင်နိုင်လို့ ရှောင်ကြဉ်ရပါမယ်ရှင်…💚

ဒါနဲ့ မေမေတို့ရော ဒီအယူအဆနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ကြလဲဆိုတာ ပြောပြခဲ့ပါဦးနော်…💬
56👍2