နွေရာသီအားလပ်ရက်တွေမှာ သားသားမီးမီးတို့နဲ့အတူတူ ဘယ်လို activities လေးတွေ လုပ်ဖြစ်ကြလဲ? တခြားလုပ်ဖြစ်တာလေးတွေရှိရင်လဲ ပြောပြပေးခဲ့ပါဦး မေမေတို့ရေ ☀️💚
Anonymous Poll
47%
📚ဗဟုသုတရစေမယ့် စာအုပ်လေး ပုံပြင်လေးတွေ တူတူဖတ်ကြတယ်
49%
🛒တူတူ Shopping ထွက်ပီး ကစားကွင်းသွားကြတယ်
37%
👩🍳အစားအစာတွေ တူတူချက်စားကြတယ်
❤23👍4🥰1
👩💻 Working mom လား? 👩🍳Full time Mom လား?
မေမေတို့ရေ ဘယ်လိုမေမေပဲဖြစ်ဖြစ် ရုံးအလုပ်တွေ၊ အိမ်အလုပ်တွေအပြင် သားသားမီးမီးတို့အတွက်လဲ အချိန်ပေးရတယ်မဟုတ်လား? 🕗အဲ့တော့ မေမေတို့အတွက် ကိုယ်ပိုင်အချိန်လေးရော ပေးဖြစ်ကြရဲ့လား? 🤔
ကိုယ်ပိုင်အချိန်လေးတွေမှာ ဘာတွေလုပ်ဖြစ်ကြလဲဆိုတာလေး comment မှာ ဝေမျှပေးခဲ့ကြပါဦး 💟

❤31👍4
အပြင်မှာ နေအရမ်းပူလို့ သွားသတိ
လာသတိ ဂရုစိုက်ကြမယ်နော်...
မေမေတို့ရေ...💚
ခြစ်ခြစ်တောက်ပူတဲ့ ရာသီဥတုမျိုးမှာ ကလေးလေးတွေ အပူရှပ်ခြင်း
(Heat Stroke) မဖြစ်စေဖို့
ဘယ်လိုကာကွယ်ကြမလဲ...❓
✅ နေပူပူထဲမှာ ရေခဲရေ၊ ရေခဲမုန့်၊ ရေခဲချောင်းတို့လိုမျိုး အရမ်းအေးတဲ့အစားအစာတွေ မကျွေးသင့်ပါ။
✅ နေပူထဲက ပြန်ရောက်ရောက်ချင်း ရေချိုးပေးတာ၊ ခြေလက်ဆေးပေးတာ၊ Air-con ခန်းထဲ ချက်ချင်းဝင်တာမျိုးတွေကိုလည်း လုံးဝရှောင်ပေးပါနော်။
✅ အသားခပ်အေးအေးနဲ့ ခပ်ပွပွအဝတ်အစားမျိုးတွေသာ ဝတ်ဆင်ပေးသင့်ပါတယ်။
✅ ရေဓါတ်ပြည့်၀အောင် ရေများများတိုက်ပေးပါ။
✅ ဘယ်ပဲသွားသွား နေပူဒဏ်ခံနိုင်ဖို့
ထီးဆောင်းပါ၊ Sunscreen လိမ်းပေးကြပါနော်။
ဒီလိုဆိုရင်တော့ နွေပူပူမှာ မေမေတို့ရော သားသားမီးမီးလေးတွေရော အပူရှပ်ခြင်းကင်းပြီး ကျန်းမာပျော်ရွှင်နိုင်ပြီပေါ့။

❤29👍2
Happy Mother’s Day ပါ မေမေတို့ရေ… 💚💚
ဒီနေ့တော့ မေမေတို့ကိုလည်း ဂုဏ်ပြုရင်း ဖုန်းဘေလ်လေးတွေ မဲဖောက်ပေးချင်လို့ပါ။
မေမေတယောက်ဖြစ်ရတဲ့အတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတဲ့ အကြောင်းလေးကို comment မှာ မျှဝေပေးသွားပါအုံးနော် 💬
May May Club ထဲက မေမေတွေလဲ အချင်းချင်း ရင်းနှီးမှုပိုကြရအောင်လေ.. ကောမန့်ပေးထားတဲ့အထဲက မေမေ
အယောက် (၂၀) ယောက်ကို မဲနှိုက်ပြီး
ဖုန်းဘေလ်တစ်သောင်းစီ လက်ဆောင်ပေးသွားမှာပါ။
ဖုန်းဘေလ်လက်ဆောင်ကံထူးသွားတဲ့ မေမေတွေကို မေလ(၁၆)နေ့ကျရင် ကြေညာပေးသွားပါမယ်။

❤33👍6
May May Club ထဲကမေမေတွေအပြင် မjoinရသေးတဲ့မေမေတွေလဲ "𝐖𝐞𝐥𝐜𝐨𝐦𝐢𝐧𝐠 𝐌𝐨𝐭𝐡𝐞𝐫𝐡𝐨𝐨𝐝" ပွဲကို အခမဲ့ပါ၀င်တက်ရောက်နိုင်ဖို့အတွက် May May Club Telegram Channel ကို Join ပီး Registration Form လေးဖြည့်ပေးဖို့ မျှဝေပေးလိုက်တော့နော်
🤰🏻ဒီပွဲလေးမှာ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစရင်သွေးငယ်ရှိတဲ့ မေမေတို့ သိချင်တဲ့အကြောင်းအရာတွေကို အတွေ့အကြုံရင့်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ နယ်ပယ်မှ Professionals တွေက အသိပညာတွေ၊ အကြံဉာဏ်တွေကို ရင်းရင်းနှီးနှီး မျှဝေပေးမယ့် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်။
📅 နေ့ရက် - 18 May, Sunday
⏰ အချိန် - 1 PM - 4 PM
🏥 နေရာ - Aryu International Hospital (Grand Hall, Building B, 2nd Floor) မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စာရင်းပေးထားသူ မည်သူမဆို "အခမဲ့" တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။
စာရင်းပေးသွင်းရန် >> https://forms.gle/b6pQ61iAsfvSgc9QA
ပွဲလေးရဲ့ မူရင်း post လေးမှာလဲ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ 🔗 https://www.facebook.com/share/p/1MmaDceKqb/?mibextid=wwXIfr

❤21👍2🔥1
ဖြစ်လာမှ စိတ်မပူနေရအောင် ဒါတွေ
သိထားဖို့လိုမယ်နော်… ✌️
🧑🔬 ဆေးဝါးပညာရှင် Pharmacist
မပွင့်ဖြူဝင်းက ကလေးတွေ ဝမ်းဗိုက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ အကြောင်းအရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။
ကလေးတွေမှာဆိုရင် အူလမ်းကြောင်းနဲ့ ဝမ်းဗိုက်ပြဿနာတွေအဖြစ်များတာဟာ အဆီများပြီး အမျှင်ဓာတ်နည်းတဲ့ Ready-made အစားအစာတွေ၊ အချိုတွေ အလွန်အကျွံစားမိကြတာကြောင့်ပါ။
ဒါကြောင့် မေမေတို့ကလည်း သားသား
မီးမီးလေးတွေရဲ့ အစာခြေစနစ်ကို ပံ့ပိုးပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရမှုန့်တွေကို ကျွေးပေးပြီး သူတို့လေးတွေရဲ့ နေထိုင်စားသောက်မှုပုံစံ
မှန်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်…💚💖

❤38
Happy Mother’s Day အတွက် ဖုန်းဘေလ်လက်ဆောင်ကံထူးသွားတဲ့ မေမေတွေအားလုံးပဲ Congratulations ပါ… 🎊
ကံထူးသွားတဲ့ မေမေတို့ရဲ့ telegram account နဲ့ ဒီဖုန်း 09 798 728 379 Telegram ကို ဖုန်းဘေလ်လက်ဆောင်ရယူနိုင်ဖို့ မေလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး လာဆက်သွယ်ပေးပါအုံးနော်… 💖

❤34👍2
“လက်ကြိုက်သွားလိမ့်မယ် ကလေးကို ခဏခဏမချီနဲ့လို့” ပြောနေကြတဲ့စကားတွေက တကယ်ရောဟုတ်ရဲ့လား…❓
အဖြေကတော့ No ပါနော်…❗️
တကယ်တော့ မေမေ့ရဲ့ ရင်ခွင်ထဲမှာ
နေရတာ ကြိုက်တဲ့ ကလေးလေးတွေကို မကြာခဏချီပေးသင့်တာပါ။
မေမေတို့က နွေးထွေးစွာ ထွေးပွေ့ထားမယ်ဆိုရင် ကလေးလေးတွေလည်း စိတ်လုံခြုံမှုပိုရပြီး ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ပါတယ်နော်။ မိခင်နဲ့ ကလေးကြားမှာလည်း ရင်းနှီးချစ်ခင်မှု ပိုတိုးစေတာဖြစ်လို့ အချိန်ရတိုင်းထွေးပွေ့ထားပေးပါ မေမေတို့ရေ… 🥰

❤50👍7
သားသားမီးမီးလေးတွေကို Baby Led Weaning (BLW) ကျင့်ပေးတာအပေါ် မေမေတို့ ကောင်းတယ် ထင်လား? မကောင်းဘူးထင်လား?
BLW နဲ့ ပတ်သက်ပီး မေမေတို့ရဲ့ အတွေ့အကြုံလေးကို comment မှာရှဲပေးခဲ့ပါအုံးနော်...
BLW နဲ့ ပတ်သက်ပီး မေမေတို့ရဲ့ အတွေ့အကြုံလေးကို comment မှာရှဲပေးခဲ့ပါအုံးနော်...
Anonymous Poll
98%
✅ ကောင်းတယ်
2%
🔴 မကောင်းဘူး
❤16
မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အနေအထိုင်၊ အစားအသောက်ကို
အထူးဂရုစိုက်သင့်တဲ့ ကာလမျိုးဖြစ်လို့ အခုပြောပြမဲ့ အစားအစာတွေကို ပြည့်စုံမျှတစွာ စားပေးရပါမယ်နော်။
✅ ကယ်လ်ဆီယမ်ဓာတ်အတွက် နို့နဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ တို့ဟူး၊ အုတ်ဂျုံ
✅ ကိုလင်းဓာတ်အတွက် ကြက်ဥ၊
ဝက်မိုးခိုသား၊ ကြိတ်ထားတဲ့ အမဲသား၊ ဆော်လမွန်ငါး၊ ကြက်သား၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီအဖြူ
✅ DHA Omega-3 Fatty Acid အတွက် ငါးကြီးဆီ
✅ ဖောလစ်အက်ဆစ်အတွက် ဟင်းနုနွယ်၊ ပန်းမုန်လာစိမ်း၊ အမဲသား၊ ပန်းဂေါ်ဖီ၊
စတော်ဘယ်ရီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
✅ အိုင်အိုဒင်းဓာတ်အတွက် ဒိန်ချဉ်၊ ပုစွန်၊ ဥ အမျိုးမျိုး၊ အိုင်အိုဒင်းဆား
✅ သံဓာတ်အတွက် အမဲသား၊ ဝက်သား၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
✅ Vitamin D အတွက် နို့၊ အဆီပါတဲ့ငါး
✅ Zinc အတွက် အနီရောင်အသား၊ ပဲ၊ နို့ထွက်ပစ္စည်း၊ ကမာ
✅ Vitamin B1 အတွက် ကလီစာ၊
ကောက်နှံကြမ်း၊ ဥ၊ အစေ့အဆန်၊ မုန်လာဥနီ
✅ Vitamin B6 အတွက် ကြက်သား၊ ဝက်သား၊ ငါး၊ အသည်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ အစေ့အဆန်
စတဲ့ အစားအစာတွေကို မျှတအောင်
စားပေးရပါမယ်…💚💚
မေမေတို့ရော အာဟာရမျှတအောင်
ဘာတွေစားဖြစ်ကြလဲဆိုတာ ပြောပြခဲ့ဦးနော်…👇

❤25
🤱မိခင်နို့ရည်ဟာဆိုရင် မွေးကင်းစကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကို
မြှင့်တင်ပေးနိုင်တဲ့၊ လုံလောက်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါဝင်လို့ သဘာဝကဖန်တီးပေးထားတဲ့ လက်ဆောင်ပါပဲ။
ဒါကြောင့် နို့ရည်မထွက်လို့ စိတ်ညစ်နေရတဲ့ မေမေတွေလည်း ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါနော် …🥰
💚ကလေးက နို့သီးခေါင်းကို စုပ်သောက်တဲ့အခါ နို့ထွက်အားကောင်းစေတဲ့ ဟော်မုန်းကို ထုတ်ပေးနိုင်လို့ နို့ထွက်နည်းနေလည်း ပုံမှန်တိုက်ပေးဖို့ လိုအပ်ပါတယ်။
💚ကလေးနို့မတိုက်မီ တစ်နာရီအလိုမှာ နို့ကို စုပ်ခွက်သုံးပြီး ညှစ်ပေးရပါမယ်။ တစ်နေ့ကို ၈ ကြိမ်လောက် ပြုလုပ်ပေးပါ။
💚နို့တိုက်တဲ့အခါ ဘယ်ညာနှစ်ဘက်စလုံး အညီအမျှတိုက်ပေးရပါမယ်။ နို့ထွက်နည်းတဲ့ဘက်ကိုလည်း တိုက်ပေးမှ နို့ရည်ထွက်အားပိုကောင်းလာမှာပါ။
💚သင်္ဘောသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကြက်စွပ်ပြုတ်၊ နွားနို့ တို့လိုမျိုး နို့ထွက်အားကောင်းစေတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ရေဓာတ်ပြည့်ဝစေဖို့ ရေများများသောက်ပေးပါ။
💚အိပ်ရေးဝအောင်အိပ်ပေးပါ။ ဒါမှ မိခင်လည်းကျန်းမာပြီး နို့ထွက်အားကောင်းလာမှာဖြစ်ပါတယ်။
ကဲ… ဒါဆို မေမေတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းကောင်းလေးတွေရှိရင်လည်း Commentထဲမှာ မျှဝေပေးခဲ့ဦးနော်…

❤26👍3
🤰ဒီ May May Club Telegram Group လေးထဲမှာတော့ Senior မေမေတွေ၊ Junior မေမေတွေနဲ့ မကြာခင်မေမေဖြစ်တော့မဲ့ မေမေတွေအားလုံးအတွက် အကျိုးရှိပီး စိတ်၀င်စားစရာကောင်းတဲ့ အကြောင်းအရာတွေ၊ ဗဟုသုတရစေမဲ့ သင်တန်းလေးတွေကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်…
ဒါ့အပြင် Group ထဲက မေမေတွေအချင်းချင်း သိလိုသမျှ၊ ကြုံတွေ့ရသမျှ အခက်အခဲများကိုလဲ comment မှာ ဆွေးနွေးတိုင်ပင်ပီး အကြံဥာဏ်လေးတွေလဲ တယောက်နဲ့တယောက် မျှဝေလို့ ရပါတယ်နော်...💚💚💚
ဒီ Group လေးမှာ နောက်ထပ်ရော ဘယ်လို အကြောင်းအရာမျိုးတွေသိချင်လဲ၊ ဘယ်လိုသင်တန်းမျိုးတွေ ပြုလုပ်ပေးစေချင်လဲ ဆိုတာလေးကို ကောမန့်မှာပြောခဲ့ပေးပါဦးရှင်...👇🏻

❤35👍2
🌧️ အခုလိုမျိုး ဖျားနာလွယ်တဲ့ မိုးရာသီမှာ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး စတဲ့ အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့ သားသားမီးမီးလေးတွေကို စောင့်ရှောက်တဲ့အခါမှာ…
💉 လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးပေးရပါမယ်။
😴 အိပ်ချိန်တိုင်းမှာ ခြင်ထောင်နဲ့ ခြင်တွေရန်မှ ကာကွယ်ပေးရပါမယ်။
💧 ခြင်မပေါက်ပွားအောင် ရေကို စနစ်တကျ သိုလှောင်ပေးရပါမယ်။
🦠 ရောဂါပိုးမွှားများရန်မှ ကာကွယ်နိုင်အောင် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထများကို သင်ကြားပေးရပါမယ်။
🍽️ အဓိကကတော့ သားသားမီးမီးလေးတွေ ကိုယ်ခံအားကောင်းစေဖို့ နေ့စဉ်
နေ့တိုင်း အာဟာရပြည့်ဝစေတဲ့ အစားအစာတွေကို ပုံမှန်ကျွေးပေးရပါမယ်ရှင်။
အခုပြောပြထားတာတွေအပြင် မေမေတွေအချင်းချင်း အကြံပြုလိုသမျှကိုလည်း ကောမန့်မှာ ပြောပြခဲ့ပါဦးနော်…💬✨

❤26👍1😢1
ကိုယ့်ကလေးက သိပ်မထွားဘူးလို့ ခံစားနေရတဲ့ မေမေတို့ရေ…🤗
ကလေး ၆ လကျော်အရွယ်မှစလို့
သူ့အရွယ်နဲ့သူ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းဖြစ်ကြရဲ့လားရှင်❓
🍽️အဓိကဖြည့်တင်းပေးဖို့ လိုအပ်တဲ့
ပရိုတင်းဓာတ်၊ ကယ်လ်ဆီယမ်နဲ့ အခြား သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေရရှိဖို့အတွက် နို့ နှင့် ပဲအမျိုးမျိုး၊ ကြက်သား၊ အစေ့အဆံများ၊ အစိမ်းရင့်ရောင်အရွက်များ၊ ဥအမျိုးမျိုး၊ ဆယ်လမွန်ငါး၊ အသီးအနှံများ စတာတွေကို သင့်တင့်မျှတအောင် ကျွေးပေးပြီး အရပ်ရှည်ကျန်းမာလာအောင် မေမေတို့အနေနဲ့ ကူညီပံ့ပိုးပေးနိုင်ပါတယ်နော်…
ဒါ့အပြင် သူတို့လေးတွေ အိပ်ရေးမပျက်အောင်၊ ကိုယ်ဟန်အနေအထားမှန်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများလုပ်ဖြစ်အောင်လည်း ဂရုစိုက်ပေးရပါမယ်ရှင်…✌️✨
ကဲ…ဒါဆို မေမေတို့ရော ကိုယ့်ကလေး
ကြီးထွားဖွံ့ဖြိုးလာအောင် ဘာတွေလုပ်ပေးဖြစ်ကြလဲဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦးနော်…💚💚

❤26
မထင်မှတ်ထားဘဲ ညီကိုမောင်နှမအသစ်တစ်ယောက် ရလာချိန်မှာတော့ အကြီးဆုံးကလေးတွေရဲ့ စိတ်ထဲမှာ “မေမေက အရင်လိုမချစ်တော့ရင်ရော ဘယ်လိုလုပ်မလဲ… အရင်လောက်ရော ဂရုစိုက်ပါ့ဦးမလား…” ဆိုတဲ့ အတွေးတွေနဲ့ ပူပန်တတ်ကြပါတယ်…😥
ဒါကြောင့် မေမေတို့အနေနဲ့ သူတို့လေးတွေအပေါ်မှာ အရင်ကထက် ပိုချစ်ပေး၊
ပိုဂရုစိုက်ပေးပီး နွေးထွေးကြင်နာပေးဖို့ လိုအပ်ပါတယ်ရှင်…💚💚
မေမေတို့ရော အကြီးဆုံးသားသားမီးမီးလေးတွေအပေါ် ဘယ်လိုဂရုစိုက်ဖြစ်ကြလဲဆိုတာ ကောမန့်မှာ မျှဝေခဲ့ပါဦးနော်…💬✨

❤32
Media is too big
VIEW IN TELEGRAM
မေမေဖြစ်လာပြီဆိုတော့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းတွေ အများကြီး ရှိနိုင်ပါတယ်။ အထူးသဖြင့် ရှေးရိုးစွဲအယူအဆတွေနဲ့ ပြောင်းလဲလာတဲ့ ဆေးပညာယူဆမှုတွေကြားမှာ ဘယ်လိုနေရမလဲဆိုတာပေါ့။
ဒီလိုအကြောင်းအရာတွေအတွက်OG ဆရာမ ဒေါက်တာ ငြိမ်းမိုးသော် မှ ကိုယ်ဝန်ဆောင်မေမေတွေအတွက် ဆွေးနွေးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာ...
✨ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးကာလ ကျန်းမာရေးအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ၊
✨ ရှေးရိုးစွဲအမြင်တွေကို ကျော်လွှားပြီး ကိုယ့်အတွက်၊ ကလေးအတွက် အကောင်းဆုံးအရာတွေကို ဘယ်လိုရွေးချယ်မလဲ၊
✨စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ရလဲ စတဲ့ အကြောင်းအရာတွေ ပါဝင်သွားမှာဖြစ်လို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ဗဟုသုတနဲ့ ခွန်အားများ ရယူလိုက်ပါနော် 💚💚

❤37
🏆ဘက်စုံထူးချွန်တဲ့ကလေးလေးတွေကိုပျိုးထောင်နိုင်ဖို့ဆိုရင်...
သူတို့လေးတွေစိတ်ရောကိုယ်ပါ ကျန်းမာနေအောင် အဘက်ဘက်ကနေပံ့ပိုးကူညီပေးရပါမယ်မေမေတို့ရေ…💚❤
အရွယ်ရောက်ပြီးသားလူကြီးတွေလို ခံစားချက်တွေကိုထုတ်မပြောပြတတ်ကြလို့ ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေဟာအလွယ်တကူမြင်နိုင်ဖို့ခက်ခဲပါတယ်
ဒါကြောင့်မိဘတိုင်းသိထားသင့်တဲ့…
✅အသက်အရွယ်အလိုက် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလေးတွေ
✅ပုံမှန်မဟုတ်တဲ့အခြေအနေတွေ ကြုံတွေ့ရတဲ့အခါမျိုးမှာအသုံးဝင်စေမယ့်ဖြေရှင်းနည်းလေးတွေ
✅ပျော်ရွှင်စရာမိသားစုဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းကောင်းလေးတွေကို
"ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှတ်တိုင်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါက်တာငြိမ်းက ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒီ session လေးကို Zoom link ကတဆင့် join ရမှာဖြစ်ပီး အခုပဲ Register ပြုလုပ်လိုက်တော့နော်…🩺✌
မေမေတို့မေးချင်တဲ့အကြောင်းအရာတွေကိုလဲ ကောမန့်ထဲမှာကြိုမေးထားလို့ရပြီး ဆရာမကိုယ်တိုင်ပြန်လည်ဖြေပေးပါလိမ့်မယ်ရှင်...💚
Register Link: https://forms.office.com/r/KGQJuX3KdK
နေ့ရက်- ဇူလိုင်လ ၂၆ ရက်(စနေနေ့)
အချိန်- နေ့လည် (၂)နာရီမှ(၄)နာရီအထိ
နေရာ- Zoom

❤81